Upcoming video games in 2020

၂၀၂၀ မွာ ဘာဂိမ္းေတြကို လူေတြက ေစာင့္ေမ်ွာ္ေနၾကတာလဲ?

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version

Diablo IV




2019 BlizzCon မွာ Blizzard ရဲ႕ အေကာင္းဆံုး ေၾကညာခ်က္ကို ေျပာရလ်ွင္ Diablo IV ပဲလို႔ဆိုရမွာပါ ။ ဒက္ဘေလာ္ပါကေတာ့ အဆိုပါဂိမ္းကို  မႏွစ္ၿမိဳ႕ဖြယ္ရာ ခံစားခ်က္ေပးတဲ့ အေမွာင္ကမၻာ ဆန္ဆန္ ေသြးသံတရဲရဲနဲ႔ ဂိမ္းမွာ ဘာေတြ ပါႏိုင္ေခ်႐ွိမလဲ ဘယ္လိုေတြ ဘာလာမွာလဲ စသျဖင့္ ေတြးေတာစရာ အမ်ားႀကီး ျဖစ္​ေစမဲ႔ ေထြလာကို ျပသြားခဲ့တာ ျဖစ္ပါတယ္ ။ Online dungeon crawler အက္႐ွင္ ဇာတ္လမ္းသြားအမ်ိဳးအစား Diablo IV ဟာ ဖန္အႀကိဳက္ Diablo II ပံုစံ အေျခခံယူ ေရးဆြဲထားေပမယ့္ Diablo III ကလိုမ်ိဳးလည္း ထည့္ထားတယ္လို႔ ဆိုပါတယ္ ။ ဂိမ္းကေတာ့ offline လံုးဝ မရတဲ့ online only ဂိမ္းတစ္ခု ျဖစ္မွာ ျဖစ္ပါတယ္ ။

Platforms: PS4, Xbox One, PC
Release Date: TBA

Lost Soul Aside


Final Fantasy အသြင္အျပင္ နဲ႔ Ninja Gaiden ဂိမ္းပေလးစတိုင္ ၂ ခု ေရာထားတဲ့ ဇာတ္လမ္းသြား အက္႐ွင္ဂိမ္း Lost Soul Aside ။ ၂၀၁၆ တုန္းက ေထြလာဗြီဒီယိုတစ္ခုနဲ႔တင္ ဂိမ္းေလာကတခုလံုးကို လႈပ္လႈပ္႐ွား႐ွား ျဖစ္ေစခဲ့တဲ့ အဆိုပါ ဂိမ္းဟာ သတင္းမၾကားရေတာ့တာ ႏွစ္အေတာ္ၾကာေနပါၿပီ ။ Lost Soul Aside ဂိမ္းဒက္ဘေလာ္ပါ Yang Bing က သူ႔ဂိမ္းကို ဒီႏွစ္ ၂၀၂၀ မကုန္ခင္ေလာက္မွာ ထုတ္ဖို႔ စီစဥ္ထားတယ္လို႔ ဇန္နဝါရီလမွာ က်င္းပခဲ့တဲ့ Sony's China Hero Project မွာ ေျပာၾကားခဲ့တာမုိ႔ Lost Souls Aside ဂိမ္းအေၾကာင္း မၾကာခင္မွာ သိရေတာ့မယ္လို႔ ခန္႔မွန္းရပါတယ္ ။

Lost Soul Aside ဂိမ္းက​ေတာ့ action based gameplay ျဖစ္​ၿပီး ဇာတ္​လမ္​းသြားအမ်ိဳးအစား ျဖစ္​ပါတယ္​ ။ လံုးဝ action ခ်ည္​းပဲ ​ေဆာ့ရမွာ မဟုတ္​ပဲ ​ေဆာ့ရင္​းနဲ႔ နစ္​​ေျမာသြားမယ္​့ ဇာတ္​လမ္းဇာတ္ကြက္ေတြ ၊ စိတ္ထဲ အပန္းေျပသြားေစမယ့္ လွပတဲ့ ႐ႈခင္​း​ေတြ ပတ္​ဝန္​းက်င္​ ခံစားရ​ေအာင္ ေရးဆြဲ ဖန္​တီးထားတယ္​လို႔ ဆိုပါတယ္​ ။ ဂိမ္းဇာတ္လမ္းကေတာ့ ဇာတ္လိုက္ Kazor ႏွင့္ သူ႔ရဲ႕ လက္နက္အျဖစ္ ေျပာင္းလဲလို႔ရသလို ခရီးသြားေဖာ္လည္း ျဖစ္တဲ့ crystal dragon တို႔ရဲ႕ စြန္႔စားခရီးထြက္ၿပီး monster ေတြနဲ႔ တိုက္ခုိက္ရမယ့္ ဇာတ္လမ္း ျဖစ္ပါတယ္ ။

Platform: PS4
Release Date: 2020

Bayonetta 3


၂၀၁၇ တုန္းက Bayonetta 3 ဂိမ္း အေၾကာင္း အနည္းငယ္ သိခဲ့ရၿပီးေနာက္ပိုင္း လံုးဝ သတင္းမၾကားရေတာ့တာ အခုထိပင္ ။ PlatinumGames ကေတာ့ Kickstarter မွာ The Wonderful 101 ကို Switch, PC, PS4 ေပၚ တင္ႏိုင္ဖို႔ ကမ္ပိန္း တစ္ခု စတင္လိုက္ပါၿပီ ။ လက္႐ွိမွာ ေဒၚလာ ၁ သန္းေက်ာ္ရေနၿပီလို႔ ေၾကညာထားပါတယ္ ။ ဂိမ္မာအမ်ားစုက ေနာက္ပိုင္းမွာ PlattiumGames ဟာ ဂိမ္းအေဟာင္းေတြ Bayonetta 3 အပါအဝင္ တျခားဂိမ္းေတြကိုပါ ဒီလိုပံုမ်ိဳးနဲ႔ ေအာင္ျမင္ေအာင္ ဂိမ္းထြက္ႏိုင္သည္အထိ ႀကိဳးစားသြားမယ့္ အေနအထား႐ွိတယ္လို႔  ေဝဖန္သံုးသပ္ေနၾကပါတယ္ ။ ဒါေၾကာင့္ Bayonetta 3 ဂိမ္းကို ျမင္ရဖို႔ အခ်ိန္အၾကာႀကီးေစာင့္ရဦးမွာ ျဖစ္ပါတယ္ ။

Platforms: Nintendo Switch
Release Date: TBA

System Shock 3 Remake


Classic RPG/ horror/ Sci-fi အက္႐ွင္အမ်ိဳးအစား System Shock ဂိမ္းအသစ္ မထြက္ေတာ့တာ ၾကာပါၿပီ ။ ၂၀၁၆ ခုႏွစ္ေလာက္က ဒက္ဘေလာ္ပါေတြဟာ System Shock ဂိမ္းအသစ္ကို ျပန္ဖန္တီးေနၾကေၾကာင္း သတင္းေတြ ထြက္လာတာနဲ႔အညီ ဂိမ္းဖန္တီးဖို႔ လိုေနတဲ့ ေငြအင္အား kickstarter ကေန လိုက္စုခဲ့တာေတြလည္း ႐ွိခဲ့ပါတယ္ ။ ဒါေပမယ့္ ဂိမ္းအသစ္ ဖန္တီးတာ ရပ္ဆိုင္းလိုက္ၿပီဆိုတဲ့ သတင္းေတြလည္း ထပ္ထြက္လာခဲ့ျပန္ပါတယ္ ။ သုိ႔ေပမယ့္ က်ေနာ္တို႔ မဖ်က္သိမ္းပါဘူး System Shock ဂိမ္းအသစ္ ျပန္ဖန္တီးေနဆဲပါ သတင္းေတြ ထပ္ေၾကညာခဲ့ၿပီးေနာက္ အခု ၂၀၂၀ မွာေတာ့ ဒက္ဘေလာ္ပါ Nightdive Studio က က်ေနာ္တို႔ ဖန္တီးေနတာ ေနာက္ဆံုး အဆင့္ေရာက္ေနပါၿပီ ဆိုတဲ့ ဝမ္းသာစရာ ေၾကညာခ်က္ကို kickstarter ကေန ေၾကညာလိုက္ၿပီ ျဖစ္တဲ့အတြက္ ဖန္ေတြ ေစာင့္ေမ်ွာ္ေနတဲ့ System Shock ဂိမ္း အမွန္တကယ္ ျဖစ္လာပါၿပီ ။  ရက္အတိအက်ေတာ့ အခုထိ မသိရေသးေပမယ့္ ၂၀၂၀ အတြင္းမွာပဲ ထြက္မယ္လို႔ ခန္႔မွန္းရပါတယ္ ။

Platforms: PS4, Xbox One, PC, mac OS, Linux
Release Date: TBA

Overwatch 2


၂၀၁၆ မွာ စတင္ခဲ့တဲ့ အသင္းအဖြဲ႔နဲ႔ ယွဥ္ၿပိဳင္ ေသနတ္ပစ္ရတဲ့ team-based shooter ဂိမ္း Overwatch ဟာ ဂိမ္းပေလး ေခ်ာေမြ႔မႈ ၊ ဇာတ္ေကာင္တစ္ေကာင္ခ်င္းစီမွာ ေနာက္ခံသမိုင္းေၾကာင္းေကာင္းေကာင္းနဲ႔ ႐ုပ္ထြက္ ေသသပ္ သပ္ရပ္မႈေတြေၾကာင့္ အေတာ္ေလးကို ေက်ာ္ၾကား လူသိမ်ားခဲ့ပါတယ္ ။ ေနာင္ အသစ္ထြက္မယ့္ Overwatch 2 ကေတာ့ အဓိကအပိုင္း team-based online multiplayer ကို ေ႐ွ႕ဂိမ္းကအတိုင္း ျပန္ယူထားၿပီး ဒီအေပၚမွာမွ အသစ္တစ္ခ်ိဳ႕ ထပ္ထည့္သြားမွာ ျဖစ္လို႔ အရင္ကထက္ ေနာက္ခံဇာတ္ေၾကာင္းက ပိုေလးနက္သြားတယ္လို႔ ဆိုပါတယ္ ။ Blizzard က competitive အပိုင္းမွာ Overwatch 2 ကို Overwatch 1 ႏွင့္ compatible ျဖစ္ေအာင္လုပ္ထားတာမုိ႔ Overwatch 2 ထြက္လာတာနဲ႔ မူလ Overwatch မွာ လူမ႐ွိေတာ့တာမ်ိဳး ၊ ကစားသူမ႐ွိေတာ့တာမ်ိဳး ျဖစ္လာမွာ မဟုတ္ဘူးလို႔ ေျပာထားပါတယ္ ။

Platforms: PC
Release Date: TBA

Ghostwire: Tokyo


E3 2019 မွာ ျပသြားခဲ့တဲ့ The Evil Within ဂိမ္​းဖန္​တီးရာမွာပါဝင္​ခဲ့တဲ့ စတူဒီယိုက ဖန္​တီးထားတဲ့ horror အ​ေငြ႔အသက္​​ေတြပါတဲ့ action adventure ဂိမ္းတစ္​ခုပါ ။ Tango Gameworks တည္​​ေထာင္​သူ Shinji Mikami ႏွင္​့ အဆိုပါဂိမ္းရဲ႕ ဒါ႐ိုက္​တာ Ikumi Nakamura တို႔က Bethesda E3 2019 မွာ မိတ္​ဆက္​ျပသြားခဲ့တာ ျဖစ္​ပါတယ္​ ။

Ghostwire: Tokyo ဂိမ္​းဟာ သဘာဝလြန္မ​ေကာင္​းဆိုးဝါး​ေတြ ​ေႏွာင္​့ယွက္​​ေသာင္​းက်န္​း​ေနတဲ့ တိုက်ိဳၿမိဳ႕ႀကီးမွာ အ​ေျခခံ ဇာတ္​လမ္​းဆင္​ထားတာ ျဖစ္​ပါတယ္​ ။ Ghostwire Tokyo ဟာ ကန္​႔သတ္​ခ်က္​မ်ားတဲ့ survival ဂိမ္​းမဟုတ္​ပဲ တစ္​စံုတစ္​ခု လ်ွိဳ႕ဝွက္​ၾကံစည္​မႈ​ (ဥပမာ လူသတ္​မႈလို စံုစမ္​းရ) ႐ွာ​ေဖြ​ေဖာ္​ထုတ္​ရတာ ၊ ​ပတ္ဝန္​းက်င္​ ​စူးစမ္​း​ေလ့လာရတာ  ၊ ပုန္​း​ေနတ​ဲ့အရာ ႐ွာ​ေတြ႔ဖို႔ ခက္​တ​ဲ့အရာ​ေတြ ႐ွာ​ေဖြ​ေဖာ္​ထုတ္​ရတာ​ေတြနဲ႔ ဂိမ္​းကစားသူကို စိန္​​ေခၚထားပါတယ္​ ။ ​ေထြလာထဲမွာ ​ေန႔တုိင္​းအသက္​႐ွင္​လႈပ္​႐ွား​ေနတဲ့ တိုက်ိဳၿမိဳ႕ႀကီးဟာ မ်က္​စိတစ္​မိွတ္​အတြင္​းမွာပဲ ​ေျပာင္​းလဲသြားတယ္​ ။ လမ္​းမွာ သြားလာ​ေနတဲ့ လူ​ေတြဟာ ​ေျခရာလက္​ရာမက်န္​ အကုန္​​ အ​ေငြ႔ပ်ံသြားသလို ႐ုတ္​ခ်ည္​း ​ေပ်ာက္​သြားၿပီး သူတို႔ရဲ႕ အက်ီႌ အသံုးအ​ေဆာင္​ပစၥည္​း​ပံု​ေတြပဲ က်န္​ရစ္​တယ္​ ။

အမည္​မသိ သဘာဝလြန္​ မ​ေကာင္​းဆိုးဝါးအ​ေကာင္​​ေတြ လမ္​း​ေပၚမွာ ​ေပၚလာတယ္​ ။ သူတို႔ဟာ လူလိုမ်ိဳးပဲ ဒါ​ေပမယ္​့ လက္​သည္​းအ႐ွည္​ႀကီး​ေတြ ႐ွိၾကတယ္​ ။ မီးနဲ႔ လ်ွပ္​စစ္​ကို ႀကိဳက္​သလို ခ်ဳပ္​ကိုင္ႏိုင္​တယ္​ ။ ကစားသူလည္​း မ​ေခပါဘူး ။ သဘာဝလြန္​စြမ္​းအား​ေတြ ႐ွိ​ေနပါတယ္​ ။ ၿပီး​ေတာ့ တိုက္​ရည္​ခိုက္​ရည္​မွာ​ေရာ တခုခု ထိန္​းခ်ဳပ္​တဲ့​ေနရာ​ေတြမွာလည္​း နင္​ဂ်ာတစ္​​ေယာက္​လို ကြၽမ္​းက်င္မႈ​ေတြ ႐ွိ​ေနပါတယ္​ ။

​ေထြလာ​ေနာက္​ဆံုးမွာ စာသားတစ္​ခုနဲ႔ အဆံုးသတ္​လိုက္​တာ ျမင္​ရပါတယ္​ ။ အဲ့ဒီ စာသားက​ေတာ့ "Don't fear the unknown. Attack it."

Platforms: PC (likely PS5 and Xbox X)
Release date: မသိရ​ေသး

Deathloop


Bethesda ရဲ႕ E3 ကြန္​႔ဖရင္​့မွာ Arkane Studios က ဂိမ္​းအသစ္​ Deathloop ကို ေၾကညာခဲ့ပါတယ္ ။ Arkane Studios က​ေတာ့ Dishonored ႏွင္​့ Prey ဂိမ္​းဖန္​တီးတဲ့​ေနရာမွာ ပါဝင္​ခဲ့တဲ့ ဂိမ္​းစတူဒီယိုတစ္​ခုပါ ။

ဂိမ္​းက​ေတာ့ first person အက္​႐ွင္​ဂိမ္​းတစ္​ခု ျဖစ္​ၿပီး ဥပ​ေဒမ႐ွိ ပ်က္​စီး​ေနတဲ့ Black Reef ဆိုတဲ့ ကြၽန္​းကို ​ေနာက္​ခံထား ဇာတ္​လမ္​းဖြဲ႔ထားတာ ျဖစ္​ပါတယ္​ ။ အဓိကဇာတ္​​ေကာင္​က​ေတာ့ assassin ၂ ​ေယာက္​ျဖစ္​ၿပီး ​ေသသြားတဲ့အခါ တဖန္​ျပန္​ႏိႈးထလာၿပီး အစက​ေနျပန္​စတတ္​တဲ့ အခ်ိန္​ကြင္​းဆက္​ထဲ ပိတ္​မိ​ေနသူ ၂ ​ေယာက္​ပါ ။ ဒီဘဝ ဒီအျဖစ္​အပ်က္​​ေတြကိုပဲ အျပန္​ျပန္​အလွန္​လွန္​ ျဖစ္​ပ်က္​​ေနတာပါ ။ assassin ၂ ​ေယာက္​မွာ တစ္​​ေယာက္​က အဲ့ဒီအခ်ိန္​ကြင္​းဆက္​ကို အဆံုးသတ္​ပစ္​ခ်င္​တယ္​ ​ေနာက္​တစ္​​ေယာက္​က အခ်ိန္​ကြင္​းဆက္​ကို ထိန္​းသိမ္​းထားခ်င္​တယ္​ ။ ရည္​ရြယ္​ခ်က္​မတူတဲ့ သူတို႔ ၂ ​ေယာက္​ ဒါနဲ႔ပဲ တစ္​​ေယာက္​ကို တစ္​​ေယာက္​က သတ္​ဖို႔ ႀကိဳးစားၾကတဲ့ ကံၾကမၼာျဖစ္​လာ​ေတာ့တယ္​ ။ ပါးစပ္​အ​ေဟာင္​းသားျဖစ္​သြား​ေစမယ္​့ ႐ုပ္​ထြက္​ ၊ ​ေသခ်ာတြက္​ခ်က္​ၿပီး စီစဥ္​ထားတဲ့ level ဒီဇိုင္​း ၊ နစ္​​ေမ်ာသြား​ေစမယ္​့ ဂိမ္​းပ​ေလး ဇာတ္​လမ္​းနဲ႔ Deathloop ဂိမ္​းမွာ​ေတာ့ သင္​ မ​ေသ​ေစပါနဲ႔​ေလ ။

Platform: PS4, Xbox One, PC
Release Date: TBD

Elden Ring


HBO ရဲ႕ နာမည္​ႀကီး စီးရီး Game of Throne ဒါ႐ိုက္​တာ George R.R. Martin ႏွင္​့ ဂိမ္​မာအား​ေပးမႈ အမ်ားဆံုးရ႐ွိထားတဲ့ Dark Souls, Sekiro: Shadow dies twice ဂိမ္းဖန္​တီးသူ FromSoftware ဒက္​ဘ​ေလာ္​ဘာ Hidetaka Miyazaki တို႔ ပူး​ေပါင္​းဖန္​တီးမယ္​့ ဂိမ္​းတစ္​ခု​ေပါ့ ။

​​ေထြလာအရ Elden Ring မွာ ဗိုက္​ကင္​းပံု သံခ်ပ္​ကာအက်ႌအဝတ္​အစားနဲ႔မို႔ ​ေနာ့စ္​ဒ႑ာရီကို အ​ေျခခံထားတယ္​လို႔ ယူဆရပါတယ္ ။ ဒက္​ဘ​ေလာ္​ဘာကလည္​း open world action RPG လို႔လည္​း ​ေျပာထားပါတယ္​ ။ ၿပီး​ေတာ့ FromSoftware က ဖန္တီးမွာ ျဖစ္​တဲ့အတြက္​ ဂိမ္​း​ေနာက္​ခံက ​အ​ေမွာင္​စိတ္​ကူးယဥ္​ကမၻာအသြင္​ ျဖစ္​မွာက​ေတာ့ ​ေသခ်ာ​ေနပါၿပီ ။ ၾကားရတဲ့ သတင္းေတြအရေတာ့ Elden ring ရဲ႕ တိုက္ခိုက္မႈပံုစံကို Souls စီးရီးက အေျခခံယူထားတယ္ ၊ boss ကရတဲ့ ပါဝါေတြကို Sekiro က prosthetic လိုမ်ိဳး ထပ္ဆင့္ထည့္လို႔ရတဲ့ combo ႐ွိမယ္ ၊ တစ္တိတိနဲ႔ ေလာင္ကြၽမ္းကုန္ဆံုးေနမယ့္ ပါဝါ mechanic ႐ွိမယ္လို႔ ၾကားရပါတယ္ ။

Platforms: PC, Xbox One, PS4
Release Date: early 2020

Trials of Mana


၂၀၁၉ ဇြန္လတုန္းက Square Enix ဟာ Mana ဂိမ္းေတြကို တစုတေပါင္းတည္း official translate ဗား႐ွင္းထုတ္ေပးခဲ့ပါတယ္ ။ Mana ဂိမ္းစီးရီးကေတာ့ Square ႏွင့္ Enix ကုမၸဏီ ၂ ခု မေပါင္းစည္းခင္ကာလ Square ကုမၸဏီက ထုတ္ခဲ့တဲ့ အေတာ္ေလး လူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္လမ္းသြားဂိမ္းစီးရီးပဲ ျဖစ္ပါတယ္ ။ အေမ့ေလ်ာ့ခံ classic ဂိမ္းစီးရီးက 2020 မွာ ျပန္အသက္ဝင္လာေတာ့မွာပါ ။

ဒီႏွစ္အတြင္း ထြက္လာေတာ့မယ့္ Trials of Mana remake ဂိမ္းဟာ မူလ third-person အက္႐ွင္ဇာတ္လမ္းသြားကို ျပန္ၿပီး ျပဳျပင္ကာ အသစ္ဖန္တီးထားတာ ျဖစ္ပါတယ္ ။ footage ဗီြဒီယိုထဲမွာ real time battle ကို streamlined combat စနစ္နဲ႔ ျဖစ္သြားၿပီး ႐ုပ္ထြက္ လွပတဲ့ pixel art ကေန  ရႊန္းစိုလွပထည္ဝါ​ေသာ 3D စတိုင္ ျဖစ္သြားတာ ေတြ႔ရပါတယ္ ။

Platforms: Nintendo Switch, PS4
Release Date: 24th April 2020

Persona 5 Royal


Persona 5 Royal ဟာ မူလဂိမ္း Persona 5 ကို combat အပိုင္းနဲ႔ content အပိုင္းမွာ ပိုမိုေကာင္းမြန္ေအာင္ ျပန္ျပဳျပင္ထားတယ္လို႔ ဆိုပါတယ္ ။ နဂိုကတည္းကလည္း ဇာတ္ေကာင္ေတြ မ်ားေနၿပီ ဆိုေပမယ့္ အသစ္ထပ္ထည့္ထားတဲ့ Kasumi Yoshizawa ဆိုတဲ့ ဇာတ္ေကာင္အသစ္က Persona 5 Royal ဂိမ္းဇာတ္လမ္းကို အဓိကေမာင္းႏွင္သြားမွာ ျဖစ္ပါတယ္ ။

Platforms: PS4
Release Date: 31th March 2020

Tales of Arise


Tale စီးရီးဂိမ္းေတြ ဖန္တီးတဲ့ေနရာမွာ ဝါရင့္သမားေတြ ျပဳလုပ္ဖန္တီးထားတဲ့ ၁၇ ခုေျမာက္ Tale စီးရီးအသစ္ ။ အေနာက္ႏိုင္ငံဂိမ္းေစ်းကြက္မွာ ထိုးေဖာက္ဖို႔အတြက္ အေနာက္တိုင္းအေငြ႔အသက္ပါေအာင္ ဖန္တီးတဲ့ ဂိမ္းတစ္ခု ျဖစ္ပါတယ္ ။ Tale စီးရီးသမားေတြ အႀကိဳက္ျဖစ္မယ့္ ဂိမ္းတစ္ခုပါပဲ ။

Tale of Arise ဂိမ္းဟာ အက္႐ွင္ ဇာတ္လမ္းသြားဂိမ္း (Action role playing) အမ်ိဳးအစားျဖစ္ၿပီး ဇာတ္လမ္းကေတာ့ အလယ္ေခတ္အသြင္ ယူထားတဲ့ Dahna ဆိုတဲ့ ကမၻာနဲ႔ Rena ဆိုတဲ့ ကမၻာ ၂ ခုၾကား ဇာတ္အိမ္တည္ထားပါတယ္ ။ Rena ဟာ ေမွာ္ပညာပိုင္း ဆိုင္ရာမွာရာ စက္မႈလက္မႈအပိုင္းဆိုင္ရာမွာပါ လံုးဝ တိုးတက္ေနတဲ့ ကမၻာျဖစ္ၿပီး Dahna ကမၻာကို အုပ္စိုးထားၿပီး Dhana က အရင္းအျမစ္ေတြအေပၚ လက္ဝါးႀကီးအုပ္၊ လူေတြကိုလည္း ကြၽန္သာသာ သေဘာထားၿပီး ဆက္ဆံအျမတ္ထုတ္တယ္ ။ ဇာတ္လိုက္ေတြကေတာ့ Dhana က Alphen ဆိုတဲ့ေကာင္ေလးနဲ႔ Rena က Shionne ဆိုတဲ့ေကာင္မေလး ျဖစ္ၿပီး သူတို႔ ၂ ေယာက္ဟာ ကံၾကမၼာအရ အတူတူခရီးသြားရဖို႔ အေၾကာင္းဖန္လာတာကေန ဇာတ္လမ္းအစျပဳထားပါတယ္ ။

Platform(s): PS4, Xbox One, PC
Release Date: 2020

Medal of Honor: Above and Beyond


ဒုတိယကမၻာစစ္ဂိမ္း တစ္ခုျဖစ္တဲ့ first person shooter အမ်ိဳးအစား Medal of Honor: Above and Beyond ဂိမ္းကေတာ့ VR ဂိမ္းအမ်ိဳးအစားျဖစ္ၿပီး Oculus Rift မွာသာရ႐ွိႏိုင္တဲ့ ဂိမ္းတစ္ခု ျဖစ္ပါတယ္ ။ ဖန္တီးတဲ့ ဒက္ဘေလာ္ပါကေတာ့ Apex Legends, Titanfall ႏွင့္ Star Wars Jedi: Fallen Order ဂိမ္းတို႔ကို ေရးဆြဲသူ Respawn Entertainment ပဲ ျဖစ္ပါတယ္ ။ ထူးျခားတာကေတာ့ ဒီ VR ဂိမ္းဟာ ဒုတိယကမၻာစစ္တုန္းက အသက္႐ွင္က်န္ရစ္ခဲ့တဲ့ ေသရြာျပန္စစ္သား (အခုဆို အသက္ ၉၀ ေက်ာ္ အဖိုးႀကီးေတြ ျဖစ္ေနၾကပါၿပီ) တေယာက္ခ်င္းစီကို လိုက္ေမးျမန္း မွတ္တမ္းတင္ကာ သူတို႔ေတြ႔ၾကံဳခဲ့ရတဲ့ အျဖစ္အပ်က္ေတြကို ဂိမ္းထဲမွာ သမိုင္းေၾကာင္းနဲ႔ ျပန္ခ်ိန္ညိွကာ အတိအက် ျပန္ေရးဆြဲဖန္တီးထားတာ ျဖစ္ပါတယ္ ။ ဥပမာ ေနာ္မန္ဒီကမ္းေျခတိုက္ပြဲမွာ ပါဝင္ခဲ့သူတစ္ဦး (လက္႐ွိ အသက္ ၉၀ ေက်ာ္႐ွိအဖိုးႀကီး) ဟာ ဒီေနာ္မန္ဒီ ကမ္းေျခကို ဂလိုက္ဒါနဲ႔ ဆင္းလာခဲ့ၿပီးေနာက္ ဂ်ာမန္စစ္သားလက္ခ်က္နဲ႔ က်ည္ထိၿပီး လဲသြားခဲ့ရတဲ့ သူ႔ အျဖစ္အပ်က္ကို ဂိမ္းထဲ ထိုအျဖစ္အပ်က္အတိုင္း အတိအက် ျပန္ေရးဆြဲထားပါတယ္ ။

Platform(s): PC
Release Date: 2020

Godfall


The Game Awards 2019 မွာ မိတ္ဆက္ျပသြားခဲ့တဲ့ Gearbox ရဲ႕ RPG ဂိမ္းသစ္ျဖစ္တဲ့ Godfall ။ Melee-combat အသားေပး action RPG အမ်ိဳးအစားျဖစ္တဲ့အတြက္ Godfall ဟာ ပစ္ခတ္ရတဲ့ လက္နက္ (guns) အသံုးျပဳ Borderland စီးရီးကေနခြဲထြက္ကာ မတူညီတဲ့ရသကိုေပးႏိုင္ဖို႔အတြက္ရည္ရြယ္တယ္လို႔ခန္႔မွန္းရပါတယ္။ Godfall ဟာ Sony ရဲ႕ PS5 အတြက္ေၾကညာလိုက္တဲ့ ပထမဆံုးေသာဂိမ္းျဖစ္ၿပီး PC အတြက္ကို Epic Games Store မွတဆင့္ထြက္ရွိေပးသြားမည္ျဖစ္ပါတယ္။ PC ႏွင့္ PS5 အတြက္ ၂၀၂၀ အားလပ္ရာသီအတြင္းျဖန္႔ခ်ိေပးသြားမွာျဖစ္ကာ PS4, Xbox One နဲ႔ မ်ိဳးဆက္သစ္ Xbox Series X တို႔အတြက္ ပါ/မပါ ဆိုတာကိုေတာ့ Gearbox မွ ထည့္သြင္းေၾကညာသြားျခင္းမရွိပါ။

Platform(s): PS5, (Xbox Series X), PC
Release Date: late 2020

Rollar Champion


Rocket league ဂိမ္းလို ခံစားမႈေပးမယ့္ 3v3 competitive ဂိမ္းေလးပါ ။ စကိတ္ကြင္းမွာ စကိတ္စီးရင္း ေဘာ္လီေဘာကစားရတာ ျဖစ္ပါတယ္ ။ အသင္း ၂ သင္းဟာ ေျပးကြင္းမွာ ပတ္ေျပးရင္း ေဘာလံုးကို တစ္ေယာက္ကိုတစ္ေယာက္ လက္ဆင့္ကမ္းေပးရင္းနဲ႔ ကြင္းထဲ ပစ္ထည့္ေပးရပါတယ္ ။ ပစ္ထည့္လို႔ ဝင္သြားရင္ အမွတ္ရသည္ေပါ့ ။ အဲ့ဒီေနရာမွာ အသင္း တစ္သင္းနဲ႔ တစ္သင္းဟာ ေဘာလံုးဝင္မသြားေအာင္ ေျပးရင္းနဲ႔ အခ်င္းခ်င္း လိုက္ဖ်က္ၾကတယ္ ။ ပါဝါေတြ သံုး၊ ခုန္ပ်ံေက်ာ္လႊားတာေတြ လုပ္ၿပီးေတာ့ပါ ။

႐ုပ္ထြက္က အေရာင္စံုစံုလင္လင္ စိုစိုေျပေျပနဲ႔ ျဖစ္ၿပီး ထူးျခားခ်က္ကေတာ့ free to play အျဖစ္ထြက္လာမယ္ဆိုတာပါပဲ ။

Platform: PC
Release Date: Early 2020

Watch Dogs Legion


ႏွစ္အေတာ္ၾကာ ေပ်ာက္ေနခဲ့တဲ့ Watch Dogs စီးရီးလည္း ဂိမ္းအသစ္ ထြက္လာပါၿပီ ။ Watch Dogs Legion ပါတဲ့ ။ Watch Dogs Legion ဂိမ္းရဲ႕ ဇာတ္လိုက္က တစ္ေယာက္တည္းမဟုတ္ေတာ့ပါဘူး ။ ဇာတ္ေကာင္အမ်ားႀကီးနဲ႔ ျဖစ္သြားၿပီး ဒီ ဇာတ္ေကာင္ေတြဟာ class ၃ မ်ိဳးနဲ႔လာမွာ ျဖစ္ၿပီး တစ္ေကာင္ခ်င္းစီမွာ သူ႔ေနာက္ေၾကာင္းရာဇဝင္၊ Stats ေတြ၊ abilities ေတြ ကိုယ္စီနဲ႔ ဇာတ္လမ္းသြားကစားရမွာပါ ။ Watch Dogs ဂိမ္းတို႔ ထံုးစံ နည္းပညာဟက္ကင္းအပိုင္းက အဓိက ပါမွာျဖစ္ၿပီး အဲ့ဒီ နည္းပညာအပိုင္းမွာ ယခုမ်က္ေမွာက္ေခတ္ကဟာေတြေရာ ေခတ္လြန္နည္းပညာအပိုင္းေတြပါ ထည့္ထားပါတယ္ ။ လန္ဒန္ၿမိဳ႕ႀကီးမွာပဲ အေျခခံဖန္တီးထားပါတယ္ ။

Platform(s): PC, PS4, Xbox One, Google Stadia
Release Date: March 6, 2020

Halo Infinite


၂၀၁၅ က Xbox One အတြက္ ထြက္ခဲ့တဲ့ Halo 5: Guardian ရဲ႕ အဆက္ျဖစ္ၿပီး 343 Industries ႏွင့္ SkyBox Labs မွ ေရးဆြဲဖန္တီးထားတာ ျဖစ္ပါတယ္ ။ Halo Infinite ရဲ႕ ဂိမ္းပေလး ဇာတ္လမ္းအေၾကာင္း သိပ္မသိရေသးေပမယ့္ ဇာတ္လမ္းမွာ master chief က အဓိကဇာတ္လိုက္အျဖစ္ ျပန္ပါလာမယ္ ဆိုတာရယ္ PC Windows 10 ေပၚ ေရာက္လာမယ္ ဆိုတာရယ္ Forge mode ထည့္ထားတယ္ ဆိုတာရယ္ပဲ သိေသးတာ ျဖစ္ပါတယ္ ။ ထြက္မယ့္ရက္လည္း အခုထိ အတိအက် မေဖာ္ျပေသးပါဘူး ။

Platform(s): Xbox Series X, Xbox One, PC
Release Date: TBA

Dying Light 2


၂၀၁၅ ထြက္ First-person survival shooter ဂိမ္း Dying Light ရဲ႕ အဆက္​ Dying Light 2 ။ ေ႐ွ႕ဂိမ္းဇာတ္လမ္းရဲ႕ ၁၅ ႏွစ္အၾကာ မွာ ဇာတ္အိမ္တည္ထားပါတယ္ ။ Aiden Caldwell ဆိုတဲ့ ဇာတ္လိုက္အသစ္ကေတာ့ နံရံေပၚ ျဖတ္ေလ်ွာက္ႏိုင္တာ အတားအဆီးေတြကို ခုန္ပ်ံေက်ာ္လႊားႏိုင္တာေတြကို ကြၽမ္းကြၽမ္းက်င္က်င္ ျပဳလုပ္ႏိုင္တဲ့အျပင္ ပစၥည္းေပါင္းစံုကိုလည္း ကိုယ္လိုရာ ျပဳျပင္ အသံုးျပဳႏိုင္စြမ္း ႐ွိေနပါတယ္ ။

ဗိုင္းရပ္စ္ေၾကာင့္ အသြင္ေျပာင္းသြားရတဲ့ ဇြန္​ဘီး​ေတြ​ေၾကာင္​့ ကမၻာပ​်က္​​ေနတဲ့ ကမၻာႀကီးမွာ အနည္​းငယ္​သာက်န္​႐ွိ​ေတာ့တဲ့ လူသား​ေတြအတြက္​ Aiden Caldwell ဟာ ဇြန္​ဘီး​ေတြ သတ္​ရင္​း လိုက္ကူညီ​ေပးရမွာပါ ။ ဇာတ္​လမ္​းမွာ ​ေရြးခ်ယ္​မႈ​ေတြ လုပ္​ႏိုင္​သလို ကိုယ္​့​ေရြးခ်ယ္​မႈအလိုက္​ ဇာတ္​လမ္​းအ​ေနအထား ​ေျပာင္​းလဲသြားမွာ ျဖစ္​ပါတယ္​ ။

ဝမ္းနည္းစရာတစ္ခုကေတာ့ Dying Light 2 ဟာ လံုးဝဖ်က္သိမ္းတာမဟုတ္ပဲ ထြက္႐ွိမယ့္ရက္ကို အကန္႔အသတ္မ႐ွိ ေနာက္ဆုတ္ထားတာပဲ ျဖစ္ပါတယ္ ။

Platform(s): PS4, Xbox One, PC
Release Date: 2020

Ghost of Tsushima


Ghost of Tsushima ဂိမ္​းက​ေတာ့ Infamous ဂိမ္​းႏွင္​့ Sly Cooper ဂိမ္​း ဖန္​တီးသူ Developer Sucker Punch Productions က ဖန္​တီးထားတာ ျဖစ္​ပါတယ္​ ။ ဂိမ္​းက​ေတာ့ ၁၂၇၄ ခုႏွစ္​က ဂ်ပန္​ကို မြန္​ဂို​ေတြ ပထမဦးဆံုးအႀကိမ္ က်ဴး​ေက​်ာ္​ဝင္​​ေရာက္​တိုက္​ခိုက္​တဲ့ အခ်ိန္​တုန္​းက Tsushima ကြၽန္​း​မွာ ျဖစ္​ပ်က္​သြားတာကို အ​ေျခခံထားတာ ျဖစ္​ပါတယ္​ ။ ဇာတ္​လိုက္​က​ေတာ့ တစ္​ဦးတည္​း​ေသာ ဆာမူ႐ိုင္​းတစ္​​ေယာက္​ျဖစ္ၿပီး ကလဲ့စား​ေခ်ခ်င္​စိတ္​ျပင္​းထန္​​ေနတဲ့ assassin အျဖစ္​ ​ေျပာင္​းလဲသြားတဲ့​ေနာက္​ ဂ်ပန္​ျပည္​က​ေန မြန္​ဂို​ေတြကို တိုက္​ထုတ္တဲ့ ဇာတ္​လမ္​းကို ကစားရမွာပါ ။ open world အမ်ိဳးအစား ဇာတ္လမ္းသြား အမ်ိဳးအစားျဖစ္ၿပီး တိုက္ခိုက္တဲ့ပံုစံက Hack&Slash ပံုစံမ်ိဳး မဟုတ္ပဲ skill base ျဖစ္တဲ့အတြက္ skill ေတြကို တျဖည္းျဖည္းနဲ႔ ကုိယ္ႏွစ္သက္သလို တည္ေဆာက္ယူသြားႏိုင္တဲ့အတြက္ ကစားသူေတြရဲ႕ ဂိမ္းပေလးစတိုင္ေတြဟာ တေယာက္နဲ႔ တေယာက္ တူေနမွာ မဟုတ္ဘူးလို႔  ဆိုထားပါတယ္ ။

Platform(s): PS4
Release Date: 2020

Cyberpunk 2077


Witcher ဂိမ္း ဖန္တီးသူ CD Projeck က  ဖန္တီးထားတဲ့ Cyberpunk 2077 ကေတာ့ open world အမ်ိဳးအစား ဇာတ္လမ္းသြား ဂိမ္းျဖစ္ၿပီး ျပည္သူ႔အခ်စ္ေတာ္ ႐ုပ္႐ွင္မင္းသား Keanu Reeves က ပါဝင္ကူညီ သ႐ုပ္ေဆာင္ေပးထားပါတယ္ ။ ပီစီဗား႐ွင္းအတြက္ Nvidia ႏွင့္ ပါတနာအျဖစ္ လုပ္ေဆာင္ေနတာနဲ႔ အညီ ပီစီဗား႐ွင္းမွာ real-time raytracing ကို အလွပဆံုးႏွင့္ အသက္ဝင္ဆံုး ျဖစ္ေအာင္ ဖန္တီးထားတယ္လို႔ ဆိုပါတယ္ ။ ဇာတ္လမ္းကေတာ့ ဗ႐ုတ္သုတ္ချဖစ္ေနတဲ့ အနာဂတ္ကာလ စိတ္ကူးယဥ္သိပၸံ ကမၻာႀကီးကို ေနာက္ခံထားထားပါတယ္ ။ Dexus Ex လို ဇာတ္လိုက္က လူတစ္ပုိင္း စက္႐ုပ္တစ္ပိုင္းနဲ႔ ပန္႔ခ္စတိုင္ ျဖစ္ၿပီး ကစားသူေတြအေနနဲ႔ ကုိယ္ကစားမယ့္ ကာ႐ိုက္တာ ကို ေယာက်ာ္း မိန္းမ ႀကိဳက္သလို ေရြးခ်ယ္လို႔ရသလို ဆံပင္အေရာင္ကစ ေျခအဆံုး အေသးစိတ္ ျပင္ဆင္လို႔ရမွာ ျဖစ္ပါတယ္ ။ ေခတ္လြန္ကာလ အျပင္အဆင္ေတြနဲ႔ အိပ္မက္ကမၻာဆန္ဆန္ နီယြန္မီးေတြ ခ်ယ္သထားတဲ့ ေျပာင္ေျပာင္လက္လက္ အေဆာက္အအံုေတြနဲ႔ open world  ညေပ်ာ္ၿမိဳ႕ႀကီးမွာ ဇာတ္လမ္းသြားကစားရမွာ ျဖစ္ပါတယ္ ။

Platform(s): PS4, Xbox One, PC, Google Stadia
Release Date: 16th April 2020

Marvel's Avengers


E3 2019 မွာစတင္မိတ္ဆက္ခဲ့စဥ္က အားနည္းတဲ့ဂရပ္ဖစ္ေၾကာင့္ လူေျပာစရာျဖစ္ခဲ့ေပမဲ့ ဂိမ္းပေလး ထြက္႐ွိလာခ်ိန္မွာ စိတ္ဝင္စားမႈ တစ္ဖန္ျပန္ျမႇင့္တက္လာခဲ့တဲ့ ဂိမ္းတစ္ခုပါ ။ Cap, Iron Man, Hulk, Black Widow ႏွင့္ Thor တို႔က သူတို႔ရဲ႕ ေခတ္လြန္နည္းပညာသံုး Avengers ရံုးခ်ဳပ္အေဆာက္အဦးကို ဆန္ဖရန္စစ္စကို ျပည္သူေတြကို မိတ္ဆက္ျပသေနစဥ္မွာပဲ မေမ်ွာ္လင့္ပဲ ကံဆိုးမိုးေမွာင္က်ရာကေန ဇာတ္လမ္း စ ထားပါတယ္ ။ Tom Raider စီးရီး ဒက္ပေလာ့ပါ Crystal Dynamics မွ ေရးဆြဲၿပီး Eidos-Montréal က ပါဝင္အားျဖည့္ေပးထားပါတယ္ ။

Platform(s): PS4, Xbox One, PC, Google Stadia
Release Date: 4th September 2020

The Last of Us Part II


Game of the year awards ေတြ အမ်ားႀကီးရထားတဲ့ Naughty dog ရဲ႕ action/ adventure အမ်ိဳးအစား The Last of Us ဂိမ္းရဲ႕ အဆက္ ျဖစ္ပါတယ္ ။ Part 2 ဆိုတဲ့အတိုင္း The Last of Us 1 ကိုမကစားထားရင္ ဇာတ္လမ္း ဘာမွ သိမွာ မဟုတ္ပါဘူး ။ The Last of Us Part II မွာေတာ့ Ellie ေလးကို ကိုင္ေဆာ့ရမွာ ျဖစ္ပါတယ္ ။

Platform(s): PS4
Release Date: 29th May 2020

Bleeding Edge


Microsoft လက္ေအာက္ကို ေရာက္ၿပီးခဲ့တဲ့ Ninja Theory က ဖန္တီးထားတဲ့ team brawler အမ်ိဳးအစား multiplayer online battle arena ဂိမ္းတစ္ခု ျဖစ္ပါတယ္ ။  ေရြးခ်ယ္စရာ character ၁၂ ေယာက္ပါၿပီး အကုန္လံုးမွာ အနီးခ်ႏိုင္တဲ့ စေကးလ္ပါသလို အေဝးပစ္စေကးေတြလည္း ပါပါတယ္ ။ Xbox One ႏွင့္ windows 10 အတြက္ ထြက္မယ့္ဂိမ္းတစ္ခုျဖစ္ၿပီး ေျမပံုဒီဇိုင္းေတြ ကြန္ထ႐ိုလာအပိုင္းေတြမွာ သိပ္မေကာင္းဘူး သတင္းထြက္ေနေပမယ့္ ဂိမ္းေဆာ့တဲ့အခါ ဂိမ္းကာ႐ုိက္တာေတြရဲ႕ melee attack, abilites ေတြရဲ႕ ႐ုပ္ထြက္နဲ႔ ခံစားခ်က္ရတာေတြက အေတာ္ေလးေကာင္းတယ္လို႔ ေဝဖန္သံုးသပ္ၾကပါတယ္ ။

Platform(s): PS4, Xbox One, PC
Release Date: 24th March 2020

Gear Tactics


Gear Tactics ကေတာ့ Gear of War Franchise မွာ Spin-off တစ္ခုျဖစ္ၿပီး Turn-based strategy အမ်ိဳးအစား ျဖစ္ပါတယ္ ။ ပထမဦးဆံုးထြက္႐ွိခဲ့တဲ့ Gear of War ဂိမ္းမတိုင္ခင္ ၁၂ ႏွစ္အလိုမွာ ဇာတ္အိမ္တည္ထားပါတယ္ ။ ကုိယ့္တပ္စိတ္ကို ကုိယ့္စိတ္ႀကိဳက္ ျပင္ဆင္ႏိုင္ၿပီး ဗ်ဴဟာအရ ထိုးစစ္ ခံစစ္ ျပင္ဆင္ေရြးခ်ယ္လို႔ ရပါတယ္ ။ ဂိမ္းပေလးသာ ေျပာင္းသြားေပမယ့္ တျခား Gear ဂိမ္းေတြလိုပဲ boss battle အႀကီးစားေတြ တိုက္ရမွာပါ ။

Platform(s): Xbox One, PC
Release Date: 28 Apr, 2020

Resident Evil 3


၁၉၉၉ ခုႏွစ္က PS1 အတြက္ ထြက္႐ွိခဲ့တဲ့ Resident Evil 3: Nemesis ကိုမွ Remake ျပန္လုပ္ထားတာ ျဖစ္ပါတယ္ ။ Resident Evil 2 Remake, Devil May Cry 5 တို႔မွာ သံုးခဲ့တဲ့ RE engine နဲ႔ပဲ ေရးဆြဲဖန္တီးထားတာ ျဖစ္ၿပီး ဂိမ္းပေလးဟာလည္း Resident Evil 2 Remake လိုပင္ျဖစ္ေၾကာင္း Capacom ကေျပာၾကားထားၿပီး ျဖစ္ပါတယ္ ။ မႏွစ္ ႏွစ္ကုန္ခါနီးေလာက္က online co-op သီးသန္႔လိုလို ဂိမ္းတစ္ခုလိုလို ျပသြားခဲ့တဲ့ Project Resistance ဆိုတာကလည္း သူ႔ခ်ည္း သပ္သပ္ထြက္မွာမဟုတ္ပဲ Resident Evil 3 remake ရဲ႕ online mode တစ္ခုအျဖစ္ ထည့္ေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္ ။

Platform(s): PS4, Xbox One, PC
Release Date: April 3, 2020

Final Fantasy 7 remake


2015 ကတည္းက remake ထုတ္မယ့္အေၾကာင္း စတင္မိတ္ဆက္ျပခဲ့ၿပီးေနာက္ ထြက္မလိုလိုနဲ႔ ရက္ေတြ ေနာက္ေရႊ႔ခဲ့တယ္ ။ နဂိုကတည္းကလည္း ဇာတ္လမ္းေကာင္းတယ္ဆိုတဲ့ သတင္းနဲ႔ ေက်ာ္ၾကားေနတဲ့ ၁၉၉၇ ခုႏွစ္ထြက္ ဂိမ္းကို remake ျပန္လုပ္မွာဆိုေတာ့ မူရင္း Final Fantasy 7 မွာ ဘယ္ေနရာေတြမွာ ျပန္ျပင္ထားတယ္ ဘယ္ေနရာေတြမွာ ဘာေတြနဲ႔ အစားထိုးေျပာင္းလဲထားတာေတြကို Final Fantasy ဖန္ေတြက အရမ္းကိုသိခ်င္ေနၾကပါၿပီ ။ ၿပီးေတာ့ ႐ုပ္ထြက္က မူရင္းဂိမ္းကလို ေလးေထာင့္တံုးေတြနဲ႔ ပံုပန္းသ႑န္မဟုတ္ေတာ့ပဲ အရမ္းအေသးစိတ္က်က် တကယ့္လူအစစ္ပံုစံမ်ိဴးနဲ႔ ကုိယ္ငယ္တုန္းက ခ်စ္ခဲ့ရတဲ့ character ေတြကို ျပန္ျမင္ရေတာ့မွာကလည္း Final Fantasy ဖန္ေတြကို ေစာင့္ေနမႏိုင္ေလာက္ေအာင္ ထပ္ေလာင္းအားျဖည့္ေပးေနသလို ။

Platform(s): PS4
Release Date: March 3, 2020

Dream


အဲ့ဂိမ္းေလးကေတာ့ ဂိမ္းဖန္တီးခ်င္သူ အမ်ားစု စိတ္ဝင္စားေနၾကတဲ့ ဂိမ္းေလးပါ ။ ဂိမ္းက creator tool ပံုစံမ်ိဳး ျဖစ္ၿပီး ဂိမ္း ၊ ႐ုပ္႐ွင္ ၊ သီခ်င္း ကုိယ့္စိတ္ကူး႐ွိသေလာက္ ဖန္တီးလို႔ရတယ္ ။ တခ်ိဳ႕ဆို PT ကို ျပန္လုပ္ထားတာတို႔ ၊ နာမည္ႀကီး Legend of Zelda ဂိမ္းက Kokin forest နဲ႔ တေထရာတည္း တူေအာင္ လုပ္ထားၾကတာေတြေတာင္ ႐ွိေနပါၿပီ ။

Platform(s): PS4
Release Date: February 14, 2020

Ori and the Will of the Wisps


Xbox One ဂိမ္းေတြထဲက အလွပဆံုးႏွင့္ လူႀကိဳက္အမ်ားဆံုး ဂိမ္းတစ္ခုျဖစ္တဲ့ Ori and the Blind Forest ရဲ႕ အဆက္ ျဖစ္ပါတယ္ ။ စိမ္းလန္းစိုေျပတဲ့ သစ္ေတာအုပ္ Bibel ထဲမွာ ဝိညာဥ္လိုလို ဘာလိုလို ခ်စ္စရာ အေကာင္ေလး Ori ရဲ႕ စြန္႔စားသြားလာခန္းဖြင့္ၿပီး ေပ်ာက္ဆံုးေနတဲ့ အမွန္တရား ၊ ထူးျခားဆန္းၾကယ္မႈေတြကို ႐ွာေဖြတာကို ကစားရမွာ ျဖစ္ပါတယ္ ။

Platform(s): PC, Xbox One
Release Date: March 11, 2020

Nioh 2


ဇာတ္လမ္းေက်ာ႐ိုးေကာင္းေကာင္းနဲ႔ တည္ေဆာက္ထားတဲ့အျပင္ Bloodborne တို႔ Darksoul တို႔လို ခ်ရ ခက္ခဲနက္နဲတဲ့ combat အပိုင္းေတြနဲ႔ Nioh 1 ဟာ အရမ္းေအာင္ျမင္ခဲ့ၿပီး အခု ေနာက္ဆက္တြဲ ျဖစ္တဲ့ Nioh 2 မွာေတာ့ ဇာတ္လမ္း content အသစ္ေတြအျပင္ အရင္စီးရီးက ဟာကြက္ေတြ ျပန္ျပင္ထားၿပီး combat အပိုင္း smooth ျဖစ္ေအာင္ ပိုမိုေကာင္းမြန္ေအာင္ လုပ္ထားတာ ေတြ႔ရပါတယ္ ။ Beta ေပးတုန္းကလည္း ေကာင္းတဲ့မွတ္ခ်က္​ေတြ မ်ားခဲ့ပါတယ္ ။

Platform(s): PS4
Release Date: March 13, 2020

Animal crossing: New Horizon


စိုက္ပ်ိဳးေရးဂိမ္းလို႔ လူသိမ်ားၾကတဲ့ Harvest moon နဲ႔ပံုစံတူ Animal Crossing ​ဂိမ္​းအသစ္​ ထြက္​လာ​ေတာ့မွာပါ ။ လယ္​ယာအသစ္​​ေတြ crafting အသစ္​​ေတြ ဂိမ္​းပ​ေလးအသစ္​​ေတြ ထည္​့ထားတာ ေတြ႔ရပါတယ္ ။ ဂိမ္​းပ​ေလးက Tom Nook ဟာ လူသူမ႐ွိတဲ့ သဲကႏၱာရကို သြားၿပီး အဲ့ဒီမွာ ရြာသားတစ္​​ေယာက္​​အ​ေနနဲ႔ လယ္​ယာစိုက္​ ၊ အ​ေကာင္​​ေမြး ၊ စီးပြား​ေရးလုပ္​ၿပီး ရြာ​ေလးဖြံ႕ၿဖိဳးတုိးတက္​​ေအာင္​ လုပ္​​ေပးရမွာပါ ။

Platform(s): Nintendo Switch
Release Date: March 20, 2020

Doom Eternal


E3 2018 တုန္​းက Bethesda ႏွင္​့ id Software တို႔​ေၾကညာခဲ့တဲ့ Doom Eternal ဂိမ္​းဟာ 2016 Doom ရဲ႕ reboot/အဆက္​ ျဖစ္​ပါတယ္ ။

Doom ဂိမ္​းတို႔ထံုးစံ ေသြးေတြ ျဖန္းကနဲ ျဖာကနဲ ပန္းထြက္တာတုိ႔နဲ႔ ရက္ရက္စက္စက္ ပစ္ခတ္သတ္ျဖတ္ရမယ့္ first person shooter အမ်ိဳးအစားျဖစ္​ေပမယ့္ Doom Eternal ဂိမ္းမွာ ရက္စက္ၾကမ္းတမ္းမႈကို ပိုပီျပင္ေအာင္ လုပ္ထားၿပီး ဇာတ္​လမ္​းအသစ္​ လက္​နက္​အသစ္​​ေတြ skill အသစ္​​ေတြ ထပ္​ထည္​့ထားပါတယ္​ ။ နဂိုဂိမ္​းထက္​ Demon ​ေတြ ပိုမ်ားမယ္​လို႔ ​ေျပာထားၿပီး ​ေနာက္​ပိုင္​းမွာ DLC ေတြလည္​း လာဦးမွာျဖစ္​တယ္​လို႔ ဆိုပါတယ္​ ။

Doom Eternal မွာ ထူးျခားတဲ့ multiplayer mode တစ္​ခု႐ွိပါတယ္​ ။ အဲ့ဒါက​ေတာ့ 1v2 ခ်ရမယ္​့ competitve အမ်ိဳးအစား Battlemode ပါပဲ ။ Doomslayer ​ေနရာက တစ္​​ေယာက္​ ၊ Demon ​ေနရာက ၂ ​ေယာက္​ႏွင္​့ "skill vs strategy" ပံုစံ ခ်ရမွာပါ ။ Demon ေနရာက ၂ ေယာက္ဟာ ထူးျခားတဲ့ ပါဝါကိုယ္​စီ ၊ ​ေျပးႏႈန္​း​ေျပးတဲ့ပံုစံ ကိုယ္​စီနဲ႔ ျဖစ္ၿပီး Doomslayer ကို အကြက္​က်က် ပရိယာယ္​သံုး စီစဥ္​ၿပီး ႐ွာသတ္​ရမွာ ျဖစ္ပါတယ္​ ။ Doomslayer က​ေတာ့ သူ႔မွာ သတ္​စရာဆိုလို႔ လက္​နက္​ပစၥည္​းကိရိယာ အမ်ိဳးအစား ​ေျမာက္​မ်ားစြာ ႐ွိ​ေနၿပီး အဲ့ဒီထ​ဲက ကိုယ္​ႀကိဳက္​ရာယူၿပီး Demon ၂ ​ေကာင္​ကို ႐ွာသတ္​ရမွာပဲ ျဖစ္​ပါတယ္​ ။

Platform(s): Nintendo Switch, PS4, Xbox One, Google Stadia, PC
Release Date: 2020

Half-Life: Alyx


ဂႏၱဝင္ first person shooter ဂိမ္းကို Dota 2 "Gaben" ရဲ႕ Valve က အသက္ျပန္သြင္းၿပီး ထုတ္မယ့္ VR ဂိမ္းတစ္ခုျဖစ္ပါတယ္ ။ Half-Life စီးရီးမွာ ၂၀၀၇ ခုႏွစ္က ေနာက္ဆံုးထြက္ခဲ့ၿပီးေနာက္ အခုမွ ျပန္ထြက္လာမယ့္ Half-Life ဂိမ္းအသစ္ျဖစ္ၿပီး ဇာတ္လမ္းကေတာ့ Half-Life 2 အျဖစ္အပ်က္မတိုင္ခင္မွာ ယူထားၿပီး ကစားသူက Alyx Vance ေနရာက ေဆာ့ရမွာပါ ။

Platform(s): PC
Release Date: 23 Mar, 2020

Marvel's Iron man VR


Playstation အတြက္သာ ထြက္မယ့္ VR ဂိမ္းတစ္ခုပါ ။ Iron man ဝတ္စံုႀကီးထဲ ဝင္ၿပီး ေဆာ့ရမွာပါ ။

Platform(s): PS4
Release Date: 28th February 2020


Unicode


၂၀၂၀ မှာ ဘာဂိမ်းတွေကို လူတွေက စောင့်မျှော်နေကြတာလဲ

Diablo IV


2019 BlizzCon မှာ Blizzard ရဲ့ အကောင်းဆုံး ကြေညာချက်ကို ပြောရလျှင် Diablo IV ပဲလို့ဆိုရမှာပါ ။ ဒက်ဘလော်ပါကတော့ အဆိုပါဂိမ်းကို  မနှစ်မြို့ဖွယ်ရာ ခံစားချက်ပေးတဲ့ အမှောင်ကမ္ဘာ ဆန်ဆန် သွေးသံတရဲရဲနဲ့ ဂိမ်းမှာ ဘာတွေ ပါနိုင်ချေရှိမလဲ ဘယ်လိုတွေ ဘာလာမှာလဲ စသဖြင့် တွေးတောစရာ အများကြီး ဖြစ်စေမဲ့ ထွေလာကို ပြသွားခဲ့တာ ဖြစ်ပါတယ် ။ Online dungeon crawler အက်ရှင် ဇာတ်လမ်းသွားအမျိုးအစား Diablo IV ဟာ ဖန်အကြိုက် Diablo II ပုံစံ အခြေခံယူ ရေးဆွဲထားပေမယ့် Diablo III ကလိုမျိုးလည်း ထည့်ထားတယ်လို့ ဆိုပါတယ် ။ ဂိမ်းကတော့ offline လုံးဝ မရတဲ့ online only ဂိမ်းတစ်ခု ဖြစ်မှာ ဖြစ်ပါတယ် ။

Platforms: PS4, Xbox One, PC
Release Date: TBA

Lost Soul Aside


Final Fantasy အသွင်အပြင် နဲ့ Ninja Gaiden ဂိမ်းပလေးစတိုင် ၂ ခု ရောထားတဲ့ ဇာတ်လမ်းသွား အက်ရှင်ဂိမ်း Lost Soul Aside ။ ၂၀၁၆ တုန်းက ထွေလာဗွီဒီယိုတစ်ခုနဲ့တင် ဂိမ်းလောကတခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ အဆိုပါ ဂိမ်းဟာ သတင်းမကြားရတော့တာ နှစ်အတော်ကြာနေပါပြီ ။ Lost Soul Aside ဂိမ်းဒက်ဘလော်ပါ Yang Bing က သူ့ဂိမ်းကို ဒီနှစ် ၂၀၂၀ မကုန်ခင်လောက်မှာ ထုတ်ဖို့ စီစဉ်ထားတယ်လို့ ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ Sony's China Hero Project မှာ ပြောကြားခဲ့တာမို့ Lost Souls Aside ဂိမ်းအကြောင်း မကြာခင်မှာ သိရတော့မယ်လို့ ခန့်မှန်းရပါတယ် ။

Lost Soul Aside ဂိမ်းကတော့ action based gameplay ဖြစ်ပြီး ဇာတ်လမ်းသွားအမျိုးအစား ဖြစ်ပါတယ် ။ လုံးဝ action ချည်းပဲ ဆော့ရမှာ မဟုတ်ပဲ ဆော့ရင်းနဲ့ နစ်မြောသွားမယ့် ဇာတ်လမ်းဇာတ်ကွက်တွေ ၊ စိတ်ထဲ အပန်းပြေသွားစေမယ့် လှပတဲ့ ရှုခင်းတွေ ပတ်ဝန်းကျင် ခံစားရအောင် ရေးဆွဲ ဖန်တီးထားတယ်လို့ ဆိုပါတယ် ။ ဂိမ်းဇာတ်လမ်းကတော့ ဇာတ်လိုက် Kazor နှင့် သူ့ရဲ့ လက်နက်အဖြစ် ပြောင်းလဲလို့ရသလို ခရီးသွားဖော်လည်း ဖြစ်တဲ့ crystal dragon တို့ရဲ့ စွန့်စားခရီးထွက်ပြီး monster တွေနဲ့ တိုက်ခိုက်ရမယ့် ဇာတ်လမ်း ဖြစ်ပါတယ် ။

Platform: PS4
Release Date: 2020

Bayonetta 3


၂၀၁၇ တုန်းက Bayonetta 3 ဂိမ်း အကြောင်း အနည်းငယ် သိခဲ့ရပြီးနောက်ပိုင်း လုံးဝ သတင်းမကြားရတော့တာ အခုထိပင် ။ PlatinumGames ကတော့ Kickstarter မှာ The Wonderful 101 ကို Switch, PC, PS4 ပေါ် တင်နိုင်ဖို့ ကမ်ပိန်း တစ်ခု စတင်လိုက်ပါပြီ ။ လက်ရှိမှာ ဒေါ်လာ ၁ သန်းကျော်ရနေပြီလို့ ကြေညာထားပါတယ် ။ ဂိမ်မာအများစုက နောက်ပိုင်းမှာ PlattiumGames ဟာ ဂိမ်းအဟောင်းတွေ Bayonetta 3 အပါအဝင် တခြားဂိမ်းတွေကိုပါ ဒီလိုပုံမျိုးနဲ့ အောင်မြင်အောင် ဂိမ်းထွက်နိုင်သည်အထိ ကြိုးစားသွားမယ့် အနေအထားရှိတယ်လို့  ဝေဖန်သုံးသပ်နေကြပါတယ် ။ ဒါကြောင့် Bayonetta 3 ဂိမ်းကို မြင်ရဖို့ အချိန်အကြာကြီးစောင့်ရဦးမှာ ဖြစ်ပါတယ် ။

Platforms: Nintendo Switch
Release Date: TBA

System Shock 3


Classic RPG/ horror/ Sci-fi အက်ရှင်အမျိုးအစား System Shock ဂိမ်းအသစ် မထွက်တော့တာ ကြာပါပြီ ။ ၂၀၁၆ ခုနှစ်လောက်က ဒက်ဘလော်ပါတွေဟာ System Shock ဂိမ်းအသစ်ကို ပြန်ဖန်တီးနေကြကြောင်း သတင်းတွေ ထွက်လာတာနဲ့အညီ ဂိမ်းဖန်တီးဖို့ လိုနေတဲ့ ငွေအင်အား kickstarter ကနေ လိုက်စုခဲ့တာတွေလည်း ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဂိမ်းအသစ် ဖန်တီးတာ ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထပ်ထွက်လာခဲ့ပြန်ပါတယ် ။ သို့ပေမယ့် ကျနော်တို့ မဖျက်သိမ်းပါဘူး System Shock ဂိမ်းအသစ် ပြန်ဖန်တီးနေဆဲပါ သတင်းတွေ ထပ်ကြေညာခဲ့ပြီးနောက် အခု ၂၀၂၀ မှာတော့ ဒက်ဘလော်ပါ Nightdive Studio က ကျနော်တို့ ဖန်တီးနေတာ နောက်ဆုံး အဆင့်ရောက်နေပါပြီ ဆိုတဲ့ ဝမ်းသာစရာ ကြေညာချက်ကို kickstarter ကနေ ကြေညာလိုက်ပြီ ဖြစ်တဲ့အတွက် ဖန်တွေ စောင့်မျှော်နေတဲ့ System Shock ဂိမ်း အမှန်တကယ် ဖြစ်လာပါပြီ ။  ရက်အတိအကျတော့ အခုထိ မသိရသေးပေမယ့် ၂၀၂၀ အတွင်းမှာပဲ ထွက်မယ်လို့ ခန့်မှန်းရပါတယ် ။

Platforms: PS4, Xbox One, PC, mac OS, Linux
Release Date: TBA

Overwatch 2


၂၀၁၆ မှာ စတင်ခဲ့တဲ့ အသင်းအဖွဲ့နဲ့ ယှဉ်ပြိုင် သေနတ်ပစ်ရတဲ့ team-based shooter ဂိမ်း Overwatch ဟာ ဂိမ်းပလေး ချောမွေ့မှု ၊ ဇာတ်ကောင်တစ်ကောင်ချင်းစီမှာ နောက်ခံသမိုင်းကြောင်းကောင်းကောင်းနဲ့ ရုပ်ထွက် သေသပ် သပ်ရပ်မှုတွေကြောင့် အတော်လေးကို ကျော်ကြား လူသိများခဲ့ပါတယ် ။ နောင် အသစ်ထွက်မယ့် Overwatch 2 ကတော့ အဓိကအပိုင်း team-based online multiplayer ကို ရှေ့ဂိမ်းကအတိုင်း ပြန်ယူထားပြီး ဒီအပေါ်မှာမှ အသစ်တစ်ချို့ ထပ်ထည့်သွားမှာ ဖြစ်လို့ အရင်ကထက် နောက်ခံဇာတ်ကြောင်းက ပိုလေးနက်သွားတယ်လို့ ဆိုပါတယ် ။ Blizzard က competitive အပိုင်းမှာ Overwatch 2 ကို Overwatch 1 နှင့် compatible ဖြစ်အောင်လုပ်ထားတာမို့ Overwatch 2 ထွက်လာတာနဲ့ မူလ Overwatch မှာ လူမရှိတော့တာမျိုး ၊ ကစားသူမရှိတော့တာမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ် ။

Platforms: PC
Release Date: TBA

Ghostwire: Tokyo


E3 2019 မှာ ပြသွားခဲ့တဲ့ The Evil Within ဂိမ်းဖန်တီးရာမှာပါဝင်ခဲ့တဲ့ စတူဒီယိုက ဖန်တီးထားတဲ့ horror အငွေ့အသက်တွေပါတဲ့ action adventure ဂိမ်းတစ်ခုပါ ။ Tango Gameworks တည်ထောင်သူ Shinji Mikami နှင့် အဆိုပါဂိမ်းရဲ့ ဒါရိုက်တာ Ikumi Nakamura တို့က Bethesda E3 2019 မှာ မိတ်ဆက်ပြသွားခဲ့တာ ဖြစ်ပါတယ် ။

Ghostwire: Tokyo ဂိမ်းဟာ သဘာဝလွန်မကောင်းဆိုးဝါးတွေ နှောင့်ယှက်သောင်းကျန်းနေတဲ့ တိုကျိုမြို့ကြီးမှာ အခြေခံ ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ် ။ Ghostwire Tokyo ဟာ ကန့်သတ်ချက်များတဲ့ survival ဂိမ်းမဟုတ်ပဲ တစ်စုံတစ်ခု လျှို့ဝှက်ကြံစည်မှု (ဥပမာ လူသတ်မှုလို စုံစမ်းရ) ရှာဖွေဖော်ထုတ်ရတာ ၊ ပတ်ဝန်းကျင် စူးစမ်းလေ့လာရတာ  ၊ ပုန်းနေတဲ့အရာ ရှာတွေ့ဖို့ ခက်တဲ့အရာတွေ ရှာဖွေဖော်ထုတ်ရတာတွေနဲ့ ဂိမ်းကစားသူကို စိန်ခေါ်ထားပါတယ် ။ ထွေလာထဲမှာ နေ့တိုင်းအသက်ရှင်လှုပ်ရှားနေတဲ့ တိုကျိုမြို့ကြီးဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြောင်းလဲသွားတယ် ။ လမ်းမှာ သွားလာနေတဲ့ လူတွေဟာ ခြေရာလက်ရာမကျန် အကုန် အငွေ့ပျံသွားသလို ရုတ်ချည်း ပျောက်သွားပြီး သူတို့ရဲ့ အကျီႌ အသုံးအဆောင်ပစ္စည်းပုံတွေပဲ ကျန်ရစ်တယ် ။

အမည်မသိ သဘာဝလွန် မကောင်းဆိုးဝါးအကောင်တွေ လမ်းပေါ်မှာ ပေါ်လာတယ် ။ သူတို့ဟာ လူလိုမျိုးပဲ ဒါပေမယ့် လက်သည်းအရှည်ကြီးတွေ ရှိကြတယ် ။ မီးနဲ့ လျှပ်စစ်ကို ကြိုက်သလို ချုပ်ကိုင်နိုင်တယ် ။ ကစားသူလည်း မခေပါဘူး ။ သဘာဝလွန်စွမ်းအားတွေ ရှိနေပါတယ် ။ ပြီးတော့ တိုက်ရည်ခိုက်ရည်မှာရော တခုခု ထိန်းချုပ်တဲ့နေရာတွေမှာလည်း နင်ဂျာတစ်ယောက်လို ကျွမ်းကျင်မှုတွေ ရှိနေပါတယ် ။

ထွေလာနောက်ဆုံးမှာ စာသားတစ်ခုနဲ့ အဆုံးသတ်လိုက်တာ မြင်ရပါတယ် ။ အဲ့ဒီ စာသားကတော့ "Don't fear the unknown. Attack it."

Platforms: PC (likely PS5 and Xbox X)
Release date: မသိရသေး

Deathloop


Bethesda ရဲ့ E3 ကွန့်ဖရင့်မှာ Arkane Studios က ဂိမ်းအသစ် Deathloop ကို ကြေညာခဲ့ပါတယ် ။ Arkane Studios ကတော့ Dishonored နှင့် Prey ဂိမ်းဖန်တီးတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ ဂိမ်းစတူဒီယိုတစ်ခုပါ ။

ဂိမ်းကတော့ first person အက်ရှင်ဂိမ်းတစ်ခု ဖြစ်ပြီး ဥပဒေမရှိ ပျက်စီးနေတဲ့ Black Reef ဆိုတဲ့ ကျွန်းကို နောက်ခံထား ဇာတ်လမ်းဖွဲ့ထားတာ ဖြစ်ပါတယ် ။ အဓိကဇာတ်ကောင်ကတော့ assassin ၂ ယောက်ဖြစ်ပြီး သေသွားတဲ့အခါ တဖန်ပြန်နှိုးထလာပြီး အစကနေပြန်စတတ်တဲ့ အချိန်ကွင်းဆက်ထဲ ပိတ်မိနေသူ ၂ ယောက်ပါ ။ ဒီဘဝ ဒီအဖြစ်အပျက်တွေကိုပဲ အပြန်ပြန်အလှန်လှန် ဖြစ်ပျက်နေတာပါ ။ assassin ၂ ယောက်မှာ တစ်ယောက်က အဲ့ဒီအချိန်ကွင်းဆက်ကို အဆုံးသတ်ပစ်ချင်တယ် နောက်တစ်ယောက်က အချိန်ကွင်းဆက်ကို ထိန်းသိမ်းထားချင်တယ် ။ ရည်ရွယ်ချက်မတူတဲ့ သူတို့ ၂ ယောက် ဒါနဲ့ပဲ တစ်ယောက်ကို တစ်ယောက်က သတ်ဖို့ ကြိုးစားကြတဲ့ ကံကြမ္မာဖြစ်လာတော့တယ် ။ ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ရုပ်ထွက် ၊ သေချာတွက်ချက်ပြီး စီစဉ်ထားတဲ့ level ဒီဇိုင်း ၊ နစ်မျောသွားစေမယ့် ဂိမ်းပလေး ဇာတ်လမ်းနဲ့ Deathloop ဂိမ်းမှာတော့ သင် မသေစေပါနဲ့လေ ။

Platform: PS4, Xbox One, PC
Release Date: TBD

Elden Ring


HBO ရဲ့ နာမည်ကြီး စီးရီး Game of Throne ဒါရိုက်တာ George R.R. Martin နှင့် ဂိမ်မာအားပေးမှု အများဆုံးရရှိထားတဲ့ Dark Souls, Sekiro: Shadow dies twice ဂိမ်းဖန်တီးသူ FromSoftware ဒက်ဘလော်ဘာ Hidetaka Miyazaki တို့ ပူးပေါင်းဖန်တီးမယ့် ဂိမ်းတစ်ခုပေါ့ ။

ထွေလာအရ Elden Ring မှာ ဗိုက်ကင်းပုံ သံချပ်ကာအင်္ကျီအဝတ်အစားနဲ့မို့ နော့စ်ဒဏ္ဍာရီကို အခြေခံထားတယ်လို့ ယူဆရပါတယ် ။ ဒက်ဘလော်ဘာကလည်း open world action RPG လို့လည်း ပြောထားပါတယ် ။ ပြီးတော့ FromSoftware က ဖန်တီးမှာ ဖြစ်တဲ့အတွက် ဂိမ်းနောက်ခံက အမှောင်စိတ်ကူးယဉ်ကမ္ဘာအသွင် ဖြစ်မှာကတော့ သေချာနေပါပြီ ။ ကြားရတဲ့ သတင်းတွေအရတော့ Elden ring ရဲ့ တိုက်ခိုက်မှုပုံစံကို Souls စီးရီးက အခြေခံယူထားတယ် ၊ boss ကရတဲ့ ပါဝါတွေကို Sekiro က prosthetic လိုမျိုး ထပ်ဆင့်ထည့်လို့ရတဲ့ combo ရှိမယ် ၊ တစ်တိတိနဲ့ လောင်ကျွမ်းကုန်ဆုံးနေမယ့် ပါဝါ mechanic ရှိမယ်လို့ ကြားရပါတယ် ။

Platforms: PC, Xbox One, PS4
Release Date: early 2020

Trials of Mana


၂၀၁၉ ဇွန်လတုန်းက Square Enix ဟာ Mana ဂိမ်းတွေကို တစုတပေါင်းတည်း official translate ဗားရှင်းထုတ်ပေးခဲ့ပါတယ် ။ Mana ဂိမ်းစီးရီးကတော့ Square နှင့် Enix ကုမ္ပဏီ ၂ ခု မပေါင်းစည်းခင်ကာလ Square ကုမ္ပဏီက ထုတ်ခဲ့တဲ့ အတော်လေး လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းသွားဂိမ်းစီးရီးပဲ ဖြစ်ပါတယ် ။ အမေ့လျော့ခံ classic ဂိမ်းစီးရီးက 2020 မှာ ပြန်အသက်ဝင်လာတော့မှာပါ ။

ဒီနှစ်အတွင်း ထွက်လာတော့မယ့် Trials of Mana remake ဂိမ်းဟာ မူလ third-person အက်ရှင်ဇာတ်လမ်းသွားကို ပြန်ပြီး ပြုပြင်ကာ အသစ်ဖန်တီးထားတာ ဖြစ်ပါတယ် ။ footage ဗွီဒီယိုထဲမှာ real time battle ကို streamlined combat စနစ်နဲ့ ဖြစ်သွားပြီး ရုပ်ထွက် လှပတဲ့ pixel art ကနေ  ရွှန်းစိုလှပထည်ဝါသော 3D စတိုင် ဖြစ်သွားတာ တွေ့ရပါတယ် ။

Platforms: Nintendo Switch, PS4
Release Date: 24th April 2020

Persona 5 Royal


Persona 5 Royal ဟာ မူလဂိမ်း Persona 5 ကို combat အပိုင်းနဲ့ content အပိုင်းမှာ ပိုမိုကောင်းမွန်အောင် ပြန်ပြုပြင်ထားတယ်လို့ ဆိုပါတယ် ။ နဂိုကတည်းကလည်း ဇာတ်ကောင်တွေ များနေပြီ ဆိုပေမယ့် အသစ်ထပ်ထည့်ထားတဲ့ Kasumi Yoshizawa ဆိုတဲ့ ဇာတ်ကောင်အသစ်က Persona 5 Royal ဂိမ်းဇာတ်လမ်းကို အဓိကမောင်းနှင်သွားမှာ ဖြစ်ပါတယ် ။

Platforms: PS4
Release Date: 31th March 2020

Tales of Arise


Tale စီးရီးဂိမ်းတွေ ဖန်တီးတဲ့နေရာမှာ ဝါရင့်သမားတွေ ပြုလုပ်ဖန်တီးထားတဲ့ ၁၇ ခုမြောက် Tale စီးရီးအသစ် ။ အနောက်နိုင်ငံဂိမ်းဈေးကွက်မှာ ထိုးဖောက်ဖို့အတွက် အနောက်တိုင်းအငွေ့အသက်ပါအောင် ဖန်တီးတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ Tale စီးရီးသမားတွေ အကြိုက်ဖြစ်မယ့် ဂိမ်းတစ်ခုပါပဲ ။

Tale of Arise ဂိမ်းဟာ အက်ရှင် ဇာတ်လမ်းသွားဂိမ်း (Action role playing) အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကတော့ အလယ်ခေတ်အသွင် ယူထားတဲ့ Dahna ဆိုတဲ့ ကမ္ဘာနဲ့ Rena ဆိုတဲ့ ကမ္ဘာ ၂ ခုကြား ဇာတ်အိမ်တည်ထားပါတယ် ။ Rena ဟာ မှော်ပညာပိုင်း ဆိုင်ရာမှာရာ စက်မှုလက်မှုအပိုင်းဆိုင်ရာမှာပါ လုံးဝ တိုးတက်နေတဲ့ ကမ္ဘာဖြစ်ပြီး Dahna ကမ္ဘာကို အုပ်စိုးထားပြီး Dhana က အရင်းအမြစ်တွေအပေါ် လက်ဝါးကြီးအုပ်၊ လူတွေကိုလည်း ကျွန်သာသာ သဘောထားပြီး ဆက်ဆံအမြတ်ထုတ်တယ် ။ ဇာတ်လိုက်တွေကတော့ Dhana က Alphen ဆိုတဲ့ကောင်လေးနဲ့ Rena က Shionne ဆိုတဲ့ကောင်မလေး ဖြစ်ပြီး သူတို့ ၂ ယောက်ဟာ ကံကြမ္မာအရ အတူတူခရီးသွားရဖို့ အကြောင်းဖန်လာတာကနေ ဇာတ်လမ်းအစပြုထားပါတယ် ။

Platform(s): PS4, Xbox One, PC
Release Date: 2020

Medal of Honor: Above and Beyond


ဒုတိယကမ္ဘာစစ်ဂိမ်း တစ်ခုဖြစ်တဲ့ first person shooter အမျိုးအစား Medal of Honor: Above and Beyond ဂိမ်းကတော့ VR ဂိမ်းအမျိုးအစားဖြစ်ပြီး Oculus Rift မှာသာရရှိနိုင်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ ဖန်တီးတဲ့ ဒက်ဘလော်ပါကတော့ Apex Legends, Titanfall နှင့် Star Wars Jedi: Fallen Order ဂိမ်းတို့ကို ရေးဆွဲသူ Respawn Entertainment ပဲ ဖြစ်ပါတယ် ။ ထူးခြားတာကတော့ ဒီ VR ဂိမ်းဟာ ဒုတိယကမ္ဘာစစ်တုန်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သေရွာပြန်စစ်သား (အခုဆို အသက် ၉၀ ကျော် အဖိုးကြီးတွေ ဖြစ်နေကြပါပြီ) တယောက်ချင်းစီကို လိုက်မေးမြန်း မှတ်တမ်းတင်ကာ သူတို့တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဂိမ်းထဲမှာ သမိုင်းကြောင်းနဲ့ ပြန်ချိန်ညှိကာ အတိအကျ ပြန်ရေးဆွဲဖန်တီးထားတာ ဖြစ်ပါတယ် ။ ဥပမာ နော်မန်ဒီကမ်းခြေတိုက်ပွဲမှာ ပါဝင်ခဲ့သူတစ်ဦး (လက်ရှိ အသက် ၉၀ ကျော်ရှိအဖိုးကြီး) ဟာ ဒီနော်မန်ဒီ ကမ်းခြေကို ဂလိုက်ဒါနဲ့ ဆင်းလာခဲ့ပြီးနောက် ဂျာမန်စစ်သားလက်ချက်နဲ့ ကျည်ထိပြီး လဲသွားခဲ့ရတဲ့ သူ့ အဖြစ်အပျက်ကို ဂိမ်းထဲ ထိုအဖြစ်အပျက်အတိုင်း အတိအကျ ပြန်ရေးဆွဲထားပါတယ် ။

Platform(s): PC
Release Date: 2020

Godfall


The Game Awards 2019 မှာ မိတ်ဆက်ပြသွားခဲ့တဲ့ Gearbox ရဲ့ RPG ဂိမ်းသစ်ဖြစ်တဲ့ Godfall ။ Melee-combat အသားပေး action RPG အမျိုးအစားဖြစ်တဲ့အတွက် Godfall ဟာ ပစ်ခတ်ရတဲ့ လက်နက် (guns) အသုံးပြု Borderland စီးရီးကနေခွဲထွက်ကာ မတူညီတဲ့ရသကိုပေးနိုင်ဖို့အတွက်ရည်ရွယ်တယ်လို့ခန့်မှန်းရပါတယ်။ Godfall ဟာ Sony ရဲ့ PS5 အတွက်ကြေညာလိုက်တဲ့ ပထမဆုံးသောဂိမ်းဖြစ်ပြီး PC အတွက်ကို Epic Games Store မှတဆင့်ထွက်ရှိပေးသွားမည်ဖြစ်ပါတယ်။ PC နှင့် PS5 အတွက် ၂၀၂၀ အားလပ်ရာသီအတွင်းဖြန့်ချိပေးသွားမှာဖြစ်ကာ PS4, Xbox One နဲ့ မျိုးဆက်သစ် Xbox Series X တို့အတွက် ပါ/မပါ ဆိုတာကိုတော့ Gearbox မှ ထည့်သွင်းကြေညာသွားခြင်းမရှိပါ။

Platform(s): PS5, (Xbox Series X), PC
Release Date: late 2020

Rollar Champion


Rocket league ဂိမ်းလို ခံစားမှုပေးမယ့် 3v3 competitive ဂိမ်းလေးပါ ။ စကိတ်ကွင်းမှာ စကိတ်စီးရင်း ဘော်လီဘောကစားရတာ ဖြစ်ပါတယ် ။ အသင်း ၂ သင်းဟာ ပြေးကွင်းမှာ ပတ်ပြေးရင်း ဘောလုံးကို တစ်ယောက်ကိုတစ်ယောက် လက်ဆင့်ကမ်းပေးရင်းနဲ့ ကွင်းထဲ ပစ်ထည့်ပေးရပါတယ် ။ ပစ်ထည့်လို့ ဝင်သွားရင် အမှတ်ရသည်ပေါ့ ။ အဲ့ဒီနေရာမှာ အသင်း တစ်သင်းနဲ့ တစ်သင်းဟာ ဘောလုံးဝင်မသွားအောင် ပြေးရင်းနဲ့ အချင်းချင်း လိုက်ဖျက်ကြတယ် ။ ပါဝါတွေ သုံး၊ ခုန်ပျံကျော်လွှားတာတွေ လုပ်ပြီးတော့ပါ ။

ရုပ်ထွက်က အရောင်စုံစုံလင်လင် စိုစိုပြေပြေနဲ့ ဖြစ်ပြီး ထူးခြားချက်ကတော့ free to play အဖြစ်ထွက်လာမယ်ဆိုတာပါပဲ ။

Platform: PC
Release Date: Early 2020

Watch Dog Legions


နှစ်အတော်ကြာ ပျောက်နေခဲ့တဲ့ Watch Dog စီးရီးလည်း ဂိမ်းအသစ် ထွက်လာပါပြီ ။ Watch Dog Legions ပါတဲ့ ။ Watch Dog Legions ဂိမ်းရဲ့ ဇာတ်လိုက်က တစ်ယောက်တည်းမဟုတ်တော့ပါဘူး ။ ဇာတ်ကောင်အများကြီးနဲ့ ဖြစ်သွားပြီး ဒီ ဇာတ်ကောင်တွေဟာ class ၃ မျိုးနဲ့လာမှာ ဖြစ်ပြီး တစ်ကောင်ချင်းစီမှာ သူ့နောက်ကြောင်းရာဇဝင်၊ Stats တွေ၊ abilities တွေ ကိုယ်စီနဲ့ ဇာတ်လမ်းသွားကစားရမှာပါ ။ Watch Dog ဂိမ်းတို့ ထုံးစံ နည်းပညာဟက်ကင်းအပိုင်းက အဓိက ပါမှာဖြစ်ပြီး အဲ့ဒီ နည်းပညာအပိုင်းမှာ ယခုမျက်မှောက်ခေတ်ကဟာတွေရော ခေတ်လွန်နည်းပညာအပိုင်းတွေပါ ထည့်ထားပါတယ် ။ လန်ဒန်မြို့ကြီးမှာပဲ အခြေခံဖန်တီးထားပါတယ် ။

Platform(s): PC, PS4, Xbox One, Google Stadia
Release Date: March 6, 2020

Halo Infinite


၂၀၁၅ က Xbox One အတွက် ထွက်ခဲ့တဲ့ Halo 5: Guardian ရဲ့ အဆက်ဖြစ်ပြီး 343 Industries နှင့် SkyBox Labs မှ ရေးဆွဲဖန်တီးထားတာ ဖြစ်ပါတယ် ။ Halo Infinite ရဲ့ ဂိမ်းပလေး ဇာတ်လမ်းအကြောင်း သိပ်မသိရသေးပေမယ့် ဇာတ်လမ်းမှာ master chief က အဓိကဇာတ်လိုက်အဖြစ် ပြန်ပါလာမယ် ဆိုတာရယ် PC Windows 10 ပေါ် ရောက်လာမယ် ဆိုတာရယ် Forge mode ထည့်ထားတယ် ဆိုတာရယ်ပဲ သိသေးတာ ဖြစ်ပါတယ် ။ ထွက်မယ့်ရက်လည်း အခုထိ အတိအကျ မဖော်ပြသေးပါဘူး ။

Platform(s): Xbox Series X, Xbox One, PC
Release Date: TBA

Dying Light 2


၂၀၁၅ ထွက် First-person survival shooter ဂိမ်း Dying Light ရဲ့ အဆက် Dying Light 2 ။ ရှေ့ဂိမ်းဇာတ်လမ်းရဲ့ ၁၅ နှစ်အကြာ မှာ ဇာတ်အိမ်တည်ထားပါတယ် ။ Aiden Caldwell ဆိုတဲ့ ဇာတ်လိုက်အသစ်ကတော့ နံရံပေါ် ဖြတ်လျှောက်နိုင်တာ အတားအဆီးတွေကို ခုန်ပျံကျော်လွှားနိုင်တာတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နိုင်တဲ့အပြင် ပစ္စည်းပေါင်းစုံကိုလည်း ကိုယ်လိုရာ ပြုပြင် အသုံးပြုနိုင်စွမ်း ရှိနေပါတယ် ။

ဗိုင်းရပ်စ်ကြောင့် အသွင်ပြောင်းသွားရတဲ့ ဇွန်ဘီးတွေကြောင့် ကမ္ဘာပျက်နေတဲ့ ကမ္ဘာကြီးမှာ အနည်းငယ်သာကျန်ရှိတော့တဲ့ လူသားတွေအတွက် Aiden Caldwell ဟာ ဇွန်ဘီးတွေ သတ်ရင်း လိုက်ကူညီပေးရမှာပါ ။ ဇာတ်လမ်းမှာ ရွေးချယ်မှုတွေ လုပ်နိုင်သလို ကိုယ့်ရွေးချယ်မှုအလိုက် ဇာတ်လမ်းအနေအထား ပြောင်းလဲသွားမှာ ဖြစ်ပါတယ် ။

ဝမ်းနည်းစရာတစ်ခုကတော့ Dying Light 2 ဟာ လုံးဝဖျက်သိမ်းတာမဟုတ်ပဲ ထွက်ရှိမယ့်ရက်ကို အကန့်အသတ်မရှိ နောက်ဆုတ်ထားတာပဲ ဖြစ်ပါတယ် ။

Platform(s): PS4, Xbox One, PC
Release Date: 2020

Ghost of Tsushima


Ghost of Tsushima ဂိမ်းကတော့ Infamous ဂိမ်းနှင့် Sly Cooper ဂိမ်း ဖန်တီးသူ Developer Sucker Punch Productions က ဖန်တီးထားတာ ဖြစ်ပါတယ် ။ ဂိမ်းကတော့ ၁၂၇၄ ခုနှစ်က ဂျပန်ကို မွန်ဂိုတွေ ပထမဦးဆုံးအကြိမ် ကျူးကျော်ဝင်ရောက်တိုက်ခိုက်တဲ့ အချိန်တုန်းက Tsushima ကျွန်းမှာ ဖြစ်ပျက်သွားတာကို အခြေခံထားတာ ဖြစ်ပါတယ် ။ ဇာတ်လိုက်ကတော့ တစ်ဦးတည်းသော ဆာမူရိုင်းတစ်ယောက်ဖြစ်ပြီး ကလဲ့စားချေချင်စိတ်ပြင်းထန်နေတဲ့ assassin အဖြစ် ပြောင်းလဲသွားတဲ့နောက် ဂျပန်ပြည်ကနေ မွန်ဂိုတွေကို တိုက်ထုတ်တဲ့ ဇာတ်လမ်းကို ကစားရမှာပါ ။ open world အမျိုးအစား ဇာတ်လမ်းသွား အမျိုးအစားဖြစ်ပြီး တိုက်ခိုက်တဲ့ပုံစံက Hack&Slash ပုံစံမျိုး မဟုတ်ပဲ skill base ဖြစ်တဲ့အတွက် skill တွေကို တဖြည်းဖြည်းနဲ့ ကိုယ်နှစ်သက်သလို တည်ဆောက်ယူသွားနိုင်တဲ့အတွက် ကစားသူတွေရဲ့ ဂိမ်းပလေးစတိုင်တွေဟာ တယောက်နဲ့ တယောက် တူနေမှာ မဟုတ်ဘူးလို့  ဆိုထားပါတယ် ။

Platform(s): PS4
Release Date: 2020

Cyberpunk 2077


Witcher ဂိမ်း ဖန်တီးသူ CD Projeck က  ဖန်တီးထားတဲ့ Cyberpunk 2077 ကတော့ open world အမျိုးအစား ဇာတ်လမ်းသွား ဂိမ်းဖြစ်ပြီး ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသား Keanu Reeves က ပါဝင်ကူညီ သရုပ်ဆောင်ပေးထားပါတယ် ။ ပီစီဗားရှင်းအတွက် Nvidia နှင့် ပါတနာအဖြစ် လုပ်ဆောင်နေတာနဲ့ အညီ ပီစီဗားရှင်းမှာ real-time raytracing ကို အလှပဆုံးနှင့် အသက်ဝင်ဆုံး ဖြစ်အောင် ဖန်တီးထားတယ်လို့ ဆိုပါတယ် ။ ဇာတ်လမ်းကတော့ ဗရုတ်သုတ်ခဖြစ်နေတဲ့ အနာဂတ်ကာလ စိတ်ကူးယဉ်သိပ္ပံ ကမ္ဘာကြီးကို နောက်ခံထားထားပါတယ် ။ Dexus Ex လို ဇာတ်လိုက်က လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းနဲ့ ပန့်ခ်စတိုင် ဖြစ်ပြီး ကစားသူတွေအနေနဲ့ ကိုယ်ကစားမယ့် ကာရိုက်တာ ကို ယောကျာ်း မိန်းမ ကြိုက်သလို ရွေးချယ်လို့ရသလို ဆံပင်အရောင်ကစ ခြေအဆုံး အသေးစိတ် ပြင်ဆင်လို့ရမှာ ဖြစ်ပါတယ် ။ ခေတ်လွန်ကာလ အပြင်အဆင်တွေနဲ့ အိပ်မက်ကမ္ဘာဆန်ဆန် နီယွန်မီးတွေ ချယ်သထားတဲ့ ပြောင်ပြောင်လက်လက် အဆောက်အအုံတွေနဲ့ open world  ညပျော်မြို့ကြီးမှာ ဇာတ်လမ်းသွားကစားရမှာ ဖြစ်ပါတယ် ။

Platform(s): PS4, Xbox One, PC, Google Stadia
Release Date: 16th April 2020

Marvel's Avengers


E3 2019 မှာစတင်မိတ်ဆက်ခဲ့စဉ်က အားနည်းတဲ့ဂရပ်ဖစ်ကြောင့် လူပြောစရာဖြစ်ခဲ့ပေမဲ့ ဂိမ်းပလေး ထွက်ရှိလာချိန်မှာ စိတ်ဝင်စားမှု တစ်ဖန်ပြန်မြှင့်တက်လာခဲ့တဲ့ ဂိမ်းတစ်ခုပါ ။ Cap, Iron Man, Hulk, Black Widow နှင့် Thor တို့က သူတို့ရဲ့ ခေတ်လွန်နည်းပညာသုံး Avengers ရုံးချုပ်အဆောက်အဦးကို ဆန်ဖရန်စစ်စကို ပြည်သူတွေကို မိတ်ဆက်ပြသနေစဉ်မှာပဲ မမျှော်လင့်ပဲ ကံဆိုးမိုးမှောင်ကျရာကနေ ဇာတ်လမ်း စ ထားပါတယ် ။ Tom Raider စီးရီး ဒက်ပလော့ပါ Crystal Dynamics မှ ရေးဆွဲပြီး Eidos-Montréal က ပါဝင်အားဖြည့်ပေးထားပါတယ် ။

Platform(s): PS4, Xbox One, PC, Google Stadia
Release Date: 4th September 2020

The Last of Us Part II


Game of the year awards တွေ အများကြီးရထားတဲ့ Naughty dog ရဲ့ action/ adventure အမျိုးအစား The Last of Us ဂိမ်းရဲ့ အဆက် ဖြစ်ပါတယ် ။ Part 2 ဆိုတဲ့အတိုင်း The Last of Us 1 ကိုမကစားထားရင် ဇာတ်လမ်း ဘာမှ သိမှာ မဟုတ်ပါဘူး ။ The Last of Us Part II မှာတော့ Ellie လေးကို ကိုင်ဆော့ရမှာ ဖြစ်ပါတယ် ။

Platform(s): PS4
Release Date: 29th May 2020

Platform(s): PS4
Release Date: 28th February 2020

Bleeding Edge


Microsoft လက်အောက်ကို ရောက်ပြီးခဲ့တဲ့ Ninja Theory က ဖန်တီးထားတဲ့ team brawler အမျိုးအစား multiplayer online battle arena ဂိမ်းတစ်ခု ဖြစ်ပါတယ် ။  ရွေးချယ်စရာ character ၁၂ ယောက်ပါပြီး အကုန်လုံးမှာ အနီးချနိုင်တဲ့ စကေးလ်ပါသလို အဝေးပစ်စကေးတွေလည်း ပါပါတယ် ။ Xbox One နှင့် windows 10 အတွက် ထွက်မယ့်ဂိမ်းတစ်ခုဖြစ်ပြီး မြေပုံဒီဇိုင်းတွေ ကွန်ထရိုလာအပိုင်းတွေမှာ သိပ်မကောင်းဘူး သတင်းထွက်နေပေမယ့် ဂိမ်းဆော့တဲ့အခါ ဂိမ်းကာရိုက်တာတွေရဲ့ melee attack, abilites တွေရဲ့ ရုပ်ထွက်နဲ့ ခံစားချက်ရတာတွေက အတော်လေးကောင်းတယ်လို့ ဝေဖန်သုံးသပ်ကြပါတယ် ။

Platform(s): PS4, Xbox One, PC
Release Date: 24th March 2020

Gear Tactics


Gear Tactics ကတော့ Gear of War Franchise မှာ Spin-off တစ်ခုဖြစ်ပြီး Turn-based strategy အမျိုးအစား ဖြစ်ပါတယ် ။ ပထမဦးဆုံးထွက်ရှိခဲ့တဲ့ Gear of War ဂိမ်းမတိုင်ခင် ၁၂ နှစ်အလိုမှာ ဇာတ်အိမ်တည်ထားပါတယ် ။ ကိုယ့်တပ်စိတ်ကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်နိုင်ပြီး ဗျူဟာအရ ထိုးစစ် ခံစစ် ပြင်ဆင်ရွေးချယ်လို့ ရပါတယ် ။ ဂိမ်းပလေးသာ ပြောင်းသွားပေမယ့် တခြား Gear ဂိမ်းတွေလိုပဲ boss battle အကြီးစားတွေ တိုက်ရမှာပါ ။

Platform(s): Xbox One, PC
Release Date: 28 Apr, 2020

Resident Evil 3


၁၉၉၉ ခုနှစ်က PS1 အတွက် ထွက်ရှိခဲ့တဲ့ Resident Evil 3: Nemesis ကိုမှ Remake ပြန်လုပ်ထားတာ ဖြစ်ပါတယ် ။ Resident Evil 2 Remake, Devil May Cry 5 တို့မှာ သုံးခဲ့တဲ့ RE engine နဲ့ပဲ ရေးဆွဲဖန်တီးထားတာ ဖြစ်ပြီး ဂိမ်းပလေးဟာလည်း Resident Evil 2 Remake လိုပင်ဖြစ်ကြောင်း Capacom ကပြောကြားထားပြီး ဖြစ်ပါတယ် ။ မနှစ် နှစ်ကုန်ခါနီးလောက်က online co-op သီးသန့်လိုလို ဂိမ်းတစ်ခုလိုလို ပြသွားခဲ့တဲ့ Project Resistance ဆိုတာကလည်း သူ့ချည်း သပ်သပ်ထွက်မှာမဟုတ်ပဲ Resident Evil 3 remake ရဲ့ online mode တစ်ခုအဖြစ် ထည့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

Platform(s): PS4, Xbox One, PC
Release Date: April 3, 2020

Final Fantasy 7 remake


2015 ကတည်းက remake ထုတ်မယ့်အကြောင်း စတင်မိတ်ဆက်ပြခဲ့ပြီးနောက် ထွက်မလိုလိုနဲ့ ရက်တွေ နောက်ရွှေ့ခဲ့တယ် ။ နဂိုကတည်းကလည်း ဇာတ်လမ်းကောင်းတယ်ဆိုတဲ့ သတင်းနဲ့ ကျော်ကြားနေတဲ့ ၁၉၉၇ ခုနှစ်ထွက် ဂိမ်းကို remake ပြန်လုပ်မှာဆိုတော့ မူရင်း Final Fantasy 7 မှာ ဘယ်နေရာတွေမှာ ပြန်ပြင်ထားတယ် ဘယ်နေရာတွေမှာ ဘာတွေနဲ့ အစားထိုးပြောင်းလဲထားတာတွေကို Final Fantasy ဖန်တွေက အရမ်းကိုသိချင်နေကြပါပြီ ။ ပြီးတော့ ရုပ်ထွက်က မူရင်းဂိမ်းကလို လေးထောင့်တုံးတွေနဲ့ ပုံပန်းသဏ္ဍန်မဟုတ်တော့ပဲ အရမ်းအသေးစိတ်ကျကျ တကယ့်လူအစစ်ပုံစံမျိူးနဲ့ ကိုယ်ငယ်တုန်းက ချစ်ခဲ့ရတဲ့ character တွေကို ပြန်မြင်ရတော့မှာကလည်း Final Fantasy ဖန်တွေကို စောင့်နေမနိုင်လောက်အောင် ထပ်လောင်းအားဖြည့်ပေးနေသလို ။

Platform(s): PS4
Release Date: March 3, 2020

Dream


အဲ့ဂိမ်းလေးကတော့ ဂိမ်းဖန်တီးချင်သူ အများစု စိတ်ဝင်စားနေကြတဲ့ ဂိမ်းလေးပါ ။ ဂိမ်းက creator tool ပုံစံမျိုး ဖြစ်ပြီး ဂိမ်း ၊ ရုပ်ရှင် ၊ သီချင်း ကိုယ့်စိတ်ကူးရှိသလောက် ဖန်တီးလို့ရတယ် ။ တချို့ဆို PT ကို ပြန်လုပ်ထားတာတို့ ၊ နာမည်ကြီး Legend of Zelda ဂိမ်းက Kokin forest နဲ့ တထေရာတည်း တူအောင် လုပ်ထားကြတာတွေတောင် ရှိနေပါပြီ ။

Platform(s): PS4
Release Date: February 14, 2020

Ori and the Will of the Wisps


Xbox One ဂိမ်းတွေထဲက အလှပဆုံးနှင့် လူကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်တဲ့ Ori and the Blind Forest ရဲ့ အဆက် ဖြစ်ပါတယ် ။ စိမ်းလန်းစိုပြေတဲ့ သစ်တောအုပ် Bibel ထဲမှာ ဝိညာဉ်လိုလို ဘာလိုလို ချစ်စရာ အကောင်လေး Ori ရဲ့ စွန့်စားသွားလာခန်းဖွင့်ပြီး ပျောက်ဆုံးနေတဲ့ အမှန်တရား ၊ ထူးခြားဆန်းကြယ်မှုတွေကို ရှာဖွေတာကို ကစားရမှာ ဖြစ်ပါတယ် ။

Platform(s): PC, Xbox One
Release Date: March 11, 2020

Nioh 2


ဇာတ်လမ်းကျောရိုးကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့အပြင် Bloodborne တို့ Darksoul တို့လို ချရ ခက်ခဲနက်နဲတဲ့ combat အပိုင်းတွေနဲ့ Nioh 1 ဟာ အရမ်းအောင်မြင်ခဲ့ပြီး အခု နောက်ဆက်တွဲ ဖြစ်တဲ့ Nioh 2 မှာတော့ ဇာတ်လမ်း content အသစ်တွေအပြင် အရင်စီးရီးက ဟာကွက်တွေ ပြန်ပြင်ထားပြီး combat အပိုင်း smooth ဖြစ်အောင် ပိုမိုကောင်းမွန်အောင် လုပ်ထားတာ တွေ့ရပါတယ် ။ Beta ပေးတုန်းကလည်း ကောင်းတဲ့မှတ်ချက်တွေ များခဲ့ပါတယ် ။

Platform(s): PS4
Release Date: March 13, 2020

Animal crossing: New Horizon


စိုက်ပျိုးရေးဂိမ်းလို့ လူသိများကြတဲ့ Harvest moon နဲ့ပုံစံတူ Animal Crossing ဂိမ်းအသစ် ထွက်လာတော့မှာပါ ။ လယ်ယာအသစ်တွေ crafting အသစ်တွေ ဂိမ်းပလေးအသစ်တွေ ထည့်ထားတာ တွေ့ရပါတယ် ။ ဂိမ်းပလေးက Tom Nook ဟာ လူသူမရှိတဲ့ သဲကန္တာရကို သွားပြီး အဲ့ဒီမှာ ရွာသားတစ်ယောက်အနေနဲ့ လယ်ယာစိုက် ၊ အကောင်မွေး ၊ စီးပွားရေးလုပ်ပြီး ရွာလေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမှာပါ ။

Platform(s): Nintendo Switch
Release Date: March 20, 2020

Doom Eternal


E3 2018 တုန်းက Bethesda နှင့် id Software တို့ကြေညာခဲ့တဲ့ Doom Eternal ဂိမ်းဟာ 2016 Doom ရဲ့ reboot/အဆက် ဖြစ်ပါတယ် ။

Doom ဂိမ်းတို့ထုံးစံ သွေးတွေ ဖြန်းကနဲ ဖြာကနဲ ပန်းထွက်တာတို့နဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ရမယ့် first person shooter အမျိုးအစားဖြစ်ပေမယ့် Doom Eternal ဂိမ်းမှာ ရက်စက်ကြမ်းတမ်းမှုကို ပိုပီပြင်အောင် လုပ်ထားပြီး ဇာတ်လမ်းအသစ် လက်နက်အသစ်တွေ skill အသစ်တွေ ထပ်ထည့်ထားပါတယ် ။ နဂိုဂိမ်းထက် Demon တွေ ပိုများမယ်လို့ ပြောထားပြီး နောက်ပိုင်းမှာ DLC တွေလည်း လာဦးမှာဖြစ်တယ်လို့ ဆိုပါတယ် ။

Doom Eternal မှာ ထူးခြားတဲ့ multiplayer mode တစ်ခုရှိပါတယ် ။ အဲ့ဒါကတော့ 1v2 ချရမယ့် competitve အမျိုးအစား Battlemode ပါပဲ ။ Doomslayer နေရာက တစ်ယောက် ၊ Demon နေရာက ၂ ယောက်နှင့် "skill vs strategy" ပုံစံ ချရမှာပါ ။ Demon နေရာက ၂ ယောက်ဟာ ထူးခြားတဲ့ ပါဝါကိုယ်စီ ၊ ပြေးနှုန်းပြေးတဲ့ပုံစံ ကိုယ်စီနဲ့ ဖြစ်ပြီး Doomslayer ကို အကွက်ကျကျ ပရိယာယ်သုံး စီစဉ်ပြီး ရှာသတ်ရမှာ ဖြစ်ပါတယ် ။ Doomslayer ကတော့ သူ့မှာ သတ်စရာဆိုလို့ လက်နက်ပစ္စည်းကိရိယာ အမျိုးအစား မြောက်များစွာ ရှိနေပြီး အဲ့ဒီထဲက ကိုယ်ကြိုက်ရာယူပြီး Demon ၂ ကောင်ကို ရှာသတ်ရမှာပဲ ဖြစ်ပါတယ် ။

Platform(s): Nintendo Switch, PS4, Xbox One, Google Stadia, PC
Release Date: 2020

Half-Life: Alyx


ဂန္တဝင် first person shooter ဂိမ်းကို Dota 2 "Gaben" ရဲ့ Valve က အသက်ပြန်သွင်းပြီး ထုတ်မယ့် VR ဂိမ်းတစ်ခုဖြစ်ပါတယ် ။ Half-Life စီးရီးမှာ ၂၀၀၇ ခုနှစ်က နောက်ဆုံးထွက်ခဲ့ပြီးနောက် အခုမှ ပြန်ထွက်လာမယ့် Half-Life ဂိမ်းအသစ်ဖြစ်ပြီး ဇာတ်လမ်းကတော့ Half-Life 2 အဖြစ်အပျက်မတိုင်ခင်မှာ ယူထားပြီး ကစားသူက Alyx Vance နေရာက ဆော့ရမှာပါ ။

Platform(s): PC
Release Date: 23 Mar, 2020

Marvel's Iron man VR


Playstation အတွက်သာ ထွက်မယ့် VR ဂိမ်းတစ်ခုပါ ။ Iron man ဝတ်စုံကြီးထဲ ဝင်ပြီး ဆော့ရမှာပါ ။

Thank You For Reading!

Post a Comment

0 Comments