AST, SCH, WHM ဆော့ရင်း တွေးမိသောအတွေးများ









Unicode

 

 

ဆော့တာများလာလို့လား မသိဘူး .... healer class မှာ SCH နဲ့ AST ကို ပိုပြီး သဘောကျလာတယ် .... trick လေးတွေများသလို တွေ့ကြုံနေရတဲ့ အခြေအနေအပေါ် မူတည်ပြီး ကိုယ်အတွေးနဲ့ spell တွေ အသုံးချရတာကြောင့် ဆော့ရတာ ပိုပျော်ဖို့ကောင်းတယ် .... ကိုယ့်အတွေ့အကြုံအရ healing power အရတွက်ရရင် WHM > AST > SCH လို့ ပြောရမှာ ... WHM က နဂိုကတည်းက user friendly ဖြစ်တော့ dungeon တွေ raid တွေမှာ အေးဆေးပဲ ... တော်တော်များများ ကိုင်ဆော့ကြတာ တွေ့တယ် ... spell တွေသာ ပိုင်နိုင်ထားရင် မျက်စိမှိတ်ပြီးတောင် ဆော့လို့ရတယ်

SCH ကတော့ shield heal နဲ့ သွားတာဆိုတော့ တခါတလေ heal ရတာ အားမရဘူး ... Critical အခြေအနေရောက်ရင် ဗျာများပြီ ... raid တွေမှာဆို တခြား healer ရှိတော့ နဲနဲ စိတ်သက်သာရာရသေးတယ် ... dungeon တို့မှာ healer နှိပ်စက်မယ့် tank တကောင်ကောင် ပါလာရင် သေဘီ ... aether အစေ့က ၃ စေ့ပဲပေးထားတော့ သုံးရင်းနဲ့ မလောက်တော့ဘူး ... Yoshida ရယ် ၅ စေ့လောက်ပေးထားပါလား ... အခုက ၃ စေ့ဆိုတော့ သုံးရတာ မလောက်မငနဲ့ :(

AST ကတော့ heal နဲ့ shield က ပါဝါတူနေတော့ critical အခြေအနေတွေမှာ သိပ်ကိစ္စမရှိဘူး .... support ပါပါနေတော့ support ကို သုံးဖို့ စဉ်းစားရင်း တခါတလေ တကောင်တည်း မျက်စိလည်နေတော့တာပဲ ... ဘယ် card ဘယ်သူ့ကို ပေးရမလဲ ... ဘယ် card ကို ဥ ထားမလဲ ... ဒါနဲ့ပဲ အာရုံက လွတ်ထွက်သွားတတ်တယ် ... အာရုံလွတ်သွားတော့ tank လည်း အသက်ပျောက်ကော ...

အရင်ကတော့ healer နှိပ်စက်တဲ့ tank ဆို အသေမုန်းတယ် ... နှိပ်စက်တယ်ဆိုတာက ခြေကုန်သုတ်ပြီး enemy တွေ ၃ အုပ် ၄ အုပ်လောက် ဆွဲပြေးသွားတာကို ဆိုတာ .... အခုတော့ မမုန်းတော့ဘူး .... အခုလက်ရှိမှာတော့ tank class 3 ခုလုံး ဆော့ဖူးတော့ ဘယ် tank က ဘာအခြေအနေမှာ ဘယ်လိုရှိမယ် ဆိုတာ သိသွားတယ် ... အခြေအနေအလိုက် healing spell တွေ အကိုက် သုံးတတ်ရင် အလေအလွင့်မရှိတော့ဘူး ... အလေအလွင့်မရှိရင် MP တွေက သိပ်မကုန်တော့လို့ MP management သေချာ လုပ်နိုင်သွားတယ်

အခုဆို dungeon တွေ ဝင်ရင် ရန်သူ ၃ အုပ် ၄ အုပ်လောက် ဆွဲပြေးတတ်တဲ့ tank မျိုးကျဖို့ တခါတလေ ဆုတောင်းမိတယ် ... ကိုယ့် MP management skill နဲ့ healing skill ဘယ်လောက်ရှိလဲ ဟာကွက်က ဘာလဲ ဆိုတာ ကိုယ်တိုင် စမ်းသပ်ကြည့်လို့ ရတာလေ 🙄 .... ဘုရား ... ဒီစာဖတ်မိသမားတော့ ငါနဲ့ တူတူ ဆော့ရင် နှိပ်စက်တော့မှာ မြင်ယောင်နေဘီ 😧

Raid တွေဆော့ရင် healer ၂ ယောက်ပါတော့ နဲနဲ စိတ်သက်သာရာရတယ် .... ကိုယ် heal မနိုင်ရင် သူက ဝင် heal ပေးမှာဆိုတော့ သိပ်စိုးရိမ် ကြောင့်ကြမှု မရှိဘူး .... အခု raid တွေ trial တွေဆော့ရင် class တွေ ကြည့်တတ်လာပြီ .... healer class အတွဲက ဘယ်လိုလဲ ... tank class အတွဲက ဘယ်လိုလဲ ... ကိုယ့်အဖွဲ့ နိုင်နိုင်မယ့် ရာခိုင်နှုန်းက ဘယ်လိုရှိမလဲ .... newbie တွေပါလား ... ဆားတုံးတွေပါလား ... အယွင်းတွေပါလား ... အဲ့ဒါဆို ဘယ်အခြေအနေ ရှိမလဲ ... စသဖြင့် စသဖြင့် ... တွက်ချက်တတ်လာတယ် XD

Raid အကြီးစားတွေတော့ တယောက်တည်း မဆော့ရဲသေးဘူး ... shinryu ex ကတည်းက တော်တော်ကြောက်သွားတာ ... အရသာမျိုးစုံ ခံစားရဖူးသွားလို့ XD

အခုလည်း ရက်ကုန်ဘီ ဆိုတော့ ဆော့ချင်သော်လည်း နားရတော့မှာပေါ့လေ 😔

Post a Comment

0 Comments