၂၀၁၈ ခုနှစ်​ရဲ့ လူကြိုက်​အများဆုံး မိုဘိုင်းဂိမ်းများ

၂၀၁၈ ခုနှစ်​ကုန်​​ပြီး နှစ်​သစ်​ကို​ရောက်​​တော့မယ်​ ... ဒီ​တော့ ဒီ ၂၀၁၈ အတွင်း ဘာမိုဘိုင်းဂိမ်း​တွေ ​ခေတ်​စားခဲ့တာလဲ? ကြည့်​ကြည့်​ရ​အောင်

လင့်​ခ်​​တွေက​တော့ copyright ​တွေမမိ​အောင်​ official store က လင့်​ခ်​​တွေပဲ ထည့်​ထားပါတယ်​ ... free ဆိုရင်​​တော့ တိုက်​ရိုက်​ ဆွဲလို့ရမှာပါ .... free ဆွဲမရတာ​တွေ​တော့ apkpure ဝက်​ဘ်​ဆိုက်​ထဲမှာ ရှိပါတယ်​ ...

Enjoy!

|Fros|

Life is Strange


Life is Strange ဂိမ်းကတော့ PC နှင့် console တွေမှာထွက်ခဲ့တဲ့ဂိမ်းကို Android နှင့် iOS အတွက် ပြန်ထုတ်ထားတာ ဖြစ်ပါတယ် ။ တိုက်ခိုက်တာမပါတဲ့ adventure ဂိမ်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်ကောင်အနေအထား အကုန်ကောင်းတယ်လို့ နာမည်ကြီးနေတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ် ။ စစလာချင်း free ပေးပေမယ့် နောက်ဆက်တွဲ episode တွေကိုတော့ ဒေါ်လာနဲ့ ဝယ်ရမှာပါ ။

Android => https://play.google.com/store/apps/details?id=com.squareenix.lis

iOS => https://itunes.apple.com/us/app/life-is-strange/id1180101534?mt=8

Regins: Game of Thrones


နာမည်ကြီးဇာတ်လမ်းတွဲ Game of Thrones ကို အခြေခံယူပြီး HBO နှင့် Develover တို့ပူးပေါင်းဖန်တီးထားတဲ့ ဂိမ်းလေးပါ ။ သူတို့အပြောအရတော့ နောင်ပြမယ့် ဇာတ်လမ်းတွဲထဲက ဇာတ်ကွက် တစ်ချို့ဟာ ဒီ မိုဘိုင်းဂိမ်းထဲမှာ ရှိနေတယ်လို့ ဆိုပါတယ် ။ Regins: Game of Thrones ဂိမ်းဟာ နည်းဗျူဟာကျကျ ဆုံးဖြတ်ချက်တွေ ရွေးချယ်ပြုလုပ်ကစားရတာ ဖြစ်ပြီး ကိုယ့်ဆုံးဖြတ်ချက်အလိုက် ဇာတ်လမ်းက ပြောင်းလဲသွားမှာ ဖြစ်ပါတယ် ။ PC, iOS နှင့် Android အတွက် ထွက်ထားပါတယ် ။ review တွေကတော့ ကစားပြီးရင်းကစားချင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ဂိမ်းတစ်ခုလို့ ဝေဖန်ထားကြတာ တွေ့ရပါတယ် ။

Android => https://play.google.com/store/apps/details?id=com.devolver.reignsGot

iOS => https://itunes.apple.com/us/app/reigns-game-of-thrones/id1342309192?mt=8

The Sims Mobile


The Sims Mobile ကတော့ PS4, PC, Xbox One မှာထွက်လေ့ရှိတဲ့ဂိမ်းကို mobile ဖြစ်တဲ့ iOS နှင့်​ Android အတွက် ထွက်ထားတာပါ ။ အိမ်ရှင်မတစ်ယောက် အိမ်ထောင်မှု ထိန်းသိမ်းတာနဲ့ တူပါတယ် ။ အိမ်သားတွေရဲ့ လိုအပ်ချက်တွေ ကြည့်​ပြီး ဥပမာ ထမင်းဆာရင် ကျွေးတာ၊ အိမ်သာတက်တာ၊ ပျော်ရွှင်အောင်ထားပေးရတာ စတာတွေ ဖြည့်ဆည်းပေးရပါတယ် ။ ကိုယ့်အိမ်သားတစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်၊ လိုအပ်ချက် နောက်ပြီး သူတို့ရဲ့ အနာဂတ်တွေကိုပါ ထည့်စဉ်းစားပေးရပါသေးတယ် ။ အိမ်​ကိုလည်း စိတ်​တိုင်းကျ​ဆောက်​လို့ရပြီး အထဲမှာ ကိုယ့်​ကစားမယ့်​ လူ​လေး​တွေ​နေထိုင်​အသုံးပြုဖို့ လိုအပ်​တဲ့ ပစ္စည်းပစ္စယ​တွေ​ ထည့်​​ပေးရမှာပါ ။

Android => https://play.google.com/store/apps/details?id=com.ea.gp.simsmobile

iOS => https://itunes.apple.com/br/app/the-sims-mobile/id1144258115?l=en&mt=8

Orbia: Tap and Relax


အဲ့ဂိမ်းကတော့ အများသိနေကြ အခေါ်အဝေါ်နဲ့ ပြောရရင် အလုံးပစ်ဂိမ်းပေါ့ဗျာ ။ free to play ကလည်း ဖြစ်၊ ဖုန်းအမျိုးအစား သိပ်မတောင်း၊ ရုပ်ထွက်ကလည်း အဆင်ပြေ၊ ဂိမ်းပလေးကလည်း ရိုးရှင်းပြီး စိန်ခေါ်မှုနဲနဲ ရှိနေတဲ့အတွက်ကြောင့် ဒေါင်းလုဒ်ဆွဲယူကစားမှု အများဆုံးစာရင်းထဲပါနေတဲ့ ဂိမ်းတစ်ခုပါပဲ ။

Android => https://play.google.com/store/apps/details?id=com.joxdev.orbia

iOS => https://itunes.apple.com/us/app/orbia/id1257092162?mt=8

Umiro


Umiro က ဇာတ်လမ်းလေးနဲ့ puzzle ဂိမ်းတစ်ခုဖြစ်ပြီး တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ရုပ်ထွက်က ပါးပါးလျလျ သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့်လို့ကောင်းပါတယ် ။ ဇာတ်လမ်းလည်းကောင်း puzzle လည်းကောင်းလို့ rating ကောင်းကောင်းရထားပြီး pc အတွက် Android အတွက် iOS အတွက် ထွက်ထားပါတယ် ။

Android => https://play.google.com/store/apps/details?id=com.devolver.umiro

iOS => https://itunes.apple.com/us/app/umiro/id1354786786?mt=8

Returner 77


Returner 77 လည်း ဇာတ်လမ်းသွားနဲ့ puzzle ဂိမ်းအမျိုးအစားဖြစ်ပါတယ် ။ ထူးခြားတာက မိုဘိုင်းဂိမ်းလို့ မထင်ရလောက်အောင် ရုပ်ရှင်အရည်အသွေး ရုပ်ထွက်နဲ့ ကြည့်လို့ကောင်းနေတာပဲ ဖြစ်ပါတယ် ။ အနာဂတ်ကာလမှာ လူသားမျိုးနွယ် မပျောက်ကွယ်သွားအောင်ဆိုပြီး လူအယောက် ၈၀၀၀ ကို အိပ်ပျော်အောင်လုပ်၊ အာကာသယာဉ်ထဲထည့်ပြီး ဂြိုလ်ပတ်လမ်းထဲ လွှတ်တင်လိုက်တယ် ။ ဒါပေမယ့် တော်တော်များများက ကမ္ဘာထဲမပြန်နိုင်ကြတော့ပဲ နောက်ဆုံး ကိုယ်နှင့် နံပါတ် ၇၆ တစ်ယောက်သာ ကျန်ရစ်တယ် ။ ဂြိုလ်သားယာဉ်တွေကို စူးစမ်းရင်း ကမ္ဘာမြေပေါ်ပြန်နိုင်အောင် ကြိုးစားတာကို ဇာတ်လမ်းလေးနဲ့ puzzle ဖြေရှင်းရင်း ကစားရတာ ဖြစ်ပါတယ် ။

Android => https://play.google.com/store/apps/details?id=com.FantasticYes.Returner77

iOS => https://itunes.apple.com/us/app/returner-77/id1214904254?mt=8

Cube Escape: Paradox


Puzzle အမျိုးအစားဖြစ်တဲ့ Cube Escape စီးရီးမှာ ၁၀ ခုမြောက်ဖြစ်တဲ့ အဆုံးသတ်တစ်ခုလည်း ဖြစ်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ် ။ ဇာတ်လမ်းကောင်းလို့ review တွေလည်းကောင်းပြီး rating တွေလည်း ကောင်းကြပါတယ် ။ free ဆိုပေမယ့် ပထမဆုံး chapter တစ်ခုသာ free ရပြီး ကျန်တာတွေကို ပိုက်ဆံပေးဝယ်မှ ရမှာပါ ။ အတိတ်က ကိုယ့်အကြောင်းတွေ ဘာတစ်ခုမှမသိတော့တဲ့ Dale Vandermeer နေရာက ကစားရမှာပါ ။ စိန်ခေါ်မှုတွေ ပြင်းထန်တဲ့ puzzle တွေကို ဖြေရှင်းပြီး အခန်းထဲ ပိတ်မိနေရာကနေ လွတ်မြောက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ် ။ PC အတွက်​ Steam မှာလည်း ထွက်​ထားပါ​သေးတယ်​ ။

Android => https://play.google.com/store/apps/details?id=air.com.RustyLake.CubeEscapeParadox

iOS => https://itunes.apple.com/us/app/cube-escape-paradox/id1372021096?mt=8

Evoland 2


၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ action adventure rpg အမျိုးအစား ဂိမ်းတစ်ခုပါပဲ ။ ရုပ်ထွက်ကတော့ 3DS ပုံစံ၊ ဟိုးအရင်တုန်းက ထွက်ခဲ့ဖူးတဲ့ Gameboy ပုံစံလိုမျိုးမှာ 8bit 16bit 3D graphic, 2D graphic ရောထားပါတယ် ။ ဒါပေမယ့် ဒီဂိမ်းရဲ့ content တွေက မထင်ရလောက်အောင် အတော်လေးများပြီး ဂိမ်းပလေး တစ်သမတ်မရှိပဲ အမျိုးမျိုးပြောင်းလဲနေတာကြောင့် ထူးခြားတယ်လို့ဆိုကြပါတယ် ။ player ရွေးချယ်မှုအလိုက် ပြောင်းလဲတတ်တဲ့ ဇာတ်လမ်းလည်း ကောင်းတယ်လို့ ဝေဖန်သုံးသပ်ကြသူလည်း များနေပါတယ် ။ ဂိမ်းကတော့ Kuro ဆိုတဲ့ ကောင်လေးနေရာက ကစားရမှာဖြစ်ပြီး Fina ဆိုတဲ့ကောင်မလေးနဲ့ ကမ္ဘာအနှံ့ခရီးဆက်ရင်း character ပေါင်းစုံနဲ့တွေ့ပြီး သူတို့ရည်ရွယ်ထားတဲ့ ကံကြမ္မာပြောင်းလဲအောင် လုပ်ရတာကို ကစားရမှာပါ ။ Evoland 2 က PC နှင့် Mac အတွက်ပါ ထွက်ထားပါသေးတယ် ။

Android => https://play.google.com/store/apps/details?id=com.playdigious.evoland2

iOS => https://itunes.apple.com/us/app/evoland-2/id1291427111?mt=8

Donut County


ဒီဂိမ်းလေးကတော့ ဂိမ်းပလေးကို ကြည့်လိုက်ရင် ပြုံးချင်စရာဖြစ်မှာပါ ။ ကိုယ်က မြေကြီးပေါ်မှာ ဒိုးနတ်လိုမျိုးအပေါက်ကြီးကို ဟိုရွှေ့ဒီရွှေ့နဲ့ မြေကြီးပေါ်ရှိသမျှအရာတွေ အကုန် အပေါက်ထဲကျသွားအောင် လုပ်ရမှာပါ ။ ဒီအပေါက်ထဲ ပစ္စည်းတစ်ခု ကျသွားပြီးတိုင်း အပေါက်ကြီးက ကျယ်ကျယ်လာပြီး နောက်ဆုံး ကားတွေ တိုက်တာအဆောက်အအုံတွေကိုပါ အကုန်ဝါးမျိုနိုင်တဲ့အထိ ကျယ်လာမှာ ဖြစ်ပါတယ် ။ သူကတော့ indie ဂိမ်းအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းလေးနဲ့ ကစားရမှာပါ ။ ရုပ်ထွက်က ကာတွန်းရုပ်ဆန်ဆန်လေးနဲ့ ဂိမ်းပလေးက ရိုးရိုးရှင်းရှင်းနဲ့ ရယ်ဖို့လည်းကောင်းပါတယ် ။

Donut County ဂိမ်းကတော့ iOS, Mac OS, PC, PS4 အတွက် ဒီနှစ်သြဂုတ်လက ထွက်ရှိခဲ့ပြီးဖြစ်ပြီး Xbox One နှင့် Nintendo Switch အတွက်တော့ ဒီနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တုန်းက ထွက်ခဲ့ပြီးဖြစ်ပါတယ် ။ Apple app store မှာ ဒီနှစ်အတွက် လူကစားအများဆုံးစာရင်းထဲ နံပါတ်တစ် ချိတ်ထားတဲ့ ဂိမ်းတစ်ခုပါ ။

Website => http://www.donutcounty.com/

iOS => https://itunes.apple.com/us/app/donut-county/id1292099839?mt=8

Gorogoa


လက်ဆွဲပန်းချီနဲ့ လှလှပပ ရေးဆွဲထားတဲ့ puzzle အမျိုးအစား ဂိမ်း တစ်ခုပါ ။ အကွက်လေးခုထဲ အဆက်အစပ်မရှိတဲ့ ပုံ လေးခု ပေးထားပါတယ် ။ ကိုယ်က တပုံနဲ့ တပုံ လိုက်ထပ်ပြီး ဆက်စပ်မှု ရှိအောင် လုပ်ရမှာပါ ။ ပုံတွေက မြင်ကွင်း တခုအနေနဲ့ လာလေ့ရှိပြီး အနီးအဝေး ချိန်ပေးရပါတယ် ။ ဒီလိုချိန်ပေးပြီး နောက်တပုံနဲ့ ဆက်စပ်မှု ရှိအောင် လုပ်ရပါတယ် ။ ပုံ အပိုင်းအစတွေ ဆက်စပ်မှု ရှိသွားရင် လှုပ်ရှားလာပါတယ် ။ ရိုးရှင်းပြီး စိတ်ဝင်စားဖို့ အရမ်းကောင်းတာမို့လို့ puzzle ကြိုက်သမားတွေ လက်လွတ်မခံသင့်တဲ့ ဂိမ်းတစ်ခုပါပဲ ။

Gorogoa ဂိမ်းကတော့ PC, iOS, Nintendo Switch အတွက် ၂၀၁၇ ဒီဇင်ဘာလမှာ ထွက်ခဲ့ပြီးပါပြီ ။ PS4, Xbox One နှင့် Andriod အတွက်တော့ ဒီနှစ် ၂၀၁၈ မတ်လတုန်းက ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ် ။ Apple app Store မှာရော Google Play Store မှာပါ ဒီနှစ်အတွက် ကစားသူအများဆုံးဂိမ်းစာရင်းထဲ နံပါတ် ၂ နေရာ ချိတ်ထားပါတယ် ။

Website => http://gorogoa.com/

iOS => https://itunes.apple.com/us/app/gorogoa/id1269225754?mt=8

Android => https://play.google.com/store/apps/details?id=unity.Annapurna.Gorogoa

The Gardens Between


The Gardens Between ဂိမ်းကတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ဂိမ်းက သူငယ်ချင်းဖြစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေး တို့ရဲ့ အိပ်မက်လိုလို ကလေးတစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းတွေ အတွေးတွေကို ပုံဖော်ထားတာ အရမ်းလှပါတယ် ။ ကောင်မလေးက မီးအိမ်တစ်လုံးကိုင်ထားတယ် ။ ကောင်လေးကတော့ တစ်ချို့အရာတွေကို သက်ဝင်လှုပ်ရှားလာအောင် လုပ်နိုင်စွမ်းရှိတယ် ။ သူတို့အတွေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကျွန်းတွေမှာ portal ကိုပွင့်အောင် ဖွင့်နိုင်ရင် stage တစ်ခု အောင်မြင်ပါပြီ ။ အဲ့ဒီ portal ကို ကောင်မလေးကိုင်ထားတဲ့ အလင်းမီးလုံးရှိတဲ့ မီးအိမ်ကသာ ဖွင့်နိုင်ပြီး portal ကို သွားရာလမ်းတစ်လျှောက် အတားအဆီးတွေ ရှိနေပါတယ် ။ ဒီဂိမ်းမှာ အဓိက control လုပ်ရတာက အချိန်ကို အရှေ့အနောက် ရွှေ့ရတာပဲ ဖြစ်ပါတယ် ။ ကောင်လေးနဲ့ ကောင်မလေးက သူ့ဘာသာသူ သွားနေပြီး တွေ့တဲ့အရာတွေ သူ့ဘာသာသူလုပ်ဆောင်သွားတာကို ကိုယ်က အစီအစဉ်ကျအောင် အချိန်ကို အရှေ့အနောက် လိုသလို ရွှေ့ပြီး ပြင်ရတာပါ ။ ကောင်မလေးရဲ့ မီးလုံးသယ်ယူနိုင်တဲ့ မီးအိမ်ရယ် ၊ ကောင်လေးရဲ့ အရာဝတ္တုတွေကို လှုပ်ရှားလာအောင် လုပ်နိုင်စွမ်းရယ် ၊ အချိန်အရှေ့အနောက်ရွှေ့နိုင်တာရယ်ကို သေချာ စဉ်းစားအသုံးချနိုင်မှသာ ဂိမ်းကို အောင်မြင်နိုင်မှာ ဖြစ်ပါတယ် ။

Puzzle အမျိုးအစားဖြစ်တဲ့ The Gardens Between ဂိမ်းဟာ ဒီနှစ် စက်တင်ဘာလကတည်းက PC, Mac OS, Linux, Nintendo Switch, PS4, Xbox One , iOS အတွက် ထွက်ခဲ့ပြီးပါပြီ ။ ဝမ်းနည်းစရာက Android အတွက်တော့ ထွက်မထားပါဘူး ။ Australian Game Development ဆုတွေထဲမှာ Game of the Year ဆု ရရှိထားတဲ့ ဂိမ်းဖြစ်ပါတယ် ။

iOS => https://itunes.apple.com/us/app/the-gardens-between/id1373575045?mt=12

Alto's Odyssey


Alto's Odyssey ကတော့ Alto's Adventure ဂိမ်းနဲ့ တူတူပါပဲ ။ နှင်းလျှောစီးတဲ့ ဂိမ်းလေးပါပဲ ။ ထူးခြားချက်ကတော့ နောက်ခံဆွဲထားတာတွေက အရမ်းလှပြီး နောက်ခံသီချင်းတွေက နားထောင်ကောင်းနေတာပဲ ဖြစ်ပါတယ် ။ သူလည်း Google play နှင့် Apple app store တွေမှာ ဒေါင်းလုဒ်ဆွဲယူကစားသူအများဆုံး စာရင်းထဲ top 5 ထဲ ဝင်နေတဲ့ ဂိမ်းတစ်ခုပါပဲ ။ Apple Design Award လည်း ရထားပါသေးတယ် ။

Android => https://play.google.com/store/apps/details?id=com.noodlecake.altosodyssey

iOS => https://itunes.apple.com/us/app/altos-odyssey/id1182456409?mt=8

Fortnite


Shooter-survival အမျိုးအစားဖြစ်တဲ့ Fortnite ဂိမ်းကိုတော့ လူအများကြီး သိကြမှာပါ ။ ၂၀၁၇ ကမှ PC မှာ Early Access စတင်ခဲ့ပြီးနောက် ၂၀၁၈ မှာ PS4, Xbox One, Nintendo Switch, iOS နှင့် Android တွေအတွက် ထွက်လာခဲ့ပါတယ် ။ သူ့ရဲ့ free to play, Battle Royal mode ကြောင့်အပြင် cross-play feature ပါ ပေးလိုက်တဲ့အခါ တဟုန်ထိုးကျော်ကြားလာခဲ့ပြီး အခုဆိုရင် Fortnite ဂိမ်းဟာ ကမ္ဘာပေါ်မှာ ကစားသူအများဆုံးရှိတဲ့ ဂိမ်းတစ်ခု ဖြစ်နေပါပြီ ။ mobile platform တွေဖြစ်တဲ့ iOS နှင့် Android မှာ ဒေါင်းလုဒ်ရယူမှု အများဆုံးဂိမ်း လူကြိုက်အများဆုံးဂိမ်း စာရင်းထဲ နံပါတ်တစ်နေရာမှာ ရှိနေပါတယ် ။

Website => https://www.epicgames.com/fortnite/en-US/home

Hearthstone


Hearthstone ကတော့ turn-based card game (အလှည့်ကျကဒ်ကစားရတဲ့ဂိမ်း) ဖြစ်ပြီး နာမည်ကြီး ဂန္တဝင်ဂိမ်းဖြစ်တဲ့ Warcraft ဂိမ်းကို အခြေပြုဖန်တီးထားတာဖြစ်ပြီး ရုပ်ထွက်မှာ animation တွေနဲ့ တော်တော်စွဲဆောင်မှုရှိပြီး ဂိမ်းပလေးစနစ်က တော်တော်ကောင်းတာမို့ အနောက်နိုင်ငံမှာ လူကြိုက်များကြပါတယ် ။ ထွက်တာတော့ နဲနဲကြာပါပြီ ။ PC, Mac OS, iOS အတွက် ၂၀၁၄ မတ်လမှာ ထွက်ခဲ့ပြီး Android အတွက်တော့ ၂၀၁၅ ဒီဇင်ဘာလမှာ ထွက်ခဲ့တာ ဖြစ်ပါတယ် ။

Android => https://play.google.com/store/apps/details?id=com.blizzard.wtcg.hearthstone

iOS => https://itunes.apple.com/us/app/hearthstone/id625257520?mt=8

PUBG Mobile


PUBG Mobile ဂိမ်းကတော့ Fortnite ဂိမ်းနဲ့အပြိုင်ပါပဲ ။ ၂ ခုလုံးဟာ shooter survival အမျိုးအစားဖြစ်ပြီး ရုပ်ထွက်က တစ်ခုတစ်မျိုးစီ ထူးခြားနေတာကို တွေ့ရမှာပါ ။ PUBG ဟာ မူလပထမ PC မှာပဲ ထွက်ခဲ့ပေမယ့် နောက်ပိုင်း mobile အတွက်ထွက်လာခဲ့ပါတယ် ။ cross-play feature မရှိတဲ့အတွက် Fortnite ထက် လူကြိုက်နှုန်းနည်းပေမယ့် သူလည်း မခေပါဘူး ။ သဘာဝကျကျရုပ်ထွက်နဲ့ ဂိမ်းပလေးမှာ နဲနဲကွဲပြားနေတာက အရသာတစ်မျိုးပေးစွမ်းနိုင်တာကြောင့် Apple app Store မှာရော Google Play Store မှာပါ နှစ်တစ်နှစ်ရဲ့အကောင်းဆုံးဂိမ်း ၅ ခုထဲ စာရင်းဝင်ထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ် ။

Android => https://play.google.com/store/apps/details?id=com.tencent.ig

iOS => https://itunes.apple.com/us/app/pubg-mobile/id1330123889?mt=8

Warhammer Age of Sigmar: Realm War 


အဲ့ဂိမ်းကတော့ clash royale လိုမျိုး MOBA အမျိုးအစားဂိမ်းတစ်ခုပါ ။ 1v1 တိုက်ရပြီး လမ်းကြောင်းအလိုက် ကိုယ့်စစ်သားတွေ ဟီးရိုးတွေ လွှတ်ပြီး တိုက်ခိုင်းရတာပါ ။ သတ်မှတ်ချက်ပြည့်ရင် သုံးရတဲ့ ပါဝါတွေရှိမယ် ။ point တွေ ရှိမယ် ။ အတိအကျပြောရရင် Warhammer ဂိမ်းအသွင်ယူထားတဲ့ clash royale ပုံစံ real-time tactical ဂိမ်းတစ်ခုပါပဲ ။ Warhammer ဂိမ်းအသွင်ယူထားပေမယ့် content ဆော့ကောင်းနေတော့ ဒေါင်းလုဒ်ဆွဲယူကစားမှု အများဆုံးစာရင်းထဲ ဝင်သွားရတာပဲ ဖြစ်ပါတယ် ။

Android => https://play.google.com/store/apps/details?id=com.PixelToys.Sigmar

iOS => https://itunes.apple.com/ro/app/warhammer-aos-realm-war/id1372693279?mt=8

Dragon Ball Legends


Dragon Ball ဖန်တွေအကြိုက်ဂိမ်းပါပဲ ။ One Finger Card Action ဂိမ်းဖြစ်တဲ့အတွက် action တွေက card နဲ့တွဲထားတာမို့ card ကောင်းကောင်းလိုက်ရှာထားဖို့က အဓိကလို ဖြစ်နေပါတယ် ။ ဒါပေမယ့် animation တွေ အက်ရှင်တွေက အားရဖို့ကောင်းပါတယ် ။ ဂိမ်းပလေးကလည်း ရိုးရှင်းပါတယ် ။ စခရင်မျက်နှာပြင်ကို ဘယ်ညာ အထက်အောက် ပွတ်ဆွဲရွှေ့မယ် ။ ပါဝါတွေက သူသတ်မှတ်ချက်ပြည့်ရင် ပါဝါကဒ်တွေ ကိုယ်စိတ်ကြိုက် နှိပ်ပြီး ထုတ်နိုင်တယ် ။ ဒါပါပဲ ။

Android => https://play.google.com/store/apps/details?id=com.bandainamcoent.dblegends_ww

iOS => https://itunes.apple.com/us/app/dragon-ball-legends/id1358222641?mt=8

Asphalt 9: Legends


ကားမောင်းပြိုင်ဂိမ်းဖြစ်တဲ့ Asphalt 9: Legends ကတော့ သူ့ရဲ့ ရုပ်ထွက်ဒီဇိုင်းတွေ လှတာရယ် control အပိုင်း ကောင်းတာရယ် နောက်ပြီး Asphalt 8 ထက် ရွေးချယ်စရာ ကားအသစ်များတာရယ် ပြိုင်ကွင်းများလာတာရယ်ကြောင့် လူကြိုက်များကြပါတယ် ။ PC, iOS နှင့် Android အတွက်ထွက်ထားပါတယ် ။ Asphalt 9: Legends ကတော့ သူ့ကို ကစားဖို့ဆိုရင်တော့ အွန်လိုင်းလိုပါလိမ့်မယ် ။

Android => https://play.google.com/store/apps/details?id=com.gameloft.android.ANMP.GloftA9HM

iOS => https://itunes.apple.com/ph/app/asphalt-9-legends/id805603214?mt=8

Murder in the Alps


Murder in the Alps ကတော့ မြင်ကွင်းတစ်ခုမှာ မြုပ်ထားတဲ့ အရာတွေ ရှာဖွေဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး အမှုခင်းတစ်ခု စုံစမ်းရတာကို ရုပ်ရှင်သဖွယ်ကြည့်ပြီး ကစားရမယ့် ဂိမ်းတစ်ခုပါပဲ ။ Alps တောင်တန်းက မြင်ကွင်းတွေ ရှုခင်းတွေကို လှလှပပရေးဆွဲထားတာ မြင်တွေ့ရမှာပါ ။ ဇာတ်လမ်းကတော့ ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ဧည့်သည်တစ်ယောက် ခြေရာလက်ရာမရှိပဲ ပျောက်သွားရာကနေ အစပြုပါတယ် ။

Android => https://play.google.com/store/apps/details?id=com.nordcurrent.murderinalps

iOS => https://itunes.apple.com/sg/app/murder-in-the-alps/id965757356?mt=8

Faraway 3: Arctic Escape


စိတ်အပန်းပြေစေတဲ့ မျက်​စိ​အေး​စေမယ့်​ ရုပ်ထွက်နဲ့ puzzle တွေ ဖြေရှင်းရမယ့် ဂိမ်းတစ်ခုပါ ။ Android အတွက်ပဲ ထွက်ထားပါတယ် ။

Android => https://play.google.com/store/apps/details?id=com.mousecity.faraway3

Candy Crush Friends Saga


Candy Crush ဂိမ်းကိုတော့ မသိတဲ့သူ ရှိမယ်မထင်ပါဘူး ။ သကြားလုံး နီ၊ပြာ၊ဝါ၊စိမ်းတွေကို အရောင်တူ ၃ လုံးတစ်တန်း ဖြစ်အောင် လိုက်ရွှေ့ပေးပြီး ကစားရတာကို ရိုးရိုးရှင်းရှင်းနဲ့ ဥာဏ်ကစားရတဲ့ စိန်ခေါ်မှုရှိတဲ့ ဂိမ်းလေးမို့ ကလေးတွေသာမက လူကြီးတွေကပါ ကြိုက်ကြတာများလို့ ဒေါင်းလုဒ်ဆွဲယူကစားမှုအများဆုံး ကစားသူအများဆုံးစာရင်းထဲရောက်နေတာက သက်သေပါပဲ ။

Android => https://play.google.com/store/apps/details?id=com.king.candycrush4

iOS => https://itunes.apple.com/us/app/candy-crush-friends-saga/id1225867923?mt=8

Badland Brawl


Badland Brawl ကတော့ Angry Bird လို လောက်လေးခွနဲ့ပစ်ပစ်ရတဲ့ ရုပဗေဒကျကျ ဂိမ်းပလေးနဲ့ ဆော့ရတဲ့ ဂိမ်းဖြစ်ပါတယ် ။ လွယ်တော့လွယ်ပေမယ့် ကျွမ်းကျင်ဖို့တော့ ခက်ပါတယ် ။ ရုပ်ထွက်လည်း ချစ်စရာကောင်းပါတယ် ။ အကောင်လေးတွေမှာ ထူးခြားချက် ကိုယ်စီ ရှိကြပါတယ် ။ အကောင်လေးတွေကို ကိုယ်ဥာဏ်ရှိသလောက် အသုံးချရင်း တဖက်ပြိုင်ဘက်ရဲ့ တာဝါကြီးကို ဖြိုချရမှာပါ ။

Android => https://play.google.com/store/apps/details?id=com.frogmind.badlandbrawl

iOS => https://itunes.apple.com/us/app/badland-brawl/id1301961145?mt=8

Hero Hunters


Hero Hunter ဂိမ်းကတော့ third person shooter အမျိုးအစားဖြစ်ပြီး Squad နဲ့ ကစားရတာ ဖြစ်ပါတယ် ။ Fortnite လိုမျိုးရုပ်ထွက်နှင့်ဖြစ်ပြီး ရွေးချယ်စရာ ဟီးရိုးသိပ်မများတဲ့အပြင် တိုက်နေရင်းနဲ့ Squad တစ်ယောက်ပြီး တစ်ယောက်ပြောင်းနိုင်ပါတယ် ။ content က သိပ်မများပေမယ့် role playing element တွေလည်း ပါပါသေးတယ် ။ နောက်ပြီး PvP multiplayer mode လည်းပါလို့ battle royal ဂိမ်းလိုမျိုးလည်း ကစားနိုင်ပါသေးတယ် ။

Android => https://play.google.com/store/apps/details?id=com.hotheadgames.google.free.survivors

iOS => https://itunes.apple.com/us/app/hero-hunters/id1110217724?mt=8

Battlelands Royale


Fortnite Battle Royale ဂိမ်းကို ဝဝလုံးလုံး ပုပုတိုတို ချစ်စရာကောင်းတဲ့ ကာတွန်းရုပ်ထွက်နှင့် အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းမျိုးနဲ့ ကစားရမယ့် ဂိမ်းတစ်ခုပါပဲ ။ Fortnite Battle Royale ကိုတော့ လူတော်တော်များများ သိကြမှာပါ ။ မြေပုံတစ်ခုထဲ Player အများကြီးချပေးလိုက်တယ် ။ လက်ထဲ ဘာမှ မထည့်ပေးလိုက်ဘူး ။ မြေပြင်ပေါ်ရောက်ရင် လက်နက်တွေ ဆေးပစ္စည်းတွေလိုက်ရှာစုဆောင်း၊ သူလိုကိုယ်လို player တွေ့ရင် အသေပစ်သတ်၊ မြေပုံပေါ် နောက်ဆုံးအသက်ရှင်ကျန်ရစ်သူက အနိုင်ရ... အဲ့ဒါက Solo ။ team ဖွဲ့ပြီးကစားရင်တော့ တဖက်အသင်းသားကုန်အောင် ပစ်သတ်နိုင်တဲ့အသင်းက အနိုင်ရ... အဲ့ဒါပါပဲ ။ ဒါပေမယ့် ဒီ Battleland Royale ဂိမ်းမှာတော့ Player အများဆုံး ၃၂ ယောက် ဖြစ်သွားပါတယ် ။ သူလည်းပဲ Fortnite ဂိမ်းလို emote တွေ reward တွေရှိပါတယ် ။

Android => https://play.google.com/store/apps/details?id=com.futureplay.battleground

iOS => https://itunes.apple.com/us/app/battlelands-royale/id1296181302?mt=8

Post a Comment

0 Comments