The Prisoner of Beauty [Review]




The Prisoner of Beauty

တွေ့တာနဲ့ သတ်ဖြတ်ချင်တဲ့ ရန်ဖက်တွေကနေ သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ် ပြောင်းလဲသွားမဲ့ ကားတစ်ကား။ 

အစက မင်းသားရဲ့ အဘိုး၊ အဖေ၊ အစ်ကို ၃ ယောက်လုံးက မင်းသမီးရဲ့ အဘိုး ကတိမတည်မှုကြောင့် တိုက်ပွဲထဲ သေဆုံးသွားလို့ မင်းသမီးကို မြင်တာနဲ့ နှုပ်နှုပ်စင်းပစ်ချင်တဲ့ မင်းသားပေါ့။ အဘွားဖြစ်သူရဲ့ စီစဉ်ပေးမှုကြောင့် ဒီမင်းသမီးလေးကို သူ လက်ထပ်လိုက်ရတယ်။ ဇာတ်လမ်းအစပိုင်းမှာ တော်တော်ကြည့်ကောင်းတယ်။ မင်းသမီးကတော့ သူတို့ဘက်က အမှားမှန်းသိထားပြီး မင်းသား အရိပ်အကဲကို ကြည့်လို့ သူ့ရဲ့ တင်းမာနေတဲ့ သဘောထား ပျော့ပျောင်းလာအောင် အမြင်ကြည်လာအောင် သူမ တတ်စွမ်းသမျှထဲကနေ ဥာဏ်လွှာသုံးလို့ တလှမ်းချင်း လှမ်းတက်လာတာကို ကြည့်ရတာ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ဥာဏ်ရည်ထက်မြက်မှုနဲ့ နူးညံ့သိမ်မွေ့မှုကို သုံးပြီး ရန်သူကို ကိုယ့်ဘက်တော်သား ဖြစ်အောင် လုပ်သွားတာလေး။ 

Acting - အယောက်တိုင်း သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ရှိပါတယ်။ ကြည့်လို့ကောင်းတယ်။ 

Costume - ရှေးအဝတ်အစားတွေက ဒီဇိုင်း တအားမထွင်ထားဘူး။ ဒါပေမဲ့ လှတယ်။ ရိုးရိုး ယဉ်ယဉ်လေးတွေနဲ့ ဆွဲဆောင်မှု ရှိတယ်။ ခေါင်းအဆင်တန်ဆာတွေကလည်း လှတာပဲ။ 

Background music - ost တွေကလည်း မဆိုးဘူး ဆိုပေမဲ့ Beat ကြမ်းကြမ်းမှ ကြိုက်တတ်တဲ့ ကိုယ်တွေရင်ထဲတော့ မရောက်ဘူး။ 

CGI - ရိုးရိုး historical drama ဆိုတော့ computer effects တွေက သိပ်မလို။ ဒါကြောင့် မတွေ့ရ။ 

အချုပ်ဆိုရရင်တော့ historical drama မှာ ဇာတ်လမ်း အရွေ့ တော်တော်ကောင်းတဲ့ ကားတစ်ကားပဲ။ love plot line ကို ဖြေးဖြေးအေးအေးလေးနဲ့ ဆွဲပြသွားတယ်။ ပြသနာအခက်အခဲတွေကို မိန်းကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ယောကျာ်းဖြစ်သူရဲ့ အကူအညီကို မရယူပဲ ဘယ်လို ဖြေရှင်းသွားမှာလဲဆိုတာကို ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ အနှောက်လေးတွေ ရယ်စရာလေးတွေလည်း ရောနှောပါသေးလို့ ကြည့်ရ မပျင်းဘူး။ 

Novel မှာတော့ နဲနဲကြမ်းတယ်။ ရှောင်ချောင် အစားခံရတဲ့ အခန်းတွေချည်း များတယ်။ Live action မှာတော့ အတော်လေး နည်းတယ်ပေါ့။ ဝတ္ထုအတိုင်းသာ ထည့်ရိုက်ရရင်လည်း အပြာကား ဖြစ်တော့မှာ။ ဒါပေမဲ့ ဝတ္ထုလည်း စိတ်ဝင်စားဖို့ကောင်းတာပဲ။

••••••••••

Drama: The Prisoner of Beauty
Country: China
Episodes: 36
Aired: May 13, 2025 - May 29, 2025
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: Tencent Video
Duration: 45 min.

••••••••••

မြန်မာစာတန်းထိုး - https://t.me/gcchinesecollection/485





Post a Comment

0 Comments