Heavy Rain Review

 


Writer, Seo Thu Aung
စာဖတ်မရလျှင် ဒီကို နှိပ်ပါ​ Unicode version











ပလေယာဟာ
Ethan Mars (Architect)







လုံးဝ recommended ပါ၊



5GB နီးပါးရှိပါတယ်။





CPU: i5 6500 @3.2GHz
GPU: GTX 1660 Gaming X
RAM: 16GB DDR4 @2133MHz
Display: 1080p 60Hz

PC specs detail



























Buy the game here
PC Demo in action
PC Demo screenshots

Writer, Seo Thu Aung 

Unicode


Heavy Rain Review


ဂိမ်းတစ်ခုဟာ ကစားသူပလေယာကို ရွေးချယ်ခွင့်များများပေးမထား သူချထားပေးတဲ့ ဇာတ်လမ်းဘောင်အတွင်းမှာပဲအဲဝင်ခွင်ကျဖြစ်အောင်လုပ်ထားပီး ခလုတ်ကိုအဆက်မပြတ်ထုရိုက်ခြင်းဆိုတဲ့ သမစဉ်အတွင်းကနေ သင်ဟာနှစ်သက်သူတစ်ယောက်ဆိုရင် developer Quantic Dream ရဲ့ Heavy Rain က သင့်အတွက် လုံးဝမတူညီတဲ့ အတွေ့အကြုံ ခံစားမှု ရသအသစ် အမြင်ရှုထောင့်တစ်ခုကို ဆောင်ယူလာမှာပါ။

Developer: Quantic Dream
Platform: PlayStation 3, PlayStation 4
Release: February 2010 (PS3)

သင်ဟာ dev; DONTNOD ရဲ့ Life Is Strange ၊ Quantic Dream ရဲ့ title ပဲဖြစ်တဲ့ Beyond: Two Souls စတဲ့ ဇာတ်ကြောင်းပြောပြမှုအသားပေးတဲ့ ဂိမ်းတွေနဲ့ ရင်းနှီးခဲ့သူတစ်ယောက်ဆိုရင်တော့ Heavy Rain ရဲ့ တင်ဆက်မှုဟာ အစိမ်းသက်သက်ဖြစ်နေမှာတော့ မဟုတ်ပါဘူး။

Writer, Seo Thu Aung
 
ဒါပေမဲ့ ထူးခြားတာက Heavy Rain ရဲ့ ဇာတ်လမ်းဟာ Linear တသမတ်တည်းမဟုတ်တာပါ.. ဇာတ်လမ်းက ကစားသူပလေယာကို ဆွဲခေါ်သွားမှာမဟုတ်ပဲ သင်ကိုယ်တိုင်ကပဲ ဇာတ်လမ်းကို ပဲ့ကိုင်သွားမဲ့ ပုံဖော်သွားမဲ့ ဒါရိုက်တာပါပဲ။ ပြင်ပလူနေမှုကမ္ဘာမှာ သင့်ရဲ့ လုပ်ဆောင်မှု action တိုင်းမှာဖြစ်လာမယ့်အကျိုးဆက်ကို သင်ကိုယ်တိုင်ခံစားရသလိုပဲ Heavy Rain ဟာလည်း ပလေယာရဲ့ ရွေးချယ်မှုတစ်ခုတိုင်းအတွက် ဇာတ်ကြောင်း ဇာတ်အိမ် အလိုက်သင့်ပြောင်းလည်းသွားမှာပါ။ ဆိုပါစို့ .. သင်နဲ့ သင့်ပါတနာ နှစ်ယောက်သား အသက်ဘေးနဲ့ပြေးရချိန်မှာ ချောက်ကမ်းပါးအစွန်ရောက်သွားပါပီတဲ့.. အောက်မှာလည်း ချောင်းလိုလို ရေခပ်ရေးရေးမြင်ရပေမဲ့ ခုန်ချရင်သေမယ် ရှင်မယ်မသိ၊ တစ်ခြားအဖွဲ့တွေနဲ့လိုက်သွားရအောင်ကလည်း အခြေအနေရ တစ်ယောက်ပဲရမယ်ဆိုရင် သင်ဘာလုပ်မလည်း.. နှစ်ယောက်လုံးအောက်ကိုပဲခုန်ချမလား.. သင်ပဲနေခဲ့ပီး သင့်အဖော်ကိုပဲအဖွဲ့နဲ့ထည့်လိုက်မလား၊ ဒါမှမဟုတ် သင်ဘယ်လိုဆုံးဖြတ်မလည်း?

Heavy Rain story (major spoiler free!)


Architect တစ်ယောက်ဖြစ်တဲ့ Ethan ဟာ Shaun နဲ့ Jason တို့ရဲ့ ဖခင် ဖြစ်ပြီး သူတို့မိသားစုရဲ့ ဘဝလေးဟာ အလွန်သာယာကာ ပြီးပြည့်စုံတယ်လို့ဆိုရလောက်အောင်ပါပဲ။
အချိန်ကာလတစ်ခုမတိုင်ခင်အထိပေါ့..

တစ်ခုသောမနက်မှာ Jason ရဲ့ အသက် ဆယ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် မိသားစုလိုက် ဈေးဝယ်ထွက်ရာကနေ Jason ဟာ Ethan တို့နဲ့ ကွဲထွက်သွားပြီး မမျှော်လင့်ပဲ ကားအက်စီးဒင့်နဲ့ကြုံကာ အသက်ဆုံးပါးသွားရာကနေ Ethan ဟာ သူ့သားခုလိုဖြစ်ရတာ သူ့အပြစ်မကင်း သူသာ ဂရုတစိုက်နဲ့ရှိနေခဲ့ရင် Jason သေဆုံးရမှာမဟုတ်ဘူးလို့စိတ်ထဲ တစ်ထစ်ချ စွဲလမ်းထားရာကနေ စိတ်ကျ လူကျဖြစ်ကာ အိမ်ထောင်လည်းကွဲခဲ့ရပါတယ်။ Shaun ကိုတော့ Ethan က ခေါ်ထားကာ သူနဲ့အတူရှိစေပါတယ်။

Jason သေဆုံးပြီးနှစ်နှစ်ခန့်အချိန်ကာလကိုရောက်ရှိခဲ့ရာမှာတော့ နောက်ထပ် Ethan အတွက်အရူးမီးဝိုင်းဖြစ်စရာ ထပ်ကြုံလာရပြန်ပါတယ်..
လူထုအကြားနာမည်ကြီး ယခုအထိမည်သူမည်ဝါမသိရ ဖမ်းမမိသေးတဲ့ ပြန်ပေးဆွဲလူသတ်သမား Origami Killer ရဲ့ သားကောင်အဖြစ် Shaun ရောက်ရှိသွားခြင်းပါပဲ..

Origami Killer ဟာ ကလေးတွေကိုပဲ ပစ်မှတ်ထားလေ့ရှိပြီး သူ့သားကောင်အဖြစ်ရောက်ရှိသွားတဲ့ အပြစ်မဲ့ကလေးတွေဟာ လေးငါးရက်ထက်ကျော်လွန်လေ့မရှိပဲ မပြန်လမ်းကိုရောက်ရှိသွားရတာချည့်ပါပဲ..
နှစ်အတန်ကြာသည်အထိ အဆိုပါလူသတ်သမားကြောင့် သေဆုံးခဲ့ရတဲ့ ကလေးအရေအတွက်တဖြည်းဖြည်းများလာပေမဲ့ သူ့ကိုမည်သည့်ရဲဘက်အဖွဲ့အစည်းကမှရအောင်မဖမ်းနိုင်သေးတာကြောင့် ပြည်သူတွေဟာ မိမိတို့ရဲ့သား/သမီး Origami Killer ရဲ့သားကောင်ဖြစ်သွားမှာကိုအလွန်အမင်းစိုးရိမ်ကြောက်ရွံနေကြပါတယ်။ Origami Killer ရဲ့ပြန်ပေးဆွဲခံသူတွေရဲ့ အဆုံးသတ်တူညီတဲ့အချက်က မိုးဖြိုင်ဖြိုင်ရွာနေတဲ့ရာသီအတွင်းမှာ ကျင်းကတုတ် (သို့) မြောင်း တစ်ခုအတွင်းမှာ ရေမွန်းပီးသေဆုံးသွားရခြင်းပါပဲ။
နူရာဝဲစွဲ လဲရာသူခိုးထောင်း၊ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို သားတစ်ယောက်ဆုံးရှုံးပြီးလို့မှ အရှိန်မပြယ်သေး နောက်တစ်ယောက်ပါ ခုလို ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့၊ အရှင်ထားလေ့မရှိတဲ့ လူသတ်သမားရဲ့ လက်ထဲရောက်ရပီဆိုတာသိလိုက်ရတော့ Ethan ခမျာမှာ ……

ပလေယာဟာ
Ethan Mars (Architect)
Norman Jayden (FBI စုံထောက်)
Scott Shelby (အလွတ် စုံထောက်)
Madison Paige (ဂျာနယ်လစ်)

တို့ရဲ့နေရာကနေ ကစားရမှာဖြစ်ပြီး Heavy Rain ရဲ့ ဇာတ်ပေါင်း ဘယ်လိုရှိသွားမလည်းဆိုတာ သင် ကစားသူရဲ့ ဆုံးဖြတ်ချက် ရွေးချယ်ချက်တွေကြောင့် မတူပဲ ကွဲပြားသွားမှာဖြစ်ပါတယ်၊၊
ဂိမ်းပလေး ပိုင်းဟာ Quantic Dream ရဲ့ မူ အတိုင်းပါပဲ.. quick decision တွေလုပ်ရပါမယ်။ QTE တွေမှာ သင်ဟာ ညိမ်ပြီးထိုင်ကြည့်နေလို့မရပါဘူး.. စကရင်မှာ ပေါ်လာတဲ့ ညွန်ပြခလုတ်တွေကို လိုက်နှိပ်ရပါမယ်.. DualShock 3 controller ရဲ့ six-aixs နည်းပညာကိုလည်းအသုံးပြုထားတာကြောင့် တစ်ချို့နေရာတွေမှာ (Madison ရေချိုးပီးလို့ ရေသလပ်တာမျိုး :3 ) controller ကို အထက်အောက် ဘေးတိုက်ရွေ့လျားပေးရတာမျိုးတွေရှိပါတယ်။

Heavy Rain ဟာ PlayStation Move controller ကိုလည်း အထောက်အပံ့ပေးပီး ရိုးရိုး DualShock 3 နဲ့မဆော့ချင်သူတွေအတွက်ရွေးချယ်နိုင်ဖို့ရာ ဖန်တီးပေးထားပါသေးတယ်၊၊

GameInformer, GameSpot, IGN စတဲ့ site တွေရဲ့ overall score +9/10 ရရှိခဲ့တဲ့ Heavy Rain ဟာ လက်မလွတ်သင့်တဲ့ဂိမ်းအမျိုးအစားဖြစ်ပြီး PlayStation 3 exclusive မို့ ပလက်ဖောင်းအကန့်အသတ်ကြောင့်ကလွဲရင် ကျန်တာ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်တဲ့ story telling, narrative driven ဂိမ်းကောင်းတစ်ခုဆိုတာ ညွန်းလိုက်ပါရစေ၊၊

Heavy Rain (PC Demo) Gameplay & Performance Test


PS3 ရဲ့ ဂန္ဓဝင်ဂိမ်းတစ်ခုဖြစ်တဲ့ Heavy Rain နောက်လ Jun 24 မှာ PC အတွက်ထွက်လာတော့မယ်ဆိုတာ သိပြီးဖြစ်မှာပါ၊

ကျနော် Review လည်း ရေးခဲ့ပါတယ်၊၊

လုံးဝ recommended ပါ၊ ဒရာမာဇာတ်လမ်းကြိုက်တဲ့သူတွေ ဇာတ်လမ်းမှာ လုံးဝ နစ်မြောသွားမယ်လို့ အာမခံပါတယ်။

Epic Games Store ကနေတဆင့်ဝယ်ယူရမှာဖြစ်ပြီး $10 ကျသင့်မှာဖြစ်ပါတယ်။

မဝယ်ခင် စမ်းသပ်ကစားနိုင်ဖို့ရာအတွက် ဂိမ်းနမူနာ (demo) ကို မနေ့ကထုတ်ပေးလိုက်ပါတယ်။
Epic Games Store ကနေပဲ ဒေါင်းလုဒ်ဆွဲရမှာပါ၊
5GB နီးပါးရှိပါတယ်။
demo မှာ mission နှစ်ခုပါပီး အဲ့ဒီ mission နှစ်ခုလုံးက ဂိမ်း full version ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

demo ထွက်လာပီ၊ ဂိမ်းကလည်း နောက်လဆိုရင် ထွက်ပီဆိုတော့ ခု demo ကနေ သူ့ရဲ့ performance တွေ၊ ရုပ်ထွက်တွေကို မူလ PS3 က အတွေ့အကြုံနဲ့ ယှဉ်ပြပေးသွားပါမယ်။

Demo ကို စဖွင့်ပီးတာနဲ့ PC သမားတို့ရဲ့သမစဉ် graphics setting ထဲကို ဝင်ပီး လိုအပ်သလိုချိန်ညှိရပါတယ်။

ခု demo run တဲ့ PC ရဲ့ specs က

CPU: i5 6500 @3.2GHz
GPU: GTX 1660 Gaming X
RAM: 16GB DDR4 @2133MHz
Display: 1080p 60Hz

PC specs detail

graphics setting တွေကို High (ယခု demo ရဲ့ အမြင့်ဆုံး preset) မှာထားပီး Anti-aliasing ကိုလည်း အမြင့်ဆုံးဖြစ်တဲ့ 8x MSAA မှာထားလိုက်ပါတယ်။

ကျန်တဲ့ graphics setting တွေကိုလည်း တင်လို့ရသမျှ အဆုံးထိတင်လိုက်ပါတယ်။
(ပုံတွင် အသေးစိတ်ကြည့်နိုင်ပါတယ်)

mission စစချင်း သတိထားမိတဲ့အချက်က resolution ပါ။

ပုံရိပ်တွေ crisp ဖြစ်လာတယ် ပြတ်သားလာတယ် ပိုကြည့်ကောင်းလာတယ်၊

PS3 မှာတုန်းကလို မဲမှောင်နေတာမျိုး ဝါးတားတားဖြစ်နေတာမျိုးတွေ မရှိတော့လို့ အားစိုက်ပီးလိုက်ကြည့်စရာလည်းမလိုတော့ဘူး။

နောက်တစ်ချက်က 60FPS (max) ထုတ်ပေးတာပါပဲ။

PCMR တစ်ချို့ပြောပါလိမ့်မယ် . . 60FPS pff ဆိုပီး . .

Heavy Rain လို cinematic အသားပေး ဂိမ်းအတွက် 60FPS ဆိုတာ perfect ဆိုတာထပ် ပိုပါတယ်။
30FPS lock နဲ့ဆိုရင်တောင် PS3 ကထုတ်ပေးတဲ့ frame reate ထက် ပိုပီးတည်ညိမ်ပါတယ်။

ဇာတ်ကောင် character တွေရဲ့ texture တွေ animatuon တွေက resolution များလာတာနဲ့အတူ ပိုပီးအသက်ဝင်လာတယ်။

PS3 မှာတုန်းက resolution 720p ပဲရတယ်၊

PC မှာက 4K အထိ support ပေးသလို ultrawide (21:9) monitor တွေကိုလည်း native အထောက်အပံ့ပေးပါတယ်။ ဒါ့အပြင် lighting ပိုင်းတွေ၊ အရိပ်တွေ၊ ပုံရိပ်စိုစွတ်မှု (ambient aooclision) တွေက PS3 မှာထက် အပုံကြီးပိုကောင်းလာတာပါ။

အမြင်ပိုင်းမှာတော့ကောင်းကွက်တွေချည့်ပဲ အပြစ်ဆိုစရာမရှိ။

* facebook ရဲ့ image compression က မကောင်းမွန်တဲ့အတွက် screenshot တွေကို imgur မှာ တင်ပေးလိုက်ပါတယ်

See here

PC မှာ တစ်ခု ဒုက္ခရောက်မှာက gameplay experience ပါ။

PS3 တုန်းက သူ့ရဲ့ Dualshock 3 ဂိမ်းခလုတ်ရဲ့ six-axis လုပ်ဆောင်ချက်တွေကိုအပြည့်အဝအသုံးချထားလေတော့ ခလုတ်ကိုဝှေ့ယမ်းပီးထိန်းရတဲ့ motion control တွေမှာ တော်တော်အရသာရှိပါတယ်။

ခလုတ်ကြီး ခါရမ်းပီးဆော့ရတာကို ဘေးကကြည့်ရင် ကြောင်တောင်တောင်နိုင်တယ်ထင်ရပေမဲ့ တကယ်တမ်းက တော်တော်အရသာရှိပါတယ် (ကျနော့်အမြင်ပေါ့လေ)။

ဒီလို လှုပ်ရှားမှုအသားပေးကို keyboard + mouse နဲ့ ဆော့ကစားမယ်ဆိုရင် gameplay experience က နည်းနည်းပေါ့ပျက်ပျက်ဖြစ်သွားမှာပါ။

တကယ်လို့ သင်က PS3 မှာ မကစားခဲ့ဘူးဆိုရင် သိပ်ပြသနာမဟုတ်ပေမဲ့ PS3 မှာ Heavy Rain ကို ကစားခဲ့မယ်ဆိုရင် ခု feeling ကို သေချာပေါက်ခံစားရမှာပါ။

PC Performance Analysis


PS3 ထက် အမြင်ပိုင်းမှာတိုးတက်ကောင်းမွန်လာတာကတော့ဟုတ်ပီ. .

အဲ့ပိုကောင်းတဲ့ပုံရိပ်တွေကို PC က သက်သက်သာသာနဲ့ထုတ်ပေးနိုင်ပါ့မလား . . ဘယ်လို hardware မျိုးတွေလိုအပ်မလည်း။

1080p All Max settings ကို i5 6500 + GTX 1660 + 16GB @2133MHz သုံးထားတဲ့ PC က 60FPS stable ကို အေးအေးဆေးဆေးထုတ်ပေးပါတယ်။

Demo run တဲ့ မိနစ် လေးဆယ်တစ်လျောက်လုံး GPU load 55% avg, CPU load 60% avg ပဲရှိတာမို့headroom အများကြီးကျန်ပါသေးတယ်။

System Ram ကိုလည်း 4GB ကျော်ကျော် (max 5GB) ပဲသုံးပါတယ်။

ဆိုရရင် 1080p medium graphics detail မှာ run ဖို့အတွက် i3 CPU နဲ့ GTX 750 ရှိရင်ကို အဆင်ပြေပါတယ်။
GT 1030 လို ကတ်နဲ့တောင်မှ medium detail @30FPS ရနိုင်တဲ့ဂိမ်းပါ။

မိမိမော်နီတာက 900p ဆိုရင် GT 1030 နဲ့ high detail (AA off) အထိ မျှော်မှန်းလို့ရပါတယ်။

demo မှာ hang တာတွေ glitch တွေ error တွေ မတွေ့ရတာမို့ optimized ဖြစ်တဲ့ PC port လို့ဆိုရမှာပါ။

အချုပ်ပြောရရင် ဇာတ်လမ်းကို deep ခံစားလိုတဲ့ PC gamer တွေ လက်မလွတ်သင့်တဲ့ဂိမ်းပါ။

optimized လည်းဖြစ်၊ PS3 version ထက်လည်း တိုးတက်ကောင်းမွန်လာတာမို့ ဂိမ်းထွက်လာရင်ဝယ်ကြဖို့တိုက်တွန်းပါတယ်။

Buy the game here
PC Demo in action
PC Demo screenshots

Writer, Seo Thu Aung

Post a Comment

0 Comments