တမူထူးျခားဆန္းသစ္တဲ့ idea ေတြနဲ႔ ဂိမ္းေလာကကုိ ထိုးေဖာက္ၿပီး နာမည္ႀကီးေနဆဲျဖစ္တဲ့ Metal Gear ဂိမ္းစီးရီး ဖန္တီးသူ Hideo Kojima

​တမူထူးခြားဆန်းသစ်တဲ့ idea တွေနဲ့ ဂိမ်းလောကကို ထိုးဖောက်ပြီး နာမည်ကြီးနေဆဲဖြစ်တဲ့ Metal Gear ဂိမ်းစီးရီး ဖန်တီးသူ Hideo Kojima Unicode version



1980 ခုႏွစ္ ကာလ

ဗြီဒီယုိဂိမ္းေတြဟာ ယေန႔အခ်ိန္လုိ ေဒၚလာဘီလ်ံနဲ႔ခ်ီတဲ့ ေဖ်ာ္ေျဖေရးနယ္ပယ္တစ္ခုအျဖစ္ေရာက္ရိွေစမယ္လို႔ လူအမ်ားရဲ႕စိတ္ထဲမွာ လံုး၀ မေတြးမိသလုိ ဗီြဒီယုိဂိမ္း နဲ႔ပါတ္သတ္တဲ့ လမ္းေၾကာင္းေပၚကုိလည္း ေတာ္ေတာ္မ်ားမ်ားက ေရြးခ်ယ္စရာရယ္လုိ႔ မမွတ္ယူၾကေသးတဲ့ အေစာဆံုး ေခတ္ဦးပုိင္း . .

အဲဒီအခ်ိန္ေတြမွာ အသက္ႏွစ္ဆယ္၀န္းက်င္အရြယ္ 'သူ' ဒီ ဗြီဒီယုိဂိမ္းေတြနဲ႔ပါတ္သတ္ပီး စိတ္၀င္တစားနဲ႔ အသက္ေမြး၀မ္းေက်ာင္းတစ္ခုအေနနဲ႔ေကာ passion အေနနဲ႔ပါ ဂိမ္း ဒီဇုိင္နာ (video game designer/developer) အျဖစ္ အစပ်ိဳးမယ္လုပ္ေတာ့ ေက်ာင္းေနဖက္ အတန္းေဖာ္ အတန္းဖက္ သူငယ္ခ်င္းေတြက အားမေပး . . မလုပ္ေစလုိၾက ဟုတ္ပါ့မလားေပါ့ . .

ခုမွ ဗြီဒီယုိဂိမ္းဆုိတာ တစ္ခ်ိဳ႕ ဘာမွန္းေတာင္မသိၾကေသးဘူး .. ေရရွည္မွာ ျဖစ္ႏုိင္ပါ့မလား စသျဖင့္။

အဲဒီၾကားထဲကေန 'သူ' ဟာ အားလံုးကုိ မသိက်ိဳးႏြံျပဳကာ သူယံုၾကည္ရာ စိတ္၀င္စားရာ ဂိမ္းေတြကုိပဲ တစိုက္မတ္မတ္ ေလ့လာ ႀကံဆ ဖန္တီး ေရးဆြဲခဲ့တယ္။ သူ႔ႀကိဳးစား အားထုတ္မႈေတြကေရာ အရာထင္ရဲ႕လား၊ ေအာင္ျမင္တဲ့ အစပ်ိဳးမႈ ျဖစ္ေစခဲ့လား .

ႏုိးပါ။

ယခု အခ်ိန္မွာ အသက္ 55ႏွစ္ ရိွပီျဖစ္တဲ့ 'သူ' ဟာ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ပါတယ္။

"လူေတြက ထင္ၾကလိမ့္မယ္ . . က်ေနာ့္ရဲ႕ ဗီြဒီယိုဂိမ္း ေလာက အစပထမ မွာကတည္းက သိပ္အခက္အခဲမရိွခဲ့ဘူး ဆုိပီးေတာ့ေပါ့ .. အေစာပုိင္း ေတြးဆဖန္တီးခဲ့သမွ် ေတြဟာ စိတ္တုိင္းမက်ခဲ့ပဲ reject (ပယ္) ခဲ့တာေတြက မ်ားေနတယ္ . . ဒါေပမယ့္ ဒီအခက္အခဲ အမွားအယြင္းေတြကေနပဲ ခုလုိအေနအထား တစ္ခုကုိျဖစ္လာေစခဲ့တာေပ့ါ"

"သူ" ဆုိတာဟာ Metal Gear ဂိမ္းေတြရဲ႕ ဖန္တီးရွင္၊ ဂ်ပန္ရဲ႕ အႀကီးဆံုး ဂိမ္းကုမၸဏီေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္တဲ့ Konami မွာ ႏွစ္ေပါင္းသံုးဆယ္နီးပါး ရိွေနခဲ့သူ၊ သူ႔ရဲ႕ ကုိယ္ပုိင္ Kojima Productions မွာလည္း Founder/Co-Founder အျဖစ္ လက္ရိွ ရိွေနဆဲျဖစ္တဲ့ ဂ်ပန္ႏုိင္ငံသား 'Hideo Kojima' ျဖစ္ပါတယ္။ Konami မွာ ရိွေနစဥ္က သူဖန္တီးခဲ့တဲ့ Metal Gear ဂိမ္းစီးရီးဟာ ကမၻာတစ္၀န္းက ဂိမ္းကစားသူေတြအၾကား အသြင္သစ္တစ္မ်ိဳးကုိေပးႏုိင္ခဲ့သလုိ အႀကီးအက်ယ္ေအာင္ျမင္မႈေတြကုိ ယူေဆာင္ေပးခဲ့ပီး ဂိမ္းေလာကရဲ႕ မွတ္ေက်ာက္တစ္ခုအျဖစ္တင္ႏုိင္ခဲ့ပါတယ္။

"Hideo Kojima" ဟာ ဂိမ္း ဒီဇိုင္နာ တစ္ေယာက္အျဖစ္အေျခမခ်မီအေစာပုိင္းကာလေတြက သူဟာ ရုပ္ရွင္ဇာတ္ညႊန္းေတြေရးရတာ၊ ရုိက္ကူးရတာ ေတြကုိ စိတ္၀င္စားခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီရုပ္ရွင္နဲ႔ပါတ္သတ္တဲ့ စိတ္ကူး အျမင္ ေတြကပဲ Kojima ကုိ ဂိမ္းေတြမွာ လံုး၀ ဆန္းသစ္တဲ့ idea ေတြ လႊမ္းမုိးမႈေတြကုိ ျဖစ္လာေစခဲ့တာပါ တဲ့။ ဒါေၾကာင့္မုိ႔လုိ႔လည္း Kojima ရဲ႕ Metal Gear ဂိမ္းစီးရီးေတြဟာ ဂိမ္းတစ္ခုထပ္ ရုပ္ရွင္ဇာတ္လမ္းတစ္ခုကုိ အရသာရိွရိွ ခံစားေနရသလုိမ်ိဳး ရိွေနတာပါ။ ရွည္လ်ားတဲ့ ဇာတ္ေၾကာင္းျပန္ေျပာမႈ (cut-scene) ေတြဟာ ဂိမ္းထဲမွာ ရုတ္တရက္ေတြးၾကည့္ရင္ ပ်င္းရိဖြယ္ေကာင္းေပမဲ့ Metal Gear ဂိမ္းေတြ ကေတာ့ သူ႔ရဲ႕ အဲဒီအခ်က္ကပဲ ဆြဲေဆာင္မႈတစ္ခု ျဖစ္ေနခဲ့တာပါ။

ငယ္ရြယ္စဥ္ အေစာပုိင္းကာလမ်ား

Hideo Kojima ကုို ဂ်ပန္ႏုိင္ငံ တုိက်ိဳ မွာ 1963 ခုႏွစ္ August 24 တြင္ေမြးဖြားခဲ့ပီး သူ႕မိသားစုဟာ Kojima ကုိေမြးဖြားပီးခ်င္း ဂ်ပန္ အေနာက္ပုိင္းကုိ ေျပာင္းေရႊ႕အေျခခ်ခဲ့ပါတယ္။ Kojima ရဲ႕ ငယ္ရြယ္စဥ္ ကေလးဘ၀ဟာ အထီးက်န္ ကံမေကာင္းမႈေတြနဲ႔ စတင္ခဲ့ပီး သူ႕ ဖခင္ဟာ Kojima အသက္ 13ႏွစ္ အရြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။ Kojima ဟာ အိမ္မွာပဲေနေန အျပင္ကုိပဲ ခရီးထြက္ထြက္ အခန္းထဲေရာက္ေရာက္ျခင္း ပထမဆံုးလုပ္ေလ့ရိွတာက TV remote ကုိေကာက္ႏွိပ္ကာ TV ၾကည့္ျခင္းပဲ လုိ႔ေျပာပါတယ္. . ဒါဟာ သူ႔ရဲ႕ အထီးက်န္မႈကုိ ေျဖေဖ်ာက္ေပးရာေရာက္သလုိ သူ၀ါသနာပါတဲ့ အေလ့အထလုိ႔လည္းဆုိပါတယ္။
ဆယ္ေက်ာ္သက္အရြယ္မွာ ေကာလိပ္ေက်ာင္း ေလးႏွစ္ေျမာက္မွာေတာ အတန္းေဖာ္ သူငယ္ခ်င္း အေပါင္းအသင္းေတြကုိ သူဟာ ဂိမ္းေတြကုိဖန္တီးတဲ့သူတစ္ေယာက္ျဖစ္ခ်င္တယ္ . . ဒါဟာ သူ႕စိတ္ကူးဆုိတာကုိေျပာျပခဲ့ပီး အံ့ၾသသင့္ေစခဲ့ပါတယ္ . . ရုပ္ရွင္ ဇာတ္ညႊန္း ရုိက္ကူးတဲ့သူအျဖစ္ စိတ္ကူးခဲ့စဥ္ကအတုိင္းပဲ ဒီတစ္ခါမွာ လည္း သူ႕မိတ္ေဆြမ်ားဟာ ဗြီဒီယုိဂိမ္း ဆုိတဲ့ အေပၚမွာ Kojima ရဲ႕ စိတ္ကူးစိတ္သန္းေတြကုိ အားေပးျခင္းမရိွခဲ့ပါဘူး။ (ဒါဟာ Kojima ေအာင္ျမင္လာမွာကုိ မနာလုိ၍မဟုတ္ပဲ အစိမ္းသက္သက္ ဘာမွန္းမသိ ခုမွ စလံုးေရစ သာရိွေနေသးတဲ့ နယ္ပယ္တစ္ခုကုိ ဟုတ္ပါ့မလား ဆုိတဲ့ စိတ္ေၾကာင့္ အားေပးျခင္း မရိွတာပါ)

Kojima ဟာ ဗီြဒီယုိဂိမ္းစိတ္ကူးနဲ႔ပါတ္သက္လုိ႔ သူ႕ရဲ႕ မိခင္အေပၚမွာ ေက်းဇူးစကားဆုိခဲ့ပီး သူမရဲ႕ အေထာက္အပံ့ေပးမႈ အားေပးခဲ့မႈေတြေၾကာင့္သာ ရိွေနခဲ့တာ ျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။

အလုပ္အကုိင္ အသက္ေမြး၀မ္းေၾကာင္း

Kojima ရဲ႕အေစာပုိင္းအသက္ေမြး၀မ္းေၾကာင္းကာလမွာ အပယ္ခံ အျငင္းခံ အျဖစ္ေတြနဲ႔သာ ျပည့္ႏွက္ေနခဲ့ပါတယ္။ သူ႕စိတ္ကူး ဖန္တီးခ်က္ေတြကုိ ဘယ္ ထုတ္လုပ္သူကမွာ အေရးတယူျပဳ ျဖန္႔ခ်ိေပးျခင္းမရိွခဲ့ပါဘူး။

1986 ခုႏွစ္မွာ ဂ်ပန္ဂိမ္းကုမၸဏီ "Konami Digital Entertainment" (ယခု Konami) မွ Kojima ကုိ ေခၚယူခဲ့ကာ MSX home computer division မွာ ဒီဇုိင္နာနဲ႔ စီစဥ္ညႊန္ၾကားသူအျဖစ္ ခန္႔အပ္ခဲ့ပါတယ္။အဲဒီအခ်ိန္က နည္းပညာပုိင္းအရ ယခုလုိ မဖြံၿဖိဳးေလေတာ့ Kojima ရဲ႕ အေတြးအျမင္ေတြကုိ ရုပ္လံုးေဖာ္ဖုိ႕ ရာ အခက္အခဲေတြနဲ႔ မျပည့္စံုခဲ့ပါ။ Konami Digital Entertainment ဟာ သူ႕ရဲ႕ ပေရာဂ်က္ေတာ္ေတာ္မ်ားမ်ားကို အစပုိင္းမွာ ပယ္ခ်ခဲ့ေပမယ့္လုိ႔ Metal Gear project အေရာက္မွာေတာ့ စိတ္၀င္စားခဲ့ကာ Kojima ကုိ ေရးဆြဲဖန္တီးေစဖို႔ရာ ခြင့္ျပဳခဲ့ပါတယ္။1987 ခုႏွစ္မွာ Kojima ရဲ႕ ပထမဆံုးလက္ရာ "Metal Gear" ဂိမ္းထြက္ရိွလာပီး ဂိမ္းရဲ႕ ဇာတ္ေကာင္ "Solid Snake" နာမည္နဲ႔အတူ ဂိမ္ေလာကမွာ ေအာင္ျမင္မႈေတြ စတင္ရရိွလာခဲ့ပါတယ္။

1998 မွာ Sony PlayStation (PS1) အတြက္ "Metal Gear Solid" ကုိျဖန္႔ခ်ိခဲ့တဲ့အခ်ိန္ကစလုိ႔ ဂိမ္းေလာကနယ္ပယ္မွာ Kojima ဟာ ထင္ရွား လူသိမ်ားသူ တစ္ေယာက္အျဖစ္သုိ႔ေရာက္ရိွလာခဲ့ပါတယ္။

2011 ခုႏွစ္ April 1 မွာေတာ့ Hideo Kojima ဟာ "Konami Digital Entertainment" ရဲ႕ Vice President အျဖစ္ေရာက္ရိွလာခဲ့ကာ ကုမၸဏီရဲ႕ လုပ္ပုိင္ခြင့္ေတာ္ေတာ္မ်ားမ်ားမွာ အတားအဆီးမရိွသေလာက္လုပ္ကုိင္ ဆံုးျဖတ္ေပးႏုိင္တဲ့သူတစ္ဦးေနရာေရာက္ရိွလုိ႔လာပါတယ္။

ဆယ္စုႏွစ္သံုးခု ျပည့္လုနီးပါး Konami ႏွင့္လက္တြဲခဲ့ပီးေနာက္မွာေတာ့ 2015, Oct 9 ရက္ေန႔မွာ Kojima ဟာ Konima မွထြက္ခြာခဲ့ကာ သူ႕ကိုယ္ပုိင္စတူဒီယုိ Kojima Productions ကုိ Sony နဲ႔အတူ ပူးေပါင္းခဲ့ပီး PlayStaiton 4 အတြက္ 'Death Stranding' ဂိမ္းကုိ လက္ရိွ ဖန္တီးလွ်က္ရိွပါတယ္။

ဘ၀ ေအာင္ျမင္မႈ အမွတ္အသားမ်ား

Hideo Kojima ကုိ နာမည္ႀကီး ဂိမ္းဘ္ဆုိက္တစ္ခုျဖစ္တဲ့ IGN ကေန 2009 ခုႏွစ္မွာ ကမၻာ႔ ဂိမ္းေရးဆြဲသူမ်ားစာရင္း (top game creators list) မွာ နံပါတ္ 6 ေနရာကုိ သတ္မွတ္ေပးခဲ့သလုိ တစ္နွစ္ထဲမွာပဲ "Game Developer Conference" ရဲ႕ "Lifetime Achievement Award" ကုိ လက္ခံရရိွခဲ့ပါတယ္။

2016 ခုႏွစ္ထဲမွာလည္း "The Game Awards Industry Icon Award" နဲ႔ "AIAS Hall of Fame Award" ကုိရရိွခဲ့ပါတယ္။

လူမႈဘ၀

Kojima ဟာ သူ႔မိခင္ကုိ ျပဳစုေစာင့္ေရွာက္လ်က္ရိွပီး အိမ္ေထာင္မျပဳရေသးတဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ သူ႔မိခင္ဟာ Kojima ရဲ႕ Metal Gear ဂိမ္းေတြကုိေဆာ့ကစားေလ့ရိွပီး "Metal Gear Solid 3 Snake Eater" ကုိပီးေအာင္ကစားဖို႔ အခ်ိန္တစ္ႏွစ္ခန္႔ၾကာခဲ့ေၾကာင္းလည္းသိရပါတယ္။

ပုိင္ဆုိင္မႈ

အသားတင္ပုိင္ဆုိင္ၾကြယ္၀မႈ အေမရိကန္ေဒၚလာ သန္း သံုးဆယ္ ($30 million) လုိ႔ သိထားပါတယ္။

ၤ*Fun Fact*
$30 million ဟာ ျမန္မာေအာင္ဘာေလထီရဲ႕ အျမင့္ဆံုးဆု (သိန္းတစ္ေသာင္း) ကုိ အႀကိမ္ 41 ခါ ဆက္တုိက္ေပါက္တာနဲ႔ညီမွ်ပါတယ္)

"I won't scatter your sorrow to the heartless sea. I will always be with you."
- Hideo Kojima

အေရးအသား အခ်က္အလက္ ခြ်တ္ယြင္း တိမ္းေစာင္းခဲ့ေသာ္ က်ေနာ္၏ မွားယြင္းမႈသာျဖစ္ပါသည္။

Credit to Original Writer : Soe Thu Aung, Copy From SJH facebook page

Unicode

တမူထူးခြားဆန်းသစ်တဲ့ idea တွေနဲ့ ဂိမ်းလောကကို ထိုးဖောက်ပြီး နာမည်ကြီးနေဆဲဖြစ်တဲ့ Metal Gear ဂိမ်းစီးရီး ဖန်တီးသူ Hideo Kojima


1980 ခုနှစ် ကာလ

ဗွီဒီယိုဂိမ်းတွေဟာ ယနေ့အချိန်လို ဒေါ်လာဘီလျံနဲ့ချီတဲ့ ဖျော်ဖြေရေးနယ်ပယ်တစ်ခုအဖြစ်ရောက်ရှိစေမယ်လို့ လူအများရဲ့စိတ်ထဲမှာ လုံးဝ မတွေးမိသလို ဗွီဒီယိုဂိမ်း နဲ့ပါတ်သတ်တဲ့ လမ်းကြောင်းပေါ်ကိုလည်း တော်တော်များများက ရွေးချယ်စရာရယ်လို့ မမှတ်ယူကြသေးတဲ့ အစောဆုံး ခေတ်ဦးပိုင်း . .


အဲဒီအချိန်တွေမှာ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် 'သူ' ဒီ ဗွီဒီယိုဂိမ်းတွေနဲ့ပါတ်သတ်ပီး စိတ်ဝင်တစားနဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ကော passion အနေနဲ့ပါ ဂိမ်း ဒီဇိုင်နာ (video game designer/developer) အဖြစ် အစပျိုးမယ်လုပ်တော့ ကျောင်းနေဖက် အတန်းဖော် အတန်းဖက် သူငယ်ချင်းတွေက အားမပေး . . မလုပ်စေလိုကြ ဟုတ်ပါ့မလားပေါ့ . .


ခုမှ ဗွီဒီယိုဂိမ်းဆိုတာ တစ်ချို့ ဘာမှန်းတောင်မသိကြသေးဘူး .. ရေရှည်မှာ ဖြစ်နိုင်ပါ့မလား စသဖြင့်။


အဲဒီကြားထဲကနေ 'သူ' ဟာ အားလုံးကို မသိကျိုးနွံပြုကာ သူယုံကြည်ရာ စိတ်ဝင်စားရာ ဂိမ်းတွေကိုပဲ တစိုက်မတ်မတ် လေ့လာ ကြံဆ ဖန်တီး ရေးဆွဲခဲ့တယ်။ သူ့ကြိုးစား အားထုတ်မှုတွေကရော အရာထင်ရဲ့လား၊ အောင်မြင်တဲ့ အစပျိုးမှု ဖြစ်စေခဲ့လား .


နိုးပါ။


ယခု အချိန်မှာ အသက် 55နှစ် ရှိပီဖြစ်တဲ့ 'သူ' ဟာ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။


"လူတွေက ထင်ကြလိမ့်မယ် . . ကျနော့်ရဲ့ ဗွီဒီယိုဂိမ်း လောက အစပထမ မှာကတည်းက သိပ်အခက်အခဲမရှိခဲ့ဘူး ဆိုပီးတော့ပေါ့ .. အစောပိုင်း တွေးဆဖန်တီးခဲ့သမျှ တွေဟာ စိတ်တိုင်းမကျခဲ့ပဲ reject (ပယ်) ခဲ့တာတွေက များနေတယ် . . ဒါပေမယ့် ဒီအခက်အခဲ အမှားအယွင်းတွေကနေပဲ ခုလိုအနေအထား တစ်ခုကိုဖြစ်လာစေခဲ့တာပေ့ါ"


"သူ" ဆိုတာဟာ Metal Gear ဂိမ်းတွေရဲ့ ဖန်တီးရှင်၊ ဂျပန်ရဲ့ အကြီးဆုံး ဂိမ်းကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Konami မှာ နှစ်ပေါင်းသုံးဆယ်နီးပါး ရှိနေခဲ့သူ၊ သူ့ရဲ့ ကိုယ်ပိုင် Kojima Productions မှာလည်း Founder/Co-Founder အဖြစ် လက်ရှိ ရှိနေဆဲဖြစ်တဲ့ ဂျပန်နိုင်ငံသား 'Hideo Kojima' ဖြစ်ပါတယ်။ Konami မှာ ရှိနေစဉ်က သူဖန်တီးခဲ့တဲ့ Metal Gear ဂိမ်းစီးရီးဟာ ကမ္ဘာတစ်ဝန်းက ဂိမ်းကစားသူတွေအကြား အသွင်သစ်တစ်မျိုးကိုပေးနိုင်ခဲ့သလို အကြီးအကျယ်အောင်မြင်မှုတွေကို ယူဆောင်ပေးခဲ့ပီး ဂိမ်းလောကရဲ့ မှတ်ကျောက်တစ်ခုအဖြစ်တင်နိုင်ခဲ့ပါတယ်။


"Hideo Kojima" ဟာ ဂိမ်း ဒီဇိုင်နာ တစ်ယောက်အဖြစ်အခြေမချမီအစောပိုင်းကာလတွေက သူဟာ ရုပ်ရှင်ဇာတ်ညွှန်းတွေရေးရတာ၊ ရိုက်ကူးရတာ တွေကို စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်နဲ့ပါတ်သတ်တဲ့ စိတ်ကူး အမြင် တွေကပဲ Kojima ကို ဂိမ်းတွေမှာ လုံးဝ ဆန်းသစ်တဲ့ idea တွေ လွှမ်းမိုးမှုတွေကို ဖြစ်လာစေခဲ့တာပါ တဲ့။ ဒါကြောင့်မို့လို့လည်း Kojima ရဲ့ Metal Gear ဂိမ်းစီးရီးတွေဟာ ဂိမ်းတစ်ခုထပ် ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို အရသာရှိရှိ ခံစားနေရသလိုမျိုး ရှိနေတာပါ။ ရှည်လျားတဲ့ ဇာတ်ကြောင်းပြန်ပြောမှု (cut-scene) တွေဟာ ဂိမ်းထဲမှာ ရုတ်တရက်တွေးကြည့်ရင် ပျင်းရိဖွယ်ကောင်းပေမဲ့ Metal Gear ဂိမ်းတွေ ကတော့ သူ့ရဲ့ အဲဒီအချက်ကပဲ ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့တာပါ။


ငယ်ရွယ်စဉ် အစောပိုင်းကာလများ


Hideo Kojima ကိုု ဂျပန်နိုင်ငံ တိုကျို မှာ 1963 ခုနှစ် August 24 တွင်မွေးဖွားခဲ့ပီး သူ့မိသားစုဟာ Kojima ကိုမွေးဖွားပီးချင်း ဂျပန် အနောက်ပိုင်းကို ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ Kojima ရဲ့ ငယ်ရွယ်စဉ် ကလေးဘဝဟာ အထီးကျန် ကံမကောင်းမှုတွေနဲ့ စတင်ခဲ့ပီး သူ့ ဖခင်ဟာ Kojima အသက် 13နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ Kojima ဟာ အိမ်မှာပဲနေနေ အပြင်ကိုပဲ ခရီးထွက်ထွက် အခန်းထဲရောက်ရောက်ခြင်း ပထမဆုံးလုပ်လေ့ရှိတာက TV remote ကိုကောက်နှိပ်ကာ TV ကြည့်ခြင်းပဲ လို့ပြောပါတယ်. . ဒါဟာ သူ့ရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးရာရောက်သလို သူဝါသနာပါတဲ့ အလေ့အထလို့လည်းဆိုပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ကောလိပ်ကျောင်း လေးနှစ်မြောက်မှာတော အတန်းဖော် သူငယ်ချင်း အပေါင်းအသင်းတွေကို သူဟာ ဂိမ်းတွေကိုဖန်တီးတဲ့သူတစ်ယောက်ဖြစ်ချင်တယ် . . ဒါဟာ သူ့စိတ်ကူးဆိုတာကိုပြောပြခဲ့ပီး အံ့သြသင့်စေခဲ့ပါတယ် . . ရုပ်ရှင် ဇာတ်ညွှန်း ရိုက်ကူးတဲ့သူအဖြစ် စိတ်ကူးခဲ့စဉ်ကအတိုင်းပဲ ဒီတစ်ခါမှာ လည်း သူ့မိတ်ဆွေများဟာ ဗွီဒီယိုဂိမ်း ဆိုတဲ့ အပေါ်မှာ Kojima ရဲ့ စိတ်ကူးစိတ်သန်းတွေကို အားပေးခြင်းမရှိခဲ့ပါဘူး။ (ဒါဟာ Kojima အောင်မြင်လာမှာကို မနာလို၍မဟုတ်ပဲ အစိမ်းသက်သက် ဘာမှန်းမသိ ခုမှ စလုံးရေစ သာရှိနေသေးတဲ့ နယ်ပယ်တစ်ခုကို ဟုတ်ပါ့မလား ဆိုတဲ့ စိတ်ကြောင့် အားပေးခြင်း မရှိတာပါ)


Kojima ဟာ ဗွီဒီယိုဂိမ်းစိတ်ကူးနဲ့ပါတ်သက်လို့ သူ့ရဲ့ မိခင်အပေါ်မှာ ကျေးဇူးစကားဆိုခဲ့ပီး သူမရဲ့ အထောက်အပံ့ပေးမှု အားပေးခဲ့မှုတွေကြောင့်သာ ရှိနေခဲ့တာ ဖြစ်ကြောင်းပြောခဲ့ပါတယ်။


အလုပ်အကိုင် အသက်မွေးဝမ်းကြောင်း


Kojima ရဲ့အစောပိုင်းအသက်မွေးဝမ်းကြောင်းကာလမှာ အပယ်ခံ အငြင်းခံ အဖြစ်တွေနဲ့သာ ပြည့်နှက်နေခဲ့ပါတယ်။ သူ့စိတ်ကူး ဖန်တီးချက်တွေကို ဘယ် ထုတ်လုပ်သူကမှာ အရေးတယူပြု ဖြန့်ချိပေးခြင်းမရှိခဲ့ပါဘူး။


1986 ခုနှစ်မှာ ဂျပန်ဂိမ်းကုမ္ပဏီ "Konami Digital Entertainment" (ယခု Konami) မှ Kojima ကို ခေါ်ယူခဲ့ကာ MSX home computer division မှာ ဒီဇိုင်နာနဲ့ စီစဉ်ညွှန်ကြားသူအဖြစ် ခန့်အပ်ခဲ့ပါတယ်။အဲဒီအချိန်က နည်းပညာပိုင်းအရ ယခုလို မဖွံဖြိုးလေတော့ Kojima ရဲ့ အတွေးအမြင်တွေကို ရုပ်လုံးဖော်ဖို့ ရာ အခက်အခဲတွေနဲ့ မပြည့်စုံခဲ့ပါ။ Konami Digital Entertainment ဟာ သူ့ရဲ့ ပရောဂျက်တော်တော်များများကို အစပိုင်းမှာ ပယ်ချခဲ့ပေမယ့်လို့ Metal Gear project အရောက်မှာတော့ စိတ်ဝင်စားခဲ့ကာ Kojima ကို ရေးဆွဲဖန်တီးစေဖို့ရာ ခွင့်ပြုခဲ့ပါတယ်။1987 ခုနှစ်မှာ Kojima ရဲ့ ပထမဆုံးလက်ရာ "Metal Gear" ဂိမ်းထွက်ရှိလာပီး ဂိမ်းရဲ့ ဇာတ်ကောင် "Solid Snake" နာမည်နဲ့အတူ ဂိမ်လောကမှာ အောင်မြင်မှုတွေ စတင်ရရှိလာခဲ့ပါတယ်။


1998 မှာ Sony PlayStation (PS1) အတွက် "Metal Gear Solid" ကိုဖြန့်ချိခဲ့တဲ့အချိန်ကစလို့ ဂိမ်းလောကနယ်ပယ်မှာ Kojima ဟာ ထင်ရှား လူသိများသူ တစ်ယောက်အဖြစ်သို့ရောက်ရှိလာခဲ့ပါတယ်။


2011 ခုနှစ် April 1 မှာတော့ Hideo Kojima ဟာ "Konami Digital Entertainment" ရဲ့ Vice President အဖြစ်ရောက်ရှိလာခဲ့ကာ ကုမ္ပဏီရဲ့ လုပ်ပိုင်ခွင့်တော်တော်များများမှာ အတားအဆီးမရှိသလောက်လုပ်ကိုင် ဆုံးဖြတ်ပေးနိုင်တဲ့သူတစ်ဦးနေရာရောက်ရှိလို့လာပါတယ်။


ဆယ်စုနှစ်သုံးခု ပြည့်လုနီးပါး Konami နှင့်လက်တွဲခဲ့ပီးနောက်မှာတော့ 2015, Oct 9 ရက်နေ့မှာ Kojima ဟာ Konima မှထွက်ခွာခဲ့ကာ သူ့ကိုယ်ပိုင်စတူဒီယို Kojima Productions ကို Sony နဲ့အတူ ပူးပေါင်းခဲ့ပီး PlayStaiton 4 အတွက် 'Death Stranding' ဂိမ်းကို လက်ရှိ ဖန်တီးလျှက်ရှိပါတယ်။


ဘဝ အောင်မြင်မှု အမှတ်အသားများ


Hideo Kojima ကို နာမည်ကြီး ဂိမ်းဘ်ဆိုက်တစ်ခုဖြစ်တဲ့ IGN ကနေ 2009 ခုနှစ်မှာ ကမ္ဘာ့ ဂိမ်းရေးဆွဲသူများစာရင်း (top game creators list) မှာ နံပါတ် 6 နေရာကို သတ်မှတ်ပေးခဲ့သလို တစ်နှစ်ထဲမှာပဲ "Game Developer Conference" ရဲ့ "Lifetime Achievement Award" ကို လက်ခံရရှိခဲ့ပါတယ်။


2016 ခုနှစ်ထဲမှာလည်း "The Game Awards Industry Icon Award" နဲ့ "AIAS Hall of Fame Award" ကိုရရှိခဲ့ပါတယ်။


လူမှုဘဝ


Kojima ဟာ သူ့မိခင်ကို ပြုစုစောင့်ရှောက်လျက်ရှိပီး အိမ်ထောင်မပြုရသေးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့မိခင်ဟာ Kojima ရဲ့ Metal Gear ဂိမ်းတွေကိုဆော့ကစားလေ့ရှိပီး "Metal Gear Solid 3 Snake Eater" ကိုပီးအောင်ကစားဖို့ အချိန်တစ်နှစ်ခန့်ကြာခဲ့ကြောင်းလည်းသိရပါတယ်။


ပိုင်ဆိုင်မှု


အသားတင်ပိုင်ဆိုင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ သန်း သုံးဆယ် ($30 million) လို့ သိထားပါတယ်။


င်္*Fun Fact*

$30 million ဟာ မြန်မာအောင်ဘာလေထီရဲ့ အမြင့်ဆုံးဆု (သိန်းတစ်သောင်း) ကို အကြိမ် 41 ခါ ဆက်တိုက်ပေါက်တာနဲ့ညီမျှပါတယ်)


"I won't scatter your sorrow to the heartless sea. I will always be with you."

- Hideo Kojima


အရေးအသား အချက်အလက် ချွတ်ယွင်း တိမ်းစောင်းခဲ့သော် ကျနော်၏ မှားယွင်းမှုသာဖြစ်ပါသည်။


Credit to Original Writer : Soe Thu Aung , Copy from SJH facebook page
 

Post a Comment

0 Comments