What is "Bottleneck" in computer

Bottleneck ဆုိတာဘာလည္း.. သံုးထားတဲ့ စီပီယူ သို႔မဟုတ္ ဂ်ီပီယူက ဒီပီစီ ဒီကြန္ပ်ဳတာမွာ bottleneck ျဖစ္သြားႏိုင္မလား.. စတဲ့ “bottleneck” ဆုိတဲ့ အေခၚအေ၀ၚ term တစ္ခုကုိ ကြန္ပ်ဴတာအသံုးျပဳသူေတာ္ေတာ္မ်ားမ်ား (အထူးသျဖင့္ ဂိမ္မာမ်ား) ရင္းႏွီးၾကမွာပါ။ သူ႔ကုိနားလည္ဖုိ႔ရာကအခက္အခဲႀကီးမဟုတ္ေပမဲ့ ျမင္ဘူး ၾကားဘူးေပမဲ့ဘာကုိဆုိလုိမွန္း မသိေသးတဲ့သူေတြ၊ လံုး၀မသိ မၾကားဖူးေသးတဲ့သူေတြအတြက္ မွတ္ရလြယ္ေအာင္ေရးေပးထားပါတယ္။

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

တစ္လံုးခ်င္းစီဘာသာျပန္ရင္
Bottle = ပုလင္း
Neck = လည္ပင္း

ပုလင္းရဲ႕ ထိပ္အဖ်ားဘက္ ႐ႉးေနတဲ့အပိုင္း လည္ပင္းလုိေနရာကုိေျပာတာပါ bottleneck ကုိ ျမင္ေအာင္ေျပာရရင္



PC ပုိင္းမွာ ‘’bottleneck’’ ဆုိတာက hardware တစ္ခု (A) မွ သူနဲ႔အတူတူအလုပ္လုပ္ေနတဲ့ အျခား hardware အစိတ္အပုိင္းတစ္ခု (B/C/D စသည္) ရဲ႕ ျပည့္ျပည့္၀၀ အလုပ္လုပ္ႏိုင္စြမ္းကုိေႏွာင့္ေႏွးေစျခင္း လုိ႔နားလည္ႏုိင္ပါတယ္။

ပံုနဲ႔ျမင္သာေအာင္ေျပာရရင္..

NVIDIA TITAN Xp, လက္ရိွအျမန္ဆံုး PC gaming GPU နဲ႔ အနိမ့္ပုိင္း Pentium CPU/processor ကုိ တြဲသံုးမယ္ဆုိရင္ ဒီေနရာမွာ Pentium ေၾကာင့္ CPU bottleneck ျဖစ္ပါမယ္။

ဘာလုိ႔လည္း?

သင့္ရဲ႕ resolution ျမင့္တဲ့ ေမာ္နီတာ ေပၚမွာ game ေတြရဲ႕ေျပျပစ္တဲ့ ကာလာေတြ ပံုရိပ္ေတြကုိလ်င္ျမန္စြာေဖာ္ျပေပးႏုိင္ဖုိ႔ရာအတြက္ ဂ်ိီပီယူျဖစ္တဲ့ Titan Xp က အဆင္သင့္ျဖစ္ေနေပမဲ့ စီပီယူျဖစ္တဲ့ ေႏွးေကြးတဲ့ Pentium ေလးကေတာ့ process လုပ္ငန္းေတြကုိ အလ်င္မီ ေဆာင္ၾကဥ္းမေပးႏုိင္လုိ႔ပါ။

ဂ်ီပီယူက တစ္စကၠန္႔အတြင္း process ဆယ္ခုလုပ္ႏုိင္ခ်ိန္မွာ စီပီယူက ႏွစ္ခုေလာက္ပဲပီးတဲ့အတြက္ ဂ်ီပီယူရဲ႕ဆယ္ခုအလုပ္လုပ္ႏုိင္စြမ္းမွာ က်န္တဲ့ရွစ္ခုက အလဟသျဖစ္သြားရပါတယ္။

ဒါကို “CPU bottleneck” ျဖစ္တယ္လုိ႔ေခၚပါတယ္။

အျပန္အလွန္အားျဖင့္ စီပီယူကုိ လက္ရိွေနာက္ဆံုးေပၚ အျမန္ဆံုးျဖစ္တဲ့ Core i7-7700K နဲ႔ ဂ်ီပီယူကုိေတာ့ 7ေသာင္း ေလာက္သာေပးရတဲ့ gaming အတြက္ရည္ရြယ္ပီးထုတ္ထားတာမဟုတ္တဲ့ GT 730 လုိကတ္မ်ိဳးကို သံုးထားမယ္ဆုိရင္ စီပီယူကပုိ႔လုိက္တဲ့ process ဆယ္ခုမွာ GT730 က သူႏုိင္သေလာက္ပဲလက္ခံအလုပ္လုပ္သြားမွာမုိ႔ စီပီယူရဲ႕ျမန္ႏႈန္းဟာ ကန္႔သတ္ျခင္းခံရၿပီး “GPU bottleneck” ျဖစ္လာပါတယ္။

လွည္းတစ္စီးကို လိုရာခရီးေရာက္ဖို႔ ဆြဲမယ့္ ႏြားႏွစ္ေကာင္မွာ တစ္ေကာင္က သန္စျမန္စ ႏြားပ်ိဳ နဲ႔ က်န္တဲ့တစ္ေကာင္က မက်န္းမာျဖစ္ေနတဲ့ ႏြားအိုဆိုရင္ ဘယ္အဆင္ေျပပါေတာ့မလည္း။

ကြန္ပ်ဴတာ ေဘာ္တယ္နက္ဆိုတာ အဲ့သေဘာတရားကိုေျပာခ်င္တာပါ။

Bottleneck ရဲ႕အဓိပၸာယ္ကုိေတာ့ နားလည္ၿပီ၊ အဲ့လုိဆို သူ႔ေႀကာင့္ဘာေတြျဖစ္ႏုိင္လည္း၊ ပီစီရဲ႕ အစိတ္အပုိင္းေတြထိခိုက္ႏုိင္လား၊ ဘယ္လုိအတုိင္းအတာထိရိွႏုိင္မလည္းဆုိတာကုိေျပာရရင္

  • Bottleneck ေၾကာင့္ ပီစီအစိတ္အပုိင္း component ေတြထိခုိက္ပ်က္စီးႏုိင္ျခင္း သက္တမ္းေလ်ာ့ျခင္း မရိွပါ။
  •  ျမန္လြန္းသည့္စီပီယူ ႏွင့္ ေႏွးလြန္းသည့္ဂ်ီပီယူ၊ ျမန္လြန္းသည့္ဂ်ီပီယူႏွင့္ ေနွးေကြးသည့္စီပီယူ .. စသည္တုိ႔ေႀကာင့္ gaming ပုိင္းမွာ FPS drop ျခင္းမွလြဲၿပီး သိသာထင္ရွားသည့္အျခားအခ်က္မရိွပါ။
  • Desktop ႏွင့္ Laptop တြင္ bottleneck သည္ desktop မ်ားတြင္သာျဖစ္ေလ့ျဖစ္ထမ်ားကာ Laptop မ်ားတြင္မူ ထုတ္လုပ္သူ vendor မ်ားက သင့္တင့္သည့္ စီပီယူ/ဂ်ီပီယူ/ရမ္ တုိ႔ျဖင့္ထုတ္ေပးေလ့ရိွသျဖင့္ bottleneck ျဖစ္ရန္အခြင့္အလမ္းနည္းပါးပါတယ္။
  •  ေစ်းႀကီးေပး၀ယ္ထားရတဲ့ စီပီယူ သို႔ ဂ်ီပီယူကုိ bottleneck ေၾကာင့္ သူ႔တုိ႔ရဲ႕အလုပ္လုပ္နိုင္စြမ္းေတြအလဟသမျဖစ္ေစဖုိ႔ သူတို႔နဲ႔တြဲဖက္ထားမဲ့ အျခားအစိတ္ပိုင္းေတြကုိလည္း သင့္တင့္ေအာင္ေရြးတတ္ဖုိ႔လုိအပ္ပါတယ္။

သိသာလြန္းတဲ့ bottleneck ျဖစ္ေနတဲ့ကြန္ပ်ဴတာကို ဥပမာေျပာရရင္ .

  1. Pentium သို႔မဟုတ္ Core i3 စီပီယူ ကို GTX 1070 လိုမ်ိဳး ဂရပ္ဖစ္ကတ္အျမင့္ေတြနဲ႕တြဲထားရင္ ဒါက CPU bottleneck
  2. Core i5 / i7 သို႔မဟုတ္ Ryzen 7 စီပီယူ ကို GT 730 နဲ႕သူ႕ေအာက္ ဂရပ္ဖစ္ကတ္ေတြနဲ႔ တြဲထားရင္ GPU bottleneck ျဖစ္ေနပါပီ။

Unicode


Bottleneck ဆိုတာဘာလည်း.. သုံးထားတဲ့ စီပီယူ သို့မဟုတ် ဂျီပီယူက ဒီပီစီ ဒီကွန်ပျုတာမှာ bottleneck ဖြစ်သွားနိုင်မလား.. စတဲ့ “bottleneck” ဆိုတဲ့ အခေါ်အဝေါ် term တစ်ခုကို ကွန်ပျူတာအသုံးပြုသူတော်တော်များများ (အထူးသဖြင့် ဂိမ်မာများ) ရင်းနှီးကြမှာပါ။ သူ့ကိုနားလည်ဖို့ရာကအခက်အခဲကြီးမဟုတ်ပေမဲ့ မြင်ဘူး ကြားဘူးပေမဲ့ဘာကိုဆိုလိုမှန်း မသိသေးတဲ့သူတွေ၊ လုံးဝမသိ မကြားဖူးသေးတဲ့သူတွေအတွက် မှတ်ရလွယ်အောင်ရေးပေးထားပါတယ်။

တစ်လုံးချင်းစီဘာသာပြန်ရင်
Bottle = ပုလင်း
Neck = လည်ပင်း

ပုလင်းရဲ့ ထိပ်အဖျားဘက် ရှူးနေတဲ့အပိုင်း လည်ပင်းလိုနေရာကိုပြောတာပါ bottleneck ကို မြင်အောင်ပြောရရင်


PC ပိုင်းမှာ ‘’bottleneck’’ ဆိုတာက hardware တစ်ခု (A) မှ သူနဲ့အတူတူအလုပ်လုပ်နေတဲ့ အခြား hardware အစိတ်အပိုင်းတစ်ခု (B/C/D စသည်) ရဲ့ ပြည့်ပြည့်၀၀ အလုပ်လုပ်နိုင်စွမ်းကိုနှောင့်နှေးစေခြင်း လို့နားလည်နိုင်ပါတယ်။

ပုံနဲ့မြင်သာအောင်ပြောရရင်..
NVIDIA TITAN Xp, လက်ရှိအမြန်ဆုံး PC gaming GPU နဲ့ အနိမ့်ပိုင်း Pentium CPU/processor ကို တွဲသုံးမယ်ဆိုရင် ဒီနေရာမှာ Pentium ကြောင့် CPU bottleneck ဖြစ်ပါမယ်။

ဘာလို့လည်း?

သင့်ရဲ့ resolution မြင့်တဲ့ မော်နီတာ ပေါ်မှာ game တွေရဲ့ပြေပြစ်တဲ့ ကာလာတွေ ပုံရိပ်တွေကိုလျင်မြန်စွာဖော်ပြပေးနိုင်ဖို့ရာအတွက် ဂျီပီယူဖြစ်တဲ့ Titan Xp က အဆင်သင့်ဖြစ်နေပေမဲ့ စီပီယူဖြစ်တဲ့ နှေးကွေးတဲ့ Pentium လေးကတော့ process လုပ်ငန်းတွေကို အလျင်မီ ဆောင်ကြဉ်းမပေးနိုင်လို့ပါ။
ဂျီပီယူက တစ်စက္ကန့်အတွင်း process ဆယ်ခုလုပ်နိုင်ချိန်မှာ စီပီယူက နှစ်ခုလောက်ပဲပီးတဲ့အတွက် ဂျီပီယူရဲ့ဆယ်ခုအလုပ်လုပ်နိုင်စွမ်းမှာ ကျန်တဲ့ရှစ်ခုက အလဟသဖြစ်သွားရပါတယ်။
ဒါကို “CPU bottleneck” ဖြစ်တယ်လို့ခေါ်ပါတယ်။

အပြန်အလှန်အားဖြင့် စီပီယူကို လက်ရှိနောက်ဆုံးပေါ် အမြန်ဆုံးဖြစ်တဲ့ Core i7-7700K နဲ့ ဂျီပီယူကိုတော့ 7သောင်း လောက်သာပေးရတဲ့ gaming အတွက်ရည်ရွယ်ပီးထုတ်ထားတာမဟုတ်တဲ့ GT 730 လိုကတ်မျိုးကို သုံးထားမယ်ဆိုရင် စီပီယူကပို့လိုက်တဲ့ process ဆယ်ခုမှာ GT730 က သူနိုင်သလောက်ပဲလက်ခံအလုပ်လုပ်သွားမှာမို့ စီပီယူရဲ့မြန်နှုန်းဟာ ကန့်သတ်ခြင်းခံရပြီး “GPU bottleneck” ဖြစ်လာပါတယ်။

လှည်းတစ်စီးကို လိုရာခရီးရောက်ဖို့ ဆွဲမယ့် နွားနှစ်ကောင်မှာ တစ်ကောင်က သန်စမြန်စ နွားပျို နဲ့ ကျန်တဲ့တစ်ကောင်က မကျန်းမာဖြစ်နေတဲ့ နွားအိုဆိုရင် ဘယ်အဆင်ပြေပါတော့မလည်း။
ကွန်ပျူတာ ဘော်တယ်နက်ဆိုတာ အဲ့သဘောတရားကိုပြောချင်တာပါ။

Bottleneck ရဲ့အဓိပ္ပာယ်ကိုတော့ နားလည်ပြီ၊ အဲ့လိုဆို သူ့ကြောင့်ဘာတွေဖြစ်နိုင်လည်း၊ ပီစီရဲ့ အစိတ်အပိုင်းတွေထိခိုက်နိုင်လား၊ ဘယ်လိုအတိုင်းအတာထိရှိနိုင်မလည်းဆိုတာကိုပြောရရင်

  • Bottleneck ကြောင့် ပီစီအစိတ်အပိုင်း component တွေထိခိုက်ပျက်စီးနိုင်ခြင်း သက်တမ်းလျော့ခြင်း မရှိပါ။
  • မြန်လွန်းသည့်စီပီယူ နှင့် နှေးလွန်းသည့်ဂျီပီယူ၊ မြန်လွန်းသည့်ဂျီပီယူနှင့် နှေးကွေးသည့်စီပီယူ .. စသည်တို့ကြောင့် gaming ပိုင်းမှာ FPS drop ခြင်းမှလွဲပြီး သိသာထင်ရှားသည့်အခြားအချက်မရှိပါ။
  • Desktop နှင့် Laptop တွင် bottleneck သည် desktop များတွင်သာဖြစ်လေ့ဖြစ်ထများကာ Laptop များတွင်မူ ထုတ်လုပ်သူ vendor များက သင့်တင့်သည့် စီပီယူ/ဂျီပီယူ/ရမ် တို့ဖြင့်ထုတ်ပေးလေ့ရှိသဖြင့် bottleneck ဖြစ်ရန်အခွင့်အလမ်းနည်းပါးပါတယ်။
  •  ဈေးကြီးပေးဝယ်ထားရတဲ့ စီပီယူ သို့ ဂျီပီယူကို bottleneck ကြောင့် သူ့တို့ရဲ့အလုပ်လုပ်နိုင်စွမ်းတွေအလဟသမဖြစ်စေဖို့ သူတို့နဲ့တွဲဖက်ထားမဲ့ အခြားအစိတ်ပိုင်းတွေကိုလည်း သင့်တင့်အောင်ရွေးတတ်ဖို့လိုအပ်ပါတယ်။

သိသာလွန်းတဲ့ bottleneck ဖြစ်နေတဲ့ကွန်ပျူတာကို ဥပမာပြောရရင် .

  1. Pentium သို့မဟုတ် Core i3 စီပီယူ ကို GTX 1070 လိုမျိုး ဂရပ်ဖစ်ကတ်အမြင့်တွေနဲ့တွဲထားရင် ဒါက CPU bottleneck
  2. Core i5 / i7 သို့မဟုတ် Ryzen 7 စီပီယူ ကို GT 730 နဲ့သူ့အောက် ဂရပ်ဖစ်ကတ်တွေနဲ့ တွဲထားရင် GPU bottleneck ဖြစ်နေပါပီ။ 



Post a Comment

0 Comments