Final Fantasy စီးရီးႏွင့္ ပတ္သက္ေသာ application မ်ား

Square Enix ဂိမ္းကုမၸဏီကေတာ့ RPG ေတြနဲ႔ ေက်ာ္ၾကားေနတဲ့ ကုမၸဏီတစ္ခုပါ ။ လူသိအမ်ားဆံုး RPG ေတြျဖစ္တဲ့ Final Fantasy စီးရီးတို႔ Dragon Quest စီးရီး Kingdom Hearts စီးရီးတို႔ဆို Square Enix ရဲ႕ နာမည္အႀကီးဆံုး ဂိမ္းစီးရီးေတြပါပဲ ။ Square Enix ကဂိမ္းေတြက အမ်ားအားျဖင့္ PlayStation အတြက္ပဲ ထြက္ေလ့ရွိတာပါ။ ေခတ္ႀကီးေတြက ေျပာင္းလာေတာ့ Square Enix က ဂိမ္းေတြဟာ ဒီတစ္ႏွစ္ ၂ ႏွစ္အတြင္း PC အတြက္ထြက္လာတာ မ်ားလာသလို Mobile ျဖစ္တဲ့ iOS ႏွင့္ Android အတြက္ထြက္လာတာ မ်ားလာတာကို ေတြ႕ရတယ္ ။ ဒါနဲ႔ iOS ႏွင့္ Android အတြက္ ထြက္ခဲ့တဲ့ Final Fantasy စီးရီးနဲ႔ ပတ္သက္တဲ့ application ေတြ ဘယ္ေလာက္မ်ားလဲ သိခ်င္လို႔ လုိက္ရွာစုစည္းၾကည့္မိတယ္ ။ ဒီ post ေလးကေတာ့ ရွာေတြ႕ရသမွ်ကို စုစည္းထားတာျဖစ္ပါတယ္ ။

(Unicode) Square Enix ဂိမ်းကုမ္ပဏီကတော့ RPG တွေနဲ့ ကျော်ကြားနေတဲ့ ကုမ္ပဏီတစ်ခုပါ ။ လူသိအများဆုံး RPG တွေဖြစ်တဲ့ Final Fantasy စီးရီးတို့ Dragon Quest စီးရီး Kingdom Hearts စီးရီးတို့ဆို Square Enix ရဲ့ နာမည်အကြီးဆုံး ဂိမ်းစီးရီးတွေပါပဲ ။ Square Enix ကဂိမ်းတွေက အများအားဖြင့် PlayStation အတွက်ပဲ ထွက်လေ့ရှိတာပါ။ ခေတ်ကြီးတွေက ပြောင်းလာတော့ Square Enix က ဂိမ်းတွေဟာ ဒီတစ်နှစ် ၂ နှစ်အတွင်း PC အတွက်ထွက်လာတာ များလာသလို Mobile ဖြစ်တဲ့ iOS နှင့် Android အတွက်ထွက်လာတာ များလာတာကို တွေ့ရတယ် ။ ဒါနဲ့ iOS နှင့် Android အတွက် ထွက်ခဲ့တဲ့ Final Fantasy စီးရီးနဲ့ ပတ်သက်တဲ့ application တွေ ဘယ်လောက်များလဲ သိချင်လို့ လိုက်ရှာစုစည်းကြည့်မိတယ် ။ ဒီ post လေးကတော့ ရှာတွေ့ရသမျှကို စုစည်းထားတာဖြစ်ပါတယ် ။


Final Fantasy 1


Final Fantasy 1

Battle system: Turn based
Mode: offline, paid
Graphic: 2D

Final Fantasy 1 ကေတာ့ 1987 ခုႏွစ္ Square ကုမၸဏီစတင္တည္ေထာင္ၿပီးေနာက္ ပထမဦးဆံုး ထုတ္ခဲ့တဲ့ ဂိမ္းတစ္ခုပါ ။ Square ကုမၸဏီ ႏွင့္ Enix ကုမၸဏီ ေပါင္းၿပီး Square Enix မျဖစ္ခင္ အခ်ိန္ကေပါ့ ။ Final Fantasy 1 ကေတာ့ Nintendo NES ႏွင့္ MSX2 အတြက္ ထြက္ခဲ့တာ ျဖစ္ပါတယ္ ။

အခုလက္႐ွိ Final Fantasy စီးရီး ျဖစ္ေပၚလာရာ မူလပထမ ဇာစ္ျမစ္တစ္ခုျဖစ္တဲ့ ဒီ Final Fantasy 1 မွာေတာ့ crystal ၄ ခု ကိုင္ေဆာင္ထားတဲ့ Warriors of light ၄ ေယာက္က ကမၻာႀကီးကို ကယ္တင္တာကို ဇာတ္လမ္းသြားကစားရမွာပါ ။ ဟိုးအရင္ ၁၉၈၀ ခုႏွစ္ နည္းပညာနဲ႔ လုပ္ထားတာကို mobile platform ေျပာင္းထုတ္ထားတာဆိုေတာ့ အခုေခတ္အေနနဲ႔ ၾကည့္ရင္ graphic က 2D ေဘးတုိက္သြား ဆိုေတာ့ ၾကည့္ရတာ သိပ္မေကာင္းဘူး ။ ဒါေပမယ့္ content ေတြေတာ့ ေတာ္ေတာ္စံုတယ္ ။ world map ႐ွိမယ္ ။ dungeon ေတြ town ေတြ႐ွိမယ္ ။ armor တုိ႔ potion တုိ႔ elemental resistance, elemental attack စတာေတြ အစံု ပါတယ္ ။ battle system ကေတာ့ turn based ပါ ။ graphic က အေရးမႀကီးဘူး ဇာတ္လမ္းသာ အေရးႀကီးတယ္ ဆိုတဲ့သူေတြအတြက္ေတာ့ ကစားဖို႔ ေတာ္ေတာ္ေကာင္းမယ့္ ဂိမ္းတစ္ခုပါ ။

Final Fantasy 1 ကို Final Fantasy Portal app ကေနပဲ download free ဆြဲ ကစားႏိုင္မွာပါ ။ ဂိမ္းကေတာ့ offline အမ်ိဳးအစားပါ ။

(Unicode) Final Fantasy 1 ကတော့ 1987 ခုနှစ် Square ကုမ္ပဏီစတင်တည်ထောင်ပြီးနောက် ပထမဦးဆုံး ထုတ်ခဲ့တဲ့ ဂိမ်းတစ်ခုပါ ။ Square ကုမ္ပဏီ နှင့် Enix ကုမ္ပဏီ ပေါင်းပြီး Square Enix မဖြစ်ခင် အချိန်ကပေါ့ ။ Final Fantasy 1 ကတော့ Nintendo NES နှင့် MSX2 အတွက် ထွက်ခဲ့တာ ဖြစ်ပါတယ် ။

အခုလက်ရှိ Final Fantasy စီးရီး ဖြစ်ပေါ်လာရာ မူလပထမ ဇာစ်မြစ်တစ်ခုဖြစ်တဲ့ ဒီ Final Fantasy 1 မှာတော့ crystal ၄ ခု ကိုင်ဆောင်ထားတဲ့ Warriors of light ၄ ယောက်က ကမ္ဘာကြီးကို ကယ်တင်တာကို ဇာတ်လမ်းသွားကစားရမှာပါ ။ ဟိုးအရင် ၁၉၈၀ ခုနှစ် နည်းပညာနဲ့ လုပ်ထားတာကို mobile platform ပြောင်းထုတ်ထားတာဆိုတော့ အခုခေတ်အနေနဲ့ ကြည့်ရင် graphic က 2D ဘေးတိုက်သွား ဆိုတော့ ကြည့်ရတာ သိပ်မကောင်းဘူး ။ ဒါပေမယ့် content တွေတော့ တော်တော်စုံတယ် ။ world map ရှိမယ် ။ dungeon တွေ town တွေရှိမယ် ။ armor တို့ potion တို့ elemental resistance, elemental attack စတာတွေ အစုံ ပါတယ် ။ battle system ကတော့ turn based ပါ ။ graphic က အရေးမကြီးဘူး ဇာတ်လမ်းသာ အရေးကြီးတယ် ဆိုတဲ့သူတွေအတွက်တော့ ကစားဖို့ တော်တော်ကောင်းမယ့် ဂိမ်းတစ်ခုပါ ။

Final Fantasy 1 ကို Final Fantasy Portal app ကနေပဲ download free ဆွဲ ကစားနိုင်မှာပါ ။ ဂိမ်းကတော့ offline အမျိုးအစားပါ ။


Download Links


Final Fantasy II
Final Fantasy II

အဲ့ဂိမ္းကေတာ့ ၁၉၈၈ ခုႏွစ္က Family game စက္ေတြမွာ ထြက္ခဲ့တဲ့ version ကုိ ျပန္အဆင့္ျမင့္ၿပီး iOS ႏွင့္ Andriod အတြက္ ထုတ္ခဲ့တယ္ ။ ဇာတ္လမ္းကေတာ့ Empire ရဲ႕ က်ဴးေက်ာ္မႈကို ခံရစဥ္ မိဘေတြ အသတ္ခံခဲ့ရတဲ့ လူငယ္ေလးေယာက္က စြန္႔စားခရီးထြက္၊ စြမ္းအားျမင့္ weapon magic ေတြရေအာင္ လုပ္ၿပီး Empire ကုိ ျပန္တြန္းလွန္တဲ့ ဇာတ္လမ္းပါ ။ World map ေပၚ town ေတြ dungeon ေတြနဲ႔ ၊ town ေတြမွာ armor တို႔ item တုိ႔ magic spell ဝယ္လို႔ရႏုိင္တယ္ ။ battle system ကေတာ့ ထံုးစံအတုိင္း turn based ပါပဲ ။ ခက္တာက သူ႔ကို free ေဆာ့ခ်င္ရင္ Final Fantasy Portal ထဲကေနပဲ တုိက္႐ိုက္ဆြဲ ေဆာ့လို႔ရတာပဲ ။

(Unicode) အဲ့ဂိမ်းကတော့ ၁၉၈၈ ခုနှစ်က Family game စက်တွေမှာ ထွက်ခဲ့တဲ့ version ကို ပြန်အဆင့်မြင့်ပြီး iOS နှင့် Andriod အတွက် ထုတ်ခဲ့တယ် ။ ဇာတ်လမ်းကတော့ Empire ရဲ့ ကျူးကျော်မှုကို ခံရစဉ် မိဘတွေ အသတ်ခံခဲ့ရတဲ့ လူငယ်လေးယောက်က စွန့်စားခရီးထွက်၊ စွမ်းအားမြင့် weapon magic တွေရအောင် လုပ်ပြီး Empire ကို ပြန်တွန်းလှန်တဲ့ ဇာတ်လမ်းပါ ။ World map ပေါ် town တွေ dungeon တွေနဲ့ ၊ town တွေမှာ armor တို့ item တို့ magic spell ဝယ်လို့ရနိုင်တယ် ။ battle system ကတော့ ထုံးစံအတိုင်း turn based ပါပဲ ။ ခက်တာက သူ့ကို free ဆော့ချင်ရင် Final Fantasy Portal ထဲကနေပဲ တိုက်ရိုက်ဆွဲ ဆော့လို့ရတာပဲ ။


Download Link


Final Fantasy III

Final Fantasy III

Battle system: turn based
Mode: offline, paid
Graphic: 2D

၁၉၉၀ ခုႏွစ္မွာ NES မွာ ထြက္ခဲ့တဲ့ turn based JRPG တစ္ခုပါ ။ မူရင္းကေတာ့ 2D ဆိုေပမယ့္ 2009 ခုႏွစ္မွာ Nintendo DS အတြက္ remake version ထုတ္ခဲ့တယ္ ။ ဒီ remake version ကိုပဲ PSP, iOS, Andriod, Windows Phone ႏွင့္ PC အတြက္ ထုတ္ေပးခဲ့တယ္ ။ 2D ကို နဲနဲ ႐ုပ္လံုးႂကြလာေတာ့ ၾကည့္ရ နဲနဲ ေကာင္းလာတယ္ ။ 

ဇာတ္လမ္းကေတာ့ crystal နဲ႔ ဆုိင္တဲ့ ဇာတ္လမ္းပါပဲ ။ ကမၻာႀကီးရဲ႕ crystal power balance ညီမ်ွေအာင္ ျပန္လုပ္ရမယ့္ မိဘမဲ့ကေလး ၄ ေယာက္ရဲ႕ စြန္႔စားခရီးဇာတ္လမ္းကို ကစားရမွာပါ ။ သူလည္းပဲ content ေတာ္ေတာ္ စံုတယ္ ။ world map, dungeon, town, air ship တုိ႔ armor, weapon, elemental resistance တုိ႔ attack တုိ႔ စတာေတြ ပါတယ္ ။ ထူးျခားတာကတစ္ခုက အခ်ိန္မေရြး ေျပာင္းလို႔ရတဲ့ job system ပါလာတယ္ ။ ဇာတ္လမ္းေလးလည္း ေတာ္ေတာ္ ေဆာ့ေကာင္းတယ္ ။ offline ဂိမ္းပါ ။

(Unicode) ၁၉၉၀ ခုနှစ်မှာ NES မှာ ထွက်ခဲ့တဲ့ turn based JRPG တစ်ခုပါ ။ မူရင်းကတော့ 2D ဆိုပေမယ့် 2009 ခုနှစ်မှာ Nintendo DS အတွက် remake version ထုတ်ခဲ့တယ် ။ ဒီ remake version ကိုပဲ PSP, iOS, Andriod, Windows Phone နှင့် PC အတွက် ထုတ်ပေးခဲ့တယ် ။ 2D ကို နဲနဲ ရုပ်လုံးကြွလာတော့ ကြည့်ရ နဲနဲ ကောင်းလာတယ် ။ ဇာတ်လမ်းကတော့ crystal နဲ့ ဆိုင်တဲ့ ဇာတ်လမ်းပါပဲ ။ ကမ္ဘာကြီးရဲ့ crystal power balance ညီမျှအောင် ပြန်လုပ်ရမယ့် မိဘမဲ့ကလေး ၄ ယောက်ရဲ့ စွန့်စားခရီးဇာတ်လမ်းကို ကစားရမှာပါ ။ သူလည်းပဲ content တော်တော် စုံတယ် ။ world map, dungeon, town, air ship တို့ armor, weapon, elemental resistance တို့ attack တို့ စတာတွေ ပါတယ် ။ ထူးခြားတာကတစ်ခုက အချိန်မရွေး ပြောင်းလို့ရတဲ့ job system ပါလာတယ် ။ ဇာတ်လမ်းလေးလည်း တော်တော် ဆော့ကောင်းတယ် ။ offline ဂိမ်းပါ ။


Download Links


Final Fantasy 4

Final Fantasy IV

Battle system: turn based
Mode: offline, paid
Graphic: 2D

Final Fantasy IV (Final Fantasy 4) လည္း စထြက္တုန္းက 2D ပါပဲ ။ 2007 ေလာက္မွ DS အတြက္ 2D style နဲ႔ပဲ remake version ထြက္ခဲ့ပါတယ္ ။ ေျပာရရင္ အရင္ 2D ကို ဝါးတားတား အကြက္ႀကီးေတြ ျဖစ္မေနေတာ့ အနားသတ္ေခ်ာၿပီး ၾကည္လာတယ္ ။ အဲဒီေနာက္ပိုင္း PS1, DS, PSP, iOS, Android ႏွင့္ PC အတြက္ထြက္ခဲ့ၿပီး အဲ့ဒီ version ေတြကလည္း remake version ပါပဲ ။ ကမၻာႀကီးရဲ႕ အဆီအႏွစ္ျဖစ္တဲ့ crystal ေတြရဲ႕ စြမ္းအားေတြကုိ လုိက္ယူၿပီး ကမၻာႀကီးကုိ ဖ်က္ဆီးဖို႔ႀကိဳးစားေနတဲ့ ေမွာ္ဆရာ Golbez ကို Dark Knight ျဖစ္တဲ့ Cecil က လုိက္တားဆီးတဲ့အေၾကာင္း ဇာတ္လမ္းသြားကစားရမွာ ျဖစ္ပါတယ္ ။ content မွာပိုလာတာကေတာ့ Active Time Battle (ATB) system ရယ္ character class ေျပာင္းလုိ႔မရတာရယ္ပါ ။ ဂိမ္းကေတာ့ offline ပါပဲ ။

(Unicode) Final Fantasy IV (Final Fantasy 4) လည်း စထွက်တုန်းက 2D ပါပဲ ။ 2007 လောက်မှ DS အတွက် 2D style နဲ့ပဲ remake version ထွက်ခဲ့ပါတယ် ။ ပြောရရင် အရင် 2D ကို ဝါးတားတား အကွက်ကြီးတွေ ဖြစ်မနေတော့ အနားသတ်ချောပြီး ကြည်လာတယ် ။ အဲဒီနောက်ပိုင်း PS1, DS, PSP, iOS, Android နှင့် PC အတွက်ထွက်ခဲ့ပြီး အဲ့ဒီ version တွေကလည်း remake version ပါပဲ ။ ကမ္ဘာကြီးရဲ့ အဆီအနှစ်ဖြစ်တဲ့ crystal တွေရဲ့ စွမ်းအားတွေကို လိုက်ယူပြီး ကမ္ဘာကြီးကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့ မှော်ဆရာ Golbez ကို Dark Knight ဖြစ်တဲ့ Cecil က လိုက်တားဆီးတဲ့အကြောင်း ဇာတ်လမ်းသွားကစားရမှာ ဖြစ်ပါတယ် ။ content မှာပိုလာတာကတော့ Active Time Battle (ATB) system ရယ် character class ပြောင်းလို့မရတာရယ်ပါ ။ ဂိမ်းကတော့ offline ပါပဲ ။


Download Links


Final Fantasy 4: The After Years

Final Fantasy IV: The After Years

Battle system: turn based
Mode: offline, paid
Graphic: 2D

သူကေတာ့ Final Fantasy IV ရဲ႕ အဆက္ပါ ။ content ေတြကေတာ့ ေရွ႕စီးရီးကအတုိင္းျဖစ္ၿပီး ဇာတ္လမ္းက ေရွ႕အျဖစ္အပ်က္ရဲ႕ ၁၇ ႏွစ္ၾကာၿပီးေနာက္မွာ villian အသစ္တစ္ေယာက္ႏွင့္အတူ ဇာတ္လမ္းဆင္ထားတာ ျဖစ္ပါတယ္ ။ သူလည္း 2D remake version လိုမ်ိဳးျဖစ္ၿပီး offline ပါ ။

(Unicode) သူကတော့ Final Fantasy IV ရဲ့ အဆက်ပါ ။ content တွေကတော့ ရှေ့စီးရီးကအတိုင်းဖြစ်ပြီး ဇာတ်လမ်းက ရှေ့အဖြစ်အပျက်ရဲ့ ၁၇ နှစ်ကြာပြီးနောက်မှာ villian အသစ်တစ်ယောက်နှင့်အတူ ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ် ။ သူလည်း 2D remake version လိုမျိုးဖြစ်ပြီး offline ပါ ။


Download Links


Final Fantasy 5
Final Fantasy V

Battle system: turn based
Mode: offline, paid
Graphic: 2D

Final Fantasy V ကေတာ့ 1992 ခုႏွစ္က NES အတြက္ ထြက္ခဲ့တဲ့ ၅ ခုေျမာက္ Final Fantasy ဂိမ္းတစ္ခုပါ ။ 2013 မွာ iPhone, iPad ႏွင့္ Android အတြက္ခဲ့တာ ျဖစ္ပါတယ္ ။ သူလည္း 2D ပဲ ဒါေပမယ့္ အရင္ေခတ္က 2D မဟုတ္ေတာ့ဘူး ။ ဇာတ္လမ္းကေတာ့ အဓိကဇာတ္ေကာင္ Bartz က ေကာင္းကင္က က်လာတဲ့ meteor ကို စူးစမ္းရင္း character ေတြအမ်ားႀကီးနဲ႔ သိကၽြမ္းလာရင္းနဲ႔ ကမၻာႀကီးရဲ႕ အေမြအႏွစ္ crystal ပ်က္စီးေတာ့မလိုလို ျဖစ္ေနတာ သိလုိက္ရတယ္ ။ အလြန္ဆိုးဝါးတဲ့ေမွာ္ဆရာ Exdeath ကို ဒီ crystal ေတြက အထဲမွာ ပိတ္ေလွာင္ထားတယ္ဆိုတာလည္း ထပ္သိလုိက္ရတဲ့အခါမွာ Bartz ႏွင့္ အေပါင္းအပါတစ္စုက Crystal ေတြ မပ်က္စီးေအာင္ လုိက္ကာကြယ္ေစာင့္ေရွာက္ရတဲ့ ဇာတ္လမ္းပါ ။ gameplay မွာေတာ့ World map, dungeon, town ေတြ side quest ေတြနဲ႔ပါပဲ ။

(Unicode) Final Fantasy V ကတော့ 1992 ခုနှစ်က NES အတွက် ထွက်ခဲ့တဲ့ ၅ ခုမြောက် Final Fantasy ဂိမ်းတစ်ခုပါ ။ 2013 မှာ iPhone, iPad နှင့် Android အတွက်ခဲ့တာ ဖြစ်ပါတယ် ။ သူလည်း 2D ပဲ ဒါပေမယ့် အရင်ခေတ်က 2D မဟုတ်တော့ဘူး ။ ဇာတ်လမ်းကတော့ အဓိကဇာတ်ကောင် Bartz က ကောင်းကင်က ကျလာတဲ့ meteor ကို စူးစမ်းရင်း character တွေအများကြီးနဲ့ သိကျွမ်းလာရင်းနဲ့ ကမ္ဘာကြီးရဲ့ အမွေအနှစ် crystal ပျက်စီးတော့မလိုလို ဖြစ်နေတာ သိလိုက်ရတယ် ။ အလွန်ဆိုးဝါးတဲ့မှော်ဆရာ Exdeath ကို ဒီ crystal တွေက အထဲမှာ ပိတ်လှောင်ထားတယ်ဆိုတာလည်း ထပ်သိလိုက်ရတဲ့အခါမှာ Bartz နှင့် အပေါင်းအပါတစ်စုက Crystal တွေ မပျက်စီးအောင် လိုက်ကာကွယ်စောင့်ရှောက်ရတဲ့ ဇာတ်လမ်းပါ ။ gameplay မှာတော့ World map, dungeon, town တွေ side quest တွေနဲ့ပါပဲ ။


Download Links


Final Fantasy 6

Final Fantasy VI

၁၉၉၄ ခုႏွစ္ထြက္ Final Fantasy 6 ကို mobile အတြက္ ျပန္ထုတ္ထားတာ ျဖစ္ပါတယ္ ။ မူရင္းဂိမ္းရုပ္ထြက္အတုိင္း 2D နဲ႔ပါပဲ ။ ဇာတ္လမ္းကေတာ့ ဒုတိယစက္မႈေတာ္လွန္ေရးေခတ္က စက္မႈနည္းပညာႏွင့္ စိတ္ကူးယဥ္ကမၻာ Fantasy world မွာ အာဏာရွင္ Imperial ကို တြန္းလွန္တဲ့ ေတာ္လွန္ေရးသမားတစ္အုပ္စု အေၾကာင္း ကစားရမွာပါ ။ World map, town and dungeon ေတြ weapon, armor, accessories ေတြ spell, skill ေတြနဲ႔ turn based စနစ္နဲ႔ပါပဲ ။ dollar နဲ႔ ဝယ္ရမွာျဖစ္ၿပီး ကစားရင္ေတာ့ offline game မုိ႔လုိ႔ တစ္ခ်ိန္လံုး online ဖြင့္ထားစရာမလုိပါဘူး ။

Final Fantasy 1 to 4 ထဲမွာ Final Fantasy 4 က score အမ်ားဆံုးရခဲ့တဲ့ စီးရီးတစ္ခု ျဖစ္ပါတယ္ ။ ဆုေတြလည္း အမ်ားႀကီး ရခဲ့တယ္ ။ အစက JP မွာပဲ ထြက္ခဲ့ေပမယ့္ ေနာက္မွ worldwide ျဖန္႔ခ်ီၿပီး PS1 တို႔ Wii U တို႔မွာ ထြက္ခဲ့တယ္ ။ ၂၀၁၄ မွာေတာ့ iOS ႏွင့္ Andriod နဲ႔ ၂၀၁၅ မွာ PC အတြက္ ထြက္ခဲ့ပါတယ္ ။

(Unicode) ၁၉၉၄ ခုနှစ်ထွက် Final Fantasy 6 ကို mobile အတွက် ပြန်ထုတ်ထားတာ ဖြစ်ပါတယ် ။ မူရင်းဂိမ်းရုပ်ထွက်အတိုင်း 2D နဲ့ပါပဲ ။ ဇာတ်လမ်းကတော့ ဒုတိယစက်မှုတော်လှန်ရေးခေတ်က စက်မှုနည်းပညာနှင့် စိတ်ကူးယဉ်ကမ္ဘာ Fantasy world မှာ အာဏာရှင် Imperial ကို တွန်းလှန်တဲ့ တော်လှန်ရေးသမားတစ်အုပ်စု အကြောင်း ကစားရမှာပါ ။ World map, town and dungeon တွေ weapon, armor, accessories တွေ spell, skill တွေနဲ့ turn based စနစ်နဲ့ပါပဲ ။ dollar နဲ့ ဝယ်ရမှာဖြစ်ပြီး ကစားရင်တော့ offline game မို့လို့ တစ်ချိန်လုံး online ဖွင့်ထားစရာမလိုပါဘူး ။

Final Fantasy 1 to 4 ထဲမှာ Final Fantasy 4 က score အများဆုံးရခဲ့တဲ့ စီးရီးတစ်ခု ဖြစ်ပါတယ် ။ ဆုတွေလည်း အများကြီး ရခဲ့တယ် ။ အစက JP မှာပဲ ထွက်ခဲ့ပေမယ့် နောက်မှ worldwide ဖြန့်ချီပြီး PS1 တို့ Wii U တို့မှာ ထွက်ခဲ့တယ် ။ ၂၀၁၄ မှာတော့ iOS နှင့် Andriod နဲ့ ၂၀၁၅ မှာ PC အတွက် ထွက်ခဲ့ပါတယ် ။


Download Links


Final Fantasy 7

Final Fantasy VII

အရင္ JRPG ေခတ္က နာမည္ႀကီးဂိမ္းတစ္ခုပါပဲ ။ အရင္က PlayStation 1 မွာ ထြက္ခဲ့တာကို အဆင့္ျမင့္ၿပီး platform ေျပာင္းထုတ္ထားတာ ျဖစ္ေတာ့ အနားသတ္ေခ်ာတဲ့ 3D ျဖစ္သြားေပမယ့္ အႏုစိတ္မက်ေလေတာ့ ေလးေထာင့္စပ္စပ္ ႐ုပ္ႀကီးေတြနဲ႔ပါပဲ ။ အခုလက္႐ွိမွာ iOS, Android ႏွင့္ PC မွာ ရႏုိင္ပါတယ္ ။ ဇာတ္လမ္းကေတာ့ ဇာတ္လိုက္ Cloud Strife က ကမၻာႀကီးရဲ႕ အရင္းအျမစ္ အသက္ေသြးေၾကာကို စြမ္းအားအျဖစ္ ေျပာင္းလဲထုတ္ယူသံုးစြဲေနတဲ့ အဖြဲ႔အစည္းကို လိုက္တားၿပီး ကမၻာႀကီးကို ကယ္တင္တဲ့ ဇာတ္လမ္းေလးပါ ။ အထဲမွာပါတဲ့ content ေတြကေတာ့ ထံုးစံအတိုင္း ေလ်ွာက္သြားဖို႔ World Map ႐ွိမယ္ town ေတြမွာ equipment ေပါင္းစံု ဝယ္ႏုိင္မယ္ battle ဝင္ရင္ turn based နဲ႔ skill, spell, attack ေပါင္းစံု သံုးႏုိင္မယ္ စသျဖင့္ စသျဖင့္ေပါ့ ။

Final Fantasy 7 က သူ႔ေခတ္သူ႔အခါကဆို ဇာတ္လမ္းလည္းေကာင္း content တည္ေဆာက္ပံုလည္းေကာင္းေတာ့ ဆုအမ်ားႀကီးရခဲ့တယ္ ။ အခုလက္႐ွိမွာ အဲ့ဒီ Final Fantasy 7 ကို အခုေခတ္နည္းပညာနဲ႔ high defination 3D graphic နဲ႔ (မ်က္စိထဲ ျမင္ေအာင္ ေျပာရမယ္ဆို Witcher III တုိ႔လိုမ်ိဳး အပ်ံစား ႐ုပ္ထြက္နဲ႔) Remake version လုပ္ေနဆဲပါ ။ Fan ေတြအမ်ားအျပား ေမ်ွာ္လင့္တႀကီး ေစာင့္စားေနရတဲ့ ဂိမ္းတစ္ခုပါပဲ ။

(Unicode) အရင် JRPG ခေတ်က နာမည်ကြီးဂိမ်းတစ်ခုပါပဲ ။ အရင်က PlayStation 1 မှာ ထွက်ခဲ့တာကို အဆင့်မြင့်ပြီး platform ပြောင်းထုတ်ထားတာ ဖြစ်တော့ အနားသတ်ချောတဲ့ 3D ဖြစ်သွားပေမယ့် အနုစိတ်မကျလေတော့ လေးထောင့်စပ်စပ် ရုပ်ကြီးတွေနဲ့ပါပဲ ။ အခုလက်ရှိမှာ iOS, Android နှင့် PC မှာ ရနိုင်ပါတယ် ။ ဇာတ်လမ်းကတော့ ဇာတ်လိုက် Cloud Strife က ကမ္ဘာကြီးရဲ့ အရင်းအမြစ် အသက်သွေးကြောကို စွမ်းအားအဖြစ် ပြောင်းလဲထုတ်ယူသုံးစွဲနေတဲ့ အဖွဲ့အစည်းကို လိုက်တားပြီး ကမ္ဘာကြီးကို ကယ်တင်တဲ့ ဇာတ်လမ်းလေးပါ ။ အထဲမှာပါတဲ့ content တွေကတော့ ထုံးစံအတိုင်း လျှောက်သွားဖို့ World Map ရှိမယ် town တွေမှာ equipment ပေါင်းစုံ ဝယ်နိုင်မယ် battle ဝင်ရင် turn based နဲ့ skill, spell, attack ပေါင်းစုံ သုံးနိုင်မယ် စသဖြင့် စသဖြင့်ပေါ့ ။

Final Fantasy 7 က သူ့ခေတ်သူ့အခါကဆို ဇာတ်လမ်းလည်းကောင်း content တည်ဆောက်ပုံလည်းကောင်းတော့ ဆုအများကြီးရခဲ့တယ် ။ အခုလက်ရှိမှာ အဲ့ဒီ Final Fantasy 7 ကို အခုခေတ်နည်းပညာနဲ့ high defination 3D graphic နဲ့ (မျက်စိထဲ မြင်အောင် ပြောရမယ်ဆို Witcher III တို့လိုမျိုး အပျံစား ရုပ်ထွက်နဲ့) Remake version လုပ်နေဆဲပါ ။ Fan တွေအများအပြား မျှော်လင့်တကြီး စောင့်စားနေရတဲ့ ဂိမ်းတစ်ခုပါပဲ ။


Download Links


Final Fantasy 9
Final Fantasy IX

Offline RPG အမ်ိဳးအစားျဖစ္ၿပီး၂၀၀၀ ခုႏွစ္က PS1 မွာ ထြက္ခဲ့တယ္ ။ အလယ္ေခတ္စတိုင္မွာ ေမွာ္စြမ္းအားေတြနဲ႔ ေရာစပ္ေနာက္ခံထားၿပီး ဓားျပ Zedane က Alexandrian မင္းသမီး Garnet ကို အေယာင္ျပျပန္ေပးဆြဲခဲ့ရာကေန ႏုိင္ငံေရး အရႈပ္အေထြးထဲေရာပါသြားၿပီး မင္းသမီးရဲ႕ အေရးကိစၥကုိ ကူညီေျဖရွင္းေပးရတာကို ကစားရတာပါ ။ သူလည္း Turn-based system ပါပဲ ။ World Map ေတြ town ေတြ နဲ႔ content ေတြကေတာ့ Final Fantasy စီးရီးထံုးစံ spell, skill, ေတြနဲ႔ပါပဲ ။ ဒါေပမယ့္ ဒီဂိမ္းက realistic ပံုစံ ေ႐ွးက 2D 16bit ပံုစံ ဆြဲထားတာ မဟုတ္ပဲ တမ်ိဳးထူးျခားတယ္ ။ ဇာတ္လမ္းေလးလည္း ေတာ္ေတာ္ေကာင္းတာမို႔ JRPG ႀကိဳက္တဲ့သူေတြ စမ္းေဆာ့ၾကည့္သင့္ပါတယ္ ။

(Unicode) Offline RPG အမျိုးအစားဖြစ်ပြီး၂၀၀၀ ခုနှစ်က PS1 မှာ ထွက်ခဲ့တယ် ။ အလယ်ခေတ်စတိုင်မှာ မှော်စွမ်းအားတွေနဲ့ ရောစပ်နောက်ခံထားပြီး ဓားပြ Zedane က Alexandrian မင်းသမီး Garnet ကို အယောင်ပြပြန်ပေးဆွဲခဲ့ရာကနေ နိုင်ငံရေး အရှုပ်အထွေးထဲရောပါသွားပြီး မင်းသမီးရဲ့ အရေးကိစ္စကို ကူညီဖြေရှင်းပေးရတာကို ကစားရတာပါ ။ သူလည်း Turn-based system ပါပဲ ။ World Map တွေ town တွေ နဲ့ content တွေကတော့ Final Fantasy စီးရီးထုံးစံ spell, skill, တွေနဲ့ပါပဲ ။ ဒါပေမယ့် ဒီဂိမ်းက realistic ပုံစံ ရှေးက 2D 16bit ပုံစံ ဆွဲထားတာ မဟုတ်ပဲ တမျိုးထူးခြားတယ် ။ ဇာတ်လမ်းလေးလည်း တော်တော်ကောင်းတာမို့ JRPG ကြိုက်တဲ့သူတွေ စမ်းဆော့ကြည့်သင့်ပါတယ် ။


Download Links 


Final Fantasy Grandmasters
Final Fantasy Grandmasters 

Final Fantasy Grandmasters ကေတာ့ Final fantasy 11 ရဲ႕ spin off တစ္ခုပါ ။ Final Fantasy 11 ကေတာ့ MMORPG (massively multiplayer online role-playing game) အမ်ိဳးအစားျဖစ္ၿပီး PlayStation 2, Xbox 360 ႏွင့္ PC အတြက္ ၂၀၀၂ ခုႏွစ္က ထြက္ခဲ့တာ ျဖစ္ပါတယ္ ။ ပထမဦးဆံုး PC ႏွင့္ PlayStation 2 ၂ ခု cross-play ရခဲ့တဲ့ ဂိမ္းတစ္ခုျဖစ္ၿပီး သူ႔ကိုေဆာ့ဖို႔အတြက္ subscription လုိပါတယ္ ။ ၂၀၁၆ ခုႏွစ္မွာေတာ့ Xbox 360 ႏွင့္ PlayStation server ပိတ္ပစ္ခဲ့ၿပီး player အားလံုး PC ဘက္ကုိ ေျပာင္းေရႊ႕ခုိင္းခဲ့တာေၾကာင့္ အခုလက္ရွိမွာ Final Fantasy 11 ဟာ PC မွာပဲရေတာ့တာ ျဖစ္ပါတယ္ ။ Final Fantasy Grandmasters က ဂ်ပန္မွာပဲ ရလုိ႔ JP version ပဲ ရွိပါတယ္ ။ Online လိုၿပီး ဂိမ္းက Free to play ပါပဲ ။

(Unicode) Final Fantasy Grandmasters ကတော့ Final fantasy 11 ရဲ့ spin off တစ်ခုပါ ။ Final Fantasy 11 ကတော့ MMORPG (massively multiplayer online role-playing game) အမျိုးအစားဖြစ်ပြီး PlayStation 2, Xbox 360 နှင့် PC အတွက် ၂၀၀၂ ခုနှစ်က ထွက်ခဲ့တာ ဖြစ်ပါတယ် ။ ပထမဦးဆုံး PC နှင့် PlayStation 2 ၂ ခု cross-play ရခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး သူ့ကိုဆော့ဖို့အတွက် subscription လိုပါတယ် ။ ၂၀၁၆ ခုနှစ်မှာတော့ Xbox 360 နှင့် PlayStation server ပိတ်ပစ်ခဲ့ပြီး player အားလုံး PC ဘက်ကို ပြောင်းရွှေ့ခိုင်းခဲ့တာကြောင့် အခုလက်ရှိမှာ Final Fantasy 11 ဟာ PC မှာပဲရတော့တာ ဖြစ်ပါတယ် ။ Final Fantasy Grandmasters က ဂျပန်မှာပဲ ရလို့ JP version ပဲ ရှိပါတယ် ။ Online လိုပြီး ဂိမ်းက Free to play ပါပဲ ။

Download Links


Final Fantasy 15: Pocket Edition

Final Fantasy XV: Pocket Edition

အဲ့ဂိမ္းေလးကေတာ့ အခု mobile RPG ထဲမွာ ေက်ာ္ၾကားေနတဲ့ ဂိမ္းတစ္ခုပါ ။ Console ဂိမ္း Final Fantasy XV ကို mobile နဲ႔ကိုက္ညီေအာင္လုပ္ၿပီး ေျပာင္းထုတ္ထားတာပါ ။ Demake version မုိ႔လို႔ ႐ုပ္ထြက္ကုိ realistic မဟုတ္ပဲ စတုိင္တမ်ိဳးနဲ႔ ေျပာင္းလဲထားတာေၾကာင့္ တမ်ိဳးတမည္ ဆန္းေနတယ္ ။ gameplay အေနနဲ႔ ေျပာရရင္ console version မွာ ခလုတ္နဲ႔ ႏိွပ္ရတာကို touch screen ဖုန္းနဲ႔ ကိုက္ညီေအာင္ ဖန္တီးထားတာေၾကာင့္ control အပိုင္းမွာ အေတာ္ေလးကို ေခ်ာေမြ႔ၿပီး ထိန္းရ အဆင္ေျပတယ္ ။ 

Final Fantasy XV : Pocket Edition ဂိမ္းကေတာ့ သူ႔မူရင္းဂိမ္းအတုိင္း အက္႐ွင္ဇာတ္လမ္းသြား (action role playing) ဂိမ္းတစ္ခုျဖစ္ပါတယ္ ။ ဂိမ္းက offline ျဖစ္ေပမယ့္ ပထမတစ္ခန္းကိုပဲ အလကားေဆာ့ရမွာ ျဖစ္ၿပီး Chapter 2 ကအစ Chapter 12 အထိ ေဒၚလာနဲ႔ ဝယ္ရမွာ ျဖစ္ပါတယ္ ။

(Unicode) အဲ့ဂိမ်းလေးကတော့ အခု mobile RPG ထဲမှာ ကျော်ကြားနေတဲ့ ဂိမ်းတစ်ခုပါ ။ Console ဂိမ်း Final Fantasy XV ကို mobile နဲ့ကိုက်ညီအောင်လုပ်ပြီး ပြောင်းထုတ်ထားတာပါ ။ Demake version မို့လို့ ရုပ်ထွက်ကို realistic မဟုတ်ပဲ စတိုင်တမျိုးနဲ့ ပြောင်းလဲထားတာကြောင့် တမျိုးတမည် ဆန်းနေတယ် ။ gameplay အနေနဲ့ ပြောရရင် console version မှာ ခလုတ်နဲ့ နှိပ်ရတာကို touch screen ဖုန်းနဲ့ ကိုက်ညီအောင် ဖန်တီးထားတာကြောင့် control အပိုင်းမှာ အတော်လေးကို ချောမွေ့ပြီး ထိန်းရ အဆင်ပြေတယ် ။

Final Fantasy XV : Pocket Edition ဂိမ်းကတော့ သူ့မူရင်းဂိမ်းအတိုင်း အက်ရှင်ဇာတ်လမ်းသွား (action role playing) ဂိမ်းတစ်ခုဖြစ်ပါတယ် ။ ဂိမ်းက offline ဖြစ်ပေမယ့် ပထမတစ်ခန်းကိုပဲ အလကားဆော့ရမှာ ဖြစ်ပြီး Chapter 2 ကအစ Chapter 12 အထိ ဒေါ်လာနဲ့ ဝယ်ရမှာ ဖြစ်ပါတယ် ။


Download Links


Final Fantasy 15: A New Empire

Final Fantasy XV : A New Empire

အဲ့ဂိမ္းကေတာ့ Final Fantasy XV ကို ပံုစံပဲယူထားၿပီး COC လိုမ်ိဳး အေဆာက္အအံုေတြေဆာက္ ၊ စစ္တပ္ေတြ ထုတ္ၿပီး သူမ်ားကို သြားတုိက္လို႔ ရသလို ကုိယ့္ offline ျဖစ္တဲ့အခ်ိန္ သူမ်ားက လာတုိက္တာကို ခုခံဖို႔ လက္နက္ေတြ တံတုိင္းေတြ ဆင္ၿပီး ကာကြယ္ထားရတဲ့ real time Strategy အမ်ိဳးအစား free to play (app in purchase) online ဂိမ္းတစ္ခုပါ ။ Final Fantasy 15 ဇာတ္လမ္းသြား ကစားရမွာ မဟုတ္ဘူး ။ ဒါေပမယ့္ မဆုိးပါဘူး ရုပ္ထြက္လည္းေကာင္း ေဆာ့ရလည္းေကာင္းပါတယ္ ။ COC ႀကိဳက္သမားဆိုရင္ေတာ့ အဲ့ဂိမ္းကို ႀကိဳက္လိမ့္မယ္လို႔ ထင္ပါတယ္ ။

(Unicode) အဲ့ဂိမ်းကတော့ Final Fantasy XV ကို ပုံစံပဲယူထားပြီး COC လိုမျိုး အဆောက်အအုံတွေဆောက် ၊ စစ်တပ်တွေ ထုတ်ပြီး သူများကို သွားတိုက်လို့ ရသလို ကိုယ့် offline ဖြစ်တဲ့အချိန် သူများက လာတိုက်တာကို ခုခံဖို့ လက်နက်တွေ တံတိုင်းတွေ ဆင်ပြီး ကာကွယ်ထားရတဲ့ real time Strategy အမျိုးအစား free to play (app in purchase) online ဂိမ်းတစ်ခုပါ ။ Final Fantasy 15 ဇာတ်လမ်းသွား ကစားရမှာ မဟုတ်ဘူး ။ ဒါပေမယ့် မဆိုးပါဘူး ရုပ်ထွက်လည်းကောင်း ဆော့ရလည်းကောင်းပါတယ် ။ COC ကြိုက်သမားဆိုရင်တော့ အဲ့ဂိမ်းကို ကြိုက်လိမ့်မယ်လို့ ထင်ပါတယ် ။


Download Links


King's Knight: Wrath of the Dark Dragon

Kings Knight: Wrath of the Dark Dragon

အဲ့ဂိမ္းေလး ေတာ္ေတာ္မုိက္တယ္ ။ သူက action rpg အမ်ိဳးအစားေပမယ့္ Ninja Jump ဂိမ္းမ်ိဳး အဆက္မျပတ္ ေအာ္တိုေျပးေနရင္း လမ္းမွာ႐ွိတဲ့ ရန္သူေတြ အတားအဆီးေတြကို power ေတြ spell ေတြ ထုတ္ၿပီး ခ်ရတာ ။ character ၄ ေယာက္ေခၚခြင့္႐ွိၿပီး ခ်ေနရင္း တစ္ေယာက္ၿပီး တစ္ေယာက္ ေျပာင္းၿပီး ခ်လို႔ရတယ္ ။ NES မွာ ထြက္ခဲ့တဲ့ scrolling shooting အမ်ိဳးအစားျဖစ္တဲ့ King's Knight ကုိ Story အသစ္ world အသစ္နဲ႔ remake ျပန္လုပ္ထားတာ ျဖစ္ပါတယ္ ။ Kings Knight: Wrath of the Dark Dragon ကေတာ့ free to play (app in purchase) အမ်ိဳးအစားပါ ။ Final Fantasy XV မွာ Noctis နဲ႔ သူ႔သူငယ္ခ်င္းတစ္သိုက္ ကစားျပေနတဲ့ဂိမ္းက အဲ့ဒီ ဂိမ္းပါပဲ ။ ၄ ေယာက္အထိ ပါဝင္ကစားႏုိင္မယ့္ co-op multiplayer mode လည္း ပါေသးတယ္ ။

(Unicode) အဲ့ဂိမ်းလေး တော်တော်မိုက်တယ် ။ သူက action rpg အမျိုးအစားပေမယ့် Ninja Jump ဂိမ်းမျိုး အဆက်မပြတ် အော်တိုပြေးနေရင်း လမ်းမှာရှိတဲ့ ရန်သူတွေ အတားအဆီးတွေကို power တွေ spell တွေ ထုတ်ပြီး ချရတာ ။ character ၄ ယောက်ခေါ်ခွင့်ရှိပြီး ချနေရင်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး ချလို့ရတယ် ။ NES မှာ ထွက်ခဲ့တဲ့ scrolling shooting အမျိုးအစားဖြစ်တဲ့ King's Knight ကို Story အသစ် world အသစ်နဲ့ remake ပြန်လုပ်ထားတာ ဖြစ်ပါတယ် ။ Kings Knight: Wrath of the Dark Dragon ကတော့ free to play (app in purchase) အမျိုးအစားပါ ။ Final Fantasy XV မှာ Noctis နဲ့ သူ့သူငယ်ချင်းတစ်သိုက် ကစားပြနေတဲ့ဂိမ်းက အဲ့ဒီ ဂိမ်းပါပဲ ။ ၄ ယောက်အထိ ပါဝင်ကစားနိုင်မယ့် co-op multiplayer mode လည်း ပါသေးတယ် ။


Download Links

Kings Knight: Wrath of the Dark Dragon (Android)
Kings Knight: Wrath of the Dark Dragon (iOS)

Dissidia Final Fantasy Opera Omnia

Dissidia Final Fantasy Opera Omnia

PS4 ႏွင့္ PS Vita မွာပဲ ထြက္ခဲ့တဲ့ Dissidia Final Fantasy NT ရဲ႕ mobile version ပါ ။ Dissidia Final Fantasy NT ကေတာ့ Final Fantasy စီးရီးမ်ားစြာက Hero ေတြကို ကိုင္ရမွာ ျဖစ္ၿပီး ၃ ေယာက္ပါ အဖြဲ႔နဲ႔ ၂ ဖြဲ႔ အေသအေၾက တုိက္ခုိက္ရတဲ့ Action, Arcade fighting ဂိမ္းအမ်ိဳးအစားပါ ။ တစ္ေယာက္ခ်င္းစီရဲ႕ ထူးျခားတဲ့ skill ေတြ spell ေတြ တုိက္ကြက္ေတြနဲ႔ တုိက္ခုိက္ရမယ့္ ဂိမ္းအမ်ိဳးအစားျဖစ္ေပမယ့္ ဇာတ္လမ္းသြားပါ ပါေသးတယ္ ။ Dissidia Final Fantasy Opera Omnia က အဲ့ဒီမူရင္းဂိမ္းကအတိုင္းယူထားတာ ျဖစ္ၿပီး battle system မွာေတာ့ turn based ျဖစ္သြားတယ္ ။

(Unicode) PS4 နှင့် PS Vita မှာပဲ ထွက်ခဲ့တဲ့ Dissidia Final Fantasy NT ရဲ့ mobile version ပါ ။ Dissidia Final Fantasy NT ကတော့ Final Fantasy စီးရီးများစွာက Hero တွေကို ကိုင်ရမှာ ဖြစ်ပြီး ၃ ယောက်ပါ အဖွဲ့နဲ့ ၂ ဖွဲ့ အသေအကြေ တိုက်ခိုက်ရတဲ့ Action, Arcade fighting ဂိမ်းအမျိုးအစားပါ ။ တစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့ skill တွေ spell တွေ တိုက်ကွက်တွေနဲ့ တိုက်ခိုက်ရမယ့် ဂိမ်းအမျိုးအစားဖြစ်ပေမယ့် ဇာတ်လမ်းသွားပါ ပါသေးတယ် ။ Dissidia Final Fantasy Opera Omnia က အဲ့ဒီမူရင်းဂိမ်းကအတိုင်းယူထားတာ ဖြစ်ပြီး battle system မှာတော့ turn based ဖြစ်သွားတယ် ။


Download Links

Dissidia Final Fantasy Opera Omnia (Android)
Dissidia Final Fantasy Opera Omnia (iOS)

Final Fantasy Meli Melo
Final Fantasy Meli Melo

Final Fantasy Meli Melo ကေတာ့ PS4, PS Vita ႏွင့္ PC မွာ ထြက္ခဲ့တဲ့ World of Final Fantasy ဂိမ္းကို mobile platform ျဖစ္တဲ့ iOS ႏွင့္ Andriod အတြက္ ေျပာင္းထုတ္တာ ျဖစ္ပါတယ္ ။ World of Final Fantasy က သူ႔ကုိယ္ပိုင္ဇာတ္လမ္းမွာ ေ႐ွ႕က Final Fantasy စီးရီးေတြက Hero ေတြနဲ႔ ဇာတ္အိမ္ဖြဲ႔ထားတယ္ ။ အဲ့ဂိမ္းရဲ႕ ထူးျခားခ်က္ကေတာ့ အရမ္းခ်စ္စရာေကာင္းတဲ့ chibi ႐ုပ္ထြက္ေတြနဲ႔ လုပ္ထားတာပဲ ျဖစ္တယ္ ။ RPG online multiplayer အမ်ိဳးအစား ျဖစ္ၿပီး turn based battle စနစ္ပါပဲ ။ Mirage ဆိုတဲ့ အေကာင္ေလးေတြ ဖမ္းမယ္ train မယ္ ၊ မူရင္းဂိမ္းက stacking system လည္း ပါတာမုိ႔ တေကာင္နဲ႔ တေကာင္ ထပ္တင္ၿပီး battle ခ်ႏုိင္မယ္ ။ ဇာတ္လမ္းသြားကို တေယာက္တည္း ေဆာ့ႏုိင္သလို online ခ်ိတ္ၿပီး သူငယ္ခ်င္းနဲ႔အတူ multiplayer ေဆာ့ႏုိင္မယ္ ။ gameplay ကေတာ့ ဒီေလာက္ပါပဲ ။ turn based ေပမယ့္ gameplay က တမ်ိဳးကြဲထြက္ေနတာရယ္ ႐ုပ္ထြက္က ခ်စ္စရာေကာင္းလြန္းေနတာရယ္က သမ႐ိုးက် ေတြထက္ feel အသစ္ရမွာပါ ။ ဆိုးတာတခုက English version အခုထိ မထြက္လာေသးဘူး ။

(Unicode) Final Fantasy Meli Melo ကတော့ PS4, PS Vita နှင့် PC မှာ ထွက်ခဲ့တဲ့ World of Final Fantasy ဂိမ်းကို mobile platform ဖြစ်တဲ့ iOS နှင့် Andriod အတွက် ပြောင်းထုတ်တာ ဖြစ်ပါတယ် ။ World of Final Fantasy က သူ့ကိုယ်ပိုင်ဇာတ်လမ်းမှာ ရှေ့က Final Fantasy စီးရီးတွေက Hero တွေနဲ့ ဇာတ်အိမ်ဖွဲ့ထားတယ် ။ အဲ့ဂိမ်းရဲ့ ထူးခြားချက်ကတော့ အရမ်းချစ်စရာကောင်းတဲ့ chibi ရုပ်ထွက်တွေနဲ့ လုပ်ထားတာပဲ ဖြစ်တယ် ။ RPG online multiplayer အမျိုးအစား ဖြစ်ပြီး turn based battle စနစ်ပါပဲ ။ Mirage ဆိုတဲ့ အကောင်လေးတွေ ဖမ်းမယ် train မယ် ၊ မူရင်းဂိမ်းက stacking system လည်း ပါတာမို့ တကောင်နဲ့ တကောင် ထပ်တင်ပြီး battle ချနိုင်မယ် ။ ဇာတ်လမ်းသွားကို တယောက်တည်း ဆော့နိုင်သလို online ချိတ်ပြီး သူငယ်ချင်းနဲ့အတူ multiplayer ဆော့နိုင်မယ် ။ gameplay ကတော့ ဒီလောက်ပါပဲ ။ turn based ပေမယ့် gameplay က တမျိုးကွဲထွက်နေတာရယ် ရုပ်ထွက်က ချစ်စရာကောင်းလွန်းနေတာရယ်က သမရိုးကျ တွေထက် feel အသစ်ရမှာပါ ။ ဆိုးတာတခုက English version အခုထိ မထွက်လာသေးဘူး ။


Download Links

Final Fantasy Meli Melo (Android)
Final Fantasy Meli Melo (iOS)

Final Fantasy Tactics
Final Fantasy Tactics: The War of Lions

Final Fantasy Tactics: The War of Lions က ၁၉၉၇ က PS1 မွာ ထြက္ခဲ့တဲ့ Final Fantasy Tactics ရဲ႕ updated version တစ္ခုပါ ။ PSP မွာလည္း ထြက္ခဲ့ပါေသးတယ္ ။ ၂၀၁၅ မွာမွ iOS နဲ႔ andriod အတြက္ ထြက္ခဲ့တာပါ ။ ဂိမ္းရဲ႕ Ivalice က setting ကို ယူထားၿပီး ဇာတ္လမ္းကေတာ့ အညတရ ေၾကးစားစစ္သား Ramza က ျပည္တြင္းပဋိပကၡႏွင့္ ေ႐ွးေဟာင္းနတ္ဆုိးေတြအၾကား ပါဝင္ပတ္သက္မိရာကေန ကမၻာႀကီးရဲ႕ တာဝန္ကို ထမ္းေဆာင္ရတဲ့ အေၾကာင္း ကစားရမွာပါ ။ ထံုးစံအတုိင္း ေလ်ွာက္သြားလို႔ရမယ့္ world map ႐ွိမယ္ ။ town ေတြမွာ equipment ေတြ ဝယ္ႏုိင္မယ္ ။ battle system ကေတာ့ chess လိုမ်ိဳး ေရႊ႔ႏုိင္တဲ့အကြက္ေတြနဲ႔ တေကာင္နဲ႔ တေကာင္ ေရႊ႔ကြက္ေတြက မတူဘူး ။ power ေတြလည္း မတူဘူး ။ ဒါကေတာ့ အဲ့ဂိမ္းရဲ႕ ထူးျခားခ်က္ေပါ့ေလ ။

(Unicode) Final Fantasy Tactics: The War of Lions က ၁၉၉၇ က PS1 မှာ ထွက်ခဲ့တဲ့ Final Fantasy Tactics ရဲ့ updated version တစ်ခုပါ ။ PSP မှာလည်း ထွက်ခဲ့ပါသေးတယ် ။ ၂၀၁၅ မှာမှ iOS နဲ့ andriod အတွက် ထွက်ခဲ့တာပါ ။ ဂိမ်းရဲ့ Ivalice က setting ကို ယူထားပြီး ဇာတ်လမ်းကတော့ အညတရ ကြေးစားစစ်သား Ramza က ပြည်တွင်းပဋိပက္ခနှင့် ရှေးဟောင်းနတ်ဆိုးတွေအကြား ပါဝင်ပတ်သက်မိရာကနေ ကမ္ဘာကြီးရဲ့ တာဝန်ကို ထမ်းဆောင်ရတဲ့ အကြောင်း ကစားရမှာပါ ။ ထုံးစံအတိုင်း လျှောက်သွားလို့ရမယ့် world map ရှိမယ် ။ town တွေမှာ equipment တွေ ဝယ်နိုင်မယ် ။ battle system ကတော့ chess လိုမျိုး ရွှေ့နိုင်တဲ့အကွက်တွေနဲ့ တကောင်နဲ့ တကောင် ရွှေ့ကွက်တွေက မတူဘူး ။ power တွေလည်း မတူဘူး ။ ဒါကတော့ အဲ့ဂိမ်းရဲ့ ထူးခြားချက်ပေါ့လေ ။


Download Links

Final Fantasy Tactics: The War of Lions (Android)
Final Fantasy Tactics: The War of Lions (iOS)

Final Fantasy Dimension 2 (Final Fantasy Legends 2)

Final Fantasy Dimension II (Final Fantasy Legends II)

Gameplay: turn based
Mode: offline
Graphic: 2D

Final Fantasy Dimension II ကို ေျပာရရင္ သူ႔ေ႐ွ႕မွာ တစ္ခု ႐ွိခဲ့ပါတယ္ ။ အဲ့ဒါကေတာ့ ၂၀၁၂ က ထြက္ခဲ့တဲ့ turn base ဂိမ္းတစ္ခု ျဖစ္တဲ့ Final Fantasy Dimension I ပါပဲ ။ ဂ်ပန္မွာ Final Fantasy Legend ဆိုတဲ့ နာမည္နဲ႔ ထြက္ခဲ့ပါတယ္ ။ Final Fantasy Dimension I ကေတာ့ online လိုၿပီး free to play (with micro transaction) အမ်ိဳးအစား တစ္ခုပါ ။ ၿပီးခဲ့တဲ့ ႏွစ္ ၁၀ လပိုင္းတုန္းက service အၿပီးပိတ္ခဲ့ၿပီး ဖ်က္သိမ္းခဲ့ပါတယ္ ။ သူ႔ေနရာကို ဆက္ခံခဲ့တာကေတာ့ အခုေျပာေနတဲ့ Final Dimension II ပါပဲ ။ ဂ်ပန္မွာေတာ့ Final Fantasy Legends II ။ ဇာတ္လမ္းကေတာ့ တူတူပါပဲ ။ Warriors of Light ႏွင့္ Warriors of Darkness အုပ္စု ၂ စု ကေန သူတျပန္ ငါတျပန္နဲ႔ အားၿပိဳင္ၾကၿပီး ဇာတ္လိုက္နဲ႔ အဖြဲ႔သားေတြက ပ်က္စီးယိုယြင္းေနတဲ့ ကမၻာႀကီးကို ျပန္ဆယ္ရင္း Avalon Empire ရဲ႕ ဖ်က္ဆီးေရးအစီအစဥ္ ပ်က္စီးသြားေအာင္ လုပ္ရတဲ့ ဇာတ္လမ္း ျဖစ္ပါတယ္ ။ Open world, quest, armor equipment စတာေတြေတာ့ ထံုးစံအတုိင္း ပါပဲ ။

(Unicode) Final Fantasy Dimension II ကို ပြောရရင် သူ့ရှေ့မှာ တစ်ခု ရှိခဲ့ပါတယ် ။ အဲ့ဒါကတော့ ၂၀၁၂ က ထွက်ခဲ့တဲ့ turn base ဂိမ်းတစ်ခု ဖြစ်တဲ့ Final Fantasy Dimension I ပါပဲ ။ ဂျပန်မှာ Final Fantasy Legend ဆိုတဲ့ နာမည်နဲ့ ထွက်ခဲ့ပါတယ် ။ Final Fantasy Dimension I ကတော့ online လိုပြီး free to play (with micro transaction) အမျိုးအစား တစ်ခုပါ ။ ပြီးခဲ့တဲ့ နှစ် ၁၀ လပိုင်းတုန်းက service အပြီးပိတ်ခဲ့ပြီး ဖျက်သိမ်းခဲ့ပါတယ် ။ သူ့နေရာကို ဆက်ခံခဲ့တာကတော့ အခုပြောနေတဲ့ Final Dimension II ပါပဲ ။ ဂျပန်မှာတော့ Final Fantasy Legends II ။ ဇာတ်လမ်းကတော့ တူတူပါပဲ ။ Warriors of Light နှင့် Warriors of Darkness အုပ်စု ၂ စု ကနေ သူတပြန် ငါတပြန်နဲ့ အားပြိုင်ကြပြီး ဇာတ်လိုက်နဲ့ အဖွဲ့သားတွေက ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာကြီးကို ပြန်ဆယ်ရင်း Avalon Empire ရဲ့ ဖျက်ဆီးရေးအစီအစဉ် ပျက်စီးသွားအောင် လုပ်ရတဲ့ ဇာတ်လမ်း ဖြစ်ပါတယ် ။ Open world, quest, armor equipment စတာတွေတော့ ထုံးစံအတိုင်း ပါပဲ ။


Download Links

Final Fantasy Dimension II (Final Fantasy Legends II) (Android)
Final Fantasy Dimension II (Final Fantasy Legends II) (iOS)

Mobius Final Fantasy

Mobius Final Fantasy

RPG အမ်ိဳးအစား online free to play ဂိမ္းတစ္ခုပါ ။ ထူးျခားတာတစ္ခုကေတာ့ 3D ရုပ္ထြက္ကုိ HD နဲ႔ ဆြဲထားလုိ႔ graphic က ေတာ္ေတာ္လွတယ္ ။ turn-based combat ကို job နဲ႔ တြဲထားတဲ့ battle system ျဖစ္ပါတယ္ ။ Wol ဆိုတဲ့ ဇာတ္လိုက္က Palamecia ရဲ႕တစ္ေနရာမွာ ေမ့ေနရာကေန ႏိုးထလာၿပီး အေမွာင္ႀကီးစိုးေနတဲ့ ကမၻာႀကီးကို ကယ္တင္တဲ့ ဇာတ္လမ္းပါ ။ Wol ဆိုတဲ့ character ေနရာမွာ ကုိယ့္စိတ္ႀကိဳက္နာမည္ေပးၿပီး ကစားရတာပါ ။ ဇာတ္လမ္းအလုိက္ေဆာ့ရင္း တစ္ေနရာေရာက္ရင္ female character ေျပာင္းသြားတယ္ XD ။ Mobius Final Fantasy ကေတာ့ Google Play မွာ Most beautiful game award ၊ download အဆြဲမ်ားဆံုး ဂိမ္းဆု ၊ Apple App Store မွာ Best game award စတဲ့ ဆုေတြ ရတဲ့ ဂိမ္းတစ္ခုပါပဲ ။ PC အတြက္ steam မွာထြက္ထားေသးတယ္ ။ Free to play အမ်ိဳးအစားပါပဲ ။

(Unicode) RPG အမျိုးအစား online free to play ဂိမ်းတစ်ခုပါ ။ ထူးခြားတာတစ်ခုကတော့ 3D ရုပ်ထွက်ကို HD နဲ့ ဆွဲထားလို့ graphic က တော်တော်လှတယ် ။ turn-based combat ကို job နဲ့ တွဲထားတဲ့ battle system ဖြစ်ပါတယ် ။ Wol ဆိုတဲ့ ဇာတ်လိုက်က Palamecia ရဲ့တစ်နေရာမှာ မေ့နေရာကနေ နိုးထလာပြီး အမှောင်ကြီးစိုးနေတဲ့ ကမ္ဘာကြီးကို ကယ်တင်တဲ့ ဇာတ်လမ်းပါ ။ Wol ဆိုတဲ့ character နေရာမှာ ကိုယ့်စိတ်ကြိုက်နာမည်ပေးပြီး ကစားရတာပါ ။ ဇာတ်လမ်းအလိုက်ဆော့ရင်း တစ်နေရာရောက်ရင် female character ပြောင်းသွားတယ် XD ။ Mobius Final Fantasy ကတော့ Google Play မှာ Most beautiful game award ၊ download အဆွဲများဆုံး ဂိမ်းဆု ၊ Apple App Store မှာ Best game award စတဲ့ ဆုတွေ ရတဲ့ ဂိမ်းတစ်ခုပါပဲ ။ PC အတွက် steam မှာထွက်ထားသေးတယ် ။ Free to play အမျိုးအစားပါပဲ ။


Download Links


Final Fantasy Brave Exvius
Final Fantasy Brave Exvius

Final Fantasy Brave Exvius ဂိမ္းက free to play role playing game အမ်ိဳးအစားျဖစ္ၿပီး ၂၀၁၅ မွာ ဂ်ပန္မွာ အရင္ထြက္ခဲ့ပါတယ္ ။ ၂၀၁၆ မွာမွ English version နဲ႔ worldwide ျဖန္႔ခဲ့တယ္ ။ ဇာတ္လမ္းက Rain ႏွင့္ Lasswel ဆိုတဲ့ သူငယ္ခ်င္း ၂ ေယာက္ နဲ႔ မိန္းကေလး Fina တုိ႔က ကမၻာႀကီးရဲ႕ အရင္းျမစ္ျဖစ္တဲ့ crystal ကုိ လုိက္ဖ်က္ဆီးေနတဲ့ Veritas ေနာက္ကိုလုိက္ၿပီး တားဆီးတဲ့ ဇာတ္လမ္းေလးပါ ။ ဇာတ္လမ္းက အခုထိ အဆံုးမသတ္ေသးဘူး ။ ၅ ေယာက္တစ္ဖြဲ႕နဲ႔ ပါတီအလုိက္ ခ်ရတယ္ ။ hero ေတြက Final Fantasy စီးရီးေပါင္းစံုထဲက hero ေတြပါတယ္ ။ world map ေပၚ dungeon ေတြ trial ေတြ town ေတြနဲ႔ ၊ armor equipment ေပါင္းစံု၊ skill , spell ေပါင္းစံုနဲ႔ item ေပါင္းစံု craft ႏုိင္တာေတြေကာပါလို႔ content ေတာ္ေတာ္မ်ားပါတယ္ ။ battle system ကေတာ့ turn based ပါပဲ ။ သူကေတာ့ online game မို႔လုိ႔ ကစားရင္ online ဖြင့္ထားဖို႔လုိပါတယ္ ။ graphic က 2D ကို HD နဲ႔။

(Unicode) Final Fantasy Brave Exvius ဂိမ်းက free to play role playing game အမျိုးအစားဖြစ်ပြီး ၂၀၁၅ မှာ ဂျပန်မှာ အရင်ထွက်ခဲ့ပါတယ် ။ ၂၀၁၆ မှာမှ English version နဲ့ worldwide ဖြန့်ခဲ့တယ် ။ ဇာတ်လမ်းက Rain နှင့် Lasswel ဆိုတဲ့ သူငယ်ချင်း ၂ ယောက် နဲ့ မိန်းကလေး Fina တို့က ကမ္ဘာကြီးရဲ့ အရင်းမြစ်ဖြစ်တဲ့ crystal ကို လိုက်ဖျက်ဆီးနေတဲ့ Veritas နောက်ကိုလိုက်ပြီး တားဆီးတဲ့ ဇာတ်လမ်းလေးပါ ။ ဇာတ်လမ်းက အခုထိ အဆုံးမသတ်သေးဘူး ။ ၅ ယောက်တစ်ဖွဲ့နဲ့ ပါတီအလိုက် ချရတယ် ။ hero တွေက Final Fantasy စီးရီးပေါင်းစုံထဲက hero တွေပါတယ် ။ world map ပေါ် dungeon တွေ trial တွေ town တွေနဲ့ ၊ armor equipment ပေါင်းစုံ၊ skill , spell ပေါင်းစုံနဲ့ item ပေါင်းစုံ craft နိုင်တာတွေကောပါလို့ content တော်တော်များပါတယ် ။ battle system ကတော့ turn based ပါပဲ ။ သူကတော့ online game မို့လို့ ကစားရင် online ဖွင့်ထားဖို့လိုပါတယ် ။ graphic က 2D ကို HD နဲ့။


Download Links


Chocobo's chocolate and farm (チョコボのチョコッと農園)
Chocobo's chocolate and farm (チョコボのチョコッと農園)

ဒီဂိမ္းကေတာ့ JP မွ JP only စစ္စစ္ ။ JP ဖုန္းနံပတ္နဲ႔ပဲ register လုပ္ၿပီး ေဆာ့လို႔ရတယ္ ။ ကေလးေတြအတြက္ ရည္ရြယ္ၿပီး ဆြဲထားတဲ့ ဂိမ္း ။ အထဲမွာ chocobo ေလးေတြ ေမြး၊ မ်ိဳးေစ့ေတြ ေရာစပ္ၿပီး အပင္ေတြ စိုက္ရတယ္ ။ ျခံစည္းရိုးေတြကာ ဘာညာနဲ႔ စိုက္ပ်ိဳးေရးဂိမ္းတစ္ခုပါ ။

(Unicode) ဒီဂိမ်းကတော့ JP မှ JP only စစ်စစ် ။ JP ဖုန်းနံပတ်နဲ့ပဲ register လုပ်ပြီး ဆော့လို့ရတယ် ။ ကလေးတွေအတွက် ရည်ရွယ်ပြီး ဆွဲထားတဲ့ ဂိမ်း ။ အထဲမှာ chocobo လေးတွေ မွေး၊ မျိုးစေ့တွေ ရောစပ်ပြီး အပင်တွေ စိုက်ရတယ် ။ ခြံစည်းရိုးတွေကာ ဘာညာနဲ့ စိုက်ပျိုးရေးဂိမ်းတစ်ခုပါ ။


Download Links


Crystal Defenders
Crystal Defender

Battle system: turn based tower defense
Mode: offline, paid
Graphic: 2D

Crystal Defender ဂိမ္​းက်​ေတာ့ tower defense အမ်ိဳးအစားပါ ။ ရန္​သူလာရာ လမ္​းတစ္​​ေလ်ွာက္​မွာ tower ​ေလး​ေတြ ​ေထာင္​ၿပီး ကုိယ္​့ဆီ ဝင္​မလာ​ေအာင္​ ကာကြယ္ရတာပါ ။ Final Fantasy 12 က Ivalice ပံုစံအေနအထားနဲ႔  Final Fantasy Tactics A2: Grimoire of the Rift က ဒီဇိုင္း element ေတြ ယူထားတယ္ ။ tower က Final Fantasy ထဲက hero ေတြေပါ့ ။

(Unicode) Crystal Defender ဂိမ်​းကျ​တော့ tower defense အမျိုးအစားပါ ။ ရန်​သူလာရာ လမ်​းတစ်​​လျှောက်​မှာ tower ​လေး​တွေ ​ထောင်​ပြီး ကိုယ်​့ဆီ ဝင်​မလာ​အောင်​ ကာကွယ်ရတာပါ ။ Final Fantasy 12 က Ivalice ပုံစံအနေအထားနဲ့  Final Fantasy Tactics A2: Grimoire of the Rift က ဒီဇိုင်း element တွေ ယူထားတယ် ။ tower က Final Fantasy ထဲက hero တွေပေါ့ ။


Download Links


Triple Triad
Triple Triad

Triple Triad က card game အမ်ိဳးအစားပါ ။ မူလအစက Final Fantasy 14 (MMORPG) ဂိမ္းထဲမွာပဲ ကစားလို႔ရတဲ့ mini game ေလးတစ္ခုပါ ။ ေနာက္ေတာ့ Final Fantasy 14 မွာ ကစားတဲ့သူေတြက အဲ့ဂိမ္းကစားတာ မ်ားၿပီး အေတာ္ေလးေက်ာ္ၾကားလာေတာ့ Square Enix က သူ႔ခ်ည္းသပ္သပ္ ထုတ္ၿပီး iOS နဲ႔ Andriod အတြက္ ၂၀၁၅ မွာ ထုတ္ေပးခဲ့တယ္ ။ ေဆာ့နည္းကေတာ့ ကဒ္တစ္ခုမွာ ေလးဘက္ေလးတန္မွာ ဂဏန္း ၁ လံုးစီပါတယ္ ။ လာခ်မယ့္ ေဘးခ်င္းကပ္ ၿပိဳင္ဘက္ကဒ္ရဲ႕ ဂဏန္းက ကုိယ့္ဂဏန္းထက္ ငယ္ရင္ ကုိယ္ႏုိင္တယ္ ။ အဲ့လိုနဲ႔ ၿပိဳင္ဘက္ကို အႏုိင္တုိက္ရတာ ။ ဂဏန္းႀကီးတဲ့ ကဒ္ေတြက ႐ွားပါးလို႔ ႐ွာရခက္တယ္ ။ Triple Triad ဂိမ္းမွာက event ေတြ ဘာေတြက ကဒ္ႀကီးေတြရသလို Triple Triad ဂိမ္းေဆာ့ရင္း portal point ေတြ စုလို႔ရတယ္ ။ portal point က Final Fantasy portal application က ပစၥည္းေတြ bonus ေတြ ေနာက္ၿပီး ကဒ္အေကာင္းစားေတြနဲ႔ လဲလို႔ရတယ္ ။ ခက္တာတစ္ခုက Final Fantasy Portal application ထဲကပဲ အဲ့ဂိမ္းကို download ဆြဲယူ ေဆာ့လို႔ရတာပဲ ။ 

(Unicode) Triple Triad က card game အမျိုးအစားပါ ။ မူလအစက Final Fantasy 14 (MMORPG) ဂိမ်းထဲမှာပဲ ကစားလို့ရတဲ့ mini game လေးတစ်ခုပါ ။ နောက်တော့ Final Fantasy 14 မှာ ကစားတဲ့သူတွေက အဲ့ဂိမ်းကစားတာ များပြီး အတော်လေးကျော်ကြားလာတော့ Square Enix က သူ့ချည်းသပ်သပ် ထုတ်ပြီး iOS နဲ့ Andriod အတွက် ၂၀၁၅ မှာ ထုတ်ပေးခဲ့တယ် ။ ဆော့နည်းကတော့ ကဒ်တစ်ခုမှာ လေးဘက်လေးတန်မှာ ဂဏန်း ၁ လုံးစီပါတယ် ။ လာချမယ့် ဘေးချင်းကပ် ပြိုင်ဘက်ကဒ်ရဲ့ ဂဏန်းက ကိုယ့်ဂဏန်းထက် ငယ်ရင် ကိုယ်နိုင်တယ် ။ အဲ့လိုနဲ့ ပြိုင်ဘက်ကို အနိုင်တိုက်ရတာ ။ ဂဏန်းကြီးတဲ့ ကဒ်တွေက ရှားပါးလို့ ရှာရခက်တယ် ။ Triple Triad ဂိမ်းမှာက event တွေ ဘာတွေက ကဒ်ကြီးတွေရသလို Triple Triad ဂိမ်းဆော့ရင်း portal point တွေ စုလို့ရတယ် ။ portal point က Final Fantasy portal application က ပစ္စည်းတွေ bonus တွေ နောက်ပြီး ကဒ်အကောင်းစားတွေနဲ့ လဲလို့ရတယ် ။ ခက်တာတစ်ခုက Final Fantasy Portal application ထဲကပဲ အဲ့ဂိမ်းကို download ဆွဲယူ ဆော့လို့ရတာပဲ ။ 


Download Links
Triple Triad က အျပင္မွာ app ဆိုလို႔ သပ္သပ္မရွိေတာ့ Final Fantasy Portal app အရင္ download ဆြဲ install လုပ္၊ ဝင္ၾကည့္ၿပီးမွ အဲ့ကေနတဆင့္ ကစားရတာပါ ။ အျပင္မွာရွိတဲ့ Triple Triad က Square Enix က မဟုတ္ဘူး ။ တျခား ဂိမ္းကုမၸဏီက ထုတ္ထားတာေတြ ။
Triple Triad က အပြင်မှာ app ဆိုလို့ သပ်သပ်မရှိတော့ Final Fantasy Portal app အရင် download ဆွဲ install လုပ်၊ ဝင်ကြည့်ပြီးမှ အဲ့ကနေတဆင့် ကစားရတာပါ ။ အပြင်မှာရှိတဲ့ Triple Triad က Square Enix က မဟုတ်ဘူး ။ တခြား ဂိမ်းကုမ္ပဏီက ထုတ်ထားတာတွေ ။

Final Fantasy Record Keeper
Final Fantasy Record Keeper

RPG အမ်ိဳးအစား ။ ဇာတ္လမ္းကေတာ့ darkness ဝင္ေႏွာင့္လိုက္လို႔ ကေျပာင္းကျပန္ ျဖစ္ကုန္တဲ့ Final Fantasy စီးရီးအသီးသီးက Realm ရဲ႕ history ကို နဂိုအတုိင္းျဖစ္ေအာင္ ကုိယ္က ထိန္းသိမ္းေပးရတာကို ကစားရတာပါ ။ ႐ုပ္ထြက္က ေ႐ွးတုန္းက 2D ပံုစံယူထားတာ ဆုိေတာ့ ၾကည့္ရတာ သိပ္မေကာင္းေပမယ့္ content ေတြကေတာ့ အေတာ္ႀကီးကို စံုတယ္ ။ သူက online ဆုိေတာ့ weekly event တုိ႔ daily log in bonus တုိ႔ cross event တို႔ စတာေတြ ႐ွိေတာ့ ကစားရ ေပ်ာ္ပါတယ္ ။

(Unicode) RPG အမျိုးအစား ။ ဇာတ်လမ်းကတော့ darkness ဝင်နှောင့်လိုက်လို့ ကပြောင်းကပြန် ဖြစ်ကုန်တဲ့ Final Fantasy စီးရီးအသီးသီးက Realm ရဲ့ history ကို နဂိုအတိုင်းဖြစ်အောင် ကိုယ်က ထိန်းသိမ်းပေးရတာကို ကစားရတာပါ ။ ရုပ်ထွက်က ရှေးတုန်းက 2D ပုံစံယူထားတာ ဆိုတော့ ကြည့်ရတာ သိပ်မကောင်းပေမယ့် content တွေကတော့ အတော်ကြီးကို စုံတယ် ။ သူက online ဆိုတော့ weekly event တို့ daily log in bonus တို့ cross event တို့ စတာတွေ ရှိတော့ ကစားရ ပျော်ပါတယ် ။


Download Links

Final Fantasy Record Keeper (Android)
Final Fantasy Record Keeper (iOS)

Pictlogica Final Fantasy
Pictlogica Final Fantasy

အဲ့ဂိမ္းက ေတာ္ေတာ္စိတ္ဝင္စားဖို႔ ေကာင္းတယ္ ။ RPG ေပမယ့္ အက္႐ွင္နဲ႔ puzzle ေရာထားတဲ့ ဂိမ္း ။ puzzle က ေလးေထာင့္တံုးေလးေတြ 5x5 အကြက္မွာ ေပးထားတဲ့ အေရအတြက္အလိုက္႔ ေနရာခ်ရတာ ။ တခါကစားရင္ ၃ ပြဲ ၄ ပြဲ ဆက္တုိက္နဲ႔ ေပးထားတဲ့ puzzle ကို အျမန္ဆံုး ေျဖ႐ွင္းရတယ္ ။ ႏွေျမာစရာက အဲ့ဂိမ္းလည္း JP only ပဲ ။ ၂၀၁၃ တုန္းက iOS နဲ႔ Andriod အတြက္​ ထြက္ခဲ့ၿပီး ၂၀၁၇ မွာ Nintendo 3DS အတြက္ ထြက္လာခဲ့တယ္ ။ ဖုန္းမွာေတာ့ offline ပါ တခါတေလ leaderboard မွာ rank စီဖို႔အတြက္ online ခ်ိတ္ေပးရတာက လြဲလို႔ ။

(Unicode) အဲ့ဂိမ်းက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ် ။ RPG ပေမယ့် အက်ရှင်နဲ့ puzzle ရောထားတဲ့ ဂိမ်း ။ puzzle က လေးထောင့်တုံးလေးတွေ 5x5 အကွက်မှာ ပေးထားတဲ့ အရေအတွက်အလိုက့် နေရာချရတာ ။ တခါကစားရင် ၃ ပွဲ ၄ ပွဲ ဆက်တိုက်နဲ့ ပေးထားတဲ့ puzzle ကို အမြန်ဆုံး ဖြေရှင်းရတယ် ။ နှမြောစရာက အဲ့ဂိမ်းလည်း JP only ပဲ ။ ၂၀၁၃ တုန်းက iOS နဲ့ Andriod အတွက်​ ထွက်ခဲ့ပြီး ၂၀၁၇ မှာ Nintendo 3DS အတွက် ထွက်လာခဲ့တယ် ။ ဖုန်းမှာတော့ offline ပါ တခါတလေ leaderboard မှာ rank စီဖို့အတွက် online ချိတ်ပေးရတာက လွဲလို့ ။


Download Links


Final Fantasy Brigade Break the Seal
Final Fantasy Brigade break the seal

Final Fantasy Brigade Break the seal က card game အမ်ိဳးအစားပဲ သူက ဂ်ပန္မွာပဲ ထြက္တယ္ JP only ။ registeration လုပ္ရင္ေတာ့ ဖုန္းနံပါတ္ ေတာင္းတယ္ ဖုန္းနံပါတ္လည္း jp only မွရတယ္ ။ air ship တစ္စီးနဲ႔ ေနရာအႏွံ႔သြားရင္ ကမၻာႀကီးမွာ crystal balance ညီေအာင္ ထိန္းရတာကို ဇာတ္လမ္းသြားကစားရတာ ျဖစ္ပါတယ္ ။ world map ေတြ job ေတြ equiment ေတြနဲ႔ ခ်ရင္ေတာ့ card ေလးေတြ သံုးရတယ္ ။ ႐ုပ္ထြက္က ခ်စ္စရာေကာင္းေပမယ့္ အနားသတ္မညီမညာ ဝါးတားတားပါပဲ ။

(Unicode) Final Fantasy Brigade Break the seal က card game အမျိုးအစားပဲ သူက ဂျပန်မှာပဲ ထွက်တယ် JP only ။ registeration လုပ်ရင်တော့ ဖုန်းနံပါတ် တောင်းတယ် ဖုန်းနံပါတ်လည်း jp only မှရတယ် ။ air ship တစ်စီးနဲ့ နေရာအနှံ့သွားရင် ကမ္ဘာကြီးမှာ crystal balance ညီအောင် ထိန်းရတာကို ဇာတ်လမ်းသွားကစားရတာ ဖြစ်ပါတယ် ။ world map တွေ job တွေ equiment တွေနဲ့ ချရင်တော့ card လေးတွေ သုံးရတယ် ။ ရုပ်ထွက်က ချစ်စရာကောင်းပေမယ့် အနားသတ်မညီမညာ ဝါးတားတားပါပဲ ။


Download Links


Libra Eorzea
Libra Eorzea

ဒါကေတာ့ ဂိမ္းမဟုတ္ဘူး ။ ေျပာရမယ္ဆို dictionary လိုမ်ိဳး စြယ္စံုက်မ္းမ်ိဳးပါ ။ အထဲမွာ Final Fantasy 14 ဂိမ္းက armor အစိတ္အပိုင္းေတြ ၊ item တစ္ခုခ်င္းစီရဲ႕ အေသးစိတ္ေတြ ၊ လုပ္နည္းေတြ  ေရးထားတယ္ ။ Final Fantasy 14 ကစားတဲ့သူေတြ လက္စြဲ application တစ္ခုပါပဲ ။ 

(Unicode) ဒါကတော့ ဂိမ်းမဟုတ်ဘူး ။ ပြောရမယ်ဆို dictionary လိုမျိုး စွယ်စုံကျမ်းမျိုးပါ ။ အထဲမှာ Final Fantasy 14 ဂိမ်းက armor အစိတ်အပိုင်းတွေ ၊ item တစ်ခုချင်းစီရဲ့ အသေးစိတ်တွေ ၊ လုပ်နည်းတွေ  ရေးထားတယ် ။ Final Fantasy 14 ကစားတဲ့သူတွေ လက်စွဲ application တစ်ခုပါပဲ ။ 

Final Fantasy All the Bravest

Final Fantasy All the Bravest

Mobile အတြက္ ထြက္ခဲ့တဲ့ Final Fantasy ဂိမ္းေတြထဲ အညံ႕ဆံုးဂိမ္းတစ္ခုလို႔ ဆိုရမွာပါ ။ story မ႐ွိ ဒီအတုိင္း အေကာင္ေတြ လိုက္ခ်ရင္း job ေတြ ေနရာေတြ hero ေတြ unlock ျဖစ္လာတယ္ ။ hero ေကာင္းေကာင္းေတြ ရဖို႔နဲ႔ character slot အသစ္ ထပ္တုိးဖို႔ real money သံုးဝယ္လို႔ ရတယ္ ။ online ဆက္လိုက္ရင္ ဘယ္သူ ေနရာအမ်ားဆံုး ေရာက္လဲဆုိတာ ၿပိဳင္ႏုိင္တဲ့ leaderboard ႐ွိတယ္ ။ battle system ကေတာ့ turn base ပါပဲ ။

(Unicode) Mobile အတွက် ထွက်ခဲ့တဲ့ Final Fantasy ဂိမ်းတွေထဲ အညံ့ဆုံးဂိမ်းတစ်ခုလို့ ဆိုရမှာပါ ။ story မရှိ ဒီအတိုင်း အကောင်တွေ လိုက်ချရင်း job တွေ နေရာတွေ hero တွေ unlock ဖြစ်လာတယ် ။ hero ကောင်းကောင်းတွေ ရဖို့နဲ့ character slot အသစ် ထပ်တိုးဖို့ real money သုံးဝယ်လို့ ရတယ် ။ online ဆက်လိုက်ရင် ဘယ်သူ နေရာအများဆုံး ရောက်လဲဆိုတာ ပြိုင်နိုင်တဲ့ leaderboard ရှိတယ် ။ battle system ကတော့ turn base ပါပဲ ။


Download Links


---------Editing Now-------

Post a Comment

0 Comments