Gunslinger Stratos Reloaded

Image credit to Square Enix Portal
Square Enix က Gunslinger Stratos Reloaded ဆိုတဲ့ arcade shooter game တစ်မျိုးကို Windows PC အတွက် ထုတ်လုပ်လိုက်ပါပြီ။ ဒီ game ဟာ 3rd person action shooter ဖြစ်ပါတယ်။ 4 vs 4 online multiplayer mode ဖြစ်ပြီးတော့ အဓိက objective ကတော့ တစ်ဖက် team ကို အပြတ်ချေမှုန်းရမှာ ဖြစ်ပါတယ်။ Character ကို အမျိုးမျိုး ပြုပြင်ပြောင်းလဲလို့ ရပါတယ်။ အခုတော့ ကမ္ဘာအနှံ့ ဖြန့်ကျက်ဖို့ အစီအစဉ် မရှိသေးတဲ့အပြင် လောလောဆယ် Japan မှာပဲ ရနိုင်ပေမယ့် အကယ်၍ တောင်းဆိုမှု များလာခဲ့ရင် နောင်ကျရင် အနောက်နိုင်ငံတွေအတွက်ပါ ထုတ်မယ်လို့ ပြောကြားပါတယ်။

Game ရဲ့ plot ကတော့

2115 မှာ Japan ဟာ Frontier S နှင့် the 17th Far East Imperial City Management District ဆိုပြီး အပြိုင် ကမ္ဘာ ၂ ခု ဖြစ်နေပါတယ်။ ဒီ ကမ္ဘာ ၂ ခု ဟာ ရုတ်တရက် ပူးပေါင်းသွားပါတယ်။ ဒီအခါ ထို ကမ္ဘာ၂ ခုက နေ ကိုယ်စီ warriors အဖွဲ့တွေ လွှတ်ထုတ်ပြီး အတိတ်ကို ပြန်သွားကာ အချင်းချင်း ပြိုင်ဘက် ကမ္ဘာက လွှတ်ထုတ်လိုက်တဲ့ warriors အဖွဲ့နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရပါတယ်။ အနိုင်ရသူက ရှုံးတဲ့သူရဲ့ ကမ္ဘာကို ဖျက်ဆီးပစ်ရမှာ ဖြစ်ပါတယ်။



Original Link => http://squareportal.net/2014/12/26/gunslinger-stratos-reloaded-announced-for-pc/

KSA

Post a Comment

0 Comments