ဒီကွန်ပျူတာနှင့် ဘာဂိမ်းတွေ ဆော့နိုင်လဲ?

ကွန်ပျူတာတလုံးရပြီ။ ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာ အသာထား။ ကွန်ပျူတာဂိမ်းဆိုတာကြီးကို စမ်းဆော့ချင်တဲ့ စိတ် တဖွားဖွားပေါ်လာတယ်။ ကိုယ့်ကွန်ပျူတာထဲ ဘာပါမှန်းလည်း မသိ။ ဒါပေမဲ့ ဘာဂိမ်းတွေ ဆော့နိုင်လဲဆိုတာကိုတော့ သိချင်တယ်။

ဒီလိုလူတွေအတွက် ပြောပြပေးချင်ပါတယ်။

ကိုယ့် ကွန်ပျူတာမှာ ဘာဂိမ်းတွေ Run နိုင်လဲဆိုတာ ပျမ်းမျှဖော်ပြနိုင်တဲ့ ဝက်ဘ်ဆိုက် တွေရှိပါတယ်လို့။

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

ကိုယ့် ကွန်ပျူတာ အစိတ်အပိုင်းတွေ သိထားရင် ရှာရ ပိုလွယ်ကူမှာ ဖြစ်ပေမဲ့ မသိထားတဲ့သူတွေအတွက် မိမိသိလိုတဲ့ ကွန်ပျူတာနဲ့ အဲ့ဒီ ဝက်ဘ်ဆိုက် ထဲဝင်ပြီး သူတို့ကို ရှာခိုင်းလို့ရပါတယ်။ တချို့က အွန်လိုင်းကနေ တိုက်ရိုက် စစ်ဆေးပေးပေမဲ့ တချို့ကတော့ သူတို့ရဲ့ ပရိုဂရမ်ငယ်ကို ဒေါင်းလုပ်ဆွဲခိုင်းပြီး သွင်းခိုင်းပြီးမှ စစ်ဆေးပေးပါလိမ့်မယ်။ ကိုယ့် ကွန်ပျူတာရဲ့ အစိတ်အပိုင်းတွေကို သူတို့ဘာသာသူတို့ စစ်တမ်းကောက်၊တွက်ချက်ပြီး ဒီ ကွန်ပျူတာ အစိတ်အပိုင်းတွေနဲ့ ဘာဂိမ်းတွေ ဆော့လို့ရလဲဆိုတာ ဖော်ပြပေးသွားပါတယ်။ အင်တာနက်တော့ တိုက်ရိုကိ ချိတ်ဆက်ပေးထားရမှာပါ။

Can I run it/ Can you run it ဝက်ဘ်ဆိုက်တွေကတော့ ဘာဂိမ်းတွေ ဆော့လို့ရတယ်ဆိုတဲ့ အချက်ကို ပျမ်းမျှပဲ ဖော်ပြပေးနိုင်ကြပါတယ်။ ဒီတော့ ယေဘုယျအားဖြင့် ဒီဂိမ်းတွေ ဒီဂိမ်းတွေ ကိုယ့်ကွန်ပျူတာမှာ Run နိုင်တယ်ပေါ့။ ပြီးတော့ ကိုယ်ဆော့လိုတဲ့ ဂိမ်းနဲ့ ကိုယ့်ကွန်ပျူတာ ကိုက်မကိုက် စစ်ဆေးလို့ Run နိုင်တယ်လို့ ပြရင် Run နိုင်တယ်ပေါ့။

တကယ်သွင်းပြီး ဆော့ကြည့်မှ ဂိမ်းအစမှာတင် ရပ်နေတာတို့၊ ဂိမ်း Run လိုက်တိုင်း Crash ဖြစ်တာတို့၊ ဆော့နေရင်း ထစ်နေတာတို့ ရပ်သွားတာတို့ ကြတော့ မိမိ ကွန်ပျူတာအစိတ်အပိုင်းရဲ့ သက်တမ်း စွမ်းဆောင်ရည်၊ သုံးနေဆဲ ဝင်းဒိုးမှာ အပြစ်အနာအဆာ အနည်းအများ၊ သွင်းထားနှင့်ပြီး ဖြစ်တဲ့ တခြား ပရိုဂရမ်တွေနဲ့ ငြိပြီး ပြသနာတက်မှုအပေါ် မူတည်သွားပါပြီ။ ဒါတွေအတွက်ကျတော့ နားလည်တတ်ကျွမ်းသူထံ အကြံဉာဏ် တောင်းခံရမဲ့ အချိန် ရောက်သွားပါပြီ။

ဘာပဲဖြစ်ဖြစ် ကွန်ပျူတာတလုံး ပိုင်ပြီဆိုမှ အနည်းဆုံးတော့ မိမိကွန်ပျူတာရဲ့

Processor (ဥပမာ- Intel Core i7 10th generation, AMD Ryzen 9)
Graphic card (ဥပမာ- Nvidia GTX 960, Radeon HD 5450)
RAM ( သုံးစွဲယူနစ်က MB သို့ GB နှင့်ပြ)
Harddisk (နေရာလွတ်၊ ယူနစ်က GB သို့ TB နဲ့ပြ)

တွေ သိရှိထားသင့်ပါတယ်။

------------------------
Can I run it ဝက်ဘ်ဆိုက်များ
------------------------

နောက်ထပ် အများကြီး ရှိပါသေးတယ်။ Google မှာ ကိုယ်တိုင်ရှာယူ စမ်းကြည့်နိုင်ပါတယ်။

Zawgyi



ဒီကြန္ပ်ဴတာႏွင့္ ဘာဂိမ္းေတြ ေဆာ့ႏိုင္လဲ?

ကြန္ပ်ဴတာတလုံးရၿပီ။ ဘာလုပ္မယ္ ညာလုပ္မယ္ဆိုတာ အသာထား။ ကြန္ပ်ဴတာဂိမ္းဆိုတာႀကီးကို စမ္းေဆာ့ခ်င္တဲ့ စိတ္ တဖြားဖြားေပၚလာတယ္။ ကိုယ့္ကြန္ပ်ဴတာထဲ ဘာပါမွန္းလည္း မသိ။ ဒါေပမဲ့ ဘာဂိမ္းေတြ ေဆာ့ႏိုင္လဲဆိုတာကိုေတာ့ သိခ်င္တယ္။

ဒီလိုလူေတြအတြက္ ေျပာျပေပးခ်င္ပါတယ္။

ကိုယ့္ ကြန္ပ်ဴတာမွာ ဘာဂိမ္းေတြ Run ႏိုင္လဲဆိုတာ ပ်မ္းမွ်ေဖာ္ျပႏိုင္တဲ့ ဝက္ဘ္ဆိုက္ ေတြရွိပါတယ္လို႔။

ကိုယ့္ ကြန္ပ်ဴတာ အစိတ္အပိုင္းေတြ သိထားရင္ ရွာရ ပိုလြယ္ကူမွာ ျဖစ္ေပမဲ့ မသိထားတဲ့သူေတြအတြက္ မိမိသိလိုတဲ့ ကြန္ပ်ဴတာနဲ႔ အဲ့ဒီ ဝက္ဘ္ဆိုက္ ထဲဝင္ၿပီး သူတို႔ကို ရွာခိုင္းလို႔ရပါတယ္။ တခ်ိဳ႕က အြန္လိုင္းကေန တိုက္႐ိုက္ စစ္ေဆးေပးေပမဲ့ တခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ ပ႐ိုဂရမ္ငယ္ကို ေဒါင္းလုပ္ဆြဲခိုင္းၿပီး သြင္းခိုင္းၿပီးမွ စစ္ေဆးေပးပါလိမ့္မယ္။ ကိုယ့္ ကြန္ပ်ဴတာရဲ႕ အစိတ္အပိုင္းေတြကို သူတို႔ဘာသာသူတို႔ စစ္တမ္းေကာက္၊တြက္ခ်က္ၿပီး ဒီ ကြန္ပ်ဴတာ အစိတ္အပိုင္းေတြနဲ႔ ဘာဂိမ္းေတြ ေဆာ့လို႔ရလဲဆိုတာ ေဖာ္ျပေပးသြားပါတယ္။ အင္တာနက္ေတာ့ တိုက္႐ိုကိ ခ်ိတ္ဆက္ေပးထားရမွာပါ။

Can I run it/ Can you run it ဝက္ဘ္ဆိုက္ေတြကေတာ့ ဘာဂိမ္းေတြ ေဆာ့လို႔ရတယ္ဆိုတဲ့ အခ်က္ကို ပ်မ္းမွ်ပဲ ေဖာ္ျပေပးႏိုင္ၾကပါတယ္။ ဒီေတာ့ ေယဘုယ်အားျဖင့္ ဒီဂိမ္းေတြ ဒီဂိမ္းေတြ ကိုယ့္ကြန္ပ်ဴတာမွာ Run ႏိုင္တယ္ေပါ့။ ၿပီးေတာ့ ကိုယ္ေဆာ့လိုတဲ့ ဂိမ္းနဲ႔ ကိုယ့္ကြန္ပ်ဴတာ ကိုက္မကိုက္ စစ္ေဆးလို႔ Run ႏိုင္တယ္လို႔ ျပရင္ Run ႏိုင္တယ္ေပါ့။

တကယ္သြင္းၿပီး ေဆာ့ၾကည့္မွ ဂိမ္းအစမွာတင္ ရပ္ေနတာတို႔၊ ဂိမ္း Run လိုက္တိုင္း Crash ျဖစ္တာတို႔၊ ေဆာ့ေနရင္း ထစ္ေနတာတို႔ ရပ္သြားတာတို႔ ၾကေတာ့ မိမိ ကြန္ပ်ဴတာအစိတ္အပိုင္းရဲ႕ သက္တမ္း စြမ္းေဆာင္ရည္၊ သုံးေနဆဲ ဝင္းဒိုးမွာ အျပစ္အနာအဆာ အနည္းအမ်ား၊ သြင္းထားႏွင့္ၿပီး ျဖစ္တဲ့ တျခား ပ႐ိုဂရမ္ေတြနဲ႔ ၿငိၿပီး ျပသနာတက္မႈအေပၚ မူတည္သြားပါၿပီ။ ဒါေတြအတြက္က်ေတာ့ နားလည္တတ္ကြၽမ္းသူထံ အႀကံဥာဏ္ ေတာင္းခံရမဲ့ အခ်ိန္ ေရာက္သြားပါၿပီ။

ဘာပဲျဖစ္ျဖစ္ ကြန္ပ်ဴတာတလုံး ပိုင္ၿပီဆိုမွ အနည္းဆုံးေတာ့ မိမိကြန္ပ်ဴတာရဲ႕

Processor (ဥပမာ- Intel Core i7 10th generation, AMD Ryzen 9)
Graphic card (ဥပမာ- Nvidia GTX 960, Radeon HD 5450)
RAM ( သုံးစြဲယူနစ္က MB သို႔ GB ႏွင့္ျပ)
Harddisk (ေနရာလြတ္၊ ယူနစ္က GB သို႔ TB နဲ႔ျပ)

ေတြ သိရွိထားသင့္ပါတယ္။

------------------------
Can I run it ဝက္ဘ္ဆိုက္မ်ား
------------------------

ေနာက္ထပ္ အမ်ားႀကီး ရွိပါေသးတယ္။ Google မွာ ကိုယ္တိုင္ရွာယူ စမ္းၾကည့္ႏိုင္ပါတယ္။


Post a Comment

0 Comments