စာမမြင်လျှင် ဒီကိုနှိပ်ပါ
သုံးချင်​သွားပြီလား?
ဝယ်​သင့်​ မဝယ်​သင့်​ ​ဝေဖန်​သုံးသပ်​လို့ရ​အောင်​ ​အောက်​မှာ PC မှာ သုံးရတဲ့ Xbox Game Pass for PC (Beta) နဲ့ပတ်​သက်​တဲ့ အချက်​အလက်​​တွေ စုစည်း​ပေးထားပါတယ်​ ။
> Download က Resume ရလား?
ရပါတယ်​ ။
> Xbox Game Pass ဝယ်​တာ​တွေ လစဉ်​​ကြေး​တွေက ဘယ်​လိုရှိလဲ?
= https://www.microsoft.com/en-us/p/xbox-game-pass-for-pc-beta/cfq7ttc0kgq8
= https://www.xbox.com/en-US/xbox-game-pass#join
> ဘယ်​လို ဝယ်​ရမှာလဲ?
> သုံးနည်း
> ကျ​နော့်​အမြင်
Unicode
E3 2019 မှာ မိုက်​ခရို​ဆော့ဖ်​က စိတ်​ဝင်​စားဖို့​ကောင်​းတဲ့ အရာတစ်​ခု ​ကြေညာသွားပါတယ်​ ။ အဲ့ဒါက​တော့ Xbox Game Pass ဆားဗစ်​ပါပဲ ။
Xbox Game Pass ​ဆားဗစ်​က ဘာလဲ?
Xbox 360 တို့ Xbox One တို့ကို သိကြမှာပါ ။ PS4 နဲ့ပြိုင်​ဖို့ မိုက်​ခရို​ဆော့က ထုတ်​ထားတဲ့ ကွန်​ဆိုးလ်​ဂိမ်​းစက်​​တွေ​ပေါ့ ။ Xbox နဲ့ Windows ဟာ ​တစ်​ဝမ်​းထဲ​မွေးတဲ့ ​မောင်​နှမအရင်​းလိုပါပဲ မိုက်​ခရို​ဆော့ဖ်​ရဲ့ အဓိကထုတ်​ကုန်​​​တွေပါ ။ Xbox Game pass က​တော့ လစဉ်​​ကြေး​ပေးရတဲ့ ဂိမ်​းဝန်​​ဆောင်​မှု (subscription based service) စနစ်​ဖြစ်​ပါတယ်​ ။ Xbox Game Pass ကို Xbox ​ပေါ်မှာ​ရော PC ​ပေါ်မှာပါ ရရှိနိုင်​ပါတယ်​ ။ Xbox Game Pass ကို လစဉ်​​ကြေးသွင်​းထားလိုက်​ရင်​ Xbox one, Xbox 360, PC ဂိမ်​း​တေ​ွ free ကြိုက်​သလို ​ဆော့လို့ရတယ်​ ။ Xbox ​ပေါ်မှာ​ရော ပီစီ​ပေါ်မှာပါ ​ဆော့လို့ရပါတယ်​ ။
Xbox Game Pass ဟာ သင်​့ကို ဂိမ်​း​ပေါင်​း ၃၀၀ ​ကျော်​ အလကား​ပေး​ဆော့မှာပါ ။ ပြီး​တော့ ဂိမ်​းအသစ်​ထွက်​ရင်​လည်​း ထွက်​ထွက်​ချင်​း ​ဆော့ခွင်​့​ပေးဦးမှာပါ ။ ဒါ့အပြင်​ လတိုင်​း free ​ဆော့ရတဲ့ ဂိမ်​း​စာရင်​း​တွေက ​ပြောင်​း​နေမှာဖြစ်​ပြီး တခါတ​လေမှာ အပိုင်​​ပေးဦးမှာ ဖြစ်​ပါတယ်​ ။ အပိုင်​ရသွားရင်​ လစဉ်​​ကြေးမရှိ​တော့သည်​့တိုင်​ အဲ့ဒီဂိမ်​း​တွေကို သင်​ ​ဆော့လို့ရဦးမှာပါ ။
မိုက်​ခရို​ဆော့ဖ်​က Xbox Game Pass ကို ပထမ တစ်​လကို 1$ နဲ့ စမ်​းသပ်​သုံးခွင်​့​ပေးထားပါတယ်​ ။ တစ်​လ​ကျော်​ပြီးသွားရင်​​တော့ ကိုယ်​ဝယ်​တဲ့ Xbox Game Pass အမျိုးအစားအလိုက်​ လစဉ်​​ကြေး​ကောက်​​တော့မှာပါ ။
ဆို​တော့ ဂိမ်​း ၃၀၀ ​ကေ​ျာ်ကို ဝယ်​စရာမလို အလကား legit (တရားဝင်​) ​ဆော့လို့ရမယ်​ ။ လစဉ်​လတိုင်​း ဒီလို free ရမယ်​့ ဂိမ်​း​တွေက လှည်​့​နေဦးမှာမို့ အမျိုးအစား စုံစုံလင်​လင်​ ​ဆော့လို့ရဦးမယ်​ ။ ဂိမ်​းတစ်​ခု အပိုင်​ဝယ်​မယ်​ဆိုရင်​ အနည်​းဆုံး ​ဒေါ်လာ ၃၀ ​လောက်​​ပေးရ ပြီး​တော့ ​တစ်​ခုပဲ ရမှာပါ ။ Xbox Game pass ကျ​တော့ လစဉ်​​ကြေး တစ်​လကို ၁၀ ​ဒေါ်လာ​ ​လောက်​သွင်​းထားရုံနဲ့ ဂိမ်​းအများကြီး ​ဆော့လို့ရမှာ​လေ ။ အထူးသဖြင်​့ PC သမား​တွေဆို ပိုတန်​တယ်​ ။ ဘာဖြစ်​လို့လဲဆို​တော့ Xbox ဂိမ်​းစက်​ ဝယ်​စရာမလိုပဲ Xbox ဂိမ်​း​တွေကို သူတို့ရဲ့ ပီစီ​ပေါ်မှာ ​ဆော့လို့ရ​နေတာမို့လို့ပါပဲ ။
သုံးခ​ျင်​သွားပြီလား?
ဝယ်​သင်​့ မဝယ်​သင်​့ ​ဝေဖန်​သုံးသပ်​လို့ရ​အောင်​ ​အောက်​မှာ PC မှာ သုံးရတဲ့ Xbox Game Pass for PC (Beta) နဲ့ပတ်​သက်​တဲ့ အချက်​အလက်​​တေ​ွ စုစည​်​း​ပေးထားပါတယ်​ ။
> Xbox Game Pass ကို PC မှာသုံးဖို့ လိုအပ်​ချက်​က ဘာလဲ?
Xbox Game Pass ဟာ Xbox မှာ​ရော ပီစီ​ပေါ်မှာပါ ရနိုင်​တဲ့ ဆားဗစ်​တစ်​ခုပါ ။ အခု​လော​လောဆယ်​​တော့ beta version ပဲ ​ပေး​သေးတာ ဖြစ်​ပါတယ်​ ။ ဘယ်​​​ပေါ်မှာပဲ ဝယ်​ဝယ်​ Xbox ​ပေါ်မှာ​ရော ပီစီမှာ​ပေါ်မှာပါ Xbox Game Pass ကို သုံးလို့ရပါတယ်​ ။ Xbox မှာ သုံးဖို့ ​ထွေ​ထွေထူးထူး သိပ်​မရှိ​ပေမယ်​့ ပီစီမှာ​တော့ သူ့ သတ်​မှတ်​ချက်​​လေး​တွေရှိပါတယ်​ ။ ပီစီမှာ သုံးဖို့ဆိုရင်​ ကိုယ်​့ပီစီဟာ Windows 10 latest version ဖြစ်​​နေရပါမယ်​ ။ Windows version ဟာ 1903 နှင်​့ အထက်​ ရှိဖို့လိုပါတယ်​ ။
Xbox Game Pass ဟာ Windows Store နဲ့ လုံးဝမတူပါဘူး ။ Windows store ထဲက​နေ သွားရတာ မဟုတ်​ဘူး ။ Xbox Game Pass ဆိုတဲ့ ပရိုဂရမ်​ကို သပ်​သပ်​​ဒေါင်​းပြီး သုံးရတာပါ ။
ကိုယ်​့ရဲ့ Windows 10 version ဟာ K သို့ KN version ဖြစ်​​နေခဲ့ရင်​ Windows update က​နေတဆင်​့ windows software တစ်​ခု ​ဒေါင်​းပြီး သွင်​းဖို့ လိုပါမယ်​ ။ ဒီ update သွင်​းဖို့လိုပါတယ်​ ။ => https://support.microsoft.com/en-us/kb/3099229.
PC အတွက်​ လိုအပ်​ချက်​က ဒီ​လောက်​ပါပဲ ။ ဒါနဲ့ Xbox Game Pass ကို iOS နှင်​့ Andriod ​တွေမှာလည်​း သုံးလို့ရ​သေးတယ်​​နော်​ ။ အဲ့ဒါက​တော့ ဂိမ်​း​ဆော့ဖို့အတွက်​ မဟုတ်​ပါဘူး ။ ဖုန်​းက​နေတဆင်​့ ကိုယ်​့ Xbox သို့ PC ​ပေါ်မှာ ကိုယ်​ဆော့လိုတဲ့ ဂိမ်​း​တွေကို ​ရွေးထား​ပေးလို့ရတယ်​ ။ download လုပ်​ထားဖို့ အမိန်​့​ပေးလို့ရတယ်​ ။ တခြား free ​ပေးမယ်​့ ဂိမ်​း​တွေ ဂိမ်​းစာရင်​း​တွေ ကြည်​့လို့ရတယ်​ ။ iOS နှင်​့ Andriod ​ပေါ်မှာ သုံးလို့ရတ​ဲ့ Xbox Game Pass က​တော့ app ​အမျိုးအစားပါပဲ ။
> Xbox Game Pass က Cloud ဆားဗစ်​လိုမျိုးလား?
Xbox Game Pass က Cloud ဆားဗစ်​လိုမျိုး မဟုတ်​ပါဘူး ။ Xbox Game Pass ဟာ Steam လိုမျိုးပါပဲ ။ ဒါ​ပေမယ့် သူက ဂိမ်​း​တွေကို အလကား​ပေး​ဆော့တယ်​ ။ ဝယ်​စရာမလိုဘူး ။ ဝယ်​ချင်​လည်​း ဝယ်​လို့ရတယ်​ ။ ​စျေးသက်​သက်​သာသာနဲ့ ရမယ်​ ။ ဂိမ်​း​တွေက Xbox One, Xbox 360, PC ဂိမ်​း​တေ​ွ ဖြစ်​သွားတယ်​ ။ သုံးဖို့ လစဉ်​​ကြေး ​ပေးရတယ်​ ။ ဒါ​တွေ ကွာသွားပါတယ်​ ။
> Xbox Game Pass သုံးဖို့ Xbox ဂိမ်​းစက်​ ဝယ်​ထားဖို့လိုလား?
Xbox ဂိမ်​းစက်​ ဝယ်​ဖို့ မလိုပါဘူး ။ Windows 10 တင်​ထားတဲ့ ကွန်​ပျူတာတစ်​လုံး ဒါမှမဟုတ်​ iOS သို့ Andriod ဖုန်​းတစ်​လုံးသာ လိုပါတယ်​ ။ Xbox Game Pass ထဲက ဂိမ်​း​တွေ​ဆော့မယ်​ဆိုရင်​​တော့ PC ရှိ​နေဖို့လိုလာပါပြီ ။
> Windows 10 crack version နဲ့ သုံးလို့ရလား?
သုံးလို့ရပါတယ်​ ။ Windows Store နဲ့ တူတူပါပဲ။ ဒါ​ပေမယ်​့ legit Windows 10 ဖြစ်​ရင်​ အ​ကောင်​းဆုံး​ပေါ့ ။
> Free space ဘယ်​​လောက်​ရှိဖို့လိုလဲ?
Free Space က​တော့ Xbox game pass ပရိုဂရမ်​ ချည်​းသက်​သက်​က MB သာသာပဲ ရှိတယ်​ ။ Xbox game pass ​က​ပေးတဲ့ ဂိမ်​း​တွေ ​ဆော့ချင်​တဲ့အခါကျရင်​​တော့ ​ဆော့လိုတဲ့ဂိမ်​းရဲ့ ​ဒေတာယူမဲ့ ​​နေရာပမာဏ ကြည်​့ရ​တော့မှာပါ ။ ဥပမာ ဂိမ်​းက 15 GB လိုရင်​ ကိုယ်​့ဆီမှာ 15gb စာ​နေရာ လွတ်​​နေရမယ်​​ပေါ့ ။
> တခြား​နေရာက download လုပ်​ပြီးသား data ​တွေ copy ပြီး ကိုယ်​့ ကွန်​ပျူတာမှာ ထည်​့လို့ရလား?
မရပါဘူး ။ မိုက်​ခရို​ဆော့ဖ်​က အဲ့လို လုပ်​ခွင်​့​မ​ပေးပါဘူး ။ ကန်​့သတ်​ထားတာမို့ ကိုယ်​့ကွန်​ပျူတာ၊ ကိုယ်​့အ​ကောင်​့နဲ့ ဂိမ်​း​တွေကို ကိုယ်​တိုင်​ download ဆွဲရမှာ ဖြစ်​ပါတယ်​ ။
ဒါ​ပေမယ်​့ ကွန်​ပျူတာ တစ်​ခုက​နေ တစ်​ခု​ပြောင်​းတဲ့အခါမှာ​တော့ ပြန်​မ down ရ​အောင်​ လုပ်​​ပေးထားပါတယ်​ ။ Store and app ထဲမှာ Move ဆိုတာ ထည်​့​ပေးထားပါတယ်​ ။ ကိုယ်​့လက်​ရှိသုံး​နေတဲ့ HDD က​နေ တခြား SSD သို့ HDD ကို data ​ပြောင်​း​ရွှေ့ခွင်​့ ​ပေးထားပါတယ်​ ။
> Download က Resume ရလား?
ရပါတယ်​ ။
> Xbox ဂိမ်​း​တွေ PC ဂိမ်​း​တွေ အကုန်​​ PC ​ပေါ်မှာ ​ဆော့လို့ရလား?
Xbox Game Pass မှာ Xbox 360, Xbox One ဂိမ်​း​တွေအပြင်​ PC ဂိမ်​း​တွေပါ ​ပါပါတယ်​ ။ PC ​ပေါ်မှာ Xbox ဂိမ်​း​တွေ ​ဆော့လို့ရတာ မှန်​​ပေမယ်​့ တစ်​ခု သိထားရမှာက အဲ့ဒီ Xbox ဂိမ်​း​တွေဟာ Xbox Play Anywhere ဆိုတာရှိတဲ့ ဂိမ်​း​တွေ ဖြစ်ရမယ်​ ဆိုတာပါပဲ ။ Xbox Play Anywhere ပါတဲ့ ဘယ်​ Xbox ဂိမ်​း​ကိုမဆို အကုန်​ PC ​ပေါ်မှာ ကစားလို့ရပါတယ်​ ။
PC ​ပေါ်မှာ Xbox ဂိမ်​း​ဆော့​ရ​စေချင်​တယ်​လို့ Xbox ဂိမ်​း​တွေ မည်​မျှ​ကောင်​း​ကြောင်​း သိ​စေချင်​တယ်​လို့ မိုက်​ခရို​ဆော့ဖ်​က ​ပြောခဲ့ဖူးပါတယ်​ ။​ ပြီး​တော့ ​နောက်​ပိုင်​းထွက်​မယ်​့ Xbox ဂိမ်​း​တွေဟာ Xbox Game Pass အတွက်​ရည်​ရွယ်​ပြီး PC အတွက်​ ထွက်​တာများ​လာ​တော့မှာ ဖြစ်​ပြီး အဲ့ဒီ ဂိမ်​းသစ်​​တွေကို Xbox Game Pass အသုံးပြု​သူ​တွေက ဦးဦးဖျားဖျား ​ဆော့လို့ရနိုင်​တော့မှာ ဖြစ်​တယ်​လို့ ကုမ္ပဏီက ​ပြောထားပါတယ်​ ။ ​လော​လောဆယ်​မှာ Xbox Game Pass မှာ ရမယ်​့ ဂိမ်​းပမာဏဟာ အခု ၃၃၀ ရှိ​နေပြီး ထပ်​တိုး​နေတယ်​လို့ သိရပါတယ်​ ။
> PC မှာ Xbox Game Pass က ဂိမ်​း​တွေ ​ဆော့ဖို့ ဘာ​တွေလုပ်​ဖို့လိုလဲ?
အပြင်မှာ ကျနော်တို့ PC ဂိမ်းတွေ ဝယ်သလိုပဲ ဂိမ်းတစ်ခု ဆော့ရမရကို ဂိမ်းကတောင်းတဲ့ အချက်အလက်တွေနဲ့ ကိုယ့်မှာရှိတဲ့ PC နဲ့ ကိုက်ညီမှု ရှိမရှိ ကြည့်ရပါမယ် ။ အဲ့ဒါက ပထမ အဆင့်ပါ ။ ဒုတိယအဆင့်အနေနဲ့ Xbox Game Pass ကပေးတဲ့ ဂိမ်းတွေ ဆော့ဖို့ဆိုရင် ကိုယ်ဆော့လိုတဲ့ဂိမ်းကို ကိုယ့် ကွန်ပျူတာထဲရောက်အောင် ဒေတာ ဒေါင်းယူထားရပါတယ် ။ Xbox Game Pass ဟာ ဂိမ်းတွေ တရားဝင် ဆော့ခွင့်ပေးထားတာပဲ ရှိတာပါ ။ အဲ့ဒီက ဂိမ်းတွေ ဆော့ချင်တဲ့အခါကျရင် ကိုယ်ဆော့လိုတဲ့ဂိမ်းဟာ ကိုယ့်ကွန်ပျူတာနဲ့ ကိုက်ညီမှု ရှိနေဖို့ လိုပါပြီ ။ ဂိမ်းရဲ့ minimum requirement ထဲ ရောက်နေမှသာ အဲ့ဒီဂိမ်းကို သင် ဆော့လို့ရမှာ ဖြစ်ပါတယ် ။
ကိုယ့်ကွန်ပျူတာနဲ့ ဂိမ်းလိုအပ်ချက်နဲ့ ကိုက်ညီတယ် ။ ကွန်ပျူတာမှာလည်း နေရာလွတ် ရှိတယ်ဆိုရင် data ဒေါင်းလုဒ်ချပြီးရင် ဂိမ်းဆော့လို့ရပါပြီ ။
> ဂိမ်​းအမျိုးအစား​တွေ စုံစုံလင်​လင်​ရမှာလား?
ရပါတယ်​ ။ Shooting, Strategy, RPG, platform, horror စသဖြင်​့ အမျိုးအစား ​တော်​​တော်​စုံပါတယ်​ ။ ပြီး​တော့ ဂိမ်​း library က လစဉ်​လတိုင်​း လှည်​့​နေတာမို့ တစ်​လတစ်​လ free ​ဆော့လို့ရတဲ့ ဂိမ်​း​တွေက မတူကြဘူး ။ ဂိမ်​းအမျိုးအစား​ အများကြီး ​ဆော့ရ​တော့ မပျင်​း​တော့ဘူး​ပေါ့ ။
Xbox Game Pass for PC မှာ​တော့ PC ဂိမ်​း​တွေနဲ့တင်​ ​အ​တော်​​လေးများ​နေပြီး အကယ်​၍ Xbox Game Pass Ultimate သာ ဝယ်​ခဲ့ရင်​​တော့ Xbox မှာ နာမည်​ကြီး​နေတဲ့ ဂိမ်​း​ကောင်​း​တွေပါ ​ဆော့လို့ရဦးမှာပါ ။ ဥပမာ Forza Horizon တို့ Gear of Wars 5 တို့
> Single Player ဂိမ်​း​တွေပဲ ရမှာလား? Multiplayer ဂိမ်​း​တွေ​ရော?
Single Player ဂိမ်​း​တွေ ရသလို Multiplayer ဂိမ်​း​တွေပါ ​ဆော့လို့ရပါတယ်​ ။
> Steam လိုမျိုး Mod ​တွေ workshop ​တွေ​ရော ရှိလား?
မရှိပါဘူး ။ ​နောင်​လည်​း ထည်​့မှာ မဟုတ်​ပါဘူး ။
> Game Library က လတိုင်​း လှည်​့​နေ​တော့ လက်​ရှိ​ဆော့​နေတဲ့ဂိမ်​း free မရ​တော့ရင်​ ပြန်​​ဆော့ချင်​ရင်​ ဘယ်​လိုလုပ်​ရမှာလဲ?
ဒီတစ်လ ပေးတဲ့ဂိမ်းဆော့လို့ မပြီးသေးခင် ဂိမ်း library ပြောင်းတဲ့အထဲ ပါသွားခဲ့ရင် ပြန်ဆော့ချင်တဲ့အခါ အဲ့ဂိမ်းကို သင် ဝယ်မှ ရတော့မှာ ဖြစ်ပါတယ် ။ ဒါပေမယ့် free ပေးတုန်းက ဆော့ခဲ့တဲ့ ကိုယ့်ရဲ့ game progress ဟာ ဂိမ်း ဝယ်လိုက်တာနဲ့ ပြန်ရလာမှာ ဖြစ်ပါတယ် ။
ဂိမ်းကိုမဝယ်ချင်ဘူးဆိုရင်တော့ ဂိမ်း library အလှည့်ကို စောင့်ပါ ။ တစ်လတစ်လ free ပေးတဲ့ဂိမ်းတွေက မတူတော့ ကိုယ်ဆော့ထားတဲ့ဂိမ်း နောက်တစ်ခေါက် free ပေးမယ့် အလှည့် ရောက်လာတာကို စောင့်နိုင်ပါတယ် ။ အဲ့အချိန်ကျရင် ပြန်ဆော့လို့ရပါပြီ ။ ကိုယ့်ဆော့ပြီးသား game progress က မပျက်ပါဘူး ။
> ဂိမ်​း​ဆော့ဖို့ အင်​တာနက်​ အမြဲတမ်​း ဖွင်​့ထားဖို့လိုလား?
Xbox Game Pass ထဲက ဂိမ်​း​တွေ ကြည်​့တာ download လုပ်​တာ စတာ​တွေ လုပ်​ဖို့ဆိုရင်​ အင်​တာနက်​ ချိတ်​ထားမှ ရပါမယ်​ ။ ဂိမ်​း​ဆော့တဲ့ အခါကျရင်​​တော့ ဂိမ်​းက offline အမျိုးအစားဆိုရင်​ အင်​တာနက်​ ချိတ်​ထားစရာ မလိုပါဘူး ။ online ဆိုရင်​​တော့ ချိတ်​ထားဖို့ လိုပါပြီ ။
Offline ဂိမ်​း​တွေ ​ဆော့ရင်​လည်​း Xbox Game Pass မှာ အ​ကောင်​့အဝင်​ ပြထားရပါမယ်​ ။ ပြီးမှ Offline mode ​ပြောင်​းပြီး ​ဆော့လို့ရပါပြီ ။ ဒါ​ပေမယ်​့ offline ဖြစ်​တာ ရက်​ ၃၀ ပြည်​့သွားရင်​​တော့ access မရ​တော့ပဲ Xbox Game Pass က သင်​့ကို အင်​တာနက်​ ပြန်​ချိတ်​ခိုင်​းပါလိမ်​့မယ်​ ။ ရက်​ ၃၀ ထက်​ ပိုပြီး offline ထားလို့ မရပါဘူး ။
> Xbox Game Pass ဝယ်​တာ​တေ​ွ လစဉ်​​ကြေး​တွေက ဘယ်​လိုရှိလဲ?
Xbox Game Pass ကို သုံးချင်​ရင်​ (သို့) ဂျွိုင်​းချင်​ရင်​ 1$ ​ပေးရမှာ ဖြစ်​ပါတယ်​ ။ (လက်​ရှိမှာ Beta အဆင်​့ပဲ ရှိ​သေးတာမို့ 1$ နဲ့ ရ​နေတာပါ) ပြီးရင်​ လစဉ်​​ကြေး ၁ လ စာပါ ထပ်​​ပေးရပါတယ်​ ။ လစဉ်​​ကြေးအမျိုးအစားက Xbox Game Pass Ultimate နှင်​့ ရိုးရိုး Xbox Game Pass ၂ မျိုးရှိပါတယ်​ ။ ဒီ ၂ မျိုးထဲက ကိုယ်​ကြိုက်​တာ ​ရွေးယူရပါမယ်​ ။ ဆို​တော့ Xbox Game Pass ဝယ်​ခ 1$ + ရိုးရိုးလစဉ်​​ကြေးပလန်​ကို ယူရင်​ 5$ = စုစု​ပေါင်​း 6$ ကုန်​ပါမယ်​ ။
Xbox ဂိမ်​း ​တွေ ​PC မှာ​ဆော့ချင်​ရင်​ Xbox Game Pass Ultimate အမျိုးအစား ဝယ်​ရပါမယ်​ ။ Ultimate ထဲမှာမှ Xbox Play Anywhere title ရှိတဲ့ xbox ဂိမ်​း​တွေပါတာမို့လို့ပါ ။ ​စေ​ျးက​တော့ ကြီးပါတယ်​ ။ Ultimate အမျိုးအစား ဝယ်​ရင်​​တော့ Xbox Game Pass ကို Xbox မှာလည်​း သုံးလို့ရသလို PC မှာလည်​း သုံးလို့ရတယ်​ ။ cross save ​တွေလည်​းရပြီး ရတဲ့ feature က ပိုစုံပြီး ဂိမ်​းမထွက်​မီ ၄ ရက်​အလိုကတည်​းက ဂိမ်​းအသစ်​ကို စ​တင်​ ​ပေး​ဆော့​တဲ့ feature ပါ ပါတယ်​ ။ ​နောက်​ပြီး ဂိမ်​း ဝယ်​ရင်​လည်​း ရိုးရိုးဝယ်​တာထက်​ ​စျေးအများကြီး ​လျှော့​ပေးထားပါတယ်​ ။
PC အတွက်​ သီးသန်​့ရှိပါတယ်​ ။ ​စျေးနည်​းပြီး PC ​ဂိမ်​း​တွေချည်​းပ​ဲ ပါပါတယ်​ ။ Xbox ဂိမ်​း​တွေ​တော့ မရဘူး ။ ​ဆော့ချင်​ရင်​​တော့ Xbox Game Pass Ultimate အမျိုးအစား ဝယ်​မှ ရမှာပါ ။
Xbox Game Pass ကို ဒီမှာ ဝယ်​လို့ ရပါတယ်​ ။
ဒါက​တော့ Xbox Game Pass လစဉ်​​ကြေး အမျိုးအစား​တွေပါ
> ဘယ်​လို ဝယ်​ရမှာလဲ?
Microsoft account (hotmail account) ရှိဖို့လိုပါတယ်​ ။ ဒီအ​ကောင်​့နဲ့ Xbox Game store ထဲဝင်​ပြီး Xbox Game Pass for PC (beta) ဆိုတာကို ဝယ်​ရမှာပါ ။ Xbox သမား​တွေ​တော့ ကိုယ်​့ Xbox game account နဲ့ store ထဲ ဝင်​ဝယ်ရုံပါပဲ ။ တကယ်​​တော့ Microsoft account နှင်​့ Xbox account က တူတူပဲ ဖြစ်​ပါတယ်​ ။
ခက်​တာက Microsoft account ဟာ မြန်​မာ Visa card ​တွေ လက်​မခံပါဘူး ။ ဒါ​ကြောင်​့ Xbox Gift Card ၊ Microsoft Windows Store Gift Card ​တွေ နဲ့ ​ပိုက်​ဆံထည်​့ပြီး ဝယ်​ရပါတယ်​ ။ Gift Card ဝယ်​ရင်​ ကုဒ်​နံပါတ်​​တွေ ပါလာတယ်​ ။ အဲ့ဒီ ကုဒ်​နံပါတ်​​တွေကို Microsoft account ထဲမှာ redeem လုပ်​ပြီး ထည်​့ပြီးမှ Store ဆီသွား ဝယ်​လို့ ရပါတယ်​ ။ ဒါမှမဟုတ်​ check out လုပ်​ခါနီးမှာ Credit/ Debit card, Paypal, Redeem gift card ​ရွေးခိုင်​းထဲအထဲ Redeem Gift card ဆိုတာ​ရွေးပြီး ခုနက ဝယ်​ထားတဲ့ Gift card ရဲ့ ကုဒ်​နံပါတ်​​တွေ ရိုက်​ထည်​့လိုက်​ပြီး ဝယ်​ရင်​လည်​း ရပါတယ်​ ။ ကိုယ်​အဆင်​​ပြေရာကို ​ရွေးခ​ျယ်​ အသုံးပြုနိုင်​ပါတယ်​ ။
> Gift Card ​တွေကို ဘယ်​လိုဝယ်​ရမှာလဲ?
Gift Card ​တွေကို Offgamer ဝက်​ဘ်​ဆိုက်​မှာ သွားဝယ်​လို့ ရပါတယ်​ ။ ​Offgamer ဝက်​ဘ်​ဆိုက်​မှာ အ​ကောင်​့ဖွင်​့ ၊ ကိုယ်​့ CB visa (သို့) Aya Visa (သို့) KBZ visa ကဒ်​​တွေနဲ့ Gift card ​တွေ ဝယ်​လို့ရပါတယ်​ ။ သူက Gift card အမျိုးအစား စုံစုံလင်​လင်​ရပြီး မြန်​မာပြည်​က Visa ကဒ်​​တွေ လက်​ခံတာမို့ ကိုယ်​အဆင်​​ပြေရာ Visa ကဒ်​နဲ့ ဝယ်​လို့ရပါတယ်​ ။
ပြီး​တော့ OK$ နဲ့လည်​း ဝယ်​လို့ ရပါတယ်​ ။ OK$ ဖုန်​းအက်​ပလီ​ကေးရှင်​းထဲမှာ Xbox One Gift card, Windows Store gift card ​တွေ​​ရောင်​းပါတယ်​ ။ ဝယ်​ရတာလွယ်​ပါတယ်​ ။ OK$ မှာ အ​ကောင်​့ဖွင်​့ ၊ မြန်​မာကျပ်​​ငွေဖြည်​့ပြီး အဲ့ဒီက Gift card ​တေ​ွ ဝယ်​ရုံပါပဲ ။
ဒီ ၂ နည်​းလုံးက စိတ်​ခ​ျရပါတယ်​ ။ ကျ​နော်​ဝယ်​ကြည်​့ပြီးပါပြီ အဆင်​​ပြေကြပါတယ်​ ။
> သုံးနည်​း
Xbox Game Pass ကို ဝယ်​ပြီးတာနဲ့ ​ဒေါင်​းလုဒ်​ချပြီး ကိုယ်​့ကွန်​ပျူတာထဲ install လုပ်​၊ သွင်​းပါ ။ ပြီးရင်​ Microsoft account (hotmail account) န​ဲ့ ဝင်​ပြီး ​ရောက်​သွားရင်​ ကိုယ်​ကြိုက်​တဲ့ဂိမ်​း ​ရွေးချယ်​ ​ဒေါင်​းလုဒ်​ဆွဲပြီး ​ဆော့နိုင်​ပါပြီ ။ ကိုယ်​့ Windows မှာ Microsoft (hotmail account) ဝင်​ထားပြီးသားဆိုရင်​​တော့ တိုက်​ရိုက်​ ဂျွိုင်​းသွားမှာ ဖြစ်​ပါတယ်​ ။
> ကျ​နော်​့အမြင်​
ဂိမ်​း​တွေကို legit ​ဆော့ချင်​တဲ့သူ​တွေ ၊ Xbox game ဘယ်​လို​နေလဲဆိုတာ သိချင်​တဲ့သူ​တွေ ၊ ဂိမ်းတစ်​ခုတည်​း စိမ်​ပြီး ​ဆော့ရတာမကြိုက်​ အမျိုးအစားစုံစုံလင်​လင်​နဲ့ များများစားစား ​ဆော့ချင်​တဲ့သူ​တွေ ၊ အင်​တာနက်​လိုင်​းတပ်​ထားတဲ့သူ​တွေအတွက်​ ပို​ကောင်​းတယ်​ ။ ပိုအဆင်​​ပြေတယ်​ ။ ဒါ​ပေမယ်​့ Rig ​ကောင်​း​ကောင်​းရှိ​နေဖို့​တော့ လိုတာ​ပေါ့​လေ ။ High end Rig ရှိရင်​​တော့ ပို​ကောင်​းသ​ပေါ့ ။ ဂိမ်​းအားလုံး cover မိ​တော့ လိုအပ်​ချက်​​တွေ ကြည်​့စရာမလို ကြိုက်​တဲ့ဂိမ်​း​တွေ ယူလို့ရသွားမယ်​ ။
Xbox ဂိမ်​းက PS4 ​လောက်​ ​ကောင်​းတဲ့ ဂိမ်​း​တွေ သိပ်​မများ​ပေမယ်​့ ဂိမ်​း​ကောင်​း​တွေ ရှိပါတယ်​ ။ တချို့ဂိမ်​းငယ်​​လေး​တွေဆို ​တော်​​တော်​ ​ဆော့​လို့​ကောင်​းတယ်​ ။ ကျ​နော်​တို့ မ​တွေ့ဖူးတဲ့ ဂိမ်​း​လေး​တေ​ွလည်​း ​တွေ့ရတယ်​ ။ xbox ဂိမ်​းတို့ pc ဂိမ်​းတို့မှာ shooter အမျိုးအစားက ps4 ထက်​ ကွန်​ထရိုးအပိုင်​းမှာ ပိုသာသလို အ​ရေအတွက်​ ပိုလည်​း များပါတယ်​ ။ ​ကောင်​းမ​ကောင်​း​တော့ ကိုယ်​့ဘာသာကိုယ်​ စမ်​းကြည်​့မှ သိမှာပါ ။
အခုက beta version ပဲ ရှိ​သေး​တော့ error ​တွေလည်​း ရှိ​နေ​သေး​ပါတယ်​ ။ download ဆွဲကြည်​့​တော့ အဆင်​​ပြေပါတယ်​ ။ resume လည်​း ရတယ်​ ။ ​လျှော့​စျေး 1$ နဲ့ ရ​နေတာ​ကြောင်​့ စမ်​းကြည်​့ဖို့ သင်​့ပါတယ်​ ။
အဆ​ုံးထိ ဖတ်​​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ ။
Post a Comment
0 Comments