Recruit A Friend Campaign (Final Fantasy XIV)
ပြီးခဲ့တဲ့ Callback Campaign ကနေ Gold chocobo feather နဲ့ ဝယ်လို့ရတဲ့ Mount တွေအထဲ ၂ ယောက်စီး Chocobo mount ရှိနေတာ သတိထားမိကြမှာပါ။ Final Fantasy 14 မှာ ဒီလို ၂ ယောက်စီး chocobo mount ၃ မျိုးရှိပါတယ်။
  • Ceremony chocobo
  • Amber Draught chocobo
  • Draught chocobo
စာဖတ်မရလျှင် ဒီကိုနှိပ်ပါ Zawgyi version
Ceremony Chocobo ကတော့ မင်္ဂလာ ပွဲ ကျင်းပမှ ရတာ ဖြစ်ပါတယ်။ မင်္ဂလာ ပွဲပက်ကေ့ချ် ဝယ်ပြီး ဆောင်မှ ရတာပါ။
Amber Draught Chocobo ကတော့ Gold Chocobo Feather နဲ့ဝယ်မှ ရမှာ ဖြစ်ပါတယ်။
Draught Chocobo ကတော့ အခုပြောပြမဲ့ Recruit A Friend Campaign က ရတာ ဖြစ်ပါတယ်။
Recruit A Friend Campaign
Final Fantasy 14 ကို အခုမှ စဆော့မဲ့သူကို မိမိက Recruit A Friend Campaign ကနေတဆင့် Link ထုတ်ပြီး ထိုသူ့ကို အဲ့ဒီ Link ကနေ ဝင်ခိုင်းကာ Account လုပ်စေပြီး Game download ဆွဲစေခိုင်းတာပဲ ဖြစ်ပါတယ်။ အဆိုပါ Link ကနေ ဝင်ခိုင်းပြီး အကောင့်လုပ်လိုက်တာနှင့် ထို Final Fantasy 14 ကို အခုမှ စဆော့မဲ့သူရဲ့ အကောင့်မှာ မိမိရဲ့ Code register လုပ်ပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။ 
အကယ်၍ လက်ရှိဆော့နေဆဲဖြစ်ပြီး အကောင့်မှာလည်း Recruit A Friend Campaign ကုဒ်တခုမှ ထည့်မထားသေးဘူး Register မလုပ်ထားသေးဘူးဆိုရင် Recruit A Friend Campaign က ကုဒ်သီးသန့်ထုတ်ကာ ထို Code register မလုပ်ထားရသေးတဲ့ အကောင့်မှာ ကုဒ်ထည့်၊ Register လုပ်ခိုင်းလို့ ရပါသေးတယ်။
Recruit A Friend Campaign Reward
Recruit A Friend Campaign reward က ကုဒ်ပေးသူ၊ Link ချပေးသူရော လက်ခံသူမှာပါ ၂ ဦးစလုံး ရပါတယ်။ စစချင်းမှာ ၂ ယောက်လုံး Reward ရမယ်။ နောက်ပြီး ကုဒ်လက်ခံသူက လစဥ်ကြေး ထပ်သွင်းတဲ့ အကြိမ်တိုင်း ကုဒ်ပေးသူ၊ Link ချပေးသူမှာ Reward တွေ ထပ်ထပ်ရနေဦးမှာ ဖြစ်ပါတယ်။ 
Draught chocobo Mount ဟာ ကုဒ်လက်ခံသူ လစဥ်ကြေးထည့်လို့ ရက် ၉၀ အထိ ရောက်ခဲ့လို့ရှိရင် Recruit A Friend Campaign ကုဒ်ပေးသူ ရမဲ့ Reward ပါပဲ။ 
Recruit A Friend Campaign Reward တွေက အတော်လေးကောင်းတာမို့ ကုဒ်မထည့်ရသေးတဲ့သူတွေရှိရင် ထည့်ဖို့ အကြံပေးပါရစေ။ ထည့်ပြီးသား ဖြစ်ရင်လည်း မိမိရဲ့ Recruit A Friend Campaign ကုဒ်ကို သူများဆီပေးပြီး ထည့်ခိုင်းခြင်းအားဖြင့်လည်း Recruiter Reward တွေ ထပ်ယူနိုင်ပါသေးတယ်။ ကုဒ်ထည့်ပြီးသားလား မထည့်ရသေးဘူးလားဆိုတာကို မိမိရဲ့ Mog Station အကောင့် မှာ ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။
Reward အမျိုးအစားတွေနဲ့ Recruit A Friend Campaign အသုံးပြုပုံ၊ Link အသေးစိတ်ကို >> Recruit a Friend Campaign | FINAL FANTASY XIV, The Lodestone မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 
မိမိရဲ့ Recruit A Friend Campaign ကုဒ် သုံးစေချင်တဲ့သူရှိရင်လည်း Comment ထဲ မန့်သွားနိုင်ပါတယ်။
Zawgyi
  • Ceremony chocobo
  • Amber Draught chocobo
  • Draught chocobo
Post a Comment
0 Comments