New DISSIDIA Final Fantasy


Image credit to Square Enix Portal

Square Enix က Dissidia Final Fantasy game trailer အသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီ trailer အသစ်မှာ Final Fantasy IX က Alexandria map အသစ်တစ်ခု ထည့်သွင်းထားပါတယ်။ ဒီ game ကို mobile devices တွေအတွက် ထုတ်ပြီးပါပြီ။ လာမယ့် နွေဦးရာသီမှာ PC အတွက် လာမယ်လို့ သိရပါတယ်။

Dissidia: Final Fantasy Arcades ကို 2015 နိုဝင်ဘာ 26 ရက်နေ့က Japan မှာ ထုတ်လုပ်ဖြန့်ချိပြီးပါပြီ။ 2016 ဒါမှမဟုတ် 2017 မှာ PlayStation 4 အတွက် ထုတ်မယ်လို့ စီစဉ်ထားကြောင်း သိရပါတယ်။ Complete version အနေနဲ့ လာမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ Dissidia game မှာ ပါခဲ့ပြီးတဲ့ character အသစ်တွေ ဖြစ်တဲ့ Cloud, Lightining, Terra, Onion Knight, Warriors of Light, Y'shtola, Squall, Firion, Bartz, Cecil, Tidus, Shantotto, Zidane နဲ့ Vann အပြင် တခြား character အသစ်တွေ ပါဝင်လာဦးမှာပါ။ Development team ကတော့ Patch တွေ အကုန်ထုတ်ပြီးတဲ့အခါ playable character 50 ထက်မနည်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အရင် Dissidia game နဲ့ မတူတာက အသစ်မှာ Summoning system ပါပါလာမှာပါ။ Summons တွေ ဖြစ်တဲ့ Eidolons တွေ ဖြစ်တဲ့ Ifrit, Shiva, Ramuh, Odin နဲ့ Leviathan တို့ပါမယ်လို့ သိရပါတယ်။ Gameplay Graphic ကတော့ HD အနေနဲ့ အရောင်အသွေးစုံစုံလင်လင် လှလှပပ ဖြစ်အောင် ဖန်တီးထားတယ်လို့ သိရပါတယ်။

Dissidia အသစ်မှာ 3 v 3 battle system ပါရှိတဲ့အတွက် player 6 ယောက် တပြိုင်တည်း တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ တိုက်ခိုက်နေစဉ် အတောအတွင်း ကိုယ့် character ထိနာလျှင် သူ့ရဲ့ ပုံလည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ EX system မှာ character အားလုံး အသုံးပြုနိုင်တဲ့ skill နှင့် ထူးခြားတဲ့ character မှသာ သုံးနိုင်တဲ့ skill ဆိုပြီး skill ၂ မျိုး ပါလာပါတယ်။

Dissidia Final Fantasy soundtrack ကို Final Fantasy type0 နှင့် The World Ends With You သီချင်းကို ရေးဖွဲ့ခဲ့တဲ့ Takeharu Ishimoto က ရေးဖွဲ့ထားပါတယ်။ Dissidia Final Fantasy ကို Japan မှာ စတင် ဖြန့်ချိနေပါပြီ။



KSA

Original Link => http://squareportal.net/2016/03/17/final-fantasy-ix-remake-new-dissidia-trailer-takes-you-to-alexandria/

Post a Comment

0 Comments