Vertical GPU Mount: What is the deal?

PC builder/modder တွေအကြား လွန်ခဲ့တဲ့သုံးလေးနှစ်အတွင်းကစလို့ trend တစ်ခုအနေနဲ့ ဝင်ရောက်လာခဲ့တာကတော့ Vertical GPU Mount လို့ခေါ်တဲ့ ဂရပ်ဖစ်ကတ်ကို 90° ဒေါင်လိုက်စိုက်ကာ အသုံးပြုခြင်းပါပဲ။

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

ပုံမှန်သမရိုးကျက မားသားဘုတ်ပေါ်မှာရှိတဲ့ PCIe slot မှာ ဂရပ်ဖစ်ကတ်ကို horizontal ရေပြင်ညီအတိုင်းတိုက်ရိုက်ထိုးစိုက်အသုံးပြုကြတာပါ။
ဒီတော့အသုံးပြုသူအနေနဲ့က (tempered glass casing နဲ့သာဆိုရင်) ဂရပ်ဖစ်ကတ်ရဲ့ ဘေးဖက်နဲ့ အပေါ်ဖက်ခြမ်း (PCB / backplate) ကိုသာမြင်တွေ့နေရမှာပဲဖြစ်တယ်။ 

ခက်တာက ဂရပ်ဖစ်ကတ်ထုတ်လုပ်သူတွေက သူတို့ကတ်တွေကိုကြည့်ကောင်းအောင်ပြုလုပ်တဲ့နေရာမှာ ပန်ကာတွေရှိရာ shroud အပိုင်း (အောက်ဖက်ခြမ်း) ကို ပိုပြီးအာရုံစိုက်ကြလေ့ရှိတော့ ကတ်ဘယ်လောက်ပဲလှလှ ဘယ်လိုပဲ RGB မီးတွေထည့်ထားထား ပုံမှန်အတိုင်း horizontal mount မယ်ဆိုရင် အဆိုပါ ကော့စမက်တစ် အလှအပ တွေကို မြင်တွေ့ခံစားရမှာမဟုတ်ပါဘူး။ 

အဲ့ဒီအတွက် တစ်ခုတည်းသောဖြေရှင်းဖို့နည်းလမ်းကတော့ Vertical GPU Mount ပြုလုပ်ခြင်းပါပဲ။
ဒီလို vertical တပ်ဖို့ရာအတွက်က PCIe Riser cable လိုပါတယ်၊
ဈေးက $30 ဝန်းကျင်မှာရှိတတ်ပါတယ်။
သူက extension သဘောမျိုးပါ။ 

ဂရပ်ဖစ်ကတ်ကို Riser ရဲ့ slot အထိုင် (female) မှာ စိုက်မယ်၊
Riser ရဲ့ ကျန်တစ်ဖက် (male) ကတော့ မားသားဘုတ်က PCIe slot မှာ သွားစိုက်မယ်။
PCIe Riser cable တွေကို EVGA, Thermaltake, Phanteks, InWin, Lian Li တို့လို နာမည်ရှိပြီးသား brand တွေအပြင် တခြားဘာမှန်းမသိတဲ့ brand တွေကနေလည်း $10 ဝန်းကျင်လောက်နဲ့ ဈေးပေါပေါပဲပဲရနိုင်ပါတယ်။
(ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်ဖို့တော့လိုတာပေါ့)
ခက်တာက ကိုယ့်ရဲ့ casing က 2016/17 ဝန်းကျင်က casing ဖြစ်ခဲ့မယ်ဆိုရင် PCIe Riser cable ရှိနေရင်တောင် အဆင်သင့်ကောက်တပ်သုံးလို့မရသေးပါဘူး။

 

အဲ့ဒီအချိန်တုန်းကထွက်ခဲ့တဲ့ casing တွေမှာက riser အထိုင်ချဖို့ရာအတွက်ပြုလုပ်မပေးထားတဲ့အတွက် တွဲသုံးမယ်ဆိုရင် Riser cable အပြင် Vertical GPU bracket ကိုပါ ထပ်မံဝယ်ယူရပါလိမ့်မယ်။

Riser ရဲ့တာဝန်က ဂရပ်ဖစ်ကတ်နဲ့ မားသားဘုတ်အကြားသွယ်တန်းပေးတာဆိုရင် bracket က ဂရပ်ဖစ်ကတ်နဲ့ casing ကို ဂဟေဆက်ပေးတဲ့အရာလို့မှတ်ယူနိုင်ပါတယ်။
(စကားအရပြောတာပါ ဟိုမီးပွားတဖျတ်ဖျတ်နဲ့ ဂဟေဆော်တာမျိုးမဟုတ်ပါဘူး)
bracket ဆိုတာကလည်း ထုတ်လုပ်သူအမျိုးမျိုး design အမျိုးမျိုးရှိလေတော့ ဘယ်သူ့ဟာက ကိုယ့် casing နဲ့ ပိုကိုက်ညီမှုရှိမယ်ဆိုတာကို ပုံစံမြင်ရ တပ်ကြည့်မှသာ သိရှိနိုင်မှာပါ။
တွဲသုံးလို့မရဘူးမဟုတ်ပါဘူး ရပါတယ်၊
သို့သော် များသောအားဖြင့် မိမိ casing နောက်ကျောဖက်ရဲ့ PCIe slot တွေက အရှင်ဖြစ်နေဖို့ (အဖြုတ်အတပ်ရနေဖို့) လိုပါတယ်။
မဟုတ်ရင် အခြေအနေပေါ်မူတည်ပြီး အနည်းငယ် mod လုပ်ရပါလိမ့်မယ်။
2019 ကနေယခုနောက်ပိုင်းထွက်တဲ့ casing တော်တော်များများကတော့ အထိုင်ပါပြီးသားဖြစ်တဲ့အတွက် bracket မလိုတော့ပါဘူး။
Casing က Vertical GPU Mount support တယ်လို့ပြောထားရင် bracket ပါပြီးသား / mod ဖို့ရာမလို လို့ဆိုလိုခြင်းဖြစ်ပါတယ်၊
အဲ . . Riser cable ကတော့ သပ်သပ်ဝယ်ရမှာပါ။

 

Vertical GPU Mounting နှင့် ကောင်းကျိူး ဆိုးကျိူးများ

ကောင်းကျိုး 

1) All-new aesthetic
2) No GPU sagging 

Good thing ကတော့ရှင်းပါတယ်၊

ဖန်တရာတေနေတဲ့ ငြီးငွေ့စရာကောင်းတဲ့ ဘေးဖက်မြင်ကွင်းကနေ လုံးဝ fresh ဖြစ်တဲ့ ဆွဲဆောင်မှုရှိတဲ့ fully shroud view ကိုခံစားရပါမယ်။
ဂရပ်ဖစ်ကတ်ကို water block တွေနဲ့ custom loop သုံးထားမယ်ဆိုရင် ပိုပြီးတော့ eye-candy ဖြစ်ပါသေးတယ်။
နောက်ကောင်းတဲ့တစ်ချက်က လေးလံထူထဲတဲ့ ဂရပ်ဖစ်ကတ်ကို ဘုတ်ရဲ့ PCIe slot မှာ စိုက်စရာမလိုတော့တဲ့အတွက် ဖိအားကြောင့် ညွှတ်ကျခြင်းမျိုးကြောင့်ဖြစ်ပေါ်တဲ့ GPU sagging ပြသနာကိုလည်း ကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။ 

Bad thing . . (အဲ သတိပြုစရာလို့ပြောရင်မှန်ပါလိမ့်မယ်) တွေကတော့ 

1) Increase in Temperature
2) Thermal Throttling
3) Blocking area access on motherboard for some components 

Vertical GPU Mount လိုက်ရင် တော်တော်များများစိုးရိမ်ကြတာက အပူချိန်ပါ။
Vertical GPU Mount တည်ရှိပုံစနစ်ကြောင့် ဂရပ်ဖစ်ကတ်ရဲ့ ပန်ကာတွေက tempered glass နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့အတွက် အပြင်ကနေ လေ ကိုစုပ်ယူဖို့ရာအခွင့်မရှိတော့ပါဘူး။
အဲဒီမှာ ကတ်က ပုံမှန် horizontal mount အသုံးပြုစဉ်ကထက် အပူချိန်မှာ တိုးလာပါတယ်။
ဂရပ်ဖစ်ကတ်နဲ့ tempered glass နီးလေလေ အကျိုးသက်ရောက်မှုများလေလေပါပဲ။
ကိုယ်တိုင်စမ်းသပ်ချက်အရ GPU full load Gaming မှာ 2°C အထိသာအများဆုံးကွာခြားမှုရှိတာကိုတွေ့ရပါတယ်။ 

Normal (horizontal) Mount = 60°C
Vertical Mount = 62°C

တစ်ခုရှိတာက ကျနော်အသုံးပြုထားတဲ့ Phanteks bracket ရဲ့ တည်ဆောက်ပုံ နဲ့ 2 slot သာနေရာယူတဲ့ Gaming X ကိုယ်ထည်ကြောင့်သာ tempered glass panel နဲ့ အရမ်းနီးကပ်နေခြင်းမျိုးမဖြစ်ပဲ (အတိအကျပြောရရင် 2.5 inches) အကွာအဝေးမှာရှိနေတဲ့အတွက် အပူချိန်သိသိသာသာတက်မလာတာလို့ဆိုနိုင်ပါတယ်။
2.5/3 slot ကတ်အထူကြီးတွေ (Palit GameRock, MSI Gaming Z / Trio etc) နဲ့ဆိုရင်တော့ ရလဒ်က တစ်မျိူးတမည်ဖြစ်လာနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Vertical Mount မယ်ဆိုရင် GPU temperature က 2~6°C အထိတက်လာဖို့ မျှော်လင့်ထားရမှာပါ။ 


6°C ဆိုတာက full load 75°C မကျော်တဲ့ကတ်အတွက် မထောင်းတာပေမဲ့ 80°C ဝန်းကျင်မှာရှိနေတဲ့ ကတ်တွေကတော့ ဒုတိယ ဆိုးကျိုးဖြစ်တဲ့ thermal throttling ပြသနာရှိလာမှာဖြစ်ပါတယ်။
Thermal throttling ဆိုတာက သတ်မှတ်ထားတဲ့အပူချိန်ကိုရောက်ရင် GPU, VRAM စတဲ့ အစိတ်အပိုင်းတွေ overheat မဖြစ်အောင် clock speed ကိုလျော့ချပစ်တာမျိုးပါ။
GPU ရဲ့ thermal throttling point က 80°C ကနေစလေ့ရှိပါတယ်။
ဒါပေမဲ့ မကြိုက်ရင် utility တစ်ခုခု (MSI Afterburner, ASUS GPU tweak etc.,) သုံးပြီး မိမိစိတ်ကြိုက် ဝင်ပြင်လို့ရပါတယ်။ 


ဆိုးကျိူးရဲ့နောက်ဆုံးအချက်က မားသားဘုတ်ရဲ့ (PCIe slot မှစ၍ အောက်ပိုင်း) ဟာ Riser နဲ့ ဖုံးအုပ်သွားတဲ့အတွက် အခြား sound card တွေ network card blah blah တွေ တပ်မယ်ဆိုရင် ကျဉ်းကျဉ်းကြုပ်ကြုပ်နဲ့ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။
Casing က width (အနံ) ကျယ်သလို vertical သုံးမယ့် ဂရပ်ဖစ်ကတ်က glass panel နဲ့ ကပ်နေခဲ့မယ်ဆိုရင်တော့ (ဥပမာ EVGA DG-77 ) ဘာကတ် ညာကတ်တွေ ထပ်ထည့်ဖို့ရာက အဆင်ပြေပါလိမ့်မယ်။
သို့သော် ဒါကအပူချိန်ပေါ်မှာ သက်ရောက်မှုကြီးပြီး thermal throttling ဖြစ်ဖို့လည်းအခွင့်ပိုများလာစေပါလိမ့်မယ်။
မိမိအနေနဲ့က အဲ့ဒီအချက်တွေကို ကြိုတွေးထားရမှာပါ။ 


Vertical GPU Mount လိုက်မယ်ဆိုရင်လူတွေရဲ့စိတ်ထဲ ဝိဝါဒဖြစ်စရာတစ်ခုရှိပါသေးတယ်။
ဘာလည်းဆိုတော့ Gaming Performance (FPS) ရလဒ် ကျ တာမျိုးရှိလားဆိုတာပါပဲ။
Riser ကနေသွားတဲ့အတွက် အကြားမှာ distance-အကွာအဝေးဆိုတာရှိလာပါတယ်။
ဒါက စွမ်းဆောင်ရည်အပေါ်မှာ သက်ရောက်မှုရှိသလားပေါ့။
အဲ့ဒီအတွက် Rise of the Tomb Raider, Far Cry Primal တို့အပါအဝင်ဂိမ်းတစ်ချို့နဲ့ စမ်းသပ်ကြည့်ရမှာ FPS နဲ့ stability အပေါ် သက်ရောက်မှုမရှိတာကိုတွေ့ရပါတယ်။
MSI Gaming X ရဲ့အပူချိန်က full load မှာတောင် 70°C မကျော်လေတော့ thermal throttling ဖြစ်စရာအကြောင်းလည်းမရှိတော့တဲ့အတွက် Frames per second ရလဒ်ဟာ horizontal နဲ့ vertical အကြား ခြားနားမှုမရှိတော့ပါဘူး။ 


အနှစ်ချုပ်


Vertical GPU mount လုပ်သင့်လား?

ကတ်ကို for show ပြချင်တယ် အမြင်ဆန်းချင်တယ်ဆိုရင်လုပ်ပါ။
GPU sagging လည်းမဖြစ်တော့ပါ။
သင့်အနေနဲ့ပေးဆပ်လိုက်ရမှာက
$20 to $50
(Riser / Riser + Bracket)
အချိန်
(Casing တွင် Vertical Mount support မပါပါက bracket တပ်ရန်အတွက် အနည်းငယ် mod ရန်လို)
2~6°C ဂရပ်ဖစ်ကတ်ရဲ့အပူချိန်တက်လာပါမယ်။
(သေချာပေါက်)
thermal throttling ကြောင့် စွမ်းဆောင်ရည်ကျနိုင်ပါတယ်။
(လုံးဝဖြစ်မည်ဟုမဆိုလို၊
casing နှင့် card position / size / type အပေါ်မူတည်)
ီနောက်ဆုံးပြောလိုတာက ဘာမှန်းမသိသော နာမည်မကြားဖူးသော အဖိုးနည်းအိုးကွဲ riser cable များကိုရှောင်ပါ။


ဒီလောက်ဆိုရင် Vertical GPU မောင့်သင့် မမောင့်သင့်ကို ကိုယ်တိုင်စဉ်းစားဆုံးဖြတ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ 

 

Tested Components & PC Specifications

Casing: Phanteks Eclipse P400 TG
Riser & Bracket: Phanteks (PH-VGPUKT_02)
Cooling
CPU AIO: Corsair H100i RGB Pro XT 240mm (front-intake mounting)
Casing Fans: 2x Top Exhaust + 1x Rear Exhaust (All 120mm)

System Specs

Intel Core i5-10600
MSI Z490 Gaming Plus
Corsair H100i RGB Pro XT AIO (front-intake mounting)
MSI GTX 1660 Gaming X
2x8GB HyperX Fury RGB @2666MHz
XPG SX8200 Pro 256GB NVMe
2TB + 4TB Seagate HDDs
CoolerMaster MWE Gold 650W Full Modular 


PC enthu တွေအနေနဲ့ လက်ရှိမိမိရဲ့ build လေးတွေကိုကြုံရင် comment မှာ ပြပေးသွားကြဖို့ဖိတ်ခေါ်ပါတယ်၊
Horizontal/Vertical မည့်သည့် build မဆိုရပါတယ်။
*Phanteks Vertical GPU Kit ရဲ့ပုံကိုတော့ ပထမ comment မှာ ပြပေးထားပါတယ်

Seo Thu Aung

Zawgyi

Vertical GPU Mount: What is the deal?


စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

PC builder/modder ေတြအၾကား လြန္ခဲ့တဲ့သုံးေလးႏွစ္အတြင္းကစလို႔ trend တစ္ခုအေနနဲ႔ ဝင္ေရာက္လာခဲ့တာကေတာ့ Vertical GPU Mount လို႔ေခၚတဲ့ ဂရပ္ဖစ္ကတ္ကို 90° ေဒါင္လိုက္စိုက္ကာ အသုံးျပဳျခင္းပါပဲ။

ပုံမွန္သမ႐ိုးက်က မားသားဘုတ္ေပၚမွာရွိတဲ့ PCIe slot မွာ ဂရပ္ဖစ္ကတ္ကို horizontal ေရျပင္ညီအတိုင္းတိုက္႐ိုက္ထိုးစိုက္အသုံးျပဳၾကတာပါ။
ဒီေတာ့အသုံးျပဳသူအေနနဲ႔က (tempered glass casing နဲ႔သာဆိုရင္) ဂရပ္ဖစ္ကတ္ရဲ႕ ေဘးဖက္နဲ႔ အေပၚဖက္ျခမ္း (PCB / backplate) ကိုသာျမင္ေတြ႕ေနရမွာပဲျဖစ္တယ္။
ခက္တာက ဂရပ္ဖစ္ကတ္ထုတ္လုပ္သူေတြက သူတို႔ကတ္ေတြကိုၾကည့္ေကာင္းေအာင္ျပဳလုပ္တဲ့ေနရာမွာ ပန္ကာေတြရွိရာ shroud အပိုင္း (ေအာက္ဖက္ျခမ္း) ကို ပိုၿပီးအာ႐ုံစိုက္ၾကေလ့ရွိေတာ့ ကတ္ဘယ္ေလာက္ပဲလွလွ ဘယ္လိုပဲ RGB မီးေတြထည့္ထားထား ပုံမွန္အတိုင္း horizontal mount မယ္ဆိုရင္ အဆိုပါ ေကာ့စမက္တစ္ အလွအပ ေတြကို ျမင္ေတြ႕ခံစားရမွာမဟုတ္ပါဘူး။

အဲ့ဒီအတြက္ တစ္ခုတည္းေသာေျဖရွင္းဖို႔နည္းလမ္းကေတာ့ Vertical GPU Mount ျပဳလုပ္ျခင္းပါပဲ။
ဒီလို vertical တပ္ဖို႔ရာအတြက္က PCIe Riser cable လိုပါတယ္၊
ေဈးက $30 ဝန္းက်င္မွာရွိတတ္ပါတယ္။
သူက extension သေဘာမ်ိဳးပါ။
ဂရပ္ဖစ္ကတ္ကို Riser ရဲ႕ slot အထိုင္ (female) မွာ စိုက္မယ္၊
Riser ရဲ႕ က်န္တစ္ဖက္ (male) ကေတာ့ မားသားဘုတ္က PCIe slot မွာ သြားစိုက္မယ္။
PCIe Riser cable ေတြကို EVGA, Thermaltake, Phanteks, InWin, Lian Li တို႔လို နာမည္ရွိၿပီးသား brand ေတြအျပင္ တျခားဘာမွန္းမသိတဲ့ brand ေတြကေနလည္း $10 ဝန္းက်င္ေလာက္နဲ႔ ေဈးေပါေပါပဲပဲရႏိုင္ပါတယ္။
(ၾကာၾကာဝါးမည့္သြား အ႐ိုးၾကည့္ေရွာင္ဖို႔ေတာ့လိုတာေပါ့)
ခက္တာက ကိုယ့္ရဲ႕ casing က 2016/17 ဝန္းက်င္က casing ျဖစ္ခဲ့မယ္ဆိုရင္ PCIe Riser cable ရွိေနရင္ေတာင္ အဆင္သင့္ေကာက္တပ္သုံးလို႔မရေသးပါဘူး။
အဲ့ဒီအခ်ိန္တုန္းကထြက္ခဲ့တဲ့ casing ေတြမွာက riser အထိုင္ခ်ဖို႔ရာအတြက္ျပဳလုပ္မေပးထားတဲ့အတြက္ တြဲသုံးမယ္ဆိုရင္ Riser cable အျပင္ Vertical GPU bracket ကိုပါ ထပ္မံဝယ္ယူရပါလိမ့္မယ္။

Riser ရဲ႕တာဝန္က ဂရပ္ဖစ္ကတ္နဲ႔ မားသားဘုတ္အၾကားသြယ္တန္းေပးတာဆိုရင္ bracket က ဂရပ္ဖစ္ကတ္နဲ႔ casing ကို ဂေဟဆက္ေပးတဲ့အရာလို႔မွတ္ယူႏိုင္ပါတယ္။
(စကားအရေျပာတာပါ ဟိုမီးပြားတဖ်တ္ဖ်တ္နဲ႔ ဂေဟေဆာ္တာမ်ိဳးမဟုတ္ပါဘူး)
bracket ဆိုတာကလည္း ထုတ္လုပ္သူအမ်ိဳးမ်ိဳး design အမ်ိဳးမ်ိဳးရွိေလေတာ့ ဘယ္သူ႔ဟာက ကိုယ့္ casing နဲ႔ ပိုကိုက္ညီမႈရွိမယ္ဆိုတာကို ပုံစံျမင္ရ တပ္ၾကည့္မွသာ သိရွိႏိုင္မွာပါ။
တြဲသုံးလို႔မရဘူးမဟုတ္ပါဘူး ရပါတယ္၊
သို႔ေသာ္ မ်ားေသာအားျဖင့္ မိမိ casing ေနာက္ေက်ာဖက္ရဲ႕ PCIe slot ေတြက အရွင္ျဖစ္ေနဖို႔ (အျဖဳတ္အတပ္ရေနဖို႔) လိုပါတယ္။
မဟုတ္ရင္ အေျခအေနေပၚမူတည္ၿပီး အနည္းငယ္ mod လုပ္ရပါလိမ့္မယ္။
2019 ကေနယခုေနာက္ပိုင္းထြက္တဲ့ casing ေတာ္ေတာ္မ်ားမ်ားကေတာ့ အထိုင္ပါၿပီးသားျဖစ္တဲ့အတြက္ bracket မလိုေတာ့ပါဘူး။
Casing က Vertical GPU Mount support တယ္လို႔ေျပာထားရင္ bracket ပါၿပီးသား / mod ဖို႔ရာမလို လို႔ဆိုလိုျခင္းျဖစ္ပါတယ္၊
အဲ . . Riser cable ကေတာ့ သပ္သပ္ဝယ္ရမွာပါ။


Vertical GPU Mounting ႏွင့္ ေကာင္းက်ိဴး ဆိုးက်ိဴးမ်ား


ေကာင္းက်ိဳး


1) All-new aesthetic
2) No GPU sagging


Good thing ကေတာ့ရွင္းပါတယ္၊
ဖန္တရာေတေနတဲ့ ၿငီးေငြ႕စရာေကာင္းတဲ့ ေဘးဖက္ျမင္ကြင္းကေန လုံးဝ fresh ျဖစ္တဲ့ ဆြဲေဆာင္မႈရွိတဲ့ fully shroud view ကိုခံစားရပါမယ္။
ဂရပ္ဖစ္ကတ္ကို water block ေတြနဲ႔ custom loop သုံးထားမယ္ဆိုရင္ ပိုၿပီးေတာ့ eye-candy ျဖစ္ပါေသးတယ္။
ေနာက္ေကာင္းတဲ့တစ္ခ်က္က ေလးလံထူထဲတဲ့ ဂရပ္ဖစ္ကတ္ကို ဘုတ္ရဲ႕ PCIe slot မွာ စိုက္စရာမလိုေတာ့တဲ့အတြက္ ဖိအားေၾကာင့္ ၫႊတ္က်ျခင္းမ်ိဳးေၾကာင့္ျဖစ္ေပၚတဲ့ GPU sagging ျပသနာကိုလည္း ႀကဳံေတြ႕ရေတာ့မွာမဟုတ္ပါဘူး။


Bad thing . . (အဲ သတိျပဳစရာလို႔ေျပာရင္မွန္ပါလိမ့္မယ္) ေတြကေတာ့

1) Increase in Temperature

2) Thermal Throttling
3) Blocking area access on motherboard for some components


Vertical GPU Mount လိုက္ရင္ ေတာ္ေတာ္မ်ားမ်ားစိုးရိမ္ၾကတာက အပူခ်ိန္ပါ။
Vertical GPU Mount တည္ရွိပုံစနစ္ေၾကာင့္ ဂရပ္ဖစ္ကတ္ရဲ႕ ပန္ကာေတြက tempered glass နဲ႔မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားတဲ့အတြက္ အျပင္ကေန ေလ ကိုစုပ္ယူဖို႔ရာအခြင့္မရွိေတာ့ပါဘူး။
အဲဒီမွာ ကတ္က ပုံမွန္ horizontal mount အသုံးျပဳစဥ္ကထက္ အပူခ်ိန္မွာ တိုးလာပါတယ္။
ဂရပ္ဖစ္ကတ္နဲ႔ tempered glass နီးေလေလ အက်ိဳးသက္ေရာက္မႈမ်ားေလေလပါပဲ။
ကိုယ္တိုင္စမ္းသပ္ခ်က္အရ GPU full load Gaming မွာ 2°C အထိသာအမ်ားဆုံးကြာျခားမႈရွိတာကိုေတြ႕ရပါတယ္။


Normal (horizontal) Mount = 60°C
Vertical Mount = 62°C


တစ္ခုရွိတာက က်ေနာ္အသုံးျပဳထားတဲ့ Phanteks bracket ရဲ႕ တည္ေဆာက္ပုံ နဲ႔ 2 slot သာေနရာယူတဲ့ Gaming X ကိုယ္ထည္ေၾကာင့္သာ tempered glass panel နဲ႔ အရမ္းနီးကပ္ေနျခင္းမ်ိဳးမျဖစ္ပဲ (အတိအက်ေျပာရရင္ 2.5 inches) အကြာအေဝးမွာရွိေနတဲ့အတြက္ အပူခ်ိန္သိသိသာသာတက္မလာတာလို႔ဆိုႏိုင္ပါတယ္။
2.5/3 slot ကတ္အထူႀကီးေတြ (Palit GameRock, MSI Gaming Z / Trio etc) နဲ႔ဆိုရင္ေတာ့ ရလဒ္က တစ္မ်ိဴးတမည္ျဖစ္လာႏိုင္ပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ Vertical Mount မယ္ဆိုရင္ GPU temperature က 2~6°C အထိတက္လာဖို႔ ေမွ်ာ္လင့္ထားရမွာပါ။

 

6°C ဆိုတာက full load 75°C မေက်ာ္တဲ့ကတ္အတြက္ မေထာင္းတာေပမဲ့ 80°C ဝန္းက်င္မွာရွိေနတဲ့ ကတ္ေတြကေတာ့ ဒုတိယ ဆိုးက်ိဳးျဖစ္တဲ့ thermal throttling ျပသနာရွိလာမွာျဖစ္ပါတယ္။
Thermal throttling ဆိုတာက သတ္မွတ္ထားတဲ့အပူခ်ိန္ကိုေရာက္ရင္ GPU, VRAM စတဲ့ အစိတ္အပိုင္းေတြ overheat မျဖစ္ေအာင္ clock speed ကိုေလ်ာ့ခ်ပစ္တာမ်ိဳးပါ။
GPU ရဲ႕ thermal throttling point က 80°C ကေနစေလ့ရွိပါတယ္။
ဒါေပမဲ့ မႀကိဳက္ရင္ utility တစ္ခုခု (MSI Afterburner, ASUS GPU tweak etc.,) သုံးၿပီး မိမိစိတ္ႀကိဳက္ ဝင္ျပင္လို႔ရပါတယ္။


ဆိုးက်ိဴးရဲ႕ေနာက္ဆုံးအခ်က္က မားသားဘုတ္ရဲ႕ (PCIe slot မွစ၍ ေအာက္ပိုင္း) ဟာ Riser နဲ႔ ဖုံးအုပ္သြားတဲ့အတြက္ အျခား sound card ေတြ network card blah blah ေတြ တပ္မယ္ဆိုရင္ က်ဥ္းက်ဥ္းၾကဳပ္ၾကဳပ္နဲ႔ ဘယ္လိုမွ အဆင္မေျပေတာ့ပါဘူး။
Casing က width (အနံ) က်ယ္သလို vertical သုံးမယ့္ ဂရပ္ဖစ္ကတ္က glass panel နဲ႔ ကပ္ေနခဲ့မယ္ဆိုရင္ေတာ့ (ဥပမာ EVGA DG-77 ) ဘာကတ္ ညာကတ္ေတြ ထပ္ထည့္ဖို႔ရာက အဆင္ေျပပါလိမ့္မယ္။


သို႔ေသာ္ ဒါကအပူခ်ိန္ေပၚမွာ သက္ေရာက္မႈႀကီးၿပီး thermal throttling ျဖစ္ဖို႔လည္းအခြင့္ပိုမ်ားလာေစပါလိမ့္မယ္။
မိမိအေနနဲ႔က အဲ့ဒီအခ်က္ေတြကို ႀကိဳေတြးထားရမွာပါ။


Vertical GPU Mount လိုက္မယ္ဆိုရင္လူေတြရဲ႕စိတ္ထဲ ဝိဝါဒျဖစ္စရာတစ္ခုရွိပါေသးတယ္။
ဘာလည္းဆိုေတာ့ Gaming Performance (FPS) ရလဒ္ က် တာမ်ိဳးရွိလားဆိုတာပါပဲ။
Riser ကေနသြားတဲ့အတြက္ အၾကားမွာ distance-အကြာအေဝးဆိုတာရွိလာပါတယ္။
ဒါက စြမ္းေဆာင္ရည္အေပၚမွာ သက္ေရာက္မႈရွိသလားေပါ့။


အဲ့ဒီအတြက္ Rise of the Tomb Raider, Far Cry Primal တို႔အပါအဝင္ဂိမ္းတစ္ခ်ိဳ႕နဲ႔ စမ္းသပ္ၾကည့္ရမွာ FPS နဲ႔ stability အေပၚ သက္ေရာက္မႈမရွိတာကိုေတြ႕ရပါတယ္။
MSI Gaming X ရဲ႕အပူခ်ိန္က full load မွာေတာင္ 70°C မေက်ာ္ေလေတာ့ thermal throttling ျဖစ္စရာအေၾကာင္းလည္းမရွိေတာ့တဲ့အတြက္ Frames per second ရလဒ္ဟာ horizontal နဲ႔ vertical အၾကား ျခားနားမႈမရွိေတာ့ပါဘူး။

အႏွစ္ခ်ဳပ္


Vertical GPU mount လုပ္သင့္လား?


ကတ္ကို for show ျပခ်င္တယ္ အျမင္ဆန္းခ်င္တယ္ဆိုရင္လုပ္ပါ။
GPU sagging လည္းမျဖစ္ေတာ့ပါ။
သင့္အေနနဲ႔ေပးဆပ္လိုက္ရမွာက


$20 to $50
(Riser / Riser + Bracket)
အခ်ိန္

 

(Casing တြင္ Vertical Mount support မပါပါက bracket တပ္ရန္အတြက္ အနည္းငယ္ mod ရန္လို)
2~6°C ဂရပ္ဖစ္ကတ္ရဲ႕အပူခ်ိန္တက္လာပါမယ္။
(ေသခ်ာေပါက္)
thermal throttling ေၾကာင့္ စြမ္းေဆာင္ရည္က်ႏိုင္ပါတယ္။
(လုံးဝျဖစ္မည္ဟုမဆိုလို၊
casing ႏွင့္ card position / size / type အေပၚမူတည္)
ီေနာက္ဆုံးေျပာလိုတာက ဘာမွန္းမသိေသာ နာမည္မၾကားဖူးေသာ အဖိုးနည္းအိုးကြဲ riser cable မ်ားကိုေရွာင္ပါ။
ဒီေလာက္ဆိုရင္ Vertical GPU ေမာင့္သင့္ မေမာင့္သင့္ကို ကိုယ္တိုင္စဥ္းစားဆုံးျဖတ္ႏိုင္လိမ့္မယ္လို႔ ယူဆပါတယ္။

Tested Components & PC Specifications

Casing: Phanteks Eclipse P400 TG
Riser & Bracket: Phanteks (PH-VGPUKT_02)
Cooling
CPU AIO: Corsair H100i RGB Pro XT 240mm (front-intake mounting)
Casing Fans: 2x Top Exhaust + 1x Rear Exhaust (All 120mm)

System Specs

Intel Core i5-10600
MSI Z490 Gaming Plus
Corsair H100i RGB Pro XT AIO (front-intake mounting)
MSI GTX 1660 Gaming X
2x8GB HyperX Fury RGB @2666MHz
XPG SX8200 Pro 256GB NVMe
2TB + 4TB Seagate HDDs
CoolerMaster MWE Gold 650W Full Modular


PC enthu ေတြအေနနဲ႔ လက္ရွိမိမိရဲ႕ build ေလးေတြကိုႀကဳံရင္ comment မွာ ျပေပးသြားၾကဖို႔ဖိတ္ေခၚပါတယ္၊
Horizontal/Vertical မည့္သည့္ build မဆိုရပါတယ္။
*Phanteks Vertical GPU Kit ရဲ႕ပုံကိုေတာ့ ပထမ comment မွာ ျပေပးထားပါတယ္

Seo Thu Aung

Post a Comment

0 Comments