God of War (PS4 Guide) မကစားခင္ သိထားသင့္ေသာ အခ်က္မ်ား

God of War ဂိမ္းအသစ္ ဒီေန႔ ထြက္ၿပီ ။ PS4 သမားေတြေတာ့ ကစားဖို႔ တျပင္ျပင္နဲ႔ေပါ့ ။

အခု ထြက္တဲ့ God of War ဂိမ္းကေတာ့ အရင့္အရင္ စီးရီးေတြနဲ႔မတူ အေတာ္ေလး ကြဲျပားသြားပါၿပီ ။ ျပန္လည္ ဆန္းသစ္ထားတဲ့ combat အသစ္၊ ဇာတ္လမ္းအသစ္ႏွင့္ feature အသစ္၊ mechanic အသစ္ေတြနဲ႔ မို႔ God of War ဖန္ေဟာင္းေတြေတာင္မွ တခါတေလ မ်က္စိလည္သြားေစမယ့္ ဂိမ္းတစ္ခုပါ ။

ဒါေၾကာင့္ မကစားခင္မွာ သိထားသင့္တာေလးေတြ ဖတ္ထားရင္ ကစားတဲ့အခါ အထစ္အေငါ့မ႐ွိ ပိုၿပီး ကစားရေကာင္းသြားမွာမုိ႔ သိထားသင့္တဲ့ အခ်က္ေလးေတြ စုစည္းၿပီး ေဖာ္ျပလိုက္ရပါတယ္ ။ စုစုေပါင္း အခ်က္ ၁၁ ခ်က္႐ွိပါတယ္ ။ 
စာဖတ်မရလျှင် ဒီကိုနှိပ်ပါ

Enjoy! 



1> Optional Area ေတြကို အခ်ိန္ယူၿပီး စူးစမ္းေလ့လာ သြားလာပါ

အခုထြက္႐ွိထားတဲ့ God of War ဟာဆိုရင္ သူ႔အရင္ စီးရီးေတြနဲ႔ လံုးဝမတူပဲ ဂိမ္းတည္ေဆာက္ပံုက ကြဲျပားေနပါတယ္ ။ ဂိမ္းအစပိုင္းမွာေတာ့ linear ျဖစ္လို႔ ဒီေနရာသြား ဒီေနရာလာ စသျဖင့္ ဇာတ္လမ္းအရ သြားခိုင္းတဲ့ေနရာကလြဲလို႔ တျခားေနရာေတြ သြားလို႔မရေအာင္ ကန္႔သတ္ထားေပမယ့္ Lake of Nine ကို ေရာက္တဲ့အခ်ိန္က်ရင္ေတာ့ optional area ေတြအမ်ားႀကီး ေတြ႔လာရမွာ ျဖစ္ၿပီး ကိုယ္ ႀကိဳက္သလို ႀကိဳက္တဲ့ေနရာကို စူးစမ္းသြားလာလို႔ ရလာတာကို ေတြ႔ရမွာ ျဖစ္ပါတယ္ ။ ဒီအခ်ိန္ေရာက္ရင္ အဓိကဇာတ္လမ္း ကို ဆက္ကစားခ်င္တယ္ဆိုလည္း ဆက္ကစားႏိုင္သလို optional area ေတြကို စူးစမ္းသြားလာခ်င္တယ္ဆိုလည္း ရတာမုိ႔လို႔ ဒီ optional area ေတြကို အခ်ိန္ယူၿပီး ေအးေအးေဆးေဆးနဲ႔ စူးစမ္းေလ့လာသြားလာဖို႔ အၾကံျပဳပါရေစ ။ စူးစမ္းသြားလာရင္း ႐ွာေဖြေတြ႔႐ွိလာရမယ့္ item ေတြ crafting resource ေတြ equipment ေတြက အရမ္းေကာင္းတာမုိ႔လို႔ အခ်ိန္ကုန္ရက်ိဳးနပ္မွာပါ ။ ဒီ optional area ေတြမွာ side quest ေတြအျပင္ အဓိကဇာတ္လမ္း နဲ႔မပတ္သက္တဲ့ ထူးျခားတဲ့ story အခြဲေတြ in game rewards ေတြ အမ်ားႀကီး႐ွိပါတယ္ ။ ဟုတ္တာေပါ့ ။ side quest ေတြက သင့္ကို တုိက္ခုိက္ခိုင္းမယ္ ။ ဒီ့အတြက္ XP ေတြ အမ်ားႀကီးေပးမယ္ ။ XP ေတြက skill tree က ထူးျခားတဲ့ abilites ေတြ ပြင့္ေစမယ္ ။ ဒီအရာေတြအားလံုးက main story မွာ အေထာက္အကူ ျဖစ္ေစမွာပါ ။ God Of War ရဲ႕ အဓိက ဇာတ္လမ္းက အေကာင္းဆံုးျဖစ္မွာ ေသခ်ာေပမယ့္ ဖုံးကြယ္ထားတဲ့ side content ေလးေတြ သိရရင္ God of War ဇာတ္လမ္းအရသာက ပိုၿပီး ျပည့္စံုသြားမွာမုိ႔ optional area ေတြကို အခ်ိန္ယူ စူးစမ္းေလ့လာဖို႔ မေမ့ေစခ်င္ပါဘူး ။


2> ေနရာစံု ေထာင့္စံုေအာင္ စူးစမ္းသြားလာပါ

စူးစမ္းသြားလာမယ္ဆိုရင္ ေနရာစံုေအာင္ သြားၿပီး ေနရာတိုင္း ေနရာတုိင္း ေစ့စပ္ေသခ်ာစြာ သြားၾကည့္ပါ ။ treasure chest ေတြ အမ်ားႀကီး႐ွိတာေတြ႔ရမွာ ျဖစ္ေပမယ့္ တခ်ိဳ႕ treasure chest ေတြက မထင္မွတ္တဲ့ေနရာေတြမွာ ႐ွိတတ္လို႔ က်န္ရစ္တတ္ပါတယ္ ။ ၿပီးေတာ့ Runic chest ေတြ ႐ွာေတြ႔ခဲ့ရင္ အရယူဖြင့္ဖို႔ လံုးဝ မေမ့ပါနဲ႔ ။ ဒီ Runic chest ေတြမွာ performance enhancing item ေတြျဖစ္တဲ့ Idunn Apples တို႔ Horns of Blood Mead တို႔ ႐ွိပါတယ္ ။ ဒီ item ေတြဟာ Kratos ရဲ႕ maximum health ႏွင့္ Spartan Rage meter ေတြ တိုးေစပါတယ္ ။ treasure chest ေတြ runic chest ေတြ ဖြင့္ဖို႔ အခက္ေတြ႔ေနခဲ့ရင္ ဒီ chest ေတြ ႐ွိတဲ့ အနီးအနားပတ္ဝန္းက်င္ကို ေစ့ေစ့စပ္စပ္ေလး ႐ွာေဖြ စူးစမ္းၾကည့္လိုက္ပါ ။ အေျဖက အနီးအနား ပတ္ဝန္းက်င္မွာ ႐ွိေနတတ္တာမုိ႔လို႔ပါ ။


3> Quick Turn ကို သံုးဖို႔ မေမ့ပါနဲ႔

တခါတေလ တုိက္ပြဲမွာ တုိက္ရင္း ကုိယ့္အေနာက္မွာ ရန္သူ႐ွိမွန္းမသိပဲ ဘယ္ကေန ခ်ခံထိလို႔ ခ်ခံထိမွန္းမသိ ေသသြားတတ္တဲ့အခါ ႐ွိတတ္ပါတယ္ ။ ျမင္ကြင္းက်ယ္တဲ့ third person view ေပမယ့္ ရန္သူေတြ မ်ားတဲ့အခ်ိန္ ေနာက္ေက်ာဘက္ကို မျမင္ရတတ္တဲ့ အခ်ိန္မ်ိဳးဆို Quick Turn သံုးဖို႔ လိုပါတယ္ ။ Quick Turn ကို သံုးရင္ ထိန္းဖို႔ နဲနဲ ခက္ေပမယ့္ ကုိယ့္ေက်ာေနာက္ကို ရန္သူေရာက္ေနတဲ့ အခါမ်ိဳးဆို အေတာ္ အသံုးဝင္ပါတယ္ ။ နဂို Quick Turn ခလုတ္ေနရာက သတိမထားမိရင္ ၂ ခ်က္ႏွိပ္မိတတ္ပါတယ္ ။ Quick Turn ၂ ခ်က္ ဆက္တုိက္ႏွိပ္မိရင္ အေ႐ွ႕ကို တစ္ခ်က္ေ႐ွာင္လိုက္ေပမယ့္ ေနာက္တစ္ခ်က္က ကိုယ္မူလရပ္ေနတဲ့ ေနရာကို ျပန္ေရာက္လာမွာ ျဖစ္တဲ့အတြက္ တခါတေလမွာ အခက္ေတြ႔ေစတတ္ပါတယ္ ။ ဒါေၾကာင့္ God of War ဂိမ္း စမကစားမီ Quick Turn ခလုတ္ေနရာကို ကုိယ္ႏွိပ္လို႔ သင့္ေတာ္မယ့္ေနရာကို ႀကိဳတင္ေျပာင္းထားသင့္ပါတယ္ ။


4> Runic ability ကို ကုိယ့္အႀကိဳက္နဲ႔ ကိုက္ညီေအာင္ ျပဳျပင္ယူၿပီး ရင္းႏွီးကြၽမ္းဝင္ေအာင္ လုပ္ပါ

သမ႐ိုးက် တုိက္ကြက္နဲ႔ combo ေတြကို လက္႐ွိရင္ဆုိင္ေနရတဲ့ ရန္သူအလိုက္ သံုးသလို Runic Attack ကိုလည္း သံုးဖို႔ မေမ့သင့္ပါဘူး ။ Runic Attack ကေတာ့ အေတာ္ေလးၾကမ္းၿပီး လက္နက္မွာ ထည့္လို႔ရၿပီး သူ႔ကို ထုတ္သံုးခ်င္ရင္ L1 ကို ဖိထားရင္း R1 သို႔ R2 ကို တြဲႏွိပ္ေပးရပါတယ္ ။ Light ႏွင့္ Heavy ဆိုၿပီး Runic Attack ၂ မ်ိဳး ၂ စား႐ွိပါတယ္ ။ attack power ကို XP သံုးၿပီး တုိးျမႇင့္လို႔ ရပါေသးတယ္ ။ ၂ မ်ိဳးလံုး ေတာ္ေတာ္အစြမ္းထက္ပါတယ္ ။ တုိက္ကြက္ေတြက ရန္သူ အလဲထိုးႏုိင္သလို တခါတေလ ကိုယ့္ HP နည္းေနတဲ့အခါမ်ိဳး ရံႈးေတာ့မယ့္အခါမ်ိဳးမွာ တခ်ီတည္းနဲ႔ အေျခအေနတစ္ခုလံုး ေျပာင္းျပန္လွန္ႏိုင္ေလာက္ေအာင္ အစြမ္းထက္ၿပီး ျပင္းထန္ပါတယ္ ။ Runic ၂ မ်ိဳး အေျခအေန အခ်ိန္အခါအလိုက္ ေျပာင္းလဲ အသံုးခ်တတ္ဖို႔ ရင္းႏွီးကြၽမ္းဝင္ေနပါေစ ။ 


5> Skill ေသခ်ာစြာ ေရြးပါ

ဂိမ္းကစားတာ ပထမအစ ၅ နာရီ ၆ နာရီ အထိၾကာတဲ့အထိေတာ့ ရလာတဲ့ XP ေတြက မျဖစ္စေလာက္ေလးေတြပဲ ရႏုိင္ေသးတာ ေတြ႔ရမွာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ သင့္အေနနဲ႔ ေဘးပတ္ဝန္းက်င္ကို ေလ်ွာက္သြားၾကည့္သင့္သလို ဘယ္ combat skill ကို အရင္ပြင့္ေအာင္ လုပ္သင့္လဲဆိုတာ ေသခ်ာ စဥ္းစားရမွာ ျဖစ္ပါတယ္ ။ အကယ္၍ သင္ဟာ ရန္သူအုပ္စုလိုက္နဲ႔ တုိက္ခုိက္ရတဲ့အခါမ်ိဳးမွာ တုိက္ခုိက္ရေကာင္းခ်င္ရင္ေတာ့ Strom ႏွင့္ Guardian Sweep က skill ေတြ ပြင့္ေအာင္ လုပ္တာ ေကာင္းပါတယ္ ။ damage အထြက္ ၾကမ္းခ်င္တာကို အဓိက တုိးျမႇင့္ခ်င္ရင္ Rage Combat tab ေအာက္က skill ေတြ လိုက္ဖြင့္ႏုိင္ပါတယ္ ။ 

အစပိုင္းမွာေတာ့ ေျပးမလြတ္ ေ႐ွာင္မလြတ္ အခန္းက်ဥ္းေတြ သိပ္မမ်ားတာမို႔ ဘယ္ skill ေတြက ကုိယ္ရဲ႕ playstyle နဲ႔ သင့္ေတာ္မလဲဆိုတာ စဥ္းစားေရြးခ်ယ္ဖုိ႔ လိုအပ္ပါတယ္ ။ မဖြင့္လုိက္ရတဲ့ skill ေတြအတြက္ စိတ္မပူပါနဲ႔ ။ ဇာတ္လမ္းအလိုက္ ကစားရင္း တျဖည္းျဖည္းနဲ႔ skill အားလံုးကို ပြင့္ေအာင္ ဖြင့္ႏုိင္မယ့္ လံုေလာက္တဲ့ XP ေတြ တျဖည္းျဖည္းရလာမွာ ျဖစ္ပါတယ္ ။ 


6> တုိက္ခိုက္ပံုစံကို ကိုယ္စိတ္ႀကိဳက္ ဖန္တီးၿပီး တိုက္ခိုက္ပါ

တိုက္ခိုက္ရမွာ အသံုးျပဳႏိုင္မယ့္ maneuvers ေတြ အမ်ားႀကီးကို skill tree မွာ ႐ွိေနတာ ျမင္ေတြ႔ရမွာပါ ။ သံုးဖို႔ အေလာမႀကီးပါႏွင့္ ။ skill ေတြကို ေသခ်ာဖတ္ၿပီး ဘယ္အေျခအေနမွာ ဘယ္ skill သံုးတာ သင့္ေတာ္မလဲဆိုတာ စဥ္းစားယူပါ ။ ဥပမာ လ်ွပ္စီးလက္သလိုမ်ိဳး တုိက္ခိုက္တာႀကိဳက္ရင္ လ်ွပ္စီးလက္သလို လ်င္ျမန္တဲ့ တုိက္ကြက္ေတြခ်ည္း ေရြးသံုးတတ္ပါေစ ။ အကယ္၍ ရန္သူအေျခအေန ၾကည့္ၿပီး တုိက္ကြက္တကြက္ထုတ္ဖို႔ အခ်ိန္ယူၿပီး တိုက္ရတဲ့ အျပင္းစားတုိက္ကြက္ေတြ တုိက္ရင္ ပိုသင့္ေတာ္မယ္ဆိုရင္လည္း damage အျပင္းစား skill ေတြက သင့္ အသံုးေတာ္ခံဖို႔ အသင့္ပါပဲ ။ ဒါေပမယ့္ God of War ဂိမ္းပေလးရဲ႕ အေျခခံျဖစ္တဲ့ ခုခံတာ (guarding) ႏွင့္ တဟုန္ထိုးေ႐ွာင္ေျပးတာ (dodging) ပိုင္ႏုိင္ထားဖို႔ေတာ့ လိုအပ္ပါမယ္ ။ 


7> တုိက္ပြဲမွာ Atreus ကို ေကာင္းေကာင္း အသံုးခ်ပါ 

Atreus ဟာ ဇာတ္လမ္းအစပိုင္းမွာေတာ့ အင္အားသိပ္မ႐ွိတဲ့ သာမာန္ အေဖာ္တစ္ေယာက္လို ျဖစ္ေနပါလိမ့္မယ္ ။ ဒါေပမယ့္ ဇာတ္လမ္းအလိုက္ကစားရင္း တျဖည္းျဖည္းနဲ႔ Atreus ဟာ အနီးကပ္တုိက္ခုိက္ႏုိင္တဲ့ နည္းစနစ္ေတြ လက္နက္ေတြ အသံုးျပဳႏိုင္လာတာ ေတြ႔ရမွာ ျဖစ္ပါတယ္ ။ တျဖည္းျဖည္းနဲ႔ Atreus ဟာ ရန္သူေပၚ ခုန္တက္ၿပီး ေနာက္ကေန ရန္သူ႔လည္ပင္းကို ဆြဲညႇစ္တာ လုပ္ႏုိင္လာၿပီး ဒီ အျပဳအမူေတြက Kratos ကို အေႏွာင့္အယွက္မ႐ွိ တခ်က္တည္းနဲ႔ ရန္သူကို အေသသတ္ႏုိင္ဖို႔ အခြင့္အေရး ဖန္တီးေပးပါတယ္ ။ Atreus ရဲ႕ အေကာင္းဆံုး ေကာင္းကြက္ကေတာ့ Light ႏွင့္ Shock arrows ပါ ။ Shock arrows ကိုေတာ့ မၾကာခဏ သံုးေပးသင့္ပါတယ္ ။ ဘာေၾကာင့္လဲဆိုေတာ့ shock arrows က ရန္သူကို အခ်ိန္တခုၾကာေအာင္ မလႈပ္႐ွားႏုိင္ေအာင္ လုပ္ထားႏုိင္လို႔ပါပဲ ။

အကယ္၍ Kratos ဟာ တုိက္ခုိက္ရင္း ရန္သူေတြမ်ားလာၿပီး ေခ်ာင္ပိတ္မိေနတဲ့ အခါမ်ိဳးဆို Atreus ဟာ ရန္သူတစ္ဝက္ကို ေဝးရာကို မ်ွားေခၚသြားၿပီး Kratos ကို က်န္တဲ့ရန္သူ အျပတ္႐ွင္းႏိုင္ဖို႔ အခ်ိန္ဆြဲေပးထားႏုိင္စြမ္း ႐ွိပါတယ္ ။ ေနာက္ၿပီး Atreus က တခ်ိဳ႕ရန္သူေတြရဲ႕ powerful attack ေတြကို ထုတ္ေနဆဲ ၾကားျဖတ္ဝင္ေရာက္ ေႏွာင့္ယွက္ၿပီး မထုတ္ႏုိင္ေအာင္ တိုက္ခိုက္တတ္ပါေသးတယ္ ။ ဇာတ္႐ွိန္ျမင့္လာတာနဲ႔အမ်ွ Atreus မွာ ရန္သူအုပ္လိုက္ကို ေကာင္းစြာ ထိန္းခ်ဳပ္ တုိက္ခုိက္ႏုိင္တဲ့ နည္းစနစ္ေတြ skill ေတြ ႐ွိတဲ့ Runic Summon ပြင့္သြားမွာမုိ႔ ေနာက္ပုိင္း အုပ္စုလိုက္တိုက္ခိုက္ရတဲ့ အခါမ်ိဳးေတြမွာ ပိုလြယ္ကူလာမွာ ျဖစ္ပါတယ္ ။


8> တုိက္ခိုက္ပံုစံေရြးၿပီးလ်ွင္ ထို တုိက္ခုိက္ပံုစံနဲ႔ ကိုက္ညီေအာင္ ျပဳျပင္ပါ

God of War ဂိမ္းသစ္မွာ ျပဳျပင္ေျပာင္းလဲလြယ္တဲ့ ပံုစံ အမ်ားႀကီးႏွင့္ Kratos ရဲ႕ stats ေတြကို ကိုယ္ႀကိဳက္တဲ့ playstyle အလိုက္ ျပဳျပင္ခြင့္ေပးထားပါတယ္ ။ armor ႏွင့္ enchantment အလိုက္ ပံုစံမ်ိဳးစံုႏွင့္ Kratos ကို အသြင္အမ်ိဳးမ်ိဳး ေျပာင္းႏုိင္ပါတယ္ ။ ဥပမာ Kratos ရဲ႕ ရလာတဲ့ stat ေတြကို strength ႏွင့္ defense မွာ ထည့္ၿပီး ျမင့္တင္ျခင္းအားျဖင့္ သမ႐ိုးက် Kratos ပံုစံ tank class အျဖစ္ ထားထားႏုိင္သလို Runic attack strength ႏွင့္ cool-down timer stat ေတြမွာ ထားတိုးျမင့္ျခင္းအားျဖင့္ Battle mage ေမွာ္ဆရာတစ္ေယာက္ အျဖစ္ကို ေျပာင္းလဲလို႔ရပါတယ္ ။ ဘယ္ playstyle ႏွင့္ သင္နဲ႔ လိုက္သလဲ? ကိုယ္ႀကိဳက္တဲ့ playstyle အလိုက္ ေသခ်ာေရြးၿပီး တုိးျမင့္တတ္ပါေစ ။


9> Armor အသစ္ ဝတ္တုိင္း Enchanment ေတြကို ျပန္ထည့္ဖို႔ မေမ့ပါနဲ႔

ဇာတ္လမ္းတစ္ေလ်ွာက္ တျဖည္းျဖည္းနဲ႔ armor အေကာင္းစားေတြ ႐ွာေတြ႔လာမွာ ျဖစ္သလို ဝယ္ယူလာႏုိင္မွာ ျဖစ္ပါတယ္ ။ armor အသစ္ရရင္ စမ္းၿပီး ဝတ္ၾကည့္ခ်င္စိတ္ ျဖစ္လာမွာပါ ။ ဒါေပမယ့္ armor နဲ႔ enchanment က တြဲထားတာမို႔ armor အသစ္ဝတ္တိုင္း enchanment ေတြ ျပန္ထည့္ရမယ့္ အခ်က္ကိုေတာ့ မေမ့သင့္ပါဘူး ။


10> Yggdrasil Dew ကို အရယူပါ

ေလွေလးစီးၿပီး ေလ်ွာက္သြား စူးစမ္းေလ့လာရတဲ့ ေနရာေတြမွာ တခါတေလ အလင္းေရာင္ ထြက္ေနတဲ့ ပ်ံေနတဲ့ သစ္ကိုင္း (half-arched trees) ေတြ ေတြ႔လာရမွာ ျဖစ္ပါတယ္ ။ ဒီပ်ံေနတဲ့ သစ္ကုိင္းေလးမွာ Yggdrasil dew လို႔ေခၚတဲ့ (item) ပစၥည္းေလး႐ွိပါတယ္ ။ ဒီပစၥည္းက Kratos ရဲ႕ stat ေတြမွာ တစ္ခု ေပါင္းထည့္ေပးပါတယ္ ။ strength, defense, vitality စတဲ့ stat ေတြမွာပါ ။ ဒါေၾကာင့္ အလင္းေရာင္ထြက္ေနတဲ့ ပ်ံေနတဲ့ သစ္ကုိင္းေတြ႔ရင္ေတာ့ မရအရ လိုက္ယူထားပါ ။


11> Muspelheim ႏွင့္ Niflheim က စိန္ေခၚမႈ (challenge) ကို ႏိုင္ေအာင္ ခ်ပါ

ေနာက္ပိုင္းမွာ optional ေတြျဖစ္တဲ့ Muspelheim ႏွင့္ Niflheim ဆိုတဲ့ နယ္ေျမ (realm) ေတြ ႐ွာေတြ႔လာပါလိမ့္မယ္ ။ ဘာအေၾကာင္းလဲေတာ့ မေျပာေတာ့ပါဘူး ။ ဒါေပမယ့္ ဒီ နယ္ေျမေတြထဲ ဝင္ၿပီး စိန္ေခၚမႈကို ႏုိင္ေအာင္ တုိက္ပါ ။ ႏုိင္ခဲ့ရင္ အေကာင္းတကာ့ အေကာင္းဆံုး armor ကို ျပဳလုပ္ႏုိင္မယ့္ crafting resource ေတြ ရလာမွာမို႔လို႔ လံုးဝ လက္မလြတ္သင့္တဲ့ အပိုင္းတစ္ခုပါပဲ ။

Reference = GameSpot: God of War (PS4) Guide: 11 Tips You Should Know Before Starting
Photos credit to GameSpot

Unicode

God of War (PS4 Guide) မကစားခင် သိထားသင့်သော အချက်များ
===============

အခု ထွက်တဲ့ God of War ဂိမ်းကတော့ အရင့်အရင် စီးရီးတွေနဲ့မတူ အတော်လေး ကွဲပြားသွားပါပြီ ။ ပြန်လည် ဆန်းသစ်ထားတဲ့ combat အသစ်၊ ဇာတ်လမ်းအသစ်နှင့် feature အသစ်၊ mechanic အသစ်တွေနဲ့ မို့ God of War ဖန်ဟောင်းတွေတောင်မှ တခါတလေ မျက်စိလည်သွားစေမယ့် ဂိမ်းတစ်ခုပါ ။

ဒါကြောင့် မကစားခင်မှာ သိထားသင့်တာလေးတွေ ဖတ်ထားရင် ကစားတဲ့အခါ အထစ်အငေါ့မရှိ ပိုပြီး ကစားရကောင်းသွားမှာမို့ သိထားသင့်တဲ့ အချက်လေးတွေ စုစည်းပြီး ဖော်ပြလိုက်ရပါတယ် ။ စုစုပေါင်း အချက် ၁၁ ချက်ရှိပါတယ် ။

Enjoy!


1> Optional Area တွေကို အချိန်ယူပြီး စူးစမ်းလေ့လာ သွားလာပါ

အခုထွက်ရှိထားတဲ့ God of War ဟာဆိုရင် သူ့အရင် စီးရီးတွေနဲ့ လုံးဝမတူပဲ ဂိမ်းတည်ဆောက်ပုံက ကွဲပြားနေပါတယ် ။ ဂိမ်းအစပိုင်းမှာတော့ linear ဖြစ်လို့ ဒီနေရာသွား ဒီနေရာလာ စသဖြင့် ဇာတ်လမ်းအရ သွားခိုင်းတဲ့နေရာကလွဲလို့ တခြားနေရာတွေ သွားလို့မရအောင် ကန့်သတ်ထားပေမယ့် Lake of Nine ကို ရောက်တဲ့အချိန်ကျရင်တော့ optional area တွေအများကြီး တွေ့လာရမှာ ဖြစ်ပြီး ကိုယ် ကြိုက်သလို ကြိုက်တဲ့နေရာကို စူးစမ်းသွားလာလို့ ရလာတာကို တွေ့ရမှာ ဖြစ်ပါတယ် ။ ဒီအချိန်ရောက်ရင် အဓိကဇာတ်လမ်း ကို ဆက်ကစားချင်တယ်ဆိုလည်း ဆက်ကစားနိုင်သလို optional area တွေကို စူးစမ်းသွားလာချင်တယ်ဆိုလည်း ရတာမို့လို့ ဒီ optional area တွေကို အချိန်ယူပြီး အေးအေးဆေးဆေးနဲ့ စူးစမ်းလေ့လာသွားလာဖို့ အကြံပြုပါရစေ ။ စူးစမ်းသွားလာရင်း ရှာဖွေတွေ့ရှိလာရမယ့် item တွေ crafting resource တွေ equipment တွေက အရမ်းကောင်းတာမို့လို့ အချိန်ကုန်ရကျိုးနပ်မှာပါ ။ ဒီ optional area တွေမှာ side quest တွေအပြင် အဓိကဇာတ်လမ်း နဲ့မပတ်သက်တဲ့ ထူးခြားတဲ့ story အခွဲတွေ in game rewards တွေ အများကြီးရှိပါတယ် ။ ဟုတ်တာပေါ့ ။ side quest တွေက သင့်ကို တိုက်ခိုက်ခိုင်းမယ် ။ ဒီ့အတွက် XP တွေ အများကြီးပေးမယ် ။ XP တွေက skill tree က ထူးခြားတဲ့ abilites တွေ ပွင့်စေမယ် ။ ဒီအရာတွေအားလုံးက main story မှာ အထောက်အကူ ဖြစ်စေမှာပါ ။ God Of War ရဲ့ အဓိက ဇာတ်လမ်းက အကောင်းဆုံးဖြစ်မှာ သေချာပေမယ့် ဖုံးကွယ်ထားတဲ့ side content လေးတွေ သိရရင် God of War ဇာတ်လမ်းအရသာက ပိုပြီး ပြည့်စုံသွားမှာမို့ optional area တွေကို အချိန်ယူ စူးစမ်းလေ့လာဖို့ မမေ့စေချင်ပါဘူး ။


2> နေရာစုံ ထောင့်စုံအောင် စူးစမ်းသွားလာပါ

စူးစမ်းသွားလာမယ်ဆိုရင် နေရာစုံအောင် သွားပြီး နေရာတိုင်း နေရာတိုင်း စေ့စပ်သေချာစွာ သွားကြည့်ပါ ။ treasure chest တွေ အများကြီးရှိတာတွေ့ရမှာ ဖြစ်ပေမယ့် တချို့ treasure chest တွေက မထင်မှတ်တဲ့နေရာတွေမှာ ရှိတတ်လို့ ကျန်ရစ်တတ်ပါတယ် ။ ပြီးတော့ Runic chest တွေ ရှာတွေ့ခဲ့ရင် အရယူဖွင့်ဖို့ လုံးဝ မမေ့ပါနဲ့ ။ ဒီ Runic chest တွေမှာ performance enhancing item တွေဖြစ်တဲ့ Idunn Apples တို့ Horns of Blood Mead တို့ ရှိပါတယ် ။ ဒီ item တွေဟာ Kratos ရဲ့ maximum health နှင့် Spartan Rage meter တွေ တိုးစေပါတယ် ။ treasure chest တွေ runic chest တွေ ဖွင့်ဖို့ အခက်တွေ့နေခဲ့ရင် ဒီ chest တွေ ရှိတဲ့ အနီးအနားပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ်လေး ရှာဖွေ စူးစမ်းကြည့်လိုက်ပါ ။ အဖြေက အနီးအနား ပတ်ဝန်းကျင်မှာ ရှိနေတတ်တာမို့လို့ပါ ။


3> Quick Turn ကို သုံးဖို့ မမေ့ပါနဲ့

တခါတလေ တိုက်ပွဲမှာ တိုက်ရင်း ကိုယ့်အနောက်မှာ ရန်သူရှိမှန်းမသိပဲ ဘယ်ကနေ ချခံထိလို့ ချခံထိမှန်းမသိ သေသွားတတ်တဲ့အခါ ရှိတတ်ပါတယ် ။ မြင်ကွင်းကျယ်တဲ့ third person view ပေမယ့် ရန်သူတွေ များတဲ့အချိန် နောက်ကျောဘက်ကို မမြင်ရတတ်တဲ့ အချိန်မျိုးဆို Quick Turn သုံးဖို့ လိုပါတယ် ။ Quick Turn ကို သုံးရင် ထိန်းဖို့ နဲနဲ ခက်ပေမယ့် ကိုယ့်ကျောနောက်ကို ရန်သူရောက်နေတဲ့ အခါမျိုးဆို အတော် အသုံးဝင်ပါတယ် ။ နဂို Quick Turn ခလုတ်နေရာက သတိမထားမိရင် ၂ ချက်နှိပ်မိတတ်ပါတယ် ။ Quick Turn ၂ ချက် ဆက်တိုက်နှိပ်မိရင် အရှေ့ကို တစ်ချက်ရှောင်လိုက်ပေမယ့် နောက်တစ်ချက်က ကိုယ်မူလရပ်နေတဲ့ နေရာကို ပြန်ရောက်လာမှာ ဖြစ်တဲ့အတွက် တခါတလေမှာ အခက်တွေ့စေတတ်ပါတယ် ။ ဒါကြောင့် God of War ဂိမ်း စမကစားမီ Quick Turn ခလုတ်နေရာကို ကိုယ်နှိပ်လို့ သင့်တော်မယ့်နေရာကို ကြိုတင်ပြောင်းထားသင့်ပါတယ် ။


4> Runic ability ကို ကိုယ့်အကြိုက်နဲ့ ကိုက်ညီအောင် ပြုပြင်ယူပြီး ရင်းနှီးကျွမ်းဝင်အောင် လုပ်ပါ

သမရိုးကျ တိုက်ကွက်နဲ့ combo တွေကို လက်ရှိရင်ဆိုင်နေရတဲ့ ရန်သူအလိုက် သုံးသလို Runic Attack ကိုလည်း သုံးဖို့ မမေ့သင့်ပါဘူး ။ Runic Attack ကတော့ အတော်လေးကြမ်းပြီး လက်နက်မှာ ထည့်လို့ရပြီး သူ့ကို ထုတ်သုံးချင်ရင် L1 ကို ဖိထားရင်း R1 သို့ R2 ကို တွဲနှိပ်ပေးရပါတယ် ။ Light နှင့် Heavy ဆိုပြီး Runic Attack ၂ မျိုး ၂ စားရှိပါတယ် ။ attack power ကို XP သုံးပြီး တိုးမြှင့်လို့ ရပါသေးတယ် ။ ၂ မျိုးလုံး တော်တော်အစွမ်းထက်ပါတယ် ။ တိုက်ကွက်တွေက ရန်သူ အလဲထိုးနိုင်သလို တခါတလေ ကိုယ့် HP နည်းနေတဲ့အခါမျိုး ရှုံးတော့မယ့်အခါမျိုးမှာ တချီတည်းနဲ့ အခြေအနေတစ်ခုလုံး ပြောင်းပြန်လှန်နိုင်လောက်အောင် အစွမ်းထက်ပြီး ပြင်းထန်ပါတယ် ။ Runic ၂ မျိုး အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲ အသုံးချတတ်ဖို့ ရင်းနှီးကျွမ်းဝင်နေပါစေ ။


5> Skill သေချာစွာ ရွေးပါ

ဂိမ်းကစားတာ ပထမအစ ၅ နာရီ ၆ နာရီ အထိကြာတဲ့အထိတော့ ရလာတဲ့ XP တွေက မဖြစ်စလောက်လေးတွေပဲ ရနိုင်သေးတာ တွေ့ရမှာ ဖြစ်ပါတယ် ။ ဒါကြောင့် သင့်အနေနဲ့ ဘေးပတ်ဝန်းကျင်ကို လျှောက်သွားကြည့်သင့်သလို ဘယ် combat skill ကို အရင်ပွင့်အောင် လုပ်သင့်လဲဆိုတာ သေချာ စဉ်းစားရမှာ ဖြစ်ပါတယ် ။ အကယ်၍ သင်ဟာ ရန်သူအုပ်စုလိုက်နဲ့ တိုက်ခိုက်ရတဲ့အခါမျိုးမှာ တိုက်ခိုက်ရကောင်းချင်ရင်တော့ Strom နှင့် Guardian Sweep က skill တွေ ပွင့်အောင် လုပ်တာ ကောင်းပါတယ် ။ damage အထွက် ကြမ်းချင်တာကို အဓိက တိုးမြှင့်ချင်ရင် Rage Combat tab အောက်က skill တွေ လိုက်ဖွင့်နိုင်ပါတယ် ။ 

အစပိုင်းမှာတော့ ပြေးမလွတ် ရှောင်မလွတ် အခန်းကျဉ်းတွေ သိပ်မများတာမို့ ဘယ် skill တွေက ကိုယ်ရဲ့ playstyle နဲ့ သင့်တော်မလဲဆိုတာ စဉ်းစားရွေးချယ်ဖို့ လိုအပ်ပါတယ် ။ မဖွင့်လိုက်ရတဲ့ skill တွေအတွက် စိတ်မပူပါနဲ့ ။ ဇာတ်လမ်းအလိုက် ကစားရင်း တဖြည်းဖြည်းနဲ့ skill အားလုံးကို ပွင့်အောင် ဖွင့်နိုင်မယ့် လုံလောက်တဲ့ XP တွေ တဖြည်းဖြည်းရလာမှာ ဖြစ်ပါတယ် ။


6> တိုက်ခိုက်ပုံစံကို ကိုယ်စိတ်ကြိုက် ဖန်တီးပြီး တိုက်ခိုက်ပါ

တိုက်ခိုက်ရမှာ အသုံးပြုနိုင်မယ့် maneuvers တွေ အများကြီးကို skill tree မှာ ရှိနေတာ မြင်တွေ့ရမှာပါ ။ သုံးဖို့ အလောမကြီးပါနှင့် ။ skill တွေကို သေချာဖတ်ပြီး ဘယ်အခြေအနေမှာ ဘယ် skill သုံးတာ သင့်တော်မလဲဆိုတာ စဉ်းစားယူပါ ။ ဥပမာ လျှပ်စီးလက်သလိုမျိုး တိုက်ခိုက်တာကြိုက်ရင် လျှပ်စီးလက်သလို လျင်မြန်တဲ့ တိုက်ကွက်တွေချည်း ရွေးသုံးတတ်ပါစေ ။ အကယ်၍ ရန်သူအခြေအနေ ကြည့်ပြီး တိုက်ကွက်တကွက်ထုတ်ဖို့ အချိန်ယူပြီး တိုက်ရတဲ့ အပြင်းစားတိုက်ကွက်တွေ တိုက်ရင် ပိုသင့်တော်မယ်ဆိုရင်လည်း damage အပြင်းစား skill တွေက သင့် အသုံးတော်ခံဖို့ အသင့်ပါပဲ ။ ဒါပေမယ့် God of War ဂိမ်းပလေးရဲ့ အခြေခံဖြစ်တဲ့ ခုခံတာ (guarding) နှင့် တဟုန်ထိုးရှောင်ပြေးတာ (dodging) ပိုင်နိုင်ထားဖို့တော့ လိုအပ်ပါမယ် ။


7> တိုက်ပွဲမှာ Atreus ကို ကောင်းကောင်း အသုံးချပါ

Atreus ဟာ ဇာတ်လမ်းအစပိုင်းမှာတော့ အင်အားသိပ်မရှိတဲ့ သာမာန် အဖော်တစ်ယောက်လို ဖြစ်နေပါလိမ့်မယ် ။ ဒါပေမယ့် ဇာတ်လမ်းအလိုက်ကစားရင်း တဖြည်းဖြည်းနဲ့ Atreus ဟာ အနီးကပ်တိုက်ခိုက်နိုင်တဲ့ နည်းစနစ်တွေ လက်နက်တွေ အသုံးပြုနိုင်လာတာ တွေ့ရမှာ ဖြစ်ပါတယ် ။ တဖြည်းဖြည်းနဲ့ Atreus ဟာ ရန်သူပေါ် ခုန်တက်ပြီး နောက်ကနေ ရန်သူ့လည်ပင်းကို ဆွဲညှစ်တာ လုပ်နိုင်လာပြီး ဒီ အပြုအမူတွေက Kratos ကို အနှောင့်အယှက်မရှိ တချက်တည်းနဲ့ ရန်သူကို အသေသတ်နိုင်ဖို့ အခွင့်အရေး ဖန်တီးပေးပါတယ် ။ Atreus ရဲ့ အကောင်းဆုံး ကောင်းကွက်ကတော့ Light နှင့် Shock arrows ပါ ။ Shock arrows ကိုတော့ မကြာခဏ သုံးပေးသင့်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ shock arrows က ရန်သူကို အချိန်တခုကြာအောင် မလှုပ်ရှားနိုင်အောင် လုပ်ထားနိုင်လို့ပါပဲ ။

အကယ်၍ Kratos ဟာ တိုက်ခိုက်ရင်း ရန်သူတွေများလာပြီး ချောင်ပိတ်မိနေတဲ့ အခါမျိုးဆို Atreus ဟာ ရန်သူတစ်ဝက်ကို ဝေးရာကို မျှားခေါ်သွားပြီး Kratos ကို ကျန်တဲ့ရန်သူ အပြတ်ရှင်းနိုင်ဖို့ အချိန်ဆွဲပေးထားနိုင်စွမ်း ရှိပါတယ် ။ နောက်ပြီး Atreus က တချို့ရန်သူတွေရဲ့ powerful attack တွေကို ထုတ်နေဆဲ ကြားဖြတ်ဝင်ရောက် နှောင့်ယှက်ပြီး မထုတ်နိုင်အောင် တိုက်ခိုက်တတ်ပါသေးတယ် ။ ဇာတ်ရှိန်မြင့်လာတာနဲ့အမျှ Atreus မှာ ရန်သူအုပ်လိုက်ကို ကောင်းစွာ ထိန်းချုပ် တိုက်ခိုက်နိုင်တဲ့ နည်းစနစ်တွေ skill တွေ ရှိတဲ့ Runic Summon ပွင့်သွားမှာမို့ နောက်ပိုင်း အုပ်စုလိုက်တိုက်ခိုက်ရတဲ့ အခါမျိုးတွေမှာ ပိုလွယ်ကူလာမှာ ဖြစ်ပါတယ် ။


8> တိုက်ခိုက်ပုံစံရွေးပြီးလျှင် ထို တိုက်ခိုက်ပုံစံနဲ့ ကိုက်ညီအောင် ပြုပြင်ပါ

God of War ဂိမ်းသစ်မှာ ပြုပြင်ပြောင်းလဲလွယ်တဲ့ ပုံစံ အများကြီးနှင့် Kratos ရဲ့ stats တွေကို ကိုယ်ကြိုက်တဲ့ playstyle အလိုက် ပြုပြင်ခွင့်ပေးထားပါတယ် ။ armor နှင့် enchantment အလိုက် ပုံစံမျိုးစုံနှင့် Kratos ကို အသွင်အမျိုးမျိုး ပြောင်းနိုင်ပါတယ် ။ ဥပမာ Kratos ရဲ့ ရလာတဲ့ stat တွေကို strength နှင့် defense မှာ ထည့်ပြီး မြင့်တင်ခြင်းအားဖြင့် သမရိုးကျ Kratos ပုံစံ tank class အဖြစ် ထားထားနိုင်သလို Runic attack strength နှင့် cool-down timer stat တွေမှာ ထားတိုးမြင့်ခြင်းအားဖြင့် Battle mage မှော်ဆရာတစ်ယောက် အဖြစ်ကို ပြောင်းလဲလို့ရပါတယ် ။ ဘယ် playstyle နှင့် သင်နဲ့ လိုက်သလဲ? ကိုယ်ကြိုက်တဲ့ playstyle အလိုက် သေချာရွေးပြီး တိုးမြင့်တတ်ပါစေ ။


9> Armor အသစ် ဝတ်တိုင်း Enchanment တွေကို ပြန်ထည့်ဖို့ မမေ့ပါနဲ့

ဇာတ်လမ်းတစ်လျှောက် တဖြည်းဖြည်းနဲ့ armor အကောင်းစားတွေ ရှာတွေ့လာမှာ ဖြစ်သလို ဝယ်ယူလာနိုင်မှာ ဖြစ်ပါတယ် ။ armor အသစ်ရရင် စမ်းပြီး ဝတ်ကြည့်ချင်စိတ် ဖြစ်လာမှာပါ ။ ဒါပေမယ့် armor နဲ့ enchanment က တွဲထားတာမို့ armor အသစ်ဝတ်တိုင်း enchanment တွေ ပြန်ထည့်ရမယ့် အချက်ကိုတော့ မမေ့သင့်ပါဘူး ။


10> Yggdrasil Dew ကို အရယူပါ

လှေလေးစီးပြီး လျှောက်သွား စူးစမ်းလေ့လာရတဲ့ နေရာတွေမှာ တခါတလေ အလင်းရောင် ထွက်နေတဲ့ ပျံနေတဲ့ သစ်ကိုင်း (half-arched trees) တွေ တွေ့လာရမှာ ဖြစ်ပါတယ် ။ ဒီပျံနေတဲ့ သစ်ကိုင်းလေးမှာ Yggdrasil dew လို့ခေါ်တဲ့ (item) ပစ္စည်းလေးရှိပါတယ် ။ ဒီပစ္စည်းက Kratos ရဲ့ stat တွေမှာ တစ်ခု ပေါင်းထည့်ပေးပါတယ် ။ strength, defense, vitality စတဲ့ stat တွေမှာပါ ။ ဒါကြောင့် အလင်းရောင်ထွက်နေတဲ့ ပျံနေတဲ့ သစ်ကိုင်းတွေ့ရင်တော့ မရအရ လိုက်ယူထားပါ ။


11> Muspelheim နှင့် Niflheim က စိန်ခေါ်မှု (challenge) ကို နိုင်အောင် ချပါ

နောက်ပိုင်းမှာ optional တွေဖြစ်တဲ့ Muspelheim နှင့် Niflheim ဆိုတဲ့ နယ်မြေ (realm) တွေ ရှာတွေ့လာပါလိမ့်မယ် ။ ဘာအကြောင်းလဲတော့ မပြောတော့ပါဘူး ။ ဒါပေမယ့် ဒီ နယ်မြေတွေထဲ ဝင်ပြီး စိန်ခေါ်မှုကို နိုင်အောင် တိုက်ပါ ။ နိုင်ခဲ့ရင် အကောင်းတကာ့ အကောင်းဆုံး armor ကို ပြုလုပ်နိုင်မယ့် crafting resource တွေ ရလာမှာမို့လို့ လုံးဝ လက်မလွတ်သင့်တဲ့ အပိုင်းတစ်ခုပါပဲ ။

Reference = GameSpot: God of War (PS4) Guide: 11 Tips You Should Know Before Starting

Photos credit to GameSpot

Post a Comment

0 Comments