သံယောဇဉ်မကင်းကြသူအားလုံးသို့

ဝမ်းမနည်းပါနဲ့"တွေ့ခွင့်ရှိလို့ ဆုံဆည်းခဲ့ကြတာပါ ' လမ်းခွဲချိန်တန်လို့ လမ်းခွဲကြရတာပါ။
ဖြစ်သင့်လို့ ဖြစ်လာခဲ့တာပါ ဖြစ်ချိန်တန်လို့ဖြစ်သွားတာပါ။

"စိတ်မကောင်းမဖြစ်ပါနဲ့"
ပိုင်ဆိုင်ခွင့်ရှိလာပြီးရင် စွန့်လွှတ်ရခြင်းဆိုတာ ဒွန်တွဲပါလာတတ်တာ သဘာဝပါပဲ။

စွဲလမ်းမနေပါနဲ့"
စွဲလမ်းမှုဆိုတာ တကယ်တော့ ကိုယ့်စိတ်ကို မသိမသာ အလိုလိုက်မိတဲ့သဘောပါပဲ။

မချစ်ပါနဲ့တော့"
ကိုယ့်ကိုမချစ်လို့ပဲ ကိုယ့်အနားကထွက်သွားခဲ့ပြီပဲလေ' ကိုယ်ကဆက်ချစ်နေရင် ကိုယ်စိတ်ကို ကိုယ်ကိုယ်တိုင်ပြန်သတ်နေတာနဲ့ အတူတူပါပဲ။

ဘယ်လောက်ပဲ ခံစားနေရပါစေ' မေ့နိုင်အောင် မေ့ပစ်လိုက်ပါ" ဒဏ်ရာတွေဘယ်လောက်အထိ နက်နက်နဲနဲ စူးရှနာကျင်နေပါစေ" တစ်နေ့မှာ သက်သာပျောက်ကင်းသွားစမြဲပါပဲ။

အဲ့ဒီအချိန် ကာလ အခိုက်အတန့်တွေကြားမှာ ကိုယ့်စိတ်ကို မထိန်းချုပ်ပဲ လွှင့်မျောထားမယ်ဆိုရင် တစ်နေ့ နောင်တတွေနဲ့ ပိုပြီးပြိုယိုင်သွားလိမ့်မယ်။

ခံစားမှုနဲ့ ဒဏ်ရာတွေက တစ်နေ့သက်သာပျောက်ကင်းသွားနိုင်ပေမယ့်
 နောင်တဆိုတာကတော့ ကိုယ့်ဘဝတစ်လျှောက်လုံး ကိုယ့်အရိပ်လို လိုက်ပါနေတတ်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

ဖြစ်နိုင်ရင် မွေးထုတ်ထားတဲ့အမေ့ကိုတောင် သံယောဇဉ်ဖြတ်ချင်တာ.. ဒါပေမယ့် အမေ့ကျေးဇူးမဆပ်ရသေးလို့ အကျေမဆပ်နိုင်သေးလို့ နေနေရတယ်၊၊

သံယောဇဉ်ကြောင့် ပူလောင်ရတာ သိကြတဲ့အတိုင်းပဲလေ.. သံယောဇဉ်ကြောင့်
အေးချမ်းရတာက တရားအရသာနဲ့ မိဘမေတ္တာ ဒီနှစ်ခုပဲ ရှိမယ်ထင်တယ်၊၊

အရိပ်လိုကပ်ပါနေမယ့် နောင်တတရားရှိနေလို့သာ
သံယောဇဉ်မဖြတ်သေးတာပါ၊
ကျေးဇူးတွေဆပ်ခွင့်ရလို့ ကျေးဇူးအတော်အတန် ဆပ်ခဲ့ပြီးရင်တော့ အားလုံးဟာ ခွဲခွာကြရမှာပါ၊၊

ငါ့ကိုမခေါ်ဘူး ငါ့ကိုသံယောဇဉ်မရှိဘူးဆိုပြီး
စွဲလမ်းပြီး ဝမ်းနည်းမနေနဲ့ တစ်ချိန်မှာ အကုန်ခွဲရမှာ
သေကွဲမခွဲရရင် ရှင်ကွဲခွဲရမယ်ဆိုတာ နားလည်ပြီး
သံယောဇဉ်အပူတွေ လျော့ပါ၊ ခွဲသင့်သူကို
ခွဲနိုင်ချိန်တည်းက ခွဲထားကြပါ၊၊

သံယောဇဉ်နည်းသွားလေ ချမ်းသာများလေပါပဲ။။

မေတ္တာဖြင့်...
အရှင်နန္ဒိယ(သာကီနွယ်)

Credit to Original Writer

Post a Comment

0 Comments