The Knightfall Protocol ႏွင့္ Rocksteady ရဲ႕ Arkham Trilogy



ၿပီးခဲ့တဲ့ရက္ေတြက အမွတ္မထင္ Batman: Arkham Knight ကုိျပန္ေဆာ့ျဖစ္တယ္၊ ဂိမ္းကထြက္ခဲ့တာ ၂၀၁၅ ဇြန္လ ကတည္းကဆိုေတာ့ ေလးႏွစ္ေက်ာ္သြားခဲ့ၿပီ၊ ဒါကိုခုမွထၿပီး ဘာစိတ္ကူးေပါက္ စာ ေကာက္ေရးရသလည္းေပါ့။
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version


** SPOILER WARNING **

(Arkham Trilogy ရဲ႕ spoiler ေတြ . . အထူးသျဖင့္ Batman: Arkham Knight ရဲ႕ စပြိဳင္လာ minor ေကာ major ေကာ အကုန္ပါေၾကာင္း ႀကိဳတင္အသိေပးလိုပါတယ္)

Writer, Seo Thu Aung 

လြန္ခဲ့တဲ့ သံုးႏွစ္ေလာက္က Batman: Arkham Kinght ကို စေဆာ့ေတာ့ main story ကိုပဲၿပီးေအာင္လုပ္ခဲ့တာ . .
က်န္တဲ့ side mission ေတြကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ဆက္မထိေတာ့ပဲ ရပ္ထားလိုက္တယ္

ဒီေတာ့ ဇာတ္လမ္းအျပည့္အစံုကို သိတန္သေလာက္မသိခဲ့ရဘူး။
ဇာတ္လမ္းအျပည့္အစံုမသိခဲ့ရဘူးဆိုတာထက္ ဇာတ္လမ္းေနာက္ထပ္ရွိေၾကာင္းကိုမသိခဲ့တာဆိုရင္ပိုမွန္လိမ့္မယ္။

ခုတစ္ေခါက္ေတာ့ ပ်င္းပ်င္းရိွတာနဲ႔ေကာ အခ်ိန္ေတြအားေနတာေကာအေၾကာင္းျပဳၿပီး Arkham Knight ကုိ အစကေနထိုင္ grind လုိက္တာ ကိုယ္မသိခဲ့ရတဲ့ ဂိမ္းရဲ႕ ဇာတ္လမ္းတစ္ခ်ိဳ႕ကိုပါထပ္ျမင္လိုက္ၿပီး ခုလိုထ ပြားရျခင္းပါ။

က်ေနာ္က ဂိမ္းတစ္ခုကို ကိုယ္မထိရေသးေပမဲ့ တစ္ခ်ိန္မွာ ေဆာ့ဖုိ႔စိတ္ကူးရိွရင္ အဲ့ဂိမ္းနဲ႔ပတ္သတ္တဲ့ reviews ေတြ၊ youtube က gameplay walkthorugh ေတြကို ၾကည့္ေလ့ၾကည့္ထ မရိွပါဘူး၊ ကုိယ္တစ္ကယ္ေဆာ့တဲ့အခ်ိန္မွာ ဒါေတြက ရသကုိ ေပါ့သြားေစလို႔ပါ။

ဂိမ္းခံစားမႈ ရသ ကို ေပါ့ေစ ပ်က္ေစတဲ့ အျခားအရာေတြကိုလည္းလံုး၀ေရွာင္ပါတယ္. . ဥပမာေျပာရရင္ puzzle ေတြကို ကိုယ္တိုင္မေျဖရွင္းပဲ tutorial ေတြၾကည့္လုပ္တာတို႔၊ easy mode နဲ႔ေဆာ့တာတုိ႔ စသျဖင့္။ ထားလုိက္ေတာ့ ဒါက က်ေနာ့္ရဲ႕ personal ဂိမ္းခံစားမႈအပိုင္း။

Batman: Arkham Knight က ဂ်ိဳကာ ေသဆံုးၿပီး တစ္ႏွစ္အၾကာ (Batman: Arkham City အျဖစ္အပ်က္အၿပီး) မွာ ဇာတ္လမ္းကိုစတင္ထားတယ္။

ဂ်ိဳကာမရိွေတာ့ဘူးဆိုေတာ့ ေဂါ့သမ္ၿမိဳ႕ႀကီးက အရင္ကနဲ႔ယွဥ္ရင္ ရာဇ၀တ္မႈေတြေလ်ာ့ပါးလာတယ္၊

ျပည္သူေတြလည္း အသက္ရႈနည္းနည္းေခ်ာင္သြားတယ္ေပ့ါ . .

နည္းနည္းဆိုတာက Two-Face တို႔ Penguin တုိ႔လို လူမိုက္ႀကီးေတြလည္းရိွေသးတာကိုး . . (သင္ဟာ ဒီစာအထိဖတ္ေနရင္ေတာ့ Arkham Knight ကုိ ေဆာ့ပီးထားတဲ့သူ ဒါမွမဟုတ္ စပိြဳင္လာ ဂရုမစိုက္တဲ့သူတစ္ဦးအျဖစ္ မွတ္ယူလုိက္ပါၿပီ)

ဒီလုိနဲ႔ သာယာၿငိမ္သက္စျပဳေနတဲ့ ေဂါ့သမ္ဟာ ေဟာလို၀မ္ ပြဲေတာ္ည တစ္ညမွာ ၾကမၼာငင္ဖို႔အေၾကာင္းကေပၚလာတယ္ . .

SCARECROW

သူက Batman: Arkham Knight မွာ အဓိက ဗီလိန္

Scarecrow က သူ႕ရဲ႕ စိတ္ကစင့္ကလ်ားျဖစ္ေစတဲ့ အဆိပ္ေငြ႔ (fear toxin) ကိုသံုးၿပီး ပညာျပၿခိမ္းေျခာက္လိုက္တာ ၿမိဳ႕ထဲက သန္းနဲ႔ခ်ီတဲ့ျပည္သူေတြ ညတြင္းခ်င္းပဲ ေဂါ့သမ္ကေနစြန္႔ခြာထြက္ေျပးဖို႔ျဖစ္လာတယ္။

fear toxin ကဘယ္လိုအလုပ္လုပ္လည္းဆုိေတာ့ သူနဲ႔ထိေတြ႔မိရင္ အသိစိတ္ေပ်ာက္ ေၾကာက္စိတ္ေတြႀကီးစိုးၿပီး ျမင္ျမင္သမွ်က ေသြးလန္႔ေခ်ာက္ခ်ားဖြယ္အတိျဖစ္ကုန္တာပါ။

အဲ့ဒီလူဟာ တစ္ဖက္လူကိုသတ္ဖို႔ဝန္မေလးေတာ့သလို ကိုယ့္ကိုယ္ကိုသတ္ေသဖို႔ကိုလည္းလက္တြန္႔ေနမွာမဟုတ္ပါဘူး။

ေဂါ့သမ္မွာ လူသူကင္းမဲ့ေနျပီး ထြက္မေျပးပဲက်န္ခဲ့တဲ့ ဒုစရိုက္သမားေတြ သူ႔အစုနဲ႔သူရယ္၊ ၿမိဳ႕ကိုထိမ္းသိမ္းဖို႔ ကြန္မရွင္နာ ေဂၚဒြန္ ေခါင္းေဆာင္တဲ့ GCPD အဖြဲ႔ရယ္၊ က်ေနာ္တို႔ရဲ႕ ဟီးရိုး ဘရုစ္၀ိန္း (Batman) ရယ္ပဲက်န္ခဲ့တယ္။

Robin, Nightwing, Oracle တို႔လည္းရိွေသးတယ္ . .

ဒီလိုနဲ႔ Scarecrow ကိုဖမ္းဖို႔ႀကိဳးစားစဥ္မွာ Batman ခမ်ာ fear toxin ထိသြားတယ္။

အဲ့ဒီမတိုင္ခင္ ဂ်ိဳကာရိွစဥ္တုန္းကလည္း ဂ်ိဳကာရဲ႕ blood transfusions ကိုလည္းခံထားရေတာ့ ဇာတ္လမ္းတစ္ေလ်ာက္ Batman ရဲ႕ မသိစိတ္ထဲ ဂ်ိဳကာရဲ႕ ႐ူးေၾကာင္ေၾကာင္ psycho စိတ္နဲ႔ ပံုမွန္စိတ္ဟာ အၿမဲ လြန္ဆြဲမႈေတြျဖစ္ conflict ေတြျဖစ္တာကိုလည္းေတြ႔ရမွာပါ။

Batman ကိုေနာက္ကြယ္ကေနနည္းပညာပိုင္းနဲ႔ ပံ့ပိုးကူညီေနတဲ့ ဘာဘရာ ေဂၚဒြန္ (သို႔) Oracle (သို႔) တစ္ခ်ိန္က Batgirl ကို Scarecorw က ျပန္ေပးဆြဲသြားတယ္။

ဘာဘရာ ေဂၚဒြန္ကို ကယ္တင္ဖို႔ Batman အေနနဲ႔အေၾကာင္းဖန္လာတယ္၊

ဘာဘရာရဲ႕ ဖခင္ ကြန္မရွင္နာ ဂ်ိမ္းစ္ေဂၚဒြန္ကုိ ဒီအေၾကာင္းဖြင့္ေျပာလိုက္ေတာ့ ဟုိက သူ႔သမီးကိုသူကိုယ္တုိင္ရွာမယ္ဆိုၿပီး ရွာလိုက္တာ သူပါ Scarecrow လက္ထဲေရာက္သြားျပန္ေကာ။

ဒီၾကားထဲ fear toxin ဗံုးတစ္လံုးကို Scarecrow ရဲ႕ ဘက္ေတာ္သား Arkham Knight က ဖြင့္ေဖာက္လုိက္တာ ေဂါ့သမ္တစ္ၿမိဳ႕လံုး အဆိပ္ေငြ႔ေတြဖုံးသြားပါေလေရာ . .

Batman လည္း Poison Ivy ကိုအကူအညီေတာင္း အဆိပ္ေငြ႔ေတြရွင္းထုတ္ရာမွာ သူမခမ်ာ ေဂါ့သမ္အတြက္ အသက္စေတးၿပီးကူညီေပးလိုက္တဲ့ျမင္ကြင္းက ရင္ထဲေတာ္ေတာ္ထိပါတယ္။

ဇာတ္လမ္းလုိရင္းကိုအတိုခ်ဳပ္ရရင္ ဘာဘရာကို ကယ္တင္ႏိုင္ခဲ့တယ္၊

fear toxin gas ေတြ ၿမိဳ႕ထဲျပန္႔ေနတာကိုလည္းရွင္းထုတ္ႏိုင္ခဲ့တယ္၊

ဒါေပမဲ့ ကြန္မရွင္နာ ေဂၚဒြန္နဲ႔ Robin (Tim Drake) ႏွစ္ေယာက္ကေတာ့ ဓါးစာခံအျဖစ္နဲ႔ Scarecrow လက္ထဲပါသြားျပန္တယ္။ သူတို႔ႏွစ္ေယာက္ကိုအသက္ရွင္လ်က္နဲ႔ကယ္တင္ခ်င္တယ္ဆုိရင္ Batman အေနနဲ႔ အဖမ္းခံဖို႔ အမိန္႔ေပးတယ္၊ Batman သေဘာတူလိုက္တယ္၊

Arkham Asylum အက်ဥ္းေထာင္မွာ Batman ရဲ႕ အေျခအေနကို တစ္ကမာၻလံုးကလူအမ်ားကို TV ရုပ္သံကေန broadcast လႊင့္ၿပီးျပထားတယ္။

ၿပီးေတာ့ Batman ရဲ႕ အဓိကလွ်ိဳ႕၀ွက္ခ်က္ျဖစ္တဲ့၊ Batman ဆုိတဲ့ မ်က္နွာဖံုးစြပ္ေအာက္က ဘယ္သူလည္းဆုိတဲ့ identity ကုိ လူအမ်ားကိုျပဖို႔ Scarecrow ကစီစဥ္တယ္။

ကြန္မရွင္နာ ေဂၚဒြန္ကို Batman ရဲ႕ မ်က္ႏွာဖံုး ျဖဳတ္ဖို႔ေျပာရာမွာ မလုပ္ဘူးျငင္းလို႔ Robin ကုိ ေသနတ္နဲ႔တစ္ခ်က္ပစ္လိုက္ၿပီး မလုပ္ရင္ ဒီတစ္ခါအေသသတ္မယ္ဆိုၿပီး ဖိအားေပးတယ္၊ မျငင္းဆန္သာတဲ့အဆံုးမွာ Batman ရဲ႕ မ်က္ႏွာဖံုးကို ဖယ္လိုက္တယ္၊

တစ္ကမာၻလံုးက Batman ဆိုတာ ဘီလ်ံနာဘရုစ္၀ိန္း ျဖစ္ေၾကာင္း သိသြားတယ္၊
အံ့ၾသသင့္ကုန္ၾကတယ္။

သူတို႔အားထားရတဲ့ သူရဲေကာင္းကို ေၾကာက္စိတ္ဆိုတာဒီလုိပါဆုိတာသိေအာင္ Scarecrow က fear toxin ေတြ Batman ရဲ႕ ခႏၶာကိုယ္ထဲအႀကိမ္ႀကိမ္ထိုးသြင္းတယ္၊

ဒါေပမဲ့ အဆံုးသတ္မွာ fear toxin ေကာ ဂ်ိဳကာရဲ႕ မသိစိတ္လႊမ္းမိုးမႈေတြအေပၚေကာ ျဖတ္ေက်ာ္သြားႏုိင္ခဲ့သလို Arkham Knight တျဖစ္လဲ Jason Todd ရဲ႕ ကယ္တင္မႈနဲ႔အတူ Batman လြတ္ေျမာက္သြားၿပီး သူ႔အဆိပ္နဲ႕သူ စိတ္ကစင့္ကလ်ားျဖစ္သြားတဲ့ Scarecrow ကို GCPD မွာ ထိမ္းသိမ္းထားလိုက္ေတာ့တယ္ . . .

ဒါက Batman: Arkham Knight ရဲ႕ main story ပါ။

သင္က main story ၿပီးေတာ့ ဂိမ္းရဲ႕ က်န္တဲ့ side mission ေတြကို အဆံုးထိဆက္မေဆာ့ခဲ့ဘူးဆိုရင္ ခုဆက္ေျပာမဲ့ The Knightfall Protocol ဆုိတာကိုသိမွာမဟုတ္ပါဘူး။ youtube မွာ ၾကည့္ပီးပီဆုိရင္ေတာ့တစ္မ်ိဳးေပါ့ . .

Batman ရဲ႕ identity ကုိ လူေတြက သိၿပီးသြားၿပီ၊

ဘရုစ္၀ိန္းက Batman ဆိုတာ လူေတြရဲ႕ အသိထဲကိုေရာက္သြားခဲ့ၿပီ၊

ဒီေတာ့ Batman အေနနဲ႔ ဘာဆက္လုပ္မလည္း။

ဒီအတိုင္းေလးပဲ ျပည္သူေတြအၾကားဆက္ေနသြားမလား။
အေျပာလြယ္ေပမဲ့ အေၾကာင္းအရာေတြက ထင္သေလာက္မရိုးရွင္းဘူးေလ . .

ဘရုစ္၀ိန္းဆုိတာ ဘတ္မန္းပါဆိုတာသိသြားေတာ့ ရာဇ၀တ္ေကာင္ေတြအတြက္ အညွာကိုင္ဖို႔ကလြယ္သြားၿပီေလ၊

ဘတ္မန္းကို မ်က္မုန္းက်ိဳးေနတဲ့သူေတြက ဘတ္မန္းတစ္ျဖစ္လဲ ဘရုစ္၀ိန္းနဲ႔နီးစပ္တဲ့သူေတြကုိ ပစ္မွတ္ထားၿပီး ဒုကၡေပးဖို႔လမ္းဖြင့္ေပးလိုက္သလုိျဖစ္သြားၿပီ။ ဘရုစ္၀ိန္းနဲ႔ ရင္းႏွီးတဲ့သူ အေနနီးတဲ့သူမွန္သမွ် က်ီးလန္႔စာစားေနရမဲ့အျဖစ္ကိုဖန္တီးေပးလိုက္သလိုျဖစ္သြားၿပီ။ ဒီေတာ့ သူ႔အေနနဲ႔ The Knightfall Protocol ကို လုပ္ေဆာင္ဖို႔ရာျဖစ္လာပါတယ္။

The Kinghtfall Protocol ဆုိတာက Batman နဲ႔ Bruce Wayne ဆုိတဲ့ နာမည္ကို အဆံုးသတ္ျခင္းပါပဲ။

မီဒီယာ သတင္းေထာက္ေတြ၊ ျပည္သူေတြက ဘရုစ္၀ိန္း ရဲ႕ စံအိမ္ ၿခံ၀င္းေရွ႕မွာ အုတ္အုတ္က်တ္က်တ္နဲ႔ ေစာင့္ေနၾကတယ္။ Bat Suit ၀တ္ဆင္ထားၿပီး မ်က္ႏွာဖံုးတပ္မထားေတာ့တဲ့ ဘရုစ္၀ိန္း ဟာ သူ႔စံအိမ္အ၀င္၀မွာ အဲဖရက္ (Alfred) နဲ႔ေတြ႔တယ္၊

အဲဖရက္က ေမးတယ္ . .

ခုလုိလုပ္မွာ ေသခ်ာၿပီလား ဆိုၿပီး . .

က်ေနာ္တို႔ရဲ႕ ဘရုစ္၀ိန္းက ျပန္ေျဖတယ္ ..

"ငါခ်စ္တဲ့သူေတြကိုကာကြယ္ဖို႔အတြက္ လုပ္ရမယ္"

ဘရုစ္နဲ႔ အဲဖရက္တို႔ စံအိမ္ထဲ၀င္သြားတယ္။

စံအိမ္ထဲေရာက္အၿပီး ခနအတြင္းမွာပဲ ျပင္းထန္တဲ့ေပါက္ကြဲသံေတြနဲ႔အတူ ဘီလ်ံနာတစ္ေယာက္ရဲ႕ ခန္းနားထည္ဝါတဲ့ စံအိမ္ၾကီးဟာ မီးေတာက္ေတြရဲ႕ဝါးၿမိဳမႈေအာက္ကိုေရာက္သြားပါေတာ့တယ္။ ဘတ္မန္း မရိွေတာ့ေပမဲ့ ဂ်ိဳကာ၊ Scarecrow, Penguin, Two-Face စတဲ့ ဗီလိန္ေတြဟာလည္း ေသတဲ့သူေသ အက်ဥ္းေထာင္ထဲေရာက္တဲ့သူကေရာက္ဆိုေတာ့ ေဂါ့သမ္ဟာ သာယာသေလာက္ရိွေနၿပီ၊

ဘာဘရာနဲ႔ ေရာ္ဘင္ (Tim Drake) တို႔ႏွစ္ေယာက္သားလည္း လက္ဆက္ေပါင္းစည္းလုိက္ၾကၿပီ။

သာမန္ လူဆိုး သူ၀ွက္ေတြကလြဲရင္ ေဂါ့သမ္ဟာ တည္ၿငိမ္ေနပါၿပီ။ ဒါက The Knightfall Protocol ကို unlock ျဖစ္မွျမင္ရမဲ့ cutscene ျဖစ္ပါတယ္။ သူ႔ကို unlock ျဖစ္ဖို႔ ဂိမ္းရဲ႕ main story အျပင္ side mission ေတြကိုလည္း 100% ျပဳလုပ္ဖို႔လိုပါေသးတယ္။

side mission ေတြကဘာေတြလည္းဆိုေတာ့ ေပ်ာက္ဆံုးေနတဲ့ မီးသတ္သမားေတြကို ေဂါ့သမ္အႏွံ႔ လိုက္ရွာရတာတို႔၊ အသတ္ခံရတဲ့ dead body ေတြကိုလိုက္ရွာပီး စစ္ေဆးရတာတို႔၊ ေျမျမဳပ္မိုင္းေတြေထာင္ထားတာကို လိုက္ရွင္းရတာတို႔ စတာေတြပါ။

မီးသတ္သမားေတြကိုလိုက္ကယ္ရတာဆိုရင္ စုစုေပါင္း ဆယ့္ေျခာက္ေယာက္ရိွပါတယ္၊ သူတို႔ဘယ္ေနရာမွာဆုိတာမ်ားေသာအားျဖင့္ map ထဲ ျပမထားပါဘူး ကိုယ္တုိင္ လိုက္ရွာရတာပါ။

dead body ေတြလိုက္ရွာရတဲ့ mission ဆုိရင္လည္း ေတာ္ေတာ္လက္ေပါက္ကပ္ပါတယ္၊
 ရွာရတာကေတာ့ ေျခာက္ေယာက္ထဲပါ၊

ဒါေပမဲ့ night vision နဲ႔ၾကည့္ရင္ေတာင္ အေ၀းကဆုိရင္ မျမင္ရပဲ အနီးကပ္မွ သိရေတာ့ ျမင္ေတြ႕ရဖို႔ခက္ပါတယ္။ ေအာ္ပရာ သီခ်င္းသံနဲ႔ detect သိႏုိင္တယ္ဆိုေပမဲ့ အာရံုစူးစိုက္ႏိုင္ဖို႔က ထင္သေလာက္မလြယ္ပါဘူး။ Two-Face, Penguin, Deadstroke, Firefly စတဲ့ boss ေတြကိုလည္း ဖမ္းပီး GCPD ကိုပို႔ေပးရပါေသးတယ္။

ဒါေတြအကုန္လုပ္ပီးပီဆိုမွ The Knightfall Protocol က unlock ျဖစ္တာပါ။ က်ေနာ့္အေနနဲ႔ grind ရက်ိဳး နပ္တယ္ေျပာရမယ္။ (PC မွာဆုိရင္ ကီးဘုတ္မွ V ကုိ ႏွိပ္ပီး လုပ္ရမည့္ mission ေတြကိုၾကည့္ႏိုင္သလို PS4 မွာဆုိရင္ Dualshock 4 controller မွ right arrow key ကေနတစ္ဆင့္ၾကည့္ႏိုင္ပါတယ္)

The Knightfall Protocol ကိုျမင္ရၿပီးေတာ့ ေမးစရာေတြကရိွလာပါတယ္။

ဘရုစ္၀ိန္းနဲ႔ အဲဖရက္က ေသဆံုးသြားၿပီလား ?

Batman ရဲ႕ identity ကုိ လူေတြကသိသြားၿပီေလ၊

တကယ္လို႔ ဘရုစ္၀ိန္းက မေသဘူးဆုိရင္ေတာင္ ဂိမ္းအေနနဲ႔ ဇာတ္လမ္းအဆက္ထြက္ဖို႔ေကာ ရိွေသးလား ?

ပထမေမးခြန္းကို က်ေနာ့္အျမင္ကေနေျဖရရင္ ဘရုစ္၀ိန္း ေသဆံုးမသြားပါ။ ဘာလုိ႔လည္းဆုိေတာ့ "Batman Doesn't Kill" မုိ႔ပါ။ Batman က လူမသတ္ပါဘူး။

Wayne စံအိမ္ ေပါက္ကြဲပ်က္စီးသြားေတာ့ ဘရုစ္နဲ႔အတူ အဲဖရက္ပါ အတြင္းမွာရိွပါတယ္။

ေနာက္တစ္ခ်က္က Wayne စံအိမ္ရဲ႕ ေအာက္မွာ Batcave ရိွပါတယ္။

Batcave ကုိ ဘရုစ္၊ အဲဖရက္၊ စလီနာ (Catwoman) နဲ႔ ဘာဘရာကလြဲရင္ က်န္တဲ့သူေတာ္ေတာ္မ်ားမ်ားက ဘယ္ေနရာမွာရိွမွန္းအတိအက်မသိပါဘူး။ Batman နဲ႔ Bruce Wayne ရဲ႕ ျဖစ္တည္မႈကို မရိွေတာ့သေယာင္ျဖစ္ေအာင္ စံအိမ္ကို ေဖာက္ခြဲလိုက္ၿပီး Batcave ကိုသြားဖို႔အေသအခ်ာပါပဲ။

The Dark Knight Rises ရုပ္ရွင္ရဲ႕ အဆံုးသတ္လုိေပါ့။ လူေတြကို fake dead လုပ္ေပးလုိက္တယ္။

ဒါဆို Batman: Arkham Knight ရဲ႕ အဆက္ မထြက္ေတာ့ဘူးဆုိတဲ့သေဘာလား ?

ဟုတ္ပါတယ္။

ဒပေလာ့ပါ Rocksteady ကလည္းေျပာထားၿပီးသားပါ၊

Arkham Knight က trilogy ရဲ႕ အဆံုးသတ္ျဖစ္တယ္ဆိုၿပီးေတာ့။ Batman ဂိမ္းေတြ ဆက္မထြက္ေတာ့ဘူးလုိ႔ဆိုလုိတာလည္းမဟုတ္ပါဘူး၊ ထြက္ခ်င္ထြက္မယ္၊ မထြက္ခ်င္မထြက္ဘူး၊

ဒါေပမဲ့ ေသခ်ာတာတစ္ခုက Arkham Kinght ရဲ႕ အဆက္ရိွမလာႏိုင္ေတာ့ဘူး။ အဆက္ဆုိရင္ေတာင္မွ Bruce Wayne ရဲ႕ Batman ေနရာကေန မဟုတ္ႏိုင္ေတာ့ပါဘူး။ Reboot or Prequel ထုတ္မွပဲရပါေတာ့မယ္။

စာကိုအဆံုးသတ္ရရင္ Batman: Arkham Knight မေဆာ့ရေသးတဲ့သူေတြေဆာ့ၾကည့္ပါ၊

ဂိမ္းပေလးေကာ ဇာတ္လမ္းေကာ ဆြဲေဆာင္မႈရိွတဲ့ဂိမ္းတစ္ခုပါ၊

ဂရပ္ဖစ္လည္း Unreal Engine 3 နဲ႔ဆုိေတာ့ ေတာ္ေတာ္ႀကီးကိုၾကည့္ေကာင္းပါတယ္။

PC အတြက္ဆိုရင္ GTX 750 နဲ႔ Core i3, Ram 8GB ဆိုရင္ medium settings နဲ႔ အဆင္ေျပေျပကိုင္လုိ႔ရပါၿပီ။ Nvidia GameWorks title ျဖစ္တာမို႔ Nvidia ဂ်ီပီယူအသံုးျပဳမယ္ဆိုရင္ interactive smoke, interactive paper effect ေတြကိုသံုးလို႔ရသြားမယ္၊ မီးခိုးေငြ႕ေတြ စကၠဴစေတြ ျပန္႔က်ဲေနတဲ့အမိႈက္စေတြဟာ ဇာတ္ေကာင္ေတြရဲ႕လႈပ္ရွားမႈေတြ ပတ္ဝန္းက်င္အေျခအေနေတြအေပၚမူတည္ၿပီး လိုက္ေလ်ာညီေထြ ေရြ႕လ်ားေနမယ္။

GTX 1050 Ti or GTX 1650 လိုကတ္မ်ိဳးနဲ႕ဆိုရင္ max settings နဲ႔အတူ ယခု effect ေတြပါဖြင့္ထားလို႔ရမယ္။ (AMD ကတ္ေပၚမွာ interactive smoke/paper effect အလုပ္မလုပ္ပါ)

ဂိမ္းပေလးပိုင္းမွာ Gadget ေတြအမ်ားႀကီးပါသလို exp point ေတြသံုးၿပီး upgrade လုပ္လို႔လည္းရေတာ့ ေဆာ့ရတာ ၿမိဳင္ပါတယ္။ Batmobile နဲ႔ ေဂါ့သမ္ၿမိဳ႕အႏံွ႔ သြားရတာလည္း ေတာ္ေတာ္အားရဖို႔ေကာင္းပါတယ္။

ဇာတ္လမ္းအေနနဲ႔ ေရွ႕က Arkham ဂိမ္းေတြေဆာ့မထားလည္းသိပ္ျပသနာမရိွပါဘူး။ ဂ်ိဳကာ ေသဆံုးအၿပီး တစ္ႏွစ္အၾကာဆုိတာေလး သိထားရင္ အုိေကပါၿပီ။ ေဆာ့ထားရင္ေတာ့ အေကာင္းဆံုးေပါ့ဗ်ာ . .

Batman: Arkham Asylum / 2009
Batman: Arkham City / 2011
Batman: Arkham Origins / 2013
Batman: Arkham Knight / 2015

ဆုိပီး ေလးခုထြက္ထားတယ္။

ဇာတ္လမ္းအေနနဲ႔ဆုိရင္

Origins > Asylum > City > Knight အစဥ္လုိက္သြားတယ္။

Arkham Origins က Warner Bros. ကိုယ္တုိင္ေရးၿပီး ကိုယ္တိုင္ publish လုပ္တာ၊
က်န္တဲ့ သံုးခုကေတာ့ Rocksteady ကေရးၿပီး Warner Bros. က publish လုပ္ေပးတယ္။

အကုန္လံုးက PC, PS4, Xbox One အတြက္ထြက္ထားေပးတယ္။ PS3 နဲ႔ Xbox 360 ကေတာ့ Arkham Knight ကလြဲရင္ က်န္တဲ့သံုးခုရိွပါတယ္။

comic book ဇာတ္ေကာင္အေျချပဳဂိမ္းေတြထဲမွာေတာ့ Batman Arkham စီးရီးက အေတာ္ႀကီးကို ေပါက္ခဲ့ပါတယ္။ Arkham Knight တစ္ခုထဲတင္ 5 million units ေရာင္းရၿပီးျဖစ္ပါတယ္။

ေရးတာလည္းရွည္သြားလုိ႔ေတာ္ေသးၿပီ။

Writer, Seo Thu Aung


Unicode





The Knightfall Protocol နှင့် Rocksteady ရဲ့ Arkham Trilogy


ပြီးခဲ့တဲ့ရက်တွေက အမှတ်မထင် Batman: Arkham Knight ကိုပြန်ဆော့ဖြစ်တယ်၊
ဂိမ်းကထွက်ခဲ့တာ ၂၀၁၅ ဇွန်လ ကတည်းကဆိုတော့ လေးနှစ်ကျော်သွားခဲ့ပြီ၊
ဒါကိုခုမှထပြီး ဘာစိတ်ကူးပေါက် စာ ကောက်ရေးရသလည်းပေါ့။

** SPOILER WARNING **
(Arkham Trilogy ရဲ့ spoiler တွေ . . အထူးသဖြင့် Batman: Arkham Knight ရဲ့ စပွိုင်လာ minor ကော major ကော အကုန်ပါကြောင်း ကြိုတင်အသိပေးလိုပါတယ်)

Writer, Seo Thu Aung

လွန်ခဲ့တဲ့ သုံးနှစ်လောက်က Batman: Arkham Kinght ကို စဆော့တော့ main story ကိုပဲပြီးအောင်လုပ်ခဲ့တာ . .

ကျန်တဲ့ side mission တွေကို အကြောင်းအမျိုးမျိုးကြောင့်ဆက်မထိတော့ပဲ ရပ်ထားလိုက်တယ်

ဒီတော့ ဇာတ်လမ်းအပြည့်အစုံကို သိတန်သလောက်မသိခဲ့ရဘူး။
ဇာတ်လမ်းအပြည့်အစုံမသိခဲ့ရဘူးဆိုတာထက် ဇာတ်လမ်းနောက်ထပ်ရှိကြောင်းကိုမသိခဲ့တာဆိုရင်ပိုမှန်လိမ့်မယ်။

ခုတစ်ခေါက်တော့ ပျင်းပျင်းရှိတာနဲ့ကော အချိန်တွေအားနေတာကောအကြောင်းပြုပြီး Arkham Knight ကို အစကနေထိုင် grind လိုက်တာ ကိုယ်မသိခဲ့ရတဲ့ ဂိမ်းရဲ့ ဇာတ်လမ်းတစ်ချို့ကိုပါထပ်မြင်လိုက်ပြီး ခုလို ထ ပွားရခြင်းပါ။

ကျနော်က ဂိမ်းတစ်ခုကို ကိုယ်မထိရသေးပေမဲ့ တစ်ချိန်မှာ ဆော့ဖို့စိတ်ကူးရှိရင် အဲ့ဂိမ်းနဲ့ပတ်သတ်တဲ့ reviews တွေ၊ youtube က gameplay walkthorugh တွေကို ကြည့်လေ့ကြည့်ထ မရှိပါဘူး၊

ကိုယ်တစ်ကယ်ဆော့တဲ့အချိန်မှာ ဒါတွေက ရသကို ပေါ့သွားစေလို့ပါ။
ဂိမ်းခံစားမှု ရသ ကို ပေါ့စေ ပျက်စေတဲ့ အခြားအရာတွေကိုလည်းလုံးဝရှောင်ပါတယ်. .

ဥပမာပြောရရင် puzzle တွေကို ကိုယ်တိုင်မဖြေရှင်းပဲ tutorial တွေကြည့်လုပ်တာတို့၊ easy mode နဲ့ဆော့တာတို့ စသဖြင့်။ ထားလိုက်တော့ ဒါက ကျနော့်ရဲ့ personal ဂိမ်းခံစားမှုအပိုင်း။

Batman: Arkham Knight က ဂျိုကာ သေဆုံးပြီး တစ်နှစ်အကြာ (Batman: Arkham City အဖြစ်အပျက်အပြီး) မှာ ဇာတ်လမ်းကိုစတင်ထားတယ်။ ဂျိုကာမရှိတော့ဘူးဆိုတော့ ဂေါ့သမ်မြို့ကြီးက အရင်ကနဲ့ယှဉ်ရင် ရာဇဝတ်မှုတွေလျော့ပါးလာတယ်၊
ပြည်သူတွေလည်း အသက်ရှုနည်းနည်းချောင်သွားတယ်ပေ့ါ . .

နည်းနည်းဆိုတာက Two-Face တို့ Penguin တို့လို လူမိုက်ကြီးတွေလည်းရှိသေးတာကိုး . .
(သင်ဟာ ဒီစာအထိဖတ်နေရင်တော့ Arkham Knight ကို ဆော့ပီးထားတဲ့သူ ဒါမှမဟုတ် စပွိုင်လာ ဂရုမစိုက်တဲ့သူတစ်ဦးအဖြစ် မှတ်ယူလိုက်ပါပြီ)

ဒီလိုနဲ့ သာယာငြိမ်သက်စပြုနေတဲ့ ဂေါ့သမ်ဟာ ဟောလိုဝမ် ပွဲတော်ည တစ်ညမှာ ကြမ္မာငင်ဖို့အကြောင်းကပေါ်လာတယ် . .

SCARECROW

သူက Batman: Arkham Knight မှာ အဓိက ဗီလိန်

Scarecrow က သူ့ရဲ့ စိတ်ကစင့်ကလျားဖြစ်စေတဲ့ အဆိပ်ငွေ့ (fear toxin) ကိုသုံးပြီး ပညာပြခြိမ်းခြောက်လိုက်တာ မြို့ထဲက သန်းနဲ့ချီတဲ့ပြည်သူတွေ ညတွင်းချင်းပဲ ဂေါ့သမ်ကနေစွန့်ခွာထွက်ပြေးဖို့ဖြစ်လာတယ်။

fear toxin ကဘယ်လိုအလုပ်လုပ်လည်းဆိုတော့ သူနဲ့ထိတွေ့မိရင် အသိစိတ်ပျောက် ကြောက်စိတ်တွေကြီးစိုးပြီး မြင်မြင်သမျှက သွေးလန့်ချောက်ချားဖွယ်အတိဖြစ်ကုန်တာပါ။

အဲ့ဒီလူဟာ တစ်ဖက်လူကိုသတ်ဖို့ဝန်မလေးတော့သလို ကိုယ့်ကိုယ်ကိုသတ်သေဖို့ကိုလည်းလက်တွန့်နေမှာမဟုတ်ပါဘူး။

ဂေါ့သမ်မှာ လူသူကင်းမဲ့နေပြီး ထွက်မပြေးပဲကျန်ခဲ့တဲ့ ဒုစရိုက်သမားတွေ သူ့အစုနဲ့သူရယ်၊ မြို့ကိုထိမ်းသိမ်းဖို့ ကွန်မရှင်နာ ဂေါ်ဒွန် ခေါင်းဆောင်တဲ့ GCPD အဖွဲ့ရယ်၊ ကျနော်တို့ရဲ့ ဟီးရိုး ဘရုစ်ဝိန်း (Batman) ရယ်ပဲကျန်ခဲ့တယ်။

Robin, Nightwing, Oracle တို့လည်းရှိသေးတယ် . . ဒီလိုနဲ့ Scarecrow ကိုဖမ်းဖို့ကြိုးစားစဉ်မှာ Batman ခမျာ fear toxin ထိသွားတယ်။

အဲ့ဒီမတိုင်ခင် ဂျိုကာရှိစဉ်တုန်းကလည်း ဂျိုကာရဲ့ blood transfusions ကိုလည်းခံထားရတော့ ဇာတ်လမ်းတစ်လျောက် Batman ရဲ့ မသိစိတ်ထဲ ဂျိုကာရဲ့ ရူးကြောင်ကြောင် psycho စိတ်နဲ့ ပုံမှန်စိတ်ဟာ အမြဲ လွန်ဆွဲမှုတွေဖြစ် conflict တွေဖြစ်တာကိုလည်းတွေ့ရမှာပါ။

Batman ကိုနောက်ကွယ်ကနေနည်းပညာပိုင်းနဲ့ ပံ့ပိုးကူညီနေတဲ့ ဘာဘရာ ဂေါ်ဒွန် (သို့) Oracle (သို့) တစ်ချိန်က Batgirl ကို Scarecorw က ပြန်ပေးဆွဲသွားတယ်။

ဘာဘရာ ဂေါ်ဒွန်ကို ကယ်တင်ဖို့ Batman အနေနဲ့အကြောင်းဖန်လာတယ်၊

ဘာဘရာရဲ့ ဖခင် ကွန်မရှင်နာ ဂျိမ်းစ်ဂေါ်ဒွန်ကို ဒီအကြောင်းဖွင့်ပြောလိုက်တော့ ဟိုက သူ့သမီးကိုသူကိုယ်တိုင်ရှာမယ်ဆိုပြီး ရှာလိုက်တာ သူပါ Scarecrow လက်ထဲရောက်သွားပြန်ကော။

ဒီကြားထဲ fear toxin ဗုံးတစ်လုံးကို Scarecrow ရဲ့ ဘက်တော်သား Arkham Knight က ဖွင့်ဖောက်လိုက်တာ ဂေါ့သမ်တစ်မြို့လုံး အဆိပ်ငွေ့တွေဖုံးသွားပါလေရော . .

Batman လည်း Poison Ivy ကိုအကူအညီတောင်း အဆိပ်ငွေ့တွေရှင်းထုတ်ရာမှာ သူမခမျာ ဂေါ့သမ်အတွက် အသက်စတေးပြီးကူညီပေးလိုက်တဲ့မြင်ကွင်းက ရင်ထဲတော်တော်ထိပါတယ်။

ဇာတ်လမ်းလိုရင်းကိုအတိုချုပ်ရရင် ဘာဘရာကို ကယ်တင်နိုင်ခဲ့တယ်၊
fear toxin gas တွေ မြို့ထဲပြန့်နေတာကိုလည်းရှင်းထုတ်နိုင်ခဲ့တယ်၊

ဒါပေမဲ့ ကွန်မရှင်နာ ဂေါ်ဒွန်နဲ့ Robin (Tim Drake) နှစ်ယောက်ကတော့ ဓါးစာခံအဖြစ်နဲ့ Scarecrow လက်ထဲပါသွားပြန်တယ်။ သူတို့နှစ်ယောက်ကိုအသက်ရှင်လျက်နဲ့ကယ်တင်ချင်တယ်ဆိုရင် Batman အနေနဲ့ အဖမ်းခံဖို့ အမိန့်ပေးတယ်၊

Batman သဘောတူလိုက်တယ်၊

Arkham Asylum အကျဉ်းထောင်မှာ Batman ရဲ့ အခြေအနေကို တစ်ကမ္ဘာလုံးကလူအများကို TV ရုပ်သံကနေ broadcast လွှင့်ပြီးပြထားတယ်။ ပြီးတော့ Batman ရဲ့ အဓိကလျှို့ဝှက်ချက်ဖြစ်တဲ့၊ Batman ဆိုတဲ့ မျက်နှာဖုံးစွပ်အောက်က ဘယ်သူလည်းဆိုတဲ့ identity ကို လူအများကိုပြဖို့ Scarecrow ကစီစဉ်တယ်။

ကွန်မရှင်နာ ဂေါ်ဒွန်ကို Batman ရဲ့ မျက်နှာဖုံး ဖြုတ်ဖို့ပြောရာမှာ မလုပ်ဘူးငြင်းလို့ Robin ကို သေနတ်နဲ့တစ်ချက်ပစ်လိုက်ပြီး မလုပ်ရင် ဒီတစ်ခါအသေသတ်မယ်ဆိုပြီး ဖိအားပေးတယ်၊

မငြင်းဆန်သာတဲ့အဆုံးမှာ Batman ရဲ့ မျက်နှာဖုံးကို ဖယ်လိုက်တယ်၊
တစ်ကမ္ဘာလုံးက Batman ဆိုတာ ဘီလျံနာဘရုစ်ဝိန်း ဖြစ်ကြောင်း သိသွားတယ်၊

အံ့သြသင့်ကုန်ကြတယ်။

သူတို့အားထားရတဲ့ သူရဲကောင်းကို ကြောက်စိတ်ဆိုတာဒီလိုပါဆိုတာသိအောင် Scarecrow က fear toxin တွေ Batman ရဲ့ ခန္ဓာကိုယ်ထဲအကြိမ်ကြိမ်ထိုးသွင်းတယ်၊

ဒါပေမဲ့ အဆုံးသတ်မှာ fear toxin ကော ဂျိုကာရဲ့ မသိစိတ်လွှမ်းမိုးမှုတွေအပေါ်ကော ဖြတ်ကျော်သွားနိုင်ခဲ့သလို Arkham Knight တဖြစ်လဲ Jason Todd ရဲ့ ကယ်တင်မှုနဲ့အတူ Batman လွတ်မြောက်သွားပြီး သူ့အဆိပ်နဲ့သူ စိတ်ကစင့်ကလျားဖြစ်သွားတဲ့ Scarecrow ကို GCPD မှာ ထိမ်းသိမ်းထားလိုက်တော့တယ် . . .

ဒါက Batman: Arkham Knight ရဲ့ main story ပါ။

သင်က main story ပြီးတော့ ဂိမ်းရဲ့ ကျန်တဲ့ side mission တွေကို အဆုံးထိဆက်မဆော့ခဲ့ဘူးဆိုရင် ခုဆက်ပြောမဲ့ The Knightfall Protocol ဆိုတာကိုသိမှာမဟုတ်ပါဘူး။
youtube မှာ ကြည့်ပီးပီဆိုရင်တော့တစ်မျိုးပေါ့ . .

Batman ရဲ့ identity ကို လူတွေက သိပြီးသွားပြီ၊
ဘရုစ်ဝိန်းက Batman ဆိုတာ လူတွေရဲ့ အသိထဲကိုရောက်သွားခဲ့ပြီ၊

ဒီတော့ Batman အနေနဲ့ ဘာဆက်လုပ်မလည်း။
ဒီအတိုင်းလေးပဲ ပြည်သူတွေအကြားဆက်နေသွားမလား။
အပြောလွယ်ပေမဲ့ အကြောင်းအရာတွေက ထင်သလောက်မရိုးရှင်းဘူးလေ . .

ဘရုစ်ဝိန်းဆိုတာ ဘတ်မန်းပါဆိုတာသိသွားတော့ ရာဇဝတ်ကောင်တွေအတွက် အညှာကိုင်ဖို့ကလွယ်သွားပြီလေ၊ ဘတ်မန်းကို မျက်မုန်းကျိုးနေတဲ့သူတွေက ဘတ်မန်းတစ်ဖြစ်လဲ ဘရုစ်ဝိန်းနဲ့နီးစပ်တဲ့သူတွေကို ပစ်မှတ်ထားပြီး ဒုက္ခပေးဖို့လမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားပြီ။

ဘရုစ်ဝိန်းနဲ့ ရင်းနှီးတဲ့သူ အနေနီးတဲ့သူမှန်သမျှ ကျီးလန့်စာစားနေရမဲ့အဖြစ်ကိုဖန်တီးပေးလိုက်သလိုဖြစ်သွားပြီ။

ဒီတော့ သူ့အနေနဲ့ The Knightfall Protocol ကို လုပ်ဆောင်ဖို့ရာဖြစ်လာပါတယ်။ The Kinghtfall Protocol ဆိုတာက Batman နဲ့ Bruce Wayne ဆိုတဲ့ နာမည်ကို အဆုံးသတ်ခြင်းပါပဲ။

မီဒီယာ သတင်းထောက်တွေ၊ ပြည်သူတွေက ဘရုစ်ဝိန်း ရဲ့ စံအိမ် ခြံဝင်းရှေ့မှာ အုတ်အုတ်ကျတ်ကျတ်နဲ့ စောင့်နေကြတယ်။

Bat Suit ဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်မထားတော့တဲ့ ဘရုစ်ဝိန်း ဟာ သူ့စံအိမ်အဝင်ဝမှာ အဲဖရက် (Alfred) နဲ့တွေ့တယ်၊ အဲဖရက်က မေးတယ် . .

ခုလိုလုပ်မှာ သေချာပြီလား ဆိုပြီး . .

ကျနော်တို့ရဲ့ ဘရုစ်ဝိန်းက ပြန်ဖြေတယ် ..

"ငါချစ်တဲ့သူတွေကိုကာကွယ်ဖို့အတွက် လုပ်ရမယ်"

ဘရုစ်နဲ့ အဲဖရက်တို့ စံအိမ်ထဲဝင်သွားတယ်။

စံအိမ်ထဲရောက်အပြီး ခနအတွင်းမှာပဲ ပြင်းထန်တဲ့ပေါက်ကွဲသံတွေနဲ့အတူ ဘီလျံနာတစ်ယောက်ရဲ့ ခန်းနားထည်ဝါတဲ့ စံအိမ်ကြီးဟာ မီးတောက်တွေရဲ့ဝါးမြိုမှုအောက်ကိုရောက်သွားပါတော့တယ်။

ဘတ်မန်း မရှိတော့ပေမဲ့ ဂျိုကာ၊ Scarecrow, Penguin, Two-Face စတဲ့ ဗီလိန်တွေဟာလည်း သေတဲ့သူသေ အကျဉ်းထောင်ထဲရောက်တဲ့သူကရောက်ဆိုတော့ ဂေါ့သမ်ဟာ သာယာသလောက်ရှိနေပြီ၊

ဘာဘရာနဲ့ ရော်ဘင် (Tim Drake) တို့နှစ်ယောက်သားလည်း လက်ဆက်ပေါင်းစည်းလိုက်ကြပြီ။

သာမန် လူဆိုး သူဝှက်တွေကလွဲရင် ဂေါ့သမ်ဟာ တည်ငြိမ်နေပါပြီ။ ဒါက The Knightfall Protocol ကို unlock ဖြစ်မှမြင်ရမဲ့ cutscene ဖြစ်ပါတယ်။

သူ့ကို unlock ဖြစ်ဖို့ ဂိမ်းရဲ့ main story အပြင် side mission တွေကိုလည်း 100% ပြုလုပ်ဖို့လိုပါသေးတယ်။

side mission တွေကဘာတွေလည်းဆိုတော့ ပျောက်ဆုံးနေတဲ့ မီးသတ်သမားတွေကို ဂေါ့သမ်အနှံ့ လိုက်ရှာရတာတို့၊ အသတ်ခံရတဲ့ dead body တွေကိုလိုက်ရှာပီး စစ်ဆေးရတာတို့၊ မြေမြုပ်မိုင်းတွေထောင်ထားတာကို လိုက်ရှင်းရတာတို့ စတာတွေပါ။

မီးသတ်သမားတွေကိုလိုက်ကယ်ရတာဆိုရင် စုစုပေါင်း ဆယ့်ခြောက်ယောက်ရှိပါတယ်၊
သူတို့ဘယ်နေရာမှာဆိုတာများသောအားဖြင့် map ထဲ ပြမထားပါဘူး၊

ကိုယ်တိုင် လိုက်ရှာရတာပါ။ dead body တွေလိုက်ရှာရတဲ့ mission ဆိုရင်လည်း တော်တော်လက်ပေါက်ကပ်ပါတယ်၊
ရှာရတာကတော့ ခြောက်ယောက်ထဲပါ၊

ဒါပေမဲ့ night vision နဲ့ကြည့်ရင်တောင် အဝေးကဆိုရင် မမြင်ရပဲ အနီးကပ်မှ သိရတော့ မြင်တွေ့ရဖို့ခက်ပါတယ်။ အော်ပရာ သီချင်းသံနဲ့ detect သိနိုင်တယ်ဆိုပေမဲ့ အာရုံစူးစိုက်နိုင်ဖို့က ထင်သလောက်မလွယ်ပါဘူး။
Two-Face, Penguin, Deadstroke, Firefly စတဲ့ boss တွေကိုလည်း ဖမ်းပီး GCPD ကိုပို့ပေးရပါသေးတယ်။

ဒါတွေအကုန်လုပ်ပီးပီဆိုမှ The Knightfall Protocol က unlock ဖြစ်တာပါ။

ကျနော့်အနေနဲ့ grind ရကျိုး နပ်တယ်ပြောရမယ်။ (PC မှာဆိုရင် ကီးဘုတ်မှ V ကို နှိပ်ပီး လုပ်ရမည့် mission တွေကိုကြည့်နိုင်သလို PS4 မှာဆိုရင် Dualshock 4 controller မှ right arrow key ကနေတစ်ဆင့်ကြည့်နိုင်ပါတယ်)

The Knightfall Protocol ကိုမြင်ရပြီးတော့ မေးစရာတွေကရှိလာပါတယ်။

ဘရုစ်ဝိန်းနဲ့ အဲဖရက်က သေဆုံးသွားပြီလား ? Batman ရဲ့ identity ကို လူတွေကသိသွားပြီလေ၊
တကယ်လို့ ဘရုစ်ဝိန်းက မသေဘူးဆိုရင်တောင် ဂိမ်းအနေနဲ့ ဇာတ်လမ်းအဆက်ထွက်ဖို့ကော ရှိသေးလား ?

ပထမမေးခွန်းကို ကျနော့်အမြင်ကနေဖြေရရင် ဘရုစ်ဝိန်း သေဆုံးမသွားပါ။ ဘာလို့လည်းဆိုတော့ "Batman Doesn't Kill" မို့ပါ။
Batman က လူမသတ်ပါဘူး။

Wayne စံအိမ် ပေါက်ကွဲပျက်စီးသွားတော့ ဘရုစ်နဲ့အတူ အဲဖရက်ပါ အတွင်းမှာရှိပါတယ်။
 နောက်တစ်ချက်က Wayne စံအိမ်ရဲ့ အောက်မှာ Batcave ရှိပါတယ်။

Batcave ကို ဘရုစ်၊ အဲဖရက်၊ စလီနာ (Catwoman) နဲ့ ဘာဘရာကလွဲရင် ကျန်တဲ့သူတော်တော်များများက ဘယ်နေရာမှာရှိမှန်းအတိအကျမသိပါဘူး။ Batman နဲ့ Bruce Wayne ရဲ့ ဖြစ်တည်မှုကို မရှိတော့သယောင်ဖြစ်အောင် စံအိမ်ကို ဖောက်ခွဲလိုက်ပြီး Batcave ကိုသွားဖို့အသေအချာပါပဲ။

The Dark Knight Rises ရုပ်ရှင်ရဲ့ အဆုံးသတ်လိုပေါ့။
လူတွေကို fake dead လုပ်ပေးလိုက်တယ်။
ဒါဆို Batman: Arkham Knight ရဲ့ အဆက် မထွက်တော့ဘူးဆိုတဲ့သဘောလား ?

ဟုတ်ပါတယ်။

ဒပလော့ပါ Rocksteady ကလည်းပြောထားပြီးသားပါ၊
Arkham Knight က trilogy ရဲ့ အဆုံးသတ်ဖြစ်တယ်ဆိုပြီးတော့။

Batman ဂိမ်းတွေ ဆက်မထွက်တော့ဘူးလို့ဆိုလိုတာလည်းမဟုတ်ပါဘူး၊
ထွက်ချင်ထွက်မယ်၊ မထွက်ချင်မထွက်ဘူး၊
ဒါပေမဲ့ သေချာတာတစ်ခုက Arkham Kinght ရဲ့ အဆက်ရှိမလာနိုင်တော့ဘူး။
အဆက်ဆိုရင်တောင်မှ Bruce Wayne ရဲ့ Batman နေရာကနေ မဟုတ်နိုင်တော့ပါဘူး။
Reboot or Prequel ထုတ်မှပဲရပါတော့မယ်။

စာကိုအဆုံးသတ်ရရင် Batman: Arkham Knight မဆော့ရသေးတဲ့သူတွေဆော့ကြည့်ပါ၊
ဂိမ်းပလေးကော ဇာတ်လမ်းကော ဆွဲဆောင်မှုရှိတဲ့ဂိမ်းတစ်ခုပါ၊

ဂရပ်ဖစ်လည်း Unreal Engine 3 နဲ့ဆိုတော့ တော်တော်ကြီးကိုကြည့်ကောင်းပါတယ်။

PC အတွက်ဆိုရင် GTX 750 နဲ့ Core i3, Ram 8GB ဆိုရင် medium settings နဲ့ အဆင်ပြေပြေကိုင်လို့ရပါပြီ။

Nvidia GameWorks title ဖြစ်တာမို့ Nvidia ဂျီပီယူအသုံးပြုမယ်ဆိုရင် interactive smoke, interactive paper effect တွေကိုသုံးလို့ရသွားမယ်၊

မီးခိုးငွေ့တွေ စက္ကူစတွေ ပြန့်ကျဲနေတဲ့အမှိုက်စတွေဟာ ဇာတ်ကောင်တွေရဲ့လှုပ်ရှားမှုတွေ ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မူတည်ပြီး လိုက်လျောညီထွေ ရွေ့လျားနေမယ်။

GTX 1050 Ti or GTX 1650 လိုကတ်မျိုးနဲ့ဆိုရင် max settings နဲ့အတူ ယခု effect တွေပါဖွင့်ထားလို့ရမယ်။

(AMD ကတ်ပေါ်မှာ interactive smoke/paper effect အလုပ်မလုပ်ပါ)

ဂိမ်းပလေးပိုင်းမှာ Gadget တွေအများကြီးပါသလို exp point တွေသုံးပြီး upgrade လုပ်လို့လည်းရတော့ ဆော့ရတာ မြိုင်ပါတယ်။
Batmobile နဲ့ ဂေါ့သမ်မြို့အနံှ့ သွားရတာလည်း တော်တော်အားရဖို့ကောင်းပါတယ်။
ဇာတ်လမ်းအနေနဲ့ ရှေ့က Arkham ဂိမ်းတွေဆော့မထားလည်းသိပ်ပြသနာမရှိပါဘူး။
ဂျိုကာ သေဆုံးအပြီး တစ်နှစ်အကြာဆိုတာလေး သိထားရင် အိုကေပါပြီ။
ဆော့ထားရင်တော့ အကောင်းဆုံးပေါ့ဗျာ . .

Batman: Arkham Asylum / 2009
Batman: Arkham City / 2011
Batman: Arkham Origins / 2013
Batman: Arkham Knight / 2015

ဆိုပီး လေးခုထွက်ထားတယ်။

ဇာတ်လမ်းအနေနဲ့ဆိုရင်

Origins > Asylum > City > Knight အစဉ်လိုက်သွားတယ်။

Arkham Origins က Warner Bros. ကိုယ်တိုင်ရေးပြီး ကိုယ်တိုင် publish လုပ်တာ၊
ကျန်တဲ့ သုံးခုကတော့ Rocksteady ကရေးပြီး Warner Bros. က publish လုပ်ပေးတယ်။
အကုန်လုံးက PC, PS4, Xbox One အတွက်ထွက်ထားပေးတယ်။

PS3 နဲ့ Xbox 360 ကတော့ Arkham Knight ကလွဲရင် ကျန်တဲ့သုံးခုရှိပါတယ်။
comic book ဇာတ်ကောင်အခြေပြုဂိမ်းတွေထဲမှာတော့ Batman Arkham စီးရီးက အတော်ကြီးကို ပေါက်ခဲ့ပါတယ်။ Arkham Knight တစ်ခုထဲတင် 5 million units ရောင်းရပြီးဖြစ်ပါတယ်။

ရေးတာလည်းရှည်သွားလို့တော်သေးပြီ။

Writer, Seo Thu Aung

Post a Comment

0 Comments