"Without strength, you can't protect anything"
— Vergil
မ်က္စိေရွ႕မွာ ျမင္ေတြ႕ရသမွ်က မီးတဝုန္းဝုန္းေတာက္ေလာင္ေနၿပီး ကမာၻပ်က္မတတ္ . .
ခါတိုင္း က်ေနာ္တို႔ ကစားေနက် က်ေနာ္တို႔ရဲ႕အိမ္ႀကီးထဲက အႏုလက္ရာေတြ တန္ဖိုးမနည္းတဲ့ အသံုးအေဆာင္ေတြအကုန္ျပာျဖစ္သြားျခင္းနဲ႔အတူ ဘယ္ကမွန္းမသိ အမ်ိဳးအမည္လည္းမသိရတဲ့ က်ဴးေက်ာ္သူေတြလက္ခ်က္နဲ႔ က်ေနာ္တို႔မိသားစုရဲ႕ အလုပ္အေကြ်းအခိုင္းအေစ ေတြလည္း ေသြးသံရဲရဲ၊ တစ္ေယာက္မွလည္း အသက္ရွိေတာ့မည့္ပံု မေပၚ . .
စာဖတ်မရလျှင် ဒီကို နှိပ်ပါ Unicode version
Writer - Seo Thu Aung
အဲဒီအခ်ိန္ အားကိုးရာမဲ့ျဖစ္ေနတဲ့ က်ေနာ္ . .
က်ေနာ္တို႔ညီအစ္ကို ႏွစ္ဦး အသက္ရွစ္ႏွစ္ျပည့္ေမြးေန႔ အိမ္မွာပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အေမကစီစဥ္ေပးၿပီး က်င္းပခဲ့ၾကတာ ဘာမွမၾကာေသး . .
ခုေတာ့ အဲ့အခ်ိန္နဲ႔ လားလားမွ် မဆိုင္ . .
ငရဲျပည္အလား . .
အေမ့ကို က်ေနာ္ ေမွ်ာ္ေနပါေသာ္လည္း ေပၚမလာေသး၊
ခုေန အိမ္ထဲ လိုက္ရွာလို႔လည္းမျဖစ္ . .
အသက္နဲ႔ ခႏၶာ တျခားစီျဖစ္သြားမွာလည္း ေၾကာက္ . .
အေမ ဘာလို႔ မလာေသးတာလည္း . .
သူ႔သားငယ္ က်ေနာ့္ညီ ကိုေခၚပီး က်ေနာ့္ကို တစ္ေယာက္ထဲထားခဲ့တာမ်ားလား . .
စိုးရိမ္ သိမ္ငယ္မႈေတြ၊ ေၾကာက္ရြံ႕မႈေတြ၊ နာက်ည္းသံသယစိတ္ေတြနဲ႔အတူ ခုလိုအျဖစ္အပ်က္ေတြကို မတြန္းလွန္ႏိုင္ မကာကြယ္ႏိုင္တဲ့ မိမိကိုယ္ကိုယ္မိမိ အားမလိုအားမရေတြျဖစ္ၿပီး တစ္ခ်ိန္မွာ မိမိသာလွ်င္ တစ္ေလာကလံုးမွာ ခြန္အားအႀကီးဆံုး စြမ္းအားအႀကီးဆံုးသူတစ္ေယာက္ ျဖစ္လာရမယ္ဆိုတဲ့ ခံယူခ်က္ကို ဦးေႏွာက္ထဲ သံမိႈစြဲသလို မွတ္ယူလိုက္ပါေတာ့တယ္ . .
The Alpha and Omega
Vergil
ဟုတ္ပါတယ္
Vergil အေၾကာင္း Vergil ငယ္ရြယ္ႏုနယ္စဥ္က အတိတ္ဆိုးရဲ႕ တစိတ္တပိုင္းကို ေရးျပထားတာပါ။
Vergil ဆိုတာက Capcom ရဲ႕ Devil May Cry စီးရီးမွာ အၿမဲလိုလို bad side (ဗီလိန္) ေနရာက ပါဝင္ရတဲ့သူတစ္ဦး . .
Dante ရဲ႕ အမႊာ အစ္ကို
မိစာၦကမာၻက ဖခင္ Sparda နဲ႔ လူသား မိခင္ Eva ရဲ႕ ဆံုစည္းမႈကေန မ်ိဳး႐ိုးဗီဇ ႏွစ္ခုကို တူညီစြာဆက္ခံထားတဲ့ အမႊာညီအစ္ကို Vergil နဲ႔ Dante
Vergil က ဖခင္ရဲ႕ demonic power ေတြျပည့္ေနတဲ့ Yamato ဓားကိုဆက္ခံရရွိခဲ့တယ္၊
ဂိမ္းဇာတ္ေကာင္ေတြမွာ ဗီလိန္ဆိုေပမဲ့ လံုးဝ stylish ပဲ
စကားကို အပိုေတြမေျပာ၊ တစ္ခြန္းဆိုတစ္ခြန္း
မိမိရည္ရြယ္ခ်က္ ေအာင္ျမင္ဖို႔ရာဆိုရင္ ဘာကိုပဲစေတးရ စေတးရ လက္ေလ်ာ့တတ္သူမဟုတ္
Devil May Cry 5 မွာ Vergil ျပန္ပါလာၿပီ
အစဥ္အလာ DMC fan ေတြအတြက္ လံုးဝ ေရွာ့ခ္ ျဖစ္ေစမဲ့ plot အလွည့္အေျပာင္းေတြနဲ႔ Vergil ျပန္ေရာက္လာခဲ့ၿပီ
(plot အလွည့္အေျပာင္းဆိုတာကေတာ့ မေဆာ့ရေသးတဲ့ DMC အစဥ္အလာ ပရိတ္သတ္ေတြ အရသာပ်က္သြားမွာစိုးလို႔ မေျပာေတာ့ဘူး)
DMC ဂိမ္းေတြရဲ႕ ထံုးစံအတိုင္း Mission 20 ေဆာ့ရမယ္၊
အရင္ဂိမ္းေတြကိုမေဆာ့ခဲ့ရပဲ ခုမွ DMC5 ကို စေဆာ့မယ္ဆိုသူေတြအတြက္ေတာ့ ဇာတ္လမ္းက ပ်င္းစရာ သာမန္ထက္ ဘာမွမထူးလို႔ပဲ ေသခ်ာေပါက္ခံစားရမွာပါ။
hardcore fan ေတြအတြက္ကေတာ့ ေစာင့္ေမွွ်ာ္ရက်ိဳးနပ္ပါတယ္၊
ဇာတ္လမ္းက အဆံုးထိ သင့္ကို အံ့ၾသတသင့္နဲ့ ဆြဲေခၚသြားမွာအေသအခ်ာပါပဲ။
* Gameplay *
ဂိမ္းပေလးက လံုးဝ fluid၊
ထိန္းခ်ဳပ္ကစားရတာ အေတာ္ႀကီးမိုက္တယ္
ကစားလို႔ရတဲ့ ဇာတ္ေကာင္အေနနဲ႔ သံုးေယာက္ပါမယ္
Nero
V
Dante
Nero က Devil May Cry 4 တုန္းကလို Devil Arm မရွိေတာ့ေပမဲ့ Nico ဆိုတဲ့ gunsmith ရဲ႕ အကူအညီနဲ႔ robotic arm ေတြ စိတ္ႀကိဳက္ ေရြးခ်ယ္အသံုးျပဳခြင့္ရသြားတယ္။
V ကေတာ့ ဇာတ္ေကာင္အသစ္
သူ႔ ဂိမ္းပေလးက ရွယ္ပဲ၊
ပံုမွန္အေနအထားနဲ႔ လံုးဝ ခြဲထြက္သြားတယ္
အမွန္အတိုင္းဝန္ခံရရင္ Nero နဲ႔ Dante ထပ္ ဂိမ္းပေလးက ပိုေကာင္းတယ္လို႔ျမင္မိတယ္
Dante ရဲ႕ ဂိမ္းပေလးကေတာ့ ယခင္ DMC ဂိမ္းေတြေဆာ့ကစားဖူးသူေတြအတြက္ အစိမ္းသပ္သပ္ႀကီးမဟုတ္
Trickster, Swordmaster, Gunslinger စတဲ့ ရင္းနီးေနၾက စတိုင္ေတြျပန္ပါလာတယ္
ျပန္ပါလာတယ္ဆိုေပမဲ့ ဒီအတိုင္းကူးခ်ထားတာေတာ့မဟုတ္ . .
ဂိမ္းပေလး ပိုပီး smooth ျဖစ္လာတယ္ ပိုေကာင္းလာတယ္ေပါ့။
Lady နဲ႔ Trish တို႔ ျပန္ပါလာတယ္ဆိုေပမဲ့ သူတို႔ကိုေတာ့ ထိန္းခ်ဳပ္ကစားလို႔ရမွာမဟုတ္ပါဘူး။
ရန္သူေတြကို non-stop ခုတ္မယ္၊ hit point ေတြတက္ပီး D/C/A/S/SSS စသျဖင့္ screen ရဲ႕ ညာဖက္မွာျပေပးတယ္၊
Red orb ေတြမ်ားမ်ားရေတာ့ Skill ေတြ ability ေတြ upgrade လုပ္လို႔ရမယ္
ဒါေတြက DMC fan ေတြအတြက္ အထူးအဆန္းမဟုတ္တဲ့ အေမွ်ာ္လင့္ဆံုးအရာေတြေပါ့။
Difficulty အေနနဲ႔ စစျခင္း Human, Devil Hunter ဆိုပီးေရြးျခယ္ဖို႔ရာ ႏွစ္ခုရွိတယ္၊
Human က Easy
Devil Hunter က Normal
ဇာတ္လမ္း အစအဆံုးတစ္ေခါက္ပီးသြားရင္ေတာ့ ပိုခက္တဲ့ Son of Sparda ကို ရမယ္
တစ္ခုေျပာဖို႔ရွိတာက DMC3 တုန္းက Normal ဟာ အေတာ္ႀကီးကို ခက္ပါတယ္၊ ေဘာ့စ္ ဖိုက္ေတြမွာဆိုရင္ ေသတာမွ ေသာက္ေသာက္လဲ ပဲ။
ခု DMC5 ရဲ႕ Normal ျဖစ္တဲ့ Devil Hunter difficulty mode က DMC3 ရဲ႕ Normal နဲ႔ယွဥ္ရင္ သိပ္မခက္ဘူး။
က်ေနာ္ကေတာ့ အရင္ဂိမ္းေတြပါ ေဆာ့ခဲ့တဲ့သူပီပီ DMC5 ရဲ႕ Normal ကို ေပ်ာ့လြန္းတယ္လို႔ျမင္တယ္။
(ေနာက္ အခ်ိန္ရရင္ Son of Sparda နဲ႔ ျပန္ေဆာ့ပါအံုးမယ္)
ပီးေတာ့ တစ္ခု အႏႈတ္ျပတာက အရင္ဂိမ္းေတြလို ေခါင္းစားတဲ့ puzzle ေတြမပါေတာ့ဘူး၊
ဒီေတာ့ Mission 20 လံုးပီးဖို႔ကို အခ်ိန္သိပ္မယူရပဲ တစ္ထိုင္တည္းဆို ၅~၇ နာရီေလာက္သာၾကာပါတယ္။
* Graphics *
႐ုပ္ထြက္ပိုင္းမွာ အႏုစိတ္လြန္းတဲ့ဂိမ္းပါ။
ဇာတ္ေကာင္တစ္ဦးခ်င္းစီရဲ႕ ခံစားခ်က္ အေပၚမူတည္ပီး မ်က္ႏွာအေျပာင္းအလဲေတြ၊
ေမႊးညင္းေပါက္ေလးေတြကအစ အေသးစိတ္က်လွတဲ့ ပံုေဖာ္ထားမႈေတြ၊
လႈပ္ရွားမႈကိုလိုက္ၿပီး ဝတ္ဆင္ထားတဲ့ အက်ႌ ေရြ႕လ်ားမႈေတြ
စသျဖင့္ ေသသပ္ တိက် လွပလြန္းပါတယ္။
ဂရပ္ဖစ္အင္ဂ်င္က Resident Evil 7 နဲ႔ Resident Evil 2 remake မွာ သံုးခဲ့တဲ့ RE Engine ပဲဆိုေတာ့ အျပစ္ေျပာစရာမလိုေအာင္ ၾကည့္လို႔လွေနတာပဲျဖစ္ပါတယ္။
* PC performance *
Devil May Cry 5 ကို PC, PS4, Xbox One ပလက္ေဖာင္းသံုးခုမွာထြက္ထားေပမဲ့ က်ေနာ္က PC မွာဆိုေတာ့ သူ႔ရဲ႕ performance ကိုေျပာဖို႔ရာလိုလာပီ။
i5-6500 3.2GHz
GTX 1060 6GB
16GB RAM
ပီစီနဲ႔ Full HD Max settings ကို 90FPS average ရပါတယ္။
တစ္ခါတစ္ရံမွသာ 50FPS ေလာက္အထိထိုးက်တာပါ၊
ဒါကလည္း ျဖစ္ခဲပါတယ္
ပံုမွန္ကေတာ့ 80~90 ၾကားထဲမွာပါပဲ
VRAM အသံုးျပဳမႈက 5.6GB အထိ အမ်ားဆံုးယူပါတယ္။
System Ram ကေတာ့ 7GB ပတ္လည္ပါ။
ဆိုေတာ့ က်ေနာ့္အျမင္ေျပာရရင္ အနည္းဆံုး ဂရပ္ဖစ္ကတ္ကို GTX 760 ေလာက္နဲ ့ စီပီယူ quad core အသံုးျပဳဖို႔ေတာ့လိုပါလိမ့္မယ္။
* Conclusion *
အႏွစ္ခ်ဳပ္ေျပာရရင္ Devil May Cry fan ေတြ ေစာင့္ရက်ိဳးနပ္ေစတဲ့ ဂိမ္းပါ။
စေဆာ့မဲ့သူေတြအတြက္ေတာ့ သာမန္ action/hack n slash ဇာတ္လမ္း feel ထပ္ ပိုမည္မဟုတ္ပါ။
SJH rating: Smokin' Sexy Style 10/10
Devil May Cry 5 ကို ဝယ္ယူရန္ > >
PC
PS4
Xbox One
Writer - Seo Thu Aung
Unicode
Devil May Cry 5 Review
"Without strength, you can't protect anything"
— Vergil
မျက်စိရှေ့မှာ မြင်တွေ့ရသမျှက မီးတဝုန်းဝုန်းတောက်လောင်နေပြီး ကမ္ဘာပျက်မတတ် . .
ခါတိုင်း ကျနော်တို့ ကစားနေကျ ကျနော်တို့ရဲ့အိမ်ကြီးထဲက အနုလက်ရာတွေ တန်ဖိုးမနည်းတဲ့ အသုံးအဆောင်တွေအကုန်ပြာဖြစ်သွားခြင်းနဲ့အတူ ဘယ်ကမှန်းမသိ အမျိုးအမည်လည်းမသိရတဲ့ ကျူးကျော်သူတွေလက်ချက်နဲ့ ကျနော်တို့မိသားစုရဲ့ အလုပ်အကျွေးအခိုင်းအစေ တွေလည်း သွေးသံရဲရဲ၊ တစ်ယောက်မှလည်း အသက်ရှိတော့မည့်ပုံ မပေါ် . .
Writer - Seo Thu Aung
အဲဒီအချိန် အားကိုးရာမဲ့ဖြစ်နေတဲ့ ကျနော် . .
ကျနော်တို့ညီအစ်ကို နှစ်ဦး အသက်ရှစ်နှစ်ပြည့်မွေးနေ့ အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အမေကစီစဉ်ပေးပြီး ကျင်းပခဲ့ကြတာ ဘာမှမကြာသေး . .
ခုတော့ အဲ့အချိန်နဲ့ လားလားမျှ မဆိုင် . .
ငရဲပြည်အလား . .
အမေ့ကို ကျနော် မျှော်နေပါသော်လည်း ပေါ်မလာသေး၊
ခုနေ အိမ်ထဲ လိုက်ရှာလို့လည်းမဖြစ် . .
အသက်နဲ့ ခန္ဓာ တခြားစီဖြစ်သွားမှာလည်း ကြောက် . .
အမေ ဘာလို့ မလာသေးတာလည်း . .
သူ့သားငယ် ကျနော့်ညီ ကိုခေါ်ပီး ကျနော့်ကို တစ်ယောက်ထဲထားခဲ့တာများလား . .
စိုးရိမ် သိမ်ငယ်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ နာကျည်းသံသယစိတ်တွေနဲ့အတူ ခုလိုအဖြစ်အပျက်တွေကို မတွန်းလှန်နိုင် မကာကွယ်နိုင်တဲ့ မိမိကိုယ်ကိုယ်မိမိ အားမလိုအားမရတွေဖြစ်ပြီး တစ်ချိန်မှာ မိမိသာလျှင် တစ်လောကလုံးမှာ ခွန်အားအကြီးဆုံး စွမ်းအားအကြီးဆုံးသူတစ်ယောက် ဖြစ်လာရမယ်ဆိုတဲ့ ခံယူချက်ကို ဦးနှောက်ထဲ သံမှိုစွဲသလို မှတ်ယူလိုက်ပါတော့တယ် . .
The Alpha and Omega
Vergil
ဟုတ်ပါတယ်
Vergil အကြောင်း Vergil ငယ်ရွယ်နုနယ်စဉ်က အတိတ်ဆိုးရဲ့ တစိတ်တပိုင်းကို ရေးပြထားတာပါ။
Vergil ဆိုတာက Capcom ရဲ့ Devil May Cry စီးရီးမှာ အမြဲလိုလို bad side (ဗီလိန်) နေရာက ပါဝင်ရတဲ့သူတစ်ဦး . .
Dante ရဲ့ အမွှာ အစ်ကို
မိစ္ဆာကမ္ဘာက ဖခင် Sparda နဲ့ လူသား မိခင် Eva ရဲ့ ဆုံစည်းမှုကနေ မျိုးရိုးဗီဇ နှစ်ခုကို တူညီစွာဆက်ခံထားတဲ့ အမွှာညီအစ်ကို Vergil နဲ့ Dante
Vergil က ဖခင်ရဲ့ demonic power တွေပြည့်နေတဲ့ Yamato ဓားကိုဆက်ခံရရှိခဲ့တယ်၊
ဂိမ်းဇာတ်ကောင်တွေမှာ ဗီလိန်ဆိုပေမဲ့ လုံးဝ stylish ပဲ
စကားကို အပိုတွေမပြော၊ တစ်ခွန်းဆိုတစ်ခွန်း
မိမိရည်ရွယ်ချက် အောင်မြင်ဖို့ရာဆိုရင် ဘာကိုပဲစတေးရ စတေးရ လက်လျော့တတ်သူမဟုတ်
Devil May Cry 5 မှာ Vergil ပြန်ပါလာပြီ
အစဉ်အလာ DMC fan တွေအတွက် လုံးဝ ရှော့ခ် ဖြစ်စေမဲ့ plot အလှည့်အပြောင်းတွေနဲ့ Vergil ပြန်ရောက်လာခဲ့ပြီ
(plot အလှည့်အပြောင်းဆိုတာကတော့ မဆော့ရသေးတဲ့ DMC အစဉ်အလာ ပရိတ်သတ်တွေ အရသာပျက်သွားမှာစိုးလို့ မပြောတော့ဘူး)
DMC ဂိမ်းတွေရဲ့ ထုံးစံအတိုင်း Mission 20 ဆော့ရမယ်၊
အရင်ဂိမ်းတွေကိုမဆော့ခဲ့ရပဲ ခုမှ DMC5 ကို စဆော့မယ်ဆိုသူတွေအတွက်တော့ ဇာတ်လမ်းက ပျင်းစရာ သာမန်ထက် ဘာမှမထူးလို့ပဲ သေချာပေါက်ခံစားရမှာပါ။
hardcore fan တွေအတွက်ကတော့ စောင့်မျှော်ရကျိုးနပ်ပါတယ်၊
ဇာတ်လမ်းက အဆုံးထိ သင့်ကို အံ့သြတသင့်နဲ့ ဆွဲခေါ်သွားမှာအသေအချာပါပဲ။
* Gameplay *
ဂိမ်းပလေးက လုံးဝ fluid၊
ထိန်းချုပ်ကစားရတာ အတော်ကြီးမိုက်တယ်
ကစားလို့ရတဲ့ ဇာတ်ကောင်အနေနဲ့ သုံးယောက်ပါမယ်
Nero
V
Dante
Nero က Devil May Cry 4 တုန်းကလို Devil Arm မရှိတော့ပေမဲ့ Nico ဆိုတဲ့ gunsmith ရဲ့ အကူအညီနဲ့ robotic arm တွေ စိတ်ကြိုက် ရွေးချယ်အသုံးပြုခွင့်ရသွားတယ်။
V ကတော့ ဇာတ်ကောင်အသစ်
သူ့ ဂိမ်းပလေးက ရှယ်ပဲ၊
ပုံမှန်အနေအထားနဲ့ လုံးဝ ခွဲထွက်သွားတယ်
အမှန်အတိုင်းဝန်ခံရရင် Nero နဲ့ Dante ထပ် ဂိမ်းပလေးက ပိုကောင်းတယ်လို့မြင်မိတယ်
Dante ရဲ့ ဂိမ်းပလေးကတော့ ယခင် DMC ဂိမ်းတွေဆော့ကစားဖူးသူတွေအတွက် အစိမ်းသပ်သပ်ကြီးမဟုတ်
Trickster, Swordmaster, Gunslinger စတဲ့ ရင်းနီးနေကြ စတိုင်တွေပြန်ပါလာတယ်
ပြန်ပါလာတယ်ဆိုပေမဲ့ ဒီအတိုင်းကူးချထားတာတော့မဟုတ် . .
ဂိမ်းပလေး ပိုပီး smooth ဖြစ်လာတယ် ပိုကောင်းလာတယ်ပေါ့။
Lady နဲ့ Trish တို့ ပြန်ပါလာတယ်ဆိုပေမဲ့ သူတို့ကိုတော့ ထိန်းချုပ်ကစားလို့ရမှာမဟုတ်ပါဘူး။
ရန်သူတွေကို non-stop ခုတ်မယ်၊ hit point တွေတက်ပီး D/C/A/S/SSS စသဖြင့် screen ရဲ့ ညာဖက်မှာပြပေးတယ်၊
Red orb တွေများများရတော့ Skill တွေ ability တွေ upgrade လုပ်လို့ရမယ်
ဒါတွေက DMC fan တွေအတွက် အထူးအဆန်းမဟုတ်တဲ့ အမျှော်လင့်ဆုံးအရာတွေပေါ့။
Difficulty အနေနဲ့ စစခြင်း Human, Devil Hunter ဆိုပီးရွေးခြယ်ဖို့ရာ နှစ်ခုရှိတယ်၊
Human က Easy
Devil Hunter က Normal
ဇာတ်လမ်း အစအဆုံးတစ်ခေါက်ပီးသွားရင်တော့ ပိုခက်တဲ့ Son of Sparda ကို ရမယ်
တစ်ခုပြောဖို့ရှိတာက DMC3 တုန်းက Normal ဟာ အတော်ကြီးကို ခက်ပါတယ်၊ ဘော့စ် ဖိုက်တွေမှာဆိုရင် သေတာမှ သောက်သောက်လဲ ပဲ။
ခု DMC5 ရဲ့ Normal ဖြစ်တဲ့ Devil Hunter difficulty mode က DMC3 ရဲ့ Normal နဲ့ယှဉ်ရင် သိပ်မခက်ဘူး။
ကျနော်ကတော့ အရင်ဂိမ်းတွေပါ ဆော့ခဲ့တဲ့သူပီပီ DMC5 ရဲ့ Normal ကို ပျော့လွန်းတယ်လို့မြင်တယ်။
(နောက် အချိန်ရရင် Son of Sparda နဲ့ ပြန်ဆော့ပါအုံးမယ်)
ပီးတော့ တစ်ခု အနှုတ်ပြတာက အရင်ဂိမ်းတွေလို ခေါင်းစားတဲ့ puzzle တွေမပါတော့ဘူး၊
ဒီတော့ Mission 20 လုံးပီးဖို့ကို အချိန်သိပ်မယူရပဲ တစ်ထိုင်တည်းဆို ၅~၇ နာရီလောက်သာကြာပါတယ်။
* Graphics *
ရုပ်ထွက်ပိုင်းမှာ အနုစိတ်လွန်းတဲ့ဂိမ်းပါ။
ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ ခံစားချက် အပေါ်မူတည်ပီး မျက်နှာအပြောင်းအလဲတွေ၊
မွှေးညင်းပေါက်လေးတွေကအစ အသေးစိတ်ကျလှတဲ့ ပုံဖော်ထားမှုတွေ၊
လှုပ်ရှားမှုကိုလိုက်ပြီး ဝတ်ဆင်ထားတဲ့ အင်္ကျီ ရွေ့လျားမှုတွေ
စသဖြင့် သေသပ် တိကျ လှပလွန်းပါတယ်။
ဂရပ်ဖစ်အင်ဂျင်က Resident Evil 7 နဲ့ Resident Evil 2 remake မှာ သုံးခဲ့တဲ့ RE Engine ပဲဆိုတော့ အပြစ်ပြောစရာမလိုအောင် ကြည့်လို့လှနေတာပဲဖြစ်ပါတယ်။
* PC performance *
Devil May Cry 5 ကို PC, PS4, Xbox One ပလက်ဖောင်းသုံးခုမှာထွက်ထားပေမဲ့ ကျနော်က PC မှာဆိုတော့ သူ့ရဲ့ performance ကိုပြောဖို့ရာလိုလာပီ။
i5-6500 3.2GHz
GTX 1060 6GB
16GB RAM
ပီစီနဲ့ Full HD Max settings ကို 90FPS average ရပါတယ်။
တစ်ခါတစ်ရံမှသာ 50FPS လောက်အထိထိုးကျတာပါ၊
ဒါကလည်း ဖြစ်ခဲပါတယ်
ပုံမှန်ကတော့ 80~90 ကြားထဲမှာပါပဲ
VRAM အသုံးပြုမှုက 5.6GB အထိ အများဆုံးယူပါတယ်။
System Ram ကတော့ 7GB ပတ်လည်ပါ။
ဆိုတော့ ကျနော့်အမြင်ပြောရရင် အနည်းဆုံး ဂရပ်ဖစ်ကတ်ကို GTX 760 လောက်နဲ့ စီပီယူ quad core အသုံးပြုဖို့တော့လိုပါလိမ့်မယ်။
* Conclusion *
အနှစ်ချုပ်ပြောရရင် Devil May Cry fan တွေ စောင့်ရကျိုးနပ်စေတဲ့ ဂိမ်းပါ။
စဆော့မဲ့သူတွေအတွက်တော့ သာမန် action/hack n slash ဇာတ်လမ်း feel ထပ် ပိုမည်မဟုတ်ပါ။
SJH rating: Smokin' Sexy Style 10/10
Devil May Cry 5 ကို ဝယ်ယူရန် > >
PC
PS4
Xbox One
Writer - Seo Thu Aung
0 Comments