Assassin creed စီးရီးရဲ့ မူလသမိုင်းကြောင်း

(Warning: This will take too long to read)
Assassin's Creed Lore

We built you in our own image. We built you to survive.

-Minerva 1499

ကျွန်ုပ်တို့ဟာ သင်တို့ကို ကျွန်ုပ်တို့ ပုံစံအတိုင်း ဖန်တီးခဲ့တယ် ။ သင်တို့ကို အသက်ရှင်ကျန်ရစ်ဖို့ ကျွနု်ပ်တို့ ဖန်တီးခဲ့တာ ဖြစ်တယ် ။

မီနာဗာ ၁၄၉၉
=×=×=×=

Assassin's Creed Origin


Isu
----
(နတ်ဘုရား လို့ဆိုရမလားပဲ ။) ပထမဦးဆုံးသော လူသားမျိုးနွယ်ဝင် ။ သူတို့ဟာ ရှေ့ပြေးနိမိတ်ပိုင်ရှင်တွေလည်း ဖြစ်ကြပါတယ် ။ အရာရာ တတ်သိနားလည်နိုင်စွမ်း မြင့်မားပြီး နတ်စွမ်းအားနဲ့ လူသား ပေါင်းစပ်ဖွဲ့စည်းထားတဲ့ မျိုးရိုးဗီဇမြင့် သတ္တဝါတွေလို့ ဆိုရမှာပါ ။ ရှေးအကျဆုံးသော ကမ္ဘာရဲ့ ပထမဦးဆုံးဖြစ်သော မျိုးရိုးဗီဇအမြင့်ဆုံးသော လူသားပုံပေါက်နေတဲ့ မျိုးနွယ်စု ။ သူတို့အရေအတွက်က အရမ်းနည်းပါတယ် ။ Pieces of Eden အီဒင်ရဲ့ အပိုင်းအစ တွေကို စတင် ဖန်တီးခဲ့တဲ့ မျိုးနွယ်စု တစ်ခုလည်း ဖြစ်ပါတယ် ။

သူတို့တည်ဆောက်ပုံဟာ သာမာန် လူသားတည်ဆောက်ပုံနဲ့ ကွာခြားပါတယ် ။ သူတို့ ဒီအင်အေ တည်ဆောက်ပုံ ခရုပတ်သဏ္ဍာန်မှာ ၃ ဆင့်ရှိပြီး အာရုံခံစားမှု ၆ ပါးရှိကြပါတယ် ။ သာမာန်လူသားတွေမှာတော့ ဒီအင်အေ တည်ဆောက်ပုံ ခရုပတ်မှာ အဆင့် ၂ ဆင့်ပဲ ရှိပြီး အာရုံခံစားမှုက ၅ ပါးပဲ ရှိတာ ဖြစ်ပါတယ် ။ လူသားတွေထက် ဉာဏ်ပညာအတွေးခေါ်ဆိုင်ရာ အရမ်းမြင့်ကြလို့ သူတို့ဟာ သူတို့သက်တမ်းထက် ပိုရှည်ကြာအောင် နေနိုင်စွမ်း ရှိကြပါတယ် ။ Isu ဟာ သူတို့ရဲ့ ဝေယျာဝစ္စတွေ လုပ်ခိုင်းဖို့ ဆိုပြီး သူတို့နဲ့ ပုံစံတူ လူသားတွေ ဖန်တီးခဲ့တယ် ။ Isu ဟာ သူတို့ မျိုးနွယ်စုက တစ်ယောက်ချင်းစီရဲ့ မျိုးရိုးဗဇ ဒီအင်အေတွေ ထုတ်ယူ၊ အီဒင်အပိုင်းအစနဲ့ ပေါင်းစပ်ပြီး လူသားဆိုတာကို ဖန်တီးခဲ့ပါတယ် ။

လူသားတွေကို piece of Eden နဲ့ Isu တွေက ထိန်းချုပ်ပြီး နေထိုင်ခဲ့တော့ ကမ္ဘာကြီးဟာ နှစ်ပေါင်းများစွာ အေးချမ်းနေခဲ့တယ် ဒါပေမယ့် တတိယမျိုးစိတ်အသစ် မပေါ်ပေါက်ခင် အချိန်အထိပါပဲ ။ Isu တို့ ဖန်တီးထားတဲ့ လူသားတွေဟာ ကမ္ဘာမြေပေါ်မှာ နေထိုင်ရင်း အချင်းချင်းပေါင်းစည်း မျိုးပွားရင်းနဲ့ တဖြည်းဖြည်း မျိုးရိုးဗီဇတွေ ဆင့်ကဲပြောင်းလဲလာကာ နောက်ဆုံး Piece of Eden ရဲ့ ထိန်းချုပ်မှုကို ခံနိုင်ရည်ရှိသွားကြတယ် ။ နောက်ဆုံးမှာတော့ တတိယမျိုးစိတ်အသစ်ဖြစ်တဲ့ လူသားနှင့် Isu တစ်ဝက်စီ ပေါင်းစပ်ထားတဲ့ hybrid မျိုးနွယ်စု ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ် ။ Isu ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့တဲ့ ဒီတတိယမျိုးနွယ်စုဟာ Isu ရဲ့စကားကို နားမထောင်တော့ပဲ လွတ်လွတ်လပ်လပ် နေထိုင်ခဲ့တယ် ။ ဒါနဲ့ပဲ မူလ ဖန်တီးရှင် Isu နှင့် တတိယမျိုးစိတ်အသစ်ကြား ပဋိပက္ခတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး နောက်ဆုံးမှာတော့ 75010 BC မှာ Human-Isu War ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်စစ်ပွဲကြီး ပေါ်ပေါက်လာခဲ့တော့တယ် ။

စစ်ပွဲဖြစ်ပွားတော့ Isu တွေဟာ သူတို့ ရဲ့ သာလွန်တဲ့ အာရုံခံစားမှုစွမ်းအားနဲ့ ပြန်တိုက်ခိုက်ပေမယ့် လူသားမျိုးနွယ်စုတို့ရဲ့ များပြားလှတဲ့ အရေအတွက်နဲ့ တိုးပွားမှုနှုန်းကို မကျော်လွန်နိုင်ခဲ့ဘူး ။ လူသားတွေထဲ တချို့ဟာ Piece of Eden ထိန်းချုပ်မှုအောက်က လွတ်မြောက်နေတာကို အခွင့်ကောင်းယူပြီး Isu အနီးအနားကို ကပ်ကာ တိတ်တဆိတ်လုပ်ကြံသတ်ဖြတ် လာကြတယ် ။ ဒီလို လုပ်ကြံလိုက်တာနဲ့ Isu နဲ့ ဆက်စပ်ပြီး piece of Eden က ဖြစ်ပေါ်လာတဲ့ လူသားတွေဟာ ထိန်းချုပ်မှုကနေ လွတ်မြောက်ကုန်ကြတယ် ။ Isu တွေဟာ လူသားတွေနဲ့စာရင် အစစ အရာရာသာလွန်နေပြီး စွမ်းအားကြီးမားကြပေမယ့် သူတို့မျိုးပွားနှုန်းဟာ အရမ်းကို နှေးတာကြောင့် Isu တစ်ယောက် သေသွားတာဟာ သူတို့မှာ ကြီးမားတဲ့ဆုံးရှုံးမှု တစ်ရပ်ဖြစ်စေပါတယ် ။ စစ်ပွဲအတွင်း တဖြည်းဖြည်းနဲ့ အရေအတွက်နည်းလာတဲ့ Isu တွေဟာ ဒီ လူသားမျိုးနွယ်စုကို ထိန်းချုပ်ဖို့ တန်ပြန်အစီအစဉ်တွေ ရေးဆွဲပြီး တိုက်ခိုက်ခဲ့ပါတယ် ။

Isu နဲ့ လူသားတွေကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေစဉ်အတောအတွင်း ၂ ဘက်လုံး သတိမပြုမိခဲ့တဲ့ အရာတစ်ခု ရှိခဲ့ပါတယ် ။ အဲ့ဒါက ကမ္ဘာကြီးကို ကြီးမားတဲ့အရာကြီးတစ်ခုက ဝင်တိုက်တော့မယ် ဆိုတာပါပဲ ။ ဒီလို ဝင်တိုက်တော့မယ်ဆိုတာ Isu တွေက သိတာနဲ့ တပြိုင်နက် ဘေးအန္တရာယ် ကနေ ကာကွယ်ဖို့ နည်းလမ်းတွေ ရှာဖွေခဲ့တယ် ။ ဒါပေမယ့် မတွေ့ခဲ့ပဲ နောက်ဆုံးမှာတော့ ကမ္ဘာကို အမည်မသိအရာကြီးက ဝင်တိုက်တာခံရပြီး ကမ္ဘာကြီးရဲ့ သံလိုက်စက်ကွင်းတွေ ကပြောင်းကပြန်တွေဖြစ်ကုန်တယ် ။ နေရဲ့အပူရှိန်ကို တိုက်ရိုက်ထိပြီး ကမ္ဘာကြီးတစ်ခုလုံးဟာ လအတန်ကြာတဲ့အထိ မီးလောင်မြိုက်နေတော့တယ် ။ ဒီဘေးဒုက္ခမှာ Isu ရော တတိယမျိုးနွယ်စုကော လူသားမျိုးနွယ်စုတွေပါ အပြင်းအထန်ခံစားခဲ့ရပြီး အသေအပျောက် များခဲ့ပါတယ် ။

ကမ္ဘာပျက်ပြီးနောက် ဘာမှမရှိတော့တဲ့ ကမ္ဘာမှာတော့ လူသားမျိုးနွယ်စုအနည်းငယ်နဲ့ မရှိစလောက် ပမာဏသာရှိတော့တဲ့ Isu သာ အသက်ရှင်ကျန်ရစ်တယ် ။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Isu နဲ့ လူသားတွေဟာ ငြိမ်းချမ်းရေးရယူလိုက်ပြီး စစ်ပွဲကို အဆုံးသတ်ခဲ့တယ် ။ ငြိမ်းချမ်းရေးရတော့ ပြန်လည်ဖွံဖြိုးတိုးတက်အောင်လုပ်တဲ့အခါ Isu တွေဟာ အရေအတွက် နည်းပါးလွန်းတဲ့အတွက်ကြောင့် ပြန်လည် မထူထောင်နိုင်ခဲ့ပဲ ကွယ်ပျောက်သွားကာ သူတို့ရဲ့ တည်ရှိမှုတွေဟာ ဒဏ္ဍာရီအဖြစ်ကျန်ရစ်ခဲ့တော့တယ် ။ လူသားတွေကတော့ ဒီကမ္ဘာပျက်ကပ်ကနေ ကျော်လွှားနိုင်ခဲ့ပြီး လူသားမျိုးနွယ်စုဟာ တဖြည်းဖြည်းရှင်သန်ကြီးထွား တိုးတက်လာခဲ့တယ် ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ပြီး Isu ရဲ့ တည်ရှိမှု အထောက်အထားပျောက်ပျက်သွားတဲ့ အထိကို ဖွံဖြိုးတိုးတက်လာခဲ့ပါတယ် ။

ကမ္ဘာပျက်ပြီးနောက် အသက်ရှင်ကျန်ရစ်တဲ့ Isu တွေထဲ Minerva, Juno နှင့် Jupiter ဆိုတဲ့ Isu ၃ ယောက်ရှိခဲ့တယ် ။ သူတို့ဟာ Isu မျိုးနွယ်စုရဲ့ အဓိက သိပ္ပံပညာရှင်တွေ ဖြစ်ကြတယ် ။ ဒီ ၃ ယောက်ထဲက တယောက်ဖြစ်တဲ့ Minerva ဟာ ကမ္ဘာပျက်မယ့်ကိန်းကို ကြိုတင်မှန်းဆနိုင်ခဲ့ပြီး ကမ္ဘာပျက်မယ့်ကိန်းကို ကျန် ၂ ယောက်ဖြစ်တဲ့ Jupiter နဲ့ Juno တို့နဲ့အတူ ရှောင်လွဲဖို့နည်းလမ်းတွေ ရှာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ နောက်ဆုံးမှာ ကမ္ဘာပျက်စီးတာကို ခံစားခဲ့ကြရတယ် ။ အသက်ရှင်ကျန်ရစ်တဲ့အချိန်မှာ Minerva, Jupiter, Juno တို့ ၃ ယောက်ဟာ နောင်အခါလာမယ့် ကမ္ဘာပျက်ကိန်းကို တွက်ချက်ဖော်ထုတ်ခဲ့ပြီး ဒီဟောကိန်းနှင့်အတူ Isu တို့ရဲ့ ခေတ်လွန် နည်းပညာတွေကို piece of Eden တွေထဲက Apple of Eden ထဲ ထည့်သွင်းမြုပ်နှံထားခဲ့တယ် ။ နောက်ပြီး ကမ္ဘာအနှံ့မှာ မြေအောက်ဘုရားကျောင်း (temple) တွေ အများကြီးဆောက်ခဲ့ပြီး ဒီ ဘုရားကျောင်း (temple) တွေထဲက တစ်ခုမှာ လျှို့ဝှက်ထားခဲ့တယ် ။

ခေတ်တွေတစ်ခေတ်ပြီး တစ်ခေတ် ပြောင်းလဲလာခဲ့သလို လူသားတို့ရဲ့ အယူအဆတွေဟာလည်း ဆင့်ကဲ ပြောင်းလဲလာခဲ့ကြတဲ့အခါမှာ templar နှင့် Assassin ဆိုပြီး အယူအဆကွဲပြားတဲ့ အဖွဲ့ ၂ ဖွဲ့ပေါ်ပေါက်လာခဲ့တယ် ။ Templar ဟာ တစ်ခုတည်းသော စည်းမျဉ်းမူဝါဒအောက်မှာသာလျှင် လူအဖွဲ့အစည်းအတွက် ပြီးပြည့်စုံတဲ့ လူနေထိုင်မှုပုံစံ ရမယ်လို့ ယူဆတဲ့အတွက် New World Order ဆိုတဲ့ အယူအဆ လက်ကိုင်ပြုထားတဲ့ အဖွဲ့အစည်း ဖြစ်တယ် ။ Assassin ကတော့ လူသားတွေဆိုတာဟာ ကိုယ့်စိတ်ကြိုက် လွတ်လပ်စွာရှင်သန်နေထိုင်တဲ့ အခွင့်အရေး ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နေသူများ ဖြစ်ပါတယ် ။

Templar တွေဟာ သူတို့ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ Isu ရဲ့ နည်းပညာတွေနှင့် လူတွေရဲ့ စိတ်ကို ထိန်းချုပ်အမိန့်ပေးနိုင်စွမ်း နည်းပညာတွေ ထည့်ထားတဲ့ Apple of Eden ကို ရယူဖို့ပဲ ဖြစ်တယ်လို့ ယူဆထားပါတယ် ။ ကမ္ဘာပေါ် ပြန့်ကျဲနေတဲ့ piece of Eden တွေထဲက Apple of Eden ကို ရှာတွေ့ဖို့ဆိုတာ တကယ်မလွယ်ပါဘူး ။ ခေတ်အဆက်ဆက်က ရှာခဲ့ပေမယ့် ရန်သူတော်ဖြစ်တဲ့ assassin တွေနဲ့ အမြဲထိပ်တိုက် ရင်ဆိုင်ခဲ့ရတယ် ။ ယခုမျက်မှောက်ခေတ်ရောက်လာတဲ့အခါ templar တွေဟာ သိပ္ပံနည်းကျ လေ့လာ တီထွင်စမ်းသပ်မှုတွေ လုပ်ပြီး နောက်ဆုံးမှာတော့ Assassin Creed စီးရီးမှာ မပါမဖြစ် ဖြစ်တဲ့ Animas စက်ကြီး ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

Pieces of Eden ေတြထဲက Apple of Eden


> Pieces of Eden က ဘာလဲ?

Isu တွေဟာ သူတို့ဖန်တီးထားတဲ့ လူသားတွေကို အလွယ်တကူ ထိန်းချုပ် လမ်းပြနိုင်အောင် ဆိုပြီး Pieces of Eden ကို ဖန်တီးခဲ့တယ် ။ ဒီ Piece of Eden ကတော့ ဆန်းပြားရှုပ်ထွေးတဲ့ စက်လုံးပုံစံ ပစ္စည်းတစ်ခု ဖြစ်တယ် ။

လူသားဦးနှောက်ရဲ့ အတွင်းကျကျတစ်နေရာမှာ အာရုံကြောအချက်ပြလှိုင်းတွေ ထုတ်လွှင့်တဲ့ ကွန်ယက်ကြီး ရှိတယ် ။ ဒီအာရုံကြောအချက်ပြလှိုင်းထုတ်လွှင့်တဲ့ ကွန်ယက်ထဲက သေချာတဲ့ လှိုင်း တစ်ခုဟာ လူသားကိုဖန်တီးတဲ့ နဂိုမူလလက်ခံ Isu ရဲ့ Piece of Eden နဲ့ တွေ့တဲ့အခါ တုံ့ပြန်မှု ထွက်လာတယ် ။ အဲ့ဒီ တုံ့ပြန်မှုတွေထဲမှာ လူသားရဲ့ စိတ်ခံစားချက်၊ အတွေး၊ အပြုအမူတွေ တစ်ခြားအရာတွေ ပါတယ် ။ ဒီတုံ့ပြန်မှုတွေဟာ Piece of Eden ပါဝါတွေ ဖြစ်တယ် ။ တုံ့ပြန်မှုတွေထဲမှာ ထူးခြားတဲ့ စွမ်းအားတွေ ပါလာတာမို့ Piece of Eden ဟာ မှော်အစွမ်းရှိတဲ့အရာလို့လည်း ဆိုတယ် ။ ရှင်းလင်းပြရရင် piece of Eden ဟာ သူ့မူလမှာကိုယ်တိုင် စွမ်းအားရှိပြီး သေချာတဲ့လူရဲ့ ဦးနှောက်လှိုင်းနဲ့ တွေ့မိတဲ့အခါ ထိုစွမ်းအားနဲ့အတူ တိမ်မြုပ်နေတဲ့အရာကို ပေါ်ထွက်လာအောင် လှုံ့ဆော်ပေးတဲ့ အရာ ဖြစ်တယ် ။

Piece of Eden ထဲမှာ Apples of Eden, Staves of Eden, Swords of Eden, Shrouds of Eden အစရှိတဲ့ piece of Eden မြောက်မြားစွာ ရှိပါတယ် ။ ဥပမာ ပြရရင် Staves of Eden ဟာ လူသားတွေရဲ့ စိတ်အတွေးကို ထိန်းချုပ်နိုင်စွမ်းရှိတယ် ။ Apples of Eden က ခေတ်လွန် အသိပညာဗဟုသုတ အလုံးစုံ ပေးနိုင်စွမ်းရှိတယ် ။ Swords of Eden က စွမ်းအင်ပေါက်ကွဲနိုင်တဲ့ စွမ်းရည်ပေးနိုင်တယ် ။ Shroud of Eden က ဘယ်ဒဏ်ရာမဆို သေလောက်တဲ့ ဒဏ်ရာဖြစ်ပါစေ ပြန်ကောင်းလာနိုင်စွမ်း ရှိတယ် စသဖြင့်ပါ ။

Piece of Eden တွေထဲက Apple of Eden ထဲမှာ Isu တို့ရဲ့ ခေတ်လွန်နည်းပညာတွေဖြစ်တဲ့ လူမှုစီးပွားရေးကစ နက္ခတ်ဗေဒပညာပါမကျန်ပါပြီး ထူးခြားတာကတော့ လူသားတွေရဲ့ စိတ်ကို ထိန်းချုပ်ကွပ်ကဲနိုင်တဲ့ နည်းပညာတွေပါ ပါဝင်နေတာပဲ ဖြစ်ပါတယ် ။ ဒီနည်းပညာကတော့ templar ရော assassin ကပါ အလွန်လိုချင်နေတဲ့ နည်းပညာတစ်ခုပဲ ဖြစ်တယ် ။

Isu တို့ ထားခဲ့တဲ့ piece of Eden တွေဟာ သမိုင်းအဆက်ဆက်မှာ လူသားတွေအတွက် အသုံးဝင်ခဲ့ပါတယ် ။ ဂျူးလိယက်ဆီဇာ ၊ ရုစဗဲ့ ၊ မဟတ္တမဂန္ဒီ ၊ အစရှိတဲ့ ခေတ်အဆက်ဆက်က နာမည်ကြီးတွေဟာ piece of Eden တွေနဲ့ အသုံးပြုပြီး လောကကို လွှမ်းမိုးခဲ့ကြတယ် ။

======

> Animus

Animus ကတော့ virtual reality စက်ဖြစ်ပြီး နည်းပညာကို Abstergo Industries က တွေ့ရှိပြီး ပြန်ဖော်ထုတ်ထားတဲ့ အဆင့်မြင့်ဖန်တီးထားတဲ့ ပုံရိပ်ဖော်စက်ဖြစ်ပါတယ် ။ စမ်းသပ်ခံရဲ့ မျိုးရိုးဗီဇအတွင်းမှာ ရှိနေတဲ့ မှတ်ဉာဏ်တွေကို တခြားသူ ဖတ်လို့ရအောင် အပြင်ဘက်စခရင်ပေါ် သုံးဖက်မြင်ပုံရိပ်နဲ့ ပုံဖော်ပြီး ပြသပေးတဲ့ စက်ဖြစ်ပါတယ် ။

မျိုးရိုးဗီဇမှတ်ဉာဏ်ဖတ်သော Animus စက်ကြီး

 > Genetic Memory (မျိုးရိုးဗီဇမှတ်ဉာဏ်)

"ဒီအင်အေထဲမှာ မျိုးရိုးဗီဇတစ်ခုဖြစ်ပေါ်လာဖို့ လုပ်ငန်းစဉ်ရှိရုံသာမက ကျွနု်ပ်တို့ ဆင်းသက်လာခဲ့တဲ့ ဘိုးဘွားဘီဘင်တွေက မျိုးရိုးဗီဇတည်ဆောက်မှုတွေအပြင် သူတို့ရဲ့ မှတ်ဉာဏ်တွေပါ ရှိနေတာ ဖြစ်တယ် ။"

Genetic memory (မျိုးရိုးဗီဇမှတ်ဉာဏ်) ဟာ မူလအစ ဘိုးဘွားဘီဘင် ၁ ယောက်ကနေ အဆင့်ဆင့် ဆင်းသက်လာတဲ့သူတွေရဲ့ မှတ်ဉာဏ်တွေကို တစ်စုတစ်စည်းတည်း ပေါင်းစည်းထားတာ ဖြစ်တယ် ။ Abstergo Industries အဖွဲ့အစည်းဟာ ထို မှတ်ဉာဏ်အစုအဝေးကို Animus ဆိုတဲ့ သုံးဖက်မြင်ရုပ်လုံးဖော်စက်နဲ့ ထုတ်ယူပြောင်းလဲကာ မှတ်ဉာဏ်အစုအဝေးထဲက အတိတ်ခေတ်ကို ပြန်အသက်သွင်းယူပြီး ထိုခေတ်ကာလမှာ အသက်ရှင်နေထိုင်ခဲ့တဲ့သူနေရာ ဝင်ကာ လျှို့ဝှက်ထားတဲ့ သတင်းအချက်အလက်တွေ အထူးသဖြင့် assassin တွေနဲ့ piece of Eden တွေကို လိုက်ရှာတာ ဖြစ်ပါတယ် ။ ကိုယ်ဝင်ရောက်ရမယ့် မျိုးရိုးဗီဇမှတ်ဉာဏ်ထဲက အတိတ်ကာလမှာ နေထိုင်ခဲ့သူနဲ့ ကိုယ် တသားတည်းဖြစ်အောင် လုပ်တာကို synchronization လို့ ခေါ်ပါတယ် ။ ဒါ့အပြင် စမ်းသပ်ခံကနေ ထုတ်ယူလိုက်တဲ့ မျိုးရိုးဗီဇမှတ်ဉာဏ်တွေကို Data Dump Scanner အသုံးပြုပြီး ပိုင်ရှင်မဟုတ်တဲ့ သူတွေပါ ကြည့်ရှုနိုင်ပါတယ် ။

ပိုင်ရှင်ဖြစ်သူက ထုတ်ယူဖို့ စိတ်ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မျိုးရိုးဗီဇမှတ်ဉာဏ်တွေကို ထုတ်ယူနိုင်ပါတယ် ။ မျိုးရိုးဗီဇဉာဏ် ထုတ်ယူမယ့်သူကို coma ဝင်သွားအောင်လုပ်ပြီး သူ့ဦးနှောက်လှိုင်းကနေတဆင့် ထုတ်ယူကြတာ ဖြစ်ပါတယ် ။ ထုတ်ယူဖို့စိတ်ဆန္ဒမရှိတဲ့သူကျတော့ ထုတ်ယူပြီး မှတ်ဉာဏ်ထဲ ပြန်အသက်သွင်းရတာ အတော်လေး ခက်လှပါတယ် ။

=======

Isu တို့ရဲ့ နည်းပညာကို အခြေခံပြီး တီထွင်ဖန်တီးခဲ့တဲ့ Animus စက်ကြီးကို ပိုင်ဆိုင်တဲ့ အဖွဲ့စည်းကတော့ Abstergo Industries လို့ခေါ်တဲ့ ယခုမျက်မှောက်ခေတ်ရဲ့ ဆေးဝါးကုမ္ပဏီ ကော်ပိုရေးရှင်းဖြစ်ပြီး templar တွေပိုင်တဲ့ ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ် ။ Assassin's Creed: Brotherhood မှာ Abstergo Industries က တီထွင်ဖန်တီးတဲ့ Animas project တွေအကြောင်း ပါတာ တွေ့ရမှာ ဖြစ်ပါတယ် ။

======

Series
-------
Assassin's Creed (2007)

Assassin's Creed II (2009)
>Battle of Forlì (2010)
>Bonfire of the Vanities (2010)

Assassin's Creed: Brotherhood (2010)
>Copernicus Conspiracy (2010)
>Animus Project Update 1.0 (2010)
>Animus Project Update 2.0 (2011)
>Animus Project Update 3.0 (2011)
>The Da Vinci Disappearance (2011)

Assassin's Creed: Revelations (2011)
>The Ancestors Character Pack (2011)
>Mediterranean Traveler Map Pack(2012)
>The Lost Archive (2012)

Assassin's Creed III (2012)
>Benedict Arnold (2012)
>The Hidden Secrets Pack (2012)
>The Battle Hardened Pack (2013)
>The Tyranny of King Washington(2013)
>The Infamy
>The Betrayal
>The Redemption

Assassin's Creed IV: Black Flag (2013)
> Aveline (2013)
> Kraken Ship Pack (2013)
> Death Vessel Pack (2013)
> Crusader & Florentine Pack (2013)
> Blackbeard's Wrath (2013)
> Freedom Cry (2013)
> Illustrious Pirates Pack (2014)
> Guild of Rogues (2014)

Assassin's Creed: Rogue (2014)
>Templar Legacy Pack (2015)

Assassin's Creed: Unity (2014)
>Revolutionary Armaments Pack (2014)
>Dead Kings (2015)
> Secrets of the Revolution Pack (2015)
> Underground Armory Pack (2015)

Assassin's Creed: Syndicate (2015)
> The Dreadful Crimes (2015)
> Steampunk Pack (2015)
> Victorian Legends Pack (2015)
> Jack the Ripper (2015)
> Streets of London Pack (2016)
> The Last Maharaja (2016)

Assassin's Creed: Origins (2017)
> Deluxe Pack (2017)
> Roman Centurion Pack (2017)
> Horus Pack (2017)
> The Hidden Ones (2018)
> The Curse of the Pharaohs (2018)

Assassin's Creed: Odyssey (2018)
>Deluxe Pack (2018)

|Fros|

==================
ဒါကတော့ facebook group တစ်ခုမှာ ဆွေးနွေးခဲ့တဲ့ ပို့စ်ဖြစ်ပါတယ် ။ ဒီပို့စ်ပိုင်ရှင်ဖြစ်တဲ့ Ko Thet Naing Soe ကို Credit ပေးပါတယ်
==================

Assassin's Creed Lore

ကျနော် လွန်ခဲ့တဲ့ 2 ရက်က reddit မှာဆွေးနွေးခဲ့တဲ့ post ကို ဒီမှာ ဆွေးနွေးကြည့်မယ်ဗျာ

Assassin’s Creed Odyssey ဇာတ်လမ်း ဘာလို့ Brotherhood မပေါ်ခင်မှာ တည်ရတာလဲဆိုတာကိုပေါ့

ပထမဆုံး Assassin’s Creed Universe ရဲ့ Origin တစ်ခုလုံးပြန်ပြောမှရလိမ့်မယ်ဗျ

Warning : Wall of texts Incoming

စပြောရရင်တော့ သိပ်တော်လွန်းခဲ့ Isu တွေပေါ့

ကျနော်တို့လူတွေရဲ့ DNA ဟာ

-Adenine
-Thymine
-Guanine နဲ့
-Cytocine ဆိုတဲ့ base compound တွေနဲ့ဖွဲ့စည်းထားပြီး DNA ဟာ Double Helix ပုံစံသာဖြစ်ခဲ့တယ် .. Isu ရဲ့ DNA ဟာ Triple Helix structure ဖြစ်ပြီး Genetic Engineering ပိုင်းမှာသူမတူကမ်းကုန်အောင်ထူးချွန်သူတွေဖြစ်ကြတယ် .. သူတို့ဟာ Eden Garden ဆိုတဲ့မြို့ကြီးကိုတီထောင်ခဲ့ကြ ပေမယ့် အဲ့ဒီမှာ အလုပ်ကြမ်း လုပ်မယ့် ကျွန်လိုခိုင်းစေရမယ့် သူမရှိခဲ့ဘူး .. အဲ့ဒီအတွက်ပဲ သူတို့ဟာ တစ်ဆင့်နိမ့်တဲ့ လူသားမျိုးနွယ်ကို Genetic Engineering နဲ့ဖန်တီးခဲ့တယ် .. သူတို့ ခိုင်းသမျှ တသွေမတိမ်းလိုက်နာအောင် လူသားတွေကိုဖန်တီးတဲ့အခါ သူတို Isu တွေဆီမှာတောင်မရှိတဲ့ ကျွန်ဖြစ်စေတဲ့ Neurotransmitters တွေကိုပါထဲ့သွင်းဖန်တီးခဲ့ကြတယ်

Neurotransmission / Neurotransmitters

ပထမဆုံးပြောလိုသည်မှာ ကျနော် စဆရက လုပ်လိုစိတ်မရှိပါ ! ထို့ကြောင့် ဤ section အား ဆေးကျောင်းသား , ဆရာဝန် နှင့် Human Physiology တတ်ကြွမ်းထားသူများ ကျော်နိုင်ပါသည် ! ကျနော်ကိုယ်တိုင် ယင်းဘာသာရပ်နှင့် 7 နှစ်ကြာဝေးကွာနေပြီဖြစ်သောကြောင့် အတတ်နိုင်ဆုံးကြိုးစားရေးထားသော်လည်း အမှာပါနိုင်ပါသည် , ထို့ကြောင့် တတ်ပြီးသားသူများ အမှားရှာလိုပါက ထောက်ပြနိုင်ရန် ဖတ်လိုကဖတ်ပါ .

Neurotransmission က အလွယ်ပြောရရင် brain နဲ့ body ဆက်သွယ်ခြင်းပါပဲ


အဲ့ဒါကို Neurotransmitters တွေနဲ့အဓိကလုပ်ကြတယ် , အဲ့ဒီမှာ မေးစရာရှိလာတာက Neurotransmitter ကဘာတုန်းပေါ့ ? အဲ့ဒီကောင်တွေက များသောအားဖြင့် amino acid , neuropeptide လေးတွေဖြစ်ကြပြီး brain ကပို့တဲ့ message ကို neurone to neurone OR neurone to muscle ကိုပြန်ပို့ကြတယ် .. အာ့ဆို neurone ဆိုတာဘာလဲပေါ့ .. ပုံ 2 ကိုကြည့်လိုက်ပါ အဲ့ neurone ဆိုတာ brain ရဲ့အခြေခံအကျဆုံးအပိုင်းလေးတွေပေါ့ .. ပြီးတော့တစ်ခုနဲ့တစ်ခု ဆက်ထားသေးတယ် အဲ့ဒီအဆက်အဆက်တွေရဲ့ လူရဲ့ body တစ်ခုလုံး ချိတ်ဆက်ထားတာ .. ရထားတွဲလိုပဲ . ပြီးတော့ Neurone တစ်ခုနဲ့တစ်ခု ဆက်တဲ့နေရာတွေကို Junction လို့ခေါ်ပြီး အဲ့ဒီကနေပဲ ( ပုံ 3 ကိုကြည့်ရန် ) အပြာရောင်က neurotransmitter အစေ့လေးတွေကို ပူဖောင်းလေးနဲ့စုထားတယ် .. အောက်ကကောင်မှာလဲ neurotransmitter တွေကိုလက်ခံမယ့် receptor တွေရှိပြီးသား


အဲ့ဒီမှာပဲ brain က ပြင်ပက signal တစ်ခုခုလာတဲ့အခါမှာ ဘာလုပ်ရမလဲစဉ်းစားတယ် .. ပြီးရင်ဆုံးဖြတ်ပြီး body ဘာလုပ်ရမယ်ဆိုတာကို message ပို့လိုက်တယ် .. အဲ့ဒီမှာပဲ neurotransmitter တွေ ပူဖောင်းထဲကထွက်လာပြီး အောက်ကကောင်ဆီက receptor ဆီသွားပေါင်းလိုက်တယ် အဲ့ဒီတော့ brain ကခိုင်းတဲ့ message ကို body ကရပြီး လိုက်လုပ်ပေးတယ် .. ပြောတာသာကြာတာ body မှာအဲ့ဖြစ်စဉ်က 1 sec တောင်မကြာဘူး

( ဒီနားမှာ Depolarization တွေ Action potential surge တွေအကြောင်းထဲ့မပြောတော့ပါ )

ဥပမာ

Noradrenaline ဆိုတဲ့ Neurotransmitter က သွေးပေါင်ချိန် တွေ နှလုံးခုန်နှုန်းတွေကို ထိန်းချုပ်တယ် .. ဦးနှောက် က ပြောလိုက်တဲ့အထဲမှာ သွေးပေါင်တွေ , နှလုံးခုန်တာတွေပါလာရင် အဲ့ဒါကို တစ်ကယ်လုပ်ဖြစ်အောင်သွားပြောရတဲ့ Messanger ကောင် Noradrenaline ထွက်လာတာပဲ

အလားတူပဲ Sleep တွေ စားချင်သောက်ချင်စိတ်တွေ Mood တွေ နဲ့ပတ်သက်လာရင် brain ရဲ့အမိန့်ကို သယ်ပြီး body ဆီကိုဖြန့်တဲ့ messanger ( Neurotransmitters) က Serotonin ဆိုတဲ့ကောင်ဖြစ်တယ်

အဲ့ဒီမှာပဲ Isu တွေဟာ နိမ့်ပါးတဲ့လူသားတွေကိုဖန်တီးရာမှာ သူတု့ခိုင်းချင်တိုင်းခိုင်းရအောင် Neurotransmitter တစ်ခုကိုပါ တီထွင်ခဲ့ကြတယ် .. အဲ့ဒါကို "X" လို့ပဲ အလွယ် ခေါ်ရအောင်

အဲ့ဒီ X က သွေးပေါင်ချိန်နဲပတ်သတ်တာကိုသယ်တာမဟုတ်ဘူး , sleep pattern တွေ Mood တွေကိုလဲ သယ်တာလဲမဟုတ်ဘူး ... Piece of Eden တစ်ခုဖြစ်တဲ့ Apple of Eden ကိုသုံးလိုက်လို့ အဲ့ဒီ အလင်းတွေနဲ့ ထိမိရင် brain က ကိုယ်ပိုင်အသိစိတ်ပျောက်ပြီး Apple of Eden ကိုင်ထားသူရဲ့ ခိုင်းစေရာလုပ်ဖို့ body ကိုအမိန့်ပေးတယ် .. "X" က အဲ့ဒီ အမိန့်ကို body ဆီသယ်ဆောင်တဲ့ ကောင်ပဲ . ဒီလိုနဲ့ Apple of Eden ရဲ့ ထိန့်ချုပ်မှုအောက်မှာ လူမျိုးနွယ်ကြီးတစ်ခုလုံး ကျွန်လုံးလုံး ဖြစ်တော့တာပဲ

ဒါပေမယ့် သိပ်တော်လွန်း သိပ်ထက်လွန်းတဲ့ Isu တွေဟာ မဟာအမှားတစ်ခုကိုကြူးလွန်မိကြတယ် .. အဲ့ဒါကတော့ တစ်ချို့သော Isu တွေ သူတို့ဖန်တီးထားတဲ့ လူသားတွေနဲ့ ကာမ ယှက်စပ်မိကြတာပဲ .. အဲ့ကနေပဲ Isu-human နှစ်မျိုးပေါင်း Hybrid တွေထွက်လာတယ် .. ပထမဆုံး Hybrid က Eve ( ဧဝ ) ဖြစ်တယ် .. ဧဝ ဟာ Human ကမွေးလို့ လူပုံစံဖြစ်ပေမယ့် Isu DNA ပါတဲ့အတွက်သူ့မှာ Neurotransmitter X မရှိဘူး . အာ့ကြောင့် Apple ရဲ့ အလင်းနဲ့ထိတွေ့တဲ့အခါမှာ .. ကျွန်စိတ်ကို တကယ်ဖြစ်အောင် body ကိုဖြန့်မယ့် messanger ပျောက်နေတဲ့အတွက် Apple နဲ့ mind controlled လို့မရဘူး

ဧဝ ဟာဒါကိုပဲ အခွင့်ကောင်းယူပြီး သူ့လို Hybrid တစ်ယောက်ဖြစ်တဲ့ အာဒမ် နဲ့ပေါင်း Isu တွေဆီကနေ Apple တွေကိုခိုးပြီး တခြားလူတွေကိုပါ ကျွန်ဘဝကလွှတ်ပေးလိုက်တယ် .. အဲ့မှာပဲ အသိစိတ်ပြန်ဝင်လာတဲ့ လူသားတွေကို အာဒမ်နဲ့ ဧဝ ဦးဆောင်ပြီး Isu တွေကို ပုန်ကန်တော့တာပဲ

Isu တွေရဲ့ Piece of eden တွေများစွာရှိပေမယ့် classification ကတော့ 3 မျိုးပဲရှိတယ် ! Defensive , offensive , utility တို့ဖြစ်တယ်

Utility မှာ Apple of Eden ( Ezio triology မှ ) တို့ , Ring of eden တို့ပါတယ်

Defensive မှာ shroud of Eden ( Assassin’s Creed Syndicate မှ ) တို့ပါပြီး

Offensive မှာ Sword of Eden ( Assassin’s Creed Unity မှ ) တို့ Leonias Spear ( Assassin’s Creed Odyssey မှ ) တို့ပါကြတယ်

Human-Isu war မှာ Isu တွေ piece of eden တွေကိုသုံးပြီး Supehuman ability တွေနဲ့တိုက်ကြပေမယ့် လူအင်အားများလွန်းလှတဲ့ Human တွေကိုမနိုင်ပဲ အရေးစနိမ့်လာတယ် .. သူတို့တွေ စစ်ကိုသာအာရုံစိုက်နေကြလို့ ဘုံရန်သူကြီးကိုမမြင်မိဘူး .. အဲ့ဒါကတော့ Great Catastrophes ကြီးပဲ .. ပုံမှန် နေတစ်ဝိုက်မှာဖြစ်နေတဲ့ CME ( Coronal Mass Ejection ) Solar flare တွေ နှစ်ပေါင်း 7 သောင်းလောက်အကြာမှာ ကမ္ဘာနဲ့လာတိုက်မိပြီး ကမ္ဘာကြီးကို နေနဲ့ ပူးကပ်ပစ်လိုက်သလိုဖြစ်ခြင်း ကိုဆိုလိုတယိ ( Assassin’s Creed Revelations မှ )

Solar flare လာမှာကို သိပြီး ကာကွယ်ဖို့ကြိုးစားခဲ့ကြတဲ့ Isu 3 ယောက်ရှိသေးတယ် .. သူတို့ဟာ Solar Flare ကိုကာကွယ်ဖို့ နည်းလမ်း 6 မျိုးကြိုးစားကြည့်ခဲ့ပေမယ့် 6 မျိုးလုံး fail ခဲ့တယ်.. ( Assassin’s Creed 3 တွင် အသေးစိတ်ပါသည် )

Solar Flare ကြောင့် Isu တွေရော Human တွေပါ အမျိုးပြုတ်လုနီးပါးဖြစ်ပြီး ကျန်ခဲ့တဲ့သူတွေဟာ တိုက်ခိုက်မဲ့အစား Human Isu ပူးပေါင်းပြီး ကမ္ဘာသစ်ပြန်ထူထောင်ဖို့ကြိုးစားကြတယ် ... ဒါပေမယ့် အင်အားနည်းလွန်းနေပြီဖြစ်တဲ့ Isu တွေ ကတော့ နောက်ဆုံး မျိုးသုဉ်းသွားတော့တယ် ..

Assassin Brotherhood မှာ recruit တွေလွတ်လပ်စွာဝင်နိုင်ပေမယ့် တကယ့်ခေါင်းဆောင်တွေကတော့ Isu-human hybrid အာဒမ် နဲ့ ဧဝ ရဲ့ မျိုးဆက်တွေဖြစ်ကြတယ် eg Altair , Ezio , Edward , Connor .

Demigod Kassandra

အခု Assassin’s Creed Odyssey မှာ Brotherhood မရှိသေးတာကြောင့်မို့ Assassin အနေနဲ့မကစားရပေမယ့် သမိုင်းတင်ပြီး ခေတ်မှာ ဒုတိယ အစောဆုံး အာဒမ်နဲ့ ဧဝရဲ့ မျိုးဆက်ဖြစ်တဲ့ Kassandra နဲ့ကစားရမှာဖြစ်တယ် ...

ကျွန်တော်တို့ သိပြီးခဲ့ကြတဲ့အတိုင်း The King Leonidas ဟာ Spartan 300 နဲ့ persian အင်ပါယာကြီးကို အသက်စွန့်ခုခံခဲ့တယ် .. Leonidas သေဆုံးတော့ သူ့ရဲ့ကျိုးပဲ့နေတဲ့ spear ကို စစ်မြေပြင်ကပဲ ပြန်လည်ရရှိခဲ့ပြီး နောက်ဆုံးမြေးဖြစ်သူ Kassandra ဆီလက်ဆင့်ကမ်းရရှိခဲ့တယ်


တကယ်တော့ Leonidas ရဲ့ spear ဟာ လွန်ခဲ့သော နှစ်ပေါင်း 7 သောင်းကျော်က Human-Isu တိုက်ပွဲမှာ Offense အနေနဲ့အထူးပြုလုပ်ထားတဲ့ piece of eden ဖြစ်နေတယ် .. Kassandra broken spear ရဲ့ former power ကို ပြန် restore လုပ်ပြီး spear ကိုကိုင်လိုက်တယ့် အချိန်မှာ သူမရဲ့ Isu DNA ကြောင့် Piece of Eden ရဲ့ Offense အစွမ်းတွေရရှိခဲ့တယ်

အဲ့ဒါတွေကတော့

- Physical empowerment ( တောင်ပေါ်ကခုန်ချတာတွေ , Spartan kick တွေ )
- Vitality Regeneration
- Imbuing Arrows with power
- Limited Invincibility
- Limited teleportation
တို့ဖြစ်ကြတယ် ... ပြောရလိုရှိရင် Kassandra ဟာ Ezio Apple ကိုင်ပြီး ရောမမြို့ထဲလျှောက်သွားနေတာနဲ့အတူတူပဲ

ဒါကိုမှ အသိဉာဏ်နိမ့်ပါးတဲ့ BC ခေတ် ဂရိတွေဟာ Kassandra ကို Demigod အနေနဲ့ သတ်မှတ်ကြတော့တယ် ..

သူမဟာ Piece of Eden ကို ကိုင်ပြီး နောင်အခါမှာ May the father of understanding guide us ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားကြမယ့် , သူတို့ကိုသူတို့ We are Templars လို့ခေါ်တွင်ကြမယ့် , Demigod နီးပါး အင်အားကြီးတဲ့ သူကိုတောင် လက်ကိုင်တုတ်အနေနဲ့ အသုံးချနေတဲ့ secret organization ကြီး Cult of Kosmos နဲ့ ထိပ်တိုက်တွေ့တော့တယ် !

ကျနော်ကတော့ ဒီ game ကို Templar Origin လို့တောင် နာမည်ပြောင်းပေးလိုက်ဖို့ကောင်းတယ်ဆိုပြီးတစ်ခါတစ်လေ တွေးမိတယ် ..

Lore နဲ့ ပတ်သတ်တဲ့ discussion တွေအားလုံး welcome ပါ

Reddit မှာတော့ lore အကြောင်းကို ကောင်းကောင်း ဆွေးနွေးနိုင်ပြီး နောင်လာမယ့် game တွေထိပါရောက်ခဲ့ကြတယ်

အခုတော့ Gameworm ကရွှေမြန်မာတို့နဲ့ဆွေးနွေးကြည့်ရအောင်

Thet Naing Soe

Post a Comment

0 Comments