A Journey to Love [Review]




A journey to love


ထွက်ပြီးလို့ ၃ နှစ် ၄ နှစ်ကြာပြီဖြစ်တဲ့ ဇာတ်လမ်းတွဲတစ်ခုကို ကြည့်ရတာတဲ့ အားသာချက်က spoiler လုံးဝ မမိပဲ ပြီးတဲ့အထိ အေးဆေး ကြည့်ရတာပဲ။ 

ဝေါင်း …

တကယ့်ကို လှည့်ကွက်တွေအပြည့် နည်းဗျူဟာတွေ ချပြသွားတာတွေက အိုး ဝေါင်းလို့ အသံထွက်မိတဲ့အထိပါပဲ။ အံ့ဩရတယ်။ ဇာတ်လမ်းရေးတဲ့သူက တကယ့်ကို ဗဟုသုတစုံ ပညာစုံတာပဲ။ အစကနေ အဆုံးထိ စိတ်ဝင်စားမှု ဒီဂရီက လုံးကျမသွားဘူး။ မကြည့်မိရင် C drama fan ဖြစ်ရကျိုးမနပ်တဲ့ ပြည်ထောင်အရှုပ်တော်ပုံ သိုင်းကားတစ်ကား လို့ ဆိုရမှာပဲ။ 

အပိုင်း ၃၅ ကစလို့ မျက်ရည်ကျရမဲ့အကွက်တွေ တောင်းလိုက် ပုံချပေးလိုက်တာပဲအေ။ ချိုချိုလေးတွေ စားနေရပြီဆို မိုးမျှော်ငြုတ်သီးနဲ့ ကြက်ဟင်းခါးသီးတွေ ဝင်လာတော့မယ်ဆိုတာ သတိကပ်ထားပေမဲ့လည်းပေါ့။ 

Acting အပိုင်း - ဘာမှပြောစရာ မရှိ။ အကုန် အံဝင်ခွင်ကြရှိ။ 

Background music- အကုန်နီးပါး ရင်ထဲရောက်တယ်။ အဖွင့်သီချင်းမှာကို ရင်ထဲနင့်နေအောင် ခံစားရမယ့် အငွေ့အသက်တွေ၊ အားမာန်တက်ကြွတဲ့ အငွေ့အသက်တွေ ရှိနေတာ။ ဒါကြောင့် ဒီကားတော့ ဇာတ်သိမ်း မလှလောက်ဘူးလို့ အစကတည်းကကို ခံစားနေရတယ်။ 

Costume - အင်း …. လှတာပဲ။ နဉ့်ယွမ်ကျိုး ဝတ်တဲ့ အဝတ်အစားတွေက ရိုးရှင်းပေမဲ့ ခန့်ညားတယ် ကြည့်ကောင်းတယ် ခေါင်းဆောင်တစ်ယောက်ရဲ့ အရှိန်အဝါ အပြည့်ရှိတယ်။ ဘုရင်၊ မိဖုရား အဝတ်အစားနဲ့ အဆောင်အယောင်တွေကလည်း ခမ်းနားထည်ဝါလှပါပေတယ်။ 

သိုင်းချတဲ့ ရိုက်ကွက်တွေ အရမ်းအရမ်းကို လှ။ အရမ်းအရမ်းကို မိမိုက်။ ကြည့်ရကျိုးနပ်လေခြင်းပဲ။ 

ဇာတ်ကောင်တွေထဲမှာ ယန်ယွင် ကိုသဘောကျတယ်။ ဘာမှမသိ နားမလည်တဲ့ အညတရ မင်းသမီးလေးကနေ နိုင်ငံရေး လှည့်ကွက်တွေအကြောင်း တွေးတောစဉ်းစားနိုင်ပြီး သတ္တိရှိရှိ လုပ်ရဲကိုင်ရဲတဲ့ အခြေအနေရောက်အောင် ပြုပြင်ပြောင်းလဲသွားပြတာလေးကိုပေါ့။ ဆရာကောင်းတွေရဲ့ သင်ကြားပြသမှုနဲ့ ကိုယ်တွေ့အတွေ့အကြုံက သင်ပြသွားလို့။ ဒီကနေ အတွေးအခေါ်လေးတွေ ရလာတယ်။ လူဆိုတာ ပြုပြင်ပြောင်းလဲရဲရတယ်။ အခြေအနေက ဖိအားပေးလာပြီဆိုရင် စိတ်အေးအေးထားပြီး သင်ယူထားတဲ့ အသိပညာနဲ့အတူ ဥာဏ်လွှာသုံးလို့ ငါ … ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ စိတ်ထားနဲ့ ရအောင် ထိုးဖောက်ထွက်တာမျိုး။ ဘာမှ မလုပ်နိုင်ရင်တာတောင်မှ တခုခု လုပ်နေရမယ် ဆိုတဲ့ စိတ်ထားမျိုး။ 

နဉ့်ယွမ်ကျိုးရဲ့ သတင်းအချက်အလက်ပေါ် ခွဲခြမ်းစိတ်ဖြာတဲ့ စွမ်းရည်၊ အဖြေကို ကောက်ချက်ချတဲ့ စွမ်းရည်က အံ့မခန်းပဲ။ ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ထားနဲ့ သူ့လူတွေအပေါ် တာဝန်တွေကို တိတိကျကျ ခွဲဝေပေးတတ်တဲ့ အရည်အချင်းက ချီးကျူးစရာပဲ။ ဒါကြောင့် Liu Yu Ning ကိုယ်တိုင်က ဒီဇာတ်ကောင်ကို သူသဘောကျကြောင်း ပြောတာ မထူးဆန်းပါဘူး။ 

ပြီးတော့ ယွီရှီစန်း။ ဒီဇာတ်ကောင်က တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ လူရှုပ်လူပွေ မြှာပွေတဲ့လူကို ပြောလို့မရဘူး။ တကယ် စေ့စေ့တွေးကြည့်ရင် ချီးကျူးစရာကောင်းတဲ့ ကာရိုက်တာမျိုးပဲ။ သူ့စည်းကို သူသိတယ်။ သူ့အလိုကိုလည်း သူသိတယ်။ မယုတ်မလွန်နဲ့ ကုသိုလ်ပြုသွားတဲ့ အကွက်လေးတွေ ပြသွားတာ။

ကိုယ့်စိတ်ဓာတ်ကို ဖေးမပေးတဲ့သူဆို ယုံကြည်ပြီး မှီတွယ်ချင်တဲ့စိတ်တွေ ဖြစ်လာတတ်တယ်။ အနာတရဖြစ်နေတဲ့ ကိုယ့်စိတ်ခံစားချက်တွေကို ကုသပေးတဲ့လူအပေါ် မှီခိုချင်စိတ် ဖြစ်လာတတ်တာ မိန်းကလေးရဲ့သဘာဝပဲ။ ဒီသဘာဝကို ယွီရှီစန်း ကာရိုက်တာနဲ့ ရိုက်ပြသွားတာ ဗဟုသုတ ရတယ်။ 

သွေးသောက်ညီအစ်ကိုတွေကြား ချစ်ခြင်းမေတ္တာတရားက ကိုယ်တွေကို မျက်ရည်အိုင်ထွန်းအောင် လုပ်သွားတယ်။ အရမ်းခံစားရတာပဲ။ 😢

ကိုယ့်အတွေးထဲ အချိန်ပြည့် စိုးမိုးထားနိုင်တဲ့ လက်ရာမြောက် သိုင်းကားတစ်ကား ထပ်တွေ့ရပြန်ပါပြီ။ မကြည့်မိရင်တော့ cdrama fan ဖြစ်ရကျိုး မနပ်တဲ့ ကားတစ်ကားပဲ။ 

ဒါနဲ့ IQIYI က ထုတ်ပြီး ဘာလို့ IQIYI မှာ ရှာမတွေ့ရတာလဲ? 4K နဲ့ အစအဆုံး ပြန်ကြည့်ချင်တာကို။ 

A journey to love က the legend of female general ကြည့်ရင်း နဲနဲပျင်းလာလို့ ကြည့်မိသွားခဲ့တာ။ A journey to love က superb wuxia series တစ်ခုပဲနော်။ Must watch! 

ဒါနဲ့ လီထုံကွမ်းရဲ့ ရဲရဲတောက် နီတာလေး ကြည့်လိုက်ရတယ်။ red flag ချစ်သူတွေက သူ့ကို သဲသဲလှုပ် ချစ်တာကလည်း ဖြစ်သင့်တာပဲ။ သူ့ရုပ်ကလေးနဲ့ ဒီဇာတ်ကောင်နဲ့ အရမ်းလိုက်တယ်။ 

နိုင်ငံရေးအရှုပ်အထွေး + သိုင်းကား + အခြေခံထားတဲ့ ဝတ္ထု မရှိ = Must Watch!

•••••••••

“ခေါင်းဆောင် နဉ် …. သတင်းပို့စရာ ရှိပါတယ်။ “

“အေး … ပြော”

“၁၂၃၄၅၆၇”

ဒီနေရာတင် ငါ ရီပြီးသေ 🤣


••••••••••


Title: A Journey to Love
Type: Drama
Format: Standard Series
Country: China
Episodes: 40
Aired: Nov 28, 2023 - Dec 18, 2023
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: iQiyi
Duration: 55 min.

•••••••••••

မြန်မာစာတန်းထိုး - https://t.me/c/2450833649/107


Post a Comment

0 Comments