ကျနော်နှင့် Blogger template

တချို့တွေက ပစ္စည်းရောင်းရင် Facebook page မှာ တင်ရောင်းတာထက် လှလှပပနဲ့ အမျိုးအစား စုံစုံလင်လင်ပြချင်လို့ မိမိကိုယ်ပိုင် Website လေးထောင်ကြတယ်။ တချို့ကျတော့ စာတွေရေးပြီး ဖတ်ရလွယ်အောင်လို့ အမျိုးအစားတွေ တစ်စုတစ်စည်းတည်းထားချင်လို့ ကိုယ်ပိုင် Website ထောင်ကြတယ်။ တချို့က သတင်းတွေ ဖော်ပြရ ကောင်းအောင်လို့ Website လေးလုပ်ကြတယ်။ 

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

ဘယ်လိုရည်ရွယ်ချက်ပဲဖြစ်ဖြစ် Website တခု ထောင်ပြီဆိုရင် Domain ဝယ်ရပါတယ်။ Domain ဝယ်ရတယ် ဆိုတာ က http??????. com တို့လိုမှာ မိမိကိုယ်ပိုင် နာမည်နဲ့ထွက်ဖို့ ဥပမာ http:/??????? fros.com လိုမျိုး ဖြစ်ဖို့ နေရာဝယ်ရတာပါ။ Domain က တစ်နှစ် တန်သည် နှစ်နှစ်တန်သည် စသဖြင့် သက်တမ်းရှိပါတယ်။ သက်တမ်းကုန်ရင် မိမိ ဝက်ဘ်ဆိုက်က ဘာမှ လုပ်လို့ မရတော့ဘူး။ ဒီတော့ သက်တမ်းထပ်တိုးဖို့ ထပ်ဝယ်ရပြန်တယ်ပေါ့။ Domain ဝယ်ပြီးရင်လည်း Website အသွင်အပြင် ပြင်ရတယ်။ အဲ့ဒီလို Website အသွင်အပြင် ဒီဇိုင်းဆွဲဖို့ ပြင်ယူဖို့က နည်းပညာသမားတွေ ငှားရတယ်။ ဒီ့အတွက် ပိုက်ဆံသုံးရတယ်။ ဒါက လူအများသိနေကြ လုပ်ငန်းစဥ်တစ်ခု ဖြစ်ပြီး တကယ့်ကြီးကြီးကျယ်ကျယ်နှင့် ရေရှည်စွဲလုပ်သွားမဲ့သူတွေ စီးပွါးဖြစ်လုပ်မဲ့သူတွေ လုပ်နေကြ လုပ်ငန်းစဥ်တစ်ခုပါ။

ကျနော်တို့လို အပျော်တမ်းသမား၊ Web development အပိုင်း လုံးဝမသိ၊ နည်းပညာတွေ ရှယ်ပေးဖို့ ဗဟုသုတတွေ ဝေမျှပေးဖို့ Website ကို ပိုက်ဆံတပြားမှ မကုန်ပဲ ထောင်လို့ရပါ့မလား? ထောင်လို့ရမှ သိပ်ရ။ Domain ဝယ်စရာမလို Free ပေးတဲ့ Domain တွေရှိတယ်။ အသုံးအများဆုံးက Blogspot နှင့် Wordpress ။ တခြား Free ပေးတဲ့ Domain တွေ ရှိပါသေးတယ်။ ကျနော်က ဒီ ၂ မျိုးပဲ စမ်းသုံးကြည့်ဖူးတော့ ဒီ ၂ မျိုးကိုပဲ စမ်းသပ် နှိုင်းယှဥ် ပြောသွားပါမယ်။

Website Domain

ကျနော်နားလည်ထားတာက ဝက်ဘ်ဆိုက်တစ်ခု လုပ်ဖို့ နေရာလိုတယ်။ အဲ့ဒီနေရာ ငှားပေးတဲ့ ဆားဗစ်တွေရှိတယ်။ အဲ့လိုဆားဗစ်ပေးတဲ့အရာတွေကို Domain လို့ခေါ်တယ်။ ဖရီးဆားဗစ်ပေးတဲ့ ဒိုမိန်းတွေက သူတို့ဒိုမိန်းနိမ်းတွေ ပါတယ်။ ဥပမာ Blogspot မှာ ကိုယ်ပိုင်ဝက်ဘ် ထောင်မယ်ဆိုရင် သူ့ blogspot.com ဆိုတာကြီးက ပါတယ်။ ကျနော့်ကိုယ်ပိုင်ဝက်ဘ် လိပ်စာကို frosblaze ဆိုတဲ့ နာမည် ထည့်သုံးသော်လည်း http://www.frosblaze.blogspot.com ဆိုပြီး ထွက်လာတယ်။ http://www.frosblaze.fros.com လို့ ဖြစ်ချင်ရင် ဒိုမိန်းဝယ်ရတယ်။ $ နဲ့ပေါ့။ Wordpress ဆိုလည်း အဲ့လိုပဲ။ နာမည် ဘယ်လိုပဲ ထည့်ထည့် အဆုံးသတ်မှာ wordpress.com ဆိုတာ အမြဲပါတယ်။ free domain ဖြစ်တဲ့ Wordpress ပေါ်မှာ အခြေခံတည်ဆောက်ထားတဲ့ ဝက်ဘ်ဆိုက်ဆိုတော့ကား။

ကျနော်က ဒိုမိန်းနိမ်းက ဘာပဲဖြစ်ဖြစ် ဂရုသိပ်မစိုက်ဘူး။ ကျနော်ဝေမျှချင်တာ ပြချင်တာကို စုံစုံလင်လင်နဲ့ လှလှပပ ပြနိုင်ဖို့ ကျနော့် အိုင်ဒမ်တမ်တီနှင့် ကျနော့်နာမည်နဲ့ ဝက်ဘ်ဆိုက်တခုပဲ လိုချင်တာ။ ပြီးတော့ ပိုက်ဆံ သုံးစရာမလို၊ ကြေညာတွေ ကင်းရှင်းတဲ့ ဝက်ဘ်ဆိုက် ဖြစ်ရမယ်။ ဒါကြောင့် Blogspot ကို ကျနော် ရွေးချယ်ဖြစ်ခဲ့တယ်။ 

Blogspot vs Wordpress

ဒီ ၂ ခုက တည်ရှိလာခဲ့တာ ကြာသလို အပျော်တမ်းသမားတွေ အများအပြား သုံးစွဲကြတဲ့ ဖရီးဒိုမိန်းဆားဗစ်တွေပါ။ 

Wordpress မှာ အဆင်သင့်လုပ်ထားတဲ့ ဝက်ဘ်ဆိုက်အပြင်အဆင်တွေက များသလို လှလည်း လှကြတယ်။ နည်းပညာသမားတွေဆီက တကယ့် ပိုက်ဆံပေးဝယ်ပြီး ပြင်ထားတဲ့ ဝက်ဘ်ဆိုက်ကြီးတွေလိုပဲ သူ့ အပြင်အဆင်တွေက နည်းနည်းအထက်တန်းကျတယ်။ ကြည့်ပျော်ရှုပျော်ရှိတယ်။ ဒါပေမဲ့ ကိုယ်လိုသလို ပြင်ဖို့ အသေးစိတ်ကျကျ ပြင်ဖို့ကျတော့ နဲနဲခက်တယ်။ ပြင်ခွင့်ရဖို့ ဒေါ်လာပေးရတယ်။ ပြင်တတ်ဦးမှ။ ပြီးတော့ ဖရီးမှာက ကြေညာတွေ သူ့အလိုလို ထည့်ထားတယ်။ ကြေညာကြောင့် မိမိမှာ ပိုက်ဆံမရသလို ဖြုတ်လို့လည်းမရဘူး။ Wordpress မှာ လစဥ်ကြေး ပလန်အများကြီးရှိပြီး ဝယ်လို့ရှိရင် နောက်ပိုင်းမှာ ပိုက်ဆံရှာဖို့ လွယ်တယ်။ Web development အကြောင်း တီးမိခေါက်မိသမားဆိုရင် Wordpress က သုံးလို့ ပိုကောင်းပါတယ်။

Blogspot က Web development အကြောင်း မသိသမားတွေ သုံးရလွယ်ကူအောင် ပြုလုပ်ထားလို့ သုံးရကောင်းတယ်။ သူက ရိုးရှင်းတယ်။ ပြုပြင်ရလွယ်တယ်။ ဝက်ဘ်ဆိုက်အပြင်အဆင်က ရိုးရှင်းတော့ ကြည့်လို့ သိပ်မလှဘူး။ တကယ့်ဝက်ဘ်ဆိုက်ကြီးတွေလို ပုံမျိုးမထွက်ဘူး။ အသင့်လုပ်ထားတဲ့ ဝက်ဘ်ဆိုက် အပြင်အဆင်တွေက ရွေးစရာ အရမ်းနည်းတယ်။ ဒါပေမဲ့ Web development အကြောင်း သိသမားဆိုရင် ပြင်ဆင်လို့ ပိုအဆင်ပြေတဲ့ အနေအထားမှာ ရှိတယ်။ နောက်ပြီး Blogspot က Google ရဲ့လက်ခွဲဆိုတော့ Google account တခုတည်းကနေ တိုက်ရိုက် ထိန်းချုပ်နိုင်နေတော့ သုံးရတာ လွယ်ကူတယ်။

ဝက်ဘ်ဆိုက်အပြင်အဆင်က ဝက်ဘ်ဆိုက်အကြီးစားတွေလို ဖြစ်ဖို့မလိုဘူး၊ ရိုးရှင်းလွယ်ကူရင် ရပြီဆိုတဲ့ ကျနော်ကတော့ Blogspot ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။

Blogspot template

သုံးရင်းနဲ့ Blogspot ရဲ့ ဝက်ဘ်အပြင်အဆင်တွေ တခုပြီးတခု ပြောင်းစမ်းကြည့်တယ်။ ဒါပုံ ဒါချည်း ဖြစ်နေတော့ Wordpress က ဝက်ဘ်တွေလို တကယ့်ဝက်ဘ်ဆိုက်ကြီးတွေလို ပုံမျိုး ပြင်ချင်လာတယ်။ ဒါပေမဲ့ ပြင်လို့မရဘူး။ ကျနော်ကမှ Web development တွေအကြောင်း၊ Coding အပိုင်း Html javascript ဆိုတာတွေ မသိတာကိုး။ ဒီတော့ လိုက်ကြည့် လိုက်လေ့လာရင်းနဲ့ Blogspot မှာ Web development ပညာရှင်တချို့ Blogspot template လေးတွေ လုပ်ပြီး အဆင်သင့်ထည့်ရုံ ရောင်းတဲ့ ဝက်ဘ်ဆိုက်လေးတွေ သွားတွေ့မိတယ်။ သူတို့က Free ပေးထားတဲ့ Template တွေ ယူသုံးကြည့်တော့ ဝါး . . . . . ကျနော့် blogspot လေးက တကယ့်ဝက်ဘ်ဆိုက်ကြီးတွေလို အဆင်အပြင်နဲ့ အတော် လှလှလေး ထွက်လာတယ်။ ဒီလိုနဲ့ အခု ကျနော် သုံးနေတဲ့ ဝက်ဘ်အပြင်အဆင်မျိုး ဖြစ်လာတာပါပဲ။

ရောင်းနေတဲ့ Blogspot template

ဒီလိုရောင်းနေတဲ့ blogspot template တွေက အမြည်းသဘောနဲ့ ပေးထားကြတာတွေ များတယ်။ အမြည်းပေးတဲ့ Free ဗားရှင်းမှာ Relate post တို့ Trending post တို့လိုအပြင် တခြား Feature တော်တော်များများ ပိတ်ထားကြတယ်။ ရချင်ရင် သူ့ဆီက $ ပေးဝယ်ကြ။ အဲ့သလို လုပ်ထားကြတယ်။ ဒါပေမဲ့ အမြည်းသဘောနဲ့ ပေးထားတာမှာကို တော်တော်လေး သုံးလို့ အဆင်ပြေနေပါပြီ။ Template မှာ အလုပ်မလုပ်တဲ့အပိုင်းတွေ လိုက်ဖြုတ်၊ ကိုယ်ထည့်တတ်တဲ့ အပိုင်းတွေ လိုက်ထည့်ပြင်ယူရင်းနဲ့ကို ကြည့်ပျော်ရှုပျော်ရှိတဲ့ ဝက်ဘ်ဆိုက်အပြင်အဆင်တခု ရနေတာမို့လို့ပါပဲ။ ပြီးတော့ ကိုယ်သာ တကယ် ပြင်ယူတတ်ရင် အဲ့ဒီ ဖရီးဗားရှင်းလေးတွေနဲ့ကို အင်တာနက်စျေးဆိုင်ဝက်ဘ်ဆိုက်လေးတစ်ခု တည်လို့ရနေတဲ့ အနေအထားမှာ ရှိနေပါတယ်။

ရောင်းနေတဲ့ Blogspot template ဘယ်လိုယူသုံးရမလဲ?

သိပ်မခက်လှပါဘူး။ ရောင်းနေတဲ့ Blogspot template ရဲ့ Free version ဆိုတာ ဒေါင်းလုပ်ဆွဲရင် Zip file လေးတခု ရလာပါမယ်။ ထို Zip file ကို Extract လုပ်လိုက်ရင် Html ဖိုင် ၃ ၄ ခုနှင့် text ဖိုင် တချို့ နောက်ပြီး xml ဖိုင် တခု ထွက်လာပါမယ်။ အဲ့ဒီ xml ဖိုင်ကို မိမိ Blog ရဲ့ Blogger theme အပိုင်းထဲက Theme မှာ Restore သွားလုပ်ပေးရမှာ ဖြစ်ပါတယ်။ Blogger theme install လုပ်နည်းထဲမှာလည်း သူတို့ သေချာ ရေးပြထားတာမို့ သွားကြည့်နိုင်ပါတယ်။ ဝယ်ရင်တော့ သူတို့က Premium version template ပေးပါတယ်။ လုပ်နည်းကတော့ ဖရီးဗားရှင်းကို သွင်းသလိုမျိုးပဲ သွင်းရမှာ ဖြစ်ပါတယ်။

ကျနော်နှင့် ထို Free version blogger template

ကျနော့်အတွက်တော့ အဲ့ဒီ Free version template လေးတွေက အဆင်ပြေတယ်။ ပုံစံမျိုးစုံ ပြောင်းလို့ရတယ်။ Blogspot သုံးရတာ Blogspot က ဒိုမိန်းဝယ်စရာမလိုတော့ ဒိုမိန်း ဒိတ်ကုန်တော့မှာ မလို့ နောက်ထပ် ထပ်ဝယ်ရမလား မဝယ်ရဘူးလားဆိုပြီး စဥ်းစားနေစရာ မလို၊ ဒိတ်ကုန်သွားလို့ ဟိုလုပ်မရ ဒီလုပ်မရ ဖြစ်နေစရာလည်း မလိုတော့ဘူး။ အဲ့ဒီတချက်တော့ အကြိုက်ဆုံး။ ပြီးတော့ Free version template တွေက မျက်စိပသာဒ ဖြစ်တယ်။ အမြင်လှတယ်။ မကောင်းတဲ့အချက်ဆိုလို့ ဒီ Free version template လေးတွေက ကိုယ်လိုချင်တဲ့ ပုံစံရအောင် ပြင်ရတာ နဲနဲ လက်ပေါက်ကပ်တာရယ်၊ ဝက်ဘ်ဆိုက် လိပ်စာက blogspot.com ဖြစ်နေတာရယ်ကိုပဲ ထောက်ပြစရာရှိပါတယ်။ 

Blogspot template ရောင်းသည့် Website များ

Soratemplate
Templatesyard 

နှိုင်းယှဥ်ချက်

ဒါက ရိုးရိုးသာမန်ပုံစံအသွင်အပြင်နဲ့ Blogspot ပါ။ 100% Free။
https://mmgf4gamer.blogspot.com
 

ဒါကတော့ ရောင်းနေတဲ့ Blogspot template (soratemplate) က free version နဲ့ ပြင်ယူထားတဲ့ ကျနော်တို့ရဲ့ Blogspot ။ လာကတည်းက Mobile မှာ ကြည့်ရအဆင်ပြေအောင် လုပ်ထားပြီးသားနဲ့ ပါလာတဲ့ Template သုံးထားတာ ဖြစ်ပါတယ်။ ကျနော်တို့ Blog ကတော့ 100% Free ပါ။
https://frosblaze.blogspot.com
 

ဒါကတော့ ရောင်းနေတဲ့ Blogspot ကို ဝယ်ထားပြီး ပြင်ထားတဲ့ Blogspot ပါ။ $ လေး သုံးထားလို့ သူ့မှာ Relate post (You May Like these posts) feature တွေအပြင် Headline မှာ Post တွေ တပုဒ်ပြီးတပုဒ်ပြနေတဲ့ Feature လေးတွေ ရှိနေတာ တွေ့ရမှာပါ။ Free သုံးထားတာ ဖြစ်တဲ့ ကျနော်တို့ blogspot မှာတော့ မပါဘူး။ သူကတော့ Templatesyard ကနေ ဝယ်ထားတဲ့ ဝက်ဘ်ဆိုက်အပြင်အဆင်ပါ။
https://enthuetech.blogspot.com

Zawgyi


က်ေနာ္ႏွင့္ Blogger template

တခ်ိဳ႕ေတြက ပစၥည္းေရာင္းရင္ Facebook page မွာ တင္ေရာင္းတာထက္ လွလွပပနဲ႔ အမ်ိဳးအစား စုံစုံလင္လင္ျပခ်င္လို႔ မိမိကိုယ္ပိုင္ Website ေလးေထာင္ၾကတယ္။ တခ်ိဳ႕က်ေတာ့ စာေတြေရးၿပီး ဖတ္ရလြယ္ေအာင္လို႔ အမ်ိဳးအစားေတြ တစ္စုတစ္စည္းတည္းထားခ်င္လို႔ ကိုယ္ပိုင္ Website ေထာင္ၾကတယ္။ တခ်ိဳ႕က သတင္းေတြ ေဖာ္ျပရ ေကာင္းေအာင္လို႔ Website ေလးလုပ္ၾကတယ္။ 

ဘယ္လိုရည္႐ြယ္ခ်က္ပဲျဖစ္ျဖစ္ Website တခု ေထာင္ၿပီဆိုရင္ Domain ဝယ္ရပါတယ္။ Domain ဝယ္ရတယ္ ဆိုတာ က http??????. com တို႔လိုမွာ မိမိကိုယ္ပိုင္ နာမည္နဲ႔ထြက္ဖို႔ ဥပမာ http:/??????? fros.com လိုမ်ိဳး ျဖစ္ဖို႔ ေနရာဝယ္ရတာပါ။ Domain က တစ္ႏွစ္ တန္သည္ ႏွစ္ႏွစ္တန္သည္ စသျဖင့္ သက္တမ္းရွိပါတယ္။ သက္တမ္းကုန္ရင္ မိမိ ဝက္ဘ္ဆိုက္က ဘာမွ လုပ္လို႔ မရေတာ့ဘူး။ ဒီေတာ့ သက္တမ္းထပ္တိုးဖို႔ ထပ္ဝယ္ရျပန္တယ္ေပါ့။ Domain ဝယ္ၿပီးရင္လည္း Website အသြင္အျပင္ ျပင္ရတယ္။ အဲ့ဒီလို Website အသြင္အျပင္ ဒီဇိုင္းဆြဲဖို႔ ျပင္ယူဖို႔က နည္းပညာသမားေတြ ငွားရတယ္။ ဒီ့အတြက္ ပိုက္ဆံသုံးရတယ္။ ဒါက လူအမ်ားသိေနၾက လုပ္ငန္းစဥ္တစ္ခု ျဖစ္ၿပီး တကယ့္ႀကီးႀကီးက်ယ္က်ယ္ႏွင့္ ေရရွည္စြဲလုပ္သြားမဲ့သူေတြ စီးပြါးျဖစ္လုပ္မဲ့သူေတြ လုပ္ေနၾက လုပ္ငန္းစဥ္တစ္ခုပါ။

က်ေနာ္တို႔လို အေပ်ာ္တမ္းသမား၊ Web development အပိုင္း လုံးဝမသိ၊ နည္းပညာေတြ ရွယ္ေပးဖို႔ ဗဟုသုတေတြ ေဝမွ်ေပးဖို႔ Website ကို ပိုက္ဆံတျပားမွ မကုန္ပဲ ေထာင္လို႔ရပါ့မလား? ေထာင္လို႔ရမွ သိပ္ရ။ Domain ဝယ္စရာမလို Free ေပးတဲ့ Domain ေတြရွိတယ္။ အသုံးအမ်ားဆုံးက Blogspot ႏွင့္ Wordpress ။ တျခား Free ေပးတဲ့ Domain ေတြ ရွိပါေသးတယ္။ က်ေနာ္က ဒီ ၂ မ်ိဳးပဲ စမ္းသုံးၾကည့္ဖူးေတာ့ ဒီ ၂ မ်ိဳးကိုပဲ စမ္းသပ္ ႏႈိင္းယွဥ္ ေျပာသြားပါမယ္။

Website Domain

က်ေနာ္နားလည္ထားတာက ဝက္ဘ္ဆိုက္တစ္ခု လုပ္ဖို႔ ေနရာလိုတယ္။ အဲ့ဒီေနရာ ငွားေပးတဲ့ ဆားဗစ္ေတြရွိတယ္။ အဲ့လိုဆားဗစ္ေပးတဲ့အရာေတြကို Domain လို႔ေခၚတယ္။ ဖရီးဆားဗစ္ေပးတဲ့ ဒိုမိန္းေတြက သူတို႔ဒိုမိန္းနိမ္းေတြ ပါတယ္။ ဥပမာ Blogspot မွာ ကိုယ္ပိုင္ဝက္ဘ္ ေထာင္မယ္ဆိုရင္ သူ႔ blogspot.com ဆိုတာႀကီးက ပါတယ္။ က်ေနာ့္ကိုယ္ပိုင္ဝက္ဘ္ လိပ္စာကို frosblaze ဆိုတဲ့ နာမည္ ထည့္သုံးေသာ္လည္း http://www.frosblaze.blogspot.com ဆိုၿပီး ထြက္လာတယ္။ http://www.frosblaze.fros.com လို႔ ျဖစ္ခ်င္ရင္ ဒိုမိန္းဝယ္ရတယ္။ $ နဲ႔ေပါ့။ Wordpress ဆိုလည္း အဲ့လိုပဲ။ နာမည္ ဘယ္လိုပဲ ထည့္ထည့္ အဆုံးသတ္မွာ wordpress.com ဆိုတာ အၿမဲပါတယ္။ free domain ျဖစ္တဲ့ Wordpress ေပၚမွာ အေျခခံတည္ေဆာက္ထားတဲ့ ဝက္ဘ္ဆိုက္ဆိုေတာ့ကား။

က်ေနာ္က ဒိုမိန္းနိမ္းက ဘာပဲျဖစ္ျဖစ္ ဂ႐ုသိပ္မစိုက္ဘူး။ က်ေနာ္ေဝမွ်ခ်င္တာ ျပခ်င္တာကို စုံစုံလင္လင္နဲ႔ လွလွပပ ျပႏိုင္ဖို႔ က်ေနာ့္ အိုင္ဒမ္တမ္တီႏွင့္ က်ေနာ့္နာမည္နဲ႔ ဝက္ဘ္ဆိုက္တခုပဲ လိုခ်င္တာ။ ၿပီးေတာ့ ပိုက္ဆံ သုံးစရာမလို၊ ေၾကညာေတြ ကင္းရွင္းတဲ့ ဝက္ဘ္ဆိုက္ ျဖစ္ရမယ္။ ဒါေၾကာင့္ Blogspot ကို က်ေနာ္ ေ႐ြးခ်ယ္ျဖစ္ခဲ့တယ္။ 

Blogspot vs Wordpress

ဒီ ၂ ခုက တည္ရွိလာခဲ့တာ ၾကာသလို အေပ်ာ္တမ္းသမားေတြ အမ်ားအျပား သုံးစြဲၾကတဲ့ ဖရီးဒိုမိန္းဆားဗစ္ေတြပါ။ 

Wordpress မွာ အဆင္သင့္လုပ္ထားတဲ့ ဝက္ဘ္ဆိုက္အျပင္အဆင္ေတြက မ်ားသလို လွလည္း လွၾကတယ္။ နည္းပညာသမားေတြဆီက တကယ့္ ပိုက္ဆံေပးဝယ္ၿပီး ျပင္ထားတဲ့ ဝက္ဘ္ဆိုက္ႀကီးေတြလိုပဲ သူ႔ အျပင္အဆင္ေတြက နည္းနည္းအထက္တန္းက်တယ္။ ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိတယ္။ ဒါေပမဲ့ ကိုယ္လိုသလို ျပင္ဖို႔ အေသးစိတ္က်က် ျပင္ဖို႔က်ေတာ့ နဲနဲခက္တယ္။ ျပင္ခြင့္ရဖို႔ ေဒၚလာေပးရတယ္။ ျပင္တတ္ဦးမွ။ ၿပီးေတာ့ ဖရီးမွာက ေၾကညာေတြ သူ႔အလိုလို ထည့္ထားတယ္။ ေၾကညာေၾကာင့္ မိမိမွာ ပိုက္ဆံမရသလို ျဖဳတ္လို႔လည္းမရဘူး။ Wordpress မွာ လစဥ္ေၾကး ပလန္အမ်ားႀကီးရွိၿပီး ဝယ္လို႔ရွိရင္ ေနာက္ပိုင္းမွာ ပိုက္ဆံရွာဖို႔ လြယ္တယ္။ Web development အေၾကာင္း တီးမိေခါက္မိသမားဆိုရင္ Wordpress က သုံးလို႔ ပိုေကာင္းပါတယ္။

Blogspot က Web development အေၾကာင္း မသိသမားေတြ သုံးရလြယ္ကူေအာင္ ျပဳလုပ္ထားလို႔ သုံးရေကာင္းတယ္။ သူက ႐ိုးရွင္းတယ္။ ျပဳျပင္ရလြယ္တယ္။ ဝက္ဘ္ဆိုက္အျပင္အဆင္က ႐ိုးရွင္းေတာ့ ၾကည့္လို႔ သိပ္မလွဘူး။ တကယ့္ဝက္ဘ္ဆိုက္ႀကီးေတြလို ပုံမ်ိဳးမထြက္ဘူး။ အသင့္လုပ္ထားတဲ့ ဝက္ဘ္ဆိုက္ အျပင္အဆင္ေတြက ေ႐ြးစရာ အရမ္းနည္းတယ္။ ဒါေပမဲ့ Web development အေၾကာင္း သိသမားဆိုရင္ ျပင္ဆင္လို႔ ပိုအဆင္ေျပတဲ့ အေနအထားမွာ ရွိတယ္။ ေနာက္ၿပီး Blogspot က Google ရဲ႕လက္ခြဲဆိုေတာ့ Google account တခုတည္းကေန တိုက္႐ိုက္ ထိန္းခ်ဳပ္ႏိုင္ေနေတာ့ သုံးရတာ လြယ္ကူတယ္။
ဝက္ဘ္ဆိုက္အျပင္အဆင္က ဝက္ဘ္ဆိုက္အႀကီးစားေတြလို ျဖစ္ဖို႔မလိုဘူး၊ ႐ိုးရွင္းလြယ္ကူရင္ ရၿပီဆိုတဲ့ က်ေနာ္ကေတာ့ Blogspot ကို ေ႐ြးခ်ယ္ျဖစ္ခဲ့ပါတယ္။

Blogspot template

သုံးရင္းနဲ႔ Blogspot ရဲ႕ ဝက္ဘ္အျပင္အဆင္ေတြ တခုၿပီးတခု ေျပာင္းစမ္းၾကည့္တယ္။ ဒါပုံ ဒါခ်ည္း ျဖစ္ေနေတာ့ Wordpress က ဝက္ဘ္ေတြလို တကယ့္ဝက္ဘ္ဆိုက္ႀကီးေတြလို ပုံမ်ိဳး ျပင္ခ်င္လာတယ္။ ဒါေပမဲ့ ျပင္လို႔မရဘူး။ က်ေနာ္ကမွ Web development ေတြအေၾကာင္း၊ Coding အပိုင္း Html javascript ဆိုတာေတြ မသိတာကိုး။ ဒီေတာ့ လိုက္ၾကည့္ လိုက္ေလ့လာရင္းနဲ႔ Blogspot မွာ Web development ပညာရွင္တခ်ိဳ႕ Blogspot template ေလးေတြ လုပ္ၿပီး အဆင္သင့္ထည့္႐ုံ ေရာင္းတဲ့ ဝက္ဘ္ဆိုက္ေလးေတြ သြားေတြ႕မိတယ္။ သူတို႔က Free ေပးထားတဲ့ Template ေတြ ယူသုံးၾကည့္ေတာ့ ဝါး . . . . . က်ေနာ့္ blogspot ေလးက တကယ့္ဝက္ဘ္ဆိုက္ႀကီးေတြလို အဆင္အျပင္နဲ႔ အေတာ္ လွလွေလး ထြက္လာတယ္။ ဒီလိုနဲ႔ အခု က်ေနာ္ သုံးေနတဲ့ ဝက္ဘ္အျပင္အဆင္မ်ိဳး ျဖစ္လာတာပါပဲ။

ေရာင္းေနတဲ့ Blogspot template

ဒီလိုေရာင္းေနတဲ့ blogspot template ေတြက အျမည္းသေဘာနဲ႔ ေပးထားၾကတာေတြ မ်ားတယ္။ အျမည္းေပးတဲ့ Free ဗားရွင္းမွာ Relate post တို႔ Trending post တို႔လိုအျပင္ တျခား Feature ေတာ္ေတာ္မ်ားမ်ား ပိတ္ထားၾကတယ္။ ရခ်င္ရင္ သူ႔ဆီက $ ေပးဝယ္ၾက။ အဲ့သလို လုပ္ထားၾကတယ္။ ဒါေပမဲ့ အျမည္းသေဘာနဲ႔ ေပးထားတာမွာကို ေတာ္ေတာ္ေလး သုံးလို႔ အဆင္ေျပေနပါၿပီ။ Template မွာ အလုပ္မလုပ္တဲ့အပိုင္းေတြ လိုက္ျဖဳတ္၊ ကိုယ္ထည့္တတ္တဲ့ အပိုင္းေတြ လိုက္ထည့္ျပင္ယူရင္းနဲ႔ကို ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိတဲ့ ဝက္ဘ္ဆိုက္အျပင္အဆင္တခု ရေနတာမို႔လို႔ပါပဲ။ ၿပီးေတာ့ ကိုယ္သာ တကယ္ ျပင္ယူတတ္ရင္ အဲ့ဒီ ဖရီးဗားရွင္းေလးေတြနဲ႔ကို အင္တာနက္ေစ်းဆိုင္ဝက္ဘ္ဆိုက္ေလးတစ္ခု တည္လို႔ရေနတဲ့ အေနအထားမွာ ရွိေနပါတယ္။

ေရာင္းေနတဲ့ Blogspot template ဘယ္လိုယူသုံးရမလဲ?

သိပ္မခက္လွပါဘူး။ ေရာင္းေနတဲ့ Blogspot template ရဲ႕ Free version ဆိုတာ ေဒါင္းလုပ္ဆြဲရင္ Zip file ေလးတခု ရလာပါမယ္။ ထို Zip file ကို Extract လုပ္လိုက္ရင္ Html ဖိုင္ ၃ ၄ ခုႏွင့္ text ဖိုင္ တခ်ိဳ႕ ေနာက္ၿပီး xml ဖိုင္ တခု ထြက္လာပါမယ္။ အဲ့ဒီ xml ဖိုင္ကို မိမိ Blog ရဲ႕ Blogger theme အပိုင္းထဲက Theme မွာ Restore သြားလုပ္ေပးရမွာ ျဖစ္ပါတယ္။ Blogger theme install လုပ္နည္းထဲမွာလည္း သူတို႔ ေသခ်ာ ေရးျပထားတာမို႔ သြားၾကည့္ႏိုင္ပါတယ္။ ဝယ္ရင္ေတာ့ သူတို႔က Premium version template ေပးပါတယ္။ လုပ္နည္းကေတာ့ ဖရီးဗားရွင္းကို သြင္းသလိုမ်ိဳးပဲ သြင္းရမွာ ျဖစ္ပါတယ္။

က်ေနာ္ႏွင့္ ထို Free version blogger template

က်ေနာ့္အတြက္ေတာ့ အဲ့ဒီ Free version template ေလးေတြက အဆင္ေျပတယ္။ ပုံစံမ်ိဳးစုံ ေျပာင္းလို႔ရတယ္။ Blogspot သုံးရတာ Blogspot က ဒိုမိန္းဝယ္စရာမလိုေတာ့ ဒိုမိန္း ဒိတ္ကုန္ေတာ့မွာ မလို႔ ေနာက္ထပ္ ထပ္ဝယ္ရမလား မဝယ္ရဘူးလားဆိုၿပီး စဥ္းစားေနစရာ မလို၊ ဒိတ္ကုန္သြားလို႔ ဟိုလုပ္မရ ဒီလုပ္မရ ျဖစ္ေနစရာလည္း မလိုေတာ့ဘူး။ အဲ့ဒီတခ်က္ေတာ့ အႀကိဳက္ဆုံး။ ၿပီးေတာ့ Free version template ေတြက မ်က္စိပသာဒ ျဖစ္တယ္။ အျမင္လွတယ္။ မေကာင္းတဲ့အခ်က္ဆိုလို႔ ဒီ Free version template ေလးေတြက ကိုယ္လိုခ်င္တဲ့ ပုံစံရေအာင္ ျပင္ရတာ နဲနဲ လက္ေပါက္ကပ္တာရယ္၊ ဝက္ဘ္ဆိုက္ လိပ္စာက blogspot.com ျဖစ္ေနတာရယ္ကိုပဲ ေထာက္ျပစရာရွိပါတယ္။ 

Blogspot template ေရာင္းသည့္ Website မ်ား

Soratemplate
Templatesyard 

ႏႈိင္းယွဥ္ခ်က္ 

ဒါက ႐ိုး႐ိုးသာမန္ပုံစံအသြင္အျပင္နဲ႔ Blogspot ပါ။ 100% Free။
https://mmgf4gamer.blogspot.com
 

ဒါကေတာ့ ေရာင္းေနတဲ့ Blogspot template (soratemplate) က free version နဲ႔ ျပင္ယူထားတဲ့ က်ေနာ္တို႔ရဲ႕ Blogspot ။ လာကတည္းက Mobile မွာ ၾကည့္ရအဆင္ေျပေအာင္ လုပ္ထားၿပီးသားနဲ႔ ပါလာတဲ့ Template သုံးထားတာ ျဖစ္ပါတယ္။ က်ေနာ္တို႔ Blog ကေတာ့ 100% Free ပါ။
https://frosblaze.blogspot.com
 

ဒါကေတာ့ ေရာင္းေနတဲ့ Blogspot ကို ဝယ္ထားၿပီး ျပင္ထားတဲ့ Blogspot ပါ။ $ ေလး သုံးထားလို႔ သူ႔မွာ Relate post (You May Like these posts) feature ေတြအျပင္ Headline မွာ Post ေတြ တပုဒ္ၿပီးတပုဒ္ျပေနတဲ့ Feature ေလးေတြ ရွိေနတာ ေတြ႕ရမွာပါ။ Free သုံးထားတာ ျဖစ္တဲ့ က်ေနာ္တို႔ blogspot မွာေတာ့ မပါဘူး။ သူကေတာ့ Templatesyard ကေန ဝယ္ထားတဲ့ ဝက္ဘ္ဆိုက္အျပင္အဆင္ပါ။
https://enthuetech.blogspot.com

Thank you for reading

Post a Comment

0 Comments