ဒီကား .. တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ပုံမှန်မဟုတ်တဲ့ ထူးခြားဆန်းကြယ်မှုတွေ ပြည့်နှက်နေပြီး လူကို သိချင်စိတ်နဲ့ မလွတ်တမ်း ကြည့်ချင်လာအောင် ဆွဲဆောင်သွားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံတွေက မဆိုးဘူး။ လျှို့ကွက် လှည့်ကွက်တွေနဲ့ လူကို ကြည့်ချင်စိတ် ဖြစ်စေတယ်။
Computer effect တော်တော်လှ။ စတူဒီယိုခန်းထဲမှာ ရိုက်ထားမှန်း သိသာနေတယ်။ မဖြစ်နိုင်တဲ့အရာတွေ များနေပေမယ့် ဇာတ်လမ်းကိုယ်တိုင်ကကို ထူးခြားဆန်းကြယ်မှုတွေ ပေးမယ့်နာမည်မျိုးဆိုတော့ ဒီအရာတွေမြင်ရတာက ပုံမှန်ပါပဲလို့ ဆိုရမှာပါ။
Acting - အမြင်မှာတော့ တော်ပါတယ်။ ဒါပေမဲ့ ခြောက်ပစ်ကင်းသဲလဲစင်အဆင့်တော့ မဟုတ်ဘူးပေါ့။ ကြည့်ရတာတော့ အဆင်ပြေပါတယ်။
Background music - ခေတ်ကားဆိုတာနဲ့အညီ သီချင်းတွေလည်း ခေတ်သီချင်းဆိုတော့ နားထောင်လို့ကောင်းတယ်။ ရင်ထဲရောက်တယ်။
ခြုံငုံသုံးသပ်ရရင် ဇာတ်လမ်းက ဇာတ်အသွားအလာ လျှို့ကွက် မြုပ်ကွက်တွေနဲ့ အတော်ကြည့်လို့ကောင်းတယ်။ အချစ်ရေးတွေ သိပ်မထည့်ထားဘူး။ သူငယ်ချင်းသံယောဇဉ်ကို အထူးအလေးပေးပြထားတယ်။
Costume - ခေတ်ကားနဲ့အညီ သာမန်ဝတ်နေကြ ခေတ်ဆန်ဆန် အဝတ်လေးတွေပေါ့။ လှတယ်။ ဒါပေမဲ့ အဝတ်တွေက တအားထပ်လွန်းတယ်။ အနက်ရောင်တွေ အညိုရောင်တွေ အသုံးများတယ်။ မင်းသမီးက လက်မောင်း၊ ခြေသလုံးတွေလှတော့ အဲ့ဒါတွေ ဖော်ထားတဲ့အဝတ်လေးတွေကတော့ တကယ်လှတယ်။ ချစ်စရာကောင်းတယ်။
အချုပ်ပြောရရင် ဒီကားက လျှို့ဝှက်ဆန်းကြယ်တွေမှ ကြိုက်သမားတွေအတွက်ကတော့ ကွက်တိပဲ။ သူငယ်ချင်းသံယောဇဉ် အလေးထားတတ်သူတွေအတွက် ဒီကားက ကြည့်လို့ကောင်းတယ်။ ပီတိလေးတွေ ခံစားရမယ်။
••••••••••••••
Drama: The Seven Relics of Ill Omen
Country: China
Episodes: 32
Aired: Jun 8, 2025 - Jun 24, 2025
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: Youku
Duration: 45 min.
Country: China
Episodes: 32
Aired: Jun 8, 2025 - Jun 24, 2025
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: Youku
Duration: 45 min.
••••••••••••••
မြန်မာစာတန်းထိုး - https://t.me/gcchinesecollection/522
0 Comments