စိတ္မလြင့္ေအာင္ တရားရႈမွတ္နည္း Unicode version
တ႐ားထိုင္ရင္းစိတ္ျပန့္လြင့္ေနသူမ်ားအတြက္
♦️စိတ္မလြင့္ေအာင္ တရားရႈမွတ္နည္း ♦️
➖➖➖➖➖➖➖➖➖➖➖➖➖➖
" တရား..အားထုတ္တဲ့အခါ စိတ္လြင့္တာကို မလြင့္ေအာင္ ဘယ္လိုလုပ္မွ ဝိပႆနာျဖစ္မလဲ " ဆိုတဲ ့ပုဂၢိဳလ္တို ့အတြက္
••••••••••••••••••••••••••••••••
အခုမွ စၿပီး တရားအားထုတ္ၾကသူေတြ ပဲ ျဖစ္ျဖစ္၊ အယင္ကတည္းက စလို ့အခုလက္ရွိတရားအားထုတ္ေနဆဲ ပုဂၢိဳလ္ေတြ ပဲျဖစ္ျဖစ္၊ တရားအားထုတ္တဲ့ ပုဂၢိဳလ္မွန္သမွ် မလြဲမေသြ ျဖစ္ေလ့ျဖစ္ထ ရွိတာကေတာ့ စိတ္ျပန္႔လြင့္ ၾကတာေတြ ပဲ ျဖစ္ပါတယ္။
တရားမွတ္ေနရင္း စိတ္လြင့္တယ္ ဆုိတာဘာလဲ ဆိုေတာ့..
တရားအားထုတ္ေနတဲ့အခ်ိန္ လက္ရွိ အေျခအေန ရဲ ့အသိတရားျဖစ္ေစတဲ့ ႐ုပ္နာမ္အာ႐ံုေတြ မွာ စိတ္မရွိေတာ့ဘဲနဲ ့၊ အရင္က ေတြ႕ခဲ့ဖူး၊ ျမင္ခဲ့ဖူး၊ ႀကံဳခဲ့ဖူးတဲ့အာ႐ံုေတြရဲ ့ေနာက္ကို စိတ္က အာ႐ံုျပဳမိေနတာ၊ၿပီးေတာ့ ေတြဖူးခ်င္တာ၊ ျမင္ဖူးခ်င္တာ၊ ႀကံဳဖူးခ်င္တာေတြ ဖန္တီးၿပီးေတာ့ အဲဒီအာရံု ေတြ ရဲ ့ေနာက္ကို စိတ္က လိုက္ၿပီး အာရုုံျပဳမိေနတာကို ေခၚပါတယ္။
ဓမၼမိတ္ေဆြတို ့အေနနဲ ့တရားစၿပီးအားထုတ္ၿပီဆိုရင္.....
" စိတ္" ကစၿပီး ျပသနာ စျဖစ္ေတာ့တာပါပဲ။ ဘာျဖစ္လို ့လဲ ဆိုေတာ့..
သံသရာ တစ္ေလွ်ာက္လံုးမွာ အဆံုးမ မရွိဘဲ လႊတ္ခ်င္တိုင္း လႊတ္ထားတဲ့ စိတ္၊ ဟိုလြင့္ ဒီလြင့္ျဖစ္ေနတာကို သတိမထားမိၾကဘဲ နဲ ့ခုလို သံေဝဂေတြ ရၿပီး တရားအားထုတ္ေတာ့မယ္ဆိုတဲ့ အခ်ိန္က်မွပဲ စတင္သိလိုက္ရတဲ့အတြက္ေၾကာင့္ ျဖစ္ပါေတာ့တယ္။
ေယာဂီဟာ စၿပီး တရားအားထုတ္ၿပီဆိုတာနဲ ့အဲဒီ"စိတ္" နဲ ့လိုက္တမ္း ေျပးတမ္း ကစားရင္း၊ ေတာင္ေတြး၊ ေျမာက္ေတြး နဲ ့စ ပါေတာ့တယ္။ ဒါကို နားမလည္တဲ့ ပုဂၢိဳလ္ကေတာ့ မိမိရဲ ့တရားအားထုတ္မႈအေပၚ သံသယ ျဖစ္ၾကတာေပါ့ေနာ္။
"စိတ္" ပဲေလ.. ေတြးမွာေပါ့.. ။
ဝိပႆနာ အားထုတ္တယ္ ဆိုတာ ေပၚလာသမွ်ကိုသာ ေစာင့္ၾကည့္ရတဲ့အလုပ္ပါ၊ ဘာေပၚေပၚရႈရတဲ့ အလုပ္ပါ။
အဲဒီလို ေစာင့္ၾကည့္တယ္ ဆိုေတာ့ ေတြ ့ၿပီေပါ့...။
ဒီတစ္သံသရာတစ္ေလၽွာက္လံုးမွာ.. ေျပးေနတဲ့ "စိတ္" ကို သိမွမသိခဲ့ၾကတာ..
အခုအခ်ိန္က်မွ တရားအားထုတ္မယ္ဆိုၿပီး ဉာဏ္နဲ ့သတိထားမိၿပီး ၾကည့္လိုက္တဲ့ အခ်ိန္လည္းေရာက္ေရာ မိမိရဲ ့ စိတ္ ဟာ ဟိုေတြး၊ ဒီိေတြးျဖစ္ေနတာေတြ နဲ ့စိတ္ေတြက မၿငိမ္တဲ့ အေပၚမိမိ ဖာသာသံုးသပ္ၿပီး .......
တစ္ေန ့တစ္ေန ့ တရားသာ အားထုတ္ေနရတယ္ " ေအာ္...စိတ္ ေတြက လြင့္လိုက္တာ.. ေနာ္..
ငါ တရားထိုင္လို ့ မရဘူး.. စိတ္မလြင့္ေအာင္ ငါ့ ဘယ္လိုလုပ္ရမလဲ " ဆိုတဲ့ ေမးခြန္းေတြ နဲ ့ မိမိ ရဲ ့က်င့္ၾကံအားထုတ္ေနမႈအေပၚ အားမလို အားရတာေတြ ျဖစ္လာၾကပါတယ္။
ေရွးဦးစြာ ဓမၼမိတ္ေဆြ တို ့ကို အားတက္ေအာင္ေျပာရရင္..
တစ္ကယ္ေတာ့..
စိတ္လြင့္တာ ကို လြင့္မွန္း သိရင္ .. "ဒီ သိေနတယ္" ဆိုကတည္းက "တရား " ျဖစ္ေနပါၿပီ လို ့ ဦးစြာ ေျပာလိုက္ပါရေစ။
ဘယ္လုိပဲျဖစ္ျဖစ္ "ဝိပႆနာ"ဆုိတာ ေပၚရာေပၚရာကုိ လုိက္႐ႈမွတ္တာ ျဖစ္တဲ့အတြက္ "စိတ္မွာပဲ ေပၚေပၚ၊ခႏၶာကုိယ္မွာပဲ ေပၚေပၚ၊ ေပၚတဲ့ အာ႐ုံေတြတိုင္း " ကုိ သတိကပ္ၿပီး လုိက္႐ႈမွတ္ဖုိ႔ သာ လုိပါတယ္။ စိတ္က လြင့္သြားလို ့ ျပန္ၿပီး သတိရမိတဲ့အခ်ိန္မွာ "စိတ္လြင့္သြားပါလား " ဆိုတဲ့ "အသိ" ရွိရင္ ရပါၿပီ။
အဲဒီလိုမဟုတ္ဘဲနဲ ့ဓမၼမိတ္ေဆြက ခုန "လြင့္သြားပါလား" ဆိုတဲ့ "အသိ " မွာတင္ ရပ္မထားပဲ နဲ ့ "ဒီစိတ္ လြင့္တဲ့ အေၾကာင္းရာ က ဘာေၾကာင့္ေပၚရတာလဲ၊ ဘယ္က စၿပီး ဘာျဖစ္လို ့ ခုထိေပၚရတာလဲ" ဆိုၿပီး လုိက္ၿပီးခံစားမႈေတြ၊ လိုက္ၿပီး စံုစမ္းေထာက္လွမ္းေနမႈေတြ ျပဳမေနသင့္ပါဘူး။
အခုေလာေလာဆယ္ အခ်ိန္ အဲဒီစိတ္ျဖစ္ေနတဲ့ "လက္ရွိအေျခအေန"ကုိပဲ လုိက္ၿပီးသိေအာင္ ႐ႈမွတ္ရမွာ ျဖစ္ပါတယ္။
အဲလုိ ႐ႈမွတ္တဲ့အခါ
ဒီစိတ္ေပ်ာက္ၿပီး ေနာက္စိတ္တစ္မ်ိဳး ျဖစ္ေပၚရင္လည္း ျဖစ္ေပၚလာႏုိင္ပါတယ္။ ေနာက္ထပ္ စိတ္မွာပဲျဖစ္ျဖစ္ ၊ ခႏၶာကုိယ္မွာပဲျဖစ္ျဖစ္ ႐ႈမွတ္စရာ အာ႐ုံတစ္ခုခု ေပၚလာတတ္ပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ေပၚလာသမွ်ကုိ လုိက္ၿပီးသိရွိ ႐ႈမွတ္ေနဖုိ႔ အေရးႀကီးပါတယ္။
စိတ္ကူးတာ၊ ႀကံစည္တာ၊ ေတြးေတာတာ၊ ဝမ္းနည္းတာ၊ ဝမ္းသာတာ၊ ေဒါသျဖစ္တာ၊ အလုိမက်တာ၊ ပူတာေအးတာ၊ ေပ့ါတာေလးတာ၊ ကုိက္တာခဲတာ စတဲ့ ဘယ္လုိဟာမ်ိဳးပဲ ေပၚလာေပၚလာ "သတိကပ္ၿပီး" လုိက္သိလုိက္မွတ္ေနဖုိ႔ပါပဲ။ အဲဒီလုိ ေပၚရာေပၚရာကုိ လုိက္သိ၊ လုိက္မွတ္ေနတာကုိပဲ "ဝိပႆနာ"႐ႈတယ္လုိ႔ ေခၚတာပဲ ျဖစ္ပါတယ္။
မွတ္ရင္း စဥ္းစားမိၿပီး အေတြးေတြ မလြန္မိပါေစနဲ႔ ့။ေတြးမိသြားရင္ လည္း "ေအာ္..ေတြးမိသြားပါလား.. ၾကည့္စမ္း အခု ဒီေတြးတယ္ ဆိုတာခ်ည္းက အခုမရွိေတာ့ဘူး..ပ်က္သြားပါလား"ဆိုတဲ့ အသိနဲ ့...
အဲဒီ "ပ်က္သြားတာ" ကို ျပန္ရႈပါ။ အဲဒါ..ဝိပႆနာ ပါပဲ..။
ဓမၼဒူတ ဆရာေတာ္ အရွင္ေဆကိႏၵ က ဝိပႆနာ နဲ ့သမထ ကို ခြဲၿပီး ေဟာထားတာရွိပါတယ္။ အဲဒီတရားေတာ္ထဲက စကားခ်ပ္ေလးကို ဒီေနရာမွာ အပ္စပ္မယ္ ထင္လို ့ ျပန္ၿပီးပူေဇာ္ျပလိုက္ရင္၊ ဓမၼမိတ္ေဆြတို ့ရဲ ့ရႈမွတ္အားထုတ္မႈကိုအက်ိဳးမ်ားၿပီး အေထာက္အကူ ျဖစ္မွာပဲလို ့ယူဆမိပါတယ္။
ဗ်ိဳင္းတစ္ေကာင္ လို ငါးကို ေစာင့္ဖမ္းတဲ့ နည္း နဲ ့ပင့္ကူ လို သားေကာင္ ကို ဖမ္းနည္း ဆိုၿပီး ႏွစ္နည္းရွိပါတယ္.. တဲ့။ ဗ်ိဳင္းက ေတာ့ ေရထဲကို ေစာင့္ ၾကည့္ၿပီး တစ္ေကာင္လာ တစ္ေကာင္ဖမ္းပါတယ္၊ ငါးပဲ ဖမ္းတာ က်န္တာ မဖမ္းပါဘူး။ အဲဒီနည္း ကို သမထနည္း လို ့ေခၚၿပီးေတာ့ ၊ ပင့္ကူ နည္းက်ေတာ့ ဘာအေကာင္ လာလာ ေစာင့္ၾကည့္ေနၿပီး ေပၚလာတဲ့ အေကာင္ ကို ဖမ္းလိုက္၊ ၿပီးရင္ ကိုယ့္ေနရာကေန ကိုယ္ျပန္ၿပီး ေစာင့္ၾကည့္ေနလိုက္ယံုပါပဲ။ သေဘာကေတာ့ ထြက္ေလ ဝင္ေလ အာနာပါန ရႈတဲ့ ပုဂၢိဳလ္က မိမိကမၼ႒ာန္းကို မွတ္ေနရင္း အသံၾကားတာ၊ အနံ ့ရတာ၊ နာက်င္ကိုက္ခဲတာ စတဲ့ ဘာအာရံုေပၚလာေပၚလာ ၊ အဲဒီေပၚလာတာ ကို ရႈလို ့ၿပီးရင္ ကိုယ္မွတ္ေနၾက ကမၼ႒ာန္းကို ျပန္ဆက္မွတ္ယံုပါပဲ၊ အဲဒီသေဘာပါ။ဒါကေတာ့ ဝိပႆနာ နည္းပါ...တဲ့။
တရားဆိုတာ ၾကာၾကာထိုင္မွ မဟုတ္ပါဘူး၊ ၾကာၾကာထိုင္မွ ရတဲ့လူရွိသလို ၊ ခဏေလးထိုင္ၿပီး တရားထူူး ရသြားၾကတဲ့ လူေတြလည္းရွိပါတယ္၊ ေတြ ့လည္းေတြ ့ဖူးပါတယ္။ဒါကေတာ့ ဒီပုဂၢိဳလ္ရဲ ့ဉာဏ္ရည္ဉာဏ္ေသြး နဲ ့သူျပဳ ခဲ့တဲ့ သူ ့အေၾကာင္းတရား ကံ နဲ ့ဆိုင္တာေပါ့ေနာ္။
ၿပီးေတာ့..
ဆရာေတာ္ထပ္ၿပီး မိန္ ့ၾကားတဲ့... ေနာက္ ဥပမာ တစ္ခုက..
တီဗြီ ၾကည့္တဲ့ အခါမွာ ႏွစ္မ်ိဳးရွိပါတယ္၊ တစ္မ်ိဳးက ဗြီစီဒီ တို ့၊ ဒီဗီဒီ တို ့ဆိုရင္ ေအာက္စက္ နဲ ့ ထိုးၾကည့္ရပါတယ္ ။ဒါမွ မဟုတ္ရင္ ေနာက္တစ္မ်ိဳးကေတာ့..
တီဗြီကေန တိုက္႐ိုက္လႊင့္ လို ့လာတာ ၾကည့္တာမ်ိဳးလည္း ရွိပါတယ္။
သမထ အားထုတ္ဖူးတဲ့ လူက်ေတာ့ ရွင္းသြားပါၿပီ၊ ကိုယ္ႀကိဳက္တဲ့ အေခြ ထိုးၿပီး အယင္ၾကည့္ယံုပါပဲ။
ဝိပႆနာ က်ေတာ့ ကိုယ္ၾကည့္ခ်င္တဲ့အေခြ ကိုယ္ ထိုးၾကည့္လို ့မရပါဘူး၊ သူျပတာပဲ ၾကည့္ရမွာပါ။ ေၾကာ္ျငာလာလည္း ထိုင္ၾကည့္ရမွာပါပဲ။ ေၾကာ္ျငာလာလည္း ေၾကာ္ျငာမွန္းသိေနရမွာျဖစ္ပါတယ္။ျပတဲ့ ဇာတ္လမ္း နဲ ့သြားေရာ ေနလို ့မရပါဘူး။ ေပၚတာကို ၾကည့္ေနယံုပါပဲ။ျပတာကိုပဲ ၾကည့္ရတာ ဆိုေတာ့ အေခြ ထိုးၾကည့္တာ နဲ႔ ေတာ့ဘယ္တူႏိုင္ပါ့မလဲ ေနာ္။ဒီေတာ့ ေၾကာ္ျငာ က အရမ္းမ်ားမွာပါ။ တကယ္ေတာ့အဲဒီမ်ားလွတဲ ့ေၾကာ္ျငာေတြ က ဓမၼမိတ္ေဆြ လြင့္ေနတဲ့ စိတ္ေတြပါပဲ။
အဲဒီလို ့ လြင့္ေနတဲ့စိတ္ကို မလြင့္ေအာင္ အေကာင္းဆံုးအၾကံျပဳဖို ့အတြက္ စိတ္သေဘာကို နည္းနည္း ရွင္းျပပါရေစ။
စိတ္ဆိုတာ အာ႐ံုကို သိတတ္တဲ့ သေဘာရွိပါတယ္။ ေဝးေဝး နီးနီး အာ႐ံုမ်ဳိးစံုကို ယူၿပီး ေရာက္တတ္ပါတယ္။ ၿပီးေတာ့ စိတ္ဟာ တစ္စိတ္ခ်ဳပ္မွလည္း ေနာက္တစ္စိတ္ျဖစ္ပါတယ္။
ေနာက္ၿပီး ေတာ့..
စိတ္ကို...လႊတ္ထားတာရယ္၊
စိတ္ကို ..ထိန္းထားတာရယ္၊
စိတ္ ရဲ႕သေဘာကို သိတာရယ္..လို႔ သံုးမ်ဳိးခြဲမွတ္ပါ။
စိတ္ကို လြတ္ထားရင္...
မေကာင္းတဲ့အာရံုေတြ ၊ စိတ္ပူပန္တာေတြ ၊ စိတ္ညစ္စရာေတြကိုသာ အာ႐ံုျပဳေနက်ျဖစ္ေနေတာ့ စိတ္ဆင္းရဲပူပန္မႈသာ ျဖစ္ေစပါတယ္။ အလြယ္ေျပာေတာ့ ဒုကၡေရာက္တယ္ ေျပာတာေပါ့။
ဒါျဖင့္ စိတ္ကို ထိန္းထားရမယ္ဆိုျပန္ေတာ့....
ထိန္းတယ္ဆိုတာ ေကာင္းတဲ့အာ႐ံုေပၚမွာ စိတ္ကို တင္ထားတာ။
ဒါန နဲ႔ ထိန္းရင္ အလွဴခံပုဂၢိဳလ္၊ လွဴဖြယ္ပစၥည္းေတြကို အာ႐ံုျပဳ၊ သီလနဲ႔ ထိန္းရင္ ေရွာင္ၾကဥ္စရာ၊ လြန္က်ဴးစရာကို အာ႐ံုျပဳေစာင့္ထိန္းရတယ္။ သမထဆိုရင္လည္း ကသိုဏ္းနိမိတ္ပညတ္စတဲ့ သမထအာ႐ံုေတြကို အာ႐ံုျပဳၿပီး ထိန္းထားရပါတယ္။ စိတ္ကိုထိန္းရင္ ကုသိုလ္ ေတာ့ ျဖစ္ပါတယ္။ ဒါေပမဲ့...
လႊတ္ထားခံရတဲ့ သားသမီးေတြဟာ ရာႏႈန္းျပည့္ ပ်က္စီးသြားနိုင္တယ္။ ထိန္းသိမ္းခံထားရတဲ့ သားသမီးေတြကေတာ့ ေကာင္းတဲ့ဘက္ေရာက္ဖို႔ ရာခိုင္ႏႈန္းမ်ားေပမယ့္ ထိန္းသိမ္းမႈ လြတ္သြားလို ့ထိန္းမနိုင္ သိမ္းမရ ျဖစ္တတ္တဲ့ သေဘာကို ေျပာတာ ျဖစ္ပါတယ္။ မေကာင္းတာကို ခိုးေၾကာင္ခိုးဝွက္ လုပ္တတ္တယ္။ ရာႏႈန္းျပည့္ မေကာင္းနိုင္ပါဘူး။
အေကာင္းဆံုးကေတာ့ ပညာရွာရမဲ့ အရြယ္ သားသမီးေတြကို ပညာရဲ႕ အက်ဳိးေက်းဇူး၊ ပညာရွိမွ လူရာဝင္တယ္စတဲ့ ပညာေကာင္းေၾကာင္းေတြကို နားလည္ေအာင္ ေျပာေပးရပါတယ္။ စီးပြားရွာရမယ့္အရြယ္ သားသမီးေတြကို စီးပြားေရးကို စိတ္ပါဝင္စားၿပီး ႀကိဳးစားလာေအာင္ အထက္တန္းေရာက္နိုင္တဲ့အေၾကာင္းကို သေဘာေပါက္နားလည္ေအာင္၊ အသိဉာဏ္နဲ႔ လက္ခံေအာင္၊ လက္ခံတဲ့အတိုင္း လိုက္လုပ္ေအာင္ ေျပာဆိုေပးရတယ္။ အသိဉာဏ္ေပးရမယ္ေပါ့။
မိမိ"စိ္တ္"ကိုလည္း သားသမီးသဖြယ္ ေကာင္းေစခ်င္လို႔ နားလည္ေအာင္ ဆံုးမရမယ္။ ေျပာေပးရမယ္။ ကိုယ့္ကိုယ္နဲ႔ ကိုယ့္စိတ္ရဲ႕ အေၾကာင္းကို ေသခ်ာသိနိုင္ဖို႔ ႀကိဳးစားခိုင္းရပါမယ္။ အသိဉာဏ္ေတြတိုးၿပီး သိေအာင္ေပါ့။ အဲဒီလိုသိေအာင္ ၾကည့္ေနတာကို စိတ္အလုပ္ လုပ္တယ္လို႔ ေခၚပါတယ္။ ဒါမွ သမာဓိ အားေကာင္းလာၿပီး ဝိပႆနာဉာဏ္ ျဖစ္လာမွာ။
ဒါန၊ သီလ၊ သမထကုသိုလ္ေတြက သာမန္အားျဖင့္ စိတ္ကို ထိန္းၾကတဲ့ အလုပ္ေတြပါ။ ကုသိုလ္လုပ္ေနရင္း တစ္ခါတေလ ထိန္းသိမ္းမႈေအာက္ကလြတ္ၿပီး မေကာင္းတဲ့အာ႐ံု ေရာက္ေနတတ္တဲ့ စိတ္မ်ဳိးလည္း ျဖစ္သြားတတ္ပါတယ္။
ဝိပႆနာ ဆိုတာ စိတ္ကို လႊတ္ထားတာလည္းမဟုတ္ သလို ၊ ထိန္းထားတာလည္း မဟုတ္ပါဘူး၊ ဒီ႐ုပ္ဒီနာမ္ရဲ႕ သေဘာကိုသိေအာင္ စိတ္ကို ၾကည့္ခို္င္းတာပဲ ျဖစ္ပါတယ္။
အဲဒီလို လြင့္ေနတဲ့ စိတ္ကို လြင့္တတ္တဲ့ နာမ္သေဘာ၊ အာ႐ံုနဲ႔ ဆံုတိုင္း သိတတ္တဲ့သေဘာ၊ ေျပာင္းလဲတဲ့ သေဘာေတြကို ျမင္ေအာင္ ၾကည့္ရတာပါ။
အဲလိုၾကည့္နိုင္ရင္လည္း စိတ္မလြတ္ေတာ့ပါဘူး။
ျပန္လြင့္တတ္တဲ့ စိတ္ကုိ....
"ငါ့စိတ္ အျပင္ေရာက္ေနပါလား၊ ငါ အေတြးေတြ လြန္ေနပါလား".....လုိ႔
သိတာနဲ႔ တစ္ၿပိဳင္နက္" ျပန္ျပန္ၿပီး " အမွတ္အာ႐ုံကုိ ျပန္ယူကာ ႀကိဳးစားေပးရပါတယ္။ တရားထုိင္ခါစပဲ ရွိေသး စိတ္လြင့္ၿပီဆုိတာ သိတာနဲ႔တစ္ခါတည္း ျပန္ၿပီးအမွတ္ကုိ ႀကိဳးစားမွတ္၊ သတိရတုိင္း ျပန္ျပန္ၿပီး ဝီရိယ စုိက္ၿပီးေတာ့ ဘယ္လိုမွတ္သင့္သလဲ ဆိုရင္...
"ငါ အတတ္ႏုိင္ဆုံး မထြက္ေအာင္ မွတ္မယ္" ဆုိတဲ့
ခံယူခ်က္နဲ႔ စမွတ္ကတည္းက သတိကပ္ကာ အမွတ္ကုိ အစမွ အဆုံးအထိလုိက္ၿပီး သိေအာင္ႀကိဳးစားေပးရပါတယ္။
ႀကိဳးစားမွတ္ပါလ်က္နဲ႔ တစ္ခါတစ္ရံ မသိစိတ္က ေခၚေဆာင္ရာ ပါသြားၿပီး အမွတ္အာ႐ုံက လြတ္သြားတာလည္း ရွိတတ္ပါတယ္။ အဲဒီအခါမ်ိဳးမွာလည္း ျပန္သတိရတာနဲ႔ တစ္ခါျပန္ၿပီး အမွတ္အာ႐ုံကုိ အစ ကေနအဆုံးအထိ မွတ္လုိ႔ရေအာင္ ႀကိဳးစားပါ။ ဒီလုိနဲ႔ စိတ္ထြက္တုိင္း ျပန္ျပန္ႀကိဳးစားမယ္ဆုိရင္ ဒီစိတ္ဟာ တျဖည္းျဖည္း အထြက္နည္းလာၿပီးေတာ့ အေတြးအျမင္ စိတ္ကူးေတြ ကလည္း တျဖည္းျဖည္းနည္းလာပါလိမ့္မယ္။
မွတ္လုိ႔မရဘူး ဆုိၿပီး စိတ္ကုိလြတ္ေပးမထားဘဲ...
မွတ္ေနတုန္း မွာပဲ ျပန္ျပန္ၿပီး မွတ္ႏုိင္ေအာင္ ႀကိဳးစားေပးတဲ့ "ဝီရိယ"ကုိ ထပ္ခါထပ္ခါ သတိနဲ႔ ကပ္ေပးမယ္ ဆိုလို ရွိရင္ တျဖည္းျဖည္း သမာဓိတည္လာၿပီး စိတ္ျပန္ ့လြင့္မႈ နည္းပါးလာမွာ ျဖစ္ေၾကာင္း အၾကံျပဳရင္း ေလ့လာမိထားတဲ့ ဆရာေတာ္ သံဃာေတာ္ တို ့ရဲ ့တရားေတာ္ေတြထဲက စုေဆာင္းမိထားသမွ်ကို ဓမၼဒါနျပဳလိုက္ပါတယ္။
( ခႏၶာ-၅ပါးတစ္ဦး )
••••••••••••••••••••

လက္ကိုင္ဖုန္း ျဖင့္ စာစီရျခင္းျဖစ္သည့္အတြက္ သတ္ပံုမွားယြင္းမႈမ်ား ေတြ ့ရွိပါက သည္းခံခြင့္လႊတ္ၿပီး ျပင္ဆင္ဖတ္ရႈေပးပါရန္ေမတၱာရပ္ခံပါသည္။
Credit to Original writer
Unicode
တရားထိုင်ရင်းစိတ်ပြန့်လွင့်နေသူများအတွက်
♦️စိတ်မလွင့်အောင် တရားရှုမှတ်နည်း ♦️
➖➖➖➖➖➖➖➖➖➖➖➖➖➖
" တရား..အားထုတ်တဲ့အခါ စိတ်လွင့်တာကို မလွင့်အောင် ဘယ်လိုလုပ်မှ ဝိပဿနာဖြစ်မလဲ " ဆိုတဲ ့ပုဂ္ဂိုလ်တို ့အတွက်
••••••••••••••••••••••••••••••••
အခုမှ စပြီး တရားအားထုတ်ကြသူတွေ ပဲ ဖြစ်ဖြစ်၊ အယင်ကတည်းက စလို ့အခုလက်ရှိတရားအားထုတ်နေဆဲ ပုဂ္ဂိုလ်တွေ ပဲဖြစ်ဖြစ်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှန်သမျှ မလွဲမသွေ ဖြစ်လေ့ဖြစ်ထ ရှိတာကတော့ စိတ်ပြန့်လွင့် ကြတာတွေ ပဲ ဖြစ်ပါတယ်။
တရားမှတ်နေရင်း စိတ်လွင့်တယ် ဆိုတာဘာလဲ ဆိုတော့..
တရားအားထုတ်နေတဲ့အချိန် လက်ရှိ အခြေအနေ ရဲ ့အသိတရားဖြစ်စေတဲ့ ရုပ်နာမ်အာရုံတွေ မှာ စိတ်မရှိတော့ဘဲနဲ ့၊ အရင်က တွေ့ခဲ့ဖူး၊ မြင်ခဲ့ဖူး၊ ကြုံခဲ့ဖူးတဲ့အာရုံတွေရဲ ့နောက်ကို စိတ်က အာရုံပြုမိနေတာ၊ပြီးတော့ တွေဖူးချင်တာ၊ မြင်ဖူးချင်တာ၊ ကြံုဖူးချင်တာတွေ ဖန်တီးပြီးတော့ အဲဒီအာရုံ တွေ ရဲ ့နောက်ကို စိတ်က လိုက်ပြီး အာရုုံပြုမိနေတာကို ခေါ်ပါတယ်။
ဓမ္မမိတ်ဆွေတို ့အနေနဲ ့တရားစပြီးအားထုတ်ပြီဆိုရင်.....
" စိတ်" ကစပြီး ပြသနာ စဖြစ်တော့တာပါပဲ။ ဘာဖြစ်လို ့လဲ ဆိုတော့..
သံသရာ တစ်လျှောက်လုံးမှာ အဆုံးမ မရှိဘဲ လွှတ်ချင်တိုင်း လွှတ်ထားတဲ့ စိတ်၊ ဟိုလွင့် ဒီလွင့်ဖြစ်နေတာကို သတိမထားမိကြဘဲ နဲ ့ခုလို သံဝေဂတွေ ရပြီး တရားအားထုတ်တော့မယ်ဆိုတဲ့ အချိန်ကျမှပဲ စတင်သိလိုက်ရတဲ့အတွက်ကြောင့် ဖြစ်ပါတော့တယ်။
ယောဂီဟာ စပြီး တရားအားထုတ်ပြီဆိုတာနဲ ့အဲဒီ"စိတ်" နဲ ့လိုက်တမ်း ပြေးတမ်း ကစားရင်း၊ တောင်တွေး၊ မြောက်တွေး နဲ ့စ ပါတော့တယ်။ ဒါကို နားမလည်တဲ့ ပုဂ္ဂိုလ်ကတော့ မိမိရဲ ့တရားအားထုတ်မှုအပေါ် သံသယ ဖြစ်ကြတာပေါ့နော်။
"စိတ်" ပဲလေ.. တွေးမှာပေါ့.. ။
ဝိပဿနာ အားထုတ်တယ် ဆိုတာ ပေါ်လာသမျှကိုသာ စောင့်ကြည့်ရတဲ့အလုပ်ပါ၊ ဘာပေါ်ပေါ်ရှုရတဲ့ အလုပ်ပါ။
အဲဒီလို စောင့်ကြည့်တယ် ဆိုတော့ တွေ ့ပြီပေါ့...။
ဒီတစ်သံသရာတစ်လျှောက်လုံးမှာ.. ပြေးနေတဲ့ "စိတ်" ကို သိမှမသိခဲ့ကြတာ..
အခုအချိန်ကျမှ တရားအားထုတ်မယ်ဆိုပြီး ဉာဏ်နဲ ့သတိထားမိပြီး ကြည့်လိုက်တဲ့ အချိန်လည်းရောက်ရော မိမိရဲ ့ စိတ် ဟာ ဟိုတွေး၊ ဒီိတွေးဖြစ်နေတာတွေ နဲ ့စိတ်တွေက မငြိမ်တဲ့ အပေါ်မိမိ ဖာသာသုံးသပ်ပြီး .......
တစ်နေ ့တစ်နေ ့ တရားသာ အားထုတ်နေရတယ် " အော်...စိတ် တွေက လွင့်လိုက်တာ.. နော်..
ငါ တရားထိုင်လို ့ မရဘူး.. စိတ်မလွင့်အောင် ငါ့ ဘယ်လိုလုပ်ရမလဲ " ဆိုတဲ့ မေးခွန်းတွေ နဲ ့ မိမိ ရဲ ့ကျင့်ကြံအားထုတ်နေမှုအပေါ် အားမလို အားရတာတွေ ဖြစ်လာကြပါတယ်။
ရှေးဦးစွာ ဓမ္မမိတ်ဆွေ တို ့ကို အားတက်အောင်ပြောရရင်..
တစ်ကယ်တော့..
စိတ်လွင့်တာ ကို လွင့်မှန်း သိရင် .. "ဒီ သိနေတယ်" ဆိုကတည်းက "တရား " ဖြစ်နေပါပြီ လို ့ ဦးစွာ ပြောလိုက်ပါရစေ။
ဘယ်လိုပဲဖြစ်ဖြစ် "ဝိပဿနာ"ဆိုတာ ပေါ်ရာပေါ်ရာကို လိုက်ရှုမှတ်တာ ဖြစ်တဲ့အတွက် "စိတ်မှာပဲ ပေါ်ပေါ်၊ခန္ဓာကိုယ်မှာပဲ ပေါ်ပေါ်၊ ပေါ်တဲ့ အာရုံတွေတိုင်း " ကို သတိကပ်ပြီး လိုက်ရှုမှတ်ဖို့ သာ လိုပါတယ်။ စိတ်က လွင့်သွားလို ့ ပြန်ပြီး သတိရမိတဲ့အချိန်မှာ "စိတ်လွင့်သွားပါလား " ဆိုတဲ့ "အသိ" ရှိရင် ရပါပြီ။
အဲဒီလိုမဟုတ်ဘဲနဲ ့ဓမ္မမိတ်ဆွေက ခုန "လွင့်သွားပါလား" ဆိုတဲ့ "အသိ " မှာတင် ရပ်မထားပဲ နဲ ့ "ဒီစိတ် လွင့်တဲ့ အကြောင်းရာ က ဘာကြောင့်ပေါ်ရတာလဲ၊ ဘယ်က စပြီး ဘာဖြစ်လို ့ ခုထိပေါ်ရတာလဲ" ဆိုပြီး လိုက်ပြီးခံစားမှုတွေ၊ လိုက်ပြီး စုံစမ်းထောက်လှမ်းနေမှုတွေ ပြုမနေသင့်ပါဘူး။
အခုလောလောဆယ် အချိန် အဲဒီစိတ်ဖြစ်နေတဲ့ "လက်ရှိအခြေအနေ"ကိုပဲ လိုက်ပြီးသိအောင် ရှုမှတ်ရမှာ ဖြစ်ပါတယ်။
အဲလို ရှုမှတ်တဲ့အခါ
ဒီစိတ်ပျောက်ပြီး နောက်စိတ်တစ်မျိုး ဖြစ်ပေါ်ရင်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ထပ် စိတ်မှာပဲဖြစ်ဖြစ် ၊ ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် ရှုမှတ်စရာ အာရုံတစ်ခုခု ပေါ်လာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လာသမျှကို လိုက်ပြီးသိရှိ ရှုမှတ်နေဖို့ အရေးကြီးပါတယ်။
စိတ်ကူးတာ၊ ကြံစည်တာ၊ တွေးတောတာ၊ ဝမ်းနည်းတာ၊ ဝမ်းသာတာ၊ ဒေါသဖြစ်တာ၊ အလိုမကျတာ၊ ပူတာအေးတာ၊ ပေ့ါတာလေးတာ၊ ကိုက်တာခဲတာ စတဲ့ ဘယ်လိုဟာမျိုးပဲ ပေါ်လာပေါ်လာ "သတိကပ်ပြီး" လိုက်သိလိုက်မှတ်နေဖို့ပါပဲ။ အဲဒီလို ပေါ်ရာပေါ်ရာကို လိုက်သိ၊ လိုက်မှတ်နေတာကိုပဲ "ဝိပဿနာ"ရှုတယ်လို့ ခေါ်တာပဲ ဖြစ်ပါတယ်။
မှတ်ရင်း စဉ်းစားမိပြီး အတွေးတွေ မလွန်မိပါစေနဲ့ ့။တွေးမိသွားရင် လည်း "အော်..တွေးမိသွားပါလား.. ကြည့်စမ်း အခု ဒီတွေးတယ် ဆိုတာချည်းက အခုမရှိတော့ဘူး..ပျက်သွားပါလား"ဆိုတဲ့ အသိနဲ ့...
အဲဒီ "ပျက်သွားတာ" ကို ပြန်ရှုပါ။ အဲဒါ..ဝိပဿနာ ပါပဲ..။
ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ က ဝိပဿနာ နဲ ့သမထ ကို ခွဲပြီး ဟောထားတာရှိပါတယ်။ အဲဒီတရားတော်ထဲက စကားချပ်လေးကို ဒီနေရာမှာ အပ်စပ်မယ် ထင်လို ့ ပြန်ပြီးပူဇော်ပြလိုက်ရင်၊ ဓမ္မမိတ်ဆွေတို ့ရဲ ့ရှုမှတ်အားထုတ်မှုကိုအကျိုးများပြီး အထောက်အကူ ဖြစ်မှာပဲလို ့ယူဆမိပါတယ်။
ဗျိုင်းတစ်ကောင် လို ငါးကို စောင့်ဖမ်းတဲ့ နည်း နဲ ့ပင့်ကူ လို သားကောင် ကို ဖမ်းနည်း ဆိုပြီး နှစ်နည်းရှိပါတယ်.. တဲ့။ ဗျိုင်းက တော့ ရေထဲကို စောင့် ကြည့်ပြီး တစ်ကောင်လာ တစ်ကောင်ဖမ်းပါတယ်၊ ငါးပဲ ဖမ်းတာ ကျန်တာ မဖမ်းပါဘူး။ အဲဒီနည်း ကို သမထနည်း လို ့ခေါ်ပြီးတော့ ၊ ပင့်ကူ နည်းကျတော့ ဘာအကောင် လာလာ စောင့်ကြည့်နေပြီး ပေါ်လာတဲ့ အကောင် ကို ဖမ်းလိုက်၊ ပြီးရင် ကိုယ့်နေရာကနေ ကိုယ်ပြန်ပြီး စောင့်ကြည့်နေလိုက်ယုံပါပဲ။ သဘောကတော့ ထွက်လေ ဝင်လေ အာနာပါန ရှုတဲ့ ပုဂ္ဂိုလ်က မိမိကမ္မဋ္ဌာန်းကို မှတ်နေရင်း အသံကြားတာ၊ အနံ ့ရတာ၊ နာကျင်ကိုက်ခဲတာ စတဲ့ ဘာအာရုံပေါ်လာပေါ်လာ ၊ အဲဒီပေါ်လာတာ ကို ရှုလို ့ပြီးရင် ကိုယ်မှတ်နေကြ ကမ္မဋ္ဌာန်းကို ပြန်ဆက်မှတ်ယုံပါပဲ၊ အဲဒီသဘောပါ။ဒါကတော့ ဝိပဿနာ နည်းပါ...တဲ့။
တရားဆိုတာ ကြာကြာထိုင်မှ မဟုတ်ပါဘူး၊ ကြာကြာထိုင်မှ ရတဲ့လူရှိသလို ၊ ခဏလေးထိုင်ပြီး တရားထူူး ရသွားကြတဲ့ လူတွေလည်းရှိပါတယ်၊ တွေ ့လည်းတွေ ့ဖူးပါတယ်။ဒါကတော့ ဒီပုဂ္ဂိုလ်ရဲ ့ဉာဏ်ရည်ဉာဏ်သွေး နဲ ့သူပြု ခဲ့တဲ့ သူ ့အကြောင်းတရား ကံ နဲ ့ဆိုင်တာပေါ့နော်။
ပြီးတော့..
ဆရာတော်ထပ်ပြီး မိန် ့ကြားတဲ့... နောက် ဥပမာ တစ်ခုက..
တီဗွီ ကြည့်တဲ့ အခါမှာ နှစ်မျိုးရှိပါတယ်၊ တစ်မျိုးက ဗွီစီဒီ တို ့၊ ဒီဗီဒီ တို ့ဆိုရင် အောက်စက် နဲ ့ ထိုးကြည့်ရပါတယ် ။ဒါမှ မဟုတ်ရင် နောက်တစ်မျိုးကတော့..
တီဗွီကနေ တိုက်ရိုက်လွှင့် လို ့လာတာ ကြည့်တာမျိုးလည်း ရှိပါတယ်။
သမထ အားထုတ်ဖူးတဲ့ လူကျတော့ ရှင်းသွားပါပြီ၊ ကိုယ်ကြိုက်တဲ့ အခွေ ထိုးပြီး အယင်ကြည့်ယုံပါပဲ။
ဝိပဿနာ ကျတော့ ကိုယ်ကြည့်ချင်တဲ့အခွေ ကိုယ် ထိုးကြည့်လို ့မရပါဘူး၊ သူပြတာပဲ ကြည့်ရမှာပါ။ ကြော်ငြာလာလည်း ထိုင်ကြည့်ရမှာပါပဲ။ ကြော်ငြာလာလည်း ကြော်ငြာမှန်းသိနေရမှာဖြစ်ပါတယ်။ပြတဲ့ ဇာတ်လမ်း နဲ ့သွားရော နေလို ့မရပါဘူး။ ပေါ်တာကို ကြည့်နေယုံပါပဲ။ပြတာကိုပဲ ကြည့်ရတာ ဆိုတော့ အခွေ ထိုးကြည့်တာ နဲ့ တော့ဘယ်တူနိုင်ပါ့မလဲ နော်။ဒီတော့ ကြော်ငြာ က အရမ်းများမှာပါ။ တကယ်တော့အဲဒီများလှတဲ ့ကြော်ငြာတွေ က ဓမ္မမိတ်ဆွေ လွင့်နေတဲ့ စိတ်တွေပါပဲ။
အဲဒီလို ့ လွင့်နေတဲ့စိတ်ကို မလွင့်အောင် အကောင်းဆုံးအကြံပြုဖို ့အတွက် စိတ်သဘောကို နည်းနည်း ရှင်းပြပါရစေ။
စိတ်ဆိုတာ အာရုံကို သိတတ်တဲ့ သဘောရှိပါတယ်။ ဝေးဝေး နီးနီး အာရုံမျိုးစုံကို ယူပြီး ရောက်တတ်ပါတယ်။ ပြီးတော့ စိတ်ဟာ တစ်စိတ်ချုပ်မှလည်း နောက်တစ်စိတ်ဖြစ်ပါတယ်။
နောက်ပြီး တော့..
စိတ်ကို...လွှတ်ထားတာရယ်၊
စိတ်ကို ..ထိန်းထားတာရယ်၊
စိတ် ရဲ့သဘောကို သိတာရယ်..လို့ သုံးမျိုးခွဲမှတ်ပါ။
စိတ်ကို လွတ်ထားရင်...
မကောင်းတဲ့အာရုံတွေ ၊ စိတ်ပူပန်တာတွေ ၊ စိတ်ညစ်စရာတွေကိုသာ အာရုံပြုနေကျဖြစ်နေတော့ စိတ်ဆင်းရဲပူပန်မှုသာ ဖြစ်စေပါတယ်။ အလွယ်ပြောတော့ ဒုက္ခရောက်တယ် ပြောတာပေါ့။
ဒါဖြင့် စိတ်ကို ထိန်းထားရမယ်ဆိုပြန်တော့....
ထိန်းတယ်ဆိုတာ ကောင်းတဲ့အာရုံပေါ်မှာ စိတ်ကို တင်ထားတာ။
ဒါန နဲ့ ထိန်းရင် အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ပစ္စည်းတွေကို အာရုံပြု၊ သီလနဲ့ ထိန်းရင် ရှောင်ကြဉ်စရာ၊ လွန်ကျူးစရာကို အာရုံပြုစောင့်ထိန်းရတယ်။ သမထဆိုရင်လည်း ကသိုဏ်းနိမိတ်ပညတ်စတဲ့ သမထအာရုံတွေကို အာရုံပြုပြီး ထိန်းထားရပါတယ်။ စိတ်ကိုထိန်းရင် ကုသိုလ် တော့ ဖြစ်ပါတယ်။ ဒါပေမဲ့...
လွှတ်ထားခံရတဲ့ သားသမီးတွေဟာ ရာနှုန်းပြည့် ပျက်စီးသွားနိုင်တယ်။ ထိန်းသိမ်းခံထားရတဲ့ သားသမီးတွေကတော့ ကောင်းတဲ့ဘက်ရောက်ဖို့ ရာခိုင်နှုန်းများပေမယ့် ထိန်းသိမ်းမှု လွတ်သွားလို ့ထိန်းမနိုင် သိမ်းမရ ဖြစ်တတ်တဲ့ သဘောကို ပြောတာ ဖြစ်ပါတယ်။ မကောင်းတာကို ခိုးကြောင်ခိုးဝှက် လုပ်တတ်တယ်။ ရာနှုန်းပြည့် မကောင်းနိုင်ပါဘူး။
အကောင်းဆုံးကတော့ ပညာရှာရမဲ့ အရွယ် သားသမီးတွေကို ပညာရဲ့ အကျိုးကျေးဇူး၊ ပညာရှိမှ လူရာဝင်တယ်စတဲ့ ပညာကောင်းကြောင်းတွေကို နားလည်အောင် ပြောပေးရပါတယ်။ စီးပွားရှာရမယ့်အရွယ် သားသမီးတွေကို စီးပွားရေးကို စိတ်ပါဝင်စားပြီး ကြိုးစားလာအောင် အထက်တန်းရောက်နိုင်တဲ့အကြောင်းကို သဘောပေါက်နားလည်အောင်၊ အသိဉာဏ်နဲ့ လက်ခံအောင်၊ လက်ခံတဲ့အတိုင်း လိုက်လုပ်အောင် ပြောဆိုပေးရတယ်။ အသိဉာဏ်ပေးရမယ်ပေါ့။
မိမိ"စိ်တ်"ကိုလည်း သားသမီးသဖွယ် ကောင်းစေချင်လို့ နားလည်အောင် ဆုံးမရမယ်။ ပြောပေးရမယ်။ ကိုယ့်ကိုယ်နဲ့ ကိုယ့်စိတ်ရဲ့ အကြောင်းကို သေချာသိနိုင်ဖို့ ကြိုးစားခိုင်းရပါမယ်။ အသိဉာဏ်တွေတိုးပြီး သိအောင်ပေါ့။ အဲဒီလိုသိအောင် ကြည့်နေတာကို စိတ်အလုပ် လုပ်တယ်လို့ ခေါ်ပါတယ်။ ဒါမှ သမာဓိ အားကောင်းလာပြီး ဝိပဿနာဉာဏ် ဖြစ်လာမှာ။
ဒါန၊ သီလ၊ သမထကုသိုလ်တွေက သာမန်အားဖြင့် စိတ်ကို ထိန်းကြတဲ့ အလုပ်တွေပါ။ ကုသိုလ်လုပ်နေရင်း တစ်ခါတလေ ထိန်းသိမ်းမှုအောက်ကလွတ်ပြီး မကောင်းတဲ့အာရုံ ရောက်နေတတ်တဲ့ စိတ်မျိုးလည်း ဖြစ်သွားတတ်ပါတယ်။
ဝိပဿနာ ဆိုတာ စိတ်ကို လွှတ်ထားတာလည်းမဟုတ် သလို ၊ ထိန်းထားတာလည်း မဟုတ်ပါဘူး၊ ဒီရုပ်ဒီနာမ်ရဲ့ သဘောကိုသိအောင် စိတ်ကို ကြည့်ခို်င်းတာပဲ ဖြစ်ပါတယ်။
အဲဒီလို လွင့်နေတဲ့ စိတ်ကို လွင့်တတ်တဲ့ နာမ်သဘော၊ အာရုံနဲ့ ဆုံတိုင်း သိတတ်တဲ့သဘော၊ ပြောင်းလဲတဲ့ သဘောတွေကို မြင်အောင် ကြည့်ရတာပါ။
အဲလိုကြည့်နိုင်ရင်လည်း စိတ်မလွတ်တော့ပါဘူး။
ပြန်လွင့်တတ်တဲ့ စိတ်ကို....
"ငါ့စိတ် အပြင်ရောက်နေပါလား၊ ငါ အတွေးတွေ လွန်နေပါလား".....လို့
သိတာနဲ့ တစ်ပြိုင်နက်" ပြန်ပြန်ပြီး " အမှတ်အာရုံကို ပြန်ယူကာ ကြိုးစားပေးရပါတယ်။ တရားထိုင်ခါစပဲ ရှိသေး စိတ်လွင့်ပြီဆိုတာ သိတာနဲ့တစ်ခါတည်း ပြန်ပြီးအမှတ်ကို ကြိုးစားမှတ်၊ သတိရတိုင်း ပြန်ပြန်ပြီး ဝီရိယ စိုက်ပြီးတော့ ဘယ်လိုမှတ်သင့်သလဲ ဆိုရင်...
"ငါ အတတ်နိုင်ဆုံး မထွက်အောင် မှတ်မယ်" ဆိုတဲ့
ခံယူချက်နဲ့ စမှတ်ကတည်းက သတိကပ်ကာ အမှတ်ကို အစမှ အဆုံးအထိလိုက်ပြီး သိအောင်ကြိုးစားပေးရပါတယ်။
ကြိုးစားမှတ်ပါလျက်နဲ့ တစ်ခါတစ်ရံ မသိစိတ်က ခေါ်ဆောင်ရာ ပါသွားပြီး အမှတ်အာရုံက လွတ်သွားတာလည်း ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာလည်း ပြန်သတိရတာနဲ့ တစ်ခါပြန်ပြီး အမှတ်အာရုံကို အစ ကနေအဆုံးအထိ မှတ်လို့ရအောင် ကြိုးစားပါ။ ဒီလိုနဲ့ စိတ်ထွက်တိုင်း ပြန်ပြန်ကြိုးစားမယ်ဆိုရင် ဒီစိတ်ဟာ တဖြည်းဖြည်း အထွက်နည်းလာပြီးတော့ အတွေးအမြင် စိတ်ကူးတွေ ကလည်း တဖြည်းဖြည်းနည်းလာပါလိမ့်မယ်။
မှတ်လို့မရဘူး ဆိုပြီး စိတ်ကိုလွတ်ပေးမထားဘဲ...
မှတ်နေတုန်း မှာပဲ ပြန်ပြန်ပြီး မှတ်နိုင်အောင် ကြိုးစားပေးတဲ့ "ဝီရိယ"ကို ထပ်ခါထပ်ခါ သတိနဲ့ ကပ်ပေးမယ် ဆိုလို ရှိရင် တဖြည်းဖြည်း သမာဓိတည်လာပြီး စိတ်ပြန် ့လွင့်မှု နည်းပါးလာမှာ ဖြစ်ကြောင်း အကြံပြုရင်း လေ့လာမိထားတဲ့ ဆရာတော် သံဃာတော် တို ့ရဲ ့တရားတော်တွေထဲက စုဆောင်းမိထားသမျှကို ဓမ္မဒါနပြုလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန်မေတ္တာရပ်ခံပါသည်။
Credit to Original writer
0 Comments