Star Wars Jedi: Fallen Order Review



Writer, Seo Thu Aung

စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version



Story

*Minor Spoiler*












Story Rating: 4/5

Gameplay





နံရံကပ်ပြေးတာမျိုး၊


difficulty အနေနဲ့

Jedi Knight (Easy)
Jedi Master (Normal)
Jedi Grand Master (Hard)






Gameplay Rating: 4.5/5

Graphics & Performance






Core i5-6500
GTX 1660 Gaming X
16GB @2133MHz (2x 8GB)
Windows 10 v1903 64-bit
GeForce 436.30 driver



Graphics Rating: 4/5

Conclusion






(ထပ်ပြောပါရစေ
Sekiro လောက်မခက်ပါ၊

Overall Rating: 4/5

Writer, Seo Thu Aung


Unicode




"ရိုးစင်းတဲ့ တစ်သတ်မတ်ထဲသွားတဲ့ ဇာတ်လမ်းအသားပေး single-player ဂိမ်းတွေက သေဆုံးသွားပီ ဒီဖက်ခေတ်ကြီးနဲ့ ဘောင် မဝင်တော့ဘူး၊ ဂိမ်မာတွေ စိတ်မဝင်စားတော့ဘူး"

လွန်ခဲ့တဲ့ သုံးနှစ်က EA ပြောခဲ့တဲ့စကား၊
Writer, Seo Thu Aung
ထိုစဉ်က EA ရဲ့ Star Wars Battlefront ဂိမ်းတွေ ထင်သလောက်မပေါက်ဖြစ်နေသလို တခြား franchise တွေလည်း သူ့ဟာနဲ့သူလည်ထွက်နေတဲ့အချိန်။ ခုနောက်ပိုင်းထွက်ထားခဲ့တဲ့ Mass Effect: Andromeda, Anthem တို့လည်းပဲ ရလဒ်တွေစုတ်ပျက်နေစဲ။

Star Wars Jedi: Fallen Order ဆိုတာက အဲ့ဒီ EA ရဲ့ ဂိမ်း၊
ဇာတ်လမ်းအသားပေးတွေ ခေတ်မရှိတော့ပါဘူးဆိုတဲ့ Multi-player ဝါဒီ EA ရဲ့ single-player focus ဂိမ်းတစ်ခု၊၊

Fallen Order အတွက် EA က ယခင် Battlefront စီးရီး ဒက်ပလော့ပါဖြစ်တဲ့ DICE အစား Titanfall နဲ့ Apex Legends တို့ရဲ့ ဒက်ပလော့ပါ Respawn Entertainment ကို တာဝန်ယူရေးဆွဲစေတယ်။

Fallen Order ရဲ့ဂိမ်းဒါရိုက်တာဖြစ်တဲ့ Stig Asmussen ဆိုတာကလည်း God of War 3 ကို ဒါရိုက်တာအဖြစ်တာဝန်ယူဖန်တီးခဲ့တဲ့သူ။
ဒီတော့ ဇာတ်လမ်းအသားပေး Star Wars ဂိမ်းကို ငတ်မွတ်နေတဲ့ Star Wars fan တွေအတွက် Fallen Order ကမျှော်လင့်ချက်တစ်ခုဖြစ်လာခဲ့တယ်။

Story

*Minor Spoiler*

Galatic Empire ရဲ့ အန္တရာယ်ကြောင့် မိမိကိုယ်ကိုမိမိ Jedi တစ်ယောက်အဖြစ်ကနေ လျှို့ဝှက်ပြီးနေရတဲ့ Cal Kestis လို့အမည်ရတဲ့ Jedi Padawan လူငယ်တစ်ယောက်၊

Cal က သူ့မိတ်ဆွေ Prauf နဲ့အတူ Bracca ဂြိုလ်ပေါ် စစ်အတွင်းကပျက်စီးပြီးကျန်ခဲ့တဲ့ ယာဉ်ပျက်ကြီးတစ်ခုမှာ scrapper အဖြစ်နဲ့လုပ်ငန်းခွင်ဝင်နေတဲ့အချိန် . .

တစ်နေ့မှာတော့ လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်ရက်တစ်ခုကနေ Cal ဟာ Prauf ကို Jedi တို့ရဲ့စွမ်းအားဖြစ်တဲ့ Focre ကိုအသုံးပြုပြီး ကယ်တင်ခဲ့တယ်။

ဒီဖြစ်ရပ်ကို record လုပ်ထားတဲ့ Droid ရိုဘော့ကနေ Empire ကိုအကြောင်းကြားလိုက်တော့ တည်ငြိမ်နေတဲ့ Cal ရဲ့ ဘဝဇာတ်လမ်းဟာ တစ်မျိုးတစ်ဖုံဖြစ်လာခဲ့တယ်။

Empire ဟာ သူ့ လက်အောက်က တိုက်ရေးခိုက်ရေးကျွမ်းကျင်တဲ့ Inquisitors နှစ်ယောက်ဖြစ်ကြတဲ့ Senond Sister နဲ့ Ninth Sister တို့ကိုစေလွတ်ပြီး Cal ကိုဖမ်းစေတဲ့အခါမှာ Prauf ကတော့ ကံမကောင်းစွာပဲအသက်ဆုံးရှုံးခဲ့ပြီး Cal ကတော့ ကယ်တင်သူတစ်ချို့ကြောင့် လက်မတင်လေး အသက်ဘေးကနေလွတ်မြောက်သွားတယ်။

Cal ကို ကယ်တင်ခဲ့တဲ့သူတွေက Cere Junda ဆိုတဲ့အမျိုးသမီးကြီးနဲ့ alien ပိုင်းလော့မှုး Greez Dritus

Cere ဟာလည်း ယခင်တုန်းက Jedi Knight တစ်ယောက်မို့ Cal ကို Bogano ဂြိုလ်ကိုခေါ်သွားပြီး အဲဒီဂြိုလ်မှာရှိတဲ့ ခေတ်ဟောင်းလက်ကျန် vault တစ်ခုကနေ Cal အတွက် တစ်စုံတစ်ရာသဲလွန်စ ရလိုရငြား စေလွတ်လိုက်တယ်။

Cere ဟာ Bogano ဂြိုလ်ကိုရောက်ပီး BD-1 လို့အမည်ရတဲ့ ချစ်စဖွယ် Droid စက်ရုပ်လေးနဲ့တွေ့၊
BD-1 ရဲ့ record memory ကနေတဆင့် Cal ဟာ ယခင် Jedi Master ရဲ့ ချန်ထားခဲ့တဲ့ message ကို သိရတယ်။
(စကားမစပ် BD-1 က ဂိမ်းထဲမှာမှ ကျနော်သဘောအကျဆုံးဇာတ်ကောင်ဖြစ်ပါတယ်၊
BD = Buddy Droid ဆိုတဲ့အဓိပ္ပာယ်နဲ့ပါ)

Jedi Master ရဲ့ message ကဘာလည်းဆိုတော့ Empire ရဲ့ဖြိုခွင်းမှုကြောင့် Jedi တွေကစဉ့်ကလျားဖြစ်ကုန်ပေမယ်လို့ ရှင်သန်ကျန်ရစ်နေသူတွေအများကြီးရှိတဲ့အကြောင်း၊
သူတို့တွေကို စုစည်းပြီး Jedi Order ပြန်လည်ထူထောင်ရမှာဖြစ်ကြောင်း၊
ဒီရှင်သန်ကျန်ရစ်တဲ့ Jedi တွေကို ရှာဖွေဖို့အတွက် တည်နေရာသိရဖို့ Holocron လို့ခေါ်တဲ့အရာလိုအပ်ကြောင်းနဲ့ Holocron ကို ဒီ vault ထဲမှာပဲသိမ်းထားကြောင်း၊
ဒါပေမယ်လို့ Holocron ကို ရယူဖို့က Jedi Master ရဲ့ စမ်းသပ်မှုတွေကိုဖြတ်ကျော်နိုင်တဲ့သူဖြစ်ရမယ် လို့ဆိုပါတယ်။

အဲဒီကနေစပြီး Cal ရဲ့ galaxy ခရီးစဉ်ဟာအစပြုပါတယ်။

ဇာတ်လမ်းပိုင်းမှာ အလှည့်အပြောင်း twist တွေသိပ်မပါပေမဲ့လို့ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။
ဂိမ်းရဲ့အဖြစ်အပျက်က Star Wars: Episode III - Revenge of the Sith အပြီးကနေစတင်ထားတဲ့အတွက် ရုပ်ရှင်ကိုကြည့်ထားသူတွေအတွက်က ပိုပီးစိတ်ဝင်စားစရာကောင်းမှာပါ။

Story Rating: 4/5

Gameplay


ဂိမ်းပလေးက ယခင် Star Wars Battlefront စီးရီးလို shooter မဟုတ်တော့ပဲ sword အသုံးပြု (Lightsaber) ဖြစ်သွားတယ်။

Cal က Jedi တစ်ယောက်ဖြစ်တဲ့အတွက် Force Statis ကိုအသုံးပြုလို့လည်းရတယ်၊
Force Push / Force Pull နဲ့ အရာဝတ္ထုတွေ (အားလုံးတော့မဟုတ်) နဲ့ ရန်သူတွေကို တွန်းထုတ်တာ အနီးနားကိုဆွဲယူတာတွေလုပ်နိုင်မယ်၊
Force Slow နဲ့ ရန်သူတွေရဲ့ လှုပ်ရှားမှုတွေကို ယာယီနှေးသွားအောင်ပြုလုပ်နိုင်မှာလည်းဖြစ်တယ်။

Cal ဟာ BD-1 နဲ့အတူ Bogano, Kashyyyk စတဲ့ ဂြိုလ်တွေကို ခရီးနှင်ရမယ်၊

နံရံကပ်ပြေးတာမျိုး၊
ကြိုးတွေ နွယ်ပင်တွေကိုခိုစီးပီး ကူးတာမျိုး၊
တောင်ကမ်းပါးနံရံတွေကို ကပ်တွယ်ပီးတက်တာမျိုး စသဖြင့်နဲ့ သွားလာရတာမို့ Tomb Raider, Uncharted, Matel Gear Solid တို့နဲ့သွားဆင်ပါတယ်။
တစ်ချို့နေရာတွေမှာ BD-1 ရဲ့ အကူအညီကိုယူရမယ် . .
(ကြိုးတန်းတွေပေါ် zip line နဲ့သွားတာမျိုး စသဖြင့်)

အများဆုံးရင်ဆိုင်ရမဲ့ရန်သူတွေက Empire တပ်သားတွေဖြစ်တဲ့ Stormtrooper တွေနဲ့ လှည့်လည်ကျက်စားနေတဲ့ ပင့်ကူ၊ ပျားတို့လိုအကောင်တွေပဲ။
boss fight အဖြစ် Second Sister / Ninth Sister တို့လိုဆရာကျတဲ့သူတွေနဲ့ဖိုက်ရမယ်။
Lightsaber နဲ့ Cal ရဲ့ အသွင်အပြင်တွေကို အပြောင်းအလဲလုပ်လို့ရပေမဲ့ ဒါက အမြင်ပိုင်းသပ်သပ်ကလွဲပြီး damage ဘာညာကိုတော့ သက်ရောက်မှုမရှိပါဘူး။
ရလာတဲ့ experience point တွေကိုအသုံးပြုပြီးတော့တော့ Cal ရဲ့ combo နဲ့ ability တွေကို မြှင့်တင်နိုင်ပါတယ်။
ဂိမ်းပလေးကိုခြုံပီးပြောရရင် အက်ရှင်ပိုင်းမှာ Devil May Cry, Sekiro တို့နဲ့ဆင်တူပီး exploring/puzzle ပိုင်းကတော့ Tomb Raider နဲ့တူပါတယ်။

difficulty အနေနဲ့

Jedi Knight (Easy)
Jedi Master (Normal)
Jedi Grand Master (Hard)

သုံးမျိုးပေးထားပြီး ကျနော့်အနေနဲ့ ထုံးစံအတိုင်းပဲ Normal ဖြစ်တဲ့ Jedi Master mode နဲ့ကစားပါတယ်။

ကျနော့်အတွေ့အကြုံအရ ဂိမ်းဟာ Sekiro လောက်မခက်ပေမဲ့ Devil May Cry 5 လိုမျိုးလည်း လွယ်ကူတဲ့အမျိုးအစားမဟုတ်ဘူးလို့ပဲသတ်မှတ်ရပါမယ်။

အထူးသဖြင့် boss fight တွေမှာ လက်ဆ နဲ့ timing ကိုအရမ်းသတိထားရပါတယ်။

Gamepad နဲ့က သိပ်ပြသနာမရှိပေမဲ့ ကီးဘုတ် မောက်စ် အသုံးပြုပြီးကစားမည့်သူတွေအတွက် ကနဦးဆုံး button mapping ကို မိမိလက်အနေအထားနဲ့အဆင်ပြေမဲ့ပုံစံဖြစ်အောင်ချိန်ညှိပေးဖို့ရာတော့လိုပါတယ်။
သူ့ မူလပေးထားတဲ့ evade = "Z" ဆိုရင် ဘယ်လိုမှနှိပ်လို့အဆင်မပြေပါဘူး။
Force Push/Pull/Slow စတဲ့ ability တွေက နောက်ပိုင်းမှ တစ်ခုခြင်းစီ unlock ဖြစ်တဲ့အတွက် စာရေးသူမိမိကိုယ်တိုင် ဂိမ်း ၃ နာရီကျော်ရောက်ပီးတဲ့အထိ လက်နဲ့အဆင်ပြေမဲ့ key mapping တွေကိုအပြောင်းအလဲလုပ်ခဲ့ရပါတယ်။

သင်ဟာ rage တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ easy mode နဲ့ဆော့ဖို့အကြံပြုပါတယ်။
ကျနော့်အနေနဲ့ normal difficulty နဲ့ ဂိမ်းဇာတ်လမ်းကိုပီးဖို့ရာ ၁၀ နာရီကျော်အချိန်ယူခဲ့ရပါတယ်။

Gameplay Rating: 4.5/5

Graphics & Performance


Star Wars Jedi: Fallen Order ကို PC, PS4 နဲ့ Xbox One တို့အတွက်ထုတ်ပေးထားပြီး PC ဗားရှင်းမှာ အားသာချက်အဖြစ် native 4K resolution နဲ့ 144Hz အထိ ရရှိမှာပါ။

EA က Fallen Order အတွက် သူ့ကိုယ်ပိုင် Frostbite 3 ဂရပ်ဖစ်အင်ဂျင်အစား Unreal Engine 4 ကို DirectX 11 မှာ အသုံးပြုစေပါတယ်။

ရုပ်ထွက်ပိုင်းဟာ ကောင်းတယ် လှတယ်ဆိုပေမဲ့ ၂၀၁၉ စံချိန်အရ မမီဘူးသတ်မှတ်ရမှာပါ။
ဒီနှစ်အစောပိုင်းမှာထွက်ခဲ့တဲ့ Devil May Cry 5 ဟာ Fall Order ထက် ဂရပ်ဖစ်အမြင်ပိုင်း အားသာချက်ရှိပါတယ်။
တစ်ခုဝန်ခံရမှာကတော့ Lighting ပိုင်းမှာ Star Wars Jedi: Fallen Order ဟာတော်တော်ကြီးကြည့်ကောင်းတယ်ဆိုတာပါပဲ။
လှိုင်ဂူလို အတွင်းအမှောင်ခြမ်းတွေထဲ Cal ရဲ့ Lightsaber က ထွက်တဲ့အလင်းဟာ မြင်ဖူးသမျှထဲမှာ ကြည့်အကောင်းဆုံးပါ။
(ဂိမ်းမှာ Ray Tracing ပါဝင်ခြင်းမရှိပါဘူး)

စာရေးသူ PC specs က အရင်အတိုင်းပဲ

Core i5-6500
GTX 1660 Gaming X
16GB @2133MHz (2x 8GB)
Windows 10 v1903 64-bit
GeForce 436.30 driver

1080p Max settings မှာ avg 80FPS ရရှိပါတယ်။
VRAM (Graphics Memory) အသုံးပြုမှုပိုင်းမှာ 5GB နီးပါးရှိတဲ့အတွက် 2GB ရှိတဲ့ ကတ်တွေမှာ shuttering ပြသနာတွေရှိလာနိုင်ပါတယ်။
1080p Medium settings အတွက် GTX 1050 Ti 4GB / RX 560 4GB လောက်ရှိရင်အဆင်ပြေပါတယ်။
(desktop GTX 1050 မှာ 2GB ဗားရှင်းသာလာပါသည်)
System RAM ကတော့ 8GB နဲ့တင်လုံလောက်ပါတယ်။

CPU မှာ ဂိမ်းတစ်လျောက် 4core/4thread ကို 90% နှင့်အထက်ပဲသုံးတာတွေ့ရတဲ့အတွက် i3 (7th Gen အပါအဝင် အောက်) တွေမှာ GPU ဘယ်လောက်ကောင်းကောင်း bottleneck ပြသနာရှိလာမှာဖြစ်လို့ ခုချိန်မှာ gaming အတွက် CPU ဝယ်ဖို့စိတ်ကူးထားသူတွေအတွက် အနည်းဆုံး 4core/4thread ကိုသာ စ စဉ်းစားရတော့မှာပါ။

Graphics Rating: 4/5
Performance & Optimization Rating: 4.5/5

Conclusion


သင်ဟာ Star Wars fan တစ်ယောက်လား ? ဒီဂိမ်းဟာ သင့်အတွက်ပါ။

သင်ဟာ Star Wars fan တော့ မဟုတ်ခဲ့ဘူး၊ action/combat ဂိမ်းတော့နှစ်သက်တယ်ဆိုရင် ?
Star Wars ရုပ်ရှင်တစ်ခုမျှမကြည့်ဖူးလည်းပြသနာမရှိပါ၊

ဒီဂိမ်းဟာ သင့်အတွက်ပါ၊
နှစ်သက်မှာသေချာပါတယ်။

Star Wars Jedi: Fallen Order ဟာ EA ရဲ့ ဂိမ်းတစ်ခုဆိုပေမဲ့ Battlefront နဲ့ လားလားမျှမဆိုင် story driven sword-fight action နှစ်သက်တဲ့သူတွေ လုံးဝ လက်မလွှတ်သင့်သလို challenge လုပ်လိုသူတွေအတွက်လည်း စမ်းကြည့်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

(ထပ်ပြောပါရစေ
Sekiro လောက်မခက်ပါ၊
သို့သော် Devil May Cry 5 hard mode မှာ Fallen Order ရဲ့ normal mode မျှသာရှိသည်)

Overall Rating: 4/5

Writer, Seo Thu Aung

Post a Comment

0 Comments