သမိုင်းဆရာတွေ ခုထိတိုင် ရှင်းမပြနိုင်သေးတဲ့ အံ့သြဖွယ် တူညီချက်များ
အေဗရာဟမ် လင်ကွန်းဟာ ၁၈၄၆ ခုနှစ်မှာ လွှတ်တော်မှာ ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။
ဂျွန် အက်ဖ် ကနေဒီ ဟာ ၁၉၄၆ ခုနှစ်မှာ လွှတ်တော်မှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
အေဗရာဟမ် လင်ကွန်း ဟာ ၁၈၆၀ မှာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ဂျွန်အက်ဖ် ကနေဒီ ဟာ ၁၉၆၀ မှာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
နှစ်ယောက်လုံးက အလုပ်လုပ်ရာမှာ လူ့အခွင့်အရေးကို အဓိကထား စဉ်းစား လုပ်ဆောင်ခဲ့ပါတယ်။
နှစ်ယောက်လုံးဟာ အိမ်ဖြူတော်မှာနေတုန်း သူတု့ိရဲ့ ဇနီးတွေဟာ ကလေးတစ်ယောက်စီ ဆုံးရှုံးခဲ့ပါတယ်။
နှစ်ယောက်လုံးက သောကြာနေ့မှာပဲ အသတ်ခံခဲ့ရပါတယ်။
နှစ်ယောက်လုံး ခေါင်းမှာ ကျည်ဆံထိပြီး သေဆုံးခဲ့ပါတယ်။
လင်ကွန်းရဲ့ အတွင်းရေးမှုး နာမည်က ကနေဒီ ဖြစ်ပါတယ်။
ကနေဒီရဲ့ အတွင်းရေးမှုး နာမည်က လင်ကွန်း ဖြစ်ပါတယ်။
နှစ်ယောက်လုံးက အမေရိကန် တောင်ပိုင်းသားရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
နှစ်ယောက်လုံးဟာ သူတို့ သေပြီးနောက်ပိုင်း သမ္မတ ရာထူးယူခဲ့တဲ့ လူဟာလည်း ဂျွန်ဆင် ဆိုတဲ့ နာမည်နဲ့ တောင်ပိုင်းသား ဖြစ်ခဲ့ပါတယ်။
လင်ကွန်းရဲ့ နေရာကို ဆက်ခံတဲ့ အန်ဒရူးဂျွန်ဆင်ဟာ ၁၈၀၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
ကနေဒီရဲ့ နေရာကို ဆက်ခံတဲ့ အန်ဒရူး ဂျွန်ဆင်ဟာ ၁၉၀၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
လင်ကွန်းကို လုပ်ကြံ သတ်ဖြတ်ခဲ့သူ ဂျွန်ဝီလ်ကီဘုသ် ဟာ ၁၈၃၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
ကနေဒီကို လုပ်ကြံ သတ်ဖြတ်ခဲ့သူ လီးဟာဗေးလ်အို့စ်ဝဲလ် ဟာ ၁၉၃၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
လင်ကွန်းဟာ ဖို့ထ် အမည်ရှိတဲ့ ပြဇာတ်ရုံထဲမှာ ပစ်သတ်ခြင်းခံခဲ့ရပါတယ်။
ကနေဒီဟာ ဖို့ထ် ဆိုတဲ့ ကားကုမ္ပဏီက ထုတ်တဲ့ ကားကို စီးရင်း ပစ်သတ်ခံခဲ့ရပါတယ်။ ကားနာမည်ကို လင်ကွန်းလို့ နာမည်ပေးခဲ့ပါတယ်။
နှစ်ယောက်လုံးကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ဘုသ် နှင့် အို့စ်ဝဲလ် တို့ဟာ တူညီစွာနဲ့ပဲ သူတို့ရဲ့ အပြစ်ဒဏ် မစီရင်ရခင် သီးသီး လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။
လင်ကွန်းဟာ သူ လုပ်ကြံမခံရခင် တပတ်အလို မေရီလင်းဆိုတဲ့နေရာက မွန်ရိုးလ် ဆိုတဲ့နေရာမှာ ရှိခဲ့ပါတယ်။
ကနေဒီဟာ သူ လုပ်ကြံမခံရခင် တပတ် အလို မေရီလင်း မွန်ရိုးလ်ဆိုတဲ့ အမျိုးသမီးနဲ့ အတူူ ရှိခဲ့ပါတယ်။
လင်ကွန်းကို လုပ်ကြံတဲ့သူက ပြဇာတ်ရုံထဲမှာ လင်ကွန်းကို သတ်ပြီးပြီးချင်း ကုန်လှောင်ရုံဆီ ထွက်ပြေးတိမ်းရှောင် ခဲ့ပါတယ်။
ကနေဒီဟာ ကုန်လှောင်ရုံကနေ ပစ်သတ်ခံခဲ့ရပြီး ပြဇာတ်ရုံဆီ ထွက်ပြေး တိမ်းရှောင် ခဲ့ရပါတယ်။
၂ ယောက်လုံး သူ့ခေတ် သူ့အခါက ထင်ရှားကျော်ကြားခဲ့တဲ့အပြင် နှစ် ၁၀၀ သာ ကွာခြားသော်လည်း ကံကြမ္မာတွေ လုပ်ဆောင်မှု တွေ တူညီချက်ကတော့ အံသြစရာပါပဲ ........
နှစ်ယောက်လုံးဟာ အိမ်ဖြူတော်မှာနေတုန်း သူတို့ရဲ့ ဇနီးတွေဟာ ကလေးတစ်ယောက်စီ ဆုံးရှုံးခဲ့ပါတယ်။
ကနေဒီဟာ သူ လုပ်ကြံမခံရခင် တပတ် အလို မေရီလင်း မွန်ရိုးလ်ဆိုတဲ့ အမျိုးသမီးနဲ့ အတူ ရှိခဲ့ပါတယ်။
0 Comments