Display Interface Parody (သို့) ဒီဂျစ်တယ်ပုံရိပ်တွေကို ဆောင်ယူပေးကြသူများအကြောင်း

“A lack of realism in the vision today costs credibility tomorrow.”

John C. Maxwell

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

HDMI

 

‘High-Definition Multimedia Interface’ ဆိုပြီးအရှည်အားဖြင့်သတ်မှတ်ခေါ်ဆိုတဲ့ HDMI စနစ်ကို နည်းပညာကုမ္ပဏီတွေဖြစ်ကြတဲ့ Philips, Panasonic, Sony, Toshiba, Silicon Image, Hitachi တို့စတင်ပူးပေါင်းဖော်ထုတ်ခဲ့ကြပြီး ယနေ့အခါမှာတော့ ‘HDMI Licensing, LLC’ ကို HDMI နဲ့ပတ်သတ်တဲ့ အချက်အလက် မူဝါဒများအား ထိန်းချုပ်ခွင့်အပြည့်အဝပေးထားပါတယ်။

အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်သူများ (TV maker, Blu-ray, DVD, Graphics card, smart phone, tablet, laptop ., etc) အနေနဲ့ HDMI အသုံးပြုခြင်းအတွက် royalty-charges ကို ‘HDMI Licensing, LLC’ သို့ပေးဆောင်ဖို့တော့လိုမှာဖြစ်ပါတယ်။

HDMI ရယ်လို့စတင်ခဲ့တဲ့ 2002 ခုနှစ်ကနေစပြီး ပြောင်းလဲနေတဲ့နည်းပညာလိုအပ်ချက်များနဲ့ကိုက်ညီအောင် ဗားရှင်းအဆင့်ဆင့်မြှင့်တင်မှုတွေပြုလုပ်လာခဲ့တာဆိုရင် ယနေ့အခါမှာ HDMI 2.1 အထိရောက်ရှိလို့နေပါပြီ။

HDMI မှာ pin အားဖြင့် အရေအတွက် 19 pins ရှိကာ connector တွေကို အရွယ်အစားအရ
1. Type A (standard)
2. Type C (mini)
3. Type D (micro)
သုံးမျိုးခွဲခြားထားပါတယ်။

Type A ကို အိမ်သုံးမီဒီယာဖျော်ဖြေရေး အီလက်ထရောနစ်ပစ္စည်းများမှအစ ဂရပ်ဖစ်ကတ်များအဆုံးကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်နိုင်မည်ဖြစ်ကာ အသုံးပြုမှုရည်ရွယ်ချက်အပေါ်မူတည်ပီးမှသာ လုပ်ဆောင်နိုင်စွမ်းတွေကိုခွဲခြားကန့်သတ်ထားပါတယ်။ Type D micro ကိုတော့ စမတ်ဖုန်း နဲ့ တက်ဘလတ်အချို့မှာတွေ့မြင်နိုင်မှာပါ။

HDMI Versions

Version 1.0 (HDMI 1.0)

HDMI မူလအစ ဗာရှင်း 1.0 (HDMI 1.0) ကို December 9, 2002 ခုနှစ်တွင်စတင်သတ်မှတ်ခေါ်ဆိုခဲ့ပြီး အမြင့်ဆုံး bandwidth 4.95 Gbit/s လက်ခံနိုင်ပါတယ်။ တနည်းဆိုရရင် အဆိုပါ bandwidth ပမာဏဟာ Full HD resolution (1920 x 1080) ကို 60 Frames per second မှာ ဖော်ပြပေးနိုင်ခြင်းကိုဆိုလိုပါတယ်။

(bandwidth ကိုမြင်သာအောင်ဥပမာပြရင် အဝေးပြေးလမ်းမကြီးနဲ့တူပါတယ်၊ လမ်းကျယ်လေ သွားလာနေတဲ့မော်တော်ယာဉ်တွေများများသွားလို့ရလေ။ အလားတူပဲ bandwidth များလေ resolution များများအထောက်ပံ့ပေးလေလေပါ။)

HDMI 1.0 = 4.95 Gbit/s (1080p @60Hz)

Version 1.1 (HDMI 1.1)

1.1 မှာ DVD-Audio စနစ်ပါဝင်လာပြီး bandwidth ကတော့ version 1.0 နဲ့အတူတူပဲဖြစ်ပါတယ်။

HDMI 1.1 = 4.95 Gbit/s (1080p @60Hz) + DVD-Audio

Version 1.2 (HDMI 1.2)

August 8, 2005 ခုနှစ်မှာ version 1.2 အဖြစ်အဆင့်မြှင့်တင်ခဲ့ကာ Super Audio CD များတွင်အသုံးပြုထားတဲ့ One Bit Audio အသံစနစ်ကို 8 channels အထိအသုံးပြုလာနိုင်ပါတယ်။ ဒါ့အပြင် Personal Computer များအတွက် Type A connector ကိုအသုံးပြုနိုင်သည့်စနစ်ကိုလည်း HDMI 1.2 တွင်မှာမှ စတင်လာခဲ့ပါတယ်။ အသေးစားပြောင်းလဲမှုများထပ်မံပါဝင်လာတဲ့ HDMI 1.2a ကိုတော့ December 14, 2005 တွင်မိတ်ဆက်ပေးခဲ့ပါတယ်။

Version 1.3 (HDMI 1.3)

June 22, 2006 တွင် bandwidth 10.2 Gbit/s တိုးမြှင့်ထားတဲ့ ဗားရှင်း 1.3 ကိုစတင်ခဲ့ပြီး portable device တွေအတွက် Type C mini ကိုအသုံးပြုနိုင်အောင်ဆောင်ရွက်ပေးခဲ့ပါတယ်။

Version 1.4 (HDMI 1.4)

1.4 တွင် 4K အတွက် အထောက်အပံ့ပေးနိုင်လာကာ 4K resolution (4096 x 2160) @24Hz, UHD resolution (3840 x 2160) @24Hz, 25Hz, 30Hz ရရှိမှာဖြစ်ကာ May 28, 2009 ခုနှစ်တွင်စတင်ခဲ့ပါတယ်။ 

ဒီနေရာမှာ 4K @24Hz (max 24 Frames per second) ဟာ ရုပ်ရှင် ဗွီဒီယိုတွေအတွက်သင့်တော်ပေမဲ့ gaming အတွက်ဆိုရင်တော့ သင်ဟာ မည်မျှမြန်ဆန်သော graphics card ကိုသုံးထားစေကာမူ graphics card ရဲ့ HDMI output (port) ဟာ version 1.4 ကိုအသုံးပြုထားခဲ့မယ်ဆိုရင် Frame rate 24 ထက်ကျော်လွန်ပီးရရှိမှာမဟုတ်ပါဘူး။ ဒါဟာ GPU ရဲ့ စွမ်းဆောင်ရည် ကန့်သတ်ချက်ကြောင့်မဟုတ်ပဲ 1.4 specs ရဲ့ ကန့်သတ်ချက်ကြောင့်ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကြောင့် HDMI 2.0 ကို ဆက်လက်ထွက်ရှိဖို့ရာဖြစ်လာစေတယ်။
HDMI 1.4a နဲ့ HDMI 1.4b ကို 3D စနစ်အထောက်အပံ့ပေးနိုင်သည့်စနစ်ဖြင့် version 1.4 အောက်တွင်အသီးသီးလုပ်ဆောင်ပေးခဲ့ပါတယ်။

Version 2.0 (HDMI 2.0)

September 4, 2013 တွင် HDMI 2.0 ကို bandwidth 18 Gbit/s ဖြင့်အသိအမှတ်ပြုစတင်ခဲ့ကာ ပထမဆုံးသော 4K @60Hz (60 Frames per second) အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

HDMI 2.0a ကိုတော့ April 8, 2015 တွင်မိတ်ဆက်ခဲ့ပြီး HDR (High Dynamic Range) video လုပ်ဆောင်ချက်ကိုထည့်သွင်းပေးခဲ့ပါတယ်။

Version 2.0b ကိုလည်း March လ 2016 တွင် ဆက်လက်ထုတ်လုပ်ခဲ့ကာ Hybrid Log-Gamma (HLG) စနစ်ပါဝင်လာခဲ့တယ်လို့သိရပါတယ်။

Version 2.1 (HDMI 2.1)

HDMI 2.1 ကတော့ လက်ရှိ နောက်ဆုံးထွက်ရှိထားတဲ့ဗားရှင်းဖြစ်ပြီး 48 Gbit/s အထိလက်ခံပေးနိုင်တာကြောင့် 4K 120Hz, 8K 60Hz ပုံရိပ်တွေကိုပြသပေးနိုင်ပါတယ်။
လက်ရှိ HDMI 2.1 ပါဝင်တဲ့ device တွေအနေနဲ့ NVIDIA ရဲ့ Ampere RTX 30 Series ဂရပ်ဖစ်ကတ်တွေမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

အတိုချုပ်ရရင်

HDMI 1.0 = 4.95 Gbit/s (1080p @60Hz)

HDMI 1.1 = DVD-Audio လုပ်ဆောင်ချက်ပါဝင်လာ

HDMI 1.2 = One Bit Audio ကို 8 channels အထိအထောက်အပံ့ပေး

HDMI 1.3 = 10.2 Gbit/s bandwidth ဖြစ်လာပြီး Type C mini အထောက်အပံ့ပါဝင်လာ

HDMI 1.4 = 4K @24Hz and Ultra HD @24, 25, 30Hz 

HDMI 2.0 = 4K @60Hz

HDMI 2.1 = 4K @120Hz, 8K @60Hz

HDMI ဗားရှင်းတွေအဆင့်ဆင့်ပြောင်းလဲသွားပေမဲ့ အသုံးပြုမဲ့ ကြိုး (HDMI cable) ကတော့ မည်သည့်ဗားရှင်းမှာကိုမဆို တပ်ဆင်အသုံးပြုနိုင်ပါတယ်။

မြန်မာငွေ သုံးထာင်တန် ကြိုးကအစ တစ်သောင်းခွဲ နှစ်သောင်းတန်အဆုံး မိမိနှစ်သက်သလို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

သို့သော် ချွင်းချက်တော့ရှိပါတယ်၊

HDMI 2.1 အပေါက်မှာ ဈေးကွက်ထဲက မည်သည့် HDMI cable နဲ့မဆို အသုံးပြုနိုင်မှာဖြစ်ပေမဲ့ 4K @120 ပုံရိပ်တွေကို ရလိုချင်ရင်တော့ Ultra High Speed HDMI cable ကိုအသုံးပြုရမှာဖြစ်ပါတယ်။
အဆိုပါ cable ကသာ 48 Gbit/s bandwidth ကိုလက်ခံပေးနိုင်တဲ့အတွက်ကြောင့်သာဖြစ်ပါတယ်။

DisplayPort

DisplayPort Cable

DisplayPort ဟာ HDMI နည်းတူ လုပ်ဆောင်ချက်များကိုပိုင်ဆိုင်ထားကာ နောက်ပိုင်းကာလများမှာ HDMI ရဲ့နေရာကိုတောင်လုံးဝအစားထိုးဝင်ရောက်လာနိုင်ပါတယ်။ VESA (Video Electronics Standards Association) ရဲ့အမှတ်အသားဖြစ်ပြီး HDMI နှင့်ကွဲပြားသည့်အချက်က royalty-charges မလိုခြင်းဖြစ်ပါတယ်။ 2006 ခုနှစ်တွင်စတင်မိတ်ဆက်ခဲ့တဲ့ DisplayPort ရဲ့ အဖွဲ့အစည်းကုမ္ပဏီတွေထဲမှာ Hitachi နဲ့ Philips ကလွဲရင် ကျန်တဲ့ HDMI founder တွေဟာ အဖွဲ့အဝင်အဖြစ်ပါပါတယ်။

20-pin

DisplayPort ဟာ အရွယ်အစားအားဖြင့် နှစ်မျိုးသာရှိကာ DisplayPort နဲ့ Mini DisplayPort ဟု ခွဲခြားသတ်မှတ်ထားပြီး pin အရေအတွက် 20 pins ပါဝင်ပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင် DisplayPort ဟာ HDMI နဲ့အတော်ဆင်တူပါတယ်။ 

(Mini DisplayPort ကိုတော့ Microsoft Surface Pro tablet မှာတွေ့မြင်နိုင်မှာပါ)

HDMI နည်းတူ DisplayPort ဟာလည်း နှစ်အလိုက်ဗားရှင်းအဆင့်ဆင့်ပြောင်းလည်းထွက်ရှိလာခဲ့ပါတယ်။ (ရောထွေးမသွားဖို့က HDMI ကော DisplayPort ပါ version အဆင့်ဆင့်ပြောင်းသွားပေမဲ့ size အရွယ်အစားကတော့ မပြောင်းလဲပဲနဂိုအတိုင်းပဲဖြစ်ပါတယ်)

DisplayPort 1.0 = 8.64 Gbit/s

DisplayPort 1.1 = DisplayPort Content Protection လုံခြုံရေးစနစ်ပါဝင်လာ

DisplayPort 1.2 = 17.28 Gbit/s **(DisplayPort 1.2a တွင် Adaptive Sync အသုံးပြုနိုင်)

DisplayPort 1.3 = 32.4 Gbit/s

DisplayPort 1.4 = Display Stream Compression (DSC) ထည့်သွင်းလာ

DisplayPort 2.0 = 10K @60Hz, 16K @60Hz

DisplayPort ဟာ HDMI ရဲ့နေရာကိုအစားထိုးနိုင်ဖို့ရည်ရွယ်ထားတဲ့ အင်တာဖေ့စနစ်ဖြစ်တာကြောင့် လုပ်ဆောင်နိုင်စွမ်းဟာလည်း HDMI ထက် အမြဲလိုလို နှာတစ်ဖျားသာလေ့ရှိပါတယ်။
DisplayPort မှာပါရှိတဲ့ Multi-Stream Transport (MST) ကြောင့်လည်း monitor နှစ်လုံးနဲ့အထက်ချိတ်ဆက်အသုံးပြုလိုသူတွေအတွက် သိသာတဲ့အကျိုးဖြစ်ထွန်းမှုကိုရရှိမှာဖြစ်ပါတယ်။

MST က ဘယ်လိုလုပ်ဆောင်ပေးမှာလည်း?

သင့်တွင် DisplayPort ပါတဲ့ monitor လေးလုံး နှင့် DisplayPort 1.4 ပါဝင်သည့် AMD Radeon RX 480 Graphics Card ရှိသည်ဆိုပါစို့။

AMD Radeon RX 480 (Photo by Austin Evans )
 

Reference AMD Radeon RX 480 ဂရပ်ဖစ်ကတ်မှာဆိုရင် DisplayPort သုံးခုပဲပါတဲ့အတွက် ပုံမှန်ဆိုရင် monitor တစ်လုံးအတွက်နေရာမရှိဖြစ်သွားပါမယ်။ ဒါပေမဲ့ DisplayPort ရဲ့ MST စနစ်ကြောင့် သင့်အနေနဲ့ MST splitter သာရှိမယ်ဆိုရင် (အလွယ်ပြောရရင် USB hub တွေလို ခေါင်းပွားပေးတဲ့အရာမျိုး) bandwidth အတွင်းကနေ multi-monitor စိတ်ကြိုက်ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒါဟာ DisplayPort ရဲ့ HDMI နဲ့မတူတဲ့ အားသာချက်ပါ။

DVI

DVI-D (Dual-Link)

‘Digital Visual Interface’ (DVI) ဟာ PC monitor များမှာယနေ့ကာလအထိကျယ်ကျယ်ပြန့်ပြန့်အသုံးပြုတွေ့မြင်ရသည့် စနစ်ဖြစ်ကာ DVI အနေနဲ့ မျိုးကွဲပေါင်းများစွာခွဲထွက်သွားတဲ့အတွက် သာမန်အသုံးပြုသူတစ်ယောက်အဖို့မျက်စေ့လည်နိုင်ပါတယ်။

  • DVI-A (analog signal)
  • DVI-D (digital signal)
  • DVI-I (integrated analog and digital signal)

ဆိုကာ သုံးမျိုးရှိပြီး ထိုသုံးမျိုးအနက်မှ DVI-A မှလွဲ၍ DVI-D နှင့် DVI-I နှစ်မျိုးစလုံးဟာ single-link, dual-link ဆိုပြီး ဗားရှင်းနှစ်မျိုးစီထပ်ခွဲထွက်သွားပါတယ်။

 

 

ယနေ့အခါမှာတော့ DVI-A (analog signal) ဟာ အသုံးပြုမှုနည်းပါးသွားပြီဖြစ်ပါတယ်။
single-link, dual-link နှစ်ခုအကြား ကွာခြားချက်က bandwidth ပမာဏဖြစ်ပြီး 

single-link = 3.96 Gbit/s @1920 x 1200 resolution 

dual-link = 7.92 Gbit/s @2560 x 1600 resolution 

အမြင့်ဆုံးအသီးသီးလုပ်ဆောင်နိုင်ကြပါတယ်။
အဆိုပါ resolution ထက်အမြင့်ကိုသုံးမယ်ဆိုရင်တော့ HDMI သို့တည်းမဟုတ် DisplayPort ကိုရွေးရပါလိမ့်မယ်။

VGA

 

ရှေးအကျဆုံးသော အင်တာဖေ့စ် ဖြစ်ကာ ယခင့်ယခင်က CRT monitor အထူကြီးတွေမှာ အများဆုံးတွေ့ရပြီး ‘Video Graphics Array’ ဟူ၍ကိုယ်စားပြုပါတယ်။ VGA ဟာ Full HD 1080p ကို လက်ခံဖော်ပြပေးနိုင်တယ်ဆိုသော်ငြား analog စနစ်ဖြစ်တာကြောင့် အဆိုပါ resolution ကိုကျော်လွန်ပြီးအသုံးပြုမယ်ဆိုရင် analog to digital signal ကိုကူးပြောင်းပေးရတဲ့အတွက် ပုံရိပ်ဖော်ပြတဲ့အပိုင်းမှာ အရည်အသွေးကျ သွားခြင်း (image degradation) ကိုဖြစ်စေပါတယ်။ မသုံးမဖြစ် သုံးရမည့်အခြေအနေမှလွဲပြီး VGA ကို ယနေ့ကာလမှာ မသုံးသင့်တော့ပါဘူး။

Ref:
“HDMI vs DisplayPort vs DVI vs VGA – every connection explained” by Richard Easton
“HDMI vs. DisplayPort: Which display interface regins supreme?” by Michael Brown
“ICCE Presentation on VESA DisplayPort”, and
“Wikipedia”

Writer Seo Thu Aung

Zawgyi

Display Interface Parody (သို႔) ဒီဂ်စ္တယ္ပုံရိပ္ေတြကို ေဆာင္ယူေပးၾကသူမ်ားအေၾကာင္း

“A lack of realism in the vision today costs credibility tomorrow.”
John C. Maxwell

HDMI

Type A HDMI cable

‘High-Definition Multimedia Interface’ ဆိုၿပီးအရွည္အားျဖင့္သတ္မွတ္ေခၚဆိုတဲ့ HDMI စနစ္ကို နည္းပညာကုမၸဏီေတြျဖစ္ၾကတဲ့ Philips, Panasonic, Sony, Toshiba, Silicon Image, Hitachi တို႔စတင္ပူးေပါင္းေဖာ္ထုတ္ခဲ့ၾကၿပီး ယေန႔အခါမွာေတာ့ ‘HDMI Licensing, LLC’ ကို HDMI နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ မူဝါဒမ်ားအား ထိန္းခ်ဳပ္ခြင့္အျပည့္အဝေပးထားပါတယ္။

အီလက္ထ႐ြန္းနစ္ပစၥည္းထုတ္လုပ္သူမ်ား (TV maker, Blu-ray, DVD, Graphics card, smart phone, tablet, laptop ., etc) အေနနဲ႔ HDMI အသုံးျပဳျခင္းအတြက္ royalty-charges ကို ‘HDMI Licensing, LLC’ သို႔ေပးေဆာင္ဖို႔ေတာ့လိုမွာျဖစ္ပါတယ္။

HDMI ရယ္လို႔စတင္ခဲ့တဲ့ 2002 ခုႏွစ္ကေနစၿပီး ေျပာင္းလဲေနတဲ့နည္းပညာလိုအပ္ခ်က္မ်ားနဲ႔ကိုက္ညီေအာင္ ဗားရွင္းအဆင့္ဆင့္ျမႇင့္တင္မႈေတြျပဳလုပ္လာခဲ့တာဆိုရင္ ယေန႔အခါမွာ HDMI 2.1 အထိေရာက္ရွိလို႔ေနပါၿပီ။

HDMI မွာ pin အားျဖင့္ အေရအတြက္ 19 pins ရွိကာ connector ေတြကို အ႐ြယ္အစားအရ

1. Type A (standard)
2. Type C (mini)
3. Type D (micro)

သုံးမ်ိဳးခြဲျခားထားပါတယ္။

Type A ကို အိမ္သုံးမီဒီယာေဖ်ာ္ေျဖေရး အီလက္ထေရာနစ္ပစၥည္းမ်ားမွအစ ဂရပ္ဖစ္ကတ္မ်ားအဆုံးက်ယ္က်ယ္ျပန႔္ျပန႔္ေတြ႕ျမင္ႏိုင္မည္ျဖစ္ကာ အသုံးျပဳမႈရည္႐ြယ္ခ်က္အေပၚမူတည္ပီးမွသာ လုပ္ေဆာင္ႏိုင္စြမ္းေတြကိုခြဲျခားကန႔္သတ္ထားပါတယ္။ Type D micro ကိုေတာ့ စမတ္ဖုန္း နဲ႔ တက္ဘလတ္အခ်ိဳ႕မွာေတြ႕ျမင္ႏိုင္မွာပါ။

HDMI Versions

Version 1.0 (HDMI 1.0)

HDMI မူလအစ ဗာရွင္း 1.0 (HDMI 1.0) ကို December 9, 2002 ခုႏွစ္တြင္စတင္သတ္မွတ္ေခၚဆိုခဲ့ၿပီး အျမင့္ဆုံး bandwidth 4.95 Gbit/s လက္ခံႏိုင္ပါတယ္။ တနည္းဆိုရရင္ အဆိုပါ bandwidth ပမာဏဟာ Full HD resolution (1920 x 1080) ကို 60 Frames per second မွာ ေဖာ္ျပေပးႏိုင္ျခင္းကိုဆိုလိုပါတယ္။

(bandwidth ကိုျမင္သာေအာင္ဥပမာျပရင္ အေဝးေျပးလမ္းမႀကီးနဲ႔တူပါတယ္၊ လမ္းက်ယ္ေလ သြားလာေနတဲ့ေမာ္ေတာ္ယာဥ္ေတြမ်ားမ်ားသြားလို႔ရေလ။ အလားတူပဲ bandwidth မ်ားေလ resolution မ်ားမ်ားအေထာက္ပံ့ေပးေလေလပါ။)

HDMI 1.0 = 4.95 Gbit/s (1080p @60Hz)

Version 1.1 (HDMI 1.1)

1.1 မွာ DVD-Audio စနစ္ပါဝင္လာၿပီး bandwidth ကေတာ့ version 1.0 နဲ႔အတူတူပဲျဖစ္ပါတယ္။
HDMI 1.1 = 4.95 Gbit/s (1080p @60Hz) + DVD-Audio

Version 1.2 (HDMI 1.2)

August 8, 2005 ခုႏွစ္မွာ version 1.2 အျဖစ္အဆင့္ျမႇင့္တင္ခဲ့ကာ Super Audio CD မ်ားတြင္အသုံးျပဳထားတဲ့ One Bit Audio အသံစနစ္ကို 8 channels အထိအသုံးျပဳလာႏိုင္ပါတယ္။ ဒါ့အျပင္ Personal Computer မ်ားအတြက္ Type A connector ကိုအသုံးျပဳႏိုင္သည့္စနစ္ကိုလည္း HDMI 1.2 တြင္မွာမွ စတင္လာခဲ့ပါတယ္။ အေသးစားေျပာင္းလဲမႈမ်ားထပ္မံပါဝင္လာတဲ့ HDMI 1.2a ကိုေတာ့ December 14, 2005 တြင္မိတ္ဆက္ေပးခဲ့ပါတယ္။

Version 1.3 (HDMI 1.3)

June 22, 2006 တြင္ bandwidth 10.2 Gbit/s တိုးျမႇင့္ထားတဲ့ ဗားရွင္း 1.3 ကိုစတင္ခဲ့ၿပီး portable device ေတြအတြက္ Type C mini ကိုအသုံးျပဳႏိုင္ေအာင္ေဆာင္႐ြက္ေပးခဲ့ပါတယ္။

Version 1.4 (HDMI 1.4)

1.4 တြင္ 4K အတြက္ အေထာက္အပံ့ေပးႏိုင္လာကာ 4K resolution (4096 x 2160) @24Hz, UHD resolution (3840 x 2160) @24Hz, 25Hz, 30Hz ရရွိမွာျဖစ္ကာ May 28, 2009 ခုႏွစ္တြင္စတင္ခဲ့ပါတယ္။ 

ဒီေနရာမွာ 4K @24Hz (max 24 Frames per second) ဟာ ႐ုပ္ရွင္ ဗြီဒီယိုေတြအတြက္သင့္ေတာ္ေပမဲ့ gaming အတြက္ဆိုရင္ေတာ့ သင္ဟာ မည္မွ်ျမန္ဆန္ေသာ graphics card ကိုသုံးထားေစကာမူ graphics card ရဲ႕ HDMI output (port) ဟာ version 1.4 ကိုအသုံးျပဳထားခဲ့မယ္ဆိုရင္ Frame rate 24 ထက္ေက်ာ္လြန္ပီးရရွိမွာမဟုတ္ပါဘူး။ ဒါဟာ GPU ရဲ႕ စြမ္းေဆာင္ရည္ ကန႔္သတ္ခ်က္ေၾကာင့္မဟုတ္ပဲ 1.4 specs ရဲ႕ ကန႔္သတ္ခ်က္ေၾကာင့္ျဖစ္ပါတယ္။

ဒီအေၾကာင္းအရာေတြေၾကာင့္ HDMI 2.0 ကို ဆက္လက္ထြက္ရွိဖို႔ရာျဖစ္လာေစတယ္။
HDMI 1.4a နဲ႔ HDMI 1.4b ကို 3D စနစ္အေထာက္အပံ့ေပးႏိုင္သည့္စနစ္ျဖင့္ version 1.4 ေအာက္တြင္အသီးသီးလုပ္ေဆာင္ေပးခဲ့ပါတယ္။

Version 2.0 (HDMI 2.0)

September 4, 2013 တြင္ HDMI 2.0 ကို bandwidth 18 Gbit/s ျဖင့္အသိအမွတ္ျပဳစတင္ခဲ့ကာ ပထမဆုံးေသာ 4K @60Hz (60 Frames per second) အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

HDMI 2.0a ကိုေတာ့ April 8, 2015 တြင္မိတ္ဆက္ခဲ့ၿပီး HDR (High Dynamic Range) video လုပ္ေဆာင္ခ်က္ကိုထည့္သြင္းေပးခဲ့ပါတယ္။

Version 2.0b ကိုလည္း March လ 2016 တြင္ ဆက္လက္ထုတ္လုပ္ခဲ့ကာ Hybrid Log-Gamma (HLG) စနစ္ပါဝင္လာခဲ့တယ္လို႔သိရပါတယ္။

Version 2.1 (HDMI 2.1)

HDMI 2.1 ကေတာ့ လက္ရွိ ေနာက္ဆုံးထြက္ရွိထားတဲ့ဗားရွင္းျဖစ္ၿပီး 48 Gbit/s အထိလက္ခံေပးႏိုင္တာေၾကာင့္ 4K 120Hz, 8K 60Hz ပုံရိပ္ေတြကိုျပသေပးႏိုင္ပါတယ္။
လက္ရွိ HDMI 2.1 ပါဝင္တဲ့ device ေတြအေနနဲ႔ NVIDIA ရဲ႕ Ampere RTX 30 Series ဂရပ္ဖစ္ကတ္ေတြမွာ ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။

အတိုခ်ဳပ္ရရင္

HDMI 1.0 = 4.95 Gbit/s (1080p @60Hz)

HDMI 1.1 = DVD-Audio လုပ္ေဆာင္ခ်က္ပါဝင္လာ

HDMI 1.2 = One Bit Audio ကို 8 channels အထိအေထာက္အပံ့ေပး

HDMI 1.3 = 10.2 Gbit/s bandwidth ျဖစ္လာၿပီး Type C mini အေထာက္အပံ့ပါဝင္လာ

HDMI 1.4 = 4K @24Hz and Ultra HD @24, 25, 30Hz 

HDMI 2.0 = 4K @60Hz

HDMI 2.1 = 4K @120Hz, 8K @60Hz

HDMI ဗားရွင္းေတြအဆင့္ဆင့္ေျပာင္းလဲသြားေပမဲ့ အသုံးျပဳမဲ့ ႀကိဳး (HDMI cable) ကေတာ့ မည္သည့္ဗားရွင္းမွာကိုမဆို တပ္ဆင္အသုံးျပဳႏိုင္ပါတယ္။
ျမန္မာေငြ သုံးထာင္တန္ ႀကိဳးကအစ တစ္ေသာင္းခြဲ ႏွစ္ေသာင္းတန္အဆုံး မိမိႏွစ္သက္သလို ခ်ိတ္ဆက္အသုံးျပဳႏိုင္ပါတယ္။

သို႔ေသာ္ ခြၽင္းခ်က္ေတာ့ရွိပါတယ္၊

 

HDMI 2.1 အေပါက္မွာ ေဈးကြက္ထဲက မည္သည့္ HDMI cable နဲ႔မဆို အသုံးျပဳႏိုင္မွာျဖစ္ေပမဲ့ 4K @120 ပုံရိပ္ေတြကို ရလိုခ်င္ရင္ေတာ့ Ultra High Speed HDMI cable ကိုအသုံးျပဳရမွာျဖစ္ပါတယ္။
အဆိုပါ cable ကသာ 48 Gbit/s bandwidth ကိုလက္ခံေပးႏိုင္တဲ့အတြက္ေၾကာင့္သာျဖစ္ပါတယ္။

DisplayPort

DisplayPort Cable
 

DisplayPort ဟာ HDMI နည္းတူ လုပ္ေဆာင္ခ်က္မ်ားကိုပိုင္ဆိုင္ထားကာ ေနာက္ပိုင္းကာလမ်ားမွာ HDMI ရဲ႕ေနရာကိုေတာင္လုံးဝအစားထိုးဝင္ေရာက္လာႏိုင္ပါတယ္။ VESA (Video Electronics Standards Association) ရဲ႕အမွတ္အသားျဖစ္ၿပီး HDMI ႏွင့္ကြဲျပားသည့္အခ်က္က royalty-charges မလိုျခင္းျဖစ္ပါတယ္။ 2006 ခုႏွစ္တြင္စတင္မိတ္ဆက္ခဲ့တဲ့ DisplayPort ရဲ႕ အဖြဲ႕အစည္းကုမၸဏီေတြထဲမွာ Hitachi နဲ႔ Philips ကလြဲရင္ က်န္တဲ့ HDMI founder ေတြဟာ အဖြဲ႕အဝင္အျဖစ္ပါပါတယ္။

20-pin

 

DisplayPort ဟာ အ႐ြယ္အစားအားျဖင့္ ႏွစ္မ်ိဳးသာရွိကာ DisplayPort နဲ႔ Mini DisplayPort ဟု ခြဲျခားသတ္မွတ္ထားၿပီး pin အေရအတြက္ 20 pins ပါဝင္ပါတယ္။ ႐ုတ္တရက္ၾကည့္မယ္ဆိုရင္ DisplayPort ဟာ HDMI နဲ႔အေတာ္ဆင္တူပါတယ္။ 

(Mini DisplayPort ကိုေတာ့ Microsoft Surface Pro tablet မွာေတြ႕ျမင္ႏိုင္မွာပါ)
HDMI နည္းတူ DisplayPort ဟာလည္း ႏွစ္အလိုက္ဗားရွင္းအဆင့္ဆင့္ေျပာင္းလည္းထြက္ရွိလာခဲ့ပါတယ္။

(ေရာေထြးမသြားဖို႔က HDMI ေကာ DisplayPort ပါ version အဆင့္ဆင့္ေျပာင္းသြားေပမဲ့ size အ႐ြယ္အစားကေတာ့ မေျပာင္းလဲပဲနဂိုအတိုင္းပဲျဖစ္ပါတယ္)

DisplayPort 1.0 = 8.64 Gbit/s

DisplayPort 1.1 = DisplayPort Content Protection လုံၿခဳံေရးစနစ္ပါဝင္လာ

DisplayPort 1.2 = 17.28 Gbit/s **(DisplayPort 1.2a တြင္ Adaptive Sync အသုံးျပဳႏိုင္)

DisplayPort 1.3 = 32.4 Gbit/s

DisplayPort 1.4 = Display Stream Compression (DSC) ထည့္သြင္းလာ

DisplayPort 2.0 = 10K @60Hz, 16K @60Hz

DisplayPort ဟာ HDMI ရဲ႕ေနရာကိုအစားထိုးႏိုင္ဖို႔ရည္႐ြယ္ထားတဲ့ အင္တာေဖ့စနစ္ျဖစ္တာေၾကာင့္ လုပ္ေဆာင္ႏိုင္စြမ္းဟာလည္း HDMI ထက္ အၿမဲလိုလို ႏွာတစ္ဖ်ားသာေလ့ရွိပါတယ္။
DisplayPort မွာပါရွိတဲ့ Multi-Stream Transport (MST) ေၾကာင့္လည္း monitor ႏွစ္လုံးနဲ႔အထက္ခ်ိတ္ဆက္အသုံးျပဳလိုသူေတြအတြက္ သိသာတဲ့အက်ိဳးျဖစ္ထြန္းမႈကိုရရွိမွာျဖစ္ပါတယ္။
MST က ဘယ္လိုလုပ္ေဆာင္ေပးမွာလည္း?
သင့္တြင္ DisplayPort ပါတဲ့ monitor ေလးလုံး ႏွင့္ DisplayPort 1.4 ပါဝင္သည့္ AMD Radeon RX 480 Graphics Card ရွိသည္ဆိုပါစို႔။

AMD Radeon RX 480 (Photo by Austin Evans )
 

Reference AMD Radeon RX 480 ဂရပ္ဖစ္ကတ္မွာဆိုရင္ DisplayPort သုံးခုပဲပါတဲ့အတြက္ ပုံမွန္ဆိုရင္ monitor တစ္လုံးအတြက္ေနရာမရွိျဖစ္သြားပါမယ္။ ဒါေပမဲ့ DisplayPort ရဲ႕ MST စနစ္ေၾကာင့္ သင့္အေနနဲ႔ MST splitter သာရွိမယ္ဆိုရင္ (အလြယ္ေျပာရရင္ USB hub ေတြလို ေခါင္းပြားေပးတဲ့အရာမ်ိဳး) bandwidth အတြင္းကေန multi-monitor စိတ္ႀကိဳက္ခ်ိတ္ဆက္အသုံးျပဳႏိုင္ပါတယ္။ ဒါဟာ DisplayPort ရဲ႕ HDMI နဲ႔မတူတဲ့ အားသာခ်က္ပါ။

DVI

DVI-D (Dual-Link)

‘Digital Visual Interface’ (DVI) ဟာ PC monitor မ်ားမွာယေန႔ကာလအထိက်ယ္က်ယ္ျပန႔္ျပန႔္အသုံးျပဳေတြ႕ျမင္ရသည့္ စနစ္ျဖစ္ကာ DVI အေနနဲ႔ မ်ိဳးကြဲေပါင္းမ်ားစြာခြဲထြက္သြားတဲ့အတြက္ သာမန္အသုံးျပဳသူတစ္ေယာက္အဖို႔မ်က္ေစ့လည္ႏိုင္ပါတယ္။

  • DVI-A (analog signal)
  • DVI-D (digital signal)
  • DVI-I (integrated analog and digital signal)

ဆိုကာ သုံးမ်ိဳးရွိၿပီး ထိုသုံးမ်ိဳးအနက္မွ DVI-A မွလြဲ၍ DVI-D ႏွင့္ DVI-I ႏွစ္မ်ိဳးစလုံးဟာ single-link, dual-link ဆိုၿပီး ဗားရွင္းႏွစ္မ်ိဳးစီထပ္ခြဲထြက္သြားပါတယ္။

 

ယေန႔အခါမွာေတာ့ DVI-A (analog signal) ဟာ အသုံးျပဳမႈနည္းပါးသြားၿပီျဖစ္ပါတယ္။

single-link, dual-link ႏွစ္ခုအၾကား ကြာျခားခ်က္က bandwidth ပမာဏျဖစ္ၿပီး 

single-link = 3.96 Gbit/s @1920 x 1200 resolution 

dual-link = 7.92 Gbit/s @2560 x 1600 resolution 

အျမင့္ဆုံးအသီးသီးလုပ္ေဆာင္ႏိုင္ၾကပါတယ္။
အဆိုပါ resolution ထက္အျမင့္ကိုသုံးမယ္ဆိုရင္ေတာ့ HDMI သို႔တည္းမဟုတ္ DisplayPort ကိုေ႐ြးရပါလိမ့္မယ္။

VGA


 ေရွးအက်ဆုံးေသာ အင္တာေဖ့စ္ ျဖစ္ကာ ယခင့္ယခင္က CRT monitor အထူႀကီးေတြမွာ အမ်ားဆုံးေတြ႕ရၿပီး ‘Video Graphics Array’ ဟူ၍ကိုယ္စားျပဳပါတယ္။ VGA ဟာ Full HD 1080p ကို လက္ခံေဖာ္ျပေပးႏိုင္တယ္ဆိုေသာ္ျငား analog စနစ္ျဖစ္တာေၾကာင့္ အဆိုပါ resolution ကိုေက်ာ္လြန္ၿပီးအသုံးျပဳမယ္ဆိုရင္ analog to digital signal ကိုကူးေျပာင္းေပးရတဲ့အတြက္ ပုံရိပ္ေဖာ္ျပတဲ့အပိုင္းမွာ အရည္အေသြးက် သြားျခင္း (image degradation) ကိုျဖစ္ေစပါတယ္။ မသုံးမျဖစ္ သုံးရမည့္အေျခအေနမွလြဲၿပီး VGA ကို ယေန႔ကာလမွာ မသုံးသင့္ေတာ့ပါဘူး။

Ref:
“HDMI vs DisplayPort vs DVI vs VGA – every connection explained” by Richard Easton
“HDMI vs. DisplayPort: Which display interface regins supreme?” by Michael Brown
“ICCE Presentation on VESA DisplayPort”, and
“Wikipedia” 


Writer Seo Thu Aung

Post a Comment

0 Comments