Warriors Orochi 4 Reviews



(some spoiler ahead!)
Credit to Writer, Seo Thu Aung

Yinglong (ယင္းလံု)


ေကာင္းကင္နတ္မင္း (Heavenly Emperor) အုပ္ခ်ဳပ္မႈေအာက္မွာရွိတဲ့ Mystic Realm မွာ ယင္းလံု က စစ္သူႀကီးတစ္ေယာက္ပါ။

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

Mystic Realm ကို မၾကာမၾကာက်ဴးေက်ာ္တိုက္ခိုက္ေလ့ရွိတဲ့သူတစ္ဦးရွိပါတယ္။

သူကေတာ့ အၿမီးကိုးေခ်ာင္းရွိေျမေခြးမလို႔ အမည္ရတဲ့ Tamamo ပဲျဖစ္ပါတယ္။

ဘယ္လိုပင္တိုက္ခိုက္ေသာ္ျငား သူမရဲ႕ စြမ္းအားဟာ ေကာင္းကင္နတ္မင္းကိုမယွဥ္ႏိုင္မွန္းသိလို႔ Tamamo အေနနဲ႔ တစ္မ်ိဳးၾကံပါေတာ့တယ္။

Mystic Realm ရဲ႕ လက္ရံုးျဖစ္တဲ့ ယင္းလံုကိုသာသူမ ထိန္းႏိုင္ခဲ့ရင္ အၾကံအစည္ေတြအထေျမာက္ေတာ့မယ္ေလ၊

ဒါနဲ႔ပဲ အလစ္မွာ ယင္းလံုကိုသူမဘက္ပါေအာင္ စိတ္ညိႈ႕ (manipulate) ပီး လိုသလိုခိုင္းေစပါေတာ့တယ္။

Tamamo မွ ယင္းလံုကို Mystic Realm ရဲ႕ အဓိကေက်ာ႐ိုးျဖစ္တဲ့ ေမွာ္မွန္ (Divine Mirror) ဖ်က္စီးႏိုင္ရင္ ေကာင္းကင္နတ္မင္းကိုလည္း သတ္ႏိုင္မယ္လို႔ေျပာပီး Divine Mirror ကို ဖ်က္စီးေစပါတယ္။

Divine Mirror ကြဲအက္ပီး အက်ိဳးဆက္အျဖစ္ ယင္းလံုးဟာ Serpent King Orochi အျဖစ္ေျပာင္းလဲသြားပီး ေကာင္းကင္နတ္မင္းကိုသတ္ကာ Tamamo ရဲ႕ အၾကံအစည္ အထေျမာက္သြားပါတယ္။

Mystic Realm ရဲ႕ ကာကြယ္သူေတြျဖစ္က်တဲ့ Taigong Wang (တိုင္ဂြန္ဝမ္), Fu Xi (ဖူရွီ), Nuwa (ႏြီဝါး) တို႔ေရာက္လာတဲ့အခ်ိန္မွာေတာ့ အရာရာဟာေနာက္က်ခဲ့ပီးျဖစ္တာမို႔ သူတို႔သံုးဦးနဲ႔ Orochi တို႔ အျပန္အလွန္တိုက္ခိုက္ၾကရင္း အဆံုးမွာ Orochi ရံႈးနိမ့္ပီး ဝူဟန္ေတာင္မွာ ထိန္းသိမ္းျခင္းခံလိုက္ရပါေတာ့တယ္။

. . .

စစ္သူႀကီးဓားခုတ္ဂိမ္း၊ ကြမ္းရီ လြီပု ေခ်ာင္ေခ်ာက္ စတဲ့နာမည္ေတြကို PS2 (အရပ္အေခၚ P2) ေခတ္ တစ္နာရီေဆာ့ရင္ ၃၀၀ ေပးရတဲ့အခ်ိန္ေတြကတည္းကဂိမ္းေဆာ့လာတဲ့သူတိုင္းနီးပါး သိၾက ၾကားဖူးၾကပါတယ္။

ပင္ကိုယ္နာမည္ "Dynasty Warriors" လို႔ေျပာရင္မသိပဲ အေပၚက နာမည္ေတြနဲ႔မွသိတဲ့အထိကိုျဖစ္ခဲ့တာ။

ငယ္တုန္း ၇တန္း ၈တန္းေလာက္က ဘာမွမသိ၊ ဇာတ္လမ္းလည္းနားမလည္ လူေတြအုပ္လိုက္ႀကီး တဝုန္းဝုန္းနဲ႔ဝင္ခုတ္၊ ေရြးစရာ ဟီး႐ိုး ဇာတ္ေကာင္ေတြကလည္းအမ်ားႀကီး . .

ပီးေတာ့ တီဗြီတစ္လံုးထဲ အထက္ေအာက္ ျမင္ကြင္းႏွစ္ခုနဲ႔ (split screen) ေဆာ့လို႔ရေတာ့ အေတာ္ႀကိဳက္ခဲ့တာေပါ့။

အဲ့ဂိမ္းေတြအေၾကာင္းကိုေျပာမယ္ဆိုရင္ Koei အေၾကာင္းကိုခ်န္ထားခဲ့လို႔မရဘူးဗ်။

Koei (ယခု Koei Tecmo) ဆိုတာက

Dynasty Warriors စီးရီး (တ႐ုတ္ သံုးျပည္ေထာင္ေခတ္ အေျခခံ)
Samurai Warriors စီးရီး (ဂ်ပန္ Sengoku ေခတ္ကာလ အေျခခံ)
Warriors Orochi စီးရီး (spin-off)

ဂိမ္း သံုးမ်ိဳးရဲ႕ ပင္တိုင္ ပက္ဗလစ္ရွာ ကုမၸဏီႀကီးေပါ့ဗ်ာ။

Dynasty Warriors ဆိုရင္ 1, 2, 3, 4 နဲ႔ထုတ္လာလိုက္တာ ခုဆိုရင္ 9 အထိေရာက္ေနပီ။
Samurai Warriors နဲ႔ Warriors Orochi ဆိုရင္လည္း 4 အထိ အသီးသီးေရာက္ေနၾကပီ
ၾကားထဲက edition အမ်ိဳးမ်ိဳးကိုပါထည့္တြက္ရင္ တႁပြတ္ႀကီးျဖစ္သြားမယ္။
(ဥပမာ Dynasty Warriors 5, 5 Empires, 5 Xtreme Legends စသျဖင့္)

Dynasty Warriors နဲ႔ Samurai Warriors စီးရီးႏွစ္ခုရဲ႕ တူညီတဲ့အခ်က္က သမိုင္းမွာျဖစ္ပ်က္ခဲ့တဲ့ ရာဇဝင္ေတြအေပၚအေျခခံထားတာျဖစ္ပါတယ္။

DW က သံုးျပည္ေထာင္ေခတ္ (AD 200-300)
SW က Sengoku ေခတ္ (AD 1400-1600)

ျမန္မာရာဇဝင္နဲ႔ေျပာရရင္ ပုဂံေခတ္ အင္းဝေခတ္ စသျဖင့္ကို ဂိမ္းအျဖစ္ဖန္တီးထားသလိုမ်ိဳး။

ေနာက္တစ္ခ်က္က ဂိမ္းအသစ္တစ္ခုထြက္တိုင္း ဇာတ္လမ္းက အဆက္ျဖစ္သြားတာမဟုတ္ပဲ reboot လုပ္လိုက္ျခင္းပဲျဖစ္ပါတယ္။

(ဆိုလိုတာက DW 7 က DW6 ရဲ႕ ေနာက္ဆက္တြဲမဟုတ္ပဲ ဇာတ္လမ္းအတူတူ ဇာတ္ေကာင္အတူတူကို အျမင္ပိုင္း graphics နဲ႔ ဂိမ္းေဆာ့ရတဲ့ control ပိုင္းမွာ အေျပာင္းအလဲလုပ္လိုက္တဲ့သေဘာပါ)

အဲ Warriors Orochi စီးရီးကေတာ့ထူးျခားတယ္ေျပာရမယ္။ ဘာလို႔ဆိုေတာ့ သူက DW, SW ထဲက ဟီး႐ိုးေတြအကုန္ေပါင္းပီးပါလာတဲ့အျပင္ အျခား အသစ္ေတြပါ ထပ္ထည့္ေပးထားလို႔ပါပဲ။

ႏြီဟြား၊ ဝူခုန္း အျပင္ အခု 4 မွာဆိုရင္ ဂရိ နတ္ဘုရားေတြျဖစ္တဲ့ ဇူးစ္ တို႔ ေအးရိ တို႔ပါပါလာပီ။

ဒါဆိုေသခ်ာေပါက္ ဇာတ္လမ္းက ျဖစ္ရပ္မွန္အေပၚအေျခခံထားတာမဟုတ္ေတာ့ပဲ စိတ္ကူးယဥ္သပ္သပ္ဆိုတာ သိလို႔ရပီ။ လက္ရွိ Warriors Orochi 4 အထိ ထြက္ပီးတဲ့ ဒီစီးရီးက ဇာတ္လမ္း reboot မဟုတ္ပဲ အဆက္အစပ္နဲ႔ျဖစ္ပါတယ္။

ခုေဆာင္းပါးက Warriors Orochi 4 ကို review ေရာ story recap ေလးေရာဆိုေတာ့ အခရာက်တဲ့ Orochi ဇာတ္ေကာင္ကို အဓိကထား ေျပာေပးသြားပါ့မယ္။

Orochi


ဟိုး အေပၚဆံုးက ဇာတ္လမ္းေလး ျပန္ဆက္ရေအာင္ . .

ဝူဟန္ေတာင္မွာ ဖမ္းဆီးျခင္းခံထားရတဲ့ ယင္းလံု တစ္ျဖစ္လဲ Orochi ကို မေသမ်ိဳး (immortal) တစ္ေယာက္ျဖစ္တဲ့ Da Ji က ကယ္ထုတ္သြားပါတယ္။

Orochi မူလ စြမ္းအားေတြကိုျပန္ရတဲ့အခ်ိန္မွာ Da Ji မွ Orochi ရဲ႕ လက္ေအာက္မွာပူးေပါင္းပါဝင္လိုက္ပါတယ္။

Orochi ဆိုတာက Serpent King လို႔လည္းေခၚပီး အမည္နဲ႔အလိုက္ ေႁမြအသြင္ခႏၶာကိုယ္နဲ႔ အလြန္စြမ္းအားႀကီးတဲ့ မိစာၦတစ္ေယာက္၊

သူ႔ရဲ႕အျပင္းျပဆံုးေသာဆႏၵက ခြန္အားႀကီးပါေပ့ဆိုတဲ့ ၿပိဳင္ဖက္ေတြနဲ႔ ယွဥ္ၿပိဳင္လိုခ်င္းပါပဲ။ (ယင္းလံု ဘဝကအျဖစ္အပ်က္ေတြကို မွတ္မိျခင္းမရွိေတာ့ပါ)

ဒီေတာ့သူက အခ်ိန္နဲ႔ေနရာကိုေျပာင္းလဲႏိုင္စြမ္းရွိတဲ့ကမ႓ာ (dimensional world) ကို ဖန္တီးပီး အဲ့ထဲမွာ သံုးျပည္ေထာင္ေခတ္က သူရဲေကာင္းေတြ (Dynasty Warriors) နဲ႔ Sengoku period (Smaurai Warriors) သူရဲေကာင္းေတြ အတူတူ ပို႔လိုက္ပီး သူ႔ရဲ႕ ခြန္အား (might) ကို စမ္းပါေတာ့တယ္။

dimensional world ထဲေရာက္ရွိေနၾကတဲ့ စစ္သူရဲေကာင္းေတြက သူတို႔ရဲ႕အတိတ္ကာလေတြကို မွတ္မိျခင္းမရွိေတာ့ပဲ Orochi ရဲ႕ ခြန္အားလြန္ဆြဲပြဲအၾကားေရာက္ရွိသြားေတာ့တာပါပဲ။

Story


ဇာတ္လမ္းအေနနဲ႔ဆိုရင္ Warriors Orochi ကအဆက္အစပ္ေတြနဲ႔ျဖစ္ေပမယ္လို႔ ေနာက္ဂိမ္းေဆာ့ဖို႔ရာ ေရွ႕ကဂိမ္းေတြဇာတ္လမ္းသိဖို႔မျဖစ္မေနလိုအပ္တဲ့ဂိမ္းတစ္ခုေတာ့မဟုတ္ဘူး။

WO1 မွာ Orochi နဲ႔သူ႔ရဲ႕ မိစာၦတပ္ႀကီးကို စစ္သူရဲေကာင္းတပ္ေပါင္းစုေတြဝိုင္းတိုက္တယ္၊ Orochi ေသသြားတယ္.

2 မွာ ျပန္ရွင္ (revive) လာတယ္၊
ဝိုင္းတိုက္ၾကျပန္တယ္၊ ေသသြားျပန္ေရာ
အဲလို ေသလိုက္ ျပန္ရွင္လိုက္နဲ႔ 4 ကိုေရာက္လာတယ္။

တစ္ကယ္ဆိုရင္ ယုတၱိမရွိ၊ ဟာကြက္ေတြအမ်ားႀကီးနဲ႔လို႔ေျပာလို႔ရတယ္ ဇာတ္လမ္းေတြက . .
ဒါေပမဲ့ Warriors Orochi လိုဂိမ္းတစ္ခုအတြက္ေတာ့ story ဆိုတာက မည္ကာမတၱပဲ . .
ဂိမ္းကစားသူအတြက္ စိတ္ႀကိဳက္ ဝုန္းဒိုင္းႀကဲႏိုင္မႈက အႏွစ္လို႔ေျပာလို႔ရပါတယ္။
ဒီလိုေျပာလို႔ ဇာတ္လမ္းႀကီးက စိတ္ဝင္စားဖို႔မေကာင္းဘူးလားဆိုရင္လည္း မဟုတ္ဘူး။
စိတ္ကူးယဥ္ဆန္ဆန္နဲ႔ player freedom က ဂိမ္းကစားတဲ့သူကို ဆြဲေခၚသြားမွာပါ။

Warriors Orochi 4 အႏွစ္ခ်ဳပ္


ဇာတ္ေကာင္အေနနဲ႔ 170 အထိပါလာပီး စီးရီးတစ္ေလ်ာက္ အမ်ားဆံုးအေနနဲ႔ စံခ်ိန္တင္ထားတယ္။

ထံုးစံအတိုင္းပဲ Orochi ျပန္ပါလာမွာျဖစ္ပီး Greek နဲ႔ Norse နတ္ဘုရားေတြပါ ပါလာတယ္။

story mode အတြက္ အခန္း 50 ရွိပီး side mission အတြက္ အခန္း 20 . . အားလံုးေပါင္း 70 ရွိပါမယ္။

ဂိမ္းပေလးပိုင္းမွာ magic attack ထပ္မံထည့္သြင္းထားလို႔ ေဆာ့ရတာ ပိုပီး ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ျဖစ္သြားပါတယ္။ support character ေလးေယာက္ ထည့္သြင္းရပီး switchable လုပ္လို႔ရတဲ့ character က ယခင္အတိုင္းပဲ သံုးေယာက္ ျဖစ္ပါတယ္။

character level တက္ဖို႔အတြက္ growth point ေတြကိုသံုးႏိုင္သလို training ေတြေစလြတ္ပီးထားလို႔လည္းရပါတယ္။

training တစ္ခါလႊတ္ရင္ battle 3 ပြဲအထိ ၎ character ကို ေစာင့္ဆိုင္းရမည္ျဖစ္ပါတယ္။ လက္ရွိက်ေနာ့္အေနနဲ႔ အခန္း 70 အားလံုးကို normal difficulty နဲ႔ ပီးခဲ့ၿပီးျဖစ္ပါတယ္၊
အကိုင္အမ်ားဆံုးအေနနဲ႔က ႏြီဟြားပါ :3
growth point မသံုးပါပဲနဲ႔ သူမ level 56 ေရာက္ေနပါပီ 😍

PC Performance 


က်ေနာ္ေဆာ့တာက PC မွာဆိုေတာ့ ဂိမ္းရဲ႕ performnace ကိုမေျပာပဲ ခ်န္ထားခဲ့လို႔မရ။

ေရွ႕က ထြက္ခဲ့တဲ့ DW9 မွာေတာ့ optimization စုတ္ပ်က္သတ္ေနတာကိုေတာ့ PC မွာေဆာ့ခဲ့သူတိုင္း သိၾကမွာပါ။ WO4 မွာေတာ့ developer Omega Force အေနနဲ႔ အေတာ္ႀကီးျပင္ဆင္ထားတယ္လို႔ပဲေျပာရပါမယ္။

GTX 1060 6GB
i5-6500
16GB RAM
နဲ႔ က်ေနာ့္ RIG မွာ 1080p max settings ကို 40FPS နဲ႔အထက္ရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Omega Force အတြက္ ခုေလာက္ထိ optimization လုပ္ႏိုင္တာက အေပါင္းလကၡဏာပဲျဖစ္ပါတယ္။

WO series Platform (main installment)


Warriors Orochi / 2007
PS2, PC, PSP, Xbox 360

Warriors Orochi 2 / 2008
PS2, PSP, Xbox 360

Warriors Orochi 3 / 2011
PS3, PS4, PSP, Xbox 360, Xbox One, Wii U, Switch

Warriors Orochi 4 / 2018
PS4, Xbox One, PC
Credit to Writer, Seo Thu Aung

Unicode



(some spoiler ahead!)
Credit to Writer, Seo Thu Aung

Yinglong (ယင်းလုံ)


ကောင်းကင်နတ်မင်း (Heavenly Emperor) အုပ်ချုပ်မှုအောက်မှာရှိတဲ့ Mystic Realm မှာ ယင်းလုံ က စစ်သူကြီးတစ်ယောက်ပါ။

Mystic Realm ကို မကြာမကြာကျူးကျော်တိုက်ခိုက်လေ့ရှိတဲ့သူတစ်ဦးရှိပါတယ်။

သူကတော့ အမြီးကိုးချောင်းရှိမြေခွေးမလို့ အမည်ရတဲ့ Tamamo ပဲဖြစ်ပါတယ်။

ဘယ်လိုပင်တိုက်ခိုက်သော်ငြား သူမရဲ့ စွမ်းအားဟာ ကောင်းကင်နတ်မင်းကိုမယှဉ်နိုင်မှန်းသိလို့ Tamamo အနေနဲ့ တစ်မျိုးကြံပါတော့တယ်။

Mystic Realm ရဲ့ လက်ရုံးဖြစ်တဲ့ ယင်းလုံကိုသာသူမ ထိန်းနိုင်ခဲ့ရင် အကြံအစည်တွေအထမြောက်တော့မယ်လေ၊

ဒါနဲ့ပဲ အလစ်မှာ ယင်းလုံကိုသူမဘက်ပါအောင် စိတ်ညှို့ (manipulate) ပီး လိုသလိုခိုင်းစေပါတော့တယ်။

Tamamo မှ ယင်းလုံကို Mystic Realm ရဲ့ အဓိကကျောရိုးဖြစ်တဲ့ မှော်မှန် (Divine Mirror) ဖျက်စီးနိုင်ရင် ကောင်းကင်နတ်မင်းကိုလည်း သတ်နိုင်မယ်လို့ပြောပီး Divine Mirror ကို ဖျက်စီးစေပါတယ်။

Divine Mirror ကွဲအက်ပီး အကျိုးဆက်အဖြစ် ယင်းလုံးဟာ Serpent King Orochi အဖြစ်ပြောင်းလဲသွားပီး ကောင်းကင်နတ်မင်းကိုသတ်ကာ Tamamo ရဲ့ အကြံအစည် အထမြောက်သွားပါတယ်။

Mystic Realm ရဲ့ ကာကွယ်သူတွေဖြစ်ကျတဲ့ Taigong Wang (တိုင်ဂွန်ဝမ်), Fu Xi (ဖူရှီ), Nuwa (နွီဝါး) တို့ရောက်လာတဲ့အချိန်မှာတော့ အရာရာဟာနောက်ကျခဲ့ပီးဖြစ်တာမို့ သူတို့သုံးဦးနဲ့ Orochi တို့ အပြန်အလှန်တိုက်ခိုက်ကြရင်း အဆုံးမှာ Orochi ရှုံးနိမ့်ပီး ဝူဟန်တောင်မှာ ထိန်းသိမ်းခြင်းခံလိုက်ရပါတော့တယ်။

. . .

စစ်သူကြီးဓားခုတ်ဂိမ်း၊ ကွမ်းရီ လွီပု ချောင်ချောက် စတဲ့နာမည်တွေကို PS2 (အရပ်အခေါ် P2) ခေတ် တစ်နာရီဆော့ရင် ၃၀၀ ပေးရတဲ့အချိန်တွေကတည်းကဂိမ်းဆော့လာတဲ့သူတိုင်းနီးပါး သိကြ ကြားဖူးကြပါတယ်။

ပင်ကိုယ်နာမည် "Dynasty Warriors" လို့ပြောရင်မသိပဲ အပေါ်က နာမည်တွေနဲ့မှသိတဲ့အထိကိုဖြစ်ခဲ့တာ။

ငယ်တုန်း ၇တန်း ၈တန်းလောက်က ဘာမှမသိ၊ ဇာတ်လမ်းလည်းနားမလည် လူတွေအုပ်လိုက်ကြီး တဝုန်းဝုန်းနဲ့ဝင်ခုတ်၊ ရွေးစရာ ဟီးရိုး ဇာတ်ကောင်တွေကလည်းအများကြီး . .

ပီးတော့ တီဗွီတစ်လုံးထဲ အထက်အောက် မြင်ကွင်းနှစ်ခုနဲ့ (split screen) ဆော့လို့ရတော့ အတော်ကြိုက်ခဲ့တာပေါ့။

အဲ့ဂိမ်းတွေအကြောင်းကိုပြောမယ်ဆိုရင် Koei အကြောင်းကိုချန်ထားခဲ့လို့မရဘူးဗျ။

Koei (ယခု Koei Tecmo) ဆိုတာက

Dynasty Warriors စီးရီး (တရုတ် သုံးပြည်ထောင်ခေတ် အခြေခံ)
Samurai Warriors စီးရီး (ဂျပန် Sengoku ခေတ်ကာလ အခြေခံ)
Warriors Orochi စီးရီး (spin-off)

ဂိမ်း သုံးမျိုးရဲ့ ပင်တိုင် ပက်ဗလစ်ရှာ ကုမ္ပဏီကြီးပေါ့ဗျာ။

Dynasty Warriors ဆိုရင် 1, 2, 3, 4 နဲ့ထုတ်လာလိုက်တာ ခုဆိုရင် 9 အထိရောက်နေပီ။
Samurai Warriors နဲ့ Warriors Orochi ဆိုရင်လည်း 4 အထိ အသီးသီးရောက်နေကြပီ
ကြားထဲက edition အမျိုးမျိုးကိုပါထည့်တွက်ရင် တပြွတ်ကြီးဖြစ်သွားမယ်။

(ဥပမာ Dynasty Warriors 5, 5 Empires, 5 Xtreme Legends စသဖြင့်)

Dynasty Warriors နဲ့ Samurai Warriors စီးရီးနှစ်ခုရဲ့ တူညီတဲ့အချက်က သမိုင်းမှာဖြစ်ပျက်ခဲ့တဲ့ ရာဇဝင်တွေအပေါ်အခြေခံထားတာဖြစ်ပါတယ်။

DW က သုံးပြည်ထောင်ခေတ် (AD 200-300)
SW က Sengoku ခေတ် (AD 1400-1600)

မြန်မာရာဇဝင်နဲ့ပြောရရင် ပုဂံခေတ် အင်းဝခေတ် စသဖြင့်ကို ဂိမ်းအဖြစ်ဖန်တီးထားသလိုမျိုး။

နောက်တစ်ချက်က ဂိမ်းအသစ်တစ်ခုထွက်တိုင်း ဇာတ်လမ်းက အဆက်ဖြစ်သွားတာမဟုတ်ပဲ reboot လုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။

(ဆိုလိုတာက DW 7 က DW6 ရဲ့ နောက်ဆက်တွဲမဟုတ်ပဲ ဇာတ်လမ်းအတူတူ ဇာတ်ကောင်အတူတူကို အမြင်ပိုင်း graphics နဲ့ ဂိမ်းဆော့ရတဲ့ control ပိုင်းမှာ အပြောင်းအလဲလုပ်လိုက်တဲ့သဘောပါ)

အဲ Warriors Orochi စီးရီးကတော့ထူးခြားတယ်ပြောရမယ်။ ဘာလို့ဆိုတော့ သူက DW, SW ထဲက ဟီးရိုးတွေအကုန်ပေါင်းပီးပါလာတဲ့အပြင် အခြား အသစ်တွေပါ ထပ်ထည့်ပေးထားလို့ပါပဲ။

နွီဟွား၊ ဝူခုန်း အပြင် အခု 4 မှာဆိုရင် ဂရိ နတ်ဘုရားတွေဖြစ်တဲ့ ဇူးစ် တို့ အေးရိ တို့ပါပါလာပီ။

ဒါဆိုသေချာပေါက် ဇာတ်လမ်းက ဖြစ်ရပ်မှန်အပေါ်အခြေခံထားတာမဟုတ်တော့ပဲ စိတ်ကူးယဉ်သပ်သပ်ဆိုတာ သိလို့ရပီ။ လက်ရှိ Warriors Orochi 4 အထိ ထွက်ပီးတဲ့ ဒီစီးရီးက ဇာတ်လမ်း reboot မဟုတ်ပဲ အဆက်အစပ်နဲ့ဖြစ်ပါတယ်။

ခုဆောင်းပါးက Warriors Orochi 4 ကို review ရော story recap လေးရောဆိုတော့ အခရာကျတဲ့ Orochi ဇာတ်ကောင်ကို အဓိကထား ပြောပေးသွားပါ့မယ်။

Orochi


ဟိုး အပေါ်ဆုံးက ဇာတ်လမ်းလေး ပြန်ဆက်ရအောင် . .

ဝူဟန်တောင်မှာ ဖမ်းဆီးခြင်းခံထားရတဲ့ ယင်းလုံ တစ်ဖြစ်လဲ Orochi ကို မသေမျိုး (immortal) တစ်ယောက်ဖြစ်တဲ့ Da Ji က ကယ်ထုတ်သွားပါတယ်။

Orochi မူလ စွမ်းအားတွေကိုပြန်ရတဲ့အချိန်မှာ Da Ji မှ Orochi ရဲ့ လက်အောက်မှာပူးပေါင်းပါဝင်လိုက်ပါတယ်။

Orochi ဆိုတာက Serpent King လို့လည်းခေါ်ပီး အမည်နဲ့အလိုက် မြွေအသွင်ခန္ဓာကိုယ်နဲ့ အလွန်စွမ်းအားကြီးတဲ့ မိစ္ဆာတစ်ယောက်၊

သူ့ရဲ့အပြင်းပြဆုံးသောဆန္ဒက ခွန်အားကြီးပါပေ့ဆိုတဲ့ ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်လိုချင်းပါပဲ။ (ယင်းလုံ ဘဝကအဖြစ်အပျက်တွေကို မှတ်မိခြင်းမရှိတော့ပါ)

ဒီတော့သူက အချိန်နဲ့နေရာကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ကမ္ဘာ (dimensional world) ကို ဖန်တီးပီး အဲ့ထဲမှာ သုံးပြည်ထောင်ခေတ်က သူရဲကောင်းတွေ (Dynasty Warriors) နဲ့ Sengoku period (Smaurai Warriors) သူရဲကောင်းတွေ အတူတူ ပို့လိုက်ပီး သူ့ရဲ့ ခွန်အား (might) ကို စမ်းပါတော့တယ်။

dimensional world ထဲရောက်ရှိနေကြတဲ့ စစ်သူရဲကောင်းတွေက သူတို့ရဲ့အတိတ်ကာလတွေကို မှတ်မိခြင်းမရှိတော့ပဲ Orochi ရဲ့ ခွန်အားလွန်ဆွဲပွဲအကြားရောက်ရှိသွားတော့တာပါပဲ။

Story


ဇာတ်လမ်းအနေနဲ့ဆိုရင် Warriors Orochi ကအဆက်အစပ်တွေနဲ့ဖြစ်ပေမယ်လို့ နောက်ဂိမ်းဆော့ဖို့ရာ ရှေ့ကဂိမ်းတွေဇာတ်လမ်းသိဖို့မဖြစ်မနေလိုအပ်တဲ့ဂိမ်းတစ်ခုတော့မဟုတ်ဘူး။

WO1 မှာ Orochi နဲ့သူ့ရဲ့ မိစ္ဆာတပ်ကြီးကို စစ်သူရဲကောင်းတပ်ပေါင်းစုတွေဝိုင်းတိုက်တယ်၊ Orochi သေသွားတယ်.

2 မှာ ပြန်ရှင် (revive) လာတယ်၊
ဝိုင်းတိုက်ကြပြန်တယ်၊ သေသွားပြန်ရော
အဲလို သေလိုက် ပြန်ရှင်လိုက်နဲ့ 4 ကိုရောက်လာတယ်။

တစ်ကယ်ဆိုရင် ယုတ္တိမရှိ၊ ဟာကွက်တွေအများကြီးနဲ့လို့ပြောလို့ရတယ် ဇာတ်လမ်းတွေက . .
ဒါပေမဲ့ Warriors Orochi လိုဂိမ်းတစ်ခုအတွက်တော့ story ဆိုတာက မည်ကာမတ္တပဲ . .
ဂိမ်းကစားသူအတွက် စိတ်ကြိုက် ဝုန်းဒိုင်းကြဲနိုင်မှုက အနှစ်လို့ပြောလို့ရပါတယ်။
ဒီလိုပြောလို့ ဇာတ်လမ်းကြီးက စိတ်ဝင်စားဖို့မကောင်းဘူးလားဆိုရင်လည်း မဟုတ်ဘူး။
စိတ်ကူးယဉ်ဆန်ဆန်နဲ့ player freedom က ဂိမ်းကစားတဲ့သူကို ဆွဲခေါ်သွားမှာပါ။

Warriors Orochi 4 အနှစ်ချုပ်


ဇာတ်ကောင်အနေနဲ့ 170 အထိပါလာပီး စီးရီးတစ်လျောက် အများဆုံးအနေနဲ့ စံချိန်တင်ထားတယ်။

ထုံးစံအတိုင်းပဲ Orochi ပြန်ပါလာမှာဖြစ်ပီး Greek နဲ့ Norse နတ်ဘုရားတွေပါ ပါလာတယ်။

story mode အတွက် အခန်း 50 ရှိပီး side mission အတွက် အခန်း 20 . . အားလုံးပေါင်း 70 ရှိပါမယ်။

ဂိမ်းပလေးပိုင်းမှာ magic attack ထပ်မံထည့်သွင်းထားလို့ ဆော့ရတာ ပိုပီး မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သွားပါတယ်။ support character လေးယောက် ထည့်သွင်းရပီး switchable လုပ်လို့ရတဲ့ character က ယခင်အတိုင်းပဲ သုံးယောက် ဖြစ်ပါတယ်။

character level တက်ဖို့အတွက် growth point တွေကိုသုံးနိုင်သလို training တွေစေလွတ်ပီးထားလို့လည်းရပါတယ်။

training တစ်ခါလွှတ်ရင် battle 3 ပွဲအထိ ၎င်း character ကို စောင့်ဆိုင်းရမည်ဖြစ်ပါတယ်။ လက်ရှိကျနော့်အနေနဲ့ အခန်း 70 အားလုံးကို normal difficulty နဲ့ ပီးခဲ့ပြီးဖြစ်ပါတယ်၊
အကိုင်အများဆုံးအနေနဲ့က နွီဟွားပါ :3
growth point မသုံးပါပဲနဲ့ သူမ level 56 ရောက်နေပါပီ 😍

PC Performance 


ကျနော်ဆော့တာက PC မှာဆိုတော့ ဂိမ်းရဲ့ performnace ကိုမပြောပဲ ချန်ထားခဲ့လို့မရ။

ရှေ့က ထွက်ခဲ့တဲ့ DW9 မှာတော့ optimization စုတ်ပျက်သတ်နေတာကိုတော့ PC မှာဆော့ခဲ့သူတိုင်း သိကြမှာပါ။ WO4 မှာတော့ developer Omega Force အနေနဲ့ အတော်ကြီးပြင်ဆင်ထားတယ်လို့ပဲပြောရပါမယ်။

GTX 1060 6GB
i5-6500
16GB RAM
နဲ့ ကျနော့် RIG မှာ 1080p max settings ကို 40FPS နဲ့အထက်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Omega Force အတွက် ခုလောက်ထိ optimization လုပ်နိုင်တာက အပေါင်းလက္ခဏာပဲဖြစ်ပါတယ်။

WO series Platform (main installment)


Warriors Orochi / 2007
PS2, PC, PSP, Xbox 360

Warriors Orochi 2 / 2008
PS2, PSP, Xbox 360

Warriors Orochi 3 / 2011
PS3, PS4, PSP, Xbox 360, Xbox One, Wii U, Switch

Warriors Orochi 4 / 2018
PS4, Xbox One, PC

Credit to Writer, Seo Thu Aung

Post a Comment

0 Comments