"Destiny 2" Review for Myanmar (PS4, Xbox One, PC)

Unicode

Destiny 2 ဟာ first person view ႏွင့္ ကစားရတဲ့ အြန္လုိင္း shooter ဂိမ္းတစ္ခု ျဖစ္ပါတယ္ ။ Bungie က ဖန္တီးခဲ့ၿပီး ထုတ္ေဝေပးတဲ့သူကေတာ့ Activision ပဲ ျဖစ္ပါတယ္ ။ PlayStation 4 ႏွင့္ Xbox One အတြက္ 2017 စက္တင္ဘာ ၆ ရက္ေန႔မွာထြက္ခဲ့ၿပီး PC (windows) အတြက္ေတာ့ တစ္လေနာက္က်ၿပီး ေအာက္တိုဘာလမွာမွ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္ ။ က်ေနာ္က third person action mmorpg ေတြပဲေဆာ့ၿပီး ဒီလို first person rpg ေဆာ့တာ ဒါဟာ ပထမဦးဆံုးပါပဲ ။ အခက္အေတြ႔ဆံုး အရာကို ေျပာပါဆိုရင္ေတာ့ ေျမပံုၾကည့္ရခက္လို႔ လမ္းေပ်ာက္တတ္တာရယ္ ေနာက္ၿပီး ေသနတ္ပစ္ရတဲ့ေနရာေတြမွာရယ္လို႔ ေျပာရမွာပါ ။ First person shooter ဂိမ္းေဆာ့ေနၾကသမားအတြက္ သိပ္ထူးျခားမွာမဟုတ္ေပမယ့္ က်ေနာ့္အတြက္ေတာ့ Destiny 2 ရဲ႕ ဂိမ္းပေလးအပိုင္းဟာ အရသာမွာ ေတာ္ေတာ္ေလး ကြဲျပားသြားေစပါတယ္ ။

Destiny 2 ရဲ႕ ေကာင္းတဲ့တစ္ခ်က္ဟာ First Person shooter ဂိမ္းေပမယ့္ ဂိမ္းအမ်ားစုလို squad base မဟုတ္ပဲ တစ္ေယာက္တည္းနဲ႔လည္း အဆံုးထိ ေဆာ့လို႔ရတာပဲ ျဖစ္ပါတယ္ ။ ဒါေပမယ့္ Forsaken expansion ကအစ တစ္ေယာက္တည္းေဆာ့ရတာ နည္းနည္းခက္လာပါတယ္ ။ Destiny 2 မွာ သေဘာက်ဖို႔ေကာင္းတဲ့အခ်က္က ကုိယ္ ဘာ mission ပဲ လုပ္ေနပါေစ တစ္ေယာက္ေယာက္က ကိုယ့္ကို အခ်ိန္မေရြး လာ join ၿပီး တူတူေဆာ့လို႔ရတယ္ဆိုတဲ့ အခ်က္ပါပဲ ။ ထို႔အတူ ကုိယ္ကလည္း သူမ်ားကို အခ်ိန္မေရြး party invite လုပ္လို႔ရပါတယ္ ။ ဒါေပမယ့္ လာ join တဲ့သူက အဲ့ mission ႐ွိေနၿပီးသား ဒါမွမဟုတ္ လုပ္ၿပီးသား ျဖစ္ရမွာေပါ့ဗ်ာ ။ First person shooter ျဖစ္တဲ့အတြက္ internet data ဖိုး ေတာ္ေတာ္စားမယ္လို႔ ခန္႔မွန္းထားၿပီးသားပါ ။ ေဆာ့တဲ့အခါမွာ တကယ္လည္းစားပါတယ္ ။ လူမ်ားတဲ့အခ်ိန္ဆို ပိုဆိုးပါတယ္ ။ loading time အခ်ိန္ဟာ အရမ္းကိုၾကာပါတယ္ ။


Graphic ကိုေျပာရရင္ အရမ္းလွလြန္းပါတယ္ ။ ေသသပ္ပါတယ္ ။ အရမ္းကို စိုေျပေတာက္ပတယ္ ။ Super ​ေတြ ထုတ္​သံုးတဲ့အခ်ိန္​ဆို အရမ္​းမုိက္​ၿပီး အားရဖို႔​ေကာင္​းတယ္​၊ အရသာ႐ွိတယ္​ ။ ဂိမ္းေဒတာ စ ေဒါင္းရကတည္းက 82GB ဆိုတဲ့ ပမာဏႀကီးနဲ႔လာတယ္ဆိုေတာ့ ႐ုပ္ထြက္အပိုင္းအတြက္ အမ်ားႀကီး ေနရာယူထားႏိုင္ေလာက္တယ္ဆိုတာ သိလိုက္ရပါတယ္ ။ ပတ္ဝန္းက်င္မွာ သစ္ရြက္ေျမေပၚက်တာ ေရထဲလမ္းေလ်ွာက္သြားတဲ့အခါ လိႈင္းဂယက္ထသြားတာက အစ အျပစ္ေထာက္ျပစရာ မ႐ွိေလာက္ေအာင္ကို detail က်က် ဆြဲထားတာမုိ႔ ၾကည့္ရတာ သဘာဝက်က် အရမ္းလွေနပါတယ္ ။

Destiny 2 ဂိမ္းကိုက ၿဂိဳလ္သားေတြနဲ႔ ခ်ရတဲ့ Sci-fi theme မ်ိဳး ျဖစ္ေနေတာ့ ဂိမ္းတြင္းပတ္ဝန္းက်င္ဟာ ေခတ္လြန္သိပၸံစိတ္ကူးယဥ္ပံုစံ ျဖစ္ေနတာ မထူးဆန္းေပမယ့္ တခ်ိဳ႕ မေကာင္းဆိုးဝါးလိုလိုအေကာင္ ေသြးစုပ္ဖုတ္ေကာင္လိုလိုအေကာင္ ၿဂိဳလ္သားေတြ ေနေနတဲ့ေနရာေတြဆို ဝင္လိုက္တာနဲ႔ ရြံစရာခံစားခ်က္ တစ္စိမ့္စိမ့္ေၾကာက္လာမယ့္ ခံစားခ်က္မ်ိဳးရေအာင္ ဖန္တီးထားတာ ေတြ႔ရပါတယ္ ။ Resident Evil ဖီးလ္မ်ိဳးရတယ္လို႔ ေျပာရမလား ။ တခါတေလ ေသြးစုပ္ဖုတ္ေကာင္လို ရြံစရာေကာင္းတဲ့အေကာင္ေတြ တျပံဳႀကီး ေၾကာက္စရာေကာင္းတဲ့အသံနဲ႔ ေအာ္ၿပီး ကုိယ့္ဆီေျပးဝင္ လာကိုက္ၾကတာ ခုန္ဖို႔အခ်ိန္မရလိုက္ပဲ ထြက္ေျပးလို႔ေတာင္မရပဲ ေသသြားတဲ့အခါမ်ိဳး ႐ွိလို႔ပါ ။ အစကေတာ့ ေၾကာက္ေပမယ့္ ေဆာ့ပါမ်ားတဲ့အခါ အခုဆို ဘယ္လိုမွ မေနေတာ့ပါဘူး ။ ေနာက္ၿပီး screen အလွည့္အေျပာင္း အသြားအလာမွာ အနီးအေဝး႐ုတ္တရက္ ေျပာင္းတဲ့အခါေတြမွာလည္း ထစ္တာတို႔ ပံုရိပ္ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္တာတို႔ မ႐ွိပဲ ေခ်ာေမြ႔ေျပျပစ္ေအာင္ လုပ္ထားတာ ေတြ႔ရပါတယ္ ။ ေသနတ္ကိုင္ပစ္တဲ့အခါ ထြက္လာတဲ့ ျပန္ကန္အား၊ အကြာအေဝးအလိုက္ က်ည္ေတာင့္ သက္ေရာက္မႈက အစ အကုန္လံုး ႐ူပေဗဒနည္းက်က်လုပ္ထားတာမုိ႔ တကယ့္ေသနတ္တစ္လက္ ကိုင္ၿပီး ပစ္ေနရသလိုခံစားရေအာင္ လုပ္ထားတာ ေတြ႔ရပါတယ္ ။ ျမင္ကြင္းအေနအထားဟာလည္း first person shooter ဂိမ္း ျဖစ္တဲ့အတြက္ အေရႊ႔အေျပာင္း အသြားအလာ ေခ်ာမြတ္ေျပျပစ္စြာနဲ႔ တိတိက်က်လုပ္ထားတာမုိ႔ third person view နဲ႔ ေဆာ့ရသည့္တိုင္ first person view အရသာအတိုင္း႐ွိေနတာ ေတြ႔ရပါတယ္ ။

ဒါေပမယ့္ ႐ုပ္ထြက္ထဲ က်ေနာ္မႀကိဳက္တဲ့အခ်က္ကေတာ့ character ပံုစံေတြပါပဲ ။ Character customization ထည့္ထားတာ ညံ႔တယ္လို႔ ေျပာရမွာပါ ။ ေရြးခ်ယ္ခြင့္ေပးထားတာေတြက အရမ္းကို နည္းပါတယ္ ။ ဂိမ္း developer ေတြက အေနာက္တိုင္းသားေတြ ဆိုေတာ့ character ႐ုပ္ကို အေနာက္တိုင္းဆန္ဆန္ လုပ္ထားတာ မထူးဆန္းပါဘူး ။ ၿပီးေတာ့ ဂိမ္းပေလးအပိုင္းကိုပဲ အထူး ဦးစားေပးထားပံုရေတာ့ ဒီလို character အျပင္အဆင္အပိုင္းမွာ သိပ္အေလးမထားေတာ့တာ ျဖစ္ပါလိမ့္မယ္ ။ Human, Awoken, Exo ဆိုၿပီး ရွိတဲ့ေနရာမွာ အဲ့ဒီ Race ၃ ခုလံုးက Male ေရာ Female ေရာဟာ ရြယ္တူလိုျဖစ္ေနၿပီး လမ္းေလ်ွာက္တဲ့ပံုစံ ရပ္ေနတဲ့ပံုစံေတြကလည္း သိပ္မကြာတာကို ေတြ႔ရပါတယ္ ။ Male ကေတာ့ ဘာမွေျပာစရာမ႐ွိေပမယ့္ Female မွာ မိန္းမဆန္မႈ ေပ်ာ့ေပ်ာင္းမႈေတြ မေတြ႔ရဘူး ျဖစ္ေနပါတယ္ ။ ဒါေပမယ့္ NPC ေတြမွာေတာ့ မိန္းမဆန္တဲ့ အေငြ႔အသက္ နည္းနည္း ေတြ႔ရပါတယ္ ။ မိန္းမဆန္ဆန္ ႏူးညံ႔မႈ ႐ွိတာကို ႀကိဳက္တတ္တဲ့ က်ေနာ့္အဖို႔ကေတာ့ ၾကည့္ရတာ မသက္မသာျဖစ္ရပါတယ္ ။ ဒါေပမယ့္ က်ေနာ့္အတြက္ေတာ့ ေဆာ့ရအဆင္ေျပပါတယ္ ။ ဘာျဖစ္လို႔လဲဆိုေတာ့ cutscene တခ်ိဳ႕ကလြဲလို႔ က်န္တဲ့အခ်ိန္မွာ armor က မွန္မည္းတပ္ထားတဲ့ ဆိုင္ကယ္ဦးထုပ္လို ေခါင္းလံုးျပည့္ ျဖစ္ေနေတာ့ မ်က္ႏွာကို မျမင္ရလို႔ပါပဲ ။


ဂိမ္းဟာ first person shooter ျဖစ္ေပမယ့္ third person view နဲ႔ေဆာ့ရတဲ့အခါေတြ ႐ွိပါတယ္ ။ ဥပမာ ၿမိဳ႕ေတြေရာက္တဲ့အခါ third person view ျဖစ္သြားတယ္ ။ ေနာက္ၿပီး တခ်ိဳ႕မစ္႐ွင္ေတြ လုပ္တဲ့ေနရာမွာ တခ်ိဳ႕ေနရာေတြမွာ third person view နဲ႔ ေဆာ့ရတာကို ေတြ႔ရပါတယ္ ။ ဒါေပမယ့္ third person view နဲ႔ ေဆာ့ရတဲ့အခ်ိန္က အရမ္းနည္းပါတယ္ ။ third person view ေဆာ့သမား က်ေနာ္အေနနဲ႔ အဲ့ဂိမ္းေဆာ့တဲ့အခါ ျမင္ကြင္းအားမရလို႔ အေတာ္ေလး သတိထားရပါတယ္ ။ first person view မို႔ ျမင္ကြင္းက က်ဥ္းသလို ခံစားရၿပီး ေဆာ့တဲ့အခါ ကိုယ့္အေနာက္မွာ လူ႐ွိမ႐ွိကို အသံကို သတိထားနားေထာင္ရံုကလြဲလို႔ ေရဒါၾကည့္ရတာကလြဲလို႔ လံုးဝမသိႏိုင္တာမို႔ third person view ဂိမ္းလိုမ်ိဳး ရန္သူေတြ႔တာနဲ႔ တဇြတ္ထိုး ဝင္ရမ္းေနလို႔မရပါဘူး ။ မ်က္စိလည္း ႐ွင္႐ွင္ ထားၾကည့္ေနရပါတယ္ ။ အဲ့ဒါကို က်ေနာ္အျမဲတမ္းေမ့ေမ့ၿပီး ဝင္ရမ္းေနမိလို႔ ေသတာ အႀကိမ္ႀကိမ္ပါပဲ ။ ဒါေပမယ့္ ေဆာ့တာမ်ားလာလို႔ အခုဆိုရင္ ေတာ္ေတာ္ေလး ေနသားက်သြားၿပီး ေဆာ့ရတာ ပိုေကာင္းလာပါတယ္ ။ ေနာက္ၿပီး Destiny 2 ေဆာ့ၿပီးရင္ Overwatch ေဆာ့တာ ပုိလြယ္လာတယ္လို႔ ခံစားရတယ္ ။

Destiny 2 ဟာ First Person Shooter ဂိမ္းေပမယ့္ RPG ျဖစ္တဲ့အတြက္ တျခား RPG လိုမ်ိဳး RPG content ေတြအျပင္ PvE, PvP ေတြပါၿပီး PvP ကိုေတာ့ ပိုအသားေပးထားတာကို ေတြ႔ရပါတယ္ ။ ဒါေပမယ့္ RPG content ေတြက သိပ္မမ်ားပါဘူး ။ တျခား first person shooter ဂိမ္းေတြထက္စာရင္ MMORPG ပံုစံမ်ိဳး ဝင္ေအာင္ Leveling မွာ PvE မွာ ေနာက္ၿပီး armor gear ေတြမွာ ေတာ္ေတာ္ေလး အားစိုက္ထားတာ ေတြ႔ရပါတယ္ ။ in game currency ေတြကလည္း သိပ္မမ်ားသလို အဆင့္ျမင့္ item ေတြ grind ရတာလည္း သိပ္မခက္ေပမယ့္ item ေကာင္းေကာင္းရဖို႔ကေတာ့ ကုိယ့္ရဲ႕ ကံေကာင္းမႈအေပၚ မူတည္ေနပါတယ္ ။ အေကာင္းစား gear ေတြျဖစ္တဲ့ Legendary gear ေတြေတာ့ PvP ကေနသာမက PvE ကေနပါ ေပးတာေတြ႔ရပါတယ္ ။ ေနာက္ၿပီး bounty ေတြကေနလဲ ရပါေသးတယ္ ။


ဇာတ္လမ္းကေတာ့ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္ ။ ကမၻာကို တျခားၿဂိဳလ္က ၿဂိဳဟ္သားေတြ ဝင္လာသိမ္းတယ္ ။ အဲ့ဒီ ၿဂိဳလ္သားေတြက ဝင္သိမ္းၿပီး သူ႔လက္ေအာက္ထဲ မဝင္တဲ့သူေတြဆို ၿဂိဳလ္ပါမက်န္ စၾကဝဠာ ထဲက ေပ်ာက္သြားေအာင္ လုပ္တတ္ပါတယ္ ။ ကိုယ္ကေတာ့ ထူးျခားတဲ့စြမ္းရည္ေတြ ပိုင္ဆိုင္ထားတဲ့ အလင္းဘက္ေတာ္သား light guardian တစ္ေယာက္ျဖစ္ၿပီး က်ဴးေက်ာ္တာကို ျပန္ခုခံေပမယ့္ ေနာက္ဆံုး ရံႈးသြားၿပီး ကိုယ့္ရဲ႕ light power ပါေပ်ာက္သြားတယ္ ။ ကိုယ့္ light ကိုျပန္႐ွာရင္း ကမၻာျပန္ရယူၿပီး စၾကဝဠာႀကီး ဖ်က္ဆီးမယ့္ ဒီၿဂိဳလ္သားေတြကို တိုက္ခိုက္ႏွိမ္နင္းတဲ့ ဇာတ္လမ္းေလးနဲ႔ ကစားရတာပဲ ျဖစ္ပါတယ္ ။ အဲ့ဒါက base game ရဲ႕ ဇာတ္လမ္းပါ ။ ဇာတ္လမ္းက ေကာင္းပါတယ္ ။ ဒါေပမယ့္ Expansion ျဖစ္တဲ့ Curse of Osiris နဲ႔ Warmind က်ေတာ့ ဇာတ္လမ္းက ေဘးေရာက္သြားသလို ခံစားရတယ္ ။ Forsaken က်ေတာ့ မထင္မွတ္ထားတာေလးေတြနဲ႔ ဇာတ္လမ္းက ျပန္ေကာင္းလာတာကို ေတြ႔ရပါတယ္ ။ expansion အျပင္ anuual pass ဆိုတာ ႐ွိေသးပါတယ္ ။ အဲ့ဒီဟာကေတာ့ mode အသစ္နည္းနည္းနဲ႔ gear အေကာင္းစား လက္နက္အေကာင္းစားေတြ ေပးတာ ျဖစ္ပါတယ္ ။

Gameplay လည္​း ​ေတာ္​​ေတာ္​မုိက္​ပါတယ္​ ။ ကိုယ္ဘယ္ေနရာပဲ ေရာက္ေနပါေစ ဂိမ္းထဲ ထြက္ၿပီး ျပန္ဝင္လိုက္ရင္ အျမဲတမ္း တာထြက္တာက ၿဂိဳလ္ပတ္လမ္းထဲကေနပဲ ျဖစ္တာမို႔ ဒီ ၿဂိဳလ္ပတ္လမ္းထဲကပဲ ကိုယ္ ႀကိဳက္ရာၿဂိဳလ္ကို ေရြးခ်ယ္သြားလာႏိုင္ပါတယ္ ။ rpg မုိ႔လို႔ ဇာတ္လမ္းအလိုက္ main mission ေဆာ့ရင္း ၿဂိဳလ္တစ္ခုၿပီး တစ္ခု unlock ျဖစ္လာတာကေတာ့ ထံုးစံပါပဲ ။ ၿဂိဳလ္ေတြက သိပ္မမ်ားေပမယ့္ ၿဂိဳလ္ထဲက ေျမပံုေတြကေတာ့ အေတာ္ေလး ႀကီးၿပီး free explorable ျဖစ္တာေၾကာင့္ ႀကိဳက္တဲ့ေနရာ ႀကိဳက္သလို သြားလာလုိ႔ ရတာကေတာ့ ႐ွယ္ပါပဲ ။ ၿပီးေတာ့ ၿဂိဳလ္တစ္ၿဂိဳလ္စီမွာ သက္ဆိုင္ရာ အသံုးဝင္ item ေတြ႐ွိပါတယ္ ။ ဒီ item ေတြဟာ လက္နက္အသစ္ေတြ ရေအာင္လုပ္တဲ့ေနရာမွာ ၿပီးေတာ့ လက္နက္ေတြကို upgrade လုပ္တဲ့ေနရာမွာေတြမွာ အသံုးဝင္ပါတယ္ ။ item ေတြဟာ သက္ဆိုင္ရာၿဂိဳလ္တစ္ခုလံုးမွာ ျပန္႔က်ဲေနတာမို႔ အဲ့ဒီၿဂိဳလ္ေပၚက ေနရာေတြစူးစမ္းသြားလာရင္းနဲ႔ ေတြ႔ရတတ္ပါတယ္ ။ ေနရာအႏွံ႔မွာ item ေတြ ျပန္႔က်ဲေနတဲ့အျပင္ lost sectors ေတြ ၊ chest ေတြ၊ အခ်ိန္အလိုက္ ေပၚလာတတ္တဲ့ reward ေလးေတြ ေပးတတ္တဲ့ Mini boss ေတြ ႐ွိပါတယ္ ။

ၿဂိဳလ္တိုင္း ၿဂိဳလ္တိုင္းမွာ Public event, Adventure ေနာက္ၿပီး ထူးျခားတဲ့ quest ေတြ ကိုယ္စီ ႐ွိၾကပါတယ္ ။ တခ်ိဳ႕ၿဂိဳလ္ေတြမွာေတာ့ Raid ေတြ ၿပီးေတာ့ Strike လို႔ေခၚတဲ့ advenure လိုမ်ိဳးေတြ ႐ွိပါတယ္ ။ ဒါေတြအကုန္လံုးဟာ PvE ျဖစ္ပါတယ္ ။ Public event ကေတာ့ အခ်ိန္အလိုက္ ေပၚတတ္ၿပီး mission တစ္ခုကို အခ်ိန္​နဲ႔ လူေတြအမ်ားႀကီးနဲ႔ ေဆာ့ရတာ ျဖစ္ပါတယ္ ။ လူမ်ားမ်ားပါရင္ ပြဲၿပီးျမန္တယ္ေပါ့ဗ်ာ ။ Adventure က​ေတာ့ mission အတြဲလိုက္ပါၿပီး အဲ့ဒီ mission ေတြက ကုိယ့္ကို ေျမပံု တစ္ေနရာကို ေခၚေဆာင္သြားမွာ ျဖစ္ပါတယ္ ။ dungeon ထဲဝင္ခ်ရတဲ့ ပံုစံမ်ိးပါပဲ ။ Adventure ကေတာ့ ဂိမ္းဇာတ္လမ္းသြားမွာ ျမဳပ္ထားခဲ့တဲ့ ဒါမွမဟုတ္ ခ်န္ထားခဲ့တဲ့ အပိုင္းေလးေတြပဲ ျဖစ္ပါတယ္ ။ ထူးျခားတဲ့ quest ကေတာ့ side story လို႔ ေျပာရမလားပဲ ။ သူလည္း adventure လိုမ်ိဳး ကိုယ့္ကို mission ေတြနဲ႔ ေျမပံုတစ္ေနရာကို ေခၚေဆာင္သြားတာ ျဖစ္ပါတယ္ ။ ၿပီးေတာ့ လက္နက္ေတြလည္း ေပးပါတယ္ ။ Public event ေတြ Adventure mission ေတြမွာ ႐ိုး႐ိုးနဲ႔ Heroic ဆိုၿပီး ဗား႐ွင္း ၂ မ်ိဳးစီ ႐ွိၾကပါတယ္ ။ Heroic က မစ္႐ွင္ေတြ ဟာ ႐ိုး႐ုိးထက္ နဲနဲေလးကြဲၿပီး ေဆာ့ရတာ နဲနဲ ခက္တယ္လို႔ ဆိုရမွာပါ ။ ဒါေပမယ့္ ေပးတဲ့ reward ေတြက ပိုေကာင္းသလို Heroic လုပ္မွ ရတဲ့ reward ေတြ လ်ွိဳ႕ဝွက္ခ်က္ေတြ ရတတ္တာ ျဖစ္ပါတယ္ ။


PvE Mode ကို ေျပာရရင္ ေန႔စဥ္လုပ္လို႔ရတဲ့ ေဘာ့နပ္စ္ေလးေတြ ေပးတဲ့ Heroic Mission, Vanguard Mission, NightFalls ဆိုၿပီး ၃ မ်ိဳး ႐ွိပါတယ္ ။ Heroic က base game က ဇာတ္လမ္းနဲ႔ မစ္႐ွင္ေတြကို ျပန္ေဆာ့ရတာ ျဖစ္ၿပီး Vanguard က်ေတာ့ expansion ေတြ ျဖစ္တဲ့ Curse of Osiris ၊ Warmind ၊ Forsaken က ဇာတ္လမ္းနဲ႔ မစ္႐ွင္ေတြ ျပန္ေဆာ့ရတာ ျဖစ္ပါတယ္ ။ base game ပဲ ဝယ္ထားရင္ Heroic ပဲ ေဆာ့ရမွာ ျဖစ္ၿပီး က်န္ ၂ ခုကိုေတာ့ Forsaken အထိဝယ္ထားရင္ ေဆာ့လို႔ရမွာ ျဖစ္ပါတယ္ ။ PvE mode ေတြထဲမွာ Vanguard တစ္ခုပဲ matchmaking ရတာေၾကာင့္ က်န္ mode ၂ ခုကို အဖြဲ႔နဲ႔ ေဆာ့ခ်င္ရင္ေတာ့ အဖြဲ႔ဖြဲ႔ၿပီး ဝင္မွပဲ ရမွာ ျဖစ္ပါတယ္ ။ Nightfall က်ေတာ့ ဒီ adventure မစ္႐ွင္ေတြကို အရမ္းခက္တဲ့ဗား႐ွင္းနဲ႔ ေဆာ့ရတာ ျဖစ္ပါတယ္ ။ ခက္တယ္ဆိုတာကေတာ့ normal ဗား႐ွင္းထက္ အေကာင္ေရအမ်ားႀကီးတိုးလာတာရယ္ ၊ အေကာင္ေတြက ေ႐ွာင္တတ္ၿပီး ခ်ရပိုခက္လာတာရယ္ ၊ boss ေတြက ပိုၿပီးလည္လာၿပီး ခ်ရတာ မာလာတာရယ္ပါပဲ ။ Main mission ေတြ adventure မစ္႐ွင္ေတြက တစ္ေယာက္တည္းလည္း လုပ္ႏိုင္သလို လူအမ်ားစုနဲ႔လည္း တြဲလုပ္လို႔ရပါတယ္ ။ အမ်ားနဲ႔တြဲေဆာ့မယ္ဆိုရင္ေတာ့ တခါေဆာ့ရင္ အမ်ားဆံုး ၃ ေယာက္အထိပဲ တူတူေဆာ့ႏိုင္မွာ ျဖစ္ပါတယ္ ။

PvE mode မွာ Strike mission ၊ Vanguard mission ႏွင့္ Nightfall ၿပီးေတာ့ Raid စုစုေပါင္း ၄ မ်ိဳးပဲ ႐ွိပါတယ္ ။ PvP မွာေတာ့ Quickplay ၊ Rumble ၊ Lockdown ၊ Private Match ၊ Competitive ၊ Iron Banner ၊ ၿပီးေတာ့ Gambit ဆိုၿပီးေတာ့ ၆ မ်ိဳး႐ွိပါတယ္ ။ Gambit က PvP ေရာ PvE ပါ ၂ မ်ိးလံုးေရာေနတဲ့ mode ပဲ ျဖစ္ပါတယ္ ။ Gambit mode က လူေကာင္းရင္ ေပ်ာ္ဖို႔ေကာင္းပါတယ္ ။ ရန္သူအဖြဲ႕ ကိုယ့္အဖြဲ႔ ေနရာသတ္သတ္စီမွာ ေပၚလာတဲ့အေကာင္ေတြ လိုက္ သတ္ရပါတယ္ ။ အေကာင္ေတြေသရင္ Mote ေတြ က်လာတယ္ ။ အဲ့ဒီ Mote ေတြ လိုက္ေကာက္ၿပီး portal ထဲ သြားထည့္ရပါတယ္ ။ portal ကေတာ့ ၂ ခု ႐ွိပါတယ္ ။ တစ္ဖက္အဖြဲ႔ေနရာထဲ သြားလို႔ရတဲ့ portal ႏွင့္ ခုနက Mote ေတြ ထည့္ေပးရတဲ့ portal ပါ ။ ဒီ Mote ေတြ ထည့္ေပးရတဲ့ portal က သတ္မွတ္ခ်က္ျပည့္ရင္ boss ထြက္လာပါတယ္ ။ အဲ့ဒီ boss ကို အရင္ဦးဆံုး သတ္ႏိုင္တဲ့ အဖြဲ႔ အႏိုင္ရမွာ ျဖစ္ပါတယ္ ။ ဒီေတာ့ ရန္သူ႔နယ္ေျမထဲဝင္တဲ့ portal က ဘာလုပ္တာလဲ? ရန္သူ႔နယ္ေျမထဲ အဲ့ဒီ portal ကေန ဝင္ၿပီး တစ္ဖက္အဖြဲ႔သားေတြ လိုက္သတ္ၿပီး ေႏွာင့္ယွက္ရတာေပါ့ ။ ေသသြားရင္ အဲ့ဒီ player စုေဆာင္းထားတဲ့ mote ေတြ က်ေပ်ာက္သြားမွာ ဆိုေတာ့ ဒီလိုျဖစ္သြားရင္ သူတို႔ ခ်ရမယ့္ boss ေပၚလာတာ ေနာက္က်သြားမွာပါ ။ ဒါ့အျပင္ သူ႔ဘက္ ကိုယ့္ဘက္ boss ေတြ အၿပိဳင္ေပၚေနၿပီး အႀကိတ္အနယ္ ျဖစ္ေနတဲ့အခါ ကိုယ့္ဘက္ player က ရန္သူ႔နယ္ေျမထဲဝင္ၿပီး တစ္ဖက္ player ကို သတ္ႏိုင္ခဲ့ရင္ တစ္ဖက္ player ေတြ ရင္ဆိုင္ေနရတဲ့ boss က ေသြးျပန္ျပည့္သြားပါတယ္ ။ ဒီေတာ့ ကိုယ့္ဘက္ကလူေတြ boss ကို အရသတ္ဖို႔ အခ်ိန္ပိုရသြားမွာပါ ။ ဒီလိုနည္းနဲ႔ အႏိုင္အရံႈးေပၚေအာင္ ၃ ခါ ေဆာ့ရတာ ျဖစ္ပါတယ္ ။


Character special skill ကို ေျပာရရင္ Destiny 2 မွာ Titan, Hunter ႏွင္​့ Warlock ဆိုၿပီး Main Class ၃ မ်ိဳး႐ွိပါတယ္​ ။ tank ပံုစံျဖစ္ေနတဲ့ Titan ကေတာ့ ထိုးစစ္ဆင္တဲ့အခါ ေကာင္းတဲ့ class ၊ Hunter class ကေတာ့ ထိုးစစ္ဆင္ႏိုင္သလို ေထာက္ပံ့ေပးႏိုင္တဲ့ class ၊ Warlock ကေတာ့ အေထာက္အပံ့ေကာင္းေကာင္း ေပးႏိုင္တဲ့ class လို႔ အၾကမ္းဖ်င္းနားလည္ရပါတယ္ ။ ဒါေပမယ့္ အကုန္လံုးက damage အထြက္မ်ားတာမို႔ dps class ေတြျဖစ္ေနတာေၾကာင့္ ဘယ္ class က ဘာတာဝန္လုပ္ရမယ္ဆိုတာမ်ိဳးေတာ့ မ႐ွိပါဘူး ။ အဲ့ဒီ main class ၁ ခုစီမွာ Solar, Arc, Void ဆိုၿပီး အမ်ိဳးအစား ၃ မ်ိဳး နဲ႔ special skill sub class ၃ ခုစီ႐ွိၾကပါတယ္​ ။ ပထမ​ေတာ့ ၂ ခုပဲ႐ွိတာပါ ။ Forsaken expansion မွာမွ အသစ္​ ၁ ခု ထပ္​တိုးလိုက္​​ေတာ့ sub class က စုစု​ေပါင္​း ၃ ခု ျဖစ္​သြားတာ ျဖစ္​ပါတယ္​ ။ Sub Class ရဲ႕ ability ေတြက အကုန္လံုးနီးပါး ခပ္ဆင္ဆင္ေလးေတြ ျဖစ္ၾကၿပီး အဓိက special power attack တစ္ခုသာလ်ွင္ ကြဲျပားတာ ေတြ႔ရပါတယ္ ။ Class ႀကီးကေတာ့ character တစ္ေယာက္မွာ ၁ ခုပဲ ေရြးခ်ယ္ခြင့္ေပးထားလို႔ ထပ္ေျပာင္းလို႔မရေပမယ့္ Class ထဲက sub class ေလးေတြကိုေတာ့ ႀကိဳက္သလို ေျပာင္းခြင့္ေပးထားပါတယ္ ။ mission လုပ္ေနတုန္းမွာလည္း ေျပာင္းလို႔ရတယ္ တိုက္ေနရင္း ပစ္ေနရင္းမွာေတာင္ အခ်ိန္ရခဲ့ရင္ sub class ေျပာင္းၿပီး ခ်လို႔လည္းရတယ္ ။ ဒီအခ်က္မဆိုးဘူးလို႔ က်ေနာ္ထင္ပါတယ္ ။ ဒါေပမယ့္ sub class ေတြ တခုကေနတခုကို ေျပာင္းရင္ penalty အေနနဲ႔ skill အားလံုး loading လုပ္ခ်ိန္ ၂ မိနစ္ေလာက္ေပးရပါတယ္ ။ loading လုပ္ခ်ိန္တြင္းေတာ့ ဘာ skill မွ သံုးမရဘူးေပါ့ ။ ၿပီးေတာ့ တခ်ိဳ႕ sub class မွာ သူမ်ားေတြ special power သံုးစဥ္ ထြက္က်လာတဲ့ light orb ေလးေတြ လိုက္ေကာက္ရင္ ကိုယ့္ skill loading time က အခ်ိန္ပိုတိုသြားတဲ့ passive feature ေလးေတြပါတာ ေတြ႔ရပါတယ္ ။ Class ႀကီးေတြက character တစ္ေယာက္ကို တစ္ခုလို႔ သတ္မွတ္ထားတာေၾကာင့္ ေျပာင္းလို႔မရေလေတာ့ တျခား class ကို ေဆာ့ခ်င္ရင္ character အသစ္တစ္ေယာက္ ဖန္တီးၿပီးေဆာ့မွ ရမွာ ျဖစ္ပါတယ္ ။

လက္​နက္​မွာ Kinetic, Energy, Power ဆိုၿပီး အမ်ိဳးအစား ၃ မ်ိဳး႐ွိၿပီး ဒီအထဲ sniper တို႔ rifle တို႔ shot gun, laucher စသျဖင္​့ ေသနတ္ အမ်ိဳးအစား ေတာ္ေတာ္စံုစံုေလးပါတာ ​ေတြ႔ရပါတယ္​ ။ ရန္သူအေပၚမူတည္ၿပီး ဒီလက္နက္အမ်ိဳးအစား ၃ မ်ိဳးကို လွည့္သံုးေပးရပါတယ္ ။ ဥပမာ အျပာေရာင္ shield ႐ွိတဲ့ အေကာင္ဆို Arc Energy weapon နဲ႔ ပစ္ရင္ shield က်တာျမန္တဲ့အတြက္ Arc Energy weapon သံုးၿပီးေနာက္ Kinetic weapon နဲ႔ ပစ္လိုက္ရင္ တစ္ေကာင္တစ္ေကာင္ဆို ခဏေလးနဲ႔ သတ္ႏိုင္ပါတယ္ ။ အုပ္စုလိုက္႐ွိေနၿပီဆိုရင္လည္း Power weapon Launcher နဲ႔ ပစ္လိုက္ရင္ တစ္ခ်က္တည္းနဲ႔ အကုန္ေသပါတယ္ ။ (ဒီလိုပစ္ရတာ ေတာ္ေတာ္အရသာ႐ွိပါတယ္... exp ေတြလည္း တနင့္တပိုးရပါတယ္) Class ႀကီးေတြ sub class ​ေတြမွာ ဘာ လက္​နက္​အမ်ိဳးအစားမွ ကိုင္ရမယ္လို႔ သတ္မွတ္မထားလို႔ အစံုကိုင္​လို႔ရပါတယ္​ ။ ဒါေပမယ့္ Energy weapon ႏွင့္ Power weapon အမ်ိဳးအစား ေတြမွာေတာ့ Solar, Arc, Void ဆိုတဲ့ အမ်ိဳးအစားအလိုက္ လက္နက္ေတြ႐ွိၾကေတာ့ ကုိယ္လက္႐ွိ ရင္ဆိုင္ေနရတဲ့ အေကာင္ေတြအေပၚ မူတည္ၿပီး ေရြးခ်ယ္သံုးေပးရပါတယ္ ။ တကယ့္တကယ္ေကာင္းတဲ့ လက္နက္ေတြျဖစ္တဲ့ exotic လက္နက္ေတြက်ေတာ့ အရမ္းေကာင္းၿပီး ႐ွာရတာလည္း အဆင့္ေတြ အမ်ားႀကီးနဲ႔ အေတာ္ခက္ပါတယ္ ။ ဥပမာေျပာရရင္ Polaris lance ဆိုတဲ့ ႐ိုင္ဖယ္ ရဖို႔ဆို လုပ္ရတဲ့ အဆင့္က ၅ ဆင့္ ေလာက္ ႐ွိၿပီး အဆင့္ တစ္ဆင့္မွာဆို ဒီေသနတ္ရဲ႕ headshot ခ်ည္းပဲ ပစ္လို႔ ၅ ခ်က္ေျမာက္ပစ္ခ်က္မွာမွ ျဖစ္မယ့္ ေပါက္ကြဲမႈမွာ ပါမယ့္ မီးေလာင္ဒဏ္နဲ႔ပဲ ေသသြားရမယ့္ kill ၅၀ ရေအာင္ လုပ္ခိုင္းတာမ်ိဳးကေတာ့ လုပ္ရတာ ေတာ္ေတာ္ကတ္သီးကတ္သတ္က်ပါတယ္ ။ က်ေနာ္ဆို အဲ့ လက္နက္လိုခ်င္လို႔ မရမက farm လိုက္တာ မ်က္စိေတြ ျပာေဝကုန္ၿပီး လက္လည္း အေၾကာကပ္ခ်င္သလို ျဖစ္သြားတယ္ ။ ဒါကေတာ့ quest အေနနဲ႔လုပ္ရတဲ့ exotic လက္နက္ျဖစ္ၿပီး တစ္ခ်ိဳ႕ exotic လက္နက္ေတြက်ေတာ့ အခ်ိန္နဲ႔ သတ္မွတ္ထားတာမုိ႔ သူေပၚမယ့္ရက္မွာ ေပၚလာေအာင္ လိုက္ဖန္တီးေပးမွ ႐ွာလို႔ေတြ႔မယ့္ လက္နက္ေတြလည္း ႐ွိပါတယ္ ။


လက္နက္ေတြအေၾကာင္း ေျပာရင္ေတာ့ armor ေတြပါ ေျပာမွရမွာပါ ။ armor ေတြကေတာ့ ေတာ္ေတာ္လွတယ္ ဒီဇိုင္းက မုိက္တယ္ ။ item ေတြဟာ random က်ပန္းရတာ ျဖစ္ပါတယ္ ။ ဘာအေကာင္သတ္ရင္ ဘာ item ရမယ္ဆိုတာမ်ိဳး မ႐ွိပါဘူး ။ item ေတြရဲ႕ level ကို power level နဲ႔ သတ္မွတ္ထားပါတယ္ ။ ဒါေပမယ့္ power level က သိပ္မဆိုင္သလို ျဖစ္ေနတယ္ ။ တခ်ိဳ႕ လက္နက္ေတြက power level နိမ့္ေပမယ့္ power level ျမင့္ လက္နက္ေတြထက္ကို ပိုၾကမ္း ပိုေကာင္းေနတာ ေတြ႔ရသလို တခ်ိဳ႕ armor ေတြက power level နိမ့္ေပမယ့္ stats ေတြ buff ေတြက အရမ္းေကာင္းေနတာ ေတြ႔ေနရလို႔ပါပဲ ။ ဒါေပမယ့္ ဘယ္လက္နက္မဆို ဘယ္ armor မဆို power level ျမင့္ေအာင္ ေပါင္းထည့္လို႔ ရေနေတာ့ ကိုယ္နဲ႔ အသံုးတည့္မယ့္ armor ၊ ကိုယ့္အႀကိဳက္ လက္နက္ေတြေတြ႔ရင္ power level အျမင့္တစ္ခုကို သံုးကာ ေျပာင္းၿပီး ဆက္သံုးေနလို႔ရပါတယ္ ။ Power level က မစ္႐ွင္ေတြ raid ေတြမွာ သတ္မွတ္ထားေတာ့ power level ျမင့္ေအာင္ မလုပ္လို႔လည္း မရဘူး ။ Destiny 2 မွာ character level က အတက္ျမန္တာေၾကာင့္ ကိစၥေထြေထြထူးထူးမ႐ွိေပမယ့္ Max level ေရာက္သြားရင္ power level က အဓိက ျဖစ္သြားပါတယ္ ။ ကုိယ္လက္႐ွိသံုးေနတဲ့ power level ထက္ ျမင့္တာကို ႐ိုး႐ိုးသာမာန္ တိုက္ပြဲေတြမွာ အေကာင္ေတြ သတ္ရာကေန က်လာတဲ့ item ေတြ လိုက္ေကာက္ရင္းနဲ႔ ရႏိုင္ေပမယ့္ power level 550 ေက်ာ္သြားတဲ့အခါ power level ျမင့္ေတြ ရဖို႔ ခက္ခဲလာတာ ေတြ႔ရပါတယ္ ။ ဒါေပမယ့္ daily reward ေတြကိုသာ ပံုမွန္ေဆာ့ၿပီး ယူထားရင္ေတာ့ power level အျမင့္ဆံုးေရာက္ဖို႔ အခ်ိန္ သိပ္မေပးရပါဘူး ။ ေနာက္ၿပီး အေကာင္သတ္ရာကေန ၊ quest ေတြ daily reward ေတြကေန engram ဆိုတာေလးေတြ ရလာပါတယ္ ။ ဒီ engram ကို သက္ဆိုင္ရာေနရာေတြမွာ သြားဖြင့္လိုက္ရင္ လက္နက္၊ armor ၊ အေရာင္၊ စီးဖို႔ယာဥ္ ၊ အာကာသယာဥ္ပ်ံ ၊ တိုကင္ စတာေတြ ရလာပါတယ္ ။ ဒီလိုရတာကလည္း က်ပန္းစနစ္နဲ႔ ရတာ ျဖစ္ပါတယ္ ။


က်ေနာ့္ကို Destiny 2 ကို ေဆာ့ခ်င္စိတ္ေပၚလာေအာင္ ႏိႈးဆြခဲ့တာကေတာ့ raid ပဲ ျဖစ္ပါတယ္ ။ သူ႔ raid ​ေတြလည္​း တျခား mmorpg ​ေတြလို Normal mode နဲ႔ Prestige (Hard Mode) ဆိုၿပီး ၂ မ်ိဳး ႐ွိပါတယ္​ ။ Third person rpg က raid ေတြပဲ ေဆာ့ဖူးတဲ့ က်ေနာ့္အတြက္ေတာ့ Destiny 2 ရဲ႕ raid က လံုးဝ အေတြ႔အၾကံဳအသစ္တစ္ခုလို႔ ဆိုရမွာပါ ။ က်ေနာ္ဟာ လက္႐ွိမွာ Third person mmorpg ျဖစ္တဲ့ Final Fantasy XIV ကစားေနသူတစ္ေယာက္ျဖစ္ၿပီး ဂိမ္းမွာ႐ွိတဲ့ high end raid ေတြလည္း ကစားဖူးပါတယ္ ။ Final Fantasy XIV မွာ raid တစ္ခု ဝင္သြားၿပီဆိုရင္ စၿပီဆိုရင္ အခ်ိန္အကန္႔အသတ္အတြင္း အႏိုင္ခ်ရပါတယ္ ။ boss ရဲ႕ mechanic ေတြဟာ သူ႔အခ်ိန္ သူ႔ပံုစံအတိုင္း အဆက္မျပတ္လာၿပီး ကုိယ္က အဲ့ဒီ mechanic အတိုင္း မွန္ေအာင္ ကိုယ့္ role အလိုက္ကစားေပးရတာပါ ။ တစ္ေယာက္မမွန္တာနဲ႔ကို က်န္တဲ့သူေတြမွာ အေနအထားေတြ အကုန္ပ်က္ယြင္းကုန္ၿပီး ေနာက္ဆံုး ရံႈးၿပီး တစ္ကေန ျပန္စရပါတယ္ ။ ဒါကေတာ့ က်ေနာ္ၾကံဳေနက် အေတြ႔အၾကံဳေပါ့ဗ်ာ ။ Destiny 2 raid ကေတာ့ ​ေတာ္​​ေတာ္​မိုက္​တယ္​လို႔ ​ေျပာရမယ္​ ။ အခ်ိန္သတ္မွတ္ခ်က္ မ႐ွိဘူး ။ raid ထဲဝင္သြားရင္ အခ်ိန္မေရြးျပန္ထြက္လို႔ရသလို ျပန္ဝင္ၿပီး ဆက္ကစားေနလို႔လဲရတယ္ ။ အစကေန ဆက္ကစားစရာမလို၊ ​ေရာက္​​ေနတဲ့​ေနရာက​ေန ဆက္​ကစားရံု ။ ဒါေလးကို က်ေနာ္ႀကိဳက္တယ္ ။ ဒါ​ေပမယ္​့ အခ်ိန္​က သတ္​မွတ္​ထားတာမ႐ွိ​ေတာ့ သာမန္​ဂိမ္​းက raid ​ေတြထက္​ အခ်ိန္​ ​ပိုၾကာ​ပါတယ္​ ။ ေနာက္ၿပီး boss ရဲ႕ mechanic ေတြက ကိုယ္ trigger လုပ္ေပးမွသာ လာတာ၊ တိုက္​ပြဲစတာပါ ။ trigger မလုပ္ေပးတဲ့ အခ်ိန္ဆို raid ထဲ ႀကိဳက္တဲ့ေနရာသြား ႀကိဳက္သလိုလုပ္ႏိုင္တယ္ ။ raid ထဲကေန ထြက္၊ တစ္ေရးအိပ္ၿပီး ျပန္ဝင္လာလို႔ေတာင္ရတယ္ ။ က်​ေနာ္​​​ကစား​ေနတဲ့ Final Fantasy XIV ဆို Raid က အခန္​းႀကီးတစ္​ခန္​းထဲ ခ်​ေနရတာမုိ႔ ကိုယ္​့အဖြဲ႔သား​ေတြ ဘယ္​လိုကစား​ေနတယ္​ဆိုတာ ၾကည္​့လို႔ရ​ေန​ေပမယ္​့ Destiny 2 မွာက လံုးဝ မျမင္​ရဘူး ။ လုပ္​ရတာ​ေတြကလည္​း တကြဲတျပားစီ၊ သူ႔ကို ငါမျမင္ ငါ့ကို သူမျမင္နဲ႔ ။ ဥပမာျပရရင္ အခန္​းႀကီး ၃ ခန္​း တစ္​​ေယာက္​စီနဲ႔ ၃ ​ေယာက္​ အခ်ိန္​အတိအက် တၿပိဳင္​နက္​တည္​း သတ္​မွတ္​ထားတဲ့ အကြက္​ နင္​းရတာတို႔ဆို တိုင္​မင္​ကိုက္​ကိုက္​ နင္​းႏိုင္​ဖို႔ discord လို voice chat သံုးၿပီး​ေျပာမွကို ရတာ ။

အဲ ... Destiny 2 raid မွာ​ေတာ့ ဆိုးတဲ့အခ်က္​​ေတြ႐ွိတယ္​ ။ raid တစ္​ခုဝင္​ဖို႔ဆို matchmaking စနစ္​မ႐ွိတဲ့အတြက္​ အျပင္​မွာကတည္​းက အဖြဲ႔ႀကိဳတင္​ဖြဲ႔ၿပီး ဝင္​မွရတာပါပဲ ။ rpg တို႔ထံုးစံ Guild ေတြ Clan ေတြ႐ွိေတာ့ ဝင္ထားရင္ ကုိယ့္ clan က လူေတြစုၿပီး အတူတူ ဝင္လို႔ရပါတယ္ ။ Raid member စုစု​ေပါင္​း ၆ ​ေယာက္​လိုပါတယ္​ ။ ၿပီးေတာ့ Bungie network မွာ raid ဝင္ဖို႔အတြက္​ ​စု​ေနၾကတဲ့ အဖြဲ႔​ေတြ၊ အဖြဲ႔ဝင္ ေခၚေနၾကတဲ့အဖြဲ႔ေတြလည္း ႐ွိေနတာ​ေၾကာင္​့ ကုိယ္​က အဂၤလိပ္​လို​ေျပာတတ္​သူ ဒါမွမဟုတ္​ ကိုးရီးယား၊ ႐ု႐ွားလို ​ေျပာတတ္​သူဆိုရင္​​ေတာ့ သက္ဆိုင္တဲ့ သူေတြဆီမွာ သြား join ၿပီး လုပ္လို႔ရပါတယ္ ။ ကုိယ္က သူမ်ားနဲ႔ အထိုက္အေလ်ာက္ ဝင္ေရာႏိုင္စြမ္း၊ ေျပာဆိုဆက္ဆံႏုိင္စြမ္း႐ွိတဲ့သူဆိုရင္ေတာ့ အဆင္ေျပပါတယ္ ။ ကိုယ္​နဲ႔သိတဲ့သူ ခင္​တဲ့သူငယ္​ခ်င္​း​ေတြနဲ႔ ဝင္​ရင္​ေတာ့ ​ပို​ေကာင္​းတာ​ေပါ့ဗ်ာ ။ က်ေနာ္ေတာ့ အဂၤလိပ္လို သိပ္မေျပာတတ္သူ လူမႈဆက္ဆံေရး ညံ႕တဲ့သူဆိုေတာ့ ကိုယ့္ျမန္မာ clan ကလူေတြနဲ႔ပဲ ကစားပါတယ္ ။ က်ေနာ္ဝင္ထားတဲ့ clan က ေကာင္းတယ္ပဲ ေျပာရမယ္ ။ က်ေနာ့္လို noob ေနတဲ့သူတစ္ေယာက္ကို တြဲေခၚေပးၾကတယ္ သင္ေပးတယ္၊ raid ေတြလည္း သူတို႔အေနနဲ႔ဆို ႐ိုးအီေနၿပီ လုပ္ရတာ ပ်င္းေနၿပီ ျဖစ္ေပမယ့္ က်ေနာ္နဲ႔အတူတူ လိုက္ဝင္ေပးၾကတယ္ ဘယ္လို လုပ္ရလဲ ဘာေတြ သတိထားရလဲဆိုတာ စိတ္႐ွည္လက္႐ွည္ ေျပာျပေပးတယ္ ။ ဒါေၾကာင့္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ လို႔ ဒီေနရာက ေျပာလိုက္ပါတယ္ ။ သူတို႔ေၾကာင့္ပဲ destiny 2 ရဲ႕ raid က ဘယ္လိုေနလဲဆိုတာ သိလာရတာပါ ။


Destiny 2 ဂိမ္းကစားတဲ့ဦးေရ ျခံဳငံုေျပာရရင္ အရမ္းႀကီးလည္း မနည္းသလို အရမ္းႀကီးလည္း မမ်ားပါဘူး ။ အေနေတာ္အေနအထားမွာ ႐ွိေနပါတယ္ ။ သူ႔အခ်ိန္ေလးေတြ႐ွိေတာ့ လူမ်ားခ်ိန္ဆို matchmaking လုပ္တာ ျမန္တာေပါ့ ။ အမ်ားအားျဖင့္ လူေတြက PvE ထက္ PvP အေဆာ့မ်ားၾကပါတယ္ ။ သူ႔ PvP ဒီဇိုင္းက အေတာ္ေလးေကာင္းတာကိုး ။ Event အသစ္ေတြ ၿပိဳင္ပြဲအသစ္ေတြလာၿပီဆိုရင္ေတာ့ ဆာဗာမွာ လူၾကပ္ၿပီေပါ့ဗ်ာ ။ PvE ဥပမာ ၿဂိဳလ္မွာ public event ေတြ လုပ္ခ်င္တဲ့အခါ ကိုယ့္အဖြဲ႔ေလးနဲ႔ သြားတာက ပိုအဆင္ေျပပါတယ္ ။ အနည္းဆံုး ၁ ေယာက္ေလာက္ ကိုယ္နဲ႔အတူတူေဆာ့ေပးမယ့္သူ႐ွိရင္ကို အဆင္ေျပပါတယ္ ။ ပိုေပ်ာ္ဖို႔ေကာင္းပါတယ္ ။

Destiny 2 ကစားၿပီးမွ က်ေနာ့္မွာ အရင္က မ႐ွိခဲ့တဲ့ skill ေတြ တက္လာသလို ခံစားရတယ္ ။ ကင္မရာျမင္ကြင္းအျမင္ ၾကည့္တဲ့ေနရာမွာ၊ ေျမပံုမၾကည့္ပဲ သြားႏိုင္လာတာတို႔၊ ေျမအေနအထားမွတ္မိႏိုင္စြမ္းတို႔၊ အကြာအေဝး တြက္ဆႏိုင္စြမ္း၊ ပစ္မွတ္လက္တည့္ေအာင္ ပစ္ႏိုင္စြမ္းတို႔ တက္လာတယ္လို႔ ခံစားရတယ္ ။ ေျပးတဲ့ေနရာမွာ ကုိယ္ျမင္တဲ့ အျမင္ကစ ေျပာင္းလဲလာခဲ့ပါတယ္ ။ Destiny 2 မွာေတာ့ jumping puzzle မ်ားလို႔ jumping skill ပါ တက္လာရတယ္ ။ အခုထက္ထိေတာ့ ခုန္တာ လြဲေနတုန္းေပမယ့္လည္း ။ ၿပီးေတာ့ ခုန္ရင္း ေပါက္ကရျဖစ္သြားရင္ ရယ္ေနရသလို Destiny 2 ရဲ႕ emote ေတြေၾကာင့္လည္း ရယ္ရပါတယ္ ။ အတည္ေပါက္နဲ႔ ေနာက္တဲ့ emote ေတြ၊ အတည္ေပါက္နဲ႔ ပါးပါးလွီးသြားတဲ့ emote ေတြလည္း ႐ွိတယ္ဗ် XD ။ ျမင္ရသူ အူတက္ေအာင္ရယ္ရ၊ ခံရသူ အူေၾကာင္ၾကား ျဖစ္သြားေစမယ့္ emote ေလးေတြေပါ့ ။ Destiny 2 ဟာ content ေတြမွာ တျခား rpg ထက္ အေတာ္ႀကီး နည္းေပမယ့္ အရမ္းကစားေကာင္းတဲ့ ဂိမ္းတစ္ခုပါ ။ အစကေတာ့ ႀကိဳက္မွာမဟုတ္ဘူးလို႔ က်ေနာ့္ကိုယ္က်ေနာ္ ထင္ထားေပမယ့္ အထင္နဲ႔အျမင္ ပါစင္ေအာင္ လြဲခဲ့တာပါပဲ ။ PC မွာဆို graphic လိုအပ္ခ်က္ နဲနဲျမင့္တာ ၊ အင္တာနက္ေဒတာ အစားမ်ားတာကလြဲလို႔ ေကာင္းတဲ့အခ်က္ ေတာ္ေတာ္မ်ားတာမို႔ first person shooter ဂိမ္းႀကိဳက္သမားေတြေကာ third person rpg ကစားသမားေတြပါ ကစားသင့္တဲ့ ဂိမ္းတစ္ခုပါပဲလို႔ ေျပာလိုက္ပါရေစ ။

8.5/10



Unicode


"Destiny 2" Review for Myanmar (PS4, Xbox One, PC)


Destiny 2 ဟာ first person view နှင့် ကစားရတဲ့ အွန်လိုင်း shooter ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ Bungie က ဖန်တီးခဲ့ပြီး ထုတ်ဝေပေးတဲ့သူကတော့ Activision ပဲ ဖြစ်ပါတယ် ။ PlayStation 4 နှင့် Xbox One အတွက် 2017 စက်တင်ဘာ ၆ ရက်နေ့မှာထွက်ခဲ့ပြီး PC (windows) အတွက်တော့ တစ်လနောက်ကျပြီး အောက်တိုဘာလမှာမှ ထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။ ကျနော်က third person action mmorpg တွေပဲဆော့ပြီး ဒီလို first person rpg ဆော့တာ ဒါဟာ ပထမဦးဆုံးပါပဲ ။ အခက်အတွေ့ဆုံး အရာကို ပြောပါဆိုရင်တော့ မြေပုံကြည့်ရခက်လို့ လမ်းပျောက်တတ်တာရယ် နောက်ပြီး သေနတ်ပစ်ရတဲ့နေရာတွေမှာရယ်လို့ ပြောရမှာပါ ။ First person shooter ဂိမ်းဆော့နေကြသမားအတွက် သိပ်ထူးခြားမှာမဟုတ်ပေမယ့် ကျနော့်အတွက်တော့ Destiny 2 ရဲ့ ဂိမ်းပလေးအပိုင်းဟာ အရသာမှာ တော်တော်လေး ကွဲပြားသွားစေပါတယ် ။

Destiny 2 ရဲ့ ကောင်းတဲ့တစ်ချက်ဟာ First Person shooter ဂိမ်းပေမယ့် ဂိမ်းအများစုလို squad base မဟုတ်ပဲ တစ်ယောက်တည်းနဲ့လည်း အဆုံးထိ ဆော့လို့ရတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် Forsaken expansion ကအစ တစ်ယောက်တည်းဆော့ရတာ နည်းနည်းခက်လာပါတယ် ။ Destiny 2 မှာ သဘောကျဖို့ကောင်းတဲ့အချက်က ကိုယ် ဘာ mission ပဲ လုပ်နေပါစေ တစ်ယောက်ယောက်က ကိုယ့်ကို အချိန်မရွေး လာ join ပြီး တူတူဆော့လို့ရတယ်ဆိုတဲ့ အချက်ပါပဲ ။ ထို့အတူ ကိုယ်ကလည်း သူများကို အချိန်မရွေး party invite လုပ်လို့ရပါတယ် ။ ဒါပေမယ့် လာ join တဲ့သူက အဲ့ mission ရှိနေပြီးသား ဒါမှမဟုတ် လုပ်ပြီးသား ဖြစ်ရမှာပေါ့ဗျာ ။ First person shooter ဖြစ်တဲ့အတွက် internet data ဖိုး တော်တော်စားမယ်လို့ ခန့်မှန်းထားပြီးသားပါ ။ ဆော့တဲ့အခါမှာ တကယ်လည်းစားပါတယ် ။ လူများတဲ့အချိန်ဆို ပိုဆိုးပါတယ် ။ loading time အချိန်ဟာ အရမ်းကိုကြာပါတယ် ။


Graphic ကိုပြောရရင် အရမ်းလှလွန်းပါတယ် ။ သေသပ်ပါတယ် ။ အရမ်းကို စိုပြေတောက်ပတယ် ။ Super ​တွေ ထုတ်​သုံးတဲ့အချိန်​ဆို အရမ်​းမိုက်​ပြီး အားရဖို့​ကောင်​းတယ်​၊ အရသာရှိတယ်​ ။ ဂိမ်းဒေတာ စ ဒေါင်းရကတည်းက 82GB ဆိုတဲ့ ပမာဏကြီးနဲ့လာတယ်ဆိုတော့ ရုပ်ထွက်အပိုင်းအတွက် အများကြီး နေရာယူထားနိုင်လောက်တယ်ဆိုတာ သိလိုက်ရပါတယ် ။ ပတ်ဝန်းကျင်မှာ သစ်ရွက်မြေပေါ်ကျတာ ရေထဲလမ်းလျှောက်သွားတဲ့အခါ လှိုင်းဂယက်ထသွားတာက အစ အပြစ်ထောက်ပြစရာ မရှိလောက်အောင်ကို detail ကျကျ ဆွဲထားတာမို့ ကြည့်ရတာ သဘာဝကျကျ အရမ်းလှနေပါတယ် ။ Destiny 2 ဂိမ်းကိုက ဂြိုလ်သားတွေနဲ့ ချရတဲ့ Sci-fi theme မျိုး ဖြစ်နေတော့ ဂိမ်းတွင်းပတ်ဝန်းကျင်ဟာ ခေတ်လွန်သိပ္ပံစိတ်ကူးယဉ်ပုံစံ ဖြစ်နေတာ မထူးဆန်းပေမယ့် တချို့ မကောင်းဆိုးဝါးလိုလိုအကောင် သွေးစုပ်ဖုတ်ကောင်လိုလိုအကောင် ဂြိုလ်သားတွေ နေနေတဲ့နေရာတွေဆို ဝင်လိုက်တာနဲ့ ရွံစရာခံစားချက် တစ်စိမ့်စိမ့်ကြောက်လာမယ့် ခံစားချက်မျိုးရအောင် ဖန်တီးထားတာ တွေ့ရပါတယ် ။ Resident Evil ဖီးလ်မျိုးရတယ်လို့ ပြောရမလား ။ တခါတလေ သွေးစုပ်ဖုတ်ကောင်လို ရွံစရာကောင်းတဲ့အကောင်တွေ တပြုံကြီး ကြောက်စရာကောင်းတဲ့အသံနဲ့ အော်ပြီး ကိုယ့်ဆီပြေးဝင် လာကိုက်ကြတာ ခုန်ဖို့အချိန်မရလိုက်ပဲ ထွက်ပြေးလို့တောင်မရပဲ သေသွားတဲ့အခါမျိုး ရှိလို့ပါ ။ အစကတော့ ကြောက်ပေမယ့် ဆော့ပါများတဲ့အခါ အခုဆို ဘယ်လိုမှ မနေတော့ပါဘူး ။ နောက်ပြီး screen အလှည့်အပြောင်း အသွားအလာမှာ အနီးအဝေးရုတ်တရက် ပြောင်းတဲ့အခါတွေမှာလည်း ထစ်တာတို့ ပုံရိပ်ပြတ်တောင်းပြတ်တောင်း ဖြစ်တာတို့ မရှိပဲ ချောမွေ့ပြေပြစ်အောင် လုပ်ထားတာ တွေ့ရပါတယ် ။ သေနတ်ကိုင်ပစ်တဲ့အခါ ထွက်လာတဲ့ ပြန်ကန်အား၊ အကွာအဝေးအလိုက် ကျည်တောင့် သက်ရောက်မှုက အစ အကုန်လုံး ရူပဗေဒနည်းကျကျလုပ်ထားတာမို့ တကယ့်သေနတ်တစ်လက် ကိုင်ပြီး ပစ်နေရသလိုခံစားရအောင် လုပ်ထားတာ တွေ့ရပါတယ် ။ မြင်ကွင်းအနေအထားဟာလည်း first person shooter ဂိမ်း ဖြစ်တဲ့အတွက် အရွှေ့အပြောင်း အသွားအလာ ချောမွတ်ပြေပြစ်စွာနဲ့ တိတိကျကျလုပ်ထားတာမို့ third person view နဲ့ ဆော့ရသည့်တိုင် first person view အရသာအတိုင်းရှိနေတာ တွေ့ရပါတယ် ။

ဒါပေမယ့် ရုပ်ထွက်ထဲ ကျနော်မကြိုက်တဲ့အချက်ကတော့ character ပုံစံတွေပါပဲ ။ Character customization ထည့်ထားတာ ညံ့တယ်လို့ ပြောရမှာပါ ။ ရွေးချယ်ခွင့်ပေးထားတာတွေက အရမ်းကို နည်းပါတယ် ။ ဂိမ်း developer တွေက အနောက်တိုင်းသားတွေ ဆိုတော့ character ရုပ်ကို အနောက်တိုင်းဆန်ဆန် လုပ်ထားတာ မထူးဆန်းပါဘူး ။ ပြီးတော့ ဂိမ်းပလေးအပိုင်းကိုပဲ အထူး ဦးစားပေးထားပုံရတော့ ဒီလို character အပြင်အဆင်အပိုင်းမှာ သိပ်အလေးမထားတော့တာ ဖြစ်ပါလိမ့်မယ် ။ Human, Awoken, Exo ဆိုပြီး ရှိတဲ့နေရာမှာ အဲ့ဒီ Race ၃ ခုလုံးက Male ရော Female ရောဟာ ရွယ်တူလိုဖြစ်နေပြီး လမ်းလျှောက်တဲ့ပုံစံ ရပ်နေတဲ့ပုံစံတွေကလည်း သိပ်မကွာတာကို တွေ့ရပါတယ် ။ Male ကတော့ ဘာမှပြောစရာမရှိပေမယ့် Female မှာ မိန်းမဆန်မှု ပျော့ပျောင်းမှုတွေ မတွေ့ရဘူး ဖြစ်နေပါတယ် ။ ဒါပေမယ့် NPC တွေမှာတော့ မိန်းမဆန်တဲ့ အငွေ့အသက် နည်းနည်း တွေ့ရပါတယ် ။ မိန်းမဆန်ဆန် နူးညံ့မှု ရှိတာကို ကြိုက်တတ်တဲ့ ကျနော့်အဖို့ကတော့ ကြည့်ရတာ မသက်မသာဖြစ်ရပါတယ် ။ ဒါပေမယ့် ကျနော့်အတွက်တော့ ဆော့ရအဆင်ပြေပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ cutscene တချို့ကလွဲလို့ ကျန်တဲ့အချိန်မှာ armor က မှန်မည်းတပ်ထားတဲ့ ဆိုင်ကယ်ဦးထုပ်လို ခေါင်းလုံးပြည့် ဖြစ်နေတော့ မျက်နှာကို မမြင်ရလို့ပါပဲ ။


ဂိမ်းဟာ first person shooter ဖြစ်ပေမယ့် third person view နဲ့ဆော့ရတဲ့အခါတွေ ရှိပါတယ် ။ ဥပမာ မြို့တွေရောက်တဲ့အခါ third person view ဖြစ်သွားတယ် ။ နောက်ပြီး တချို့မစ်ရှင်တွေ လုပ်တဲ့နေရာမှာ တချို့နေရာတွေမှာ third person view နဲ့ ဆော့ရတာကို တွေ့ရပါတယ် ။ ဒါပေမယ့် third person view နဲ့ ဆော့ရတဲ့အချိန်က အရမ်းနည်းပါတယ် ။ third person view ဆော့သမား ကျနော်အနေနဲ့ အဲ့ဂိမ်းဆော့တဲ့အခါ မြင်ကွင်းအားမရလို့ အတော်လေး သတိထားရပါတယ် ။ first person view မို့ မြင်ကွင်းက ကျဉ်းသလို ခံစားရပြီး ဆော့တဲ့အခါ ကိုယ့်အနောက်မှာ လူရှိမရှိကို အသံကို သတိထားနားထောင်ရုံကလွဲလို့ ရေဒါကြည့်ရတာကလွဲလို့ လုံးဝမသိနိုင်တာမို့ third person view ဂိမ်းလိုမျိုး ရန်သူတွေ့တာနဲ့ တဇွတ်ထိုး ဝင်ရမ်းနေလို့မရပါဘူး ။ မျက်စိလည်း ရှင်ရှင် ထားကြည့်နေရပါတယ် ။ အဲ့ဒါကို ကျနော်အမြဲတမ်းမေ့မေ့ပြီး ဝင်ရမ်းနေမိလို့ သေတာ အကြိမ်ကြိမ်ပါပဲ ။ ဒါပေမယ့် ဆော့တာများလာလို့ အခုဆိုရင် တော်တော်လေး နေသားကျသွားပြီး ဆော့ရတာ ပိုကောင်းလာပါတယ် ။ နောက်ပြီး Destiny 2 ဆော့ပြီးရင် Overwatch ဆော့တာ ပိုလွယ်လာတယ်လို့ ခံစားရတယ် ။

Destiny 2 ဟာ First Person Shooter ဂိမ်းပေမယ့် RPG ဖြစ်တဲ့အတွက် တခြား RPG လိုမျိုး RPG content တွေအပြင် PvE, PvP တွေပါပြီး PvP ကိုတော့ ပိုအသားပေးထားတာကို တွေ့ရပါတယ် ။ ဒါပေမယ့် RPG content တွေက သိပ်မများပါဘူး ။ တခြား first person shooter ဂိမ်းတွေထက်စာရင် MMORPG ပုံစံမျိုး ဝင်အောင် Leveling မှာ PvE မှာ နောက်ပြီး armor gear တွေမှာ တော်တော်လေး အားစိုက်ထားတာ တွေ့ရပါတယ် ။ in game currency တွေကလည်း သိပ်မများသလို အဆင့်မြင့် item တွေ grind ရတာလည်း သိပ်မခက်ပေမယ့် item ကောင်းကောင်းရဖို့ကတော့ ကိုယ့်ရဲ့ ကံကောင်းမှုအပေါ် မူတည်နေပါတယ် ။ အကောင်းစား gear တွေဖြစ်တဲ့ Legendary gear တွေတော့ PvP ကနေသာမက PvE ကနေပါ ပေးတာတွေ့ရပါတယ် ။ နောက်ပြီး bounty တွေကနေလဲ ရပါသေးတယ် ။


ဇာတ်လမ်းကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ကမ္ဘာကို တခြားဂြိုလ်က ဂြိုဟ်သားတွေ ဝင်လာသိမ်းတယ် ။ အဲ့ဒီ ဂြိုလ်သားတွေက ဝင်သိမ်းပြီး သူ့လက်အောက်ထဲ မဝင်တဲ့သူတွေဆို ဂြိုလ်ပါမကျန် စကြဝဠာ ထဲက ပျောက်သွားအောင် လုပ်တတ်ပါတယ် ။ ကိုယ်ကတော့ ထူးခြားတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ အလင်းဘက်တော်သား light guardian တစ်ယောက်ဖြစ်ပြီး ကျူးကျော်တာကို ပြန်ခုခံပေမယ့် နောက်ဆုံး ရှုံးသွားပြီး ကိုယ့်ရဲ့ light power ပါပျောက်သွားတယ် ။ ကိုယ့် light ကိုပြန်ရှာရင်း ကမ္ဘာပြန်ရယူပြီး စကြဝဠာကြီး ဖျက်ဆီးမယ့် ဒီဂြိုလ်သားတွေကို တိုက်ခိုက်နှိမ်နင်းတဲ့ ဇာတ်လမ်းလေးနဲ့ ကစားရတာပဲ ဖြစ်ပါတယ် ။ အဲ့ဒါက base game ရဲ့ ဇာတ်လမ်းပါ ။ ဇာတ်လမ်းက ကောင်းပါတယ် ။ ဒါပေမယ့် Expansion ဖြစ်တဲ့ Curse of Osiris နဲ့ Warmind ကျတော့ ဇာတ်လမ်းက ဘေးရောက်သွားသလို ခံစားရတယ် ။ Forsaken ကျတော့ မထင်မှတ်ထားတာလေးတွေနဲ့ ဇာတ်လမ်းက ပြန်ကောင်းလာတာကို တွေ့ရပါတယ် ။ expansion အပြင် anuual pass ဆိုတာ ရှိသေးပါတယ် ။ အဲ့ဒီဟာကတော့ mode အသစ်နည်းနည်းနဲ့ gear အကောင်းစား လက်နက်အကောင်းစားတွေ ပေးတာ ဖြစ်ပါတယ် ။


Gameplay လည်​း ​တော်​​တော်​မိုက်​ပါတယ်​ ။ ကိုယ်ဘယ်နေရာပဲ ရောက်နေပါစေ ဂိမ်းထဲ ထွက်ပြီး ပြန်ဝင်လိုက်ရင် အမြဲတမ်း တာထွက်တာက ဂြိုလ်ပတ်လမ်းထဲကနေပဲ ဖြစ်တာမို့ ဒီ ဂြိုလ်ပတ်လမ်းထဲကပဲ ကိုယ် ကြိုက်ရာဂြိုလ်ကို ရွေးချယ်သွားလာနိုင်ပါတယ် ။ rpg မို့လို့ ဇာတ်လမ်းအလိုက် main mission ဆော့ရင်း ဂြိုလ်တစ်ခုပြီး တစ်ခု unlock ဖြစ်လာတာကတော့ ထုံးစံပါပဲ ။ ဂြိုလ်တွေက သိပ်မများပေမယ့် ဂြိုလ်ထဲက မြေပုံတွေကတော့ အတော်လေး ကြီးပြီး free explorable ဖြစ်တာကြောင့် ကြိုက်တဲ့နေရာ ကြိုက်သလို သွားလာလို့ ရတာကတော့ ရှယ်ပါပဲ ။ ပြီးတော့ ဂြိုလ်တစ်ဂြိုလ်စီမှာ သက်ဆိုင်ရာ အသုံးဝင် item တွေရှိပါတယ် ။ ဒီ item တွေဟာ လက်နက်အသစ်တွေ ရအောင်လုပ်တဲ့နေရာမှာ ပြီးတော့ လက်နက်တွေကို upgrade လုပ်တဲ့နေရာမှာတွေမှာ အသုံးဝင်ပါတယ် ။ item တွေဟာ သက်ဆိုင်ရာဂြိုလ်တစ်ခုလုံးမှာ ပြန့်ကျဲနေတာမို့ အဲ့ဒီဂြိုလ်ပေါ်က နေရာတွေစူးစမ်းသွားလာရင်းနဲ့ တွေ့ရတတ်ပါတယ် ။ နေရာအနှံ့မှာ item တွေ ပြန့်ကျဲနေတဲ့အပြင် lost sectors တွေ ၊ chest တွေ၊ အချိန်အလိုက် ပေါ်လာတတ်တဲ့ reward လေးတွေ ပေးတတ်တဲ့ Mini boss တွေ ရှိပါတယ် ။

 ဂြိုလ်တိုင်း ဂြိုလ်တိုင်းမှာ Public event, Adventure နောက်ပြီး ထူးခြားတဲ့ quest တွေ ကိုယ်စီ ရှိကြပါတယ် ။ တချို့ဂြိုလ်တွေမှာတော့ Raid တွေ ပြီးတော့ Strike လို့ခေါ်တဲ့ advenure လိုမျိုးတွေ ရှိပါတယ် ။ ဒါတွေအကုန်လုံးဟာ PvE ဖြစ်ပါတယ် ။ Public event ကတော့ အချိန်အလိုက် ပေါ်တတ်ပြီး mission တစ်ခုကို အချိန်​နဲ့ လူတွေအများကြီးနဲ့ ဆော့ရတာ ဖြစ်ပါတယ် ။ လူများများပါရင် ပွဲပြီးမြန်တယ်ပေါ့ဗျာ ။ Adventure က​တော့ mission အတွဲလိုက်ပါပြီး အဲ့ဒီ mission တွေက ကိုယ့်ကို မြေပုံ တစ်နေရာကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ် ။ dungeon ထဲဝင်ချရတဲ့ ပုံစံမျိးပါပဲ ။ Adventure ကတော့ ဂိမ်းဇာတ်လမ်းသွားမှာ မြုပ်ထားခဲ့တဲ့ ဒါမှမဟုတ် ချန်ထားခဲ့တဲ့ အပိုင်းလေးတွေပဲ ဖြစ်ပါတယ် ။ ထူးခြားတဲ့ quest ကတော့ side story လို့ ပြောရမလားပဲ ။ သူလည်း adventure လိုမျိုး ကိုယ့်ကို mission တွေနဲ့ မြေပုံတစ်နေရာကို ခေါ်ဆောင်သွားတာ ဖြစ်ပါတယ် ။ ပြီးတော့ လက်နက်တွေလည်း ပေးပါတယ် ။ Public event တွေ Adventure mission တွေမှာ ရိုးရိုးနဲ့ Heroic ဆိုပြီး ဗားရှင်း ၂ မျိုးစီ ရှိကြပါတယ် ။ Heroic က မစ်ရှင်တွေ ဟာ ရိုးရိုးထက် နဲနဲလေးကွဲပြီး ဆော့ရတာ နဲနဲ ခက်တယ်လို့ ဆိုရမှာပါ ။ ဒါပေမယ့် ပေးတဲ့ reward တွေက ပိုကောင်းသလို Heroic လုပ်မှ ရတဲ့ reward တွေ လျှို့ဝှက်ချက်တွေ ရတတ်တာ ဖြစ်ပါတယ် ။


PvE Mode ကို ပြောရရင် နေ့စဉ်လုပ်လို့ရတဲ့ ဘော့နပ်စ်လေးတွေ ပေးတဲ့ Heroic Mission, Vanguard Mission, NightFalls ဆိုပြီး ၃ မျိုး ရှိပါတယ် ။ Heroic က base game က ဇာတ်လမ်းနဲ့ မစ်ရှင်တွေကို ပြန်ဆော့ရတာ ဖြစ်ပြီး Vanguard ကျတော့ expansion တွေ ဖြစ်တဲ့ Curse of Osiris ၊Warmind ၊Forsaken က ဇာတ်လမ်းနဲ့ မစ်ရှင်တွေ ပြန်ဆော့ရတာ ဖြစ်ပါတယ် ။ base game ပဲ ဝယ်ထားရင် Heroic ပဲ ဆော့ရမှာ ဖြစ်ပြီး ကျန် ၂ ခုကိုတော့ Forsaken အထိဝယ်ထားရင် ဆော့လို့ရမှာ ဖြစ်ပါတယ် ။ PvE mode တွေထဲမှာ Vanguard တစ်ခုပဲ matchmaking ရတာကြောင့် ကျန် mode ၂ ခုကို အဖွဲ့နဲ့ ဆော့ချင်ရင်တော့ အဖွဲ့ဖွဲ့ပြီး ဝင်မှပဲ ရမှာ ဖြစ်ပါတယ် ။ Nightfall ကျတော့ ဒီ adventure မစ်ရှင်တွေကို အရမ်းခက်တဲ့ဗားရှင်းနဲ့ ဆော့ရတာ ဖြစ်ပါတယ် ။ ခက်တယ်ဆိုတာကတော့ normal ဗားရှင်းထက် အကောင်ရေအများကြီးတိုးလာတာရယ် ၊ အကောင်တွေက ရှောင်တတ်ပြီး ချရပိုခက်လာတာရယ် ၊ boss တွေက ပိုပြီးလည်လာပြီး ချရတာ မာလာတာရယ်ပါပဲ ။ Main mission တွေ adventure မစ်ရှင်တွေက တစ်ယောက်တည်းလည်း လုပ်နိုင်သလို လူအများစုနဲ့လည်း တွဲလုပ်လို့ရပါတယ် ။ အများနဲ့တွဲဆော့မယ်ဆိုရင်တော့ တခါဆော့ရင် အများဆုံး ၃ ယောက်အထိပဲ တူတူဆော့နိုင်မှာ ဖြစ်ပါတယ် ။

PvE mode မှာ Strike mission ၊ Vanguard mission နှင့် Nightfall ပြီးတော့ Raid စုစုပေါင်း ၄ မျိုးပဲ ရှိပါတယ် ။ PvP မှာတော့ Quickplay ၊ Rumble ၊ Lockdown ၊ Private Match ၊ Competitive ၊ Iron Banner ၊ ပြီးတော့ Gambit ဆိုပြီးတော့ ၆ မျိုးရှိပါတယ် ။ Gambit က PvP ရော PvE ပါ ၂ မျိးလုံးရောနေတဲ့ mode ပဲ ဖြစ်ပါတယ် ။ Gambit mode က လူကောင်းရင် ပျော်ဖို့ကောင်းပါတယ် ။ ရန်သူအဖွဲ့ ကိုယ့်အဖွဲ့ နေရာသတ်သတ်စီမှာ ပေါ်လာတဲ့အကောင်တွေ လိုက် သတ်ရပါတယ် ။ အကောင်တွေသေရင် Mote တွေ ကျလာတယ် ။ အဲ့ဒီ Mote တွေ လိုက်ကောက်ပြီး portal ထဲ သွားထည့်ရပါတယ် ။ portal ကတော့ ၂ ခု ရှိပါတယ် ။ တစ်ဖက်အဖွဲ့နေရာထဲ သွားလို့ရတဲ့ portal နှင့် ခုနက Mote တွေ ထည့်ပေးရတဲ့ portal ပါ ။ ဒီ Mote တွေ ထည့်ပေးရတဲ့ portal က သတ်မှတ်ချက်ပြည့်ရင် boss ထွက်လာပါတယ် ။ အဲ့ဒီ boss ကို အရင်ဦးဆုံး သတ်နိုင်တဲ့ အဖွဲ့ အနိုင်ရမှာ ဖြစ်ပါတယ် ။ ဒီတော့ ရန်သူ့နယ်မြေထဲဝင်တဲ့ portal က ဘာလုပ်တာလဲ? ရန်သူ့နယ်မြေထဲ အဲ့ဒီ portal ကနေ ဝင်ပြီး တစ်ဖက်အဖွဲ့သားတွေ လိုက်သတ်ပြီး နှောင့်ယှက်ရတာပေါ့ ။ သေသွားရင် အဲ့ဒီ player စုဆောင်းထားတဲ့ mote တွေ ကျပျောက်သွားမှာ ဆိုတော့ ဒီလိုဖြစ်သွားရင် သူတို့ ချရမယ့် boss ပေါ်လာတာ နောက်ကျသွားမှာပါ ။ ဒါ့အပြင် သူ့ဘက် ကိုယ့်ဘက် boss တွေ အပြိုင်ပေါ်နေပြီး အကြိတ်အနယ် ဖြစ်နေတဲ့အခါ ကိုယ့်ဘက် player က ရန်သူ့နယ်မြေထဲဝင်ပြီး တစ်ဖက် player ကို သတ်နိုင်ခဲ့ရင် တစ်ဖက် player တွေ ရင်ဆိုင်နေရတဲ့ boss က သွေးပြန်ပြည့်သွားပါတယ် ။ ဒီတော့ ကိုယ့်ဘက်ကလူတွေ boss ကို အရသတ်ဖို့ အချိန်ပိုရသွားမှာပါ ။ ဒီလိုနည်းနဲ့ အနိုင်အရှုံးပေါ်အောင် ၃ ခါ ဆော့ရတာ ဖြစ်ပါတယ် ။


Character special skill ကို ပြောရရင် Destiny 2 မှာ Titan, Hunter နှင်​့ Warlock ဆိုပြီး Main Class ၃ မျိုးရှိပါတယ်​ ။ tank ပုံစံဖြစ်နေတဲ့ Titan ကတော့ ထိုးစစ်ဆင်တဲ့အခါ ကောင်းတဲ့ class ၊ Hunter class ကတော့ ထိုးစစ်ဆင်နိုင်သလို ထောက်ပံ့ပေးနိုင်တဲ့ class ၊ Warlock ကတော့ အထောက်အပံ့ကောင်းကောင်း ပေးနိုင်တဲ့ class လို့ အကြမ်းဖျင်းနားလည်ရပါတယ် ။ ဒါပေမယ့် အကုန်လုံးက damage အထွက်များတာမို့ dps class တွေဖြစ်နေတာကြောင့် ဘယ် class က ဘာတာဝန်လုပ်ရမယ်ဆိုတာမျိုးတော့ မရှိပါဘူး ။ အဲ့ဒီ main class ၁ ခုစီမှာ Solar, Arc, Void ဆိုပြီး အမျိုးအစား ၃ မျိုး နဲ့ special skill sub class ၃ ခုစီရှိကြပါတယ်​ ။ ပထမ​တော့ ၂ ခုပဲရှိတာပါ ။ Forsaken expansion မှာမှ အသစ်​ ၁ ခု ထပ်​တိုးလိုက်​​တော့ sub class က စုစု​ပေါင်​း ၃ ခု ဖြစ်​သွားတာ ဖြစ်​ပါတယ်​ ။ Sub Class ရဲ့ ability တွေက အကုန်လုံးနီးပါး ခပ်ဆင်ဆင်လေးတွေ ဖြစ်ကြပြီး အဓိက special power attack တစ်ခုသာလျှင် ကွဲပြားတာ တွေ့ရပါတယ် ။ Class ကြီးကတော့ character တစ်ယောက်မှာ ၁ ခုပဲ ရွေးချယ်ခွင့်ပေးထားလို့ ထပ်ပြောင်းလို့မရပေမယ့် Class ထဲက sub class လေးတွေကိုတော့ ကြိုက်သလို ပြောင်းခွင့်ပေးထားပါတယ် ။ mission လုပ်နေတုန်းမှာလည်း ပြောင်းလို့ရတယ် တိုက်နေရင်း ပစ်နေရင်းမှာတောင် အချိန်ရခဲ့ရင် sub class ပြောင်းပြီး ချလို့လည်းရတယ် ။ ဒီအချက်မဆိုးဘူးလို့ ကျနော်ထင်ပါတယ် ။ ဒါပေမယ့် sub class တွေ တခုကနေတခုကို ပြောင်းရင် penalty အနေနဲ့ skill အားလုံး loading လုပ်ချိန် ၂ မိနစ်လောက်ပေးရပါတယ် ။ loading လုပ်ချိန်တွင်းတော့ ဘာ skill မှ သုံးမရဘူးပေါ့ ။ ပြီးတော့ တချို့ sub class မှာ သူများတွေ special power သုံးစဉ် ထွက်ကျလာတဲ့ light orb လေးတွေ လိုက်ကောက်ရင် ကိုယ့် skill loading time က အချိန်ပိုတိုသွားတဲ့ passive feature လေးတွေပါတာ တွေ့ရပါတယ် ။ Class ကြီးတွေက character တစ်ယောက်ကို တစ်ခုလို့ သတ်မှတ်ထားတာကြောင့် ပြောင်းလို့မရလေတော့ တခြား class ကို ဆော့ချင်ရင် character အသစ်တစ်ယောက် ဖန်တီးပြီးဆော့မှ ရမှာ ဖြစ်ပါတယ် ။

လက်​နက်​မှာ Kinetic, Energy, Power ဆိုပြီး အမျိုးအစား ၃ မျိုးရှိပြီး ဒီအထဲ sniper တို့ rifle တို့ shot gun, laucher စသဖြင်​့ သေနတ် အမျိုးအစား တော်တော်စုံစုံလေးပါတာ ​တွေ့ရပါတယ်​ ။ ရန်သူအပေါ်မူတည်ပြီး ဒီလက်နက်အမျိုးအစား ၃ မျိုးကို လှည့်သုံးပေးရပါတယ် ။ ဥပမာ အပြာရောင် shield ရှိတဲ့ အကောင်ဆို Arc Energy weapon နဲ့ ပစ်ရင် shield ကျတာမြန်တဲ့အတွက် Arc Energy weapon သုံးပြီးနောက် Kinetic weapon နဲ့ ပစ်လိုက်ရင် တစ်ကောင်တစ်ကောင်ဆို ခဏလေးနဲ့ သတ်နိုင်ပါတယ် ။ အုပ်စုလိုက်ရှိနေပြီဆိုရင်လည်း Power weapon Launcher နဲ့ ပစ်လိုက်ရင် တစ်ချက်တည်းနဲ့ အကုန်သေပါတယ် ။ (ဒီလိုပစ်ရတာ တော်တော်အရသာရှိပါတယ်... exp တွေလည်း တနင့်တပိုးရပါတယ်) Class ကြီးတွေ sub class ​တွေမှာ ဘာ လက်​နက်​အမျိုးအစားမှ ကိုင်ရမယ်လို့ သတ်မှတ်မထားလို့ အစုံကိုင်​လို့ရပါတယ်​ ။ ဒါပေမယ့် Energy weapon နှင့် Power weapon အမျိုးအစား တွေမှာတော့ Solar, Arc, Void ဆိုတဲ့ အမျိုးအစားအလိုက် လက်နက်တွေရှိကြတော့ ကိုယ်လက်ရှိ ရင်ဆိုင်နေရတဲ့ အကောင်တွေအပေါ် မူတည်ပြီး ရွေးချယ်သုံးပေးရပါတယ် ။ တကယ့်တကယ်ကောင်းတဲ့ လက်နက်တွေဖြစ်တဲ့ exotic လက်နက်တွေကျတော့ အရမ်းကောင်းပြီး ရှာရတာလည်း အဆင့်တွေ အများကြီးနဲ့ အတော်ခက်ပါတယ် ။ ဥပမာပြောရရင် Polaris lance ဆိုတဲ့ ရိုင်ဖယ် ရဖို့ဆို လုပ်ရတဲ့ အဆင့်က ၅ ဆင့် လောက် ရှိပြီး အဆင့် တစ်ဆင့်မှာဆို ဒီသေနတ်ရဲ့ headshot ချည်းပဲ ပစ်လို့ ၅ ချက်မြောက်ပစ်ချက်မှာမှ ဖြစ်မယ့် ပေါက်ကွဲမှုမှာ ပါမယ့် မီးလောင်ဒဏ်နဲ့ပဲ သေသွားရမယ့် kill ၅၀ ရအောင် လုပ်ခိုင်းတာမျိုးကတော့ လုပ်ရတာ တော်တော်ကတ်သီးကတ်သတ်ကျပါတယ် ။ ကျနော်ဆို အဲ့ လက်နက်လိုချင်လို့ မရမက farm လိုက်တာ မျက်စိတွေ ပြာဝေကုန်ပြီး လက်လည်း အကြောကပ်ချင်သလို ဖြစ်သွားတယ် ။ ဒါကတော့ quest အနေနဲ့လုပ်ရတဲ့ exotic လက်နက်ဖြစ်ပြီး တစ်ချို့ exotic လက်နက်တွေကျတော့ အချိန်နဲ့ သတ်မှတ်ထားတာမို့ သူပေါ်မယ့်ရက်မှာ ပေါ်လာအောင် လိုက်ဖန်တီးပေးမှ ရှာလို့တွေ့မယ့် လက်နက်တွေလည်း ရှိပါတယ် ။


လက်နက်တွေအကြောင်း ပြောရင်တော့ armor တွေပါ ပြောမှရမှာပါ ။ armor တွေကတော့ တော်တော်လှတယ် ဒီဇိုင်းက မိုက်တယ် ။ item တွေဟာ random ကျပန်းရတာ ဖြစ်ပါတယ် ။ ဘာအကောင်သတ်ရင် ဘာ item ရမယ်ဆိုတာမျိုး မရှိပါဘူး ။ item တွေရဲ့ level ကို power level နဲ့ သတ်မှတ်ထားပါတယ် ။ ဒါပေမယ့် power level က သိပ်မဆိုင်သလို ဖြစ်နေတယ် ။ တချို့ လက်နက်တွေက power level နိမ့်ပေမယ့် power level မြင့် လက်နက်တွေထက်ကို ပိုကြမ်း ပိုကောင်းနေတာ တွေ့ရသလို တချို့ armor တွေက power level နိမ့်ပေမယ့် stats တွေ buff တွေက အရမ်းကောင်းနေတာ တွေ့နေရလို့ပါပဲ ။ ဒါပေမယ့် ဘယ်လက်နက်မဆို ဘယ် armor မဆို power level မြင့်အောင် ပေါင်းထည့်လို့ ရနေတော့ ကိုယ်နဲ့ အသုံးတည့်မယ့် armor ၊ ကိုယ့်အကြိုက် လက်နက်တွေတွေ့ရင် power level အမြင့်တစ်ခုကို သုံးကာ ပြောင်းပြီး ဆက်သုံးနေလို့ရပါတယ် ။ Power level က မစ်ရှင်တွေ raid တွေမှာ သတ်မှတ်ထားတော့ power level မြင့်အောင် မလုပ်လို့လည်း မရဘူး ။ Destiny 2 မှာ character level က အတက်မြန်တာကြောင့် ကိစ္စထွေထွေထူးထူးမရှိပေမယ့် Max level ရောက်သွားရင် power level က အဓိက ဖြစ်သွားပါတယ် ။ ကိုယ်လက်ရှိသုံးနေတဲ့ power level ထက် မြင့်တာကို ရိုးရိုးသာမာန် တိုက်ပွဲတွေမှာ အကောင်တွေ သတ်ရာကနေ ကျလာတဲ့ item တွေ လိုက်ကောက်ရင်းနဲ့ ရနိုင်ပေမယ့် power level 550 ကျော်သွားတဲ့အခါ power level မြင့်တွေ ရဖို့ ခက်ခဲလာတာ တွေ့ရပါတယ် ။ ဒါပေမယ့် daily reward တွေကိုသာ ပုံမှန်ဆော့ပြီး ယူထားရင်တော့ power level အမြင့်ဆုံးရောက်ဖို့ အချိန် သိပ်မပေးရပါဘူး ။ နောက်ပြီး အကောင်သတ်ရာကနေ ၊ quest တွေ daily reward တွေကနေ engram ဆိုတာလေးတွေ ရလာပါတယ် ။ ဒီ engram ကို သက်ဆိုင်ရာနေရာတွေမှာ သွားဖွင့်လိုက်ရင် လက်နက်၊ armor ၊ အရောင်၊ စီးဖို့ယာဉ် ၊ အာကာသယာဉ်ပျံ ၊ တိုကင် စတာတွေ ရလာပါတယ် ။ ဒီလိုရတာကလည်း ကျပန်းစနစ်နဲ့ ရတာ ဖြစ်ပါတယ် ။


ကျနော့်ကို Destiny 2 ကို ဆော့ချင်စိတ်ပေါ်လာအောင် နှိုးဆွခဲ့တာကတော့ raid ပဲ ဖြစ်ပါတယ် ။ သူ့ raid ​တွေလည်​း တခြား mmorpg ​တွေလို Normal mode နဲ့ Prestige (Hard Mode) ဆိုပြီး ၂ မျိုး ရှိပါတယ်​ ။ Third person rpg က raid တွေပဲ ဆော့ဖူးတဲ့ ကျနော့်အတွက်တော့ Destiny 2 ရဲ့ raid က လုံးဝ အတွေ့အကြုံအသစ်တစ်ခုလို့ ဆိုရမှာပါ ။ ကျနော်ဟာ လက်ရှိမှာ Third person mmorpg ဖြစ်တဲ့ Final Fantasy XIV ကစားနေသူတစ်ယောက်ဖြစ်ပြီး ဂိမ်းမှာရှိတဲ့ high end raid တွေလည်း ကစားဖူးပါတယ် ။ Final Fantasy XIV မှာ raid တစ်ခု ဝင်သွားပြီဆိုရင် စပြီဆိုရင် အချိန်အကန့်အသတ်အတွင်း အနိုင်ချရပါတယ် ။ boss ရဲ့ mechanic တွေဟာ သူ့အချိန် သူ့ပုံစံအတိုင်း အဆက်မပြတ်လာပြီး ကိုယ်က အဲ့ဒီ mechanic အတိုင်း မှန်အောင် ကိုယ့် role အလိုက်ကစားပေးရတာပါ ။ တစ်ယောက်မမှန်တာနဲ့ကို ကျန်တဲ့သူတွေမှာ အနေအထားတွေ အကုန်ပျက်ယွင်းကုန်ပြီး နောက်ဆုံး ရှုံးပြီး တစ်ကနေ ပြန်စရပါတယ် ။ ဒါကတော့ ကျနော်ကြုံနေကျ အတွေ့အကြုံပေါ့ဗျာ ။ Destiny 2 raid ကတော့ ​တော်​​တော်​မိုက်​တယ်​လို့ ​ပြောရမယ်​ ။ အချိန်သတ်မှတ်ချက် မရှိဘူး ။ raid ထဲဝင်သွားရင် အချိန်မရွေးပြန်ထွက်လို့ရသလို ပြန်ဝင်ပြီး ဆက်ကစားနေလို့လဲရတယ် ။ အစကနေ ဆက်ကစားစရာမလို၊ ​ရောက်​​နေတဲ့​နေရာက​နေ ဆက်​ကစားရုံ ။ ဒါလေးကို ကျနော်ကြိုက်တယ် ။ ဒါ​ပေမယ်​့ အချိန်​က သတ်​မှတ်​ထားတာမရှိ​တော့ သာမန်​ဂိမ်​းက raid ​တွေထက်​ အချိန်​ ​ပိုကြာ​ပါတယ်​ ။ နောက်ပြီး boss ရဲ့ mechanic တွေက ကိုယ် trigger လုပ်ပေးမှသာ လာတာ၊ တိုက်​ပွဲစတာပါ ။ trigger မလုပ်ပေးတဲ့ အချိန်ဆို raid ထဲ ကြိုက်တဲ့နေရာသွား ကြိုက်သလိုလုပ်နိုင်တယ် ။ raid ထဲကနေ ထွက်၊ တစ်ရေးအိပ်ပြီး ပြန်ဝင်လာလို့တောင်ရတယ် ။ ကျ​နော်​​​ကစား​နေတဲ့ Final Fantasy XIV ဆို Raid က အခန်​းကြီးတစ်​ခန်​းထဲ ချ​နေရတာမို့ ကိုယ်​့အဖွဲ့သား​တွေ ဘယ်​လိုကစား​နေတယ်​ဆိုတာ ကြည်​့လို့ရ​နေ​ပေမယ်​့ Destiny 2 မှာက လုံးဝ မမြင်​ရဘူး ။ လုပ်​ရတာ​တွေကလည်​း တကွဲတပြားစီ၊ သူ့ကို ငါမမြင် ငါ့ကို သူမမြင်နဲ့ ။ ဥပမာပြရရင် အခန်​းကြီး ၃ ခန်​း တစ်​​ယောက်​စီနဲ့ ၃ ​ယောက်​ အချိန်​အတိအကျ တပြိုင်​နက်​တည်​း သတ်​မှတ်​ထားတဲ့ အကွက်​ နင်​းရတာတို့ဆို တိုင်​မင်​ကိုက်​ကိုက်​ နင်​းနိုင်​ဖို့ discord လို voice chat သုံးပြီး​ပြောမှကို ရတာ ။

အဲ ... Destiny 2 raid မှာ​တော့ ဆိုးတဲ့အချက်​​တွေရှိတယ်​ ။ raid တစ်​ခုဝင်​ဖို့ဆို matchmaking စနစ်​မရှိတဲ့အတွက်​ အပြင်​မှာကတည်​းက အဖွဲ့ကြိုတင်​ဖွဲ့ပြီး ဝင်​မှရတာပါပဲ ။ rpg တို့ထုံးစံ Guild တွေ Clan တွေရှိတော့ ဝင်ထားရင် ကိုယ့် clan က လူတွေစုပြီး အတူတူ ဝင်လို့ရပါတယ် ။ Raid member စုစု​ပေါင်​း ၆ ​ယောက်​လိုပါတယ်​ ။ ပြီးတော့ Bungie network မှာ raid ဝင်ဖို့အတွက်​ ​စု​နေကြတဲ့ အဖွဲ့​တွေ၊ အဖွဲ့ဝင် ခေါ်နေကြတဲ့အဖွဲ့တွေလည်း ရှိနေတာ​ကြောင်​့ ကိုယ်​က အင်္ဂလိပ်​လို​ပြောတတ်​သူ ဒါမှမဟုတ်​ ကိုးရီးယား၊ ရုရှားလို ​ပြောတတ်​သူဆိုရင်​​တော့ သက်ဆိုင်တဲ့ သူတွေဆီမှာ သွား join ပြီး လုပ်လို့ရပါတယ် ။ ကိုယ်က သူများနဲ့ အထိုက်အလျောက် ဝင်ရောနိုင်စွမ်း၊ ပြောဆိုဆက်ဆံနိုင်စွမ်းရှိတဲ့သူဆိုရင်တော့ အဆင်ပြေပါတယ် ။ ကိုယ်​နဲ့သိတဲ့သူ ခင်​တဲ့သူငယ်​ချင်​း​တွေနဲ့ ဝင်​ရင်​တော့ ​ပို​ကောင်​းတာ​ပေါ့ဗျာ ။ ကျနော်တော့ အင်္ဂလိပ်လို သိပ်မပြောတတ်သူ လူမှုဆက်ဆံရေး ညံ့တဲ့သူဆိုတော့ ကိုယ့်မြန်မာ clan ကလူတွေနဲ့ပဲ ကစားပါတယ် ။ ကျနော်ဝင်ထားတဲ့ clan က ကောင်းတယ်ပဲ ပြောရမယ် ။ ကျနော့်လို noob နေတဲ့သူတစ်ယောက်ကို တွဲခေါ်ပေးကြတယ် သင်ပေးတယ်၊ raid တွေလည်း သူတို့အနေနဲ့ဆို ရိုးအီနေပြီ လုပ်ရတာ ပျင်းနေပြီ ဖြစ်ပေမယ့် ကျနော်နဲ့အတူတူ လိုက်ဝင်ပေးကြတယ် ဘယ်လို လုပ်ရလဲ ဘာတွေ သတိထားရလဲဆိုတာ စိတ်ရှည်လက်ရှည် ပြောပြပေးတယ် ။ ဒါကြောင့် ကျေးဇူးအများကြီး တင်ပါတယ် လို့ ဒီနေရာက ပြောလိုက်ပါတယ် ။ သူတို့ကြောင့်ပဲ destiny 2 ရဲ့ raid က ဘယ်လိုနေလဲဆိုတာ သိလာရတာပါ ။

Destiny 2 ဂိမ်းကစားတဲ့ဦးရေ ခြုံငုံပြောရရင် အရမ်းကြီးလည်း မနည်းသလို အရမ်းကြီးလည်း မများပါဘူး ။ အနေတော်အနေအထားမှာ ရှိနေပါတယ် ။ သူ့အချိန်လေးတွေရှိတော့ လူများချိန်ဆို matchmaking လုပ်တာ မြန်တာပေါ့ ။ အများအားဖြင့် လူတွေက PvE ထက် PvP အဆော့များကြပါတယ် ။ သူ့ PvP ဒီဇိုင်းက အတော်လေးကောင်းတာကိုး ။ Event အသစ်တွေ ပြိုင်ပွဲအသစ်တွေလာပြီဆိုရင်တော့ ဆာဗာမှာ လူကြပ်ပြီပေါ့ဗျာ ။ PvE ဥပမာ ဂြိုလ်မှာ public event တွေ လုပ်ချင်တဲ့အခါ ကိုယ့်အဖွဲ့လေးနဲ့ သွားတာက ပိုအဆင်ပြေပါတယ် ။ အနည်းဆုံး ၁ ယောက်လောက် ကိုယ်နဲ့အတူတူဆော့ပေးမယ့်သူရှိရင်ကို အဆင်ပြေပါတယ် ။ ပိုပျော်ဖို့ကောင်းပါတယ် ။


Destiny 2 ကစားပြီးမှ ကျနော့်မှာ အရင်က မရှိခဲ့တဲ့ skill တွေ တက်လာသလို ခံစားရတယ် ။ ကင်မရာမြင်ကွင်းအမြင် ကြည့်တဲ့နေရာမှာ၊ မြေပုံမကြည့်ပဲ သွားနိုင်လာတာတို့၊ မြေအနေအထားမှတ်မိနိုင်စွမ်းတို့၊ အကွာအဝေး တွက်ဆနိုင်စွမ်း၊ ပစ်မှတ်လက်တည့်အောင် ပစ်နိုင်စွမ်းတို့ တက်လာတယ်လို့ ခံစားရတယ် ။ ပြေးတဲ့နေရာမှာ ကိုယ်မြင်တဲ့ အမြင်ကစ ပြောင်းလဲလာခဲ့ပါတယ် ။ Destiny 2 မှာတော့ jumping puzzle များလို့ jumping skill ပါ တက်လာရတယ် ။ အခုထက်ထိတော့ ခုန်တာ လွဲနေတုန်းပေမယ့်လည်း ။ ပြီးတော့ ခုန်ရင်း ပေါက်ကရဖြစ်သွားရင် ရယ်နေရသလို Destiny 2 ရဲ့ emote တွေကြောင့်လည်း ရယ်ရပါတယ် ။ အတည်ပေါက်နဲ့ နောက်တဲ့ emote တွေ၊ အတည်ပေါက်နဲ့ ပါးပါးလှီးသွားတဲ့ emote တွေလည်း ရှိတယ်ဗျ XD ။ မြင်ရသူ အူတက်အောင်ရယ်ရ၊ ခံရသူ အူကြောင်ကြား ဖြစ်သွားစေမယ့် emote လေးတွေပေါ့ ။ Destiny 2 ဟာ content တွေမှာ တခြား rpg ထက် အတော်ကြီး နည်းပေမယ့် အရမ်းကစားကောင်းတဲ့ ဂိမ်းတစ်ခုပါ ။ အစကတော့ ကြိုက်မှာမဟုတ်ဘူးလို့ ကျနော့်ကိုယ်ကျနော် ထင်ထားပေမယ့် အထင်နဲ့အမြင် ပါစင်အောင် လွဲခဲ့တာပါပဲ ။ PC မှာဆို graphic လိုအပ်ချက် နဲနဲမြင့်တာ ၊ အင်တာနက်ဒေတာ အစားများတာကလွဲလို့ ကောင်းတဲ့အချက် တော်တော်များတာမို့ first person shooter ဂိမ်းကြိုက်သမားတွေကော third person rpg ကစားသမားတွေပါ ကစားသင့်တဲ့ ဂိမ်းတစ်ခုပါပဲလို့ ပြောလိုက်ပါရစေ ။

8.5/10

=======End========

Post a Comment

0 Comments