စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version
Destiny 2 ဂိမ်းက First person shooter online ဂိမ်းတစ်ခုပါ ။ မှော်ဆန်ဆန် light တွေ ဘာတွေနဲ့ အတော်ဆော့လို့ကောင်းပါတယ် ။ lore (နားလည်အောင် နောက်ခံသမိုင်းကြောင်းလို့ ရေးရမလား) တစ်ခုချင်းစီနဲ့ ဇာတ်လမ်းဖွဲ့ထားတာ တော်တော်ကောင်းတယ် ။ Destiny ဂိမ်းဟာ အရင်ကတည်းကကို PvP အသားပေးထားပေမယ့် PvE တွေလည်း ရောထားတာ ဖြစ်ပါတယ် ။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ၆ ယောက်ဆော့ရတဲ့ Raid ပါပဲ ။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုက PvP နဲ့ PvE ရောထားတဲ့ Gambit ဆိုတဲ့ mode ပဲ ဖြစ်ပါတယ် ။
Raid တွေ ဇာတ်လမ်းတွေ end game က content တွေ စတာတွေကို ခံစားကစားနိုင်ဖို့ ဂိမ်းကို အပြည့်အဝ ခံစားနိုင်ဖို့ဆို အဆုံးထိရောက်အောင်လိုတာပေါ့နော် ။ ဒီလိုလုပ်ဖို့ဆိုရင် Character level အမြင့်ဆုံးရအောင် လုပ်ဖို့က အဓိကပဲဆိုတာ ဂိမ်းဆော့သူ အများစု သိကြပါတယ် ။ ဒီတော့
Destiny 2 မှာ character level အမြန်ဆုံးနည်းနဲ့ အမြင့်ဆုံးရောက်အောင် ဘယ်လိုလုပ်ကြမလဲ?
Destiny 2 ဂိမ်းစဆော့တဲ့သူတွေအတွက် သိထားသင့်တဲ့ အချက်လေးများ စုစည်းဖော်ပြလိုက်ရပါတယ် ။
Class တွေအကြောင်း
Titan |
Titan ကတော့ damage ခံနိုင်တယ် ။ သူ့ ပါဝါတွေက shield ပေးတာများတယ် ။ စူပါပါဝါတွေထဲမှာ captain america လို shield နဲ့ပစ်ပစ်ပြီး ချရတဲ့ စူပါပါဝါ ပါပါတယ် ။ ယေဘုယျအားဖြင့် damage ဒဏ်ခံနိုင်လို့ တော်ရုံနဲ့ သိပ်မသေနိုင်ဘူး ပြီးတော့ တစ်ယောက်ချင်းတွေ့တဲ့အခါ အနီးကပ်ဖိုက်ဖို့ ဝင်လုံးဖို့လည်း ကောင်းတဲ့ class တစ်ခုပါ ။
Warlock |
Warlock ကတော့ ယေဘုယျအားဖြင့် support ပေးတဲ့ class တစ်ခုလို့ သတ်မှတ်ရမှာပါ ။ သူ့မှာ အဖွဲ့သားတွေကို တစ်ပြိုင်နက် heal ပေးနိုင်တာ ၊ damage များအောင် မြှင့်ပေးနိုင်တာ၊ ကျည်ဆန်မကုန်အောင် ခဏတာ ထိန်းထားပေးနိုင်တာတွေ ပါပါတယ် ။ ဒါပေမယ့် ခံနိုင်ရည်အားက ပျော့တဲ့အပြင် class ၃ ခုထဲမှာ အနှေးဆုံးလို ဖြစ်နေတော့ သေနိုင်ချေ များပါတယ် ။ စူပါပါဝါအားဖြင့်တော့ Warlock ရဲ့ super ဟာ အတော်လေးကြမ်းပြီး သက်ရောက်မှု ဧရိယာကျယ်ကျယ်နှင့် သွားပါတယ် ။
Hunter |
Hunter ကတော့ assasin တွေလို့ ခေါ်ရမှာပါ ။ class ၃ ခုထဲ အမြန်ဆုံးဖြစ်ပြီး စူပါပါဝါတွေထဲမှာ ကိုယ်ယောင်ဖျောက်ပြီး ချလို့ရတဲ့ စူပါပါဝါနဲ့ ပေါင်းလိုက်တော့ assasin လိုဖြစ်သွားတာကြောင့် ခေါ်ကြတာ ဖြစ်ပါတယ် ။ သူ့မှာ ကျည်အမြန်ထည့်လို့ရတာ လျှပ်တပြက်ရှောင်ခုန်ပြေးတာတွေ ပါပြီး စူပါပါဝါအများစုက သက်ရောက်မှု ဧရိယာကျဉ်းပြီး တခုတည်းသို့ နေရာတခုတည်းကိုပဲ ရည်ရွယ်တာ များပေမယ့် လှုပ်ရှားမှုမြန်တယ်၊ သက်ရောက်မှုကြီးတယ်၊ တချို့စူပါပါဝါတွေဆို တချက်တည်းနဲ့ သေစေနိုင်တဲ့ အစွမ်းရှိတော့ class ၃ ခုထဲမှာ လူကြိုက်အများဆုံး class တစ်ခု အဖြစ် ရပ်တည်နေပါတယ် ။
Class တွေတိုင်းမှာ တူညီတဲ့အချက်က special class skill မှာ Arc, Solar, Void ဆိုပြီး ၃ မျိုးပါတယ် ။ ဒီ ၃ မျိုးက တခုချင်းစီမှာ မတူညီတဲ့ Super တွေ ရှိကြပါတယ် ။
Story Mission ကို အဓိကထား လုပ်ပါ
Story ကတော့ အဓိကပါပဲ ။ content တွေဟာ story ကနေတစ်ဆင့်ပဲ ပွင့်တတ်တာမို့ပါ ။ ဥပမာ Story Mission ၃ ခုလောက် အပြီးမှာဆို Crucible (PvP), Strikes, Gambit စတာတွေ ပွင့်လာတတ်ပါတယ် ။ အဲ့ဒါတွေ ပွင့်လာတဲ့အခါ ဝင်ဆော့လို့ရတော့ ကိုယ့်မှာ ဆော့ဖို့ နေရာ ရွေးချယ်စရာတွေ များလာတာပေါ့
Destiny 2 main game story ဖြစ်တဲ့ Red War ကို ပြီးခဲ့ရင် content အကုန်နီးနီး ပွင့်နေပါပြီ ။ ပြီးတော့ ဇာတ်လမ်းအပိုင်းမှာ Red War campagin က အဓိကမို့ ဒီဟာ ပြီးနေခဲ့ရင် Expansion တွေဖြစ်တဲ့ Curse of Osiris, Warmind, Forsaken, Shadowkeep တွေထဲက ကိုယ်ဆော့ချင်ရာကို ကြိုက်ရာ ရွေးယူ ဆော့လို့ ရနေပါပြီ ။
မှတ်ချက် ။ ။ Fireteam (အဖွဲ့) နဲ့ ဆော့ချင်ရင် Story မှာ "Spark" ဆိုတဲ့ mission ပြီးနေရပါမယ် ။ "Spark" mission ဟာ Story mission ထဲမှာ ၄ ခုမြောက် ဖြစ်ပါတယ် ။
Power level အမြင့်ဆုံး Weapons, Armor တွေကို အမြဲရွေးသုံးပေးပါ ။
လက်နက် မကောင်းတာမို့လို့ ပစ်မတတ်တဲ့ လက်နက်တွေ မို့လို့ဆိုတာတွေ ခေါင်းထဲ မထည့်ပါနဲ့ ။ သင်က power level အမြင့်ကို အမြန်ရောက်ချင်တယ် မလား? ဒါဆိုရင် ရလာတဲ့အထဲက power level အမြင့်ဆုံးဟာတွေကို ရွေးပြီး သုံးပါ ။ နံပါတ်ကြီးလေ ပိုကောင်းလေပါပဲ ။
Destiny 2 ဟာ item drop ကို RNG (random number generate) ကျပန်းစနစ် နဲ့ လုပ်ထားတာမို့ power level အမြင့် gun တွေ armor တွေကို ကိုယ့် လက်ရှိရောက်နေတဲ့ Max average power level ကို ကြည့်ပြီး အဲ့ဒါထက် ၁ ခု ၂ ခု မြင့်တာကို ပေးလေ့ရှိပါတယ် ။ ဒါကြောင့် Power level အမြင့်ဆုံး Weapons, Armor တွေကို ရွေးသုံးခိုင်းတာ ဖြစ်ပါတယ် ။
Power level နိမ့်နေဆဲ အချိန်မှာ power level အမြင့် gun, armor တွေကို ရသလောက် သုံးသွားပြီး Power level max ရောက်တဲ့အခါမှ ကိုယ်သုံးချင်တဲ့ gun ကို power level မြင့်ယူပြီး သုံးတာ ပိုကောင်းပါတယ် ။ resource တွေ သိပ်မကုန်တော့ဘူးပေါ့ ။
Destiny 2 က ဘယ် activities မဆို လုပ်ရင်း ကျလာတတ်တဲ့ Prime Engram ကတော့ တခါတခါပေးရင် ရောက်နေတဲ့ Power level ထက် ၁၀ ခုကျော်လောက် ရှိတဲ့ item တွေကို ပေးတတ်ပါတယ် ။
Tip ။ ။Engram၊ လက်နက်၊ armor အရောင်အလိုက် အဆင့်များ
အဖြူ < အစိမ်း< အပြာ (Rare) < ခရမ်း (Legendary) < အဝါ (Exotic)
အဝါရောင်က unique perks တွေနဲ့ဖြစ်ပြီး အရှားပါးဆုံး၊ ရဖို့အခက်အခဲဆုံးဖြစ်ပါတယ် ။ သူ့ကို ရဖို့အတွက် သပ်သပ်လိုက်ရှာရပါတယ် ။
လက်နက် armor ဆိုလို့ သပ်သပ်မပြပဲ engram ထဲက ကျပန်း ပေးတာ ဖြစ်ပါတယ် ။ အကောင်တွေသတ်ရင်းနဲ့ engram တွေက အရောင်စုံကျတတ်ပါတယ် ။
လက်နက်တွေ armor တွေ သိမ်းထားလို့ နေရာမဆန့်တော့ရင် စိတ်မပူပါနဲ့ ။ Vault ထဲ ပြောင်းထည့်ပြီး ထားထားလို့ရပါတယ် ။ မဟုတ်ရင်လည်း dismentle လုပ်လိုက်လို့ရပါတယ် ။ dismentle လုပ်လိုက်ရင် item အရောင်အဆင့်အတန်းအလိုက် ထူးခြားချက်အလိုက် Enhancement core တို့ weapon mod တို့ shader တို့ ရတတ်ပါတယ် ။
လက်နက်တွေ armor တွေ dismentle လုပ်ရင် Legendary၊ Exotic တွေကို သတိထားကြည့်ပြီး dismentle လုပ်ပါ ။ ဒီဟာတွေက ဒီလိုပုံစံမျိုး ပြန်ရဖို့ အခွင့်အလမ်း နည်းလို့ပါ ။ Exotic ကတော့ အရှားပါးဆုံးပေါ့ ။
Adventure, Lost Sector, Public Events, Patrol mission, Strike တွေလုပ်ပါ
Planet တစ်ခုချင်းစီမှာ Adventure, Lost Sector, Public Events, Patrol mission, Strike တွေ ရှိပါတယ် ။ ဒါတွေ Exp အပေးများတဲ့အပြင် gun တွေ armor တွေ ကောင်းကောင်းရတတ်တဲ့ activities တွေပါပဲ ။
ပြီးတော့ Planet တိုင်းမှာ Vendor တွေရှိတယ် ။ သူတို့က item ပေးသလို Bounty တွေလည်း ရှိတယ် ။ Planet တစ်ခုမှာ Public event ပဲ ဖြစ်ဖြစ် lost sector ပဲ ဖြစ်ဖြစ် လုပ်ဖို့အစီအစဉ်ရှိရင် အဲ့ Planet မှာရှိတဲ့ Vendor ဆီက bounty ယူပြီးမှ လုပ်ပါ ။ activities တွေ လုပ်နေရင်းနဲ့ ဒီ bounty တွေပါ တစ်ခါတည်း ပြည့်သွားပြီး Exp တွေလည်းရ Glimmer တွေလည်းရသလို item တွေလည်း အရများမှာမို့ တစ်ချက်ခုတ် ၂ ချက်ပြတ်မယ့် ကိစ္စပါ ။
Adventure, Lost Sector, Public Events, Patrol mission, Strike တွေကို ထပ်ရှင်းပြရရင်
Adventure > Adventure တွေက side quest လိုမျိုးပါပဲ ။ Planet တစ်ခုချင်းစီမှာ ရှိကြပါတယ် ။ Adventure တွေက လုပ်ရတာ သိပ်မရှည်ပါဘူး ။ ၁ ယောက်တည်းလည်း လုပ်နိုင်သလို အဖွဲ့နဲ့ fireteam နဲ့လည်း လုပ်လို့ရပါတယ် ။ Adventure တွေက mission လေးတွေနဲ့ ဖွဲ့ထားတဲ့ ဇာတ်လမ်းတိုလေးတွေပါ ။ အဓိကဇာတ်လမ်းမှာ မြုပ်ထားခဲ့တဲ့ သိပ်အရေးမကြီးတဲ့ အပိုင်းလေးတွေပေါ့ ။Lost Sector > Mini Dungeon လေးပါ ။ ဘာ mission မှ မရှိပါဘူး ။ Lost Sector ရှိတဲ့နေရာ အပေါက်ဝမှာ အမှတ်အသားနဲ့ ပြထားလေ့ ရှိပါတယ် ။ ဒီအမှတ်အသားရှိတဲ့နေရာကနေ ဝင်သွားရင် lost sector ပါပဲ ။ အထဲဝင် ၊ လမ်းတစ်လျှောက် တွေ့သမျှ အကောင် အကုန်သတ် ၊ နောက်ဆုံးမှာ ရှိတတ်တဲ့ boss ကို သတ်ပြီး ပုံးဖွင့်လိုက်ရင် Lost Sector ဝင်ချတာ ပြီးဆုံးပါပြီ ။
Public Event > သတ်မှတ်အချိန်အတွင်း လူအများကြီးနဲ့ ဆော့ရတဲ့ Event တစ်မျိုးပါ ။ ဘယ်သူမဆို ပါလို့ရပါတယ် ။ Spider tank ကြီးကိုလည်း ဖိုက်ရချင် ဖိုက်ရလိမ့်မယ် ။ Mining လုပ်နေတာကို ဝင် ဖျက်ရချင် ဝင်ဖျက်ရလိမ့်မယ် ။ ဒါမှမဟုတ် တစ်ခုခုကို ကာကွယ်ရချင် ကာကွယ်ပေးရလိမ့်မယ် ။ Destiny 2 တစ်လျှောက် လုပ်ခိုင်းတာတွေ တွေ့ရတာတွေရဲ့ တစ်စိတ်တစ်ပိုင်းကို Public Event မှာ မြင်ရမှာပါ ။ Public Event ကပေးတဲ့ rewards တွေက တန်ပါတယ် ။ ပြီးတော့ လုပ်ရတာလည်း ပျော်ဖို့ကောင်းပါတယ် ။ (လူအများကြီးနဲ့ လုပ်ရတဲ့အခါဆိုလို့ရှိရင် သင့်အနေနဲ့ bam bam bam လုပ်ရုံပါပဲ :P )
Public Event မှာ ရိုးရိုး normal mode နဲ့ ချရခက်တဲ့ Heroic mode ၂ မျိုးရှိပါတယ် ။ Heroic mode က လုပ်ရတာ နဲနဲ လက်ပေါက်ကပ်ပါတယ် ။ သူလိုချင်တဲ့ အခြေအနေရအောင် အတိအကျ ဖန်တီးမှသာ Heroic event ပွင့်လာတတ်တာမို့လို့ပါ ။
Tip ။ ။ Public Event မစခင် count down အချိန်မှတ်နေတဲ့ အချိန် Public Event အလံတိုင်ကို Rally to Flag လုပ်ရင် ကိုယ့်ရဲ့ Super တွေ လက်နက်ကျည်ဆံတွေ အကုန် ပြည့်သွားပါတယ် ။ ဒါပေမယ့် အလံတိုင်တစ်ခုကို တစ်ခါပဲ လုပ်ခွင့်ရှိပါတယ် ။
Patrol mission > Patrol mission ကတော့ အကောင်သတ်ခိုင်းမယ် ။ ကျလာတာ ကောက်ခိုင်းမယ် ။ boss သတ်ခိုင်းမယ် ။ ဒီလောက်ပါပဲ ။ တကယ့်ကို တိုတိုလေးပါပဲ ။ activities အားလုံးထဲမှာ လုပ်ရတဲ့အချိန် အတိုဆုံး ။ ဒါပေမယ့် Exp, item တွေက အရနည်းတာမို့ လုပ်ရတာ သိပ်မတန်လှပါဘူး ။ ထပ်ခါထပ်ခါလုပ်ရင် ပျင်းသွားနိုင်ပါတယ် ။
Strike > Strike ကတော့ ဆော့ရတာ ရှည်တယ် ။ mission တွေ အတွဲလိုက်နဲ့ ။ ကျန်တာတွေထက် နဲနဲခက်တယ် ။ Strike ဆော့ဖို့ fireteam ၁ ယောက် သို့ ၂ ယောက်လိုပါတယ် ။ (တစ်ယောက်တည်းလည်း ဆော့လို့ရပါတယ် တကယ်လို့ သင်ဟာ ပစ်တာ ခတ်တာ စူပါ သုံးတာတွေမှာ ကျွမ်းနေပြီဆိုရင်ပေါ့) အကြမ်းပတမ်း ပစ်ရမယ် ။ သေတာလည်း များလိမ့်မယ် ။ တခါတလေ အဖွဲ့လိုက် အတိုင်အဖောက်ညီညီ လုပ်မှ ကျော်လွှားနိုင်မယ့် အရာတွေ ရှိတယ် ။ Final Boss ရောက်ရင်တော့ ပိုပြီးတောင် အဆော်ခံရတော့မှာပါ ။
ကျနော့် အမြင် ။ ။ Destiny 2 မှာ ဘာ mission ပဲ လုပ်လုပ် ၊ mission လုပ်နေစဉ်အတွင်း ဘယ်အချိန်မဆို ဝင်လို့ရ ထွက်လို့ရနေတာကိုပဲ သဘောကျတယ် ။ ဒါပေမယ့် PvP competitive မှာတော့ အဲ့လို လုပ်လို့မရတော့ပါဘူး ။ လုပ်လိုက်လို့ရှိရင် မိနစ် ၃၀ ban ခံထိမှာပါ ။
Daily Rewards, Weekly Rewards တွေ ရနိုင်သလောက် ဆော့ယူပါ
Daily Reward, Weekly Rewards မှာတော့ Heroic, Vanguard Strike, Crucible, Gambit စတာတွေ ပါဝင်ပါတယ် ။ Daily Rewards, Weekly Rewards တွေက သိလွယ်ပါတယ် ။ World Map ကို ကြည့်လိုက်ရင် ဘေးနားမှာ အဝါရောင် icon လေးနဲ့ ပြတာတွေ့မှာပါ ။ တကယ်လို့ သင်ဟာ rewards တွေ မယူရသေးရင်ပေါ့ ။
ဒီ Rewards တွေက Legendary အမျိုးအစား power level အမြင့်ကို ပေးပါတယ် ။
Recovery Stats ကို ဦးစားပေး ရွေးထားပါ ။
Armor တွေ weapons တွေမှာ perks ကို ကိုယ်လိုတာ ရွေးခ၊ျယ်ခွင့် ပေးထားပါတယ် ။ Recovery stats ကို ဦးစားပေး ရွေးထားပေးပါ ။ shooter ဂိမ်းမှာ PvP တွေ ဆော့တဲ့အခါ ကိုယ်အသက်ရှင်ကျန်ရစ်ဖို့အတွက် Recovery က အရေးကြီးတာမို့လို့ပါ ။
Xur ကို သတိထား စောင့်ကြည့်ပေးပါ
Xur ဆီမှာ အကောင်းစား Exotic တွေ ရှိပါတယ် ။ Exotic တွေက Destiny 2 မှာ ကြိုက်တဲ့ဟာပဲ ဆော့ဆော့ ဆော့နေရင်းနဲ့ ကျလာတတ်တာ မှန်ပေမယ့် Xur ဆီက ဝယ်တာက ရဖို့ ပိုအသေချာဆုံးပါပဲ ။ Xur ဆီက ဝယ်တာလောက် သေချာတာ မရှိတော့ပါ ။ Xur က သောကြာနေ့ည daily reset ဖြစ်တဲ့အချိန် လာလေ့ရှိပါတယ် ။ တစ်ခါတစ်ခါ လာရင် Xur ရောင်းတဲ့ exotic တွေက တူလေ့မရှိကြပါဘူး ။ ဒါပေမယ့် ကိစ္စမရှိပါဘူး ။ Xur က Exotic engram နဲ့ မဲဖောက်ပေးပါတယ် ။ Legendary Shards က 97 ခုတော့ လိုတာပေါ့ ။ မဲဖောက်ရင် ကျနိုင်ချေရှိတဲ့ exotic စာရင်းကိုလည်း ပြပေးပါသေးတယ် ။ Exotic Engram ကို right click နှိပ်ပြီး preview ထဲမှာ ဝင်ကြည့်ရင် ဘာ item တွေ ကျနိုင်ချေရှိလဲဆိုတာ တွေ့နိုင်ပါတယ် ။ အဲ့ဒီ exotic စာရင်းက ၅ မိနစ် တစ်ခါ ပြောင်းပါတယ် ။
Energy weapons take down shields faster
Shield ရှိတဲ့အကောင်ကိုတွေ့ရင် သူ့နဲ့သက်ဆိုင်တဲ့ Energy weapon နဲ့ ပစ်ပါ ။ ပိုအကွဲမြန်သလို damage လည်း ထိတာ ပိုများပါတယ် ။ ဥပမာ အပြာရောင် shield ရှိတဲ့အကောင်ဆိုရင် "Arc” Energy ရှိတဲ့ gun နဲ့ပစ်ရင် shield ပေါက်တာ ပိုမြန်သလို ဘောနပ်စ်အနေနဲ့ damage အပိုလည်း ထိပါတယ် ။
Shield အပြာရောင် = Arc
Shield အနီရောင် = Solar
Shield ခရမ်းရောင် = Void
Destiny 2 မှာ Kinetic, Energy, Power ဆိုပြီး weapon slot အမျိုးအစား ၃ မျိုးရှိပါတယ် ။ Kinetic မှာရှိတဲ့ gun တွေဟာ ပုံမှန်အားဖြင့် အခြေခံ gun တွေဖြစ်ပြီး ကျည်ကတ်ရလွယ်သလို အသုံးများကြပါတယ် ။ Energy အမျိုးအစားထဲမှာရှိတဲ့ သေနတ်တွေကို shield ခွဲတဲ့နေရာမှာ သုံးရမှာ ဖြစ်ပြီး Power ကတော့ damage အားဖြင့် အမြင့်ဆုံးဖြစ်ပြီး ကျည်ကဒ်ရတာ အရှားပါးဆုံးလည်း ဖြစ်ပါတယ် ။ Kinetic နှင့် Energy ဒီနှစ်ခုကို damage အားဖြင့် နှိုင်းယှဉ်ရင် အတူတူပဲဖြစ်ပြီး Shield ရှိတဲ့ ရန်သူ သို့ Super သုံးနေတဲ့ player တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာသာ သက်ရောက်မှုက ကွာခြားသွားတာ ဖြစ်ပါတယ် ။
Join a clan
ဒါကတော့ လူတော်တော်များများ သိကြမှာပါ ။ ကိုယ့် clan နဲ့ဆို ကိုယ့် သူငယ်ချင်းတွေနဲ့ တူတူဆော့ရင် ပိုပျော်ဖို့ကောင်းပါတယ် ။ ဒါပေမယ့် Clan member ဖြစ်မှ ရမယ့် feature လေးတွေ ရှိပါတယ် ။ ဥပမာ ပြရရင် Destiny Myanmar (DMM) clan ဆို အခုဆိုရင် level 4 ရောက်နေပါပြီ ။ Clan အဖွဲ့သားတွေနဲ့ activities တွေလုပ်ရင် Exp ပိုရတယ် ။ အပတ်တိုင်း Clan activities တွေ ပြည့်အောင် အုပ်စုလိုက် တစ်ခါလောက် ဆော့ခဲ့ရင် ဆော့တဲ့အထဲ ကိုယ်မပါရလည်းပဲ ကိုယ်လည်း ဝင်မဆော့ရပါပဲနဲ့ Legendary Engram သို့ Powerful Legendary Engram ၅ ခုကို ကိုယ် ရပါတယ် ။ အခု season အရ clan perk က ဒါတွေအပြင် enhancement core ၇ ခုပါပေးနေပါတယ် ။
Enhancement core ဆိုတာမျိုးက တော်တော်ရှာရခက်တဲ့အမျိုုး ။ အသုံးဝင်ချက်ကတော့ weapon တွေ armor တွေ upgrade လုပ်တဲ့နေရာမှာ သူက လုံးဝ မပါမဖြစ်ပါပဲ ။
Web browser ကနေ ဒါမှမဟုတ် Destiny 2 Companion app ကနေ ကိုယ့် inventory ကို စီမံပါ
Web browser ကနေ စီမံမယ်ဆို "Ishter Commander" ဆိုတဲ့ Destiny item manager ကို သုံးပါ ။
Ishter Commander |
ဖုန်းကနေ စီမံမယ်ဆို Destiny 2 companion အက်ပလီကေးရှင်းကို သုံးပါ ။
Destiny 2 companion |
ကိုယ့်မှာရှိတဲ့ item တွေ Vault ထဲ (သို့) Vault ကနေ ကိုယ့်ထဲ အပြန်အလှန် အပြောင်းအရွှေ့လုပ်ဖို့ item တွေရဲ့ power level ကြည့်ဖို့ Quest step တွေကြည့်တဲ့နေရာမှာ အချိန်ကုန်သက်သာစေဖို့အတွက် Destiny item manager နှင့် Destiny 2 companion အက်ပလီကေးရှင်းကို သုံးတတ်ပါစေ ။ ကိုယ် raid ထဲဝင်နေတဲ့အချိန်မျိုး ဒါမှမဟုတ် တခြား activities တွေ လုပ်နေတဲ့အခါမျိုးမှာ Tower ကိုပြန်စရာမလို ဖုန်းအက်ပလီကေးရှင်း၊ web browser ထဲကနေ တိုက်ရိုက်စီမံ ထည့်လို့ရနေတာကြောင့် အရမ်းကို အသုံးတည့်ပါတယ် ။ Destiny 2 player တွေ မရှိမဖြစ် သုံးသင့်တဲ့ အရာတွေပါ ။
Destiny 2 ဂိမ်းနှင့် ပတ်သက်တဲ့ အသုံးဝင်တဲ့ အရာတွေ ဖြစ်တဲ့ Ishter Commander တို့ Destiny 2 companion တို့ကို IOS နဲ့ Andriod မှာ free ရနိုင်ပါတယ် ။ region မကန့်သတ်ထားလို့ လွတ်လပ်စွာ ဒေါင်းယူ အသုံးပြုနိုင်ပါတယ် ။ သက်ဆိုင်ရာ app store မှာ download ဆွဲနိုင်ပါတယ် ။
ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။
Thanks to my Friends,
Azure (DMM)
Phoesic (DMM)
Reference: PCgamer
ဒီပုံလေးကတော့ ကျနော်တို့ရဲ့ PC player Clan ပဲ ဖြစ်ပါတယ် ။ မြန်မာတွေချည်းပါပဲ ။ Gun တွေ ရအောင် လိုက်ကူညီပေးပါတယ် ။ Raid တွေလည်း ဆော့ကြပါတယ် ။ Level အတက်မြန်အောင်လည်း ကူညီပေးပါတယ် ။ clan ဝင်ချင်ရင် ကျနော်ဆီကတစ်ဆင့် ဝင်လို့ရပါတယ် ။ ကျနော်က Clan leader မဟုတ်ပေမယ့် ဝင်လို့ရအောင် လုပ်ပေးနိုင်ပါတယ် ။ casual ပဲ ဆော့ကြပါတယ် ။
Join Destiny MM (DMM) Clan => https://www.bungie.net/en/ClanV2/Index?groupId=2783041
ဒီ clan လည်း မြန်မာတွေချည်းပါပဲ ။ ဒါပေမယ့် active အဖြစ်ဆုံး member တွေ စုနေတဲ့ clan ပါ ။ သူတို့က နေ့တိုင်းလိုလို ဆော့ကြပြီး လူလည်း များပါတယ် ။ content အစုံ ဆော့ကြတဲ့အတွက် မိမိမှာ DLC တွေရှိနေဖို့ လိုပါတယ် ။ အနည်းဆုံး shadowkeep လောက်ရှိနေမှ အဆင်ပြေမှာပါ ။ လတစ်လရဲ့ ပထမဆုံး Sunday တိုင်း clan အတွင်း member တွေနဲ့ PvP ပြိုင်ပွဲတွေ ကျင်းပပြီး ဆုအနေနဲ့ Steam Gift card 5$/10$ ပေးပြီး တခါတရံ Steam Gift card တွေ မဲဖောက်ပေးလေ့ရှိပါတယ် ။ PvP, PvE တွေဆော့ပေးပြီး Gun တွေလည်း ကူရှာပေးကြပါတယ် ။ in game challenge လေးတွေနဲ့လည်း ဆော့ကြပါတယ် ။
Join Day Break's Plunderers Clan => https://www.bungie.net/en/ClanV2/Index?groupId=4278487
ဝင်ချင်ရင်တော့ ထိုသူကို တိုက်ရိုက်ဆက်သွယ်ပြောကြားကာ ခွင့်တောင်းပြီး ဝင်လို့ရပါတယ် ။ Facebook Link => https://www.facebook.com/khailynn
Thank you for reading.
Zawgyi
Destiny 2 ဂိမ္းက First person shooter online ဂိမ္းတစ္ခုပါ ။ ေမွာ္ဆန္ဆန္ light ေတြ ဘာေတြနဲ႔ အေတာ္ေဆာ့လို႔ေကာင္းပါတယ္ ။ lore (နားလည္ေအာင္ ေနာက္ခံသမိုင္းေၾကာင္းလို႔ ေရးရမလား) တစ္ခုခ်င္းစီနဲ႔ ဇာတ္လမ္းဖြဲ႕ထားတာ ေတာ္ေတာ္ေကာင္းတယ္ ။ Destiny ဂိမ္းဟာ အရင္ကတည္းကကို PvP အသားေပးထားေပမယ့္ PvE ေတြလည္း ေရာထားတာ ျဖစ္ပါတယ္ ။ စိတ္ဝင္စားစရာအေကာင္းဆုံးကေတာ့ ၆ ေယာက္ေဆာ့ရတဲ့ Raid ပါပဲ ။ ေနာက္ထပ္ စိတ္ဝင္စားဖို႔ေကာင္းတာ တစ္ခုက PvP နဲ႔ PvE ေရာထားတဲ့ Gambit ဆိုတဲ့ mode ပဲ ျဖစ္ပါတယ္ ။
Raid ေတြ ဇာတ္လမ္းေတြ end game က content ေတြ စတာေတြကို ခံစားကစားႏိုင္ဖို႔ ဂိမ္းကို အျပည့္အဝ ခံစားႏိုင္ဖို႔ဆို အဆုံးထိေရာက္ေအာင္လိုတာေပါ့ေနာ္ ။ ဒီလိုလုပ္ဖို႔ဆိုရင္ Character level အျမင့္ဆုံးရေအာင္ လုပ္ဖို႔က အဓိကပဲဆိုတာ ဂိမ္းေဆာ့သူ အမ်ားစု သိၾကပါတယ္ ။ ဒီေတာ့
Destiny 2 မွာ character level အျမန္ဆုံးနည္းနဲ႔ အျမင့္ဆုံးေရာက္ေအာင္ ဘယ္လိုလုပ္ၾကမလဲ?
Destiny 2 ဂိမ္းစေဆာ့တဲ့သူေတြအတြက္ သိထားသင့္တဲ့ အခ်က္ေလးမ်ား စုစည္းေဖာ္ျပလိုက္ရပါတယ္ ။
Class ေတြအေၾကာင္း
Titan |
Warlock |
Hunter |
Class ေတြတိုင္းမွာ တူညီတဲ့အခ်က္က special class skill မွာ Arc, Solar, Void ဆိုၿပီး ၃ မ်ိဳးပါတယ္ ။ ဒီ ၃ မ်ိဳးက တခုခ်င္းစီမွာ မတူညီတဲ့ Super ေတြ ရွိၾကပါတယ္ ။
Story Mission ကို အဓိကထား လုပ္ပါ
Story ကေတာ့ အဓိကပါပဲ ။ content ေတြဟာ story ကေနတစ္ဆင့္ပဲ ပြင့္တတ္တာမို႔ပါ ။ ဥပမာ Story Mission ၃ ခုေလာက္ အၿပီးမွာဆို Crucible (PvP), Strikes, Gambit စတာေတြ ပြင့္လာတတ္ပါတယ္ ။ အဲ့ဒါေတြ ပြင့္လာတဲ့အခါ ဝင္ေဆာ့လို႔ရေတာ့ ကိုယ့္မွာ ေဆာ့ဖို႔ ေနရာ ေ႐ြးခ်ယ္စရာေတြ မ်ားလာတာေပါ့
Destiny 2 main game story ျဖစ္တဲ့ Red War ကို ၿပီးခဲ့ရင္ content အကုန္နီးနီး ပြင့္ေနပါၿပီ ။ ၿပီးေတာ့ ဇာတ္လမ္းအပိုင္းမွာ Red War campagin က အဓိကမို႔ ဒီဟာ ၿပီးေနခဲ့ရင္ Expansion ေတြျဖစ္တဲ့ Curse of Osiris, Warmind, Forsaken, Shadowkeep ေတြထဲက ကိုယ္ေဆာ့ခ်င္ရာကို ႀကိဳက္ရာ ေ႐ြးယူ ေဆာ့လို႔ ရေနပါၿပီ ။
မွတ္ခ်က္ ။ ။ Fireteam (အဖြဲ႕) နဲ႔ ေဆာ့ခ်င္ရင္ Story မွာ "Spark" ဆိုတဲ့ mission ၿပီးေနရပါမယ္ ။ "Spark" mission ဟာ Story mission ထဲမွာ ၄ ခုေျမာက္ ျဖစ္ပါတယ္ ။
Power level အျမင့္ဆုံး Weapons, Armor ေတြကို အၿမဲေ႐ြးသုံးေပးပါ ။
လက္နက္ မေကာင္းတာမို႔လို႔ ပစ္မတတ္တဲ့ လက္နက္ေတြ မို႔လို႔ဆိုတာေတြ ေခါင္းထဲ မထည့္ပါနဲ႔ ။ သင္က power level အျမင့္ကို အျမန္ေရာက္ခ်င္တယ္ မလား? ဒါဆိုရင္ ရလာတဲ့အထဲက power level အျမင့္ဆုံးဟာေတြကို ေ႐ြးၿပီး သုံးပါ ။ နံပါတ္ႀကီးေလ ပိုေကာင္းေလပါပဲ ။
Destiny 2 ဟာ item drop ကို RNG (random number generate) က်ပန္းစနစ္ နဲ႔ လုပ္ထားတာမို႔ power level အျမင့္ gun ေတြ armor ေတြကို ကိုယ့္ လက္ရွိေရာက္ေနတဲ့ Max average power level ကို ၾကည့္ၿပီး အဲ့ဒါထက္ ၁ ခု ၂ ခု ျမင့္တာကို ေပးေလ့ရွိပါတယ္ ။ ဒါေၾကာင့္ Power level အျမင့္ဆုံး Weapons, Armor ေတြကို ေ႐ြးသုံးခိုင္းတာ ျဖစ္ပါတယ္ ။
Power level နိမ့္ေနဆဲ အခ်ိန္မွာ power level အျမင့္ gun, armor ေတြကို ရသေလာက္ သုံးသြားၿပီး Power level max ေရာက္တဲ့အခါမွ ကိုယ္သုံးခ်င္တဲ့ gun ကို power level ျမင့္ယူၿပီး သုံးတာ ပိုေကာင္းပါတယ္ ။ resource ေတြ သိပ္မကုန္ေတာ့ဘူးေပါ့ ။
Destiny 2 က ဘယ္ activities မဆို လုပ္ရင္း က်လာတတ္တဲ့ Prime Engram ကေတာ့ တခါတခါေပးရင္ ေရာက္ေနတဲ့ Power level ထက္ ၁၀ ခုေက်ာ္ေလာက္ ရွိတဲ့ item ေတြကို ေပးတတ္ပါတယ္ ။
Tip ။ ။Engram၊ လက္နက္၊ armor အေရာင္အလိုက္ အဆင့္မ်ား
အျဖဴ < အစိမ္း< အျပာ (Rare) < ခရမ္း (Legendary) < အဝါ (Exotic)
အဝါေရာင္က unique perks ေတြနဲ႔ျဖစ္ၿပီး အရွားပါးဆုံး၊ ရဖို႔အခက္အခဲဆုံးျဖစ္ပါတယ္ ။ သူ႔ကို ရဖို႔အတြက္ သပ္သပ္လိုက္ရွာရပါတယ္ ။
လက္နက္ armor ဆိုလို႔ သပ္သပ္မျပပဲ engram ထဲက က်ပန္း ေပးတာ ျဖစ္ပါတယ္ ။ အေကာင္ေတြသတ္ရင္းနဲ႔ engram ေတြက အေရာင္စုံက်တတ္ပါတယ္ ။
လက္နက္ေတြ armor ေတြ သိမ္းထားလို႔ ေနရာမဆန႔္ေတာ့ရင္ စိတ္မပူပါနဲ႔ ။ Vault ထဲ ေျပာင္းထည့္ၿပီး ထားထားလို႔ရပါတယ္ ။ မဟုတ္ရင္လည္း dismentle လုပ္လိုက္လို႔ရပါတယ္ ။ dismentle လုပ္လိုက္ရင္ item အေရာင္အဆင့္အတန္းအလိုက္ ထူးျခားခ်က္အလိုက္ Enhancement core တို႔ weapon mod တို႔ shader တို႔ ရတတ္ပါတယ္ ။
လက္နက္ေတြ armor ေတြ dismentle လုပ္ရင္ Legendary၊ Exotic ေတြကို သတိထားၾကည့္ၿပီး dismentle လုပ္ပါ ။ ဒီဟာေတြက ဒီလိုပုံစံမ်ိဳး ျပန္ရဖို႔ အခြင့္အလမ္း နည္းလို႔ပါ ။ Exotic ကေတာ့ အရွားပါးဆုံးေပါ့ ။
Adventure, Lost Sector, Public Events, Patrol mission, Strike ေတြလုပ္ပါ
Planet တစ္ခုခ်င္းစီမွာ Adventure, Lost Sector, Public Events, Patrol mission, Strike ေတြ ရွိပါတယ္ ။ ဒါေတြ Exp အေပးမ်ားတဲ့အျပင္ gun ေတြ armor ေတြ ေကာင္းေကာင္းရတတ္တဲ့ activities ေတြပါပဲ ။
ၿပီးေတာ့ Planet တိုင္းမွာ Vendor ေတြရွိတယ္ ။ သူတို႔က item ေပးသလို Bounty ေတြလည္း ရွိတယ္ ။ Planet တစ္ခုမွာ Public event ပဲ ျဖစ္ျဖစ္ lost sector ပဲ ျဖစ္ျဖစ္ လုပ္ဖို႔အစီအစဥ္ရွိရင္ အဲ့ Planet မွာရွိတဲ့ Vendor ဆီက bounty ယူၿပီးမွ လုပ္ပါ ။ activities ေတြ လုပ္ေနရင္းနဲ႔ ဒီ bounty ေတြပါ တစ္ခါတည္း ျပည့္သြားၿပီး Exp ေတြလည္းရ Glimmer ေတြလည္းရသလို item ေတြလည္း အရမ်ားမွာမို႔ တစ္ခ်က္ခုတ္ ၂ ခ်က္ျပတ္မယ့္ ကိစၥပါ ။
Adventure, Lost Sector, Public Events, Patrol mission, Strike ေတြကို ထပ္ရွင္းျပရရင္
Adventure > Adventure ေတြက side quest လိုမ်ိဳးပါပဲ ။ Planet တစ္ခုခ်င္းစီမွာ ရွိၾကပါတယ္ ။ Adventure ေတြက လုပ္ရတာ သိပ္မရွည္ပါဘူး ။ ၁ ေယာက္တည္းလည္း လုပ္ႏိုင္သလို အဖြဲ႕နဲ႔ fireteam နဲ႔လည္း လုပ္လို႔ရပါတယ္ ။ Adventure ေတြက mission ေလးေတြနဲ႔ ဖြဲ႕ထားတဲ့ ဇာတ္လမ္းတိုေလးေတြပါ ။ အဓိကဇာတ္လမ္းမွာ ျမဳပ္ထားခဲ့တဲ့ သိပ္အေရးမႀကီးတဲ့ အပိုင္းေလးေတြေပါ့ ။
Lost Sector > Mini Dungeon ေလးပါ ။ ဘာ mission မွ မရွိပါဘူး ။ Lost Sector ရွိတဲ့ေနရာ အေပါက္ဝမွာ အမွတ္အသားနဲ႔ ျပထားေလ့ ရွိပါတယ္ ။ ဒီအမွတ္အသားရွိတဲ့ေနရာကေန ဝင္သြားရင္ lost sector ပါပဲ ။ အထဲဝင္ ၊ လမ္းတစ္ေလွ်ာက္ ေတြ႕သမွ် အေကာင္ အကုန္သတ္ ၊ ေနာက္ဆုံးမွာ ရွိတတ္တဲ့ boss ကို သတ္ၿပီး ပုံးဖြင့္လိုက္ရင္ Lost Sector ဝင္ခ်တာ ၿပီးဆုံးပါၿပီ ။
Public Event > သတ္မွတ္အခ်ိန္အတြင္း လူအမ်ားႀကီးနဲ႔ ေဆာ့ရတဲ့ Event တစ္မ်ိဳးပါ ။ ဘယ္သူမဆို ပါလို႔ရပါတယ္ ။ Spider tank ႀကီးကိုလည္း ဖိုက္ရခ်င္ ဖိုက္ရလိမ့္မယ္ ။ Mining လုပ္ေနတာကို ဝင္ ဖ်က္ရခ်င္ ဝင္ဖ်က္ရလိမ့္မယ္ ။ ဒါမွမဟုတ္ တစ္ခုခုကို ကာကြယ္ရခ်င္ ကာကြယ္ေပးရလိမ့္မယ္ ။ Destiny 2 တစ္ေလွ်ာက္ လုပ္ခိုင္းတာေတြ ေတြ႕ရတာေတြရဲ႕ တစ္စိတ္တစ္ပိုင္းကို Public Event မွာ ျမင္ရမွာပါ ။ Public Event ကေပးတဲ့ rewards ေတြက တန္ပါတယ္ ။ ၿပီးေတာ့ လုပ္ရတာလည္း ေပ်ာ္ဖို႔ေကာင္းပါတယ္ ။ (လူအမ်ားႀကီးနဲ႔ လုပ္ရတဲ့အခါဆိုလို႔ရွိရင္ သင့္အေနနဲ႔ bam bam bam လုပ္႐ုံပါပဲ :P )
Public Event မွာ ႐ိုး႐ိုး normal mode နဲ႔ ခ်ရခက္တဲ့ Heroic mode ၂ မ်ိဳးရွိပါတယ္ ။ Heroic mode က လုပ္ရတာ နဲနဲ လက္ေပါက္ကပ္ပါတယ္ ။ သူလိုခ်င္တဲ့ အေျခအေနရေအာင္ အတိအက် ဖန္တီးမွသာ Heroic event ပြင့္လာတတ္တာမို႔လို႔ပါ ။
Tip ။ ။ Public Event မစခင္ count down အခ်ိန္မွတ္ေနတဲ့ အခ်ိန္ Public Event အလံတိုင္ကို Rally to Flag လုပ္ရင္ ကိုယ့္ရဲ႕ Super ေတြ လက္နက္က်ည္ဆံေတြ အကုန္ ျပည့္သြားပါတယ္ ။ ဒါေပမယ့္ အလံတိုင္တစ္ခုကို တစ္ခါပဲ လုပ္ခြင့္ရွိပါတယ္ ။
Patrol mission > Patrol mission ကေတာ့ အေကာင္သတ္ခိုင္းမယ္ ။ က်လာတာ ေကာက္ခိုင္းမယ္ ။ boss သတ္ခိုင္းမယ္ ။ ဒီေလာက္ပါပဲ ။ တကယ့္ကို တိုတိုေလးပါပဲ ။ activities အားလုံးထဲမွာ လုပ္ရတဲ့အခ်ိန္ အတိုဆုံး ။ ဒါေပမယ့္ Exp, item ေတြက အရနည္းတာမို႔ လုပ္ရတာ သိပ္မတန္လွပါဘူး ။ ထပ္ခါထပ္ခါလုပ္ရင္ ပ်င္းသြားႏိုင္ပါတယ္ ။
Strike > Strike ကေတာ့ ေဆာ့ရတာ ရွည္တယ္ ။ mission ေတြ အတြဲလိုက္နဲ႔ ။ က်န္တာေတြထက္ နဲနဲခက္တယ္ ။ Strike ေဆာ့ဖို႔ fireteam ၁ ေယာက္ သို႔ ၂ ေယာက္လိုပါတယ္ ။ (တစ္ေယာက္တည္းလည္း ေဆာ့လို႔ရပါတယ္ တကယ္လို႔ သင္ဟာ ပစ္တာ ခတ္တာ စူပါ သုံးတာေတြမွာ ကြၽမ္းေနၿပီဆိုရင္ေပါ့) အၾကမ္းပတမ္း ပစ္ရမယ္ ။ ေသတာလည္း မ်ားလိမ့္မယ္ ။ တခါတေလ အဖြဲ႕လိုက္ အတိုင္အေဖာက္ညီညီ လုပ္မွ ေက်ာ္လႊားႏိုင္မယ့္ အရာေတြ ရွိတယ္ ။ Final Boss ေရာက္ရင္ေတာ့ ပိုၿပီးေတာင္ အေဆာ္ခံရေတာ့မွာပါ ။
က်ေနာ့္ အျမင္ ။ ။ Destiny 2 မွာ ဘာ mission ပဲ လုပ္လုပ္ ၊ mission လုပ္ေနစဥ္အတြင္း ဘယ္အခ်ိန္မဆို ဝင္လို႔ရ ထြက္လို႔ရေနတာကိုပဲ သေဘာက်တယ္ ။ ဒါေပမယ့္ PvP competitive မွာေတာ့ အဲ့လို လုပ္လို႔မရေတာ့ပါဘူး ။ လုပ္လိုက္လို႔ရွိရင္ မိနစ္ ၃၀ ban ခံထိမွာပါ ။
Daily Rewards, Weekly Rewards ေတြ ရႏိုင္သေလာက္ ေဆာ့ယူပါ
Daily Reward, Weekly Rewards မွာေတာ့ Heroic, Vanguard Strike, Crucible, Gambit စတာေတြ ပါဝင္ပါတယ္ ။ Daily Rewards, Weekly Rewards ေတြက သိလြယ္ပါတယ္ ။ World Map ကို ၾကည့္လိုက္ရင္ ေဘးနားမွာ အဝါေရာင္ icon ေလးနဲ႔ ျပတာေတြ႕မွာပါ ။ တကယ္လို႔ သင္ဟာ rewards ေတြ မယူရေသးရင္ေပါ့ ။
ဒီ Rewards ေတြက Legendary အမ်ိဳးအစား power level အျမင့္ကို ေပးပါတယ္ ။
Recovery Stats ကို ဦးစားေပး ေ႐ြးထားပါ ။
Armor ေတြ weapons ေတြမွာ perks ကို ကိုယ္လိုတာ ေ႐ြးခ၊်ယ္ခြင့္ ေပးထားပါတယ္ ။ Recovery stats ကို ဦးစားေပး ေ႐ြးထားေပးပါ ။ shooter ဂိမ္းမွာ PvP ေတြ ေဆာ့တဲ့အခါ ကိုယ္အသက္ရွင္က်န္ရစ္ဖို႔အတြက္ Recovery က အေရးႀကီးတာမို႔လို႔ပါ ။
Xur ကို သတိထား ေစာင့္ၾကည့္ေပးပါ
Xur ဆီမွာ အေကာင္းစား Exotic ေတြ ရွိပါတယ္ ။ Exotic ေတြက Destiny 2 မွာ ႀကိဳက္တဲ့ဟာပဲ ေဆာ့ေဆာ့ ေဆာ့ေနရင္းနဲ႔ က်လာတတ္တာ မွန္ေပမယ့္ Xur ဆီက ဝယ္တာက ရဖို႔ ပိုအေသခ်ာဆုံးပါပဲ ။ Xur ဆီက ဝယ္တာေလာက္ ေသခ်ာတာ မရွိေတာ့ပါ ။ Xur က ေသာၾကာေန႔ည daily reset ျဖစ္တဲ့အခ်ိန္ လာေလ့ရွိပါတယ္ ။ တစ္ခါတစ္ခါ လာရင္ Xur ေရာင္းတဲ့ exotic ေတြက တူေလ့မရွိၾကပါဘူး ။ ဒါေပမယ့္ ကိစၥမရွိပါဘူး ။ Xur က Exotic engram နဲ႔ မဲေဖာက္ေပးပါတယ္ ။ Legendary Shards က 97 ခုေတာ့ လိုတာေပါ့ ။ မဲေဖာက္ရင္ က်ႏိုင္ေခ်ရွိတဲ့ exotic စာရင္းကိုလည္း ျပေပးပါေသးတယ္ ။ Exotic Engram ကို right click ႏွိပ္ၿပီး preview ထဲမွာ ဝင္ၾကည့္ရင္ ဘာ item ေတြ က်ႏိုင္ေခ်ရွိလဲဆိုတာ ေတြ႕ႏိုင္ပါတယ္ ။ အဲ့ဒီ exotic စာရင္းက ၅ မိနစ္ တစ္ခါ ေျပာင္းပါတယ္ ။
Energy weapons take down shields faster
Shield ရွိတဲ့အေကာင္ကိုေတြ႕ရင္ သူ႔နဲ႔သက္ဆိုင္တဲ့ Energy weapon နဲ႔ ပစ္ပါ ။ ပိုအကြဲျမန္သလို damage လည္း ထိတာ ပိုမ်ားပါတယ္ ။ ဥပမာ အျပာေရာင္ shield ရွိတဲ့အေကာင္ဆိုရင္ "Arc” Energy ရွိတဲ့ gun နဲ႔ပစ္ရင္ shield ေပါက္တာ ပိုျမန္သလို ေဘာနပ္စ္အေနနဲ႔ damage အပိုလည္း ထိပါတယ္ ။
Shield အျပာေရာင္ = Arc
Shield အနီေရာင္ = Solar
Shield ခရမ္းေရာင္ = Void
Destiny 2 မွာ Kinetic, Energy, Power ဆိုၿပီး weapon slot အမ်ိဳးအစား ၃ မ်ိဳးရွိပါတယ္ ။ Kinetic မွာရွိတဲ့ gun ေတြဟာ ပုံမွန္အားျဖင့္ အေျခခံ gun ေတြျဖစ္ၿပီး က်ည္ကတ္ရလြယ္သလို အသုံးမ်ားၾကပါတယ္ ။ Energy အမ်ိဳးအစားထဲမွာရွိတဲ့ ေသနတ္ေတြကို shield ခြဲတဲ့ေနရာမွာ သုံးရမွာ ျဖစ္ၿပီး Power ကေတာ့ damage အားျဖင့္ အျမင့္ဆုံးျဖစ္ၿပီး က်ည္ကဒ္ရတာ အရွားပါးဆုံးလည္း ျဖစ္ပါတယ္ ။ Kinetic ႏွင့္ Energy ဒီႏွစ္ခုကို damage အားျဖင့္ ႏႈိင္းယွဥ္ရင္ အတူတူပဲျဖစ္ၿပီး Shield ရွိတဲ့ ရန္သူ သို႔ Super သုံးေနတဲ့ player ေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ရတဲ့အခါမွာသာ သက္ေရာက္မႈက ကြာျခားသြားတာ ျဖစ္ပါတယ္ ။
Join a clan
ဒါကေတာ့ လူေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ ။ ကိုယ့္ clan နဲ႔ဆို ကိုယ့္ သူငယ္ခ်င္းေတြနဲ႔ တူတူေဆာ့ရင္ ပိုေပ်ာ္ဖို႔ေကာင္းပါတယ္ ။ ဒါေပမယ့္ Clan member ျဖစ္မွ ရမယ့္ feature ေလးေတြ ရွိပါတယ္ ။ ဥပမာ ျပရရင္ Destiny Myanmar (DMM) clan ဆို အခုဆိုရင္ level 4 ေရာက္ေနပါၿပီ ။ Clan အဖြဲ႕သားေတြနဲ႔ activities ေတြလုပ္ရင္ Exp ပိုရတယ္ ။ အပတ္တိုင္း Clan activities ေတြ ျပည့္ေအာင္ အုပ္စုလိုက္ တစ္ခါေလာက္ ေဆာ့ခဲ့ရင္ ေဆာ့တဲ့အထဲ ကိုယ္မပါရလည္းပဲ ကိုယ္လည္း ဝင္မေဆာ့ရပါပဲနဲ႔ Legendary Engram သို႔ Powerful Legendary Engram ၅ ခုကို ကိုယ္ ရပါတယ္ ။ အခု season အရ clan perk က ဒါေတြအျပင္ enhancement core ၇ ခုပါေပးေနပါတယ္ ။
Enhancement core ဆိုတာမ်ိဳးက ေတာ္ေတာ္ရွာရခက္တဲ့အမ်ိဳုး ။ အသုံးဝင္ခ်က္ကေတာ့ weapon ေတြ armor ေတြ upgrade လုပ္တဲ့ေနရာမွာ သူက လုံးဝ မပါမျဖစ္ပါပဲ ။
Web browser ကေန ဒါမွမဟုတ္ Destiny 2 Companion app ကေန ကိုယ့္ inventory ကို စီမံပါ
Web browser ကေန စီမံမယ္ဆို "Ishter Commander" ဆိုတဲ့ Destiny item manager ကို သုံးပါ ။
Ishter Commander |
ဖုန္းကေန စီမံမယ္ဆို Destiny 2 companion အက္ပလီေကးရွင္းကို သုံးပါ ။
Destiny 2 companion |
ကိုယ့္မွာရွိတဲ့ item ေတြ Vault ထဲ (သို႔) Vault ကေန ကိုယ့္ထဲ အျပန္အလွန္ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ item ေတြရဲ႕ power level ၾကည့္ဖို႔ Quest step ေတြၾကည့္တဲ့ေနရာမွာ အခ်ိန္ကုန္သက္သာေစဖို႔အတြက္ Destiny item manager ႏွင့္ Destiny 2 companion အက္ပလီေကးရွင္းကို သုံးတတ္ပါေစ ။ ကိုယ္ raid ထဲဝင္ေနတဲ့အခ်ိန္မ်ိဳး ဒါမွမဟုတ္ တျခား activities ေတြ လုပ္ေနတဲ့အခါမ်ိဳးမွာ Tower ကိုျပန္စရာမလို ဖုန္းအက္ပလီေကးရွင္း၊ web browser ထဲကေန တိုက္႐ိုက္စီမံ ထည့္လို႔ရေနတာေၾကာင့္ အရမ္းကို အသုံးတည့္ပါတယ္ ။ Destiny 2 player ေတြ မရွိမျဖစ္ သုံးသင့္တဲ့ အရာေတြပါ ။
Destiny 2 ဂိမ္းႏွင့္ ပတ္သက္တဲ့ အသုံးဝင္တဲ့ အရာေတြ ျဖစ္တဲ့ Ishter Commander တို႔ Destiny 2 companion တို႔ကို IOS နဲ႔ Andriod မွာ free ရႏိုင္ပါတယ္ ။ region မကန႔္သတ္ထားလို႔ လြတ္လပ္စြာ ေဒါင္းယူ အသုံးျပဳႏိုင္ပါတယ္ ။ သက္ဆိုင္ရာ app store မွာ download ဆြဲႏိုင္ပါတယ္ ။
ဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ။ အေထာက္အကူျဖစ္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္ ။
Thanks to my Friends,
Azure (DMM)
Phoesic (DMM)
Destiny 2 ဂိမ္းစေဆာ့တဲ့သူေတြအတြက္ သိထားသင့္တဲ့ အခ်က္ေလးမ်ား
Reference: PCgamer
ဒီပုံေလးကေတာ့ က်ေနာ္တို႔ရဲ႕ PC player Clan ပဲ ျဖစ္ပါတယ္ ။ ျမန္မာေတြခ်ည္းပါပဲ ။ Gun ေတြ ရေအာင္ လိုက္ကူညီေပးပါတယ္ ။ Raid ေတြလည္း ေဆာ့ၾကပါတယ္ ။ Level အတက္ျမန္ေအာင္လည္း ကူညီေပးပါတယ္ ။ clan ဝင္ခ်င္ရင္ က်ေနာ္ဆီကတစ္ဆင့္ ဝင္လို႔ရပါတယ္ ။ က်ေနာ္က Clan leader မဟုတ္ေပမယ့္ ဝင္လို႔ရေအာင္ လုပ္ေပးႏိုင္ပါတယ္ ။ casual ပဲ ေဆာ့ၾကပါတယ္ ။
Join Destiny MM (DMM) Clan => https://www.bungie.net/en/ClanV2/Index?groupId=2783041
ဒီ clan လည္း ျမန္မာေတြခ်ည္းပါပဲ ။ ဒါေပမယ့္ active အျဖစ္ဆုံး member ေတြ စုေနတဲ့ clan ပါ ။ သူတို႔က ေန႔တိုင္းလိုလို ေဆာ့ၾကၿပီး လူလည္း မ်ားပါတယ္ ။ content အစုံ ေဆာ့ၾကတဲ့အတြက္ မိမိမွာ DLC ေတြရွိေနဖို႔ လိုပါတယ္ ။ အနည္းဆုံး shadowkeep ေလာက္ရွိေနမွ အဆင္ေျပမွာပါ ။ လတစ္လရဲ႕ ပထမဆုံး Sunday တိုင္း clan အတြင္း member ေတြနဲ႔ PvP ၿပိဳင္ပြဲေတြ က်င္းပၿပီး ဆုအေနနဲ႔ Steam Gift card 5$/10$ ေပးၿပီး တခါတရံ Steam Gift card ေတြ မဲေဖာက္ေပးေလ့ရွိပါတယ္ ။ PvP, PvE ေတြေဆာ့ေပးၿပီး Gun ေတြလည္း ကူရွာေပးၾကပါတယ္ ။ in game challenge ေလးေတြနဲ႔လည္း ေဆာ့ၾကပါတယ္ ။
Join Day Break's Plunderers Clan => https://www.bungie.net/en/ClanV2/Index?groupId=4278487
ဝင္ခ်င္ရင္ေတာ့ ထိုသူကို တိုက္ရုိက္ဆက္သြယ္ေျပာၾကားကာ ခြင့္ေတာင္းၿပီး ဝင္လို႔ရပါတယ္ ။
Facebook Link => https://www.facebook.com/khailynn
Thank you for reading.
0 Comments