နာမည် မသိ file type အမျိုးအစား မသိတဲ့ အဖြူရောင် စာရွက်ပုံစံ file တွေကို ဘယ်လို ဖွင့်မလဲ??


တစ်ချို့ website တွေက Download ဆွဲရကောင်းအောင် သုံးနေကျ application တွေနဲ့ ဖွင့်မရတဲ့ file အမျိုးအစားတွေနဲ့ လုပ်ပြီး တင်ထားလေ့ရှိပါတယ်။ ဥပမာ ကိုယ်က သီချင်းလိုချင်လို့ download ဆွဲလိုက်ပေမယ့် ရလာတဲ့အခါ သီချင်း file type မဟုတ်ဘူးဆိုတော့ ရုတ်တရက် ဘာကြီးပါလိမ့် ဆိုပြီး ကြောင်သွားပါလိမ့်မယ်။ စိတ်မပူပါနဲ့။ အဲ့လို file အမျိုးအစားတွေဆို computer က ဖွင့်ရတဲ့ application မသိကြောင်း ပြလေ့ရှိပါတယ်။ ထို့အတူ ဖုန်းမှာလည်း အတူတူပါပဲ။ file type အမျိုးအစား မသိတဲ့ file မျိုးဆို icon ပုံစံက တစ်ခုလုံး အဖြူရောင် အနေနဲ့ ပြပါတယ်။ ဥပမာ တစ်ခုပြပါမယ်။


http://na.finalfantasyxiv.com/lodestone/special/fankit/smartphone_wallpaper/3_0/ ကို ဝင်ကြည့်ပြီး Download တစ်ခု ဆွဲကြည့်ပါ။



ထိုအခါ ပုံထဲကအတိုင်း zip ဆိုတဲ့ နာမည်နဲ့ file တစ်ခု ကျလာပါမယ်။
ဒီ zip ဆိုတဲ့ နာမည်နဲ့ file ကို ဖွင့်ကြည့်လိုက်ရင် ဘယ် application နဲ့မှ ဖွင့်မရတာကို တွေ့ရမှာပါ။


အဲ့ file ရဲ့ icon ပုံစံကို ကြည့်လိုက်ရင် စာရွက်ဖြူတစ်ရွက် ဖြစ်နေပြီး details ကြည့်လိုက်ရင် File Type က DM file အမျိုးအစား ဖြစ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။



ထိုအခါ အဲ့ဒီ file ကို rename ပြန်ပေးလိုက်ပါ။ နဂို နာမည် zip ဆိုတာရဲ့ အနောက်မှာ " .zip " ကို ရိုက်ထည့်ပြီး OK ပေးလိုက်ရင် ...........



ပုံထဲကလိုမျိုး zip file အမျိုးအစား ဖြစ်သွားပါပြီ။ ဒီလိုဆို သက်ဆိုင်ရာ app နဲ့ ဖွင့်လို့ရသွားပါပြီ။

ဒါကြောင့် icon ပုံစံ က စာရွက်ဖြူ တစ်ရွက် ဖြစ်နေတဲ့ file မျိုးတွေ့ရင် အဲ့ file ကို rename ပြန်လုပ်ပေးလိုက်ပါ။ rename လုပ်ရင် ရှိပြီးသား file name ရဲ့ အနောက်မှာ သက်ဆိုင်တဲ့ file အမျိုးအစားနာမည်ကို "." ခံပြီး ပြင်လိုက်ရင် ရပါပြီ။ phone မှာရော computer မှာရော လုပ်နိုင်ပါတယ်။

သက်ဆိုင်တဲ့ file type ကို ဘယ်လိုသိနိုင်မလဲ?
ကိုယ် download ဆွဲတာ ဘယ်လို အရာမျိုးကို လိုချင်လို့ ဆွဲလဲ။ ဥပမာ သီချင်းဆိုရင် mp3, ogg, ........ စသဖြင့် movie ဆိုရင် mov, mp4, avg , .... စသဖြင့် အများကြီးရှိပါတယ်။ အဲ့ဒါတွေ သိထားဖို့ လိုအပ်ပါတယ်။ သိထားရင် ကိုယ် download ဆွဲပြီး လိုချင်တဲ့ type ကို ထည့် ရေးလိုက်ရင် လိုချင်တဲ့ အရာ ရလာပါပြီ။ ကိုယ် download ဆွဲမယ့် website မှာ file type အမျိုးအစားတွေ ရေးပေးထားလေ့ရှိပါတယ်။ download ဆွဲပြီးလို့ ကျလာတဲ့ file နာမည်မှာလည်း အဲ့ file အမျိုးအစား ရေးထားပါတယ်။ အပေါ်မှာ ဥပမာပြခဲ့တဲ့ file မျိုး။ နာမည်မှာ zip လို့ ရေးထားတဲ့အတွက် အဲ့ဒီ file အမျိုးအစားက zip file အမျိုးအစား သိနိုင်သလိုမျိုးပါ။ file size အကြီးကြီးတွေမှာ ဒီလို အမျိုးအမည်မသိတဲ့ file type မျိုး ထားလေ့မရှိပါ။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

KSA

Post a Comment

0 Comments