(console ဆုိတာက ဂိမ္းအတြက္သီးသန္႔ျပဳလုပ္ထားတဲ့စက္ေတြကုိေခၚတာပါ . . Sony ရဲ႕ PlayStation ဂိမ္းစက္ေတြ၊ Microsoft ရဲ႕ Xbox ဂိမ္းစက္ေတြ၊ Nintendo ရဲ႕ Wii တုိ႔ Switch တုိ႔ . .. စတဲ့ စတဲ့ စက္ေတြကုိ console လုိ႔ေခၚပါတယ္)
စာမမြင်လျှင် ဒီကိုနှိပ်ပါ
All credit to original writer Seo Thu Aung, copy from SJH facebook page
ဂိမ္းဆယ္ခုရိွရင္ ရွစ္ခုေလာက္က pc ေကာ console မွာပါ ထြက္ရိွေလ့ရိွပါတယ္။ ခုခ်ိန္မွာဆုိရင္ေတာ့ PC, PS4, Xbox One . . ဒီပလက္ေဖာင္းေတြေပၚမွာေပ့ါ။ Rise of the Tomb Raider . . Xbox One အတြက္ထြက္လာတယ္၊ PS4 အတြက္လည္း ထုတ္ေပးတယ္၊ PC မွာလည္း ရိွတာပဲ။
ဒီေတာ့ အဲ့ဂိမ္းက PC, PS4, Xbox One ဘာေတြကြာျခားမႈရိွလည္း။
PC နဲ႔ console ၾကားျခားနားခ်က္ဆုိပါေတာ့။ PC နဲ႔ console တည္ေဆာက္ပံုျခင္းမတူတဲ့အခ်က္က PC မွာ hardware level အမ်ိဳးမ်ိဳးရိွပါတယ္။ dual-core စီပီယူနဲ႔ GT 1030, RAM 4GB ေလာက္နဲ႔ ဂိမ္းေဆာ့ေနတဲ့သူေတြရိွသလို ေနာက္ဆံုးေပၚစီပီယူ ဂရပ္ဖစ္ကတ္ အျမင့္ေတြနဲ႔ ေဆာ့ေနတဲ့သူေတြလည္းရိွတာပဲ။ console မွာက ရွင္းပါတယ္၊ PS4 ျဖင့္ PS4 Xbox One ဆုိရင္လည္း Xbox One တသမတ္တည္း။ ဒီေတာ့ ဂိမ္းေရးဆြဲဖန္တီးတဲ့ ဒပေလာ့ပါေတြက သူတို႔ရဲ႕ ဂိမ္းေတြကုိ ပီစီအတြက္ထုတ္ေပးတဲ့အခါမွာ ပီစီရဲ႕ hardware အလုိက္ အနိမ့္အျမင့္ခ်ိန္ညိွႏုိင္ဖုိ႔အတြက္ ဂရပ္ဖစ္ setting ေတြကို ထည့္သြင္းေပးလုိက္တာပါပဲ။ အလြယ္ေျပာရရင္ low / medium / high . . low ဆုိရင္ ရုပ္ထြက္ေတြမေကာင္းဘူး မလွဘူး .. ဒါေပမယ့္ ပီစီကအနိမ့္ဆုိရင္ မထစ္ပဲေဆာ့လုိ႔ရမယ္ေပ့ါ။ medium ဆုိရင္ ရုပ္ထြက္ေကာင္းလာပီ high ဆုိရင္ေတာ့ အေကာင္းဆံုးပဲ . အဲ ရုပ္ထြက္လည္းအေကာင္းဆံုး အလွဆံုးျဖစ္တဲ့အတြက္ ကြန္ပ်ဴတာက ဒီပံုရိပ္ေတြကုိအခ်ိန္မီျပေပးႏုိင္ဖို႔ရာအတြက္ လံုေလာက္တဲ့ စြမ္းေဆာင္ရည္ရိွရမယ္။ မရိွရင္ေတာ့ ထစ္ပီ ေလးပီ slow motion ေတြျဖစ္ပီပဲ။ PC နဲ႔ ဂိမ္းကစားမယ္ဆုိရင္ အဲဒီ ဂရပ္ဖစ္ setting ေတြရဲ႕ တစ္ခုျခင္းစီ အဓိပၸာယ္ သေဘာသဘာ၀ကုိနားလည္ေနမွသာ မိမိ PC နဲ႔လိုက္ဖက္တဲ့ ပံုစံကုိရရိွပီး ဂိမ္းကုိအျပည့္အ၀အာရံုခံစားႏုိင္မွာျဖစ္ပါတယ္။ (အဓိကက်တဲ့အခ်က္ေတြပဲေျပာသြားမွာျဖစ္လုိ႔ အခ်ိဳ႕ေသာအေၾကာင္းအရာေတြကုိ ခ်န္ထားခဲ့ပါတယ္)
1. Resolution
resolution က PC မွာ အခရာပါ။ 1366 x 768 ဆုိရင္ ေရျပင္ညီ (horizontal) မွာ pixel အေရအတြက္ 1366 ခု၊ ေဒါင္လုိက္ (vertical) မွာ 768 ခု 1600 x 900 ဆုိရင္ horizontal = 1600pixel, vertical = 900pixel 1080p လုိ႔ေခၚတဲ့ 1920 x 1080 ဆုိရင္ horizontal = 1920pixel, vertical = 1080pixel ေပါ့ က်ေနာ္တုိ႔ ေရွ႕မွာ ေမာ္နီတာ ကုိျမင္ေနရတယ္မဟုတ္လား၊ အဲ့ေမာ္နီတာက 1080p ရိွတယ္ဆုိပါစို႔။ ေမာ္နီတာရဲ႕ ဘယ္ကေနညာ (horizontal) အတုိင္းမွာ pixel ေလးေတြ 1920ခု ရိွပီး အထက္ေအာက္ (vertical) မွာ အေရအတြက္ 1080ခု ရိွပါတယ္။ ဒါဆုိသေဘာေပါက္မွာပါ။ ဒီေတာ့ 1920x1080 ေမာ္နီတာမွာ က်ေနာ္တုိ႔က ဂိမ္း resolution ကုိ 1600x900 ေလာက္ပဲထားလုိက္မယ္ဆုိရင္ ဘာျဖစ္သြားမလည္း။ ပံုေတြ က်ဲက်ဲ ျပဲျပဲၾကီးျဖစ္ပီး မလွေတာ့ဘူးေပါ့။ ေမာ္နီတာရဲ႕ resolution အတိုင္း ဂိမ္းရဲ႕ resolution ကုိအတူတူထားမွ သူ႔ဟာနဲ႔သူ ကြက္တိက်တဲ့ လွပတဲ့ပံုရိပ္တစ္ခုထြက္လာမွာပါ။ အဲ့ဒီမွာစဥ္းစားစရာတစ္ခုလာပါပီ . . ေမာ္နီတာက 1080p (မ်က္စိမလည္နဲ႔ေနာ္ . . 1080p ဆုိတာ 1920x1080 ကုိေျပာတာ) ဂိမ္းက 2016 ကထြက္ခဲ့တဲ့ အရမ္းအရမ္းလွတဲ့ Rise of the Tomb Raider အဲ့ဂိမ္းကိုေဆာ့မယ့္ကြန္ပ်ဴတာက Pentium Dual-core နဲ႔ GT 1030 ဂရပ္ဖစ္ကတ္တပ္ထားတယ္။ ဒါဆုိေသခ်ာေပါက္ ေလးပီး ေသခ်ာေပါက္ slow motion ျဖစ္ပါပီ။ Rise of the Tomb Raider ရဲ႕ 1080p ပံုရိပ္ကုိ GT 1030 + dual core cpu ကြန္ပ်ဴတာက ဘယ္လုိမွ အလ်င္မီေအာင္ထုတ္မေပးႏုိင္ေတာ့ပါဘူး။ ဒီေတာ့ ဂိမ္းရဲ႕ resolution ကုိ ေလွ်ာ့ ရပါမယ္။ သင့္တင့္တဲ့ အေနအထားတစ္ခုကုိမေရာက္မျခင္း ေလွ်ာ့လုိ႔ရတာေတြမွန္သမွ်ေလွ်ာ့ရပါမယ္။ အဲ့လုိလုပ္လုိက္တဲ့အတြက္ ေကာင္းက်ိဳးက ဂိမ္းကို မထစ္ပဲေဆာ့လုိ႔ရသြားပါမယ္။ ဆုိးက်ိဳးကေတာ့ ပံုေတြမလွ ၾကည့္မေကာင္းေတာ့ပါဘူး။
(အၾကံျပဳခ်က္) မိမိဂိမ္းေလးတယ္ထင္ရင္ resolution ကုိ အရင္မေလ်ာ့ပါနဲ႔။ က်န္တဲ့အပုိင္းေတြ (ေအာက္မွာ တစ္ခုခ်င္းစီရွင္းျပထားပါတယ္) ကုိအရင္အေျပာင္းအလဲလုပ္ပါ။ လံုး၀ မရေတာ့မွသာ resoluiton ကုိေလွ်ာ့ပါ။
2. Anti-aliasing
ဂိမ္းရဲ႕ျမင္ကြင္းတစ္ခုကုိ camera အညိမ္ထားပီး ၾကည့္ၾကည့္လုိက္ရင္ ပံုရိပ္ေလးေတြဟာ တေျဖာင့္တည္းျဖစ္မေနပဲ အထစ္ထစ္ေလးေတြရိွေနကုိျမင္ရပါမယ္။ ဒါကုိ aliasing လို႔ေခၚပါတယ္။ (ဥပမာတစ္ခုျပပါမယ္. . Paint or Photoshop ေဆာ့ဖ္၀ဲထဲမွာ မ်ဥ္းေျဖာင့္တစ္ေၾကာင္းဆြဲလိုက္ပါ၊ အဲ့မ်ဥ္းကုိ direction ေျပာင္းလုိက္ရင္ မ်ဥ္းေၾကာင္းမွာ အထစ္ေလးေတြကုိျမင္ရပါမယ္၊ aliasing ေလးေတြပါ) anti-aliasing ဆုိတာက အဲဒီ မညီမညာျဖစ္ေနတဲ့အထစ္ေလးေတြကုိ ေခ်ာေမြ႔သြားေအာင္ လုပ္ေပးျဖင္းျဖစ္ပါတယ္။ anti-aliasing level မ်ားမ်ားသံုးေလ ပံုရိပ္က ၾကည့္ေကာင္းေလပဲေပါ့။ အဲလုိ ပံုရိပ္ကုိၾကည့္ေကာင္းေအာင္ လုပ္ျခင္းကုိ ဂရပ္ဖစ္ကတ္က တာ၀န္ယူရပါတယ္။ anti-aliasing မွာ FXAA, MSAA, TXAA, SSAA စသျဖင့္ရိွပါတယ္။ ၤFXAA က level အနိမ့္ဆံုးျဖစ္ပီး ပံုရိပ္ကုိ ေ၀၀ါးေစျဖင္းျဖင့္ aliasing ကုိနည္းပါးေအာင္လုပ္ေပးပါတယ္။ ဂရပ္ဖစ္ကတ္အေပၚမွာလည္း ၀န္မပိေစတဲ့ နည္းျဖစ္ပါတယ္။ ပံုရိပ္ေတြကုိ သဘာ၀က်က်လိုခ်င္တယ္ perfect ျဖစ္ခ်င္တယ္ဆုိရင္ေတာ့ FXAA အစား MSAA, TXAA, SSAA တုိ႔ကုိသံုးရပါမယ္။ (TXAA ကေတာ့ NVIDIA ရဲ႕ နည္းပညာမုိ႔ Nvidia ဂရပ္ဖစ္ကတ္ေတြမွာသာ သံုးလုိ႔ရပါတယ္) MSAA, SSAA တုိ႔မွာ 2x, 4x, 8x စသျဖင့္ ထပ္ကြဲသြားပါေသးတယ္။ မ်ားေလ လွေလ ေကာင္းေလ (ဂရပ္ဖစ္က မလိုက္ႏုိင္ရင္ ေလး ေလ) ပါပဲ။
(အၾကံျပဳခ်က္) anti-aliasing ဟာ ဂရပ္ဖစ္ကတ္အေပၚမွာ အက်ိဳးသက္ေရာက္မႈၾကီးမားပါတယ္။ မိမိကတ္က high-ends ကတ္မဟုတ္ဘူးဆုိရင္ anti-aliasing ကုိ off ထားတာအေကာင္းဆံုးပါ။ ဂိမး္ေလးတယ္ထင္ရင္ anti-aliasing ကုိ အရင္ၾကည့္ပါ၊ ေလွ်ာ့ပါ၊ ပိတ္ပါ။ 2x MSAA မွာ 20FPS ေလာက္ပဲရတယ္ဆုိရင္ off လုပ္ထားလုိက္ပါက 30-40FPS အထိတက္လာႏုိင္ပါတယ္။
3. Vsync & Refresh Rate
Vsync က ဂိမ္း ေလးျခင္း မေလးျခင္းအေပၚမွာ သက္ေရာက္မႈမရိွပါဘူး။ Vsync နဲ႔ Refresh Rate တုိ႔အေၾကာင္းက နည္းနည္းက်ယ္ျပန္႔တာမုိ႔ post သပ္သပ္ေရးေပးထားပါတယ္။ ယခု link ကို ႏွိပ္ပီး ၾကည့္ႏိုင္ပါတယ္။
https://m.facebook.com/story.php?story_fbid=1349378305152006&id=100002395497074
4. Tessellation
Tessellation ဆုိတာက ပံုရိပ္ေတြကို ျမင္ကြင္းမွာၾကြတက္ေနသေယာင္ျမင္ရေအာင္ ဖန္တီးေပးတဲ့စနစ္ျဖစ္ပါတယ္။ (အလြယ္ေရးလုိက္တာေနာ္. . geek မ်ား လာမဆဲရ :3 ) on ထားမလား၊ off ထားမလား . . ကုိယ့္ေရြးခ်ယ္ခြင့္ပါပဲ။ on ထားရင္ပိုၾကည့္ေကာင္းတာအေသအခ်ာပဲေပါ့။
(အၾကံျပဳခ်က္) anti-aliasing လုိပဲ သက္ေရာက္မႈအားၾကီးပါတယ္။ ဂရပ္ဖစ္ကတ္ အျမင့္မဟုတ္ရင္ သူ႔ကုိ ပိတ္ထားတာအေကာင္းဆံုးပါ။
5. Ambient Occlusion
Need For Speed Payback လုိ Forza Horizon 3 လုိဂိမ္းေတြမွာ မိုးရြာေနတဲ့အခ်ိန္ လမ္းေပၚပဲျဖစ္ျဖစ္ ကားေဘာ္ဒီပဲျဖစ္ျဖစ္ၾကည့္ၾကည့္ပါ၊ Ambient Occlusion ကုိ ဖြင့္ထားမယ္ဆုိရင္ ေရစက္ေလးေတြ ေရအိုင္ေလးေတြကေန အလင္းေရာင္အနိမ့္အျမင့္နဲ႔ သဘာ၀က်က် ရိွေနမွာျဖစ္ပါတယ္။
(အၾကံျပဳခ်က္) ဂရပ္ဖစ္ကတ္ အျမင့္မဟုတ္ရင္ သူ႔လည္းပဲပိတ္ထားတာအေကာင္းဆံုးပါပဲ။
6. Anisotropic Filter
ပိတ္ထားလို႔လည္းရသလုိ အျမင့္ဆံုး 16x အထိ ပါပါတယ္။ သူကေတာ့ performance အေပၚမွာသက္ေရာက္မႈမရိွသေလာက္ပါပဲ။ ဒါေၾကာင့္ အျမဲ 16x မွာသာထားပါ။ PC graphics နယ္ပယ္မွာ ထုတ္လုပ္သူႏွစ္ဦးျဖစ္ၾကတဲ့ AMD နဲ႔ NVIDIA တုိ႔ရဲ႕ သီးသန္႔ ဂရပ္ဖစ္ effect ေတြရိွပါေသးတယ္။ NVIDIA မွာဆုိ G-Sync, GameWorks, TXAA AMD မွာ FreeSync, TressFX စတာေတြေပါ့။ Tomb Raider ဂိမ္းမွာ Lara Croft ရဲ႕ ဆံႏြယ္ေလးေတြ ၀ဲခါေနတာကုိျမင္ခ်င္တယ္ဆုိရင္ေတာ့ TressFX ကိုသာဖြင့္ထား။ (Rise of the Tomb Raider မွာေတာ့ Pure Hair လို႔သံုးပါတယ္)
PC မွာ ဂရပ္ဖစ္ setting ေတြလိုအပ္သလို အမ်ိဳးမ်ိဳးထားလို႔ရတာေတာ့ဟုတ္ၿပီ၊ console ေတြရဲ႕ ႐ုပ္ထြက္ က PC ရဲ႕ ဘယ္အဆင့္ေလာက္နဲ႔တူမလည္း ဆိုတာက ေနာက္ထပ္စူးစမ္းစရာတစ္ခ်က္ပါ။
ေယဘုယ်အားျဖင့္ PS4/Xbox One ေပၚက ဂိမ္းတစ္ခုခ်င္းစီဟာ PC မွာ (low, medium, high, ultra ဆိုရင္) high အဆင့္နဲ႔ တူညီပါတယ္။ ဂရပ္ဖစ္ စြမ္းေဆာင္ရည္အရဆိုရင္ ေအာက္ပါအတိုင္း အၾကမ္းမွတ္ႏိုင္ပါတယ္
Xbox One = Nvidia GTX 750 Ti or AMD HD7770
PS4 = Nvidia GTX 760 or AMD HD7850
Xbox One X = Nvidia GTX 1060 or AMD RX 480
PS4 Pro = Nvidia GTX 1050 Ti or AMD RX 470
All credit to original writer Seo Thu Aung, copy from SJH facebook page
Unicode
PC နဲ့ console ဂိမ်းတွေရဲ့ မတူညီတဲ့အချင်းအရာတစ်ခုကိုသင် သတိထားမိပါသလား။
(console ဆိုတာက ဂိမ်းအတွက်သီးသန့်ပြုလုပ်ထားတဲ့စက်တွေကိုခေါ်တာပါ . . Sony ရဲ့ PlayStation ဂိမ်းစက်တွေ၊ Microsoft ရဲ့ Xbox ဂိမ်းစက်တွေ၊ Nintendo ရဲ့ Wii တို့ Switch တို့ . .. စတဲ့ စတဲ့ စက်တွေကို console လို့ခေါ်ပါတယ်)
All credit to original writer Seo Thu Aung, copy from SJH facebook page
ဂိမ်းဆယ်ခုရှိရင် ရှစ်ခုလောက်က pc ကော console မှာပါ ထွက်ရှိလေ့ရှိပါတယ်။ ခုချိန်မှာဆိုရင်တော့ PC, PS4, Xbox One . . ဒီပလက်ဖောင်းတွေပေါ်မှာပေ့ါ။ Rise of the Tomb Raider . . Xbox One အတွက်ထွက်လာတယ်၊ PS4 အတွက်လည်း ထုတ်ပေးတယ်၊ PC မှာလည်း ရှိတာပဲ။
ဒီတော့ အဲ့ဂိမ်းက PC, PS4, Xbox One ဘာတွေကွာခြားမှုရှိလည်း။
PC နဲ့ console ကြားခြားနားချက်ဆိုပါတော့။ PC နဲ့ console တည်ဆောက်ပုံခြင်းမတူတဲ့အချက်က PC မှာ hardware level အမျိုးမျိုးရှိပါတယ်။ dual-core စီပီယူနဲ့ GT 1030, RAM 4GB လောက်နဲ့ ဂိမ်းဆော့နေတဲ့သူတွေရှိသလို နောက်ဆုံးပေါ်စီပီယူ ဂရပ်ဖစ်ကတ် အမြင့်တွေနဲ့ ဆော့နေတဲ့သူတွေလည်းရှိတာပဲ။ console မှာက ရှင်းပါတယ်၊ PS4 ဖြင့် PS4 Xbox One ဆိုရင်လည်း Xbox One တသမတ်တည်း။ ဒီတော့ ဂိမ်းရေးဆွဲဖန်တီးတဲ့ ဒပလော့ပါတွေက သူတို့ရဲ့ ဂိမ်းတွေကို ပီစီအတွက်ထုတ်ပေးတဲ့အခါမှာ ပီစီရဲ့ hardware အလိုက် အနိမ့်အမြင့်ချိန်ညှိနိုင်ဖို့အတွက် ဂရပ်ဖစ် setting တွေကို ထည့်သွင်းပေးလိုက်တာပါပဲ။ အလွယ်ပြောရရင် low / medium / high . . low ဆိုရင် ရုပ်ထွက်တွေမကောင်းဘူး မလှဘူး .. ဒါပေမယ့် ပီစီကအနိမ့်ဆိုရင် မထစ်ပဲဆော့လို့ရမယ်ပေ့ါ။ medium ဆိုရင် ရုပ်ထွက်ကောင်းလာပီ high ဆိုရင်တော့ အကောင်းဆုံးပဲ . အဲ ရုပ်ထွက်လည်းအကောင်းဆုံး အလှဆုံးဖြစ်တဲ့အတွက် ကွန်ပျူတာက ဒီပုံရိပ်တွေကိုအချိန်မီပြပေးနိုင်ဖို့ရာအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိရမယ်။ မရှိရင်တော့ ထစ်ပီ လေးပီ slow motion တွေဖြစ်ပီပဲ။ PC နဲ့ ဂိမ်းကစားမယ်ဆိုရင် အဲဒီ ဂရပ်ဖစ် setting တွေရဲ့ တစ်ခုခြင်းစီ အဓိပ္ပာယ် သဘောသဘာဝကိုနားလည်နေမှသာ မိမိ PC နဲ့လိုက်ဖက်တဲ့ ပုံစံကိုရရှိပီး ဂိမ်းကိုအပြည့်အဝအာရုံခံစားနိုင်မှာဖြစ်ပါတယ်။ (အဓိကကျတဲ့အချက်တွေပဲပြောသွားမှာဖြစ်လို့ အချို့သောအကြောင်းအရာတွေကို ချန်ထားခဲ့ပါတယ်)
1. Resolution
resolution က PC မှာ အခရာပါ။ 1366 x 768 ဆိုရင် ရေပြင်ညီ (horizontal) မှာ pixel အရေအတွက် 1366 ခု၊ ဒေါင်လိုက် (vertical) မှာ 768 ခု 1600 x 900 ဆိုရင် horizontal = 1600pixel, vertical = 900pixel 1080p လို့ခေါ်တဲ့ 1920 x 1080 ဆိုရင် horizontal = 1920pixel, vertical = 1080pixel ပေါ့ ကျနော်တို့ ရှေ့မှာ မော်နီတာ ကိုမြင်နေရတယ်မဟုတ်လား၊ အဲ့မော်နီတာက 1080p ရှိတယ်ဆိုပါစို့။ မော်နီတာရဲ့ ဘယ်ကနေညာ (horizontal) အတိုင်းမှာ pixel လေးတွေ 1920ခု ရှိပီး အထက်အောက် (vertical) မှာ အရေအတွက် 1080ခု ရှိပါတယ်။ ဒါဆိုသဘောပေါက်မှာပါ။ ဒီတော့ 1920x1080 မော်နီတာမှာ ကျနော်တို့က ဂိမ်း resolution ကို 1600x900 လောက်ပဲထားလိုက်မယ်ဆိုရင် ဘာဖြစ်သွားမလည်း။ ပုံတွေ ကျဲကျဲ ပြဲပြဲကြီးဖြစ်ပီး မလှတော့ဘူးပေါ့။ မော်နီတာရဲ့ resolution အတိုင်း ဂိမ်းရဲ့ resolution ကိုအတူတူထားမှ သူ့ဟာနဲ့သူ ကွက်တိကျတဲ့ လှပတဲ့ပုံရိပ်တစ်ခုထွက်လာမှာပါ။ အဲ့ဒီမှာစဉ်းစားစရာတစ်ခုလာပါပီ . . မော်နီတာက 1080p (မျက်စိမလည်နဲ့နော် . . 1080p ဆိုတာ 1920x1080 ကိုပြောတာ) ဂိမ်းက 2016 ကထွက်ခဲ့တဲ့ အရမ်းအရမ်းလှတဲ့ Rise of the Tomb Raider အဲ့ဂိမ်းကိုဆော့မယ့်ကွန်ပျူတာက Pentium Dual-core နဲ့ GT 1030 ဂရပ်ဖစ်ကတ်တပ်ထားတယ်။ ဒါဆိုသေချာပေါက် လေးပီး သေချာပေါက် slow motion ဖြစ်ပါပီ။ Rise of the Tomb Raider ရဲ့ 1080p ပုံရိပ်ကို GT 1030 + dual core cpu ကွန်ပျူတာက ဘယ်လိုမှ အလျင်မီအောင် ထုတ်မပေးနိုင်တော့ပါဘူး။ ဒီတော့ ဂိမ်းရဲ့ resolution ကို လျှော့ ရပါမယ်။ သင့်တင့်တဲ့ အနေအထားတစ်ခုကိုမရောက်မခြင်း လျှော့လို့ရတာတွေမှန်သမျှလျှော့ရပါမယ်။ အဲ့လိုလုပ်လိုက်တဲ့အတွက် ကောင်းကျိုးက ဂိမ်းကို မထစ်ပဲဆော့လို့ရသွားပါမယ်။ ဆိုးကျိုးကတော့ ပုံတွေမလှ ကြည့်မကောင်းတော့ပါဘူး။
(အကြံပြုချက်) မိမိဂိမ်းလေးတယ်ထင်ရင် resolution ကို အရင်မလျော့ပါနဲ့။ ကျန်တဲ့အပိုင်းတွေ (အောက်မှာ တစ်ခုချင်းစီရှင်းပြထားပါတယ်) ကိုအရင်အပြောင်းအလဲလုပ်ပါ။ လုံးဝ မရတော့မှသာ resoluiton ကိုလျှော့ပါ။
2. Anti-aliasing
ဂိမ်းရဲ့မြင်ကွင်းတစ်ခုကို camera အညိမ်ထားပီး ကြည့်ကြည့်လိုက်ရင် ပုံရိပ်လေးတွေဟာ တဖြောင့်တည်းဖြစ်မနေပဲ အထစ်ထစ်လေးတွေရှိနေကိုမြင်ရပါမယ်။ ဒါကို aliasing လို့ခေါ်ပါတယ်။ (ဥပမာတစ်ခုပြပါမယ်. . Paint or Photoshop ဆော့ဖ်ဝဲထဲမှာ မျဉ်းဖြောင့်တစ်ကြောင်းဆွဲလိုက်ပါ၊ အဲ့မျဉ်းကို direction ပြောင်းလိုက်ရင် မျဉ်းကြောင်းမှာ အထစ်လေးတွေကိုမြင်ရပါမယ်၊ aliasing လေးတွေပါ) anti-aliasing ဆိုတာက အဲဒီ မညီမညာဖြစ်နေတဲ့အထစ်လေးတွေကို ချောမွေ့သွားအောင်လုပ်ပေးဖြင်းဖြစ်ပါတယ်။ anti-aliasing level များများသုံးလေ ပုံရိပ်က ကြည့်ကောင်းလေပဲပေါ့။ အဲလို ပုံရိပ်ကိုကြည့်ကောင်းအောင် လုပ်ခြင်းကို ဂရပ်ဖစ်ကတ်က တာဝန်ယူရပါတယ်။ anti-aliasing မှာ FXAA, MSAA, TXAA, SSAA စသဖြင့်ရှိပါတယ်။ င်္FXAA က level အနိမ့်ဆုံးဖြစ်ပီး ပုံရိပ်ကို ဝေ၀ါးစေဖြင်းဖြင့် aliasing ကိုနည်းပါးအောင်လုပ်ပေးပါတယ်။ ဂရပ်ဖစ်ကတ်အပေါ်မှာလည်း ဝန်မပိစေတဲ့ နည်းဖြစ်ပါတယ်။ ပုံရိပ်တွေကို သဘာဝကျကျလိုချင်တယ် perfect ဖြစ်ချင်တယ်ဆိုရင်တော့ FXAA အစား MSAA, TXAA, SSAA တို့ကိုသုံးရပါမယ်။ (TXAA ကတော့ NVIDIA ရဲ့ နည်းပညာမို့ Nvidia ဂရပ်ဖစ်ကတ်တွေမှာသာ သုံးလို့ရပါတယ်) MSAA, SSAA တို့မှာ 2x, 4x, 8x စသဖြင့် ထပ်ကွဲသွားပါသေးတယ်။ များလေ လှလေ ကောင်းလေ (ဂရပ်ဖစ်က မလိုက်နိုင်ရင် လေး လေ) ပါပဲ။
(အကြံပြုချက်) anti-aliasing ဟာ ဂရပ်ဖစ်ကတ်အပေါ်မှာ အကျိုးသက်ရောက်မှုကြီးမားပါတယ်။ မိမိကတ်က high-ends ကတ်မဟုတ်ဘူးဆိုရင် anti-aliasing ကို off ထားတာအကောင်းဆုံးပါ။ ဂိမး်လေးတယ်ထင်ရင် anti-aliasing ကို အရင်ကြည့်ပါ၊ လျှော့ပါ၊ ပိတ်ပါ။ 2x MSAA မှာ 20FPS လောက်ပဲရတယ်ဆိုရင် off လုပ်ထားလိုက်ပါက 30-40FPS အထိတက်လာနိုင်ပါတယ်။
3. Vsync & Refresh Rate
Vsync က ဂိမ်း လေးခြင်း မလေးခြင်းအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။ Vsync နဲ့ Refresh Rate တို့အကြောင်းက နည်းနည်းကျယ်ပြန့်တာမို့ post သပ်သပ်ရေးပေးထားပါတယ်။ ယခု link ကို နှိပ်ပီး ကြည့်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=1349378305152006&id=100002395497074
4. Tessellation
Tessellation ဆိုတာက ပုံရိပ်တွေကို မြင်ကွင်းမှာကြွတက်နေသယောင်မြင်ရအောင် ဖန်တီးပေးတဲ့စနစ်ဖြစ်ပါတယ်။ (အလွယ်ရေးလိုက်တာနော်. . geek များ လာမဆဲရ :3 ) on ထားမလား၊ off ထားမလား . . ကိုယ့်ရွေးချယ်ခွင့်ပါပဲ။ on ထားရင်ပိုကြည့်ကောင်းတာအသေအချာပဲပေါ့။
(အကြံပြုချက်) anti-aliasing လိုပဲ သက်ရောက်မှုအားကြီးပါတယ်။ ဂရပ်ဖစ်ကတ် အမြင့်မဟုတ်ရင် သူ့ကို ပိတ်ထားတာအကောင်းဆုံးပါ။
5. Ambient Occlusion
Need For Speed Payback လို Forza Horizon 3 လိုဂိမ်းတွေမှာ မိုးရွာနေတဲ့အချိန် လမ်းပေါ်ပဲဖြစ်ဖြစ် ကားဘော်ဒီပဲဖြစ်ဖြစ်ကြည့်ကြည့်ပါ၊ Ambient Occlusion ကို ဖွင့်ထားမယ်ဆိုရင် ရေစက်လေးတွေ ရေအိုင်လေးတွေကနေ အလင်းရောင်အနိမ့်အမြင့်နဲ့ သဘာဝကျကျ ရှိနေမှာဖြစ်ပါတယ်။
(အကြံပြုချက်) ဂရပ်ဖစ်ကတ် အမြင့်မဟုတ်ရင် သူ့လည်းပဲပိတ်ထားတာအကောင်းဆုံးပါပဲ။
6. Anisotropic Filter
ပိတ်ထားလို့လည်းရသလို အမြင့်ဆုံး 16x အထိ ပါပါတယ်။ သူကတော့ performance အပေါ်မှာသက်ရောက်မှုမရှိသလောက်ပါပဲ။ ဒါကြောင့် အမြဲ 16x မှာသာထားပါ။ PC graphics နယ်ပယ်မှာ ထုတ်လုပ်သူနှစ်ဦးဖြစ်ကြတဲ့ AMD နဲ့ NVIDIA တို့ရဲ့ သီးသန့် ဂရပ်ဖစ် effect တွေရှိပါသေးတယ်။ NVIDIA မှာဆို G-Sync, GameWorks, TXAA AMD မှာ FreeSync, TressFX စတာတွေပေါ့။ Tomb Raider ဂိမ်းမှာ Lara Croft ရဲ့ ဆံနွယ်လေးတွေ ဝဲခါနေတာကိုမြင်ချင်တယ်ဆိုရင်တော့ TressFX ကိုသာဖွင့်ထား။ (Rise of the Tomb Raider မှာတော့ Pure Hair လို့သုံးပါတယ်)
PC မှာ ဂရပ်ဖစ် setting တွေလိုအပ်သလို အမျိုးမျိုးထားလို့ရတာတော့ဟုတ်ပြီ၊ console တွေရဲ့ ရုပ်ထွက် က PC ရဲ့ ဘယ်အဆင့်လောက်နဲ့တူမလည်း ဆိုတာက နောက်ထပ်စူးစမ်းစရာတစ်ချက်ပါ။
ယေဘုယျအားဖြင့် PS4/Xbox One ပေါ်က ဂိမ်းတစ်ခုချင်းစီဟာ PC မှာ (low, medium, high, ultra ဆိုရင်) high အဆင့်နဲ့ တူညီပါတယ်။ ဂရပ်ဖစ် စွမ်းဆောင်ရည်အရဆိုရင် အောက်ပါအတိုင်း အကြမ်းမှတ်နိုင်ပါတယ်
Xbox One = Nvidia GTX 750 Ti or AMD HD7770
PS4 = Nvidia GTX 760 or AMD HD7850
Xbox One X = Nvidia GTX 1060 or AMD RX 480
PS4 Pro = Nvidia GTX 1050 Ti or AMD RX 470
All credit to original writer Seo Thu Aung, copy from SJH facebook page
0 Comments