Final Fantasy XIV မှာ Security Token ဆိုတာ ဘာလဲ?




Security Token က ဘာလဲဆိုတာ အခုမှ သိတယ် ..... Aetheryte မှာ click လိုက်ရင် Register Free Destination ဆိုတာရှိတယ်...  အဲ့ဒါကို နှိပ်လိုက်ရင် You must be using a security token to register a free destination ဆိုတာ ပြနေပြီး သုံးလို့မရတော့ အဲ့ဒီ Token user ဆိုတာ ဘာကို ပြောတာလဲလို့ စဉ်းစားနေခဲ့တာ ..... Token User ဆိုတာ security token user ကို ပြောတာပါပဲ ...


Token ဟာ ဟိုးအရင် မူလ Final Fantasy XIV version 1.0 ကတည်းက ရှိနေခဲ့တယ် ... တကယ်တော့ Token ဟာ one time passwords feature ပဲဖြစ်တယ်... account ကို  key logging program တို့လို spyware  အန္တရာယ်ကနေ အပြည့်အဝ ကာကွယ်ပေးတယ် .... token သုံးထားရင် account စဖွင့်ခဲ့တဲ့ passwords ကို သုံးစရာ မလိုဘူး ။ အဲ့ဒီ့အစား token က တခါသုံး passwords ကို ထုတ်ပေးတယ် .... passwords တွေက တကြိမ်နဲ့ တကြိမ် လုံးဝ မတူဘူး ..... သူထုတ်ပေးတဲ့ passwords နဲ့ ဂိမ်းထဲ log in ဝင်ရတယ် .... အဲ့ဒီ passwords က အချိန်အတိုင်းအတာ တစ်ခုထိပဲ active ဖြစ်နေပြီး user က log in ဝင်ပြီး ပြန်ထွက်လိုက်တာနဲ့ အဲဒီ passwords ကို နောက်တခါ ပြန်သုံးလို့ မရတော့ဘူး ... နောက်တစ်ခါ ဝင်ချင်ရင် token ကို နောက် passwords တစ်ခု ထပ်ထုတ်ခိုင်းပြီး ရလာတဲ့ passwords နဲ့ ပြန်ဝင်မှ ရတော့တယ်


Token ကို Square Enix ID နှင့် passwords နဲ့ bind လုပ်ထားရင် security ပိုမြင့်ပြီး ပိုစိတ်ချရလို့ တော်တော်များများ သုံးနေကြတယ် .... Square Enix security team ကလည်း ဒီလို token သုံးဖို့ တိုက်တွန်းထားတယ်

ဒါ့အပြင် Token User သုံးတဲ့သူတွေပဲ ရနိုင်တဲ့ ဂိမ်းထဲက bonus တွေပါ ရှိသေးတယ် .... ဘာ bonus လဲ ဆိုတော့ အစမှာ ပြောခဲ့သလိုပါပဲ Aetheryte teleport free ရတာပဲ ဖြစ်တယ် .... ဒီ bonus ကို patch 2.2 မှာ စပြီး ထည့်ခဲ့တာ ဖြစ်တယ် ... free teleport က တစ်နေရာပဲ ရပေမယ့် in game currency ဖြစ်တဲ့ gil လုံးဝ မသုံးတဲ့အပြင် အကြိမ်ရေလည်း မရှိတော့ ကြိုက်သလို သုံးလို့ရတယ် .... ကိုယ် သွားလိုရာ destination ကို ကြိုက်သလို ပြောင်းလဲလို့ရတယ် ...  ဒါပေမယ့် token passwords active ဖြစ်တဲ့အချိန် ကုန်သွားခဲ့ရင်တော့ free မရတော့ပဲ အရင်အတိုင်း teleport ခ ပေးရတော့မှာပါ .... ပြီးတော့ ကိုယ်သွားလိုတဲ့ နေရာ destination သတ်မှတ်ထားတာလည်း ပြောင်းလို့မရတော့သလို သုံးလို့လည်းမရတော့ပါဘူး ....


အရင် version 1.0 တုန်းက ရောင်းခဲ့တဲ့ collector edition မှာ သော့တွဲလိုလို စက်ကလေးတစ်ခု ပါလာခဲ့တယ် ... အဲ့ဒီစက်ကတော့ ပုံမှာပြထားတဲ့အတိုင်း Token passwords ထုတ်ပေးတဲ့ စက်ပါပဲ ... version 1.0 ဆိုတော့ A Realm Reborn မတိုင်ခင်ကပဲ ဆိုတော့ လွန်ခဲ့တဲ့ ၇ နှစ်ကျော်ကမို့ ကျနော်တော့ မမီခဲ့ဘူး ... ကျနော်က Heavenward ထွက်ပြီး တစ်နှစ်အကြာလောက်မှ စ ကစားခဲ့တာ ဆိုတော့လေ ... ဒီ Token passwords သော့တွဲစက် ကတော့ နှိပ်လိုက်ရင် တခါသုံး passwords ဂဏန်းအတွဲလိုက် ထုတ်ပေးတယ်... အဲ့ဒါနဲ့ ကိုယ့် account ကို ဝင်ပြီး ဆော့ရတာပေါ့ဗျာ ...... နောက်ပိုင်းကျတော့ အဲ့ဒီ သော့တွဲ စက်တွေ မရောင်းတော့ဘူး .... အဲ့ဒီအစား Token phone application ထုတ်ပေးခဲ့တယ် ... ဒီ Token app လည်းပဲ account နဲ့ bind ထားရပြီး token သော့တွဲ စက်တွေလိုမျိုး တခါသုံး passwords တွေ ထုတ်ပေးတယ် .... ဒီဂျစ်တယ်ဖြစ်သွားတာပေါ့ဗျာ ... Token Phone application ဟာ စဖွင့်သုံးတဲ့အချိန်မှာ emergency passwords removal တစ်ခု ပေးထားပါတယ် ... အကယ်၍ အဝင် မေ့သွားခဲ့သည်ရှိသော်  သုံးရအောင်ဆိုပြီး email မှာရှိတတ်တဲ့ recovery passwords လိုမျိုး emergency passwords ဖြစ်ပါတယ် .... ဒီ passwords ကို တနေရာမှာ ရေးချထားပြီးပဲ ဖြစ်ဖြစ် မှတ်ထားဖို့တော့ လိုပါတယ် .... တကယ်လို့ ဖုန်းပျောက်သွားသည်ရှိသော် ဒါမှမဟုတ် token app က တစ်ခုခု ပြသနာတက်ခဲ့သည်ရှိသော် ဒီ emergency passwords ကို သုံးပြီး token app ကို ပြန်ယူရမှာ ဖြစ်တယ်....


အခုချိန်မှာ token စက်တွေ မထုတ်တော့ပြီ ဖြစ်တာကြောင့် ဝယ်လို့ မရတော့ဘူး ... အရင်က ဂိမ်းခွေဝယ်တုန်းက ပါလာခဲ့တဲ့ Token စက်ငယ် ပိုင်ထားသမား တော်တော်များများကတော့ ဒီ Token စက်တွေ သုံးနေကြဆဲပါ ....Token စက်က ဖုန်းအက်ပလီကေးရှင်းထက် သုံးရ ပိုလွယ်လို့ပါ .... ဒါပေမယ့် Token စက်တွေ မရောင်းတော့ပေမယ့် အဲ့ဒီအစား ဖုန်းမှာ ထည့်သုံးလို့ရတဲ့ Token အက်ပလီကေးရှင်းတွေ ထုတ်ပေးထားတာမို့ security မြင့်မြင့်ချထားချင်သမားတွေအတွက်ကတော့ ဒီ Token အက်ပလီကေးရှင်းတွေ အသုံးပြုနေကြပါတယ်


အချုပ်ပြောရရင်တော့ဖြင့် Square Enix ကလည်း သုံးဖို့ တိုက်တွန်းထားတဲ့အပြင် Final Fantasy 14 ဂိမ်းဆော့တဲ့သူတွေအနေနဲ့ ကိုယ့်ငွေနဲ့ကိုယ် ဝယ်ထားရတာမို့ မသမာသူလက်ထဲ မပါသွားချင်ရင်တော့ Token security စနစ်ခံပြီး သုံးစွဲသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ် ။

Photos credit to owner

Post a Comment

2 Comments

  1. Excuse me bro, Can we play FFXI in Myanmar? cause I played it last18years ago in Japan.
    thank you & best regards.

    ReplyDelete
    Replies
    1. Thank you for reading.

      Yes. You can play FFXI in Myanmar. But I don't know that there are FFXI players in Myanmar or not. I only play FFXIV.

      There is one thing that I found out while playing FFXIV. Square Enix's server blocks Telenor ISP. I can't play FFXIV with Telenor connection. But the other 3 telecoms are fine.

      Delete