မတူညီေသာ SSD မ်ိဳးကြဲမ်ားအား ခြဲျခားၾကည့္ျခင္း

Solid State Drive လို႔ေခၚတဲ့ SSD ေတြက က်ေနာ္တို႔ေန႔စဥ္ထိေတြ႕ေနက် ဟာ့ဒစ္ (HDD) ေတြထက္အဆမ်ားစြာပိုကာင္း ပိုျမန္တာေတာ့ဟုတ္တယ္

အဲလိုျမန္တာကိုမွ SSD ေတြဟာ သူတို႔ရဲ႕ အမ်ိဳးအစား မူကြဲအလိုက္ အနိမ့္အျမင့္ရွိၾကျပန္ပါေသးတယ္။

SSD ကို SATA, M2, PCIE (add-in card) ဆိုပီး သံုးမ်ိဳးခြဲထားပါတယ္။

စာမမြင်လျှင် ဒီကိုနှိပ်ပါ
All Credit to Original Writer Seo Thu Aung

SATA SSD 


SATA SSD က 2.5လက္မမို႔ ပံုမွန္ျမင္ေတြ႕ေနက် laptop ဟာ့ဒစ္ေတြနဲ႔ အရြယ္အစားတူညီပီး ျမန္ႏႈန္းအေနနဲ႔ 600MB/s အထိရွိပါတယ္။

SSD ေတြထဲမွာ SATA က ေစ်းနႈန္းအားျဖင့္အနည္းဆံုးျဖစ္တာမို႔ SSD စတင္အသံုးျပဳတဲ့သူေတြအေနနဲ႔ အမ်ားဆံုးေရြးခ်ယ္ေလ့ရွိတဲ့ အမ်ိဳးအစားလည္းျဖစ္တယ္။

M.2 SSD


M.2 က ႐ုတ္တရက္ၾကည့္ရင္ ကြန္ပ်ဴတာ RAM နဲ႔ ဆင္သေယာင္ရွိၿပီး သူ႔ကို မားသားဘုတ္ရဲ႕ M.2 slot မွာ စိုက္ကာအသံုးျပဳရပါတယ္။ (M2 slot ဟာ မားသားဘုတ္တိုင္းမွာမပါဝင္ပဲ Intel 6th gen Skylake မွသာစတင္ပါဝင္လာပါတယ္)

M.2 ကို transfer protocol အေနနဲ႔ ႏွစ္မ်ိဳးထပ္မံခြဲျခားထားပါေသးတယ္၊ M.2 SATA SSD နဲ႔ M.2 NVMe SSD ဆိုပီး။

M.2 SATA နဲ႔ M.2 NVMe ဘယ္လိုေတြကြာလည္း ?


တပ္ဆင္ပံု တပ္ဆင္နည္းကေတာ့အတူတူပါပဲ. . M2 slot ေလးမွာ စိုက္လိုက္ရံုပဲ. . ဘာလို႔လည္းဆိုေတာ့ ပံုစံကအတူတူပဲေလ

အဲ . . မတူတာက ျမန္နႈန္းပါ။

M.2 SATA က SATA ဆိုတဲ့အတိုင္း အျမင့္ဆံုး 600MB/s ရွိပါတယ္၊ M.2 NVMe ကေတာ့ ထုတ္လုပ္သူအလိုက္ 2100MB/s ကေန 3500MB/s အထိရွိတတ္ပါတယ္။

အနည္းဆံုး သံုးဆေလာက္ေတာင္ကြာတာေနာ 😯

ေစ်းႏႈန္းကိုၾကည့္မယ္ဆိုရင္လည္း M.2 ျခင္းအတူတူ NVMe က SATA ထက္ပိုမ်ားသြားပါတယ္။

(တစ္ခုသတိျပဳရမွာက မိမိမားသားဘုတ္မွာ M.2 slot ပါေပမဲ့ NVMe ရ မရ ကို ေသခ်ာစစ္ေဆးၿပီးမွ ၀ယ္ပါ)

PCIE SSD


သူကေတာ့ အေကာင္းဆံုးနဲ႔ေစ်းအႀကီးဆံုးပါပဲ၊

ဂရပ္ဖစ္ကတ္အေသးစားေလးနဲ႔ဆင္တူပီး မားသားဘုတ္ရဲ႕ PCI-E slot မွာ တပ္ဆင္အသံုးျပဳရပါတယ္။

ေစ်းက 2.5" SATA, M.2 ေတြနဲ႔ယွဥ္ရင္ ေတာ္ေတာ္ႀကီးကိုကြာဟတဲ့အတြက္ အေတာ္အသင့္အသံုးျပဳေလ့မရွိၾကပါဘူး။

သင္ဟာ အစဥ္အဆက္ HDD ကိုသာအသံုးျပဳရာကေန အေျပာင္းအလဲျဖစ္ေအာင္ SSD နဲ႔ တြဲသံုးၾကည့္ခ်င္တယ္ဆိုရင္ေတာ့ 2.5" SATA SSD ေတြကို ပထမဆံုး စဥ္းစားရမွာပါ၊ ေစ်းလည္းအသက္သာဆံုးျဖစ္သလို မားသားဘုတ္တိုင္းနဲ႔လည္းအသံုးျပဳလို႔ရတဲ့အတြက္ သူ႔ကိုသာေရြးဖို႔တိုက္တြန္းပါတယ္။

SSD ထဲမွာေတာ့ အနိမ့္ဆံုးဆိုပီး ေလွ်ာ့ေတာ့မတြက္ပါနဲ႔၊ သင့္ရဲ႕ ဟာ့ဒစ္ထက္ ေလးငါးဆေလာက္ျမန္ပါတယ္။

M.2 ကိုေတာ့ မိမိရဲ႕ မားသားဘုတ္မွာ M2 slot လည္းပါမယ္၊ NVMe လည္း အေထာက္အပံ့ေပးတယ္ဆိုရင္ တစ္ခါတည္း M.2 NVMe ကိုသာသံုးပါလို႔ေျပာခ်င္ပါတယ္။ M2 SATA က် အေပၚကေျပာခဲ့တဲ့ 2.5" SATA နဲ႔ ျမန္ႏႈန္းကမထူးျခားနားမို႔ပါ။

ိုေငြဆိုတာက ကိုယ့္အတြက္အတားအဆီးမဟုတ္ဘူး၊ မ်က္စိထဲမွာလည္း ဂရပ္ဖစ္ကတ္နဲ႔အၿပိဳင္ လွတပတေလးျမင္ခ်င္သပဆိုရင္ေတာ့ PCIE SSD ကိုသာေရြးလိုက္ပါ။

(ပံုမွာ ဘယ္ကေနညာ SATA 2.5" / M2 / PCIE)

စာမူက အေပၚမွာတင္ပီးဆံုးခဲ့ေသာ္လည္း ယခင္ကေရးႏွင့္ခဲ့ပီး အေၾကာင္းအရာတစ္ခ်ိဳ႔ေၾကာင့္ မတင္ျဖစ္ခဲ့တဲ့ SATA အေၾကာင္းကိုပါ တစ္ေပါင္းထဲျဖစ္ေအာင္ ျပန္ edit လိုက္ပါတယ္။  


SATA ႏွင့္ပတ္သတ္သမွ်


က်ေနာ္တို႔ ကြန္ပ်ဴတာရဲ႕ ေဒတာအခ်က္အလက္ သိုေလွာင္မႈ (HDD, SSD) နဲ့ media optical drive ေတြျဖစ္တဲ့ CD, DVD, Blu-ray တို႔ ခ်ိတ္ဆက္မႈအတြက္ အဓိကက်တဲ့ ၾကားခံေပါင္းကူးေပးတဲ့သူကေတာ့ SATA (Serial ATA interface) ပဲျဖစ္ပါတယ္။

ျမင္သာေအာင္ေျပာရရင္ ဟာ့ဒစ္ (HDD) ကေန မားသားဘုတ္ (Motherboard) ကို ဆက္သြယ္ထားတဲ့ ႀကိဳး (SATA cable) နဲ႔ အဲဒီႀကိဳးထိုးစိုက္ဖို႔အတြက္ အေပါက္ (SATA port) ကို ေျပာတာပါ။

ပံုမွန္အားျဖင့္ SATA ခ်ိတ္ဆက္မႈ ဆိုတာဟာ ခက္ခဲမႈမရွိပဲ နားလည္ရလြယ္ကူပါတယ္။

HDD/SSD ရဲ႕ SATA port မွာ SATA ႀကိဳးတစ္ေခ်ာင္းထိုးလိုက္မယ္၊ ပီးရင္ ႀကိဳးရဲ႕ က်န္တဲ့တစ္ဖက္ကို မားသားဘုတ္ရဲ႕ SATA port မွာ သြားထိုးေပးလိုက္မယ္၊

ဒါဆိုရင္ ေဒတာ စီးဆင္းမႈအတြက္ SATA ခ်ိတ္ဆက္မႈပီးသြားပီ၊

ဘာခက္သလည္း . .

ဘာမွမခက္ဘူး . . လြယ္လြယ္ေလးေပါ့။

သို႔ေပမယ့္ SATA စနစ္ဟာ ဗားရွင္းအမ်ိဳးမ်ိဳးနဲ႔ ဗားရွင္းအလိုက္ မတူညီတဲ့ ျမန္ႏႈန္း (speed) ရွိတယ္ဆိုတာနားလည္သေဘာေပါက္ထားမွသာ တန္ေၾကးႀကီး SSD ေတြကိုအသံုးျပဳထားတဲ့သူေတြအေနနဲ႔ စြမ္းရည္ကို အေလအလြင့္မရွိပဲ အျပည့္အဝအသံုးခ်ႏိုင္မွာျဖစ္ပါတယ္။

(HDD/SSD/Optical Drive ကေန Power Supply ကို ခ်ိတ္ဆက္ထားတာကေတာ့ SATA power ျဖစ္ပီး သူက HDD/SSD/Optical Drive ရဲ႕ လည္ပတ္မႈအတြက္ ပါဝါေပးရတဲ့ တာဝန္ကိုထမ္းေဆာင္တာမို႕ အက်ယ္ေျပာစရာေတာ့မလိုဘူးလို႔ယူဆပါတယ္)

SATA ဟာ လက္ရွိအခ်ိန္မွာ ဗားရွင္း သံုးမ်ိဳး ထြက္ရွိပီးျဖစ္ပါတယ္။

SATA I = 1.5 Gb/s , 150MB/s
SATA II = 3 Gb/s , 300MB/s
SATA III = 6 Gb/s , 600MB/s

SATA I


SATA ထဲမွာ ပထမဆံုးေသာထြက္ရိွခဲ့တဲ့ မ်ိဳးဆက္ပါ။
 bandwidth အားျဖင့္ တစ္စကၠန္႔မွာ 150MB အထိ ရရွိေစမွာျဖစ္ပါတယ္။

SATA II


ဒုတိယမ်ိဳးဆက္ SATA II မွာ 300MB/s အထိ SATA I ရဲ႕ ႏွစ္ဆ ျမန္ႏႈန္းနဲ႔ ထမ္းေဆာင္မွာပါ။

SATA III


SATA ထဲမွာ လက္ရွိေနာက္ဆံုးျဖစ္သလို အျမန္ဆံုးလည္းျဖစ္ပါတယ္။ 600MB/sec မို႔ SATA II ရဲ႕ ႏွစ္ဆ၊ SATA I ရဲ႕ ေလးဆ ျမန္ႏႈန္းကိုပိုင္ဆိုုင္ထားပါတယ္။

ဒီလို မ်ိဳးဆက္သံုးခုကြဲေနတယ္ဆိုေပမဲ့ ခ်ိတ္ဆက္မႈ (physical interface) ကေတာ့ ေျပာင္းလဲမႈမရွိပဲ အတူတူပင္ျဖစ္ပါတယ္။

SATA II SSD ကို SATA I ေပါက္မွာ သြားထိုးလို႕ အလုပ္မလုပ္တာ၊ ပ်က္သြားတာမ်ိဳး လံုးဝမရိွပါဘူး။

SATA II ရတဲ့ SSD ကို မားသားဘုတ္ရဲ႕ SATA I ေပါက္မွာ အသံုးျပဳလို႔ရသလို SATA III SSD ကိုလည္း SATA I / SATA II ေပါက္ေတြမွာ ခ်ိတ္ဆက္အသံုးျပဳႏိုင္မွာပဲျဖစ္ပါတယ္။

သို႔ေပမယ့္ ျမန္ႏႈန္းကေတာ့ ကန္႔သတ္ျခင္းခံရမွာပါ။

ဥပမာ SanDisk Extreme SSD ဟာ 6 Gb/s (600MB/s) အေထာက္အပံ့ေပးပီး သူ႕ကို မားသားဘုတ္ရဲ႕ SATA II ေပါက္မွာ ခ်ိတ္ဆက္ခဲ့မယ္ဆိုရင္ ျမန္ႏႈန္းအျပည့္အဝမရရိွေတာ့ပဲ SATA II ရဲ႕ 300MB/s မွာ ကန့္သတ္ျခင္းခံရမွာပဲျဖစ္ပါတယ္။

SATA III ေပါက္မွာ သြားေရာက္ ခ်ိတ္ဆက္ေပးမွသာ SanDisk Extreme SSD ရဲ႕ စြမ္းေဆာင္ရည္ကို အျပည့္အဝျမင္ေတြ႔ရမွာပါ။

ဒီေတာ့ မားသားဘုတ္က SATA ေပါက္ေတြကေရာ I လား၊ II လား၊ III လားဆိုတာ အမွတ္အသားတစ္ခုခုနဲ႔ ခြဲေပးထားသလား ?


SATA port ရဲ႕ ေဘးမွာ စာျဖင့္အမွတ္အသားျပထားေလ့ရွိပါတယ္၊

သို႔ေသာ္ မားသားဘုတ္ဝယ္ယူစဥ္က ဘူးထဲမွာ တစ္ပါတည္းပါခဲ့တဲ့ manual စာအုပ္ထဲမွာေသာ္လည္းေကာင္း၊ မားသားဘုတ္ ထုတ္လုပ္သူရဲ႕ website မွာ model အလိုက္ ရွာေဖြ၍ေသာ္လည္းေကာင္း အေသးစိတ္ကို သိရွိႏိုင္ပါတယ္။

အရမ္း ေစ်းေပါတဲ့ မားသားဘုတ္ေတြကလြဲလို႔ ခုေနာက္ပိုင္းမွာ ထြက္ရွိလာခဲ့ ဘုတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ SATA ဗားရွင္းက III ေတြပဲမ်ားပါတယ္။

ဟာ့ဒစ္ (HDD) ေတြအတြက္ေတာ့ မည္မွ် လည္ပတ္ႏႈန္း (5400, 7200 RPM စသျဖင့္) ရိွေစကာမူ SATA I မွာခ်ိတ္ဆက္ျခင္းျဖင့္လံုေလာက္မႈရိွပါတယ္။

SSD ေတြမွာသာ သူနဲ့ သင့္ေတာ္ရာကို တြဲဖက္ေပးမွသာ လိုက္ဖက္ညီညီရိွေစမွာျဖစ္ပါတယ္။

port အရေတာ့ ဟုတ္ပီ၊ ႀကိဳး (cable) အေနနဲ့ေကာ SATA I အတြက္ဆို တစ္မ်ိဳး၊ II အတြက္ဆို တစ္မ်ိဳး၊ III အတြက္ ဆို ေနာက္တစ္မ်ိဳး သပ္သပ္ခြဲထားေသးလား ?


တရားဝင္ ထုတ္ျပန္ထားတဲ့ SATA specs document မွာ cable အေနနဲ႔ ခြဲျခားထားမႈမရွိပဲ သံုးမ်ိဳးစလံုးမွာ အသံုးျပဳႏိုင္ပါမယ္လို႔ ဆိုထားပါတယ္။

တစ္ခ်ိဳ႕ SATA cable ေတြ (ASUS မားသားဘုတ္ေတြမွာ အတူတူပါဝင္လာတဲ့ ႀကိဳးတစ္ခ်ိဳ႔) မွာဆိုရင္ SATA III စသျဖင့္ အမွတ္အသားျပဳထားေပမယ့္လို႔ ဒါဟာ marketing poly အေနနဲ႔သာျဖစ္ပီး အသံုးျပဳသူ user ေတြအေနနဲ႔ မိမိရဲ႕ SATA cable သာ စံခ်ိန္မီတဲ့ ထုတ္လုပ္သူေတြရဲ႕ product တစ္ခုုျဖစ္ပါေစ စြမ္းေဆာင္ရည္ျမန္ႏႈန္းကို ေၾကာင့္ၾကမႈမရွိပဲ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။


All Credit to Original Writer, Seo Thu Aung, Copy From SJH Facebook page


Unicode



Solid State Drive လို့ခေါ်တဲ့ SSD တွေက ကျနော်တို့နေ့စဉ်ထိတွေ့နေကျ ဟာ့ဒစ် (HDD) တွေထက်အဆများစွာပိုကာင်း ပိုမြန်တာတော့ဟုတ်တယ်

အဲလိုမြန်တာကိုမှ SSD တွေဟာ သူတို့ရဲ့ အမျိုးအစား မူကွဲအလိုက် အနိမ့်အမြင့်ရှိကြပြန်ပါသေးတယ်။

SSD ကို SATA, M2, PCIE (add-in card) ဆိုပီး သုံးမျိုးခွဲထားပါတယ်။

All Credit to Original Writer Seo Thu Aung

SATA SSD


SATA SSD က 2.5လက်မမို့ ပုံမှန်မြင်တွေ့နေကျ laptop ဟာ့ဒစ်တွေနဲ့ အရွယ်အစားတူညီပီး မြန်နှုန်းအနေနဲ့ 600MB/s အထိရှိပါတယ်။

SSD တွေထဲမှာ SATA က စျေးနှုန်းအားဖြင့်အနည်းဆုံးဖြစ်တာမို့ SSD စတင်အသုံးပြုတဲ့သူတွေအနေနဲ့ အများဆုံးရွေးချယ်လေ့ရှိတဲ့ အမျိုးအစားလည်းဖြစ်တယ်။

M.2 SSD


M.2 က ရုတ်တရက်ကြည့်ရင် ကွန်ပျူတာ RAM နဲ့ ဆင်သယောင်ရှိပြီး သူ့ကို မားသားဘုတ်ရဲ့ M.2 slot မှာ စိုက်ကာအသုံးပြုရပါတယ်။ (M2 slot ဟာ မားသားဘုတ်တိုင်းမှာမပါဝင်ပဲ Intel 6th gen Skylake မှသာစတင်ပါဝင်လာပါတယ်)

M.2 ကို transfer protocol အနေနဲ့ နှစ်မျိုးထပ်မံခွဲခြားထားပါသေးတယ်၊ M.2 SATA SSD နဲ့ M.2 NVMe SSD ဆိုပီး။

M.2 SATA နဲ့ M.2 NVMe ဘယ်လိုတွေကွာလည်း ?


တပ်ဆင်ပုံ တပ်ဆင်နည်းကတော့အတူတူပါပဲ. . M2 slot လေးမှာ စိုက်လိုက်ရုံပဲ. . ဘာလို့လည်းဆိုတော့ ပုံစံကအတူတူပဲလေ

အဲ . . မတူတာက မြန်နှုန်းပါ။

M.2 SATA က SATA ဆိုတဲ့အတိုင်း အမြင့်ဆုံး 600MB/s ရှိပါတယ်၊ M.2 NVMe ကတော့ ထုတ်လုပ်သူအလိုက် 2100MB/s ကနေ 3500MB/s အထိရှိတတ်ပါတယ်။
အနည်းဆုံး သုံးဆလောက်တောင်ကွာတာနော 😯
 စျေးနှုန်းကိုကြည့်မယ်ဆိုရင်လည်း M.2 ခြင်းအတူတူ NVMe က SATA ထက်ပိုများသွားပါတယ်။
(တစ်ခုသတိပြုရမှာက မိမိမားသားဘုတ်မှာ M.2 slot ပါပေမဲ့ NVMe ရ မရ ကို သေချာစစ်ဆေးပြီးမှ ဝယ်ပါ)

PCIE SSD


သူကတော့ အကောင်းဆုံးနဲ့စျေးအကြီးဆုံးပါပဲ၊

ဂရပ်ဖစ်ကတ်အသေးစားလေးနဲ့ဆင်တူပီး မားသားဘုတ်ရဲ့ PCI-E slot မှာ တပ်ဆင်အသုံးပြုရပါတယ်။

စျေးက 2.5" SATA, M.2 တွေနဲ့ယှဉ်ရင် တော်တော်ကြီးကိုကွာဟတဲ့အတွက် အတော်အသင့်အသုံးပြုလေ့မရှိကြပါဘူး။

သင်ဟာ အစဉ်အဆက် HDD ကိုသာအသုံးပြုရာကနေ အပြောင်းအလဲဖြစ်အောင် SSD နဲ့ တွဲသုံးကြည့်ချင်တယ်ဆိုရင်တော့ 2.5" SATA SSD တွေကို ပထမဆုံး စဉ်းစားရမှာပါ၊ စျေးလည်းအသက်သာဆုံးဖြစ်သလို မားသားဘုတ်တိုင်းနဲ့လည်းအသုံးပြုလို့ရတဲ့အတွက် သူ့ကိုသာရွေးဖို့တိုက်တွန်းပါတယ်။

SSD ထဲမှာတော့ အနိမ့်ဆုံးဆိုပီး လျှော့တော့မတွက်ပါနဲ့၊ သင့်ရဲ့ ဟာ့ဒစ်ထက် လေးငါးဆလောက်မြန်ပါတယ်။

M.2 ကိုတော့ မိမိရဲ့ မားသားဘုတ်မှာ M2 slot လည်းပါမယ်၊ NVMe လည်း အထောက်အပံ့ပေးတယ်ဆိုရင် တစ်ခါတည်း M.2 NVMe ကိုသာသုံးပါလို့ပြောချင်ပါတယ်။ M2 SATA ကျ အပေါ်ကပြောခဲ့တဲ့ 2.5" SATA နဲ့ မြန်နှုန်းကမထူးခြားနားမို့ပါ။

ိုငွေဆိုတာက ကိုယ့်အတွက်အတားအဆီးမဟုတ်ဘူး၊ မျက်စိထဲမှာလည်း ဂရပ်ဖစ်ကတ်နဲ့အပြိုင် လှတပတလေးမြင်ချင်သပဆိုရင်တော့ PCIE SSD ကိုသာရွေးလိုက်ပါ။


စာမူက အပေါ်မှာတင်ပီးဆုံးခဲ့သော်လည်း ယခင်ကရေးနှင့်ခဲ့ပီး အကြောင်းအရာတစ်ချို့ကြောင့် မတင်ဖြစ်ခဲ့တဲ့ SATA အကြောင်းကိုပါ တစ်ပေါင်းထဲဖြစ်အောင် ပြန် edit လိုက်ပါတယ်။

SATA နှင့်ပတ်သတ်သမျှ


ကျနော်တို့ ကွန်ပျူတာရဲ့ ဒေတာအချက်အလက် သိုလှောင်မှု (HDD, SSD) နဲ့ media optical drive တွေဖြစ်တဲ့ CD, DVD, Blu-ray တို့ ချိတ်ဆက်မှုအတွက် အဓိကကျတဲ့ ကြားခံပေါင်းကူးပေးတဲ့သူကတော့ SATA (Serial ATA interface) ပဲဖြစ်ပါတယ်။

မြင်သာအောင်ပြောရရင် ဟာ့ဒစ် (HDD) ကနေ မားသားဘုတ် (Motherboard) ကို ဆက်သွယ်ထားတဲ့ ကြိုး (SATA cable) နဲ့ အဲဒီကြိုးထိုးစိုက်ဖို့အတွက် အပေါက် (SATA port) ကို ပြောတာပါ။

ပုံမှန်အားဖြင့် SATA ချိတ်ဆက်မှု ဆိုတာဟာ ခက်ခဲမှုမရှိပဲ နားလည်ရလွယ်ကူပါတယ်။

HDD/SSD ရဲ့ SATA port မှာ SATA ကြိုးတစ်ချောင်းထိုးလိုက်မယ်၊ ပီးရင် ကြိုးရဲ့ ကျန်တဲ့တစ်ဖက်ကို မားသားဘုတ်ရဲ့ SATA port မှာ သွားထိုးပေးလိုက်မယ်၊

ဒါဆိုရင် ဒေတာ စီးဆင်းမှုအတွက် SATA ချိတ်ဆက်မှုပီးသွားပီ၊

ဘာခက်သလည်း . .
ဘာမှမခက်ဘူး . . လွယ်လွယ်လေးပေါ့။

သို့ပေမယ့် SATA စနစ်ဟာ ဗားရှင်းအမျိုးမျိုးနဲ့ ဗားရှင်းအလိုက် မတူညီတဲ့ မြန်နှုန်း (speed) ရှိတယ်ဆိုတာနားလည်သဘောပေါက်ထားမှသာ တန်ကြေးကြီး SSD တွေကိုအသုံးပြုထားတဲ့သူတွေအနေနဲ့ စွမ်းရည်ကို အလေအလွင့်မရှိပဲ အပြည့်အဝအသုံးချနိုင်မှာဖြစ်ပါတယ်။

(HDD/SSD/Optical Drive ကနေ Power Supply ကို ချိတ်ဆက်ထားတာကတော့ SATA power ဖြစ်ပီး သူက HDD/SSD/Optical Drive ရဲ့ လည်ပတ်မှုအတွက် ပါဝါပေးရတဲ့ တာဝန်ကိုထမ်းဆောင်တာမို့ အကျယ်ပြောစရာတော့မလိုဘူးလို့ယူဆပါတယ်)

SATA ဟာ လက်ရှိအချိန်မှာ ဗားရှင်း သုံးမျိုး ထွက်ရှိပီးဖြစ်ပါတယ်။

SATA I = 1.5 Gb/s , 150MB/s
SATA II = 3 Gb/s , 300MB/s
SATA III = 6 Gb/s , 600MB/s

SATA I


SATA ထဲမှာ ပထမဆုံးသောထွက်ရှိခဲ့တဲ့ မျိုးဆက်ပါ။
bandwidth အားဖြင့် တစ်စက္ကန့်မှာ 150MB အထိ ရရှိစေမှာဖြစ်ပါတယ်။

SATA II


ဒုတိယမျိုးဆက် SATA II မှာ 300MB/s အထိ SATA I ရဲ့ နှစ်ဆ မြန်နှုန်းနဲ့ ထမ်းဆောင်မှာပါ။ 


SATA III


SATA ထဲမှာ လက်ရှိနောက်ဆုံးဖြစ်သလို အမြန်ဆုံးလည်းဖြစ်ပါတယ်။ 600MB/sec မို့ SATA II ရဲ့ နှစ်ဆ၊ SATA I ရဲ့ လေးဆ မြန်နှုန်းကိုပိုင်ဆိုုင်ထားပါတယ်။

ဒီလို မျိုးဆက်သုံးခုကွဲနေတယ်ဆိုပေမဲ့ ချိတ်ဆက်မှု (physical interface) ကတော့ ပြောင်းလဲမှုမရှိပဲ အတူတူပင်ဖြစ်ပါတယ်။

SATA II SSD ကို SATA I ပေါက်မှာ သွားထိုးလို့ အလုပ်မလုပ်တာ၊ ပျက်သွားတာမျိုး လုံးဝမရှိပါဘူး။

SATA II ရတဲ့ SSD ကို မားသားဘုတ်ရဲ့ SATA I ပေါက်မှာ အသုံးပြုလို့ရသလို SATA III SSD ကိုလည်း SATA I / SATA II ပေါက်တွေမှာ ချိတ်ဆက်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

သို့ပေမယ့် မြန်နှုန်းကတော့ ကန့်သတ်ခြင်းခံရမှာပါ။

ဥပမာ SanDisk Extreme SSD ဟာ 6 Gb/s (600MB/s) အထောက်အပံ့ပေးပီး သူ့ကို မားသားဘုတ်ရဲ့ SATA II ပေါက်မှာ ချိတ်ဆက်ခဲ့မယ်ဆိုရင် မြန်နှုန်းအပြည့်အဝမရရှိတော့ပဲ SATA II ရဲ့ 300MB/s မှာ ကန့်သတ်ခြင်းခံရမှာပဲဖြစ်ပါတယ်။

SATA III ပေါက်မှာ သွားရောက် ချိတ်ဆက်ပေးမှသာ SanDisk Extreme SSD ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝမြင်တွေ့ရမှာပါ။

ဒီတော့ မားသားဘုတ်က SATA ပေါက်တွေကရော I လား၊ II လား၊ III လားဆိုတာ အမှတ်အသားတစ်ခုခုနဲ့ ခွဲပေးထားသလား ?


SATA port ရဲ့ ဘေးမှာ စာဖြင့်အမှတ်အသားပြထားလေ့ရှိပါတယ်၊

သို့သော် မားသားဘုတ်ဝယ်ယူစဉ်က ဘူးထဲမှာ တစ်ပါတည်းပါခဲ့တဲ့ manual စာအုပ်ထဲမှာသော်လည်းကောင်း၊ မားသားဘုတ် ထုတ်လုပ်သူရဲ့ website မှာ model အလိုက် ရှာဖွေ၍သော်လည်းကောင်း အသေးစိတ်ကို သိရှိနိုင်ပါတယ်။

အရမ်း စျေးပေါတဲ့ မားသားဘုတ်တွေကလွဲလို့ ခုနောက်ပိုင်းမှာ ထွက်ရှိလာခဲ့ ဘုတ်တော်တော်များများရဲ့ SATA ဗားရှင်းက III တွေပဲများပါတယ်။

ဟာ့ဒစ် (HDD) တွေအတွက်တော့ မည်မျှ လည်ပတ်နှုန်း (5400, 7200 RPM စသဖြင့်) ရှိစေကာမူ SATA I မှာချိတ်ဆက်ခြင်းဖြင့်လုံလောက်မှုရှိပါတယ်။

SSD တွေမှာသာ သူနဲ့ သင့်တော်ရာကို တွဲဖက်ပေးမှသာ လိုက်ဖက်ညီညီရှိစေမှာဖြစ်ပါတယ်။

port အရတော့ ဟုတ်ပီ၊ ကြိုး (cable) အနေနဲ့ကော SATA I အတွက်ဆို တစ်မျိုး၊ II အတွက်ဆို တစ်မျိုး၊ III အတွက် ဆို နောက်တစ်မျိုး သပ်သပ်ခွဲထားသေးလား ?


တရားဝင် ထုတ်ပြန်ထားတဲ့ SATA specs document မှာ cable အနေနဲ့ ခွဲခြားထားမှုမရှိပဲ သုံးမျိုးစလုံးမှာ အသုံးပြုနိုင်ပါမယ်လို့ ဆိုထားပါတယ်။

တစ်ချို့ SATA cable တွေ (ASUS မားသားဘုတ်တွေမှာ အတူတူပါဝင်လာတဲ့ ကြိုးတစ်ချို့) မှာဆိုရင် SATA III စသဖြင့် အမှတ်အသားပြုထားပေမယ့်လို့ ဒါဟာ marketing poly အနေနဲ့သာဖြစ်ပီး အသုံးပြုသူ user တွေအနေနဲ့ မိမိရဲ့ SATA cable သာ စံချိန်မီတဲ့ ထုတ်လုပ်သူတွေရဲ့ product တစ်ခုုဖြစ်ပါစေ စွမ်းဆောင်ရည်မြန်နှုန်းကို ကြောင့်ကြမှုမရှိပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

All Credit to Original Writer, Seo Thu Aung, Copy From SJH Facebook page 

Post a Comment

0 Comments