Mortal Kombat 11 Review


Mortal Kombat ဆိုတာ ဒီက 90 born ဂိမ္မာအားလုံးနီးပါးနဲ႔ မစိမ္းတဲ့နာမည္တစ္ခု . .

သူ႔ကို က်ေနာ္စသိတာက 2006 ထဲ ရွစ္တန္းစာေမးပြဲေျဖထားပီးလို့ ေက်ာင္းသုံးလပိတ္တဲ့အေတာအတြင္း၊

အဲ့ဒီအခ်ိန္တုန္းက PS2 ဂိမ္းဆိုင္ေတြအရမ္းေအာင္ျမင္ေနတဲ့ကာလ . .
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version
Credit to writer, Seo Thu Aung
လူကလည္း ဂိမ္းဆိုလို့ family retro ေတြေလာက္ပဲေဆာ့ဖူးတဲ့အခ်ိန္ . .

PS2 က အဲ့တုန္းက ေဈးႀကီးသလို အိမ္ကိုပူဆာရင္လည္း ဂိမ္းနဲ႔ပတ္သတ္လို့ အလိုမလိုက္တဲ့အခ်ိန္မို့ ဝယ္ခိုင္းဖို့ကလည္းမျဖစ္နိုင္ေတာ့ ေက်ာင္းပိတ္ရက္ဆို စုထားတဲ့မုန႔္ဖိုး ငါးရာေလာက္ကိုင္ပီး ဆိုင္ကိုေျပးရတာအေမာ . .

အဲ့ဒီမွာ ေခတ္စားတာက Winning Eleven ေဘာလုံး၊ သရဲေသနတ္ပစ္လို့အလြယ္ေခၚတဲ့ Resident Evil 4၊ ကားသူခိုး GTA San Andreas၊ God of War တို့ စတဲ့ဂိမ္းေတြနဲ႔ Mortal Kombat: Shaolin Monks . .

စက္ ဆယ္လုံးရွိရင္ တစ္ဝက္က ေဘာလုံးနဲ႔ က်န္တစ္ဝက္က အဲ့ဒီ ဂိမ္းေတြပဲအေဆာ့မ်ားၾကတယ္။

ဂိမ္းဆိုင္သြားရင္ က်ေနာ္တို့က ညီအကိုႏွစ္ေယာက္ (ညီက အဲ့တုန္းက ေလးတန္းေပါက္စ) ဆိုေတာ့ မ်ားေသာအားျဖင့္ ႏွစ္ေယာက္ဗ်င္းလို့ရတဲ့ဂိမ္းေတြပဲေရြးေဆာ့ၾကတာမ်ားတယ္ (ပိုက္ဆံလည္းအပိုမကုန္ေတာ့ဘူးဆိုေတာ့)

ေဘာလုံးကိုလည္းအဲ့တုန္းကမႀကိဳက္၊

အဲ့ဒီမွာ Mortal Kombat: Shaolin Monks နဲ႔ သြားေတြ႕ပါေလေရာ . .

ငယ္တုန္းဆိုေတာ့ dialog ေတြလည္း တစ္ခုမွနားမလည္ ဒီအတိုင္း ႀကိဳက္လို့ေဆာ့ရင္းနဲ႔ ဘယ္ေလာက္အထိျဖစ္လာလည္းဆိုရင္ မမသုံးေယာက္ကို အနိုင္သတ္တဲ့အခန္းပီးဖို့ကို အခ်ိန္ တစ္နာရီထဲပဲၾကာခဲ့တယ္၊

ဘာမွမဟုတ္ေပမဲ့လို့ အဲ့ဒီအခ်ိန္တုန္းက ဒါဟာ ကိုယ့္အတြက္ ဂုဏ္ယူခဲ့ရတဲ့ျဖစ္ရပ္ပဲ။

ကိုယ္က "အေကာင္" လည္းမဟုတ္ခဲ့ေတာ့ ဂိမ္းေဆာ့ရင္ မန္မိုရီမွတ္တာေတြဘာေတြ မေတာင္းခဲ့သလို လုပ္လည္းမလုပ္ခဲ့ဘူး . .
ဒီေတာ့ ေနာက္တစ္ခါဆိုင္ေရာက္ရင္ ဂိမ္းကိုအစကေနျပန္ေဆာ့ပဲ။
ေနာက္ပိုင္း PS2 စက္ ကိုယ္ပိုင္ဝယ္ပီးေတာ့မွ ဇာတ္လမ္းအဆုံးပီးေအာင္ေဆာ့ျဖစ္တယ္။
(စကားဦးသန္းေနတာၾကာသြားပီ ခုထိ MK11 နဲ႔ပတ္သတ္တာမပါေသးဘူး)

ဆိုေတာ့ Shaolin Monks က က်ေနာ့္အတြက္ Mortal Kombat နဲ႔ စသိေစခဲ့တဲ့ ဂိမ္း . .

vs. fighting က မူလအစဆိုေပမဲ့ spin-off action ႀကီးနဲ႔ပဲ စသိ စရင္းႏွီးခဲ့ သေဘာက်ခဲ့တယ္။ Shaolin Monks ကလြဲရင္ 2010 မတိုင္ခင္ကထြက္ခဲ့တဲ့ က်န္တဲ့ MK ဂိမ္းေတြကို မေဆာ့ခဲ့ဘူး။

က်ေနာ္ PC gaming ဖက္ကိုပိုအားသန္လာတဲ့ ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ MK ကို reboot ဆိုပီးျပန္ထုတ္လာတယ္ . .

Mortal Kombat (2011)
Mortal Kombat X (2015)
Mortal Kombat 11 (2019)

ဂိမ္းသုံးခု၊

ဇာတ္လမ္းေတြက တိုက္ရိုက္အဆက္ေတြ . .

ဆိုေတာ့ MK11 ထြက္လာေတာ့ ေရွ႕ႏွစ္ခုက ၿပီးခဲ့ပီးသားေတြျဖစ္ေနေပမဲ့ ဇာတ္လမ္းေတြေမ့သေလာက္ျဖစ္ေနလို့ ေနာက္တစ္ေခါက္စီထပ္ေဆာ့ရျပန္တယ္။

MK11 ကို ေဆာ့ကစားမဲ့သူေတြအေနနဲ႔ သူ႔ေရွ႕ကဂိမ္းႏွစ္ခုကိုအရင္ကိုင္ထားမွအဆင္ေျပပါလိမ့္မယ္ . . မဟုတ္ရင္ ႐ုပ္ရွင္ကို သုံးပုံႏွစ္ပုံပီးတဲ့အခ်ိန္မွဝင္ၾကည့္တဲ့သူတဲ့ တူေနမွာပါ၊

က်ေနာ့္အေနနဲ႔ ေရွ႕မွာ Mortal Kombat 11 မတိုင္ခင္ အျဖစ္အပ်က္ေတြကို "A Mortal Kombat Story" ဆိုတဲ့ေခါင္းစဥ္နဲ႔ ေရးခဲ့ပီးျဖစ္ပါတယ္။

ယခု review အတြက္ Mortal Kombat 11 ကိုမွ $90 တန္တဲ့ Premium Edition ကို လက္ေဆာင္အျဖစ္ေပးထားတဲ့ Overlord Entertainment ကို ေက်းဇူးအထူးတင္ပါတယ္၊

MK11 ကို trailer ေတြကတည္းက hype ခဲ့ရသလို ထြက္ပီးေတာ့လည္း ဝယ္မေဆာ့နိုင္တဲ့အေျခအေန (ခိုးကူးပိုင္းရိတ္ဆိုတာကလည္း ခုထိမရေသး) ျဖစ္ေနေတာ့ ေရငတ္တုန္းေရတြင္းထဲက်ဆိုသလိုပါပဲ။

Overlord Entertainment မွာ ဝါသနာအရ PC, Xbox ဂိမ္းေတြ steaming လုပ္ေနသလို ရံဖန္ရံခါ meme ေတြလည္းတင္တတ္ေတာ့ ဂိမ္မာေတြအေနနဲ႔ ဝင္ေရာက္ၾကည့္ရွုနိုင္ဖို့လည္း အသိေပးလိုက္ရပါတယ္။

Story

(Full Spoiler)

Mortal Kombat X ဇာတ္လမ္းအျဖစ္အပ်က္ပီး ၂ ႏွစ္အၾကာ dark Raiden က သူ႔ရဲ့က်န္ရွိတဲ့ ရန္သူေတြ (Revanent Liu Kang, Kung Lao, Kitana, Jade) တို့ကို ဆက္ပီးအျမစ္ျပတ္သုတ္သင္ဖို့ရာ Sonya Blade, Johnny Cage နဲ႔ Cassie Cage တို့ကို သူ႔အႀကံအစည္ေျပာျပခဲ့တယ္။ (အဲ့ဒီအခ်ိန္မွာ Cassie က Earthrealm Special Forces မွာ commander အရာရွိျဖစ္ေနပီ)

Revanent army ေတြရွိရာ Netherrealm သို့ သြားေရာက္တိုက္ခိုက္မဲ့အစီအစဥ္ကို Johnny သေဘာမက်ေပမဲ့ Sonya က သေဘာတူလိုက္ပီး သူမအပါအဝင္ သမီးျဖစ္တဲ့ Cassie နဲ႔အတူ Jacqui ကိုေခၚကာ Special Forces စစ္သားအလုံးအရင္းနဲ႔ Netherrealm ကို ဝင္ေရာက္ၾကပါေတာ့တယ္။

မ်ားျပားလွတဲ့ Revanent Army ေတြကိုအာ႐ုံလႊဲဖို့အတြက္ dark Raiden က ေရွ႕မ်က္ႏွာစာမွာအေယာင္ျပပီး တိုက္ခိုက္ေနခ်ိန္မွာ Cassie တို့အဖြဲ႕က temple အတြင္းဝင္ေရာက္ကာ ေဖာက္ခြဲဖ်က္စီးဖို့ရာ စတင္ပါတယ္။

သို့ေသာ္လည္း မ်ားမၾကာမီ Revanent Liu Kang မွ သိရွိသြားကာ Cassie တို့အဖြဲ႕ကို သူ႔စစ္သည္ေတြအလုံးအရင္းနဲ႔ တိုက္ခိုက္လာတယ္။

temple အတြင္း C4 မ်ားတပ္ဆင္အပီး Sonya နဲ႔အဖြဲ႕ တပ္ျပန္ဆုတ္ဖို့ထြက္အလာမွာ Liu Kang ရဲ့ တားဆီးတိုက္ခိုက္မွုေၾကာင့္ Sonya တို့ အတြင္းမွာပိတ္မိသြားပါတယ္။

အျပင္ထြက္ဖို့ရာ အေျခအေနမေပးေတာ့တာမို့ Sonya က Cassie တို့ကို Earthrealm ျပန္ဆုတ္ဖို့ရာေနာက္ဆုံးအမိန႔္ေပးပီး မိုင္းေတြကို အေသခံကာကိုယ္တိုင္ေဖာက္ခြဲလိုက္ပါတယ္။

dark Raiden, Cassie, Jacqui တို့ရဲ့အျပန္ခရီးမွာ Sonya ျပန္ပါမလာေတာ့တဲ့အျဖစ္နဲ႔အတူ Johnny လည္း စိတ္မေကာင္းျဖစ္ကာ Cassie ကို ႏွစ္သိမ့္လၽွက္ရွိေနပါတယ္၊၊

Cassie ကေတာ့ ငိုေႂကြးေနစဲ . .

temple ပ်က္စီးသြားျခင္းနဲ႔အတူ Revanent Army တစ္ခုလုံးေပ်ာက္ကြယ္သြားတာေၾကာင့္ Liu Kang တို့ အခဲမေက်ျဖစ္ေနစဥ္ Kronika ေရာက္ရွိလာကာ အခ်ိန္ ေနာက္ျပန္ဆုတ္ (rewind) ကာ temple တစ္ခုလုံးကို အေကာင္းပကတိျပန္ျဖစ္ေစခဲ့ပါတယ္။

Kronika က အခ်ိန္ေစာင့္ေရွာက္သူနတ္ဘုရား (keeper of time) ျဖစ္သလို Shinnok နဲ႔ Elder God Cetrion တို့ရဲ့ မိခင္လည္းျဖစ္ပါတယ္။

Kronika က သူမအေနနဲ႔ အခုလိုကူညီရျခင္းမွာ သဘာဝတရားရဲ့ မၽွတစြာ balance ျဖစ္တည္ေနမွုကို Raiden ရဲ့ လုပ္ေဆာင္ခ်က္ေတြက ပ်က္ယြင္းေစေၾကာင္း၊

အဲ့ဒိအတြက္ Raiden ကို timeline အတြင္းကေနဖယ္ရွားဖို့ရာလိုပီး timeline သစ္ ျပန္လည္ဖန္တီးရမွာျဖစ္ေၾကာင္း ေျပာပါတယ္။

Revanent Liu Kang လည္း Kronika ႏွင့္အတူပူးေပါင္းလိုက္ပီး သူမ လုပ္ငန္းစဥ္ေတြကိုျဖစ္ေျမာက္ဖို့ရာ ကူညီဖို့သေဘာတူလိုက္ပါတယ္။

ထို့ေနာက္ Kronika မွ time storm ကိုဖန္တီးလိုက္ကာ အတိတ္ (past timeline) နဲ႔ လက္ရွိ timeline ကို ေပါင္းစပ္လိုက္ပါေတာ့တယ္။

Time Storm ေၾကာင့္ first mortal kombat tournment အခ်ိန္က လူေတြ လက္ရွိကာလကို ေရာက္ရွိလာပီး ငယ္ရြယ္တဲ့ Johnny, Sonya, Jax နဲ႔ လက္ရွိ timeline က Johnny တို့အဖြဲ႕ မ်က္ႏွာခ်င္းဆိုင္ဆုံေတြ႕ကာ မွင္သက္ကုန္ၾကပါတယ္။

လက္ရွိ timeline က dark Raiden ကေတာ့ ထူးျခားစြာ ေပ်ာက္ကြယ္သြားခဲ့ပါတယ္။

(ေနာက္မွသိရတာက Raiden ဟာ immortal ျဖစ္တဲ့အတြက္ timeline တစ္ခုထဲမွာ ႏွစ္ေယာက္ တစ္ၿပိဳင္ရွိ၍မရျခင္းျဖစ္ပါတယ္)

ထိုအခ်ိန္ Outworld မွာ လက္ရွိ အင္ပါယာ Kotal Kahn က ယခင္ Shao Kahn ရဲ့ လက္ပါးေစျဖစ္တဲ့ Kollector ကို ကြပ္မ်က္ဖို့ရာ ျပင္ဆင္ေနတဲ့အခ်ိန္ပဲျဖစ္တယ္။

Time Storm ေၾကာင့္ အဆိုပါ လူသတ္ကြင္းအတြင္း past timeline က Shao Kahn, Skarlet, Baraka, Kano, Erron Black တို့ေရာက္ရွိလာသလို Raiden, Kung Lao, Liu Kang, Kitana, Jade တို့လည္းပဲ တၿပိဳင္နက္ေပၚေပါက္လာခဲ့ၾကတယ္။

မၾကဳံစဖူး ထူးဆန္းတဲ့အခ်င္းအရာေၾကာင့္ တဒဂၤညိမ္သက္သြားပီးေနာက္မွာေတာ့ Raiden က timeline ႏွစ္ခု အတူေပါင္းစည္းသြားေၾကာင္း သိရွိကာ Kotal Kahn နဲ႔ Shao Kahn တို့အၾကား တိုက္ပြဲမွာ Kotal ဖက္ကေန ဝင္ေရာက္ကူညီလိုက္ပါတယ္။

Shao Kahn နဲ႔ သူ႔ရဲ့အဖြဲ႕ အေရးနိမ့္ေနခ်ိန္မွာ D'Vorah ေရာက္လာပီး Shao Kahn တို့ကို portal နဲ႔ ကယ္ထုတ္သြားပါတယ္။

Shao Kahn ဟာ တစ္ခ်ိန္က D'Vorah ေနထိုင္ရာဌာေနကို မီးရွို့ဖ်က္ဆီးခဲ့ဖူးေလေတာ့ ဘာေၾကာင့္သူ႔ကိုကယ္တင္ရလည္းဆိုတာေမးပါတယ္။ Kollector မွ D'Vorah ဟာ ယုံၾကည္ရသူမဟုတ္ေၾကာင္း၊
Kotal Kahn ကို သစၥာေဖာက္ခဲ့ဖူးသလို Mileena ကိုလည္း သတ္ခဲ့ေၾကာင္း Shao Kahn ကိုေျပာျပပါတယ္။

အဆိုပါစကားေၾကာင့္ Shao Kahn ေဒါသျပင္းစြာထြက္ပီး D'Vorah ကို တိုက္ခိုက္ရန္ျပင္စဥ္ Kronika ေရာက္ရွိလာကာ D'Vorah က သူမေစာင့္ရွာက္မွုေအာက္မွာရွိတဲ့အတြက္ တိုက္ခိုက္ရန္မလိုေၾကာင္းနဲ႔ time storm ဟာ သူမရဲ့စီစဥ္မွုတစ္ခုျဖစ္ေၾကာင္းေျပာပါတယ္။

Raiden မပါတဲ့ timeline အသစ္ကို ဖန္တီးမွာျဖစ္ေၾကာင္းေျပာပီးတဲ့ေနာက္မွာေတာ့ Shao Kahn ဟာ Kronika လက္ေအာက္ကေန ကူညီဖို့ရာသေဘာတူလိုက္ပါတယ္။ (Scorpion, Sub-Zero နဲ႔ သူတို့ရဲ့ clan ေတြအၾကား အျဖစ္အပ်က္ေတြက သပ္သပ္ေရးမွအဆင္ေျပမွာျဖစ္တဲ့အတြက္ ခ်န္ထားခဲ့ပါတယ္)

Raiden, Kung Lao, Liu Kang တို့ Earthrealm သို့သြားေရာက္ကာ လက္ရွိအျဖစ္အပ်က္ေတြကိုသုံးသပ္ပီးေနာက္မွာေတာ့ Kronika ရဲ့လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ယခုလိုျဖစ္ရေၾကာင္း သိရွိခဲ့ၾကပါတယ္။

ဇာတ္လမ္းကိုအတိုခ်ဳပ္ရရင္ past timeline က Liu Kang ကို Kronika ဖမ္းေခၚသြားတယ္၊ Revanent Liu Kang က past timeline Liu Kang ရဲ့ souls ကို စုပ္ယူလိုက္တယ္။

Kronika ကိုတာဆီးဖို့ရာ Raiden နဲ႔ အဖြဲ႕ေတြ ေရာက္လာၾကတယ္။

Cassie Cage ဦးေဆာင္တဲ့ Special Forces
Kung Lao ဦးေဆာင္တဲ့ ေရွာင္လင္အဖြဲ႕
Kitana ဦးေဆာင္တဲ့ Outworld/Tarkatans အဖြဲ႕
အလုံးအရင္းနဲ႔ Sea of Blood ကိုျဖတ္ပီး Kronika ရွိရာခ်ီတက္လာၾကတယ္။

Kronika ဖက္က Frost, Geras တို့ကို ေစလႊတ္ပီးတိုက္ေစေပမဲ့ မေအာင္ျမင္ခဲ့သလို Revanent Liu Kang သည္လည္းပဲ Raiden ကိုရွုံးနိမ့္သြားပါတယ္။

Raiden က သူ႔ရဲ့ souls ကို Revanent Liu Kang အတြင္းေပါင္းစည္းေစကာ Liu Kang ကို Fire God ျဖစ္ေစခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Kronika တည္ရွိရာေနရာကို Fire God Liu Kang နဲ႔အတူ Kung Lao, Kitana တို့အတူတကြဝင္ေရာက္ၾကပါတယ္

သို့ေသာ္ျငား Kronika ရဲ့ အစီအစဥ္က ၿပီးေျမာက္လုနီးပါးျဖစ္ေနပီး Fire God Liu Kang က လြဲလို့ က်န္သူအားလုံး rewind ျဖစ္ကာ ေနာက္ဆုတ္ေပ်ာက္ကြယ္ကုန္ပါတယ္။

သူမလုပ္ငန္းစဥ္ကို ဆက္လက္အေကာင္အထည္ေဖာ္ဖို့ Revanent Kung Lao, Kitana, Jade တို့ကို Fire God Liu Kang ကို တိုက္ခိုက္ေစေသာ္လည္း အေရးနိမ့္သြားသလို Elder God ျဖစ္တဲ့ Cetrion သည္ပင္လၽွင္ Liu Kang ကို ရွုံးနိမ့္သြားပါတယ္။

Kronika ကိုယ္တိုင္ Liu Kang နဲ႔ အျပန္အလွန္တိုက္ခိုက္ရင္း အဆုံးသတ္မွာေတာ့ Liu Kang အနိုင္ရသြားပါတယ္။

Kronika ေသဆုံးသြားပီးမွာေတာ့ Liu Kang ရဲ့ souls ကေန Raiden ခြဲထြက္ကာ သူ႔အေနနဲ႔ mortal (ေသမ်ိဳး) တစ္ေယာက္ျဖစ္သြားပီျဖစ္ေၾကာင္းနဲ႔ Liu Kang ကို timeline အသစ္ျပန္စမဲ့လုပ္ငန္းစဥ္ေတြမွာ သူအသက္ရွိေနသ၍ ကူညီအႀကံေပးသြားမွာျဖစ္ေၾကာင္းေျပာပါတယ္။

ဇာတ္လမ္း ending က ကစားသူအေပၚမူတည္ပီး ရလဒ္ ႏွစ္မ်ိဳးရွိပါတယ္။

Kronika ကို 2 round ဆက္တိုက္အနိုင္ရရင္ Liu Kang ဟာ Kitana နဲ႔အတူ timeline ျပန္စရမွာျဖစ္ပီး 3 round မွ အနိုင္ရရင္ေတာ့ Kitana မပါပဲ timeline ကိုစရမွာပါ။

ဘယ္ဟာက canon ending ဆိုတာကိုေတာ့ Ed Boon ကို ေမးၾကည့္မွပဲသိပါလိမ့္မယ္။

Ed Boon ကေတာ့ MK11 ဟာ လက္ရွိ reboot trilogy အတြက္ ဇာတ္ေပါင္းဂိမ္းျဖစ္တယ္လို့ဆိုထားပါတယ္။

Mortal Kombat ရဲ့ Story Mode က fighting ဂိမ္းေတြထဲမွာ စိတ္ဝင္စားဖို့အေကာင္းဆုံးလို့သတ္မွတ္လို့ရပါတယ္။ မ်ားျပားလွတဲ့ character တစ္ေယာက္ျခင္းစီမွာ စိတ္ဝင္စားစရာ ေနာက္ခံဇာတ္လမ္းေတြကရွိႏွင့္ပီးျဖစ္ပါတယ္။ အေပၚမွာက်ေနာ္ေျပာခဲ့သလိုပဲ စီးရီးလိုက္မသိပဲ ကြက္ေဆာ့မယ္ဆိုရင္ေတာ့ ဘာမွနားလည္လိုက္မွာမဟုတ္ပါဘူး။

Story Rating: 4/5

Gameplay


ဂိမ္းမွာ သမစဥ္အတိုင္းပဲ vs. fighting အမ်ိဳးအစားျဖစ္ပီး ျမင္ကြင္းရဲ့ တစ္ဖက္တစ္ခ်က္စီမွာ ကိုယ့္ဇာတ္ေကာင္နဲ႔ ရန္သူ ရွိေနၾကမွာျဖစ္ပါတယ္။

Mortal Kombat ျဖစ္ေနတဲ့အတြက္ သူ႔အမွတ္အသားျဖစ္တဲ့ ေသြးသံရဲရဲ Fatalities ေတြပါမယ္၊

Health 30℅ ေအာက္ေရာက္ရင္ Fatal Blows သုံးလို့ရမယ္၊

Fatal Blows က MKX မွာပါတဲ့ X-ray move နဲ႔ သေဘာတရားျခင္း အတူတူပါပဲ၊

တစ္ဖက္လူကို pre-cast cinematic နဲ႔ ရွယ္ဗ်င္းျပတဲ့အကြက္။

ေနာက္တစ္ခုက Krushing Blows ဆိုပီးထပ္ပါလာတယ္၊

သူက သတ္မွတ္ထားတဲ့အေျခအေနတစ္ခုမွာ သတ္မွတ္ထားတဲ့ key input ကို ႏွိပ္နိုင္ခဲ့ရင္ ထြက္လာတဲ့ mini-fatality move တစ္ခုပါပဲ။

combo ေတြတရစပ္ထုတ္နိုင္ဖို့ရာ တစ္ေယာက္ျခင္းစီရဲ့ combine move ေတြနဲ႔ လက္ယဥ္ေနဖို့ရာလိုပါတယ္၊

အဲ့ဒီအတြက္ ဂိမ္းဇာတ္လမ္းမစခင္မွာ training mode နဲ႔ အရင္ သိေအာင္လုပ္ျခင္းက ပိုအဆင္ေျပေစမွာပါ။

Story mode နဲ႔အတူ online vs. mode / single vs. mode (CPU or Local) ေတြပါဝင္ပီး ဇာတ္ေကာင္အေနနဲ႔ 24 ေယာက္ ေရြးနိုင္မွာျဖစ္ပါတယ္။

(ရိုးရိုး Standard Edition မွာ ဇာတ္ေကာင္ 24 ေယာက္ပါဝင္ပီး က်ေနာ္ကေတာ့ Premium Edition နဲ႔ျဖစ္တဲ့အတြက္ DLC character 6 ေယာက္ ထပ္မံပါဝင္တာေၾကာင့္ အေယာက္ 30 ျဖစ္သြားပါတယ္။

Pre-order bonus character ျဖစ္တဲ့ Shao Kahn ကိုပါထည့္သြင္းမယ္ဆိုရင္ေတာ့ စုစုေပါင္း 31 ေယာက္ျဖစ္သြားမွာပါ။

Stand Edition ရွိပီးသားသူေတြအေနနဲ႔ DLC ဇာတ္ေကာင္ေတြကိုရယူလိုပါက Kombat Pack ထပ္မံဝယ္ယူပီး upgrade ျပဳလုပ္နိုင္သလို မိမိႏွစ္သက္ရာ character တစ္ေယာက္ျခင္းစီကိုလည္း $5 ျဖင့္ သီးျခားဝယ္ယူနိုင္ပါတယ္)

Story Mode ကို normal difficulity ျဖင့္ေဆာ့ကစားရာမွာ final boss Kronika မွလြဲလို့ သိပ္ခက္ခက္ခဲခဲမရွိခဲ့ပဲ အခ်ိန္ ၄ နာရီခန႔္သာၾကာျမင့္ခဲ့ပါတယ္။

ဒါကလည္း cinematic cutscene ေတြပါထည့္တြက္ထားလို့ ၄ နာရီအထိေရာက္သြားရျခင္းပါ၊

ဂိမ္းပေလးခ်ည့္ဆို အဲ့ေလာက္မၾကာပါ။

က်ေနာ့္အေနနဲ႔
Mortal Kombat 2011
Mortal Kombat X

ဂိမ္းႏွစ္ခုကို ေရွ႕ဆင့္ေနာက္ဆင့္ပဲဆက္ေဆာ့ထားေလေတာ့ MK11 ရဲ့ gameplay က ထိန္းခ်ဳပ္ရတဲ့အပိုင္းမွာ ပိုပီး စိတ္ေက်နပ္စရာေကာင္းတယ္လို့ ခံစားရပါတယ္။

Gameplay Rating: 4.5/5

Graphics & PC Performance


2015 မွာ Mortal Kombat X ထြက္လာေတာ့ သူ႔ရဲ့ ဂရပ္ဖစ္က ေႂကြဆင္းစရာႀကီး လန္းတာႀကီး ဆိုပီး ကိုယ္တိုင္မွတ္မွတ္ရရ ျဖစ္ခဲ့ဖူးတယ္၊

MKX က Unreal Engine 3 ဂိမ္းအင္ဂ်င္အေဟာင္းႀကီးသုံးထားတယ္ဆိုတာကိုပါ သိလိုက္ရျပန္ေတာ့ ပိုအံ့အားသင့္ရပါေသးတယ္၊

UE4 ကိုသုံးမယ္လို့ထင္တာကိုး . .

ေနာက္ 2017 ေရာက္ေတာ့ Injustic 2 ထြက္လာေတာ့လည္း ဒီလိုပဲ . .

MKX ထက္ ပိုၾကည့္ေကာင္းလာတယ္ . .

ဂိမ္းအင္ဂ်င္ကလည္း UE3 အေဟာင္းပဲ။

MK11 ေၾကညာေတာ့ ဒီတစ္ခါေတာ့ UE4 သုံးပီလို့ထင္ထားတာ တက္တက္စင္ေအာင္လြဲပါေလေရာ . .

development team ကိုယ္တိုင္ သူတို့ဂိမ္းက modified လုပ္ထားတဲ့ UE3 ကိုပဲဆက္သုံးထားတာပါဆိုပီး တရားဝင္ေျပာၾကားလာတယ္။

MK11 ဟာ ဂိမ္းပေလးမွာ သူ႔ေရွ႕က MK ဂိမ္းေတြထက္ ပိုေကာင္းလာသလိုပဲ ႐ုပ္ထြက္ပိုင္းမွာလည္း အင္ဂ်င္အေဟာင္းကိုပဲဆက္သုံးထားလင့္ကစား MKX, Injustice 2 တို့ထက္ပင္ ပိုသပ္ရပ္ ပိုၾကည့္ေကာင္းလာပါေသးတယ္။

cinematic cutscene ေတြက pre-render ေတြဆိုေပမဲ့ gameplay graphics နဲ႔ တစ္ထပ္ထဲျဖစ္ေနတာေၾကာင့္ ကစားခ်ိန္မွာ ဗြီဒီယိုဝင္လာသလိုမခံစားရပဲ အမွန္တကယ္ဆက္တိုက္ျဖစ္ပ်က္ေနတဲ့အတိုင္း ခံစားရပါတယ္။

mocap ယူထားတဲ့ facial animation ေတြက အရမ္းကိုအႏုစိတ္ေသသပ္လြန္းတာေၾကာင့္ ဇာတ္ေကာင္ရဲ့ ေပ်ာ္ရႊင္ျခင္း ဝမ္းနည္းျခင္း အလိုမက်ျခင္း ေၾကာက္ရြံ့ျခင္း စတာေတြကို မ်က္ႏွာကိုၾကည့္လိုက္႐ုံနဲ႔ အလြယ္တကူခြဲျခားလို့ရပါတယ္။

render လုပ္ထားတယ္လို့မျမင္မိေတာ့ပဲ တကယ့္လူသားအစစ္ေတြကိုယ္တိုင္ သ႐ုပ္ေဆာင္ေနသကဲ့သို့ခံစားရမွာပါ။

Console ေတြမွာ Fatality/Cinematic ကို 30FPS ျဖင့္သာ ရေပမဲ့ PC ဂိမ္မာေတြအေနနဲ႔ အားသာခ်က္က 60FPS mode ကို အသုံးျပဳနိုင္လာပါတယ္။ ဒါ့အျပင္ NVIDIA ဂ်ီပီယူေတြအတြက္ NVIDIA Highlights feature ပါဝင္ပီး gameplay clip ေတြကို အလိုအေလ်ာက္ save ေပးပီး share ျပဳလုပ္နိုင္မွာလည္းျဖစ္ပါတယ္။

PC မွာေနာက္တစ္ခ်က္က Fidelity FX Sharpening လည္း ပါဝင္လာပီး ပုံရိပ္ေတြကို ပိုမို ရွင္းလင္းျပတ္သားေအာင္လုပ္ေဆာင္ေပးပါတယ္။

သူ႔ကိုေတာ့ AMD/NVIDIA ႏွစ္မ်ိဳးလုံးမွာ အသုံးျပဳနိုင္ပါတယ္။

Mortal Kombat က အစဥ္အဆက္ vs. fighting ဂိမ္းျဖစ္တဲ့အတြက္ ယခင္ဂိမ္းေတြအတိုင္းပဲ gameplay မွာ max 60FPS အထိပဲ run မွာျဖစ္ပါတယ္။

Console နဲ႔ PC အၾကား ျခားနားခ်က္အေနနဲ႔

PC

Cinematic: 60FPS
Gameplay: 60FPS
Fidelity FX Sharpening
NVIDIA Highlights

Console

Cinematic: 30FPS
Gameplay: 60FPS
No Fidelity FX Sharpening
No NVIDIA Highlights

PC performance အတြက္ vs. fighting အမ်ိဳးအစားမို့ အေထြအထူးျပဳလုပ္စရာမလိုေတာ့လို့ အက်ယ္မေရးေတာ့ပါဘူး။

i3, GTX 1050, RAM 8GB ရွိရင္ medium 30 FPS ေလာက္နဲ႔ ေအးေအးေဆးေဆး run နိုင္မွာျဖစ္ပီး i5 (4c/4t), GTX 1060 / RX 580, RAM 8GB ေလာက္ရွိေနခဲ့မယ္ဆိုရင္ေတာ့ all max အထိ အသာေလးရနိုင္မွာပါ။

က်ေနာ့္စက္

i5 6500
GTX 1660
2x 16GB နဲ႔အတူ ဂိမ္းကို သာမန္ harddisk ေပၚမွာပဲ install ထားကာ all max မွာ solid 60FPS နဲ႔ run ပါတယ္။

Steam ဗားရွင္းမွာ bug ေထြေထြထူးထူးမေတြ႕ရတာေၾကာင့္ Graphics & Performance Rating အတြက္ 5/5 ေပးလိုပါတယ္။

Conclusion


NetherRealm Studios (ဟုတ္ပါတယ္ . . ဒပေလာ့ပါရဲ့နာမည္က ဂိမ္းထဲက Netherrealm နဲ႔ စာလုံးေပါင္းအတူတူပါပဲ) ရဲ့ Mortal Kombat reboot trilogy က vs. fighting genre ကို Dead or Alive ကလြဲရင္ က်န္တာစိတ္မဝင္စားခဲ့တဲ့ က်ေနာ့္ကို အပါဆြဲေခၚလာနိုင္ခဲ့တဲ့အထိ ျဖစ္ခဲ့ပါတယ္။

အထူးသျဖင့္ ဇာတ္လမ္းပိုင္းမွာ attract လုပ္နိုင္ခဲ့တယ္လို့ဝန္ခံရပါမယ္။

သို့ေပမယ္လို့ PS2 မွာထြက္ခဲ့တဲ့ Mortal Kombat: Shaolin Monks လိုဂိမ္းပေလးပုံစံမ်ိဳး ဆက္ပီးျမင္ခ်င္မိတာေတာ့အမွန္ပါပဲ။

MK ဂိမ္းတစ္ခုနဲ႔တစ္ခုၾကား ထြက္ရွိခ်ိန္ ၄ ႏွစ္ခန႔္ကြာျခားတာမို့ ေနာက္ထပ္ MK ကို ထပ္မံျမင္ရဖို့က 2023 (အေစာဆုံး 2022) မွပဲျဖစ္နိုင္ပါမယ္။

ခု reboot trilogy က တစ္ခန္းရပ္သြားပီျဖစ္လို့ ေနာက္ဂိမ္းကို single/co-op mode နဲ႔ action ဂိမ္းတစ္ခုျဖစ္လာဖို့ ေမၽွာ္လင့္ရတာပါပဲ။

MK11 ကို ယခင္ MK2011 နဲ႔ MKX ေဆာ့ပီးသူေတြအဖို့ မျဖစ္မေန စမ္းၾကည့္သင့္တဲ့အျပင္ newcomer ေတြအေနနဲ႔လည္း ယခင္ဂိမ္းႏွစ္ခုကို အရင္ထိေတြ႕ပီးမွ ကူးေျပာင္းသင့္ေၾကာင္း အႀကံေပးရင္း MK11 အေပၚ မိမိအျမင္ကို အဆုံးသတ္လိုက္ရပါတယ္။
Credit to writer, Seo Thu Aung

Unicode



Mortal Kombat ဆိုတာ ဒီက 90 born ဂိမ်မာအားလုံးနီးပါးနဲ့ မစိမ်းတဲ့နာမည်တစ်ခု . .

သူ့ကို ကျနော်စသိတာက 2006 ထဲ ရှစ်တန်းစာမေးပွဲဖြေထားပီးလို့ ကျောင်းသုံးလပိတ်တဲ့အတောအတွင်း၊

အဲ့ဒီအချိန်တုန်းက PS2 ဂိမ်းဆိုင်တွေအရမ်းအောင်မြင်နေတဲ့ကာလ . .
Credit to writer, Seo Thu Aung
လူကလည်း ဂိမ်းဆိုလို့ family retro တွေလောက်ပဲဆော့ဖူးတဲ့အချိန် . .

PS2 က အဲ့တုန်းက ဈေးကြီးသလို အိမ်ကိုပူဆာရင်လည်း ဂိမ်းနဲ့ပတ်သတ်လို့ အလိုမလိုက်တဲ့အချိန်မို့ ဝယ်ခိုင်းဖို့ကလည်းမဖြစ်နိုင်တော့ ကျောင်းပိတ်ရက်ဆို စုထားတဲ့မုန့်ဖိုး ငါးရာလောက်ကိုင်ပီး ဆိုင်ကိုပြေးရတာအမော . .

အဲ့ဒီမှာ ခေတ်စားတာက Winning Eleven ဘောလုံး၊ သရဲသေနတ်ပစ်လို့အလွယ်ခေါ်တဲ့ Resident Evil 4၊ ကားသူခိုး GTA San Andreas၊ God of War တို့ စတဲ့ဂိမ်းတွေနဲ့ Mortal Kombat: Shaolin Monks . .

စက် ဆယ်လုံးရှိရင် တစ်ဝက်က ဘောလုံးနဲ့ ကျန်တစ်ဝက်က အဲ့ဒီ ဂိမ်းတွေပဲအဆော့များကြတယ်။

ဂိမ်းဆိုင်သွားရင် ကျနော်တို့က ညီအကိုနှစ်ယောက် (ညီက အဲ့တုန်းက လေးတန်းပေါက်စ) ဆိုတော့ များသောအားဖြင့် နှစ်ယောက်ဗျင်းလို့ရတဲ့ဂိမ်းတွေပဲရွေးဆော့ကြတာများတယ် (ပိုက်ဆံလည်းအပိုမကုန်တော့ဘူးဆိုတော့)

ဘောလုံးကိုလည်းအဲ့တုန်းကမကြိုက်၊

အဲ့ဒီမှာ Mortal Kombat: Shaolin Monks နဲ့ သွားတွေ့ပါလေရော . .

ငယ်တုန်းဆိုတော့ dialog တွေလည်း တစ်ခုမှနားမလည် ဒီအတိုင်း ကြိုက်လို့ဆော့ရင်းနဲ့ ဘယ်လောက်အထိဖြစ်လာလည်းဆိုရင် မမသုံးယောက်ကို အနိုင်သတ်တဲ့အခန်းပီးဖို့ကို အချိန် တစ်နာရီထဲပဲကြာခဲ့တယ်၊

ဘာမှမဟုတ်ပေမဲ့လို့ အဲ့ဒီအချိန်တုန်းက ဒါဟာ ကိုယ့်အတွက် ဂုဏ်ယူခဲ့ရတဲ့ဖြစ်ရပ်ပဲ။

ကိုယ်က "အကောင်" လည်းမဟုတ်ခဲ့တော့ ဂိမ်းဆော့ရင် မန်မိုရီမှတ်တာတွေဘာတွေ မတောင်းခဲ့သလို လုပ်လည်းမလုပ်ခဲ့ဘူး . .
ဒီတော့ နောက်တစ်ခါဆိုင်ရောက်ရင် ဂိမ်းကိုအစကနေပြန်ဆော့ပဲ။
နောက်ပိုင်း PS2 စက် ကိုယ်ပိုင်ဝယ်ပီးတော့မှ ဇာတ်လမ်းအဆုံးပီးအောင်ဆော့ဖြစ်တယ်။
(စကားဦးသန်းနေတာကြာသွားပီ ခုထိ MK11 နဲ့ပတ်သတ်တာမပါသေးဘူး)

ဆိုတော့ Shaolin Monks က ကျနော့်အတွက် Mortal Kombat နဲ့ စသိစေခဲ့တဲ့ ဂိမ်း . .

vs. fighting က မူလအစဆိုပေမဲ့ spin-off action ကြီးနဲ့ပဲ စသိ စရင်းနှီးခဲ့ သဘောကျခဲ့တယ်။ Shaolin Monks ကလွဲရင် 2010 မတိုင်ခင်ကထွက်ခဲ့တဲ့ ကျန်တဲ့ MK ဂိမ်းတွေကို မဆော့ခဲ့ဘူး။

ကျနော် PC gaming ဖက်ကိုပိုအားသန်လာတဲ့ နောက်ပိုင်းနှစ်တွေမှာတော့ MK ကို reboot ဆိုပီးပြန်ထုတ်လာတယ် . .

Mortal Kombat (2011)
Mortal Kombat X (2015)
Mortal Kombat 11 (2019)

ဂိမ်းသုံးခု၊

ဇာတ်လမ်းတွေက တိုက်ရိုက်အဆက်တွေ . .

ဆိုတော့ MK11 ထွက်လာတော့ ရှေ့နှစ်ခုက ပြီးခဲ့ပီးသားတွေဖြစ်နေပေမဲ့ ဇာတ်လမ်းတွေမေ့သလောက်ဖြစ်နေလို့ နောက်တစ်ခေါက်စီထပ်ဆော့ရပြန်တယ်။

MK11 ကို ဆော့ကစားမဲ့သူတွေအနေနဲ့ သူ့ရှေ့ကဂိမ်းနှစ်ခုကိုအရင်ကိုင်ထားမှအဆင်ပြေပါလိမ့်မယ် . . မဟုတ်ရင် ရုပ်ရှင်ကို သုံးပုံနှစ်ပုံပီးတဲ့အချိန်မှဝင်ကြည့်တဲ့သူတဲ့ တူနေမှာပါ၊

ကျနော့်အနေနဲ့ ရှေ့မှာ Mortal Kombat 11 မတိုင်ခင် အဖြစ်အပျက်တွေကို "A Mortal Kombat Story" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့ပီးဖြစ်ပါတယ်။

ယခု review အတွက် Mortal Kombat 11 ကိုမှ $90 တန်တဲ့ Premium Edition ကို လက်ဆောင်အဖြစ်ပေးထားတဲ့ Overlord Entertainment ကို ကျေးဇူးအထူးတင်ပါတယ်၊

MK11 ကို trailer တွေကတည်းက hype ခဲ့ရသလို ထွက်ပီးတော့လည်း ဝယ်မဆော့နိုင်တဲ့အခြေအနေ (ခိုးကူးပိုင်းရိတ်ဆိုတာကလည်း ခုထိမရသေး) ဖြစ်နေတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပါပဲ။

Overlord Entertainment မှာ ဝါသနာအရ PC, Xbox ဂိမ်းတွေ steaming လုပ်နေသလို ရံဖန်ရံခါ meme တွေလည်းတင်တတ်တော့ ဂိမ်မာတွေအနေနဲ့ ဝင်ရောက်ကြည့်ရှုနိုင်ဖို့လည်း အသိပေးလိုက်ရပါတယ်။

Story

(Full Spoiler)

Mortal Kombat X ဇာတ်လမ်းအဖြစ်အပျက်ပီး ၂ နှစ်အကြာ dark Raiden က သူ့ရဲ့ကျန်ရှိတဲ့ ရန်သူတွေ (Revanent Liu Kang, Kung Lao, Kitana, Jade) တို့ကို ဆက်ပီးအမြစ်ပြတ်သုတ်သင်ဖို့ရာ Sonya Blade, Johnny Cage နဲ့ Cassie Cage တို့ကို သူ့အကြံအစည်ပြောပြခဲ့တယ်။ (အဲ့ဒီအချိန်မှာ Cassie က Earthrealm Special Forces မှာ commander အရာရှိဖြစ်နေပီ)

Revanent army တွေရှိရာ Netherrealm သို့ သွားရောက်တိုက်ခိုက်မဲ့အစီအစဉ်ကို Johnny သဘောမကျပေမဲ့ Sonya က သဘောတူလိုက်ပီး သူမအပါအဝင် သမီးဖြစ်တဲ့ Cassie နဲ့အတူ Jacqui ကိုခေါ်ကာ Special Forces စစ်သားအလုံးအရင်းနဲ့ Netherrealm ကို ဝင်ရောက်ကြပါတော့တယ်။

များပြားလှတဲ့ Revanent Army တွေကိုအာရုံလွှဲဖို့အတွက် dark Raiden က ရှေ့မျက်နှာစာမှာအယောင်ပြပီး တိုက်ခိုက်နေချိန်မှာ Cassie တို့အဖွဲ့က temple အတွင်းဝင်ရောက်ကာ ဖောက်ခွဲဖျက်စီးဖို့ရာ စတင်ပါတယ်။

သို့သော်လည်း များမကြာမီ Revanent Liu Kang မှ သိရှိသွားကာ Cassie တို့အဖွဲ့ကို သူ့စစ်သည်တွေအလုံးအရင်းနဲ့ တိုက်ခိုက်လာတယ်။

temple အတွင်း C4 များတပ်ဆင်အပီး Sonya နဲ့အဖွဲ့ တပ်ပြန်ဆုတ်ဖို့ထွက်အလာမှာ Liu Kang ရဲ့ တားဆီးတိုက်ခိုက်မှုကြောင့် Sonya တို့ အတွင်းမှာပိတ်မိသွားပါတယ်။

အပြင်ထွက်ဖို့ရာ အခြေအနေမပေးတော့တာမို့ Sonya က Cassie တို့ကို Earthrealm ပြန်ဆုတ်ဖို့ရာနောက်ဆုံးအမိန့်ပေးပီး မိုင်းတွေကို အသေခံကာကိုယ်တိုင်ဖောက်ခွဲလိုက်ပါတယ်။

dark Raiden, Cassie, Jacqui တို့ရဲ့အပြန်ခရီးမှာ Sonya ပြန်ပါမလာတော့တဲ့အဖြစ်နဲ့အတူ Johnny လည်း စိတ်မကောင်းဖြစ်ကာ Cassie ကို နှစ်သိမ့်လျှက်ရှိနေပါတယ်၊၊

Cassie ကတော့ ငိုကြွေးနေစဲ . .

temple ပျက်စီးသွားခြင်းနဲ့အတူ Revanent Army တစ်ခုလုံးပျောက်ကွယ်သွားတာကြောင့် Liu Kang တို့ အခဲမကျေဖြစ်နေစဉ် Kronika ရောက်ရှိလာကာ အချိန် နောက်ပြန်ဆုတ် (rewind) ကာ temple တစ်ခုလုံးကို အကောင်းပကတိပြန်ဖြစ်စေခဲ့ပါတယ်။

Kronika က အချိန်စောင့်ရှောက်သူနတ်ဘုရား (keeper of time) ဖြစ်သလို Shinnok နဲ့ Elder God Cetrion တို့ရဲ့ မိခင်လည်းဖြစ်ပါတယ်။

Kronika က သူမအနေနဲ့ အခုလိုကူညီရခြင်းမှာ သဘာဝတရားရဲ့ မျှတစွာ balance ဖြစ်တည်နေမှုကို Raiden ရဲ့ လုပ်ဆောင်ချက်တွေက ပျက်ယွင်းစေကြောင်း၊

အဲ့ဒိအတွက် Raiden ကို timeline အတွင်းကနေဖယ်ရှားဖို့ရာလိုပီး timeline သစ် ပြန်လည်ဖန်တီးရမှာဖြစ်ကြောင်း ပြောပါတယ်။

Revanent Liu Kang လည်း Kronika နှင့်အတူပူးပေါင်းလိုက်ပီး သူမ လုပ်ငန်းစဉ်တွေကိုဖြစ်မြောက်ဖို့ရာ ကူညီဖို့သဘောတူလိုက်ပါတယ်။

ထို့နောက် Kronika မှ time storm ကိုဖန်တီးလိုက်ကာ အတိတ် (past timeline) နဲ့ လက်ရှိ timeline ကို ပေါင်းစပ်လိုက်ပါတော့တယ်။

Time Storm ကြောင့် first mortal kombat tournment အချိန်က လူတွေ လက်ရှိကာလကို ရောက်ရှိလာပီး ငယ်ရွယ်တဲ့ Johnny, Sonya, Jax နဲ့ လက်ရှိ timeline က Johnny တို့အဖွဲ့ မျက်နှာချင်းဆိုင်ဆုံတွေ့ကာ မှင်သက်ကုန်ကြပါတယ်။

လက်ရှိ timeline က dark Raiden ကတော့ ထူးခြားစွာ ပျောက်ကွယ်သွားခဲ့ပါတယ်။

(နောက်မှသိရတာက Raiden ဟာ immortal ဖြစ်တဲ့အတွက် timeline တစ်ခုထဲမှာ နှစ်ယောက် တစ်ပြိုင်ရှိ၍မရခြင်းဖြစ်ပါတယ်)

ထိုအချိန် Outworld မှာ လက်ရှိ အင်ပါယာ Kotal Kahn က ယခင် Shao Kahn ရဲ့ လက်ပါးစေဖြစ်တဲ့ Kollector ကို ကွပ်မျက်ဖို့ရာ ပြင်ဆင်နေတဲ့အချိန်ပဲဖြစ်တယ်။

Time Storm ကြောင့် အဆိုပါ လူသတ်ကွင်းအတွင်း past timeline က Shao Kahn, Skarlet, Baraka, Kano, Erron Black တို့ရောက်ရှိလာသလို Raiden, Kung Lao, Liu Kang, Kitana, Jade တို့လည်းပဲ တပြိုင်နက်ပေါ်ပေါက်လာခဲ့ကြတယ်။

မကြုံစဖူး ထူးဆန်းတဲ့အချင်းအရာကြောင့် တဒင်္ဂညိမ်သက်သွားပီးနောက်မှာတော့ Raiden က timeline နှစ်ခု အတူပေါင်းစည်းသွားကြောင်း သိရှိကာ Kotal Kahn နဲ့ Shao Kahn တို့အကြား တိုက်ပွဲမှာ Kotal ဖက်ကနေ ဝင်ရောက်ကူညီလိုက်ပါတယ်။

Shao Kahn နဲ့ သူ့ရဲ့အဖွဲ့ အရေးနိမ့်နေချိန်မှာ D'Vorah ရောက်လာပီး Shao Kahn တို့ကို portal နဲ့ ကယ်ထုတ်သွားပါတယ်။

Shao Kahn ဟာ တစ်ချိန်က D'Vorah နေထိုင်ရာဌာနေကို မီးရှို့ဖျက်ဆီးခဲ့ဖူးလေတော့ ဘာကြောင့်သူ့ကိုကယ်တင်ရလည်းဆိုတာမေးပါတယ်။ Kollector မှ D'Vorah ဟာ ယုံကြည်ရသူမဟုတ်ကြောင်း၊
Kotal Kahn ကို သစ္စာဖောက်ခဲ့ဖူးသလို Mileena ကိုလည်း သတ်ခဲ့ကြောင်း Shao Kahn ကိုပြောပြပါတယ်။

အဆိုပါစကားကြောင့် Shao Kahn ဒေါသပြင်းစွာထွက်ပီး D'Vorah ကို တိုက်ခိုက်ရန်ပြင်စဉ် Kronika ရောက်ရှိလာကာ D'Vorah က သူမစောင့်ရှာက်မှုအောက်မှာရှိတဲ့အတွက် တိုက်ခိုက်ရန်မလိုကြောင်းနဲ့ time storm ဟာ သူမရဲ့စီစဉ်မှုတစ်ခုဖြစ်ကြောင်းပြောပါတယ်။

Raiden မပါတဲ့ timeline အသစ်ကို ဖန်တီးမှာဖြစ်ကြောင်းပြောပီးတဲ့နောက်မှာတော့ Shao Kahn ဟာ Kronika လက်အောက်ကနေ ကူညီဖို့ရာသဘောတူလိုက်ပါတယ်။ (Scorpion, Sub-Zero နဲ့ သူတို့ရဲ့ clan တွေအကြား အဖြစ်အပျက်တွေက သပ်သပ်ရေးမှအဆင်ပြေမှာဖြစ်တဲ့အတွက် ချန်ထားခဲ့ပါတယ်)

Raiden, Kung Lao, Liu Kang တို့ Earthrealm သို့သွားရောက်ကာ လက်ရှိအဖြစ်အပျက်တွေကိုသုံးသပ်ပီးနောက်မှာတော့ Kronika ရဲ့လုပ်ဆောင်ချက်တွေကြောင့် ယခုလိုဖြစ်ရကြောင်း သိရှိခဲ့ကြပါတယ်။

ဇာတ်လမ်းကိုအတိုချုပ်ရရင် past timeline က Liu Kang ကို Kronika ဖမ်းခေါ်သွားတယ်၊ Revanent Liu Kang က past timeline Liu Kang ရဲ့ souls ကို စုပ်ယူလိုက်တယ်။

Kronika ကိုတာဆီးဖို့ရာ Raiden နဲ့ အဖွဲ့တွေ ရောက်လာကြတယ်။

Cassie Cage ဦးဆောင်တဲ့ Special Forces
Kung Lao ဦးဆောင်တဲ့ ရှောင်လင်အဖွဲ့
Kitana ဦးဆောင်တဲ့ Outworld/Tarkatans အဖွဲ့
အလုံးအရင်းနဲ့ Sea of Blood ကိုဖြတ်ပီး Kronika ရှိရာချီတက်လာကြတယ်။

Kronika ဖက်က Frost, Geras တို့ကို စေလွှတ်ပီးတိုက်စေပေမဲ့ မအောင်မြင်ခဲ့သလို Revanent Liu Kang သည်လည်းပဲ Raiden ကိုရှုံးနိမ့်သွားပါတယ်။

Raiden က သူ့ရဲ့ souls ကို Revanent Liu Kang အတွင်းပေါင်းစည်းစေကာ Liu Kang ကို Fire God ဖြစ်စေခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Kronika တည်ရှိရာနေရာကို Fire God Liu Kang နဲ့အတူ Kung Lao, Kitana တို့အတူတကွဝင်ရောက်ကြပါတယ်

သို့သော်ငြား Kronika ရဲ့ အစီအစဉ်က ပြီးမြောက်လုနီးပါးဖြစ်နေပီး Fire God Liu Kang က လွဲလို့ ကျန်သူအားလုံး rewind ဖြစ်ကာ နောက်ဆုတ်ပျောက်ကွယ်ကုန်ပါတယ်။

သူမလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ Revanent Kung Lao, Kitana, Jade တို့ကို Fire God Liu Kang ကို တိုက်ခိုက်စေသော်လည်း အရေးနိမ့်သွားသလို Elder God ဖြစ်တဲ့ Cetrion သည်ပင်လျှင် Liu Kang ကို ရှုံးနိမ့်သွားပါတယ်။

Kronika ကိုယ်တိုင် Liu Kang နဲ့ အပြန်အလှန်တိုက်ခိုက်ရင်း အဆုံးသတ်မှာတော့ Liu Kang အနိုင်ရသွားပါတယ်။

Kronika သေဆုံးသွားပီးမှာတော့ Liu Kang ရဲ့ souls ကနေ Raiden ခွဲထွက်ကာ သူ့အနေနဲ့ mortal (သေမျိုး) တစ်ယောက်ဖြစ်သွားပီဖြစ်ကြောင်းနဲ့ Liu Kang ကို timeline အသစ်ပြန်စမဲ့လုပ်ငန်းစဉ်တွေမှာ သူအသက်ရှိနေသ၍ ကူညီအကြံပေးသွားမှာဖြစ်ကြောင်းပြောပါတယ်။

ဇာတ်လမ်း ending က ကစားသူအပေါ်မူတည်ပီး ရလဒ် နှစ်မျိုးရှိပါတယ်။

Kronika ကို 2 round ဆက်တိုက်အနိုင်ရရင် Liu Kang ဟာ Kitana နဲ့အတူ timeline ပြန်စရမှာဖြစ်ပီး 3 round မှ အနိုင်ရရင်တော့ Kitana မပါပဲ timeline ကိုစရမှာပါ။

ဘယ်ဟာက canon ending ဆိုတာကိုတော့ Ed Boon ကို မေးကြည့်မှပဲသိပါလိမ့်မယ်။

Ed Boon ကတော့ MK11 ဟာ လက်ရှိ reboot trilogy အတွက် ဇာတ်ပေါင်းဂိမ်းဖြစ်တယ်လို့ဆိုထားပါတယ်။

Mortal Kombat ရဲ့ Story Mode က fighting ဂိမ်းတွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးလို့သတ်မှတ်လို့ရပါတယ်။ များပြားလှတဲ့ character တစ်ယောက်ခြင်းစီမှာ စိတ်ဝင်စားစရာ နောက်ခံဇာတ်လမ်းတွေကရှိနှင့်ပီးဖြစ်ပါတယ်။ အပေါ်မှာကျနော်ပြောခဲ့သလိုပဲ စီးရီးလိုက်မသိပဲ ကွက်ဆော့မယ်ဆိုရင်တော့ ဘာမှနားလည်လိုက်မှာမဟုတ်ပါဘူး။

Story Rating: 4/5

Gameplay


ဂိမ်းမှာ သမစဉ်အတိုင်းပဲ vs. fighting အမျိုးအစားဖြစ်ပီး မြင်ကွင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ကိုယ့်ဇာတ်ကောင်နဲ့ ရန်သူ ရှိနေကြမှာဖြစ်ပါတယ်။

Mortal Kombat ဖြစ်နေတဲ့အတွက် သူ့အမှတ်အသားဖြစ်တဲ့ သွေးသံရဲရဲ Fatalities တွေပါမယ်၊

Health 30℅ အောက်ရောက်ရင် Fatal Blows သုံးလို့ရမယ်၊

Fatal Blows က MKX မှာပါတဲ့ X-ray move နဲ့ သဘောတရားခြင်း အတူတူပါပဲ၊

တစ်ဖက်လူကို pre-cast cinematic နဲ့ ရှယ်ဗျင်းပြတဲ့အကွက်။

နောက်တစ်ခုက Krushing Blows ဆိုပီးထပ်ပါလာတယ်၊

သူက သတ်မှတ်ထားတဲ့အခြေအနေတစ်ခုမှာ သတ်မှတ်ထားတဲ့ key input ကို နှိပ်နိုင်ခဲ့ရင် ထွက်လာတဲ့ mini-fatality move တစ်ခုပါပဲ။

combo တွေတရစပ်ထုတ်နိုင်ဖို့ရာ တစ်ယောက်ခြင်းစီရဲ့ combine move တွေနဲ့ လက်ယဉ်နေဖို့ရာလိုပါတယ်၊

အဲ့ဒီအတွက် ဂိမ်းဇာတ်လမ်းမစခင်မှာ training mode နဲ့ အရင် သိအောင်လုပ်ခြင်းက ပိုအဆင်ပြေစေမှာပါ။

Story mode နဲ့အတူ online vs. mode / single vs. mode (CPU or Local) တွေပါဝင်ပီး ဇာတ်ကောင်အနေနဲ့ 24 ယောက် ရွေးနိုင်မှာဖြစ်ပါတယ်။

(ရိုးရိုး Standard Edition မှာ ဇာတ်ကောင် 24 ယောက်ပါဝင်ပီး ကျနော်ကတော့ Premium Edition နဲ့ဖြစ်တဲ့အတွက် DLC character 6 ယောက် ထပ်မံပါဝင်တာကြောင့် အယောက် 30 ဖြစ်သွားပါတယ်။

Pre-order bonus character ဖြစ်တဲ့ Shao Kahn ကိုပါထည့်သွင်းမယ်ဆိုရင်တော့ စုစုပေါင်း 31 ယောက်ဖြစ်သွားမှာပါ။

Stand Edition ရှိပီးသားသူတွေအနေနဲ့ DLC ဇာတ်ကောင်တွေကိုရယူလိုပါက Kombat Pack ထပ်မံဝယ်ယူပီး upgrade ပြုလုပ်နိုင်သလို မိမိနှစ်သက်ရာ character တစ်ယောက်ခြင်းစီကိုလည်း $5 ဖြင့် သီးခြားဝယ်ယူနိုင်ပါတယ်)

Story Mode ကို normal difficulity ဖြင့်ဆော့ကစားရာမှာ final boss Kronika မှလွဲလို့ သိပ်ခက်ခက်ခဲခဲမရှိခဲ့ပဲ အချိန် ၄ နာရီခန့်သာကြာမြင့်ခဲ့ပါတယ်။

ဒါကလည်း cinematic cutscene တွေပါထည့်တွက်ထားလို့ ၄ နာရီအထိရောက်သွားရခြင်းပါ၊

ဂိမ်းပလေးချည့်ဆို အဲ့လောက်မကြာပါ။

ကျနော့်အနေနဲ့
Mortal Kombat 2011
Mortal Kombat X

ဂိမ်းနှစ်ခုကို ရှေ့ဆင့်နောက်ဆင့်ပဲဆက်ဆော့ထားလေတော့ MK11 ရဲ့ gameplay က ထိန်းချုပ်ရတဲ့အပိုင်းမှာ ပိုပီး စိတ်ကျေနပ်စရာကောင်းတယ်လို့ ခံစားရပါတယ်။

Gameplay Rating: 4.5/5

Graphics & PC Performance


2015 မှာ Mortal Kombat X ထွက်လာတော့ သူ့ရဲ့ ဂရပ်ဖစ်က ကြွေဆင်းစရာကြီး လန်းတာကြီး ဆိုပီး ကိုယ်တိုင်မှတ်မှတ်ရရ ဖြစ်ခဲ့ဖူးတယ်၊

MKX က Unreal Engine 3 ဂိမ်းအင်ဂျင်အဟောင်းကြီးသုံးထားတယ်ဆိုတာကိုပါ သိလိုက်ရပြန်တော့ ပိုအံ့အားသင့်ရပါသေးတယ်၊

UE4 ကိုသုံးမယ်လို့ထင်တာကိုး . .

နောက် 2017 ရောက်တော့ Injustic 2 ထွက်လာတော့လည်း ဒီလိုပဲ . .

MKX ထက် ပိုကြည့်ကောင်းလာတယ် . .

ဂိမ်းအင်ဂျင်ကလည်း UE3 အဟောင်းပဲ။

MK11 ကြေညာတော့ ဒီတစ်ခါတော့ UE4 သုံးပီလို့ထင်ထားတာ တက်တက်စင်အောင်လွဲပါလေရော . .

development team ကိုယ်တိုင် သူတို့ဂိမ်းက modified လုပ်ထားတဲ့ UE3 ကိုပဲဆက်သုံးထားတာပါဆိုပီး တရားဝင်ပြောကြားလာတယ်။

MK11 ဟာ ဂိမ်းပလေးမှာ သူ့ရှေ့က MK ဂိမ်းတွေထက် ပိုကောင်းလာသလိုပဲ ရုပ်ထွက်ပိုင်းမှာလည်း အင်ဂျင်အဟောင်းကိုပဲဆက်သုံးထားလင့်ကစား MKX, Injustice 2 တို့ထက်ပင် ပိုသပ်ရပ် ပိုကြည့်ကောင်းလာပါသေးတယ်။

cinematic cutscene တွေက pre-render တွေဆိုပေမဲ့ gameplay graphics နဲ့ တစ်ထပ်ထဲဖြစ်နေတာကြောင့် ကစားချိန်မှာ ဗွီဒီယိုဝင်လာသလိုမခံစားရပဲ အမှန်တကယ်ဆက်တိုက်ဖြစ်ပျက်နေတဲ့အတိုင်း ခံစားရပါတယ်။

mocap ယူထားတဲ့ facial animation တွေက အရမ်းကိုအနုစိတ်သေသပ်လွန်းတာကြောင့် ဇာတ်ကောင်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း အလိုမကျခြင်း ကြောက်ရွံ့ခြင်း စတာတွေကို မျက်နှာကိုကြည့်လိုက်ရုံနဲ့ အလွယ်တကူခွဲခြားလို့ရပါတယ်။

render လုပ်ထားတယ်လို့မမြင်မိတော့ပဲ တကယ့်လူသားအစစ်တွေကိုယ်တိုင် သရုပ်ဆောင်နေသကဲ့သို့ခံစားရမှာပါ။

Console တွေမှာ Fatality/Cinematic ကို 30FPS ဖြင့်သာ ရပေမဲ့ PC ဂိမ်မာတွေအနေနဲ့ အားသာချက်က 60FPS mode ကို အသုံးပြုနိုင်လာပါတယ်။ ဒါ့အပြင် NVIDIA ဂျီပီယူတွေအတွက် NVIDIA Highlights feature ပါဝင်ပီး gameplay clip တွေကို အလိုအလျောက် save ပေးပီး share ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။

PC မှာနောက်တစ်ချက်က Fidelity FX Sharpening လည်း ပါဝင်လာပီး ပုံရိပ်တွေကို ပိုမို ရှင်းလင်းပြတ်သားအောင်လုပ်ဆောင်ပေးပါတယ်။

သူ့ကိုတော့ AMD/NVIDIA နှစ်မျိုးလုံးမှာ အသုံးပြုနိုင်ပါတယ်။

Mortal Kombat က အစဉ်အဆက် vs. fighting ဂိမ်းဖြစ်တဲ့အတွက် ယခင်ဂိမ်းတွေအတိုင်းပဲ gameplay မှာ max 60FPS အထိပဲ run မှာဖြစ်ပါတယ်။

Console နဲ့ PC အကြား ခြားနားချက်အနေနဲ့

PC

Cinematic: 60FPS
Gameplay: 60FPS
Fidelity FX Sharpening
NVIDIA Highlights

Console

Cinematic: 30FPS
Gameplay: 60FPS
No Fidelity FX Sharpening
No NVIDIA Highlights

PC performance အတွက် vs. fighting အမျိုးအစားမို့ အထွေအထူးပြုလုပ်စရာမလိုတော့လို့ အကျယ်မရေးတော့ပါဘူး။

i3, GTX 1050, RAM 8GB ရှိရင် medium 30 FPS လောက်နဲ့ အေးအေးဆေးဆေး run နိုင်မှာဖြစ်ပီး i5 (4c/4t), GTX 1060 / RX 580, RAM 8GB လောက်ရှိနေခဲ့မယ်ဆိုရင်တော့ all max အထိ အသာလေးရနိုင်မှာပါ။

ကျနော့်စက်

i5 6500
GTX 1660
2x 16GB နဲ့အတူ ဂိမ်းကို သာမန် harddisk ပေါ်မှာပဲ install ထားကာ all max မှာ solid 60FPS နဲ့ run ပါတယ်။

Steam ဗားရှင်းမှာ bug ထွေထွေထူးထူးမတွေ့ရတာကြောင့် Graphics & Performance Rating အတွက် 5/5 ပေးလိုပါတယ်။

Conclusion


NetherRealm Studios (ဟုတ်ပါတယ် . . ဒပလော့ပါရဲ့နာမည်က ဂိမ်းထဲက Netherrealm နဲ့ စာလုံးပေါင်းအတူတူပါပဲ) ရဲ့ Mortal Kombat reboot trilogy က vs. fighting genre ကို Dead or Alive ကလွဲရင် ကျန်တာစိတ်မဝင်စားခဲ့တဲ့ ကျနော့်ကို အပါဆွဲခေါ်လာနိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် ဇာတ်လမ်းပိုင်းမှာ attract လုပ်နိုင်ခဲ့တယ်လို့ဝန်ခံရပါမယ်။

သို့ပေမယ်လို့ PS2 မှာထွက်ခဲ့တဲ့ Mortal Kombat: Shaolin Monks လိုဂိမ်းပလေးပုံစံမျိုး ဆက်ပီးမြင်ချင်မိတာတော့အမှန်ပါပဲ။

MK ဂိမ်းတစ်ခုနဲ့တစ်ခုကြား ထွက်ရှိချိန် ၄ နှစ်ခန့်ကွာခြားတာမို့ နောက်ထပ် MK ကို ထပ်မံမြင်ရဖို့က 2023 (အစောဆုံး 2022) မှပဲဖြစ်နိုင်ပါမယ်။

ခု reboot trilogy က တစ်ခန်းရပ်သွားပီဖြစ်လို့ နောက်ဂိမ်းကို single/co-op mode နဲ့ action ဂိမ်းတစ်ခုဖြစ်လာဖို့ မျှော်လင့်ရတာပါပဲ။

MK11 ကို ယခင် MK2011 နဲ့ MKX ဆော့ပီးသူတွေအဖို့ မဖြစ်မနေ စမ်းကြည့်သင့်တဲ့အပြင် newcomer တွေအနေနဲ့လည်း ယခင်ဂိမ်းနှစ်ခုကို အရင်ထိတွေ့ပီးမှ ကူးပြောင်းသင့်ကြောင်း အကြံပေးရင်း MK11 အပေါ် မိမိအမြင်ကို အဆုံးသတ်လိုက်ရပါတယ်။

Credit to writer, Seo Thu Aung

Post a Comment

0 Comments