Lineage 2 Revolution (Android / iOS) Review

Lineage 2 Revolution (Android / iOS) Review (Unicode version)













iOS => https://itunes.apple.com/…/lineage2-revolution/id1200727466…


|Fros|

Unicode

Free to play MMORPG (online) ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ... ဂိမ်းနာမည်က Lineage 2 Revolution


Lineage 2 Revolution ဂိမ်းက Lineage ဂိမ်းရဲ့ spin off ဂိမ်းတစ်ခုပါ ... Lineage ဂိမ်းမှာ စီးရီး အများကြီး ရှိပြီး တောင်ကိုးရီးယား ဂိမ်းကုမ္ပဏီ NCSoft က ဖန်တီးထားတာ ဖြစ်ပါတယ် ... Lineage ဂိမ်းက Windows နဲ့ OSX အတွက် ထွက်လေ့ရှိတာပါ ... ဒါပေမယ့် Lineage 2 Revolution ဂိမ်းကတော့ ထူးထူးခြားခြားပဲ smartphone တွေအတွက် ထွက်လာခဲ့တယ် ... အစက တောင်ကိုးရီးယားအတွင်းမှာပဲ ဖြန့်ချီခဲ့ပေမယ့် အခုတော့ worldwide ထွက်လာပါပြီ ... worldwide ဆိုတော့ english version ပေါ့


ဒီဂိမ်းကို စစတွေ့ချင်း သူရဲ့ Graphic ကို သတိထားမိတယ် ... Unreal engine 4 သုံးပြီး ဆွဲထားတာမို့ PC, PS4 graphic နဲ့ တန်းတူယှဉ်ပြိုင် နိုင်လောက်တဲ့ အရည်အသွေး ရုပ်ထွက်နဲ့ ကြည့်ရတာ အရမ်းလှတယ် ...... ပုံတွေ ကြည့်ရင် သိနိုင်ပါတယ်... တခါတလေ frame rate ကျလို့ နဲနဲ lag (စေးလေး) တတ်ပေမယ့် ချောမွေ့ပြေပြစ်တဲ့ လှုပ်ရှားမှုတွေ နောက်ပြီး NPC ၊ monster တွေကအစ အသေးစိတ်ကျကျ ရေးဆွဲထားတာကြောင့် မျက်စိထဲ ပသာဒဖြစ်တယ် ....... icon တွေကတော့ ထင်သာ မြင်သာ ရှိတယ် ...... တခြား မိုဘိုင်းဂိမ်းတွေလိုပဲ joystick control ပုံစံ ယူထားတယ် ...... အောက်ညာဘက်ခြမ်းမှာ attack ၊ power attack ခလုတ် တွေရှိတယ် ..... ဘယ်ဘက် အောက်ခြမ်းမှာဆို သွားလာတဲ့ ခလုတ် ရှိတယ်

ရွေးချယ်စရာ class ကတော့ ၃ မျိုးရှိတယ် ... Warrior, Mage နှင့် Ranger ...... Race ကတော့ ၄ မျိုး ရှိတယ် ။ Human, Elf, Dark Elf, နှင့် Dwarf ဆိုပြီးတော့ပါ.... Humans နှင့် Dark Elves ကတော့ Male ပဲ ရှိတယ်... ဒါပေမယ့် Dwarves နှင့် Elves ကတော့ female တွေပါ .... job အနေနဲ့ကတော့ Rogue, Warrior, နှင့် Mystic ဆိုပြီး ၃ မျိုးရှိပါတယ် .... race နဲ့ job က မတွဲထားတော့ race တိုင်း ဘယ် job မဆို ယူကစားလို့ရတယ် ..... job တိုင်းမှာ ထူးခြား ကွဲပြားတဲ့ skill ၊ abilities တွေရှိတယ်.... တိုက်ကွက်တွေလည်း လှတယ် .... lvl တက်လာတာနဲ့အမျှ skill တွေ ability တွေ တဖြည်းဖြည်း ရလာတာ မြင်တွေ့ရမှာပါ ....




MMORPG ဆိုတော့ character အဆင့်မြင့်ဖို့ အချိန် အတော်ယူရမယ် ... သူက ဇာတ်လမ်းအတိုင်း ကစားရမှာကိုး ... ထုံးစံအတိုင်း main quest တွေ side quest တွေ လုပ်ရတယ် ... quest တွေက ပေးတဲ့ reward တွေက အတော် အသုံးဝင်တယ် .... ဒီဟာတွေ လုပ်ရင်း character lvl တွေ မြင့်လာမယ် ... quest တွေ အပြင် တခြားဟာတွေပါ ရှိသေးတယ် ... PvP တို့ Dungeon တို့ .... Dungeon ကတော့ တခြား player တွေနဲ့ အတူတူ ဝင်ချရတာပေါ့ ... dungeon ထဲမှာ boss အကြီးစားတွေ ပါတယ် ... စုပေါင်း တိုက်ရမယ် ... dungeon က အကောင်းစား reward တွေ ပေးတယ် ... PvP ကတော့ player အဖွဲ့အလိုက် အချင်းချင်း တိုက်ခိုက်ရတဲ့ ဟာပေါ့ ...

Quest မှာတော့ auto quest feature ပါတယ် ... auto quest feature ကတော့ ကိုယ်က ထိန်းချုပ်စရာမလိုပဲ သူ့အလိုလို quest ယူ ၊ လိုအပ်တာတွေ လုပ်သွားတာကို ပြောတာပါ ... အပျင်းထူတဲ့သူတွေအတွက်တော့ ကောင်းတာပေါ့ ... auto quest feature ရှိနေတာတော့ ကစားရတာ အရသာ နည်းနည်း ပေါ့သလို ခံစားရတယ် ....



World မှာ လျှောက်သွားရင် သူလို ကိုယ်လို player တွေ မြင်ရမယ်... စကားလည်း ပြောနိုင်တယ် .... တကမ္ဘာလုံးက ကစားနေတဲ့ player တွေ မြင်တဲ့ gobal chat box လည်း ရှိတယ် .... ဝင်ပြောလို့ရတယ် ... character level မြင့်လာရင်တော့ ဒီထက်ကြမ်းတဲ့ boss battle တွေ တခြား player တွေနဲ့အတူ တိုက်နိုင်မယ် .... chanllenge ဖြစ်တဲ့ PvP Clan war တွေကိုလည်း ပါဝင် ဆင်နွဲနိုင်ဦးမှာပါ ...

ခြုံငုံပြောရရင် Lineage 2 Revolution ဂိမ်းက graphic က လှတယ်...  အသေးစိတ်ကျတယ် ... ဆွဲဆောင်မှု အပြည့်ရှိတယ် ... Andriod နှင့် iOS ဂိမ်း ဖြစ်ပေမယ့် သူ့အဆင့်နဲ့တင် တခြား mobile game တွေထက်ကို graphic အပိုင်းမှာ ပိုပြီး သာနေတယ် ... ဇာတ်လမ်းအပိုင်းကတော့ သိပ်မထူးခြားလှပေမယ့် ရုပ်ထွက် လှလှ ကစားချင်သူတွေ ဇာတ်လမ်းအလိုက် ကစားချင်သူတွေ ကစားကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါ ... chanllenge ဖြစ်တဲ့ PvP clan war တွေ Dungeon အကြမ်းစားတွေက သင့်ကို ပျင်းရိစေမှာ မဟုတ်ပါဘူး ... Lineage 2 Revolution ဂိမ်းကတော့ ကိုးရီးယားမှာ ကစား အများဆုံး စာရင်းထဲ ဝင်နေတဲ့ MMORPG ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ် ....

Android=> https://play.google.com/store/apps/details?id=com.netmarble.revolutionthm
iOS => https://itunes.apple.com/hk/app/lineage2-revolution/id1200727466?mt=8

google play က download မရသူတွေ ဒီမှာ ဒေါင်းလို့ရပါတယ် => https://apps.qoo-app.com/en/app/5290

 |Fros|

Screenshots










Post a Comment

0 Comments