အောင်မြင်သူတို့၏ နောက်ကွယ်၌ သို့မဟုတ် "Jay Chou"

အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ရင်နာစရာဇာတ်လမ်းပေါင်းများစွာရှိသတဲ့။ သူ့နောက်ကွယ်မှာလည်း ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေရှိခဲ့ဖူးတယ်။ ကိုးရီးယားမင်းသား Rainကို လူတိုင်းသိကြပေမယ့် သူ့ကိုတော့ လူတိုင်းသိချင်မှ သိကြမှာပါ။ ဒါကြောင့် ဒီနေ့ရဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် မားမားမတ်မတ် ရပ်တည်နိုင်ဖို့ကြိုးစားခဲ့တဲ့ သူ့နောက်ကွယ်ကရင်နင့်စရာ အဖြစ်အပျက်တချို့ကို လှစ်ဟကြည့်ရင်း ထိုင်ဝမ်က နာမည်ကြီး အဆိုတော်၊ သီချင်းရေးသူ၊ မင်းသား Jay Chou (周杰倫)နဲ့ မိတ်ဆက်လိုက်ပါတယ်။

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

၁) သူ့ကို ၁၉၇၉ခုနှစ် ဇန်နဝါရီလမှာ မွေးဖွားခဲ့တယ်။ မိခင်က ထိုင်ပေမြို့နယ် မြို့လေးတစ်မြို့ရဲ့ မူလတန်းကျောင်းက အနုပညာဆရာမဖြစ်ပြီး ဖခင်က ရူပဗေဒဆရာဖြစ်တယ်။ ၄နှစ်အရွယ် မူကြိုတက်စမှာ အမေကသူ့ကို ကလေးစန္ဒယားသင်တန်းကျောင်းကို တက်ခိုင်းစေခဲ့တယ်။ ဆိုးပေပြီး အပြေးအလွှားသန်တဲ့သူဟာ စန္ဒယားရှေ့ရောက်တာနဲ့ ငြိမ်သက်သွားတတ်တယ်။ ဆရာမ တစ်ခေါက်တီးပြတာကို နားထောင်ရုံနဲ့ သူလိုက်တီးနိုင်ခဲ့တယ်။

သူ့အနုပညာကို မြေတောင်မြှောက်ဖို့အတွက် အမေက အိမ်မှာစုထားသမျှ ငွေတွေနဲ့ သူ့အတွက် စန္ဒယားတစ်လုံးဝယ်ပေးပြီး အကောင်းဆုံးဆရာနဲ့ သင်ယူစေဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကိုအဖေက ဘဝင်မကျခဲ့ဘူး။ သားယောက်ျားအတွက် အဲဒီလောက် အရင်းအနှီး စိုက်ထုတ်စရာမလိုဘူးလို့ အဖေထင်ခဲ့တယ်။ ဒါပေမယ့် အဖေမသိအောင် သားအတွက် စန္ဒယားတစ်လုံးကို အမေဝယ်ပေးခဲ့တယ်။ ဒီကိစ္စကို အဖေလုံးဝ မကျေနပ်ခဲ့ဘူး။ သူ ၃တန်းနှစ်မှာ နာမည်ကြီးတီးလုံးဖြစ်တဲ့ “Swan Lake” ကို ကြားဖူးပြီးနောက် တယောကြီး “cello” ရဲ့ ညှို့ယူဖမ်းစားခြင်းကိုခံခဲ့ရတယ်။ အမေက အဖေ့ကိုမတိုင်ပင်ဘဲ သူ့အတွက် တယောကြီးကိုဝယ်ခဲ့ပေးပြန်တယ်။

သားအပေါ် အမေရဲ့အလိုလိုက်မှုကို မနှစ်မြို့တဲ့အဖေက အမေ့ကိုပြဿနာရှာခဲ့တယ်။ မိသားစုနေအိမ်ဟာ တဖြည်းဖြည်း နွေးထွေးမှုနည်းလာခဲ့ပြီး ငြင်းခုံရန်ဖြစ်သံတွေ များလာခဲ့ရတယ်။ အဖေက ဘာဖြစ်လို့ အမေ့ကို အမြဲပြဿနာရှာနေမှန်း သူနားမလည်ခဲ့ပေမယ့် ဒီလိုနာကျင်မှုတွေကို နုနုယ်တဲ့သူ့အသိဉာဏ်တွေနဲ့ ကဗျာအဖြင့် ချရေးဖြစ်ခဲ့တယ်။

ငယ်ရာကကြီးလာတဲ့အထိ အမေ့ရဲ့ နွေးထွေးမှုသာရှိခဲ့တယ်
အဖေဘာကြောင့် ဒီလောက်ဒေါသကြီးရသလဲ
တကယ်လို့ ငါ့မှာ တောင်ပံတစ်စုံ.. တောင်ပံနှစ်စုံရှိခဲ့ရင်
အချိန်မရွေး အမေကိုတိတ်တခိုးခေါ်ယူထွက်ပြေးမယ်

ငယ်ရွယ်စဉ်က နာကျင်မှုတွေနဲ့ ရေးစပ်ခဲ့ဖူးတဲ့ကဗျာကို နောက်ဆုံးမှာ သံစဉ်တွေထည့်ပြီး သီချင်းတစ်ပုဒ်အဖြစ် သူဖန်တီးခဲ့တယ်။ အဲဒီသီချင်းကတော့ ပရိသတ်ပေါင်းများစွာရဲ့ ရင်ထဲ၊ အသဲထဲကို စူးနစ်ဝင်စေခဲ့တဲ့ “အဖေ သားပြန်လာပြီ” (爸 我回來了)ဆိုတဲ့ သီချင်းပဲဖြစ်တယ်။

သူအလယ်တန်း တက်နေတဲ့အချိန်မှာပဲ အဖေနဲ့အမေ ကွာရှင်းခဲ့တယ်။ သူ(၁၄)နှစ်အရွယ်မှာ “ဖေဖေနဲ့ မေမေက တစ်ယောက်ကိုတစ်ယောက် မချစ်ကြဘူး။ ဒါကပဲ ဘဝရဲ့အဓိပ္ပာယ်လား” လို့ ရေးခဲ့တယ်။ ဆိတ်ဆိတ်နေခြင်း၊ ခေါင်းမာခြင်း၊ ပုန်ကန်တတ်ခြင်းတွေက သူနဲ့မခွာ ကပ်ပါလာခဲ့တယ်။
အနုပညာမှာ ပါရမီရှိပေမယ့် ကျောင်းစာမှာ သူအလွန်ညံ့ခဲ့တယ်။ အထက်တန်း စာမေးပွဲ ဘာသာရပ်စုစုပေါင်းရဲ့ရမှတ်က အမှတ်(၁ဝဝ)ကျော်ပဲရှိခဲ့တယ်။

အထက်တန်းတောင်မအောင်တဲ့သူ့အတွက် ရှေ့ဆက်လျှောက်မယ့်လမ်းက ညဉ့်နက်ခဲ့တယ်။ အမေ့မှာ ပြောစရာစကား ရှာမရခဲ့ဘူး။ သားဘဝ ဒီလိုနဲ့ပဲ အဆုံးသတ်တော့မလား၊ အဲဒီအချိန်မှာ အဆိုးထဲကအကောင်းလို့ပြောရမလား.. သူတို့မြို့လေးက ကျောင်းတစ်ကျောင်းမှာ ပထမဆုံးအကြိမ် ဂီတသင်တန်းခေါ်ယူပွဲမှာ သူဖြေဆိုအောင်မြင်ခဲ့တယ်။

စန္ဒယားနဲ့ တယောကြီးအတီးကောင်းပြီး အားတိုင်း ဘတ်စကက်ဘော ကစားတတ်တဲ့ သူ့ကို အဲဒီကျောင်းက ကောင်မလေးတွေ သတိထားခဲ့မိကြတယ်။ ဒါပေမယ့် အပြုံးအရယ်နည်းတဲ့ သူဟာ လူတွေနဲ့ ရောရောနှောနှောမနေခဲ့ဘူး။ သင်သမျှ ဘာသာရပ်တွေထဲမှာလည်း ဂီတကလွဲရင် ကျန်တဲ့ဘာသာတိုင်းက မင်နီတွေနဲ့ ပြည့်နေခဲ့တယ်။ ဆရာတွေက သူ့ ဦးနှောက်ချွတ်ယွင်းချက်ကြောင့်လို့ ထင်ခဲ့ကြတယ်။ အင်္ဂလိပ်ဆရာမက မသွယ်ဝိုက်ဘဲ သူ့ဉာဏ်ရည်နိမ့်ဖျင်းကြောင်း အမေ့ကို တိုက်ရိုက်ပြောပြခဲ့တယ်။

ဆရာမတွေရဲ့စကားကြားမှာ အမေငိုင်မောသွားခဲ့ရတယ်။ ဒါပေမယ့် သားကိုပျိုးထောင်ဖို့ အမေလက်မလျှော့ခဲ့ဘူး။ အနည်းဆုံးတော့ စန္ဒယားဆရာပဲဖြစ်ပါစေတော့.. သူ့ရဲ့ညံ့ဖျင်းမှုကိုလည်း အမေ အပြစ်မဆိုခဲ့ဘူး။ သူဒီလိုဖြစ်လာခဲ့ရတာဟာ မသာယာတဲ့မိသားစုကြောင့်လို့ အမေထင်ခဲ့တယ်။ သား ဦးနှောက်ချွတ်ယွင်းမှုမရှိဘူးဆိုတာကို အမေယုံကြည်ခဲ့တယ်။ သားကို အမေလိုတစ်မျိုး အစ်မလိုတစ်ဖုံ မဆူမဆဲဘဲ ပဲ့ပြင်ထိန်းကျောင်းခဲ့တယ်။

ဆရာတွေခန့်မှန်းထားတဲ့အတိုင်း သူတက္ကသိုလ်ဝင်ခွင့်မအောင်ခဲ့ဘူး။ အမေက သူ့ကို အနုပညာတက္ကသိုလ်ဝင်ခွင့်ဖြေစေဖို့ နေရာအနှံ့ စုံစမ်းခဲ့တယ်။ နောက်ဆုံးတော့လည်း သူမအောင်မြင်ခဲ့ပါဘူး။ ဒုတိယအကြိမ် ကြိုးစားပြီး သူပြန်ဖြေခဲ့ပေမယ့် အရှုံးနဲ့သာရင်ဆိုင်ခဲ့ရတယ်။ အမေနဲ့အဘွားက သူ့ရှေ့ရေးအတွက် ရင်လေးခဲ့ရတယ်။ သူ့ဘဝရှေ့ရေးအတွက် သူဘာလုပ်နိူင်သလဲ...

၂) ဘာမှ ဖြစ်မြောက်မလာတဲ့သူ့အတွက် စစ်မှုထမ်းဖို့အချိန်ကိုသာ
စောင့်နေခဲ့ရတယ်။ စောင့်နေတဲ့အချိန်မှာပဲ ကျောရိုးနာရောဂါကို သူခံစားခဲ့ရတယ်။ ဒီ့အတွက် အဘွားနဲ့အမေ သူ့အတွက်တစ်ဖန် မျက်ရည်ကျခဲ့ရပြန်တယ်။

ရောဂါ တဖြည်းဖြည်းသက်သာလာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးအလုပ်ကို သူဝင်လုပ်ခဲ့တယ်။ မကြာခဏ ပန်းကန်တွေ ကျကွဲတတ်တာကြောင့် သူရတဲ့လခက လစဉ်အပြည့်ရတယ်ဆိုမျိုးမရှိခဲ့ဖူးဘူး။ သူအလုပ်လုပ်တဲ့ဆိုင်က တီးဝိုင်းစားသောက်ဆိုင်ဖြစ်တယ်။ တစ်နေ့ အလုပ်နားတုန်း ဆိုင်ကစန္ဒယားကို သူယူတီးခဲ့မိတယ်။ သူ့တီးလုံးကြောင့် အံ့သြသွားခဲ့ရတဲ့ သူဌေးက သူ့ကို စားပွဲထိုးအစား စန္ဒယားပဲတီးခိုင်းစေခဲ့တယ်။

သားရဲ့ပါရမီကို သိတဲ့အမေက ဒီလိုနဲ့တင် မရောင့်ရဲခဲ့ဘူး။ လူသစ်တန်း တီဗွီအစီအစဉ်တစ်ခုမှာ ပြိုင်ပွဲဝင်ဖို့ သားကိုစာရင်းသွင်းပေးခဲ့တယ်။ အဲဒီပွဲအတွက် “အိပ်မက်မှာ တောင်ပံရှိတယ်” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို သူရေးစပ်ခဲ့တယ်။ ကိုယ့်အသံကို ယုံကြည်မှုမရှိတဲ့ Jay ဟာ သူရေးထားတဲ့ သီချင်းကို တခြားတစ်ယောက်နဲ့ဆိုခိုင်းစေခဲ့တယ်။ သီဆိုသူက Jayရဲ့ ထူးဆန်းတဲ့စန္ဒယားတီးခတ်သံနဲ့ သီချင်းအသွားအလာကို နားမလည်ခဲ့တဲ့အတွက် ပရိသတ်ရဲ့ဝေဖန်မှုအောက်မှာ အမြင့်ကိုတက်လှမ်းဖို့ ကြိုးစားနေတဲ့ အညွှန့်လေးတစ်ညွှန့် ပျက်စီးခဲ့ရတယ်။

ပွဲပြီးတော့ သားအတွက် ပူပင်သောက ပိုရောက်ခဲ့ရတဲ့အမေက
တေးသံသွင်းပိုင်ရှင်၊ စီစဉ်တင်ဆက်သူအဖြစ် နာမည်ကြီးနေတဲ့ မစ္စတာဝူကို (吳宗憲) ကို သွားရှာခဲ့ပြီး “အိပ်မက်မှာ တောင်ပံရှိတယ်” ဆိုတဲ့ သီချင်းကို ထပ်ပြလိုက်တယ်။ Jay ကြောင့် ပွဲပျက်ခဲ့ရတဲ့အတွက် မစ္စတာဝူက သီချင်းကို ဝတ်ကျေတန်းကျေ သဘောပဲကြည့်လိုက်တယ်။ သီချင်းက သံစဉ်တွေနဲ့ ရှုတ်ယှက်ခတ်နေပေမယ့် စာသားတွေ သပ်သပ်ရပ်ရပ်ရေးထားတာကိ တွေ့လိုက်ရတယ်။ ဒီလိုနဲ့ မစ္စတာဝူဟာ Jayကို အလုပ်ခန့်ဖို့ သဘောတူလိုက်တယ်။

အဲဒီကုမ္ပဏီမှာ ထုတ်လုပ်ရေးအကူအဖြစ် သူအလုပ်လုပ်ခဲ့တယ်။ အမေရဲ့အားပေးမှုအောက်မှာ ဝန်ထမ်းတွေရဲ့ခိုင်းစေသမျှကို သူလက်မနှေးခဲ့ဘူး။ သူရဲ့ ဆိတ်ဆိတ်နေတတ်တဲ့အကျင့်၊ အေးတိအေးစက်နဲ့ ပုန်ကန်တတ်တဲ့အကျင့်ကြောင့် ဝန်ထမ်းတွေနဲ့မတည့်မှာကို အမေစိုးရိမ်ခဲ့တယ်။ အလုပ်ဆင်းတဲ့အချိန်တိုင်း အမေဟာ တံခါးဝမှာအမြဲလာလာရပ်ပြီး သားအပြုအမူရိုင်းခဲ့ရင် ခွင့်လွှတ်နားလည်ပေးဖို့ ဝန်ထမ်းတွေကို တောင်းပန်တတ်ခဲ့တယ်။ ကြာတော့ Jayမှာ မိခင်ကောင်းတစ်ဦး ရှိတယ်ဆိုတာကို ဝန်ထမ်းတိုင်းသိခဲ့ကြတယ်။

Jayဟာ သီချင်းတွေ အများကြီးရေးစပ်ခဲ့တယ်။ ဒါပေမယ့် ကုမ္ပဏီပိုင်ရှင် ဝူက သူ့သီချင်းတွေကို ခံစားလို့မရခဲ့ဘူး။ ဘာဖြစ်လို့ သူရေးစပ်လိုက်တဲ့သီချင်းတွေက အများနဲ့မတူဘဲ ကြောင်တောင်တောင်ဖြစ်မှန်းနားမလည်ခဲ့ဘူး။ ဂီတအသိုင်းအဝိုင်းမှာလည်း သူ့သီချင်းကို ဘယ်သူမှမကြိုက်ခဲ့ကြဘူး။ တစ်ခါက Jayဟာ သူအားအရဆုံးသီချင်းတစ်ပုဒ်ကိုယူပြီး မစ္စတာဝူကို ပြခဲ့ပြန်တယ်။ ဝူက လှည့်တောင်မကြည့်ဘဲ စာရွက်ကိုလုံးချေပြီး အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။ ဒီလိုအဖြစ်နဲ့ ကြုံတော့ Jayဟာ မအောင့်နိုင်ဘဲမျက်ရည်ကျခဲ့ရတယ်။

လက်လွှတ်ရမှာလား၊ ရှေ့ဆက်ရမှာလား.... လက်လွှတ်လိုက်ရင် နေ့တိုင်းကုမ္ပဏီရှေ့တံခါးဝမှာ လာလာစောင့်နေတတ်တဲ့ အမေ့ကို အားနာမိတယ်။ ရှေ့ဆက်ဖို့ရာလည်း သူ့သီချင်းတွေကို ဘယ်သူမှ ခံစားနားမလည်ခဲ့ဘူး။ ဒါပေမယ့် သူအလျှော့မပေးခဲ့ဘူး။ ကုမ္ပဏီမှာပဲအိပ် ကုမ္ပဏီမှာပဲစားပြီး တစ်နေ့ သီချင်းတစ်ပုဒ်နှုန်းနဲ့ သူ့ဖန်တီးမှုကို အရှိန်မြင့်တင်ခဲ့တယ်။

ညတိုင်း ကုမ္ပဏီကိုအမေရောက်လာခဲ့တယ်။ တစ်နေ့တစ်ခြား ပိန်သွားတဲ့ သားကိုကြည့်ပြီး အမေရင်ထဲမချိခဲ့ဘူး။ စီးကျလာတဲ့ မျက်ရည်တွေကိုထိန်းရင်း သားကို အားပေးစကားတွေ အမေပြောခဲ့တယ်။ မနက်၈နာရီ ရုံးတက်တာနဲ့ မစ္စတာဝူအတွက် Jayရဲ့ သီချင်းသစ်တစ်ပုဒ်က အမြဲကြိုနေတတ်ခဲ့တယ်။ ကြာတော့ Jayရဲ့ မလျော့တဲ့ ဇွဲလုံ့လနဲ့ ကြိုးစားတဲ့စိတ်က မစ္စတာဝူကို ကိုင်လှုပ်နိုင်ခဲ့တယ်။ သူ့သီချင်းတွေကို မစ္စတာဝူကြိုးစားပြီး ခံစားကြည့်ခဲ့တယ်။

အဆိုတော်တစ်ဦးကိုရှာပြီး သူရေးထားတဲ့သီချင်းတွေကိုဆိုခိုင်းဖို့ မစ္စတာဝူ ခေါင်းညိတ်လိုက်တယ်။
“မျက်ရည်သိတယ်” (眼淚知道)ဆိုတဲ့ သီချင်းကို နာမည်ကျော် အဆိုတော်ရုပ်ရှင်မင်းသားကြီး “Andy Laung” ကို ပြလိုက်တယ်။ “Andy” တစ်ခေါက်ပဲကြည့်ပြီး ခေါင်းခါခဲ့တယ်။ “နံချပ်ကူ”(雙節棍) ဆိုတဲ့သီချင်းကို အဲဒီတုန်းက နာမည်ကြီး ဟော့ရှော့အဆိုတော် “Ah Mei” ကို ပြပြန်တယ်။ “Ah Mei” က စဉ်းတောင်မစဉ်းစားဘဲ ငြင်းပယ်လိုက်ပြန်တယ်။ မစ္စတာဝူက မတတ်တာတဲ့အဆုံးမှာ “မင်းရေးတဲ့သီချင်း မင်းကိုယ်တိုင်ဆိုပါ” ပြောပြီး Jay ကို နောက်ဆုံးအခွင့်အရေး ပေးလိုက်တယ်။ ဒီလိုမှ မဖြစ်ထွန်းခဲ့ရင်လည်း ဇာတ်သိမ်းသင့်ပြီးလို့ မစ္စတာဝူထင်ခဲ့တယ်။

အဲဒီလိုနဲ့ Jayကို ရုံးခန်းထဲခေါ်ပြီး “မင်းကို အချိန်၁ဝရက်ပေးမယ်။ အဲဒီ၁ဝရက်အတွင်းမှာ သီချင်းအပုဒ် ၅ဝကို မင်းရေးရမယ်။ ၅ဝထဲက ၁ဝပုဒ်လောက် ငါစိတ်ကြိုက်ရွေးနိုင်ရင် မင်းကိုအခွေထုတ်ပေးမယ်” လို့ ဝူက ပြောလိုက်တယ်။ သူဌေးရဲ့ စကားကိုကြားတော့ Jay အရမ်းပျော်သွားခဲ့တယ်။ အမေ့ကို ချက်ချင်းဖုန်းဆက်ပြီး ခေါက်ဆွဲခြောက်ထုပ် တစ်သေတ္တာကို အမြန်ပြေးဝယ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးအကြိမ် သူ့ကိုယ်သူစိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။

၃) Jayဟာ မအိပ်မနားဘဲ ၁ဝရက်အတွင်းမှာ သီချင်းအပုဒ် (၅ဝ)ကို ရေးစပ်ခဲ့တယ်။ သီချင်းတိုင်းက သပ်သပ်ရပ်ရပ်နဲ့ သံစဉ်တွေလည်း အချိတ်အဆက်မိခဲ့တယ်။ ပထမဆုံးအကြိမ် မစ္စတာဝူဆီက ချီးမွမ်းတဲ့ အပြုံးတစ်ခုကို Jay မြင်ခဲ့ရတယ်။ သူရေးထားတဲ့ သီချင်းတွေထဲက စိတ်ကြိုက် ၁ဝပုဒ်ကို ဝူရွေးပြီး ၂ဝဝ၁ခုနှစ်မှာ Jayရဲ့ ပထမဆုံး စီးရီးဖြစ်တဲ့ “Jay” ကို ထုတ်ဝေခဲ့တယ်။

ဒီအခွေအတွက် ကုမ္ပဏီက မျှော်လင့်ချက်တွေမထားရဲခဲ့ဘူး။ ထုတ်လုပ်တဲ့ အရင်းလေးပြန်ရရင် လုံလောက်ပြီလို့ ထင်နေဆဲမှာပဲ “Jay” စီးရီးက ထိုင်ဝမ်တစ်ကျွန်းလုံးကို ဆိုင်ကလုံးမုန်တိုင်းအလား အားပြင်းပြင်းနဲ့ ဝင်ဆောင့်ခဲ့တယ်။ အခွေတွေလုံးဝ ဝယ်လို့မရအောင် ပြတ်လပ်သွားခဲ့ရတယ်။ “Jay” စီးရီးနဲ့ပဲ အဲဒီနှစ်က ထိုင်ဝမ်ရဲ့ပေါ်ပြူလာအဖြစ်ဆုံး စီးရီး၊ အကောင်းဆုံး ထုတ်လုပ်သူဆု၊ အကောင်းဆုံးရေးစပ်သီကုံးဆုအဖြင့် ဆု(၃)ဆုကို ရခဲ့တယ်။

ကုမ္ပဏီကဝန်ထမ်းတွေထင်မှတ်မထားတဲ့ အောင်မြင်မှုကို Jay ရခဲ့တယ်။ အဆိုတော် အသိုင်းအဝိုင်းကလည်း Jayကို စတင်သတိထားမိခဲ့ကြတယ်။ ပထမအခွေနဲ့ ထိုင်ဝမ်တစ်ကျွန်းလုံးကို မွှေနောက်ပြီးနောက် Jayရဲ့ ဒုတိယအခွေ “Fantasy” (范特西)ဟာ ထိုင်ဝမ်သာမက၊ တရုတ်ပြည်၊ ဟောင်ကောင်.. စတဲ့ အရှေ့တောင်အာရှ တစ်ခုလုံးကို မွှေနောက်ပြီး ဆုပေါင်းများစွာကို ဆွတ်ခူးခဲ့ပြန်တယ်။

Jay အောင်မြင်ခဲ့ပါပြီ။ ဒီအောင်မြင်မှုနောက်ကွယ်မှာ အမေရဲ့အားပေးမှု၊ ပြုစုပျိုးထောင်မှုမီးရောင်ကြောင့်ဆိုတာကို Jay နားလည်ခဲ့တယ်။ တစ်ပင်လဲ တစ်ပင်ထူနိုင်တဲ့ အရွယ်ကောင်းပေမယ့် သူ့ကြောင့် အမေနောက်အိမ်ထောင် မပြုခဲ့ဘူးဆိုတာကိုလည်း သူသိခဲ့တယ်။ ရသမျှ သူ့ဝင်ငွေတွေ အမေ့ကို အပ်သလို၊ ကိုယ်ပိုင်အခန်းလေး ရှိပေမယ့် စနေ၊ တနင်္ဂနွေ အလုပ်နားရက်တိုင်း အမေ့အိမ်ကိုသူပြန်တတ်ခဲ့တယ်။ အဘွား၊ အမေတို့နဲ့ သူ့အားလပ်ရက်ကို ကုန်ဆုံးစေတတ်တယ်။ အသက် (၈ဝ)ကျော် အဘွားကိုစပ်ဆိုထားတဲ့ သူ့သီချင်း “အဘွား” (外婆) ဆိုတဲ့သီချင်းက ပရိသတ်ကြားမှာ ရေပန်းအစားဆုံးဖြစ်ခဲ့တယ်။

“အမေ့အတွက်ဆိုရင် ကျွန်တော့်ဘဝကိုတောင် စွန့်ရဲတယ်” အမေဟာ သူ့ဘဝ၊ အမေဟာ သူ့အဖော်၊ အမေရဲ့ အားပေးမှုတွေသာ မရှိခဲ့ရင် ဒီနေ့ Jay Chouဆိုတာ ရှိလာခဲ့မှာမဟုတ်ပါဘူး။ အမေ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ သူရဲ့ စတုတ္ထမြောက် စီးရီးကို “ယဲ့ဟွေမေ”(葉惠美) ဆိုတဲ့ အမေ့နာမည်ကို ပေးခဲ့တယ်။ ဒါဟာ အမေ့အတွက် သားရဲ့လက်ဆောင်ပါတဲ့...

နိုင်းနိုင်းစနေ (Tuesday, July 22, 2008)

 

 

Zawgyi

 

ေအာင္ျမင္သူတို႔၏ ေနာက္ကြယ္၌
-------------------------------------
ေအာင္ျမင္သူတိုင္းရဲ႕ ေနာက္ကြယ္မွာ ရင္နာစရာဇာတ္လမ္းေပါင္းမ်ားစြာရွိသတဲ့။ သူ႔ေနာက္ကြယ္မွာလည္း ေၾကကြဲဖြယ္ရာ ဇာတ္လမ္းေတြရွိခဲ့ဖူးတယ္။ ကိုးရီးယားမင္းသား Rainကို လူတိုင္းသိၾကေပမယ့္ သူ႔ကိုေတာ့ လူတိုင္းသိခ်င္မွ သိၾကမွာပါ။ ဒါေၾကာင့္ ဒီေန႔ရဲ႕ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ မားမားမတ္မတ္ ရပ္တည္ႏိုင္ဖို႔ႀကိဳးစားခဲ့တဲ့ သူ႔ေနာက္ကြယ္ကရင္နင့္စရာ အျဖစ္အပ်က္တခ်ိဳ႕ကို လွစ္ဟၾကည့္ရင္း ထိုင္ဝမ္က နာမည္ႀကီး အဆိုေတာ္၊ သီခ်င္းေရးသူ၊ မင္းသား Jay Chou (周杰倫)နဲ႔ မိတ္ဆက္လိုက္ပါတယ္။

၁) သူ႔ကို ၁၉၇၉ခုႏွစ္ ဇန္နဝါရီလမွာ ေမြးဖြားခဲ့တယ္။ မိခင္က ထိုင္ေပၿမိဳ႕နယ္ ၿမိဳ႕ေလးတစ္ၿမိဳ႕ရဲ႕ မူလတန္းေက်ာင္းက အႏုပညာဆရာမျဖစ္ၿပီး ဖခင္က ႐ူပေဗဒဆရာျဖစ္တယ္။ ၄ႏွစ္အ႐ြယ္ မူႀကိဳတက္စမွာ အေမကသူ႔ကို ကေလးစႏၵယားသင္တန္းေက်ာင္းကို တက္ခိုင္းေစခဲ့တယ္။ ဆိုးေပၿပီး အေျပးအလႊားသန္တဲ့သူဟာ စႏၵယားေရွ႕ေရာက္တာနဲ႔ ၿငိမ္သက္သြားတတ္တယ္။ ဆရာမ တစ္ေခါက္တီးျပတာကို နားေထာင္႐ုံနဲ႔ သူလိုက္တီးႏိုင္ခဲ့တယ္။

သူ႔အႏုပညာကို ေျမေတာင္ေျမႇာက္ဖို႔အတြက္ အေမက အိမ္မွာစုထားသမွ် ေငြေတြနဲ႔ သူ႔အတြက္ စႏၵယားတစ္လုံးဝယ္ေပးၿပီး အေကာင္းဆုံးဆရာနဲ႔ သင္ယူေစဖို႔ဆုံးျဖတ္ခဲ့တယ္။ ဒါကိုအေဖက ဘဝင္မက်ခဲ့ဘူး။ သားေယာက္်ားအတြက္ အဲဒီေလာက္ အရင္းအႏွီး စိုက္ထုတ္စရာမလိုဘူးလို႔ အေဖထင္ခဲ့တယ္။ ဒါေပမယ့္ အေဖမသိေအာင္ သားအတြက္ စႏၵယားတစ္လုံးကို အေမဝယ္ေပးခဲ့တယ္။ ဒီကိစၥကို အေဖလုံးဝ မေက်နပ္ခဲ့ဘူး။ သူ ၃တန္းႏွစ္မွာ နာမည္ႀကီးတီးလုံးျဖစ္တဲ့ “Swan Lake” ကို ၾကားဖူးၿပီးေနာက္ တေယာႀကီး “cello” ရဲ႕ ညႇိဳ႕ယူဖမ္းစားျခင္းကိုခံခဲ့ရတယ္။ အေမက အေဖ့ကိုမတိုင္ပင္ဘဲ သူ႔အတြက္ တေယာႀကီးကိုဝယ္ခဲ့ေပးျပန္တယ္။

သားအေပၚ အေမရဲ႕အလိုလိုက္မႈကို မႏွစ္ၿမိဳ႕တဲ့အေဖက အေမ့ကိုျပႆနာရွာခဲ့တယ္။ မိသားစုေနအိမ္ဟာ တျဖည္းျဖည္း ေႏြးေထြးမႈနည္းလာခဲ့ၿပီး ျငင္းခုံရန္ျဖစ္သံေတြ မ်ားလာခဲ့ရတယ္။ အေဖက ဘာျဖစ္လို႔ အေမ့ကို အၿမဲျပႆနာရွာေနမွန္း သူနားမလည္ခဲ့ေပမယ့္ ဒီလိုနာက်င္မႈေတြကို ႏုႏုယ္တဲ့သူ႔အသိဉာဏ္ေတြနဲ႔ ကဗ်ာအျဖင့္ ခ်ေရးျဖစ္ခဲ့တယ္။

ငယ္ရာကႀကီးလာတဲ့အထိ အေမ့ရဲ႕ ေႏြးေထြးမႈသာရွိခဲ့တယ္
အေဖဘာေၾကာင့္ ဒီေလာက္ေဒါသႀကီးရသလဲ
တကယ္လို႔ ငါ့မွာ ေတာင္ပံတစ္စုံ.. ေတာင္ပံႏွစ္စုံရွိခဲ့ရင္
အခ်ိန္မေ႐ြး အေမကိုတိတ္တခိုးေခၚယူထြက္ေျပးမယ္

ငယ္႐ြယ္စဥ္က နာက်င္မႈေတြနဲ႔ ေရးစပ္ခဲ့ဖူးတဲ့ကဗ်ာကို ေနာက္ဆုံးမွာ သံစဥ္ေတြထည့္ၿပီး သီခ်င္းတစ္ပုဒ္အျဖစ္ သူဖန္တီးခဲ့တယ္။ အဲဒီသီခ်င္းကေတာ့ ပရိသတ္ေပါင္းမ်ားစြာရဲ႕ ရင္ထဲ၊ အသဲထဲကို စူးနစ္ဝင္ေစခဲ့တဲ့ “အေဖ သားျပန္လာၿပီ” (爸 我回來了)ဆိုတဲ့ သီခ်င္းပဲျဖစ္တယ္။

သူအလယ္တန္း တက္ေနတဲ့အခ်ိန္မွာပဲ အေဖနဲ႔အေမ ကြာရွင္းခဲ့တယ္။ သူ(၁၄)ႏွစ္အ႐ြယ္မွာ “ေဖေဖနဲ႔ ေမေမက တစ္ေယာက္ကိုတစ္ေယာက္ မခ်စ္ၾကဘူး။ ဒါကပဲ ဘဝရဲ႕အဓိပၸာယ္လား” လို႔ ေရးခဲ့တယ္။ ဆိတ္ဆိတ္ေနျခင္း၊ ေခါင္းမာျခင္း၊ ပုန္ကန္တတ္ျခင္းေတြက သူနဲ႔မခြာ ကပ္ပါလာခဲ့တယ္။

အႏုပညာမွာ ပါရမီရွိေပမယ့္ ေက်ာင္းစာမွာ သူအလြန္ညံ့ခဲ့တယ္။ အထက္တန္း စာေမးပြဲ ဘာသာရပ္စုစုေပါင္းရဲ႕ရမွတ္က အမွတ္(၁ဝဝ)ေက်ာ္ပဲရွိခဲ့တယ္။ အထက္တန္းေတာင္မေအာင္တဲ့သူ႔အတြက္ ေရွ႕ဆက္ေလွ်ာက္မယ့္လမ္းက ညဥ့္နက္ခဲ့တယ္။ အေမ့မွာ ေျပာစရာစကား ရွာမရခဲ့ဘူး။ သားဘဝ ဒီလိုနဲ႔ပဲ အဆုံးသတ္ေတာ့မလား၊ အဲဒီအခ်ိန္မွာ အဆိုးထဲကအေကာင္းလို႔ေျပာရမလား.. သူတို႔ၿမိဳ႕ေလးက ေက်ာင္းတစ္ေက်ာင္းမွာ ပထမဆုံးအႀကိမ္ ဂီတသင္တန္းေခၚယူပြဲမွာ သူေျဖဆိုေအာင္ျမင္ခဲ့တယ္။

စႏၵယားနဲ႔ တေယာႀကီးအတီးေကာင္းၿပီး အားတိုင္း ဘတ္စကက္ေဘာ ကစားတတ္တဲ့ သူ႔ကို အဲဒီေက်ာင္းက ေကာင္မေလးေတြ သတိထားခဲ့မိၾကတယ္။ ဒါေပမယ့္ အၿပဳံးအရယ္နည္းတဲ့ သူဟာ လူေတြနဲ႔ ေရာေရာေႏွာေႏွာမေနခဲ့ဘူး။ သင္သမွ် ဘာသာရပ္ေတြထဲမွာလည္း ဂီတကလြဲရင္ က်န္တဲ့ဘာသာတိုင္းက မင္နီေတြနဲ႔ ျပည့္ေနခဲ့တယ္။ ဆရာေတြက သူ႔ ဦးေႏွာက္ခြၽတ္ယြင္းခ်က္ေၾကာင့္လို႔ ထင္ခဲ့ၾကတယ္။ အဂၤလိပ္ဆရာမက မသြယ္ဝိုက္ဘဲ သူ႔ဉာဏ္ရည္နိမ့္ဖ်င္းေၾကာင္း အေမ့ကို တိုက္႐ိုက္ေျပာျပခဲ့တယ္။
ဆရာမေတြရဲ႕စကားၾကားမွာ အေမငိုင္ေမာသြားခဲ့ရတယ္။ ဒါေပမယ့္ သားကိုပ်ိဳးေထာင္ဖို႔ အေမလက္မေလွ်ာ့ခဲ့ဘူး။ အနည္းဆုံးေတာ့ စႏၵယားဆရာပဲျဖစ္ပါေစေတာ့.. သူ႔ရဲ႕ညံ့ဖ်င္းမႈကိုလည္း အေမ အျပစ္မဆိုခဲ့ဘူး။ သူဒီလိုျဖစ္လာခဲ့ရတာဟာ မသာယာတဲ့မိသားစုေၾကာင့္လို႔ အေမထင္ခဲ့တယ္။ သား ဦးေႏွာက္ခြၽတ္ယြင္းမႈမရွိဘူးဆိုတာကို အေမယုံၾကည္ခဲ့တယ္။ သားကို အေမလိုတစ္မ်ိဳး အစ္မလိုတစ္ဖုံ မဆူမဆဲဘဲ ပဲ့ျပင္ထိန္းေက်ာင္းခဲ့တယ္။

ဆရာေတြခန္႔မွန္းထားတဲ့အတိုင္း သူတကၠသိုလ္ဝင္ခြင့္မေအာင္ခဲ့ဘူး။ အေမက သူ႔ကို အႏုပညာတကၠသိုလ္ဝင္ခြင့္ေျဖေစဖို႔ ေနရာအႏွံ႔ စုံစမ္းခဲ့တယ္။ ေနာက္ဆုံးေတာ့လည္း သူမေအာင္ျမင္ခဲ့ပါဘူး။ ဒုတိယအႀကိမ္ ႀကိဳးစားၿပီး သူျပန္ေျဖခဲ့ေပမယ့္ အရႈံးနဲ႔သာရင္ဆိုင္ခဲ့ရတယ္။ အေမနဲ႔အဘြားက သူ႔ေရွ႕ေရးအတြက္ ရင္ေလးခဲ့ရတယ္။ သူ႔ဘဝေရွ႕ေရးအတြက္ သူဘာလုပ္ႏိူင္သလဲ...

၂) ဘာမွ ျဖစ္ေျမာက္မလာတဲ့သူ႔အတြက္ စစ္မႈထမ္းဖို႔အခ်ိန္ကိုသာ
ေစာင့္ေနခဲ့ရတယ္။ ေစာင့္ေနတဲ့အခ်ိန္မွာပဲ ေက်ာ႐ိုးနာေရာဂါကို သူခံစားခဲ့ရတယ္။ ဒီ့အတြက္ အဘြားနဲ႔အေမ သူ႔အတြက္တစ္ဖန္ မ်က္ရည္က်ခဲ့ရျပန္တယ္။

ေရာဂါ တျဖည္းျဖည္းသက္သာလာေတာ့ စားေသာက္ဆိုင္တစ္ဆိုင္မွာ စားပြဲထိုးအလုပ္ကို သူဝင္လုပ္ခဲ့တယ္။ မၾကာခဏ ပန္းကန္ေတြ က်ကြဲတတ္တာေၾကာင့္ သူရတဲ့လခက လစဥ္အျပည့္ရတယ္ဆိုမ်ိဳးမရွိခဲ့ဖူးဘူး။ သူအလုပ္လုပ္တဲ့ဆိုင္က တီးဝိုင္းစားေသာက္ဆိုင္ျဖစ္တယ္။ တစ္ေန႔ အလုပ္နားတုန္း ဆိုင္ကစႏၵယားကို သူယူတီးခဲ့မိတယ္။ သူ႔တီးလုံးေၾကာင့္ အံ့ၾသသြားခဲ့ရတဲ့ သူေဌးက သူ႔ကို စားပြဲထိုးအစား စႏၵယားပဲတီးခိုင္းေစခဲ့တယ္။

သားရဲ႕ပါရမီကို သိတဲ့အေမက ဒီလိုနဲ႔တင္ မေရာင့္ရဲခဲ့ဘူး။ လူသစ္တန္း တီဗြီအစီအစဥ္တစ္ခုမွာ ၿပိဳင္ပြဲဝင္ဖို႔ သားကိုစာရင္းသြင္းေပးခဲ့တယ္။ အဲဒီပြဲအတြက္ “အိပ္မက္မွာ ေတာင္ပံရွိတယ္” ဆိုတဲ့ သီခ်င္းတစ္ပုဒ္ကို သူေရးစပ္ခဲ့တယ္။ ကိုယ့္အသံကို ယုံၾကည္မႈမရွိတဲ့ Jay ဟာ သူေရးထားတဲ့ သီခ်င္းကို တျခားတစ္ေယာက္နဲ႔ဆိုခိုင္းေစခဲ့တယ္။ သီဆိုသူက Jayရဲ႕ ထူးဆန္းတဲ့စႏၵယားတီးခတ္သံနဲ႔ သီခ်င္းအသြားအလာကို နားမလည္ခဲ့တဲ့အတြက္ ပရိသတ္ရဲ႕ေဝဖန္မႈေအာက္မွာ အျမင့္ကိုတက္လွမ္းဖို႔ ႀကိဳးစားေနတဲ့ အၫႊန္႔ေလးတစ္ၫႊန္႔ ပ်က္စီးခဲ့ရတယ္။

ပြဲၿပီးေတာ့ သားအတြက္ ပူပင္ေသာက ပိုေရာက္ခဲ့ရတဲ့အေမက

ေတးသံသြင္းပိုင္ရွင္၊ စီစဥ္တင္ဆက္သူအျဖစ္ နာမည္ႀကီးေနတဲ့ မစၥတာဝူကို (吳宗憲) ကို သြားရွာခဲ့ၿပီး “အိပ္မက္မွာ ေတာင္ပံရွိတယ္” ဆိုတဲ့ သီခ်င္းကို ထပ္ျပလိုက္တယ္။ Jay ေၾကာင့္ ပြဲပ်က္ခဲ့ရတဲ့အတြက္ မစၥတာဝူက သီခ်င္းကို ဝတ္ေက်တန္းေက် သေဘာပဲၾကည့္လိုက္တယ္။ သီခ်င္းက သံစဥ္ေတြနဲ႔ ရႈတ္ယွက္ခတ္ေနေပမယ့္ စာသားေတြ သပ္သပ္ရပ္ရပ္ေရးထားတာကိ ေတြ႕လိုက္ရတယ္။ ဒီလိုနဲ႔ မစၥတာဝူဟာ Jayကို အလုပ္ခန္႔ဖို႔ သေဘာတူလိုက္တယ္။

အဲဒီကုမၸဏီမွာ ထုတ္လုပ္ေရးအကူအျဖစ္ သူအလုပ္လုပ္ခဲ့တယ္။ အေမရဲ႕အားေပးမႈေအာက္မွာ ဝန္ထမ္းေတြရဲ႕ခိုင္းေစသမွ်ကို သူလက္မေႏွးခဲ့ဘူး။ သူရဲ႕ ဆိတ္ဆိတ္ေနတတ္တဲ့အက်င့္၊ ေအးတိေအးစက္နဲ႔ ပုန္ကန္တတ္တဲ့အက်င့္ေၾကာင့္ ဝန္ထမ္းေတြနဲ႔မတည့္မွာကို အေမစိုးရိမ္ခဲ့တယ္။ အလုပ္ဆင္းတဲ့အခ်ိန္တိုင္း အေမဟာ တံခါးဝမွာအၿမဲလာလာရပ္ၿပီး သားအျပဳအမူ႐ိုင္းခဲ့ရင္ ခြင့္လႊတ္နားလည္ေပးဖို႔ ဝန္ထမ္းေတြကို ေတာင္းပန္တတ္ခဲ့တယ္။ ၾကာေတာ့ Jayမွာ မိခင္ေကာင္းတစ္ဦး ရွိတယ္ဆိုတာကို ဝန္ထမ္းတိုင္းသိခဲ့ၾကတယ္။

Jayဟာ သီခ်င္းေတြ အမ်ားႀကီးေရးစပ္ခဲ့တယ္။ ဒါေပမယ့္ ကုမၸဏီပိုင္ရွင္ ဝူက သူ႔သီခ်င္းေတြကို ခံစားလို႔မရခဲ့ဘူး။ ဘာျဖစ္လို႔ သူေရးစပ္လိုက္တဲ့သီခ်င္းေတြက အမ်ားနဲ႔မတူဘဲ ေၾကာင္ေတာင္ေတာင္ျဖစ္မွန္းနားမလည္ခဲ့ဘူး။ ဂီတအသိုင္းအဝိုင္းမွာလည္း သူ႔သီခ်င္းကို ဘယ္သူမွမႀကိဳက္ခဲ့ၾကဘူး။ တစ္ခါက Jayဟာ သူအားအရဆုံးသီခ်င္းတစ္ပုဒ္ကိုယူၿပီး မစၥတာဝူကို ျပခဲ့ျပန္တယ္။ ဝူက လွည့္ေတာင္မၾကည့္ဘဲ စာ႐ြက္ကိုလုံးေခ်ၿပီး အမႈိက္ပုံးထဲပစ္ထည့္လိုက္တယ္။ ဒီလိုအျဖစ္နဲ႔ ႀကဳံေတာ့ Jayဟာ မေအာင့္ႏိုင္ဘဲမ်က္ရည္က်ခဲ့ရတယ္။

လက္လႊတ္ရမွာလား၊ ေရွ႕ဆက္ရမွာလား.... လက္လႊတ္လိုက္ရင္ ေန႔တိုင္းကုမၸဏီေရွ႕တံခါးဝမွာ လာလာေစာင့္ေနတတ္တဲ့ အေမ့ကို အားနာမိတယ္။ ေရွ႕ဆက္ဖို႔ရာလည္း သူ႔သီခ်င္းေတြကို ဘယ္သူမွ ခံစားနားမလည္ခဲ့ဘူး။ ဒါေပမယ့္ သူအေလွ်ာ့မေပးခဲ့ဘူး။ ကုမၸဏီမွာပဲအိပ္ ကုမၸဏီမွာပဲစားၿပီး တစ္ေန႔ သီခ်င္းတစ္ပုဒ္ႏႈန္းနဲ႔ သူ႔ဖန္တီးမႈကို အရွိန္ျမင့္တင္ခဲ့တယ္။

ညတိုင္း ကုမၸဏီကိုအေမေရာက္လာခဲ့တယ္။ တစ္ေန႔တစ္ျခား ပိန္သြားတဲ့ သားကိုၾကည့္ၿပီး အေမရင္ထဲမခ်ိခဲ့ဘူး။ စီးက်လာတဲ့ မ်က္ရည္ေတြကိုထိန္းရင္း သားကို အားေပးစကားေတြ အေမေျပာခဲ့တယ္။ မနက္၈နာရီ ႐ုံးတက္တာနဲ႔ မစၥတာဝူအတြက္ Jayရဲ႕ သီခ်င္းသစ္တစ္ပုဒ္က အၿမဲႀကိဳေနတတ္ခဲ့တယ္။ ၾကာေတာ့ Jayရဲ႕ မေလ်ာ့တဲ့ ဇြဲလုံ႔လနဲ႔ ႀကိဳးစားတဲ့စိတ္က မစၥတာဝူကို ကိုင္လႈပ္ႏိုင္ခဲ့တယ္။ သူ႔သီခ်င္းေတြကို မစၥတာဝူႀကိဳးစားၿပီး ခံစားၾကည့္ခဲ့တယ္။ အဆိုေတာ္တစ္ဦးကိုရွာၿပီး သူေရးထားတဲ့သီခ်င္းေတြကိုဆိုခိုင္းဖို႔ မစၥတာဝူ ေခါင္းညိတ္လိုက္တယ္။

“မ်က္ရည္သိတယ္” (眼淚知道)ဆိုတဲ့ သီခ်င္းကို နာမည္ေက်ာ္ အဆိုေတာ္႐ုပ္ရွင္မင္းသားႀကီး “Andy Laung” ကို ျပလိုက္တယ္။ “Andy” တစ္ေခါက္ပဲၾကည့္ၿပီး ေခါင္းခါခဲ့တယ္။ “နံခ်ပ္ကူ”(雙節棍) ဆိုတဲ့သီခ်င္းကို အဲဒီတုန္းက နာမည္ႀကီး ေဟာ့ေရွာ့အဆိုေတာ္ “Ah Mei” ကို ျပျပန္တယ္။ “Ah Mei” က စဥ္းေတာင္မစဥ္းစားဘဲ ျငင္းပယ္လိုက္ျပန္တယ္။ မစၥတာဝူက မတတ္တာတဲ့အဆုံးမွာ “မင္းေရးတဲ့သီခ်င္း မင္းကိုယ္တိုင္ဆိုပါ” ေျပာၿပီး Jay ကို ေနာက္ဆုံးအခြင့္အေရး ေပးလိုက္တယ္။ ဒီလိုမွ မျဖစ္ထြန္းခဲ့ရင္လည္း ဇာတ္သိမ္းသင့္ၿပီးလို႔ မစၥတာဝူထင္ခဲ့တယ္။

အဲဒီလိုနဲ႔ Jayကို ႐ုံးခန္းထဲေခၚၿပီး “မင္းကို အခ်ိန္၁ဝရက္ေပးမယ္။ အဲဒီ၁ဝရက္အတြင္းမွာ သီခ်င္းအပုဒ္ ၅ဝကို မင္းေရးရမယ္။ ၅ဝထဲက ၁ဝပုဒ္ေလာက္ ငါစိတ္ႀကိဳက္ေ႐ြးႏိုင္ရင္ မင္းကိုအေခြထုတ္ေပးမယ္” လို႔ ဝူက ေျပာလိုက္တယ္။ သူေဌးရဲ႕ စကားကိုၾကားေတာ့ Jay အရမ္းေပ်ာ္သြားခဲ့တယ္။ အေမ့ကို ခ်က္ခ်င္းဖုန္းဆက္ၿပီး ေခါက္ဆြဲေျခာက္ထုပ္ တစ္ေသတၱာကို အျမန္ေျပးဝယ္ခဲ့တယ္။ ဘာပဲျဖစ္ျဖစ္ ေနာက္ဆုံးအႀကိမ္ သူ႔ကိုယ္သူစိန္ေခၚဖို႔ ဆုံးျဖတ္လိုက္တယ္။

၃) Jayဟာ မအိပ္မနားဘဲ ၁ဝရက္အတြင္းမွာ သီခ်င္းအပုဒ္ (၅ဝ)ကို ေရးစပ္ခဲ့တယ္။ သီခ်င္းတိုင္းက သပ္သပ္ရပ္ရပ္နဲ႔ သံစဥ္ေတြလည္း အခ်ိတ္အဆက္မိခဲ့တယ္။ ပထမဆုံးအႀကိမ္ မစၥတာဝူဆီက ခ်ီးမြမ္းတဲ့ အၿပဳံးတစ္ခုကို Jay ျမင္ခဲ့ရတယ္။ သူေရးထားတဲ့ သီခ်င္းေတြထဲက စိတ္ႀကိဳက္ ၁ဝပုဒ္ကို ဝူေ႐ြးၿပီး ၂ဝဝ၁ခုႏွစ္မွာ Jayရဲ႕ ပထမဆုံး စီးရီးျဖစ္တဲ့ “Jay” ကို ထုတ္ေဝခဲ့တယ္။

ဒီအေခြအတြက္ ကုမၸဏီက ေမွ်ာ္လင့္ခ်က္ေတြမထားရဲခဲ့ဘူး။ ထုတ္လုပ္တဲ့ အရင္းေလးျပန္ရရင္ လုံေလာက္ၿပီလို႔ ထင္ေနဆဲမွာပဲ “Jay” စီးရီးက ထိုင္ဝမ္တစ္ကြၽန္းလုံးကို ဆိုင္ကလုံးမုန္တိုင္းအလား အားျပင္းျပင္းနဲ႔ ဝင္ေဆာင့္ခဲ့တယ္။ အေခြေတြလုံးဝ ဝယ္လို႔မရေအာင္ ျပတ္လပ္သြားခဲ့ရတယ္။ “Jay” စီးရီးနဲ႔ပဲ အဲဒီႏွစ္က ထိုင္ဝမ္ရဲ႕ေပၚျပဴလာအျဖစ္ဆုံး စီးရီး၊ အေကာင္းဆုံး ထုတ္လုပ္သူဆု၊ အေကာင္းဆုံးေရးစပ္သီကုံးဆုအျဖင့္ ဆု(၃)ဆုကို ရခဲ့တယ္။

ကုမၸဏီကဝန္ထမ္းေတြထင္မွတ္မထားတဲ့ ေအာင္ျမင္မႈကို Jay ရခဲ့တယ္။ အဆိုေတာ္ အသိုင္းအဝိုင္းကလည္း Jayကို စတင္သတိထားမိခဲ့ၾကတယ္။ ပထမအေခြနဲ႔ ထိုင္ဝမ္တစ္ကြၽန္းလုံးကို ေမႊေနာက္ၿပီးေနာက္ Jayရဲ႕ ဒုတိယအေခြ “Fantasy” (范特西)ဟာ ထိုင္ဝမ္သာမက၊ တ႐ုတ္ျပည္၊ ေဟာင္ေကာင္.. စတဲ့ အေရွ႕ေတာင္အာရွ တစ္ခုလုံးကို ေမႊေနာက္ၿပီး ဆုေပါင္းမ်ားစြာကို ဆြတ္ခူးခဲ့ျပန္တယ္။

Jay ေအာင္ျမင္ခဲ့ပါၿပီ။ ဒီေအာင္ျမင္မႈေနာက္ကြယ္မွာ အေမရဲ႕အားေပးမႈ၊ ျပဳစုပ်ိဳးေထာင္မႈမီးေရာင္ေၾကာင့္ဆိုတာကို Jay နားလည္ခဲ့တယ္။ တစ္ပင္လဲ တစ္ပင္ထူႏိုင္တဲ့ အ႐ြယ္ေကာင္းေပမယ့္ သူ႔ေၾကာင့္ အေမေနာက္အိမ္ေထာင္ မျပဳခဲ့ဘူးဆိုတာကိုလည္း သူသိခဲ့တယ္။ ရသမွ် သူ႔ဝင္ေငြေတြ အေမ့ကို အပ္သလို၊ ကိုယ္ပိုင္အခန္းေလး ရွိေပမယ့္ စေန၊ တနဂၤေႏြ အလုပ္နားရက္တိုင္း အေမ့အိမ္ကိုသူျပန္တတ္ခဲ့တယ္။ အဘြား၊ အေမတို႔နဲ႔ သူ႔အားလပ္ရက္ကို ကုန္ဆုံးေစတတ္တယ္။ အသက္ (၈ဝ)ေက်ာ္ အဘြားကိုစပ္ဆိုထားတဲ့ သူ႔သီခ်င္း “အဘြား” (外婆) ဆိုတဲ့သီခ်င္းက ပရိသတ္ၾကားမွာ ေရပန္းအစားဆုံးျဖစ္ခဲ့တယ္။

“အေမ့အတြက္ဆိုရင္ ကြၽန္ေတာ့္ဘဝကိုေတာင္ စြန္႔ရဲတယ္” အေမဟာ သူ႔ဘဝ၊ အေမဟာ သူ႔အေဖာ္၊ အေမရဲ႕ အားေပးမႈေတြသာ မရွိခဲ့ရင္ ဒီေန႔ Jay Chouဆိုတာ ရွိလာခဲ့မွာမဟုတ္ပါဘူး။ အေမ့ကို ေက်းဇူးဆပ္တဲ့အေနနဲ႔ သူရဲ႕ စတုတၳေျမာက္ စီးရီးကို “ယဲ့ေဟြေမ”(葉惠美) ဆိုတဲ့ အေမ့နာမည္ကို ေပးခဲ့တယ္။ ဒါဟာ အေမ့အတြက္ သားရဲ႕လက္ေဆာင္ပါတဲ့...

ႏိုင္းႏိုင္းစေန (Tuesday, July 22, 2008)
.


Post a Comment

0 Comments