Blade & Soul Expansion အသစ်လာမယ့်အကြောင်း NCSoft က ကြေညာ

Image credit to Steparu.com Gaming Channel

NCSoft က Blade & Soul Expansion (MMO) ကို march 23 ရက်နေ့ကစပြီး ရတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီ expansion မှာ zone အသစ်တွေ quest အသစ်တွေနဲ့ စိန်ခေါ်မှုအသစ်တွေနဲ့အတူ end-game content တွေပါ ပါလာမယ်လို့ ဆိုပါတယ်။

အသေးစိတ် အချက်အလက်တွေကို Blade & Souls website မှာ ကြေညာထားပါတယ်။ အမြင့်ဆုံး level က 50 ထိ Hongmoon level က 10 အထိ တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။ ထို Silverfrost mountains မှာ Expert 5 ခု နှင့် Heroic ၃ခု စုစုပေါင်း dungeons အသစ် ၈ ခု ထပ်ထည့်ထားပါတယ်။ player ၄ ယောက် ဒါမှမဟုတ် ၈ ယောက်နှင့်အတူ ကစားနိုင်မှာပါ။ player 24 ယောက်ပါတဲ့ open world ဖြစ်တဲ့ Forstscale Basin နှင့် Beastbog ၂ ခု ပါရှိပါသေးတယ်။ PvP zone အသစ်တစ်ခုကို Soulstone Plains မှာ ထပ်ထည့်ထားပါသေးတယ်။

ဒါ့အပြင် ဒီ update ထဲမှာ Blade & Soul's Clan crafting system ကို ထပ်ပြုပြင်ထားပါတယ်။ အချက်အလက်တွေကို လာမယ့် notes မှာ အသေးစိတ်ရေးထားတယ်လို့ ဆိုပါတယ်။

Blade & Soul game က free to play online (MMO) PC game ပါ။ တောင်ကိုးရီးယား game company က ဖန်တီးထားပါတယ်။ January 19 ရက်နေ့ကတည်းက အနောက်နိုင်ငံတွေမှာ ဆော့လို့ရနေပါပြီ။ စတင်ပြီး ပထမ အပတ်မှာတင် လာကစားသူဦးရေ တစ်သန်းအထိ ရောက်ရှိခဲ့ပြီးပါပြီ။ မကြာခင်မှာ ဆော့ကစားသူဦးရေ ၂ သန်းထိ ရောက်ရှိတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။

Original Link => http://www.gamespot.com/articles/blade-and-souls-first-expansion-gets-release-date-/1100-6435843/

KSA

Post a Comment

0 Comments