ကောင်းကင်ဘုံ တန်ခိုးရှင်မျောက်မင်းစွန်းဝူခုန်းနှင့် လူသိနည်းနေသေးသောအကြောင်းအရာများ (သို့) Black Myth: Wu Kong အားလှမ်းမျှော်ကြည့်ခြင်း

 

ကျနော်တို့ ငယ်ငယ်တုန်းက မက်မက်မောမော ကြည့်ခဲ့ရတဲ့ စွန်းဝူခုန်းလို့ သိကြတဲ့ အနောက်ဘက်သို့ ခရီးသွားခြင်းဇာတ်လမ်းဟာ အခုတော့ ဂိမ်းအဖြစ်နှင့် တဖန် ပြန်တွေ့ရပါပြီ ။ အရင်ကလည်း စွန်းဝူခုန်းဂိမ်းတွေ အများကြီး ထွက်ခဲ့ဖူးတာပဲ အခုက ဘာထူးဆန်းလို့လဲ မေးချင်ကြပါလိမ့်မယ်။ ထူးဆန်းတာထက် စိတ်ဝင်စားအောင် ဆွဲဆောင်မှု ကောင်းနေလွန်းလို့ အခုလို တခုတ်တရ ရေးရတာ ဖြစ်ပါတယ်။

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

ဂိမ်းထွေလာကို တွေ့လိုက်ရတာနှင့် Realistic graphic အပြင်ကနဲ့ တထပ်တည်းကျအောင် လုပ်ထားတဲ့ ရုပ်ထွက်နှင့်အတူ ကျနော်တို့ ငယ်ငယ်က အားကျခဲ့ရတဲ့ ဝူခုန်းရဲ့ ပါဝါ စွမ်းအားတွေကို ဂိမ်းပလေးမှာ ဘယ်လို ထူးထူးခြားခြား မြင်ရမှာလဲ? မိစ္ဆာတွေကို ဘယ်လိုပုံစံနဲ့ မြင်ရမလဲဆိုတာက ကျနော် အပါအဝင် မြင်ရသူ ဂိမ်မာတော်တော်များကို စတင် စိတ်လှုပ်ရှားစေခဲ့မှာပါ။

ဂိမ်းနာမည်ကိုက Black Myth: Wu Kong တဲ့

ရာဇဝင်များထဲမှာတော့ ဝူခုန်းဟာ သူရဲ့ မကောင်းတဲ့ စိတ်ဓာတ် အမှောင်ဘက်ခြမ်းကနေ ပေါက်ဖွားလာတဲ့ နောက်ဝူခုန်းတစ်ကောင် ရှိပါသတဲ့။ အဲ့ မျောက်မှာက နားရွက်ခြောက်ခု ရှိတယ်။ ဝူခုန်းလိုမျိုး အစွမ်းတွေရှိတယ်၊ ဖြစ်ပျက်နေသမျှ အရာအားလုံးကိုကြားနိုင်တယ်၊ နားထောင်နိုင်တယ်။ အထူးသဖြင့် ဝူခုန်းပြုမူသမျှကို အစအဆုံးနားထောင်နိုင်တဲ့အတွက် ဝူခုန်းတတ်သမျှအစွမ်းတွေကို သူလည်းတတ်တယ်။ ဝူခုန်းလိုမျိုး ကျောက်တုံးကနေ ပေါက်ဖွားလာတဲ့ ကျောက်တုံးမျောက်ဖြစ်တဲ့အတွက် ဝူခုန်းနဲ့ ညီနောင်တော်စပ်နိုင်တယ်လို့ ဆိုပါတယ်။

ဆိုတော့ ဂိမ်းဟာ အဲ့ဒီ အမှောင်ဘက်တော်သားဝူခုန်းရဲ့ အကြောင်းပဲ ဖြစ်မှာ အသေအချာပါပဲ။ သို့ပေမယ့် အမှောင်ဘက်ခြမ်းက ဝူခုန်းရဲ့ ဇာတ်လမ်းဟာ သတ်သတ်မှတ်မှတ်မရှိပဲ ကျနော်တို့သိနေကြ အလင်းဘက်တော်သားဝူခုန်းနဲ့ ကိုယ်ရေးရာဇဝင် ရောနှောသောကော ရှိနေတဲ့အတွက် အမှောင်ခြမ်းက ဝူခုန်းရဲ့ ဇာတ်လမ်း ဘယ်လိုလာမလဲဆိုတာ မသိရတာကလည်း စိတ်လှုပ်ရှားစရာတစ်ခုပါ။ အထူးသဖြင့် စာလုံးတွေ တလုံးပြီးတလုံး ရွှေရောင်တောက်လာတဲ့ တုတ်ကိုင်ထားတဲ့ နတ်ဝတ်နတ်စားနှင့် ဝူခုန်းတွေ့ရတဲ့အချိန်နှင့် ကျနော်တို့ ငယ်ငယ်ကြားနေကျ တီးလုံး ပြန်ကြားရတဲ့ အချိန်ဟာ တမ်ပို အမြင့်ဆုံးအပိုင်းပါပဲ ။

ဒဏ္ဍာရီထဲက ဝူခုန်းတို့ နေတဲ့ကမ္ဘာဟာ တိရစ္ဆာန်၊ လူ၊ နတ် တို့ ရောထွေးနေထိုင်ကြတဲ့ ကမ္ဘာတစ်ခုပါ။ တိရစ္ဆာန်တွေလည်း တရားကျင့်နိုင်ကြသလို တရားပေါက်ပြီး စွမ်းအားတွေရပြီး တန်ခိုးရှင်တွေဖြစ်နိုင်ကြလို့ တချို့သော တိရစ္ဆာန်တွေဟာ နတ်အဖြစ်နီးစပ်ဖို့အတွက် လူလို ပြုမူနေထိုင်လေ့ရှိကြပါတယ်တဲ့။ မိစ္ဆာလို့ ခေါ်ကြပေမယ့် မိစ္ဆာထဲမှာ ကောင်းတဲ့မိစ္ဆာရှိသလို ဆိုးတဲ့ မိစ္ဆာတွေလည်း ရှိပါသတဲ့။ ဂိမ်းထဲမှာလည်း တွေ့ရတဲ့ တရုတ်စကားလုံး အသုံးအနှုန်းတွေနဲ့အတူ ဝူခုန်းအပါအဝင် မြေခွေးမိစ္ဆာတွေဟာ လူပုံသဏ္ဍာန်နဲ့နီးစပ်အောင် ဆွဲထားတာ တွေ့ရတော့ ဒဏ္ဍာရီထဲက ဝူခုန်းတို့ကမ္ဘာကို နောက်ခံယူထားတယ်ဆိုတာ သတိထားမိခဲ့တယ်။

ဂိမ်းကို အနောက်တိုင်းအထိ ထိုးဖောက်လွယ်အောင်လို့ အနောက်တိုင်း အငွေ့အသက်ပါတဲ့ ရုပ်ထွက်တွေကို Dark ဘက်ခြမ်းရောက်အောင် ဆွဲထားတာ၊ မြေစောင့်နတ်ဖိုးဖိုးကို မှင်စာဆန်ဆန် ဆွဲထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ရုပ်ထွက်တွေက တော်တော်လေးမိုက်ပါတယ်။ အလင်းအရောင်ပြန်တာတွေ ပုံရိပ်ပြန်တာတွေနဲ့ ပတ်ဝန်းကျင်ကို အသေးစိတ်ကျကျ ဆွဲထားတာတွေ အလင်းအမှောင် ရောင်ပြန်ဟပ်တာတွေက အတော်လေးသဘာဝကျပြီး AAA အဆင့်ဂိမ်း ရုပ်ထွက်မို့လို့ပဲ လူတွေပိုစိတ်ဝင်စားနေကြတာပဲလေ။ 

ဂိမ်းပလေးကတော့ Stance တွေသုံးပြီး ချနေတာ တွေ့ရတယ်၊ DarkSoul စတိုင်လိုနှင့်။ ဒဏ္ဍာရီထဲက ဝူခုန်းလို ကိုယ်ခွဲနိုင်တယ်၊ ပုံစံပေါင်းစုံ ရုပ်လွဲရုပ်ပြောင်းပေါင်းစုံ ပြောင်းနိုင်တယ်၊ Combo တွေမှာ Elemental effect လေးတွေထည့်ထားတာ တွေ့ရတယ်။ နောက်ဆုံး အဖြူရောင် အမွှေးဖွားဖွားနဲ့ မြေခွေးနှင့် ချတဲ့အခန်းမှာ အမွှေးတွေ မီးစွဲပြီး သွေးတစ်တိတိ လျော့နေတာ တွေ့ရလို့ Elemental effect လေးတွေထည့်ထားတာ တွေ့ရတယ်လို့ ပြောရတာပါ။ 

ဒက်ပလော်ပါအပိုင်းကို ကြည့်ရလျှင် ဂိမ်းဖန်တီးမယ့် ဒက်ဘလော်ပါဟာ ရှေ့မှာ ဂိမ်းတစ်ခု ဖန်တီးပြီးနောက် Tencent ကလောဘကြီးပြီး အဲ့ဒီဂိမ်းကို အသွင်တမျိုးပြောင်းလိုက်တာကြောင့် ပဋိပက္ခ ဖြစ်ခဲ့ပြီး Tencent က ထွက်လာခဲ့သူပါ။ အစကတော့ အရှေ့မှာ ဖန်တီးခဲ့တဲ့ ဂိမ်းရဲ့ ဇာတ်လမ်း နောက်ဆက်တွဲတခုအဖြစ် ထုတ်ဖို့ ပရော့ဂျက် ချထားခဲ့တာလို့ ဆိုပါတယ်။ ပရော့ဂျက်နာမည်က Journey to the West လို့ ခေါ်ပါတယ်။ နောက်တော့ Tencent က ထွက်ပြီးနောက် ဒီပရော့ဂျက်ကို Black Myth: Wu Kong လို့ နာမည်ပြောင်းပြီး ယခုထွေလာဗွီဒီယိုနှင့်အတူ ထွက်လာတာ ဖြစ်ပါတယ်။ 

Black Myth: Wu Kong ကတော့ အခုမှ ဖန်တီးဖို့အတွက် အဖွဲ့သားတွေ ခေါ်ယူစုဆောင်းနေဆဲ၊ လိုအပ်တဲ့ ငွေကြေးစုဆောင်းနေဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒါကြောင့် ထွက်မထွက် မသေချာသလို ထွက်မယ်ဆိုရင်လည်း ဒီကွာလတီလိုမျိုးဆို ၄ နှစ် ၅ နှစ်နီးပါးလောက် အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ ထွက်မထွက် မသေချာဘူးလို့ ပြောရတာကလည်း အရင့်အရင်က ဂိမ်းတွေထဲ အခုလိုမျိုးပဲ သြချရလောက်အောင် အလန်းစား ရုပ်ထွက် ဗွီဒီယို ဂိမ်းပလေးတွေနှင့် လေကြီးမိုးကြီး ချပြသွားပြီး နောက်တော့ အစရှာလို့ မရလောက်အောင် လုံးဝ ပျောက်သွားတဲ့ ဂိမ်းတွေ ရှိခဲ့လို့ပါပဲ။

ဒါနဲ့

သတိထားမိကြလား? ရှေ့မှာ ပုံပြောမယ်ဆိုပြီး ပြောသွားတဲ့ အဘိုးအိုဟာ တကယ်တော့ မျောက်အိုကြီးတစ်ကောင် ဖြစ်နေတယ်ဆိုတာ။ ပြီးတော့ နောက်ဆုံးအခန်းမှာ တွေ့ရတဲ့ သူ့ အနောက်က လေထဲ ပျံဝဲနေတဲ့ အဝတ်ပိုင်းစတစ်ခုက အဲ့ဒီ မျောက်အိုကြီးဟာ နတ်တစ်ပါး ဖြစ်နေကြောင်းပြနေတယ် ဆိုတာ။

Reference: Mythical Being Myanmar MBM, IGN, Gameworm


 

Zawgyi

 

ေကာင္းကင္ဘုံ တန္ခိုးရွင္ေမ်ာက္မင္းစြန္းဝူခုန္းႏွင့္ လူသိနည္းေနေသးေသာအေၾကာင္းအရာမ်ား (သို႔) Black Myth: Wu Kong အားလွမ္းေမွ်ာ္ၾကည့္ျခင္း

*****************************

က်ေနာ္တို႔ ငယ္ငယ္တုန္းက မက္မက္ေမာေမာ ၾကည့္ခဲ့ရတဲ့ စြန္းဝူခုန္းလို႔ သိၾကတဲ့ အေနာက္ဘက္သို႔ ခရီးသြားျခင္းဇာတ္လမ္းဟာ အခုေတာ့ ဂိမ္းအျဖစ္ႏွင့္ တဖန္ ျပန္ေတြ႕ရပါၿပီ ။ အရင္ကလည္း စြန္းဝူခုန္းဂိမ္းေတြ အမ်ားႀကီး ထြက္ခဲ့ဖူးတာပဲ အခုက ဘာထူးဆန္းလို႔လဲ ေမးခ်င္ၾကပါလိမ့္မယ္။ ထူးဆန္းတာထက္ စိတ္ဝင္စားေအာင္ ဆြဲေဆာင္မႈ ေကာင္းေနလြန္းလို႔ အခုလို တခုတ္တရ ေရးရတာ ျဖစ္ပါတယ္။

ဂိမ္းေထြလာကို ေတြ႕လိုက္ရတာႏွင့္ Realistic graphic အျပင္ကနဲ႔ တထပ္တည္းက်ေအာင္ လုပ္ထားတဲ့ ႐ုပ္ထြက္ႏွင့္အတူ က်ေနာ္တို႔ ငယ္ငယ္က အားက်ခဲ့ရတဲ့ ဝူခုန္းရဲ႕ ပါဝါ စြမ္းအားေတြကို ဂိမ္းပေလးမွာ ဘယ္လို ထူးထူးျခားျခား ျမင္ရမွာလဲ? မိစာၦေတြကို ဘယ္လိုပုံစံနဲ႔ ျမင္ရမလဲဆိုတာက က်ေနာ္ အပါအဝင္ ျမင္ရသူ ဂိမ္မာေတာ္ေတာ္မ်ားကို စတင္ စိတ္လႈပ္ရွားေစခဲ့မွာပါ။

ဂိမ္းနာမည္ကိုက Black Myth: Wu Kong တဲ့

ရာဇဝင္မ်ားထဲမွာေတာ့ ဝူခုန္းဟာ သူရဲ႕ မေကာင္းတဲ့ စိတ္ဓာတ္ အေမွာင္ဘက္ျခမ္းကေန ေပါက္ဖြားလာတဲ့ ေနာက္ဝူခုန္းတစ္ေကာင္ ရွိပါသတဲ့။ အဲ့ ေမ်ာက္မွာက နား႐ြက္ေျခာက္ခု ရွိတယ္။ ဝူခုန္းလိုမ်ိဳး အစြမ္းေတြရွိတယ္၊ ျဖစ္ပ်က္ေနသမွ် အရာအားလုံးကိုၾကားႏိုင္တယ္၊ နားေထာင္ႏိုင္တယ္။ အထူးသျဖင့္ ဝူခုန္းျပဳမူသမွ်ကို အစအဆုံးနားေထာင္ႏိုင္တဲ့အတြက္ ဝူခုန္းတတ္သမွ်အစြမ္းေတြကို သူလည္းတတ္တယ္။ ဝူခုန္းလိုမ်ိဳး ေက်ာက္တုံးကေန ေပါက္ဖြားလာတဲ့ ေက်ာက္တုံးေမ်ာက္ျဖစ္တဲ့အတြက္ ဝူခုန္းနဲ႔ ညီေနာင္ေတာ္စပ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဆိုေတာ့ ဂိမ္းဟာ အဲ့ဒီ အေမွာင္ဘက္ေတာ္သားဝူခုန္းရဲ႕ အေၾကာင္းပဲ ျဖစ္မွာ အေသအခ်ာပါပဲ။ သို႔ေပမယ့္ အေမွာင္ဘက္ျခမ္းက ဝူခုန္းရဲ႕ ဇာတ္လမ္းဟာ သတ္သတ္မွတ္မွတ္မရွိပဲ က်ေနာ္တို႔သိေနၾက အလင္းဘက္ေတာ္သားဝူခုန္းနဲ႔ ကိုယ္ေရးရာဇဝင္ ေရာေႏွာေသာေကာ ရွိေနတဲ့အတြက္ အေမွာင္ျခမ္းက ဝူခုန္းရဲ႕ ဇာတ္လမ္း ဘယ္လိုလာမလဲဆိုတာ မသိရတာကလည္း စိတ္လႈပ္ရွားစရာတစ္ခုပါ။ အထူးသျဖင့္ စာလုံးေတြ တလုံးၿပီးတလုံး ေ႐ႊေရာင္ေတာက္လာတဲ့ တုတ္ကိုင္ထားတဲ့ နတ္ဝတ္နတ္စားႏွင့္ ဝူခုန္းေတြ႕ရတဲ့အခ်ိန္ႏွင့္ က်ေနာ္တို႔ ငယ္ငယ္ၾကားေနက် တီးလုံး ျပန္ၾကားရတဲ့ အခ်ိန္ဟာ တမ္ပို အျမင့္ဆုံးအပိုင္းပါပဲ ။

ဒ႑ာရီထဲက ဝူခုန္းတို႔ ေနတဲ့ကမာၻဟာ တိရစာၦန္၊ လူ၊ နတ္ တို႔ ေရာေထြးေနထိုင္ၾကတဲ့ ကမာၻတစ္ခုပါ။ တိရစာၦန္ေတြလည္း တရားက်င့္ႏိုင္ၾကသလို တရားေပါက္ၿပီး စြမ္းအားေတြရၿပီး တန္ခိုးရွင္ေတြျဖစ္ႏိုင္ၾကလို႔ တခ်ိဳ႕ေသာ တိရစာၦန္ေတြဟာ နတ္အျဖစ္နီးစပ္ဖို႔အတြက္ လူလို ျပဳမူေနထိုင္ေလ့ရွိၾကပါတယ္တဲ့။ မိစာၦလို႔ ေခၚၾကေပမယ့္ မိစာၦထဲမွာ ေကာင္းတဲ့မိစာၦရွိသလို ဆိုးတဲ့ မိစာၦေတြလည္း ရွိပါသတဲ့။ ဂိမ္းထဲမွာလည္း ေတြ႕ရတဲ့ တ႐ုတ္စကားလုံး အသုံးအႏႈန္းေတြနဲ႔အတူ ဝူခုန္းအပါအဝင္ ေျမေခြးမိစာၦေတြဟာ လူပုံသ႑ာန္နဲ႔နီးစပ္ေအာင္ ဆြဲထားတာ ေတြ႕ရေတာ့ ဒ႑ာရီထဲက ဝူခုန္းတို႔ကမာၻကို ေနာက္ခံယူထားတယ္ဆိုတာ သတိထားမိခဲ့တယ္။

ဂိမ္းကို အေနာက္တိုင္းအထိ ထိုးေဖာက္လြယ္ေအာင္လို႔ အေနာက္တိုင္း အေငြ႕အသက္ပါတဲ့ ႐ုပ္ထြက္ေတြကို Dark ဘက္ျခမ္းေရာက္ေအာင္ ဆြဲထားတာ၊ ေျမေစာင့္နတ္ဖိုးဖိုးကို မွင္စာဆန္ဆန္ ဆြဲထားတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ ႐ုပ္ထြက္ေတြက ေတာ္ေတာ္ေလးမိုက္ပါတယ္။ အလင္းအေရာင္ျပန္တာေတြ ပုံရိပ္ျပန္တာေတြနဲ႔ ပတ္ဝန္းက်င္ကို အေသးစိတ္က်က် ဆြဲထားတာေတြ အလင္းအေမွာင္ ေရာင္ျပန္ဟပ္တာေတြက အေတာ္ေလးသဘာဝက်ၿပီး AAA အဆင့္ဂိမ္း ႐ုပ္ထြက္မို႔လို႔ပဲ လူေတြပိုစိတ္ဝင္စားေနၾကတာပဲေလ။

ဂိမ္းပေလးကေတာ့ Stance ေတြသုံးၿပီး ခ်ေနတာ ေတြ႕ရတယ္၊ DarkSoul စတိုင္လိုႏွင့္။ ဒ႑ာရီထဲက ဝူခုန္းလို ကိုယ္ခြဲႏိုင္တယ္၊ ပုံစံေပါင္းစုံ ႐ုပ္လြဲ႐ုပ္ေျပာင္းေပါင္းစုံ ေျပာင္းႏိုင္တယ္၊ Combo ေတြမွာ Elemental effect ေလးေတြထည့္ထားတာ ေတြ႕ရတယ္။ ေနာက္ဆုံး အျဖဴေရာင္ အေမႊးဖြားဖြားနဲ႔ ေျမေခြးႏွင့္ ခ်တဲ့အခန္းမွာ အေမႊးေတြ မီးစြဲၿပီး ေသြးတစ္တိတိ ေလ်ာ့ေနတာ ေတြ႕ရလို႔ Elemental effect ေလးေတြထည့္ထားတာ ေတြ႕ရတယ္လို႔ ေျပာရတာပါ။

ဒက္ပေလာ္ပါအပိုင္းကို ၾကည့္ရလွ်င္ ဂိမ္းဖန္တီးမယ့္ ဒက္ဘေလာ္ပါဟာ ေရွ႕မွာ ဂိမ္းတစ္ခု ဖန္တီးၿပီးေနာက္ Tencent ကေလာဘႀကီးၿပီး အဲ့ဒီဂိမ္းကို အသြင္တမ်ိဳးေျပာင္းလိုက္တာေၾကာင့္ ပဋိပကၡ ျဖစ္ခဲ့ၿပီး Tencent က ထြက္လာခဲ့သူပါ။ အစကေတာ့ အေရွ႕မွာ ဖန္တီးခဲ့တဲ့ ဂိမ္းရဲ႕ ဇာတ္လမ္း ေနာက္ဆက္တြဲတခုအျဖစ္ ထုတ္ဖို႔ ပေရာ့ဂ်က္ ခ်ထားခဲ့တာလို႔ ဆိုပါတယ္။ ပေရာ့ဂ်က္နာမည္က Journey to the West လို႔ ေခၚပါတယ္။ ေနာက္ေတာ့ Tencent က ထြက္ၿပီးေနာက္ ဒီပေရာ့ဂ်က္ကို Black Myth: Wu Kong လို႔ နာမည္ေျပာင္းၿပီး ယခုေထြလာဗြီဒီယိုႏွင့္အတူ ထြက္လာတာ ျဖစ္ပါတယ္။

Black Myth: Wu Kong ကေတာ့ အခုမွ ဖန္တီးဖို႔အတြက္ အဖြဲ႕သားေတြ ေခၚယူစုေဆာင္းေနဆဲ၊ လိုအပ္တဲ့ ေငြေၾကးစုေဆာင္းေနဆဲ အေျခအေနမွာပဲ ရွိပါေသးတယ္။ ဒါေၾကာင့္ ထြက္မထြက္ မေသခ်ာသလို ထြက္မယ္ဆိုရင္လည္း ဒီကြာလတီလိုမ်ိဳးဆို ၄ ႏွစ္ ၅ ႏွစ္နီးပါးေလာက္ အခ်ိန္ယူရဦးမွာ ျဖစ္ပါတယ္။ ထြက္မထြက္ မေသခ်ာဘူးလို႔ ေျပာရတာကလည္း အရင့္အရင္က ဂိမ္းေတြထဲ အခုလိုမ်ိဳးပဲ ၾသခ်ရေလာက္ေအာင္ အလန္းစား ႐ုပ္ထြက္ ဗြီဒီယို ဂိမ္းပေလးေတြႏွင့္ ေလႀကီးမိုးႀကီး ခ်ျပသြားၿပီး ေနာက္ေတာ့ အစရွာလို႔ မရေလာက္ေအာင္ လုံးဝ ေပ်ာက္သြားတဲ့ ဂိမ္းေတြ ရွိခဲ့လို႔ပါပဲ။

ဒါနဲ႔

သတိထားမိၾကလား? ေရွ႕မွာ ပုံေျပာမယ္ဆိုၿပီး ေျပာသြားတဲ့ အဘိုးအိုဟာ တကယ္ေတာ့ ေမ်ာက္အိုႀကီးတစ္ေကာင္ ျဖစ္ေနတယ္ဆိုတာ။ ၿပီးေတာ့ ေနာက္ဆုံးအခန္းမွာ ေတြ႕ရတဲ့ သူ႔ အေနာက္က ေလထဲ ပ်ံဝဲေနတဲ့ အဝတ္ပိုင္းစတစ္ခုက အဲ့ဒီ ေမ်ာက္အိုႀကီးဟာ နတ္တစ္ပါး ျဖစ္ေနေၾကာင္းျပေနတယ္ ဆိုတာ။


 

Reference: Mythical Being Myanmar MBM, IGN, Gameworm 


Post a Comment

0 Comments