အင်အားဖြစ်စေသော အတွေ့အကြုံ စကားလုံးများ


လူဆိုုတာ သိမ်ငယ်တဲ့အရာကိုု ပိုုမိုု ထုုတ်ကြွားကြပါတယ်။
ရင့်ကျက်တဲ့သူများဟာ သူပိုုင်ဆိုုင်တာကိုု ဘယ်တော့မှ ထုုတ်မကြွားပါ။
သူဘယ်နေရာသွားဖူးတယ်။ ဘာအဝတ်အစားဝတ်တယ်။
ဘာလက်ဝတ်ရတနာ ဝတ်တယ်။
ယုုတ်စွအဆုံး ဘာစာအုုပ်ဖတ်ဖူးတာကအစ သူမကြွားပါ။
ဘာကြောင့်လဲဆိုုတော့ သူမှာ သိမ်ငယ်စိတ်မရှိလိုု့ပါ။

အကောင်းဆုုံး တုုန့်ပြန်မှုဟာ လက်စားချေခြင်းမဟုုတ်သလိုု၊
အမူန်းပွားခြင်းလည်း မဟုုတ်ပါ။
စိတ်တွင်းကနေ အေးအေးဆေးဆေး လစ်လျူ ရှူ ပစ်လိုုက်ခြင်းဖြစ်တယ်။
ဘာကြောင့် မဆီမဆိုုင်တော့တဲ့ သူတစ်ယောက်ကိုု
စိတ်အပင်ပန်းခံပြီး သွားမုန်းရမှာလဲ။

ဘဝမှာ ဘာပဲမှားမှား ကိုုယ့်အမှားပဲလိုု့ ယူဆလိုုက်ပါတယ်။
အမှားထဲက သင်ယူမယ်။ အမှားထဲက ပြု ပြင်​မယ်​။
တူညီတဲ့ အမှားတစ်ခုုကိုု နှစ်ကြိမ် ပြန်မမှားမိဖိုု့ လိုုပါတယ်။
ကိုုယ့်အမှားကိုု ဘယ်တော့မှ သူများအပေါ် လွှဲမချဘူး၊
အကြောင်းပြချက် မရှာဘူး။ ဆင်ခြေမပေးဘူး။

အောင်မြင်ဖိုု့ အတွက် အတွေ့ အကြုံလိုုပါတယ်။
အတွေ့အကြုံဆိုုတာ အခက်အခဲနဲ့ အမှားတွေကြားကနေ ရရှိလာတာပါ။
အမှားနဲ့ အခက်အခဲ ကြုံရတိုုင်း “ကံ” ကိုု မငြိုငြင်ပါနဲ့။
ကံတောက်လျှောက်ကောင်းနေရင် ဘယ်မှာလာ
အတွေ့အကြုံ ရှိနိုုင်တော့မှာလဲ။

ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲပဲဖြစ်နေပါစေ၊
သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုု ကိုုယ်စားမပြုနိုုင်ပါဘူး။
လူ ( ၂ ) ယောက်အတွက် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး
ပိုုင်ဆိုုင်ဖိုု့ဆိုုတာသူတိုု့ရဲ့ လက်ထပ်ပွဲမှာ ဘယ်ပုုဂ္ဂိုလ်ကြီးက
ပန်းကုုံးချီးမြင့်တယ်။ ဘယ်ဂုုဏ်သရေ ရှိတဲ့လူကြီးက
လက်စွပ်ချီးမြင့်တာနဲ့ မဆိုုင်ပါဘူး။

အချစ်ရေးမှာ ဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာ ဖြစ်ဖြစ်၊
နေနဲ့လ ရွှေနဲ့မြ ဖြစ်မဖြစ်ဘူးဆိုုတာ
အတွင်းစိတ်ရဲ့ ခံစားမူနဲ့တာ သက်ဆိုုင်ပါတယ်။
အမြင်အာရုုံနဲ့ သိပ်မဆိုုင်ပါဘူး။
အမြင်အာရုုံကိုု အလိုုလိုုက်ခြင်းဖြင့်
အတွင်းစိတ်၏ ခံစားချက်များကိုု လစ်လျူမရှူ သင့်ပါ။

သာယာတဲ့အိမ်ထောင်ရေးဆုုိတာ ဒီလိုုပါ။
၃ နှစ် ၅ နှစ်ခန့် အကြီးအကျယ်ချစ်ကြမယ်။
ပြီးရင် တဖြည်းဖြည်းနဲ့ ရင်းနီးမူ ဘက်ကိုု ကူးပြောင်းသွားမယ်။
ပြီးရင် ရွှေလက်တွဲပြီး အတူတကွ အိုုမင်းကြမယ်။

ဘယ်သူမဆိုု ဘဝလှပချင်တယ်ဆိုုရင် သည်းခံရတာ ချည်းပါ။
မငြီးငြူရဘူး၊ အပြစ်မတင်ရဘူး၊ ပြီးရင် ကိုုယ့်အတွက်နဲ့ ရှင်းမပြရဘူး၊
ဘာကြောင့်လဲဆိုုတော့ နားလည်တဲ့လူကိုု ရှင်းပြစရာမလုုိသလိုု
နားမလည်ချင်တဲ့ လူများကိုု ရှင်းပြနေရင်လည်း အပိုုဖြစ်ပါတယ်။

ဘာပဲလုုပ်လုုပ်၊ သင်ဘယ်လိုုပဲ ကြိုးစားကြိုးစား၊
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊
ကျေးဇူးအတင်ခံချင်ရင်တော့ စိိတ်ပျက်ရမှာပဲ။

ဘာမှမဟုုတ်တဲ့ အကြောင်းရင်း တစ်ခုုနဲ့ ဘဝကိုု
အရူံးပေးသွားတဲ့သူများကိုုဘယ်လိုုမှ ခွင့်လွတ်နိုုင်စရာ အကြောင်းမရှိပါ။
လူဆိုုတာ အချစ်ကင်းမဲ့လေ၊ ကိုုယ့်ကိုုယ်ကိုု ပိုုချစ်မြတ်နိူးလေ
ဖြစ်သင့်ပါတယ်။

အမှန်တော့ ဆုုံးရှုံး သွားတဲ့ အရာများအားလုုံးကိုု သင်အမှန်တကယ်
ပိုုင်ဆိုုင်ခဲ့ခြင်း မရှိပါဘူး၊ သိပ်ပြီး နှမျောစရာ အကြောင်းမရှိပါ။
မတန်တဲ့လူကိုု ဘာမှ သက်သေပြစရာ အကြောင်းမရှိပါ။
သင်အောင်မြင်တယ်။ သင်ပိုုကောင်းလာတယ်။
အားလုုံးသင်နဲ့ပဲ သက်ဆိုုင်ပါတယ်။

ငိုုတဲ့အခါမှာ တစ်ယောက်တည်းငိုုချင်ပါတယ်။
ရယ်မောတဲ့အခါ လောကကြီးတစ်ခုုလုုံးနဲ့ အဖေါ် ပြုပြီး ရယ်မောချင်ပါတယ်။

တကယ်ကိုု ငြိမ်းချမ်းချင်ပါတယ်။ ငြိမ်ငြိမ်လေးလာမယ်။
ငြိမ်ငြိမ်လေးသွားမယ်။ ငြိမ်ငြိမ်လေးကြိုးစားမယ်။
ငြိမ်ငြိမ်လေး အောင်မြင်မယ်။
ဟောင်ဖွာဟောင်ဖွာ တကယ်မဖြစ်ချင်တာ။

( Copy ယူကြသူများ Credit ပေးကြပါ။ )
Ref: WeChat
Credit to Original Writer: Aung Ko Latt

Post a Comment

0 Comments