ကျမနှင့် မင်္ဂလာဆောင်

မင်္ဂလာဆောင်ဖိတ်စာများ ကျွနု်ပ်ဆီ ရောက်လာပါက မည်သည့်ရက်ဆိုတာ အရင်ပြေးကြည့်မိသည် ။ ရက်တူနေသည်ကို တွေ့ရလျှင် ကျွနု်ပ်ပျော်သည် ။ တစ်ရက်တည်းတွင် မင်္ဂလာဆောင် ၃ ခု ၄ ခုလောက် ရှိသည်ဆိုပါက အလွန်ပင်ဝမ်းသာ၏။ 

ဝမ်းမသာရမည်လား။ မိတ်ကပ်တစ်ကြိမ်သာ ပြင်ရန်လိုပြီး အင်္ကျီကလည်း တစ်ကြိမ်သာ ဝတ်သွားရုံပင်။ မင်္ဂလာပွဲ ရောက်လျှင်လည်း ခဏတာနေပြီး ငါ့မှာ နောက်ပွဲရှိသေးတယ် ဆိုသည့်အကြောင်းပြချက်ပေးပြီး လစ်ထွက်လာလို့လည်း လွယ်ကူသည်။

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

မိန်းကလေးတို့မည်သည် မင်္ဂလာပွဲတစ်ပွဲသွားရမည်ဆိုပါက အဆင့်ပေါင်းများစွာ အချိန်ယူ ပြင်ဆင်ရသည်။ ပထမအဆင့်က မျက်နှာ။ မျက်နှာပြောင်ဖြင့်သွားပါက မိန်းမကြီးများ၏ မစာမနာ အတင်းတုပ်ခြင်း ခံရမည်။ သနပ်ခါးချည်းသက်သက် လူးသွားပါကလည်း အတင်းတုပ်ခံရမည်ပင်။ ထို့ကြောင့် မိတ်ကပ်ကတော့ အပျံစားမပြင်တတ်သည်တောင် ဟိုဖို့ ဒီတို့ ဟိုလူး ဒီဆိုးနှင့် ကြည့်ကောင်းအောင်တော့ ပြင်ရပေမည်။ ကြည့်ကောင်းအောင် မိတ်ကပ်ပြင်ရသည်ကလည်း အနည်းဆုံး အချိန် ၁၅ မိနစ်၊ မိနစ် ၃၀ လောက်တော့ ယူရသည်။ 

တစ်ခါတစ်ခါ စဉ်းစားမိသည်။ ရယ်ဒီမိတ် မိတ်ကပ်ဆက်များ ရှိလျှင် ကောင်းမှာပဲ ဟူ၍။ ဥပမာ ရယ်ဒီမိတ် မိတ်ကပ်မျက်နှာဖုံး။ ထိုမျက်နှာဖုံးတွင် အောက်ခံ၊ပေါင်ဒါ၊ မိတ်ကပ်၊ အိုင်းရှဲဒိုး စသဖြင့် ရှိနေမည်။ မိတ်ကပ်လိမ်းလိုပါက ထိုမျက်နှာဖုံးကို ကိုယ့်မျက်နှာနှင့် ဖတ်ကနဲ ကပ်လိုက်မည်။ မျက်နှာဖုံးခွာလိုက်ပါက ကိုယ့်မျက်နှာတွင် မိတ်ကပ်တွေ ကော်ပီကူးသလို လိမ်းပြီးသားထွက်လာမည်။ အဆင်ပြေလိုက်လေခြင်း။ 

မျက်နှာဖုံး မဟုတ်လျှင်လည်း မိတ်ကပ်လိမ်းပေးမည့် စက်ပစ္စည်းပုံးလိုမျိုး။ ထို ပုံးထဲတွင် မိတ်ကပ်ပစ္စည်းအမျိုးအစား ကိုယ်စီကိုင်ထားသည့် စက်ရုပ်လက်တွေ ရှိနေမည်။ မိတ်ကပ်လိမ်းလိုလျှင် စက်ကို လိမ်းမည့် မိတ်ကပ်ပုံစံ၊ ကြာမည့်အချိန်တို့ကို ကိုယ်က သတ်မှတ်ပေးမည်။ သတ်မှတ်ပေးပြီးလျှင် ပုံးထဲ မျက်နှာထိုးထည့်လိုက်မည်။ ထိုအခါ ပုံးထဲရှိ မိတ်ကပ်ပစ္စည်းအမျိုးအစားစုံ ကိုင်ထားသည့် စက်ရုပ်လက်တွေက ပရိုဂရမ်ပေးထားသည့်အတိုင်း ကိုယ့်မျက်နှာကို လိမ်းပေးလိုက်မည်။ ကိုယ်တိုင်လိမ်းသလို ဆွဲထားတာ ညီရဲ့လား စသဖြင့် ကြည့်စရာမလို။ စက်က ပရိုဂရမ်နှင့် လုပ်ထားသဖြင့် ကိုယ့်မျက်နှာတွင် တိတိကျကျ လှလှပပ ထွက်လာပေမည်။ အလွန်ပင် အဆင်ပြေလိုက်မည်ဖြစ်ခြင်း။
သို့သော် ယခုလက်ရှိမှာတော့ ဤသို့သော ရယ်ဒီမိတ်မိတ်ကပ် မရှိလေတော့ ကိုယ့်အားကိုယ်ကိုးမိတ်ကပ်နှင့်သာ စခန်းသွားရပေမည်။

မိတ်ကပ်ပြီးတော့ ဝတ်မည့် အင်္ကျီ ရွေးရပေမည်။ သာမာန်အချိန်တွင် ကုန်တိုက်တစ်တိုက်စာလောက် အင်္ကျီရှိနေသော်လည်း မင်္ဂလာပွဲ သွားမည်ဆိုပါက ဝတ်စရာ တစ်ထည်မျှ မရှိတော့။ ဟိုအင်္ကျီဆိုလည်း ဝတ်ပြီးပြီ ဒီတစ်ခါဝတ်သွားပါက မြင်ဖူးသူများက ပြောကြတော့မည် ဒီတစ်ထည်ပဲ နင့်မှာ ရှိတာလား? ဤသို့မေးခံရလျှင် မဟုတ်ကြောင်းကို သူတို့ကို အိမ်ပင့်ခေါ်ကာ အဝတ်ဗီရိုဖွင့် သက်သေပြရတော့မလိုလို။ ဒီတစ်ထည်ဆိုလည်း ဝတ်ပြီးပြီဆိုပါက မြင်ဖူးသူများရန်ကြောက်နေရပြန်၏။ ဟိုတစ်ထည်ဆိုလည်း ဒီဇိုင်းဟောင်းလွန်းနေလို့ ဝတ်မကောင်း။ ဒီတစ်ထည်ဆိုလည်း အရောင်က သိပ်မကြိုက် စသဖြင့် စသဖြင့် စိတ်ဒုက္ခအမျိုးမျိုးအဖုံဖုံ ရောက်ရသည်။ 

ဝတ်မည့်အဝတ်အစား ရွေးလို့ရပြန်တော့တစ်ခါ ဖိနပ်ရွေးရပြန်သည်။ အလွန်မေ့တတ်သည့် ကျွနု်ပ် အတော်ပင် သတိထားရသည်။ မင်္ဂလာပွဲကို အထက်ပိုင်း မင်းသမီးရှုံးလောက်အောင် အပျံစားပြင်ဆင်ပြီး ဆင်ကြယ်ဖိနပ် တုံကင်းဖိနပ်နှင့် သွားမိသဖြင့် အရှက်တကွဲ ဖြစ်ခဲ့ရပြီး ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့ရသည်မှာ အကြိမ်ကြိမ်ပင်။ 

တစ်နေ့တွင် မင်္ဂလာပွဲ တစ်ပွဲနှင့် ၃ ရက် လေးရက်လောက် ရှိနေလျှင် အတော်စိတ်တိုဖို့ကောင်းသည်။ မင်္ဂလာပွဲတွင် ထိုင်ရသည်က ၁၅ မိနစ်လောက်သာရှိ၏။ လူကြည့်ကောင်းအောင် ပြင်ရသည့် မိတ်ကပ်က ၁ နာရီ။ မိတ်ကပ်ပစ္စည်း ကလည်း ကုန်သေး၏။ ဒါ့အပြင် အင်္ကျီကလည်း ခဏတာဝတ်ရပြီး ပြန်လျှော်ရသဖြင့် အင်္ကျီဟောင်းမြန်၏။ ထို့ကြောင့် မင်္ဂလာပွဲဆိုလျှင် မတရားရင်းနှီးလွန်းသောသူများမှ လွဲ၍ ကျန်ပွဲများ မသွား။ ကိုယ့်အလှပြရသည်က ခဏ။ မိတ်ကပ်ပစ္စည်းကုန်၊ အင်္ကျီနာ၊ လက်ဖွဲ့ဖိုး ပိုက်ဆံကုန်ရသည်က ကိုယ်စားရသောက်ရသည်နှင့် မကာမိပေ။ 

ထို့ကြောင့် မင်္ဂလာဆောင်ဖိတ်စာများ ရောက်လာလျှင် ကျွနု်ပ် အတော်ပင်စိတ်ဆင်းရဲရပါသည် ။ ဒါပေမယ့် ၁ ရက်တည်း မင်္ဂလာပွဲ ၄ ပွဲ ၅ ပွဲလောက် ဆက်နေလျှင် ပျော်ရပါသည်။

 


Zawgyi


က်မႏွင့္ မဂၤလာေဆာင္

မဂၤလာေဆာင္ဖိတ္စာမ်ား ကြၽႏု္ပ္ဆီ ေရာက္လာပါက မည္သည့္ရက္ဆိုတာ အရင္ေျပးၾကည့္မိသည္ ။ ရက္တူေနသည္ကို ေတြ႕ရလွ်င္ ကြၽႏု္ပ္ေပ်ာ္သည္ ။ တစ္ရက္တည္းတြင္ မဂၤလာေဆာင္ ၃ ခု ၄ ခုေလာက္ ရွိသည္ဆိုပါက အလြန္ပင္ဝမ္းသာ၏။ 

ဝမ္းမသာရမည္လား။ မိတ္ကပ္တစ္ႀကိမ္သာ ျပင္ရန္လိုၿပီး အက်ႌကလည္း တစ္ႀကိမ္သာ ဝတ္သြား႐ုံပင္။ မဂၤလာပြဲ ေရာက္လွ်င္လည္း ခဏတာေနၿပီး ငါ့မွာ ေနာက္ပြဲရွိေသးတယ္ ဆိုသည့္အေၾကာင္းျပခ်က္ေပးၿပီး လစ္ထြက္လာလို႔လည္း လြယ္ကူသည္။

မိန္းကေလးတို႔မည္သည္ မဂၤလာပြဲတစ္ပြဲသြားရမည္ဆိုပါက အဆင့္ေပါင္းမ်ားစြာ အခ်ိန္ယူ ျပင္ဆင္ရသည္။ ပထမအဆင့္က မ်က္ႏွာ။ မ်က္ႏွာေျပာင္ျဖင့္သြားပါက မိန္းမႀကီးမ်ား၏ မစာမနာ အတင္းတုပ္ျခင္း ခံရမည္။ သနပ္ခါးခ်ည္းသက္သက္ လူးသြားပါကလည္း အတင္းတုပ္ခံရမည္ပင္။ ထို႔ေၾကာင့္ မိတ္ကပ္ကေတာ့ အပ်ံစားမျပင္တတ္သည္ေတာင္ ဟိုဖို႔ ဒီတို႔ ဟိုလူး ဒီဆိုးႏွင့္ ၾကည့္ေကာင္းေအာင္ေတာ့ ျပင္ရေပမည္။ ၾကည့္ေကာင္းေအာင္ မိတ္ကပ္ျပင္ရသည္ကလည္း အနည္းဆုံး အခ်ိန္ ၁၅ မိနစ္၊ မိနစ္ ၃၀ ေလာက္ေတာ့ ယူရသည္။ 

တစ္ခါတစ္ခါ စဥ္းစားမိသည္။ ရယ္ဒီမိတ္ မိတ္ကပ္ဆက္မ်ား ရွိလွ်င္ ေကာင္းမွာပဲ ဟူ၍။ ဥပမာ ရယ္ဒီမိတ္ မိတ္ကပ္မ်က္ႏွာဖုံး။ ထိုမ်က္ႏွာဖုံးတြင္ ေအာက္ခံ၊ေပါင္ဒါ၊ မိတ္ကပ္၊ အိုင္းရွဲဒိုး စသျဖင့္ ရွိေနမည္။ မိတ္ကပ္လိမ္းလိုပါက ထိုမ်က္ႏွာဖုံးကို ကိုယ့္မ်က္ႏွာႏွင့္ ဖတ္ကနဲ ကပ္လိုက္မည္။ မ်က္ႏွာဖုံးခြာလိုက္ပါက ကိုယ့္မ်က္ႏွာတြင္ မိတ္ကပ္ေတြ ေကာ္ပီကူးသလို လိမ္းၿပီးသားထြက္လာမည္။ အဆင္ေျပလိုက္ေလျခင္း။
မ်က္ႏွာဖုံး မဟုတ္လွ်င္လည္း မိတ္ကပ္လိမ္းေပးမည့္ စက္ပစၥည္းပုံးလိုမ်ိဳး။ ထို ပုံးထဲတြင္ မိတ္ကပ္ပစၥည္းအမ်ိဳးအစား ကိုယ္စီကိုင္ထားသည့္ စက္႐ုပ္လက္ေတြ ရွိေနမည္။ မိတ္ကပ္လိမ္းလိုလွ်င္ စက္ကို လိမ္းမည့္ မိတ္ကပ္ပုံစံ၊ ၾကာမည့္အခ်ိန္တို႔ကို ကိုယ္က သတ္မွတ္ေပးမည္။ သတ္မွတ္ေပးၿပီးလွ်င္ ပုံးထဲ မ်က္ႏွာထိုးထည့္လိုက္မည္။ ထိုအခါ ပုံးထဲရွိ မိတ္ကပ္ပစၥည္းအမ်ိဳးအစားစုံ ကိုင္ထားသည့္ စက္႐ုပ္လက္ေတြက ပ႐ိုဂရမ္ေပးထားသည့္အတိုင္း ကိုယ့္မ်က္ႏွာကို လိမ္းေပးလိုက္မည္။ ကိုယ္တိုင္လိမ္းသလို ဆြဲထားတာ ညီရဲ႕လား စသျဖင့္ ၾကည့္စရာမလို။ စက္က ပ႐ိုဂရမ္ႏွင့္ လုပ္ထားသျဖင့္ ကိုယ့္မ်က္ႏွာတြင္ တိတိက်က် လွလွပပ ထြက္လာေပမည္။ အလြန္ပင္ အဆင္ေျပလိုက္မည္ျဖစ္ျခင္း။
သို႔ေသာ္ ယခုလက္ရွိမွာေတာ့ ဤသို႔ေသာ ရယ္ဒီမိတ္မိတ္ကပ္ မရွိေလေတာ့ ကိုယ့္အားကိုယ္ကိုးမိတ္ကပ္ႏွင့္သာ စခန္းသြားရေပမည္။

မိတ္ကပ္ၿပီးေတာ့ ဝတ္မည့္ အက်ႌ ေ႐ြးရေပမည္။ သာမာန္အခ်ိန္တြင္ ကုန္တိုက္တစ္တိုက္စာေလာက္ အက်ႌရွိေနေသာ္လည္း မဂၤလာပြဲ သြားမည္ဆိုပါက ဝတ္စရာ တစ္ထည္မွ် မရွိေတာ့။ ဟိုအက်ႌဆိုလည္း ဝတ္ၿပီးၿပီ ဒီတစ္ခါဝတ္သြားပါက ျမင္ဖူးသူမ်ားက ေျပာၾကေတာ့မည္ ဒီတစ္ထည္ပဲ နင့္မွာ ရွိတာလား? ဤသို႔ေမးခံရလွ်င္ မဟုတ္ေၾကာင္းကို သူတို႔ကို အိမ္ပင့္ေခၚကာ အဝတ္ဗီ႐ိုဖြင့္ သက္ေသျပရေတာ့မလိုလို။ ဒီတစ္ထည္ဆိုလည္း ဝတ္ၿပီးၿပီဆိုပါက ျမင္ဖူးသူမ်ားရန္ေၾကာက္ေနရျပန္၏။ ဟိုတစ္ထည္ဆိုလည္း ဒီဇိုင္းေဟာင္းလြန္းေနလို႔ ဝတ္မေကာင္း။ ဒီတစ္ထည္ဆိုလည္း အေရာင္က သိပ္မႀကိဳက္ စသျဖင့္ စသျဖင့္ စိတ္ဒုကၡအမ်ိဳးမ်ိဳးအဖုံဖုံ ေရာက္ရသည္။ 

ဝတ္မည့္အဝတ္အစား ေ႐ြးလို႔ရျပန္ေတာ့တစ္ခါ ဖိနပ္ေ႐ြးရျပန္သည္။ အလြန္ေမ့တတ္သည့္ ကြၽႏု္ပ္ အေတာ္ပင္ သတိထားရသည္။ မဂၤလာပြဲကို အထက္ပိုင္း မင္းသမီးရႈံးေလာက္ေအာင္ အပ်ံစားျပင္ဆင္ၿပီး ဆင္ၾကယ္ဖိနပ္ တုံကင္းဖိနပ္ႏွင့္ သြားမိသျဖင့္ အရွက္တကြဲ ျဖစ္ခဲ့ရၿပီး ခိုးေၾကာင္ခိုးဝွက္ ျပန္လာခဲ့ရသည္မွာ အႀကိမ္ႀကိမ္ပင္။ 

တစ္ေန႔တြင္ မဂၤလာပြဲ တစ္ပြဲႏွင့္ ၃ ရက္ ေလးရက္ေလာက္ ရွိေနလွ်င္ အေတာ္စိတ္တိုဖို႔ေကာင္းသည္။ မဂၤလာပြဲတြင္ ထိုင္ရသည္က ၁၅ မိနစ္ေလာက္သာရွိ၏။ လူၾကည့္ေကာင္းေအာင္ ျပင္ရသည့္ မိတ္ကပ္က ၁ နာရီ။ မိတ္ကပ္ပစၥည္း ကလည္း ကုန္ေသး၏။ ဒါ့အျပင္ အက်ႌကလည္း ခဏတာဝတ္ရၿပီး ျပန္ေလွ်ာ္ရသျဖင့္ အက်ႌေဟာင္းျမန္၏။ ထို႔ေၾကာင့္ မဂၤလာပြဲဆိုလွ်င္ မတရားရင္းႏွီးလြန္းေသာသူမ်ားမွ လြဲ၍ က်န္ပြဲမ်ား မသြား။ ကိုယ့္အလွျပရသည္က ခဏ။ မိတ္ကပ္ပစၥည္းကုန္၊ အက်ႌနာ၊ လက္ဖြဲ႕ဖိုး ပိုက္ဆံကုန္ရသည္က ကိုယ္စားရေသာက္ရသည္ႏွင့္ မကာမိေပ။  

ထို႔ေၾကာင့္ မဂၤလာေဆာင္ဖိတ္စာမ်ား ေရာက္လာလွ်င္ ကြၽႏု္ပ္ အေတာ္ပင္စိတ္ဆင္းရဲရပါသည္ ။ ဒါေပမယ့္ ၁ ရက္တည္း မဂၤလာပြဲ ၄ ပြဲ ၅ ပြဲေလာက္ ဆက္ေနလွ်င္ ေပ်ာ္ရပါသည္။


Post a Comment

0 Comments