ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံး နေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ

 ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

စာဖတ္မရလွ်င္ ဒီကုိႏွိပ္ပါ Zawgyi version

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ သူ့ပထွေး ရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူလုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ...ဘယ်လိုလဲ သင့်မှာရော "ဒူးမထောက် လက်မမြှောက်တဲ့စိတ်" ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။

~~~~~~~~~~ဆာလာအိတ်~~~~~~~~~~
Credit to စာဖတ်သမားတစ်ဦး၏ မှတ်စုများ >thanks<.  

 

Zawgyi


႐ွံဳးနိမ့္မႈေပါင္း (၁ဝဝ၉) ႀကိမ္ကိုျဖတ္သန္းခဲ့ၿပီး ဘဝရဲ႕ေနာက္ဆံုးေနဝင္ခ်ိန္က်မွ ေအာင္ျမင္ခဲ့တဲ့ လူသားတစ္ေယာက္အေၾကာင္းကိုေျပာျပခ်င္ပါတယ္။
သူ႔အေၾကာင္းကေတာ့ဒီလိုပါ။ လူ႔ေလာကမွာသူ႔ကိုေမြးဖြားလိုက္ၿပီး- 

(၅) နွစ္သားအ႐ြယ္မွာ သူ႔ဖခင္႐ုတ္တရက္ကြယ္လြန္သြားခဲ့တယ္။ ဖခင္မ႐ွိေတာ့တဲ့ေနာက္ပိုင္း သူ႔မိခင္က အလုပ္ထြက္လုပ္ခဲ့ရတယ္။

(၁၂) နွစ္သားအ႐ြယ္မွာ သူ႔မိခင္က ေနာက္အိမ္ေထာင္ျပဳလိုက္တယ္။ သူ႔ပေထြး ႐ိုက္ႏွက္နိွပ္စက္တဲ့ဒဏ္ကို ေနာက္ကြယ္မွာခံခဲ့ရတယ္။

(၁၄) နွစ္သားအ႐ြယ္ေရာက္ေတာ့ ေက်ာင္းတက္ဖို႔လဲပိုက္ဆံမ႐ွိ၊ မိဘအိမ္မွာလည္း မေနခ်င္ေတာ့တဲ့အတြက္ေၾကာင့္ ေလလြင့္တဲ့ဘဝကို စတင္ေရာက္႐ွိခဲ့ရတယ္။

(၁၆) နွစ္သားအ႐ြယ္မွာအသက္လိမ္ၿပီးစစ္ထဲဝင္ခဲ့တယ္။ မၾကာခဏ သေဘၤာမူးတဲ့အတြက္ေၾကာင့္ အိမ္ျပန္ပို႔ခံရတယ္။

(၁၈) နွစ္အ႐ြယ္မွာ အိမ္ေထာင္ျပဳတယ္။ မၾကာပါဘူး။ သူပိုင္သမွ်ကို သူ႔ဇနီးက ေရာင္းစားၿပီး မိဘအိမ္ျပန္ေျပးခဲ့တယ္။

(၂ဝ) နွစ္အ႐ြယ္မွာ မီးျပင္ဆရာ၊ ကူးတို႔သမားလုပ္ခဲ့တယ္။ အဲဒီေနာက္ ရထားသံလမ္းဝန္ထမ္းလုပ္ခဲ့တယ္။ ဒါေပမယ့္ ဘာအလုပ္မွ အဆင္ေျပတယ္ဆိုတာ မ႐ွိခဲ့ဘူး။

(၃ဝ) နွစ္အ႐ြယ္မွာ အာမခံကုမၸဏီတစ္ခုမွာ အေရာင္းျမွင့္တင္သူလုပ္ခဲ့တယ္။ ဒါေပမယ့္ေနာက္ပိုင္းမွာ အပိုဆုေၾကးနဲ႔ပတ္သက္ၿပီး သူေဌးနဲ႔ရန္ျဖစ္ စကားမ်ားၿပီး အလုပ္က နႈတ္ထြက္ခဲ့တယ္။

(၃၁) နွစ္အ႐ြယ္မွာ ဥပေဒပညာကို ကိုယ္တိုင္ေလ့လာသင္ယူၿပီး သူငယ္ခ်င္းရဲ႕ အားေပးမႈနဲ႔ ေ႐ွ႕ေနအလုပ္ကို သူလုပ္ခဲ့တယ္။ ဒါေပမယ့္ အမႈတစ္ခုနဲ႔ တရား႐ံုးမွာ အမႈအပ္သူနဲ႔ ထိုးႀကိတ္ခဲ့ၾကတယ္။

(၃၂) နွစ္အ႐ြယ္မွာ အလုပ္လက္မဲ့ျဖစ္ၿပီး ပင္ပန္းဆင္းရဲခဲ့ရတယ္။

(၃၅) နွစ္အ႐ြယ္မွာကံမေကာင္းျခင္းက သူ႔ဆီက်ေရာက္ခဲ့ျပန္တယ္။ ကားေမာင္းၿပီး တံတားတစ္စင္းေပၚျဖတ္တဲ့အခ်ိန္ တံတားက်ိဳးက်ၿပီး ကားေရာလူပါ ေခ်ာက္ထဲက်သြားခဲ့တယ္။ တစ္ကိုယ္လံုးဒဏ္ရာအထပ္ထပ္နဲ႔ ကားဘီးအေရာင္းျမွင့္တင္တဲ့အလုပ္ကို သူဆက္မလုပ္နိုင္ခဲ့ေတာ့ဘူး။

(၄ဝ) နွစ္အ႐ြယ္မွာ ၿမိဳ႕တစ္ၿမိဳ႕မွာ ဓါတ္ဆီဆိုင္တစ္ဆိုင္သူဖြင့္ခဲ့တယ္။ ဆိုင္းဘုတ္တင္ခ်ိန္မွာ စီးပြားဖက္နဲ႔ ရန္ျဖစ္ခဲ့တဲ့အတြက္ အမႈျဖစ္ပြားခဲ့ရတယ္။

(၄၇) နွစ္အ႐ြယ္မွာ ဒုတိယအိမ္ေထာင္နဲ႔ သူကြာ႐ွင္းခဲ့တယ္။ သားသမီး သံုးဦး က်န္ခဲ့တယ္။

(၆၁) နွစ္အ႐ြယ္မွာ အထက္လႊတ္ေတာ္အမတ္ ဝင္အေ႐ြးခံခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူး။

(၆၅) နွစ္အ႐ြယ္မွာ လမ္းခ်ဲ႕တဲ့အစိုးရေၾကာင့္ နာမည္ထြက္စျပဳေနတဲ့ Fast food သူ႔စားေသာက္ဆိုင္ေလး ဖ်က္သိမ္းခံလိုက္ရတယ္။ ႐ွိစုမဲ့စုပစၥည္းေတြကို တန္ဖိုးနည္းနည္းနဲ႔ သူေရာင္းခ်ခဲ့ရတယ္။

(၆၆) နွစ္အ႐ြယ္မွာ ႐ွင္သန္ဖို႔အတြက္ အနယ္နယ္အရပ္ရပ္က စားေသာက္ဆိုင္မွာ သူတတ္တဲ့ ၾကက္ေၾကာ္အတတ္ပညာနဲ႔ အလုပ္႐ွာခဲ့တယ္။

(၇၅) နွစ္အ႐ြယ္မွာ ကိုယ္တိုင္လုပ္နုိင္တဲ့အင္အားမ႐ွိတာေၾကာင့္ ကိုယ္စတည္ေထာင္ခဲ့တဲ့အမည္နဲ႔ အတတ္ကိုလႊဲေျပာင္းလိုက္တယ္။ ပိုင္႐ွင္အသစ္က သူ႔ကို စေတာ့႐ွယ္ယာတစ္ေသာင္းေပးၿပီး ဝယ္ယူတဲ့စရိတ္အခ်ိဳ႕လုပ္ခ်င္ခဲ့ေပမယ့္ သူျငင္းပယ္ခဲ့တယ္။ ေနာက္ပိုင္း ကုမၸဏီစေတာ့ေစ်းတက္လာခဲ့ၿပီး အလုပ္လက္မဲ့ျဖစ္ေနတဲ့သူ႔အတြက္ သူေဌးျဖစ္ဖို႔ အခြင့္အလမ္းရခဲ့တယ္။

(၈၃) နွစ္အ႐ြယ္မွာ Fast food ေနာက္ထပ္ စားေသာက္ဆိုင္တစ္ဆိုင္ကို သူထပ္ဖြင့္လိုက္တယ္။ ဒါေပမယ့္ ကုမၸဏီအမွတ္တံဆိပ္နဲ႔ ပတ္သက္ၿပီး အမႈျဖစ္ခဲ့ရေသးတယ္။

(၈၈) နွစ္အ႐ြယ္မွာ သူေအာင္ျမင္ခဲ့တယ္။ သူ႔နာမည္ကမာၻေက်ာ္ခဲ့တယ္။ သူကေတာ့ KFC ၾကက္ေၾကာ္ (Kentucky Fried Chicken or KFC) ကို စတင္တည္ေထာင္သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲျဖစ္ပါတယ္။

ကဲ...ဘယ္လိုလဲ သင့္မွာေရာ "ဒူးမေထာက္ လက္မေျမွာက္တဲ့စိတ္" ႐ွိရဲ႕လား။ ကိုယ့္ကိုယ္ကိုျပန္ေမးၾကည့္စမ္းပါ။

~~~~~~~~~~ဆာလာအိတ္~~~~~~~~~~
Credit to စာဖတ္သမားတစ္ဦး၏ မွတ္စုမ်ား >thanks<. 

Post a Comment

0 Comments