Final Fantasy XIV ကို Steam မှဝယ်ဆော့မယ်ဆိုသူများအတွက်

> Steam version ဟာ ရိုးရိုး PC version ထက် Error အရမ်းများပါတယ်။

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version


> Steam Store region "Myanmar" မှာ Final Fantasy XIV ဟာ Trial version ပဲရှိပါတယ်။ Myanmar region နဲ့ ဂိမ်းလုံးဝ ဝယ်လို့ မရပါ။
 

> နောင်အခါမှာ ဝယ်ဖို့ အစီအစဥ် ရှိပြီး Trial version အရင်ဆော့ထားမယ်ဆိုလျှင် Steam Store Region ကို Argentina အရင်ပြောင်းပြီးမှ Demo (Trial) version ဆော့ဖို့ အကြံပေးလိုပါတယ်။ အာဂျင်တီးနားက ဂိမ်းဝယ်ရာမှာ၊ လစဥ်ကြေးထည့်ရာမှာ စျေးသက်သာတဲ့အပြင် Square Enix account အကောင့်ဖွင့်တဲ့အခါ အများထားတတ်ကြတဲ့ Region နဲ့ ကိုက်ညီမှု ရှိနေလို့ပါ။
 

> ဆော့မယ့် Square Enix account ကို Google မှာ ရှာတွေ့တဲ့ Final Fantasy XIV free trial webpage ကနေ သပ်သပ်သွားမဖွင့်ပါနဲ့။ အဲ့လိုဖွင့်တဲ့ အကောင့်ဟာ Steam version မှာ ဆော့လို့ရတဲ့ acc လုံးဝမဟုတ်ပါ။ ထို Acc နှင့် Steam ကနေ ဒေါင်းလုဒ်ဆွဲထားတဲ့ Final Fantasy XIV မှာ ထည့်ဆော့လို့ မရပါ။ Error တက်ပါတယ်။
 

> Steam version အတွက် Square Enix account ကို Steam Store ပေါ်ရှိ Final Fantasy XIV steam page က Demo (Trial) version ကိုနှိပ်၊ ကျလာတဲ့ Client ကိုဒေါင်း၊ Launcher install လုပ်ပြီးမှ အဲ့ဒီ Launcher ကနေတဆင့် "I do not possess Square Enix account." ကို နှိပ်လိုက်လျှင် Account ဖွင့်ရတဲ့ Webpage ကိုရောက်သွားပါမယ်။ အဲ့ဒီမှာမှ Account ဖွင့်ရတာ ဖြစ်ပါတယ်။ ဒီဟာကျမှ Steam version အတွက် Square Enix account အမှန် ဖြစ်ပါတယ်။
 

> Square Enix account ဖွင့်တဲ့အခါမှာ Region ကို သတိထားထည့်ပေးပါ။ အများစုထားနေကြ Region ဟာ America ပါ။ ကျနော့် Account လည်း America Region account တွေပါပဲ။ ဥပမာ Steam store region "Thailand" မှာ ဂိမ်းဝယ်မယ်ဆိုရင် Square Enix account ဖွင့်တဲ့အခါမှာမျိုးမှာ Region နေရာမှာ Asia ထားရမှာ ဖြစ်ပါတယ်။
 

> ထို region တွေဟာ ဂိမ်းဝယ်ထည့်တဲ့နေရာ Expansion ဝယ်တဲ့နေရာတွေမှာသာ အသုံးဝင်ပါတယ်။ ဂိမ်းထဲဆော့မယ့် Data center, World အပေါ် သက်ရောက်မှု မရှိပါဘူး။ Eu region acc နဲ့လည်း JP data center တွေမှာ သွားဆော့လို့ ရပါတယ်။
 

> Steam သမားတွေဟာ Character ကို server change တဲ့အခါ ဆာဗာချိန်းခကို Steam wallet နဲ့ ပေးချေလို့မရ၊ Visa နဲ့ ပေးချေလို့ရတာ တွေ့ရပါတယ်။
 

> Final Fantasy XIV ကို Steam ပေါ်ဝယ်မယ်ဆိုရင် Steam Region ခဏခဏ ချိန်းနေလို့ မရတော့ပါဘူး။ လစဉ်ကြေး ထည့်မရတော့တဲ့ ပြသနာ ရှိပါတယ်။ ဥပမာ အာဂျင်တီးနားမှာ ဂိမ်းဝယ်ပြီး register လုပ်၊ ဆော့နေတယ် ဆိုပါစို့။ အဲ့လို ဆော့နေရာကနေ steam region change လိုက်တဲ့အခါ လစဉ်ကြေးကို ထည့်နေကြ Steam wallet နဲ့ ထည့်လို့ မရတော့တာမျိုး ရှိပါတယ်။ visa နဲ့ထည့်မှ ရတော့တာမျိုး။ currency ချိန်းပေးမှ အဆင်ပြေတော့တာမျိုး။
 

> ဂိမ်းဝယ်ပြီး key ကို register လုပ်တဲ့အခါ လုပ်မရတာမျိုး ကြုံလာခဲ့ရင် steam မှာ checkout လုပ်တုန်းက သူပြောပြထားတဲ့အထဲ ပေးထားတဲ့ link ကနေတဆင့် square enix/ mog station website ထဲဝင်လုပ်ပါ။
 

> ဘာပဲဖြစ်ဖြစ် ဘယ်ကိုပဲသွားသွား steam ကနေတဆင့်ပဲ သွားပါ။ Mog station တို့ကို steam ကနေဆွဲထားတဲ့ launcher ကနေတဆင့်ပဲ သွားပါ။ error တက်တာ နည်းစေဖို့ပါ။
 

ကျန်ခဲ့တဲ့ အချက်တွေ ရှိနေမှာပါ။ ကိုယ်တွေ့ကြုံခဲ့ရတာတွေလည်း မန့်မှာ ဝေမျှသွားနိုင်ပါတယ်။
 

ဒါကတော့ ကျနော်နဲ့ Rose သူများတွေကို ကူညီရင်း တွေ့လာရတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ရေးထားတာပါ။ ကျနော်က Offcial website ကနေတိုက်ရိုက် ဝယ်ယူဆော့သမားမို့ Steam version မှာ ရှိတဲ့ ပြသနာတွေအကြောင်း သိပ်မသိပါဘူး။ Rose ကပဲ အကုန်နီးပါး ပြောပြပေးခဲ့တာမို့ Rose ရေ ... . ကျေးဇူးပါလို့။


Zawgyi

 

Final Fantasy XIV ကို Steam မွဝယ္ေဆာ့မယ္ဆိုသူမ်ားအတြက္
 

> Steam version ဟာ ႐ိုး႐ိုး PC version ထက္ Error အရမ္းမ်ားပါတယ္။
 

> Steam Store region "Myanmar" မွာ Final Fantasy XIV ဟာ Trial version ပဲရွိပါတယ္။ Myanmar region နဲ႔ ဂိမ္းလုံးဝ ဝယ္လို႔ မရပါ။
 

> ေနာင္အခါမွာ ဝယ္ဖို႔ အစီအစဥ္ ရွိၿပီး Trial version အရင္ေဆာ့ထားမယ္ဆိုလွ်င္ Steam Store Region ကို Argentina အရင္ေျပာင္းၿပီးမွ Demo (Trial) version ေဆာ့ဖို႔ အႀကံေပးလိုပါတယ္။ အာဂ်င္တီးနားက ဂိမ္းဝယ္ရာမွာ၊ လစဥ္ေၾကးထည့္ရာမွာ ေစ်းသက္သာတဲ့အျပင္ Square Enix account အေကာင့္ဖြင့္တဲ့အခါ အမ်ားထားတတ္ၾကတဲ့ Region နဲ႔ ကိုက္ညီမႈ ရွိေနလို႔ပါ။
 

> ေဆာ့မယ့္ Square Enix account ကို Google မွာ ရွာေတြ႕တဲ့ Final Fantasy XIV free trial webpage ကေန သပ္သပ္သြားမဖြင့္ပါနဲ႔။ အဲ့လိုဖြင့္တဲ့ အေကာင့္ဟာ Steam version မွာ ေဆာ့လို႔ရတဲ့ acc လုံးဝမဟုတ္ပါ။ ထို Acc ႏွင့္ Steam ကေန ေဒါင္းလုဒ္ဆြဲထားတဲ့ Final Fantasy XIV မွာ ထည့္ေဆာ့လို႔ မရပါ။ Error တက္ပါတယ္။
 

> Steam version အတြက္ Square Enix account ကို Steam Store ေပၚရွိ Final Fantasy XIV steam page က Demo (Trial) version ကိုႏွိပ္၊ က်လာတဲ့ Client ကိုေဒါင္း၊ Launcher install လုပ္ၿပီးမွ အဲ့ဒီ Launcher ကေနတဆင့္ "I do not possess Square Enix account." ကို ႏွိပ္လိုက္လွ်င္ Account ဖြင့္ရတဲ့ Webpage ကိုေရာက္သြားပါမယ္။ အဲ့ဒီမွာမွ Account ဖြင့္ရတာ ျဖစ္ပါတယ္။ ဒီဟာက်မွ Steam version အတြက္ Square Enix account အမွန္ ျဖစ္ပါတယ္။
 

> Square Enix account ဖြင့္တဲ့အခါမွာ Region ကို သတိထားထည့္ေပးပါ။ အမ်ားစုထားေနၾက Region ဟာ America ပါ။ က်ေနာ့္ Account လည္း America Region account ေတြပါပဲ။ ဥပမာ Steam store region "Thailand" မွာ ဂိမ္းဝယ္မယ္ဆိုရင္ Square Enix account ဖြင့္တဲ့အခါမွာမ်ိဳးမွာ Region ေနရာမွာ Asia ထားရမွာ ျဖစ္ပါတယ္။
 

> ထို region ေတြဟာ ဂိမ္းဝယ္ထည့္တဲ့ေနရာ Expansion ဝယ္တဲ့ေနရာေတြမွာသာ အသုံးဝင္ပါတယ္။ ဂိမ္းထဲေဆာ့မယ့္ Data center, World အေပၚ သက္ေရာက္မႈ မရွိပါဘူး။ Eu region acc နဲ႔လည္း JP data center ေတြမွာ သြားေဆာ့လို႔ ရပါတယ္။
 

> Steam သမားေတြဟာ Character ကို server change တဲ့အခါ ဆာဗာခ်ိန္းခကို Steam wallet နဲ႔ ေပးေခ်လို႔မရ၊ Visa နဲ႔ ေပးေခ်လို႔ရတာ ေတြ႕ရပါတယ္။
 

> Final Fantasy XIV ကို Steam ေပၚဝယ္မယ္ဆိုရင္ Steam Region ခဏခဏ ခ်ိန္းေနလို႔ မရေတာ့ပါဘူး။ လစဥ္ေၾကး ထည့္မရေတာ့တဲ့ ျပသနာ ရွိပါတယ္။ ဥပမာ အာဂ်င္တီးနားမွာ ဂိမ္းဝယ္ၿပီး register လုပ္၊ ေဆာ့ေနတယ္ ဆိုပါစို႔။ အဲ့လို ေဆာ့ေနရာကေန steam region change လိုက္တဲ့အခါ လစဥ္ေၾကးကို ထည့္ေနၾက Steam wallet နဲ႔ ထည့္လို႔ မရေတာ့တာမ်ိဳး ရွိပါတယ္။ visa နဲ႔ထည့္မွ ရေတာ့တာမ်ိဳး။ currency ခ်ိန္းေပးမွ အဆင္ေျပေတာ့တာမ်ိဳး။
 

> ဂိမ္းဝယ္ၿပီး key ကို register လုပ္တဲ့အခါ လုပ္မရတာမ်ိဳး ႀကဳံလာခဲ့ရင္ steam မွာ checkout လုပ္တုန္းက သူေျပာျပထားတဲ့အထဲ ေပးထားတဲ့ link ကေနတဆင့္ square enix/ mog station website ထဲဝင္လုပ္ပါ။
 

> ဘာပဲျဖစ္ျဖစ္ ဘယ္ကိုပဲသြားသြား steam ကေနတဆင့္ပဲ သြားပါ။ Mog station တို႔ကို steam ကေနဆြဲထားတဲ့ launcher ကေနတဆင့္ပဲ သြားပါ။ error တက္တာ နည္းေစဖို႔ပါ။
 

က်န္ခဲ့တဲ့ အခ်က္ေတြ ရွိေနမွာပါ။ ကိုယ္ေတြ႕ႀကဳံခဲ့ရတာေတြလည္း မန္႔မွာ ေဝမွ်သြားႏိုင္ပါတယ္။
 

ဒါကေတာ့ က်ေနာ္နဲ႔ Rose သူမ်ားေတြကို ကူညီရင္း ေတြ႕လာရတဲ့ အခ်က္အလက္ေတြအေပၚ မူတည္ၿပီး ေရးထားတာပါ။ က်ေနာ္က Offcial website ကေနတိုက္႐ိုက္ ဝယ္ယူေဆာ့သမားမို႔ Steam version မွာ ရွိတဲ့ ျပသနာေတြအေၾကာင္း သိပ္မသိပါဘူး။ Rose ကပဲ အကုန္နီးပါး ေျပာျပေပးခဲ့တာမို႔ Rose ေရ ... . ေက်းဇူးပါလို႔။

Post a Comment

0 Comments