၀င္းဦးေက

  ေမာင္ပြ ငယ္ငယ္က ဆံပင္အရွည္ သန္ေလရာ ဆံပင္ညွပ္ၿပီး တစ္ပတ္ခန္႕ အၾကာေလာက္တြင္ကို စုတ္ဖြားဖြား ၿပန္ၿဖစ္ တတ္ေလသည္။ ထိုေခတ္ ထိုအခါက ဆံပင္ တစ္ခါညွပ္ ၂၅ က်ပ္ ၿဖစ္ေလသည္။ ေမာင္ပြ ပံုမွန္ အားေပးေနေသာ ဆိုင္က သမ၀ါယမ ဆိုင္တြင္ ဖြင္႕ထားေသာ ဆံသဆိုင္။ ထိုဆိုင္က ဆံသ သမားဆိုလို႕ ရွားရွားပါးပါး တစ္ဦးသာ ရွိေလရာ မ်ားစြာလက္မလည္ ေအာင္ညွပ္ရေလသည္။ မေတာ္လို႕ မနက္ ၁၀ နာရီခန္႕ ေရာက္သြားပါက မိမိ အေရွ႕တြင္ စီနီယာက အနည္းဆံုး ငါးဦးခန္႕ အထိ ရွိေလရာ ဆံပင္တစ္ခါညွပ္ဖို႕ အေရး ၂နာရီ ခန္႕ အထိ ထိုင္ေစာင္႕ရတတ္သည္။ သို႕ႏွင္႕ ေက်ာင္းပိတ္ရက္ တစ္ရက္တြင္ ေမြးသမိခင္မွာ အိုင္းစတိုင္း ေက ႏွင္႕ ၿဖစ္ေနေလေသာ သားေတာ္ေမာင္အား ဆံပင္ညွပ္ခိုင္းရန္ ၾကိဳးစားေလေတာ႕သည္။ ေမာင္ပြ မွာ မညွပ္ခ်င္။ အဓိက က ထိုင္ေစာင္႕ရတာ စိတ္ မရွည္ေသာေၾကာင္႔ပင္။ သို႕ေသာ္ ေနာက္ဆံုး ေမြးသမိခင္၏ ဗီတို အာဏာအား မလြန္ဆန္ ႏိုင္သၿဖင္႕ ေပေစာင္းေစာင္း ၿဖင္႕ လိုက္ပါလာခဲ႕ရေတာ႕၏။

  ထိုသမ၀ါယမ ဆံပင္ညွပ္ဆိုင္ ကိုသြားမည္ဆိုပါက ရပ္ကြက္ေစ်းအား ၿဖတ္ရေလသည္။ ေမြးသမိခင္၏ အၾကံက ေစ်းအရင္၀ယ္မည္။ ၿပီးလွ်င္ ဆံပင္ညွပ္ဆိုင္သို႕သြားမည္။ သို႕ႏွင္႕ အိုင္းစတိုင္းေမာင္ပြ တစ္ေယာက္ ေစ်းၿခင္းေတာင္းပါ ဆြဲလာရေလ၏။ ေစ်းအ၀ အေရာက္ ေမြးသမိခင္၏ ေၿခလွမ္းမ်ား ရုတ္တရက္ ရပ္တန္႕သြားေလရာ ေမာင္ပြလည္း လိုက္ရပ္လိုက္ရသည္။ ဘာလဲေပါ႔ေလ။ မိခင္အား ၾကည္႕လိုက္ေတာ႕ မာတာမိခင္၏ မ်က္လံုးမ်ားက ေစ်းအုတ္နံရံကို တာလပတ္ အမိုးအား အဖီဆြဲကာ ဖြင္႕ထားေသာ ဆိုင္တစ္ဆိုင္ဆီသို႕။ ဆိုင္၏ အၿပင္အဆင္မွာ လြန္စြာ ရိုးရွင္းလွသည္။ ႏွစ္ေပ တစ္ေပ အရြယ္ မွန္ႏွစ္ခ်ပ္အား ဒီဘက္က အဖီကို ေထာက္ကန္ထားေသာ ၀ါးလံုး ႏွစ္လံုးတြင္ တစ္ဘက္တစ္ခ်က္ ခ်ိတ္ဆြဲထားသည္။ ကုလားထိုင္ တစ္လံုး ႏွင္႕ ေခြးေၿခ တစ္ခံု။ ဒါပဲ။ အမယ္ ဆိုင္အ၀ မွာ ကထၳဴစာ ရြက္အၾကီးစားေပၚမွာ ေဆာ႕ပင္နဲ႕ ေရးထားေသးတယ္။ ဘာပါလိမ္႕ မွန္းစမ္း။


“Star ဆံသဆိုင္ လူၾကီး ၁၅ က်ပ္ ကေလး ၈ က်ပ္”

  ငင္ ဒါၾကီးက ဆံသဆိုင္။ အဲကြန္းမလို သဘာ၀ေလႏုေအးမ်ားကိုသာ အသံုးၿပဳထားေသာ ဆိုင္။ ေစ်းကေတာ႕ လက္ရွိေပါက္ေနေသာ ဆံသ ေစ်းမ်ားထက္သက္သာေလရာ ေမြးသမိခင္မွာ လြန္စြာ သေဘာက်လ်က္ရွိေတာ႕သည္။ ဆိုင္ထဲရွိ တစ္လံုးထဲေသာ ေခြးေၿခေပၚတြင္ ဆံသဆရာဟု ထင္ရေသာ လူတစ္ေယာက္ ဆံပင္လာညွပ္မည္ႈသူမ်ားအား မုတ္ဆိတ္ေမႊး ႏုတ္ကာ ေစာင္႕စားလ်က္ ရွိေလ၏။ ငင္ ငါ႕အေမ ဆိုင္ထဲ ၀င္သြားၿပီ။ လိုက္မွ။

“ ဆံပင္ညွပ္ခ်င္လို႕ ေဟာဒီက ကေလး”

  ထိုဆံသ ဆရာမွာ အိုင္းစတိုင္းေက ႏွင္႕ ေမာင္ပြ အား ၿမင္လွ်င္ မ်က္လံုးမ်ား အေရာင္ေတာက္သြားကာ

“ ဟာ ရတယ္ ရတယ္ လာ လာ သားထိုင္ ဘာေက ညွပ္မလဲ”

“ ၀င္းဦး ေက”

“ အိုေက ၿဖစ္ေစရမယ္”

  အမယ္ အေတာ္ကြ်မ္းမည္႕ ဆံသဆရာ။ ဆက္ဆံေရးကလည္း ေကာင္းခ်က္။

“ ကြ်န္မ ေစ်းသြား၀ယ္လိုက္အံုးမယ္ ခေလးကို ခဏ ထားခဲ႕မယ္ေနာ္ ၿပန္လာမွ ရွင္းမယ္”

  သို႕ႏွင္႕ ေမြးသမိခင္ မွာ ေမာင္ပြအား စိတ္ခ်လက္ခ် ထားကာ ေစ်း၀ယ္ထြက္သြားေတာ႕သည္။ သည္တြင္ ဇာတ္လမ္းစသည္။ဆံသဆရာမွ ေမာင္ပြအား အေပၚတြင္ ၿခံဳရန္ အ၀တ္တစ္ထည္အား လႊားကနဲ ကာရံ လိုက္ေလရာ အနံ႕က တစ္မ်ိဳး ၿဖစ္ေနသၿဖင္႕ ငံု႕ၾကည္႕လိုက္ရာ

“ ငင္ ေစာင္ၾကီး ပါလား”

“ ဒါက ပိုလံုတယ္ သားရဲ႕”

  ငြင္ သူမ်ားဆံပင္ညွပ္ဆိုင္ေတြမွာ ေစာင္ၿခဳံ ဆံပင္ညွပ္တာ တစ္ခါမွ မေတြ႕ဖူးပါဘူး။ ၿပီးေတာ႕ ဒီေစာင္ကလည္း ဘယ္ႏွႏွစ္ ဘယ္ႏွစ္လ မေလွ်ာ္ထားလည္း မသိ။ ၾကည္႕ရတာ ၄င္းဆံသဆရာ ၿခံဳေသာ ေစာင္ ၿဖစ္ရမည္။ အေရာင္ကလည္း ၿဖဴနီၾကား။ ကဲ ရွိေစေတာ႕။ ထိုစဥ္ ဆံသဆရာ မွေမာင္ပြ ဆံပင္ အေနာက္ပိုင္းအား ရွိတ္ထိုးရန္ ၿပင္လိုက္ၿပီး တစ္စံု တစ္ခုအား ေမာင္ပြ လက္ထဲ ထည္႕ေပးလိုက္ေလရာ ၾကည္႕လိုက္ေတာ႕

“ ငင္ မွန္ၾကီး ဒါၾကီးက ဒီအတိုင္းကိုင္ထားရမွာလား”

“ အေရွ႕က အုတ္နံရံ မွာ ခ်ိတ္လို႕မရလို႕ပါကြယ္ စိတ္မဆိုးပါနဲ႕”

“ ခြီးးးးးးးးးးးးး”

  ဘယ္႕ႏွယ္႕ သည္လို မွန္ကိုင္ ထားရေသာ ဆံပင္ညွပ္ဆိုင္ တစ္ခါမွ မေတြ႕ဘူး။ ကဲ ဒါလဲ ရွိေစေတာ႕။ စညွပ္ပါၿပီ။

“ ခြ်ပ္ ခြ်ပ္ ခြ်ပ္ ခြ်ပ္”

  အင္း ငါ႕ဆံပင္ ေတြေတာ႕ ႏွေၿမာစရာ။ အို ဘယ္တတ္ႏိုင္မလဲ ၿပန္ရွည္လာမွာပါပဲဟာ။

“ ခြ်ပ္ ခြ်ပ္ ခြ်ပ္ ခြ်ပ္”

  အိမ္း အေနာက္ပိုင္းေတာ႕ အေတာ္ပါးေလာက္ၿပီ ထင္သည္။ ေသခ်ာေအာင္ လက္ထဲက မွန္ကို အေပၚေထာင္ အေနာက္မွန္ ကေန တစ္ခ်က္ၾကည္႕လိုက္မယ္ လာေလေရာ႕

“ ငင္ ဘာပံုၾကီးတုန္း”

“ လာမယ္ေလ ၀င္းဦး ပံု ခဏေလးေစာင္႕”

  ငြင္ ေမာင္ပြ ရုတ္တရက္ ၾကက္ေသေသ သြားသည္။ ငါ႕အေနာက္က ဆံပင္ပံု ငါဘယ္မွာ ေတြ႕ဖူးပါလိမ္႕။ စဥ္းစားစမ္း စဥ္းစားစမ္း။ ဟားးးးးးးးးးး သိၿပီ ခ်င္းေတာင္က ေလွကားထစ္ စိုက္ပ်ိဳးေရး ပံု ဟားဟားဟားဟား ငါ စာအေတာ္ရပါလား။ ငင္ မဟုတ္ေသးပါဘူး ဒါငါ႕ ဆံပင္ၾကီး။ ဘုရား ဘုရား သည္လူ ငါ႕ဆံပင္ကို ခ်င္းေတာင္ေလွကားထစ္စိုက္ပ်ိဳးေရး ပံုေဖာ္ေနၿပီ။

“ သား တို႕က ဘယ္မွာေနတာလဲ”

“ ခ်င္းေတာင္ ငင္ ဟုတ္ပါဘူး”

“ ဟားးး ခ်င္းေတာင္ကေန ေတာင္လာၾကတာလား ေကာင္းတယ္ ေကာင္းတယ္”

“ ခြ်ပ္ ခြ်ပ္ ခြ်ပ္”

  ဘုရား ဘုရား ဘာပံုေဖာ္ေနၿပန္ၿပီ မသိ။ ေသခ်ာေအာင္ ထပ္ၿပီး မွန္ေထာင္ၾကည္႕လိုက္မယ္ လာေလေရာ႕။

“ ငင္ ဘာပံုၾကီးလဲ ဒါက”

“ လာမယ္ေလ ၀င္းဦး ေက ခဏေလးေစာင္႕”

  ခြီးးးးးးးး။ လုပ္ၿပန္ၿပီ။ ခုနက ခ်င္းေတာင္ကေန အခု ရခိုင္ရိုးမ ေတာင္တန္းၾကီးေတြ ဆီေရာက္သြားၿပန္သည္။ နိမ္႕လိုက္ ၿမင္႕လိုက္နဲ႕။

“ သား က ဘာလူမ်ိဳးလဲ”

“ ရခိုင္ ငင္ ဟုတ္ပါဘူး”

“ ေအာ္ ရခိုင္ေပါ႔ ေကာင္းတယ္ ေကာင္းတယ္ ခြ်ပ္ ခြ်ပ္ ခြ်ပ္ ခြ်ပ္”

  တစ္ေယာက္တည္း ဘာေတြ ေကာင္းေနလဲေတာ႕ မသိ။ ထိုစဥ္ ထိုသူ၏ ကပ္ေၾကးမွာ ေမာင္ပြ ၏ အေရွ႕ ဆံပင္ဆီသို႕ ခ်ဥ္းကပ္လာေလသည္။ ေမာင္ပြလည္း မ်က္လံုး မဖြင္႕ရဲ။ ဘုရား ဘုရား ငါ ဘယ္ေဒသ ကို ေရာက္အံုး မွာပါလိမ္႕။

“ ခြ်ပ္ ခြ်ပ္ ခြ်ပ္ ခြ်ပ္ ခြ်ပ္”

  ကဲ မ်က္စိ မွိတ္ေနလို႕ေတာ႕ ဘာမွ မထူးဘူး။ အေၿခအေန သိရေအာင္ ေနာက္တစ္ခါ မွန္ေထာင္ၾကည္႕လိုက္အံုးမယ္ လာေလေရာ႕။

“ ခြီးးးးးးးးးးဒါၾကီးကေရာ ဘာပံုၾကီးတုန္း”

“ လာမယ္ေလ ၀င္းဦးေက ခဏေလးေစာင္႕”

“ ငင္”

  ေနအံုး ငါ႕အေရွ႕ဆံပင္ပံုက ဘာနဲ႕တူေနပါလိမ္႕။ ဒီပံုကို စာထဲမွာ ငါေတြ႕ဖူးပါတယ္။ စဥ္းစားစမ္း စဥ္းစားစမ္း။ ဟာ ဟုတ္ၿပီ။ကရင္ၿပည္နယ္က ဇြဲကပင္ေတာင္ ဟားဟားဟားဟား ငါစာအေတာ္ရေနၿပီပဲ။ ငင္ ဟုတ္ေသးဘူးေလ ဒါငါ႕ဆံပင္ၾကီးေလ။ ဘုရား ဘုရား အေရွ႕ အေပၚပိုင္းေကက ဇြဲကပင္ေတာင္ လို တစ္ဖက္နိမ္႕ တစ္ဖက္ၿမင္႕ၾကီး။ ခုနက ရခိုင္ကေန ကရင္ ၿပည္နယ္ကို ရထားမစီး ကားမစီးပဲ ေရာက္လာၿပန္ၿပီ။

“ သားအေဖက ရခိုင္ပဲလား”

“ မဟုတ္ဘူး ကရင္ ငင္ မွားၿပန္ၿပီ”

“ ေအာ္ ကရင္လား ေကာင္းတယ္ ေကာင္းတယ္”

“ ခြီးးးးး”

  ေကာင္းၿပန္ၿပီ။ကဲ သူဒီေလာက္ အာမခံထားတာပဲ ၀င္းဦးပံုေတာ႕ ထြက္လာမွာပါေလ။ မ်က္လံုးမွိတ္ ဘုရားအာရံုၿပဳထားမယ္။

“ ခြ်ပ္ ခြ်ပ္ ခြ်ပ္ ခြ်ပ္”

  အလို အေရွ႕က နဖူးေပၚ ၀ဲက်ေနေသာ ဆံပင္သို႕ ကတ္ေၾကးေရာက္လာၿပန္ၿပီ။

“ ခြ်ပ္ ခြ်ပ္ ခြ်ပ္ ခြ်ပ္”

  ဟယ္ မၿဖစ္ဘူး ဒီအပိုင္းက အေရးအၾကီးဆံုး အပိုင္း။ လိုရင္ ေၿပာရမည္။ မ်က္လံုးမွိတ္ေနလို႕ မၿဖစ္။ မ်က္လံုးဖြင္႕ကာ မွန္ေထာင္ၾကည္႕လိုက္မယ္ လာေလေရာ႕။

“ ငင္ အုန္းမႈတ္ခြက္ ၾကီး ေခါင္းေပၚေရာက္ေနပါလား”

“ လာမယ္ေလ ၀င္းဦးေက ခဏေစာင္႕”

“ ငင္ မဟုတ္ေသးဘူးထင္တယ္ေနာ္ ၀င္းဦး အုန္းမႈတ္ခြက္ေက ထားတာ တစ္ခါမွ မေတြ႕ဖူးဘူး”

“ ေအးေဆးေပါ႔ သားရာ အဆံုးသတ္ကို ၾကည္႕လိုက္”

“ ဟြတ္”

  အိမ္း ေလာေလာဆယ္ေတာ႕ အေၿခ အေန မေကာင္း။မ်က္ႏွာ ၿပဲၿပဲေပၚမွာ ဆံပင္ကို တိၿပီး ညီေနေအာင္ ညွပ္ထားေလရာ မိမိကိုယ္ မိမိပင္ ေသာက္ၿမင္ကပ္ခ်င္စရာ ေကာင္းေလာက္ေအာင္ ရုပ္ဆိုးလွေပသည္။

“ ခြ်ပ္ ခြ်ပ္ ခြ်ပ္ ခြ်ပ္”

  အင္း ေဘးေတြကို ညွပ္ေနၿပီ။ ဒါ အဓိက အပိုင္းပဲ။ မ်က္လံုးဖြင္႕ မွန္ေထာင္ၾကည္႕လိုက္အံုးမယ္ လာေလေရာ႕။

“ ငင္ ကမၻာလံုးၾကီး ပါလား”

“ လာမယ္ေလ ၀င္းဦးေက ခဏေစာင္႕”

“ ဟာဗ်ာ မဟုတ္ေတာ႕ဘူးေနာ္ ၀င္းဦးကမၻာလံုးေက ညွပ္ထားတာ တစ္ခါမွ မေတြ႕ဖူးဘူး”

“ အဆံုးသတ္ကို ၾကည္႕လိုက္”

“ ငင္”

  မေလွ်ာ႕ေသးပါလား။ ေဘးႏွစ္ဘက္အား လံုးေနေအာင္ ခံုးခံုးၾကီး ညွပ္ထားေလရာ ႏွစ္ဘက္ေပါင္းေတာ႕ ၀ိုင္း၀ိုင္းၾကီး ၿဖစ္ေန ေတာ႕သည္။ ကမၻာလံုးမွ တကယ္႕ ကမၻာလံုး။ ခြီးးးးးငါေတာ႕ ဘ၀ ပ်က္ၿပီ ထင္တယ္။ၾကာေတာ႕ စိတ္က တိုလာသည္။

“ သားအေဖ ကေရာ ကရင္ပဲလား”

“ မသိဘူး”

“ ေအာ္ မသိဘူးလား ေကာင္းတယ္ ေကာင္းတယ္”

“ ငင္”

  ကေတာက္။ ရြဲ႕ေၿပာတာလည္း ေကာင္းေနၿပန္ၿပီ။ ေအရိုးမတားၾကီး ဟု စိတ္ထဲက က်ိန္ဆဲေနမိေတာ႕သည္။

“ ခြ်ပ္ ခြ်ပ္ ခြ်ပ္ ခြ်ပ္”

  သူ႕ဘာသာသူ ညွပ္ၿပီး အေရွ႕ကေန လာၾကည္႕ စိတ္တိုင္းမက်ေသးဘူးထင္႕။ ၿပန္ညွပ္ၿပန္သည္။ ၿပန္လာၾကည္႕လိုက္ ၿပန္ညွပ္လိုက္ႏွင္႕ ၾကာေတာ႕ ထိုသူမွာ ေခြ်းေတြ ၿပန္လာေလသည္။ အင္းးး သူ႕ဇာတ္သူ မႏိုင္ေတာ႕ဘူးထင္တယ္။ ငါေတာ႕ ဘ၀ပ်က္တာ ေသခ်ာၿပီ။ ကဲ ေနာက္ဆံုး အေနနဲ႕ ၀င္းဦးေက ေပါက္မေပါက္ မွန္ေထာင္လိုက္မယ္ လာေလေရာ႕။

“ အမယ္ေလးးးးးးးးၿဗန္႕ အသည္းႏွလံုးပံုၾကီးပါလား”

  ခုနက တစ္ဖက္နိမ္႕ၿမင္႕ ၿဖစ္ေနေသာ ဇြဲကပင္ေတာင္မွာ အစြန္းႏွစ္ဘက္ေတာ႕ ညီသြားေလၿပီ။ ခက္တာက အလယ္က ခ်ိဳင္႕၀င္သြားေလရာ အသည္းႏွလံုး ပံုၾကီး ႏွင္႕ ခြ်ပ္စြပ္ သြားတူေနေလေတာ႕သည္။ သူလက္လြန္သြားတာ သူသိလို႕ထင္သည္။ လာမယ္ေလ ၀င္းဦးပံု ဆိုတာ ထြက္မလာေတာ႕။

“ မဟုတ္ဘူးကြာ နဲနဲ ညွိလိုက္ရင္ရၿပီ”

“ ငင္ ေတာ္ဘီ ေတာ္ဘီ မညွပ္ေတာ႕ဘူး ဒီနားတင္ရပ္ အခုရပ္”

  ဘယ္႕ႏွယ္႕ နဖူးအေရွ႕က အုန္းမႈတ္ခြက္ ေဘးႏွစ္ဘက္က လံုးလံုး အလယ္က အသည္းႏွလံုး အေနာက္မွာ ခ်င္းေတာင္ ခြီးး။ ဘ၀ မရႈ မလွ ပ်က္တာပဲ။ ေတာ္ၿပီ ငါ႕အေမ ပဲ ထိုင္ေစာင္႕ေတာ႕မယ္။ ထိုစဥ္ ေမာင္ပြ အေမ ၿပန္လာသည္ကို ေတြ႕လိုက္ရသည္။ ဆိုင္ထဲသို႕ ၀င္လာေသာ ေမြးသမိခင္အား ၿမင္ေလလွ်င္ ေမာင္ပြမွာ အားကိုးတၾကီး ၾကည္႕လိုက္ေလသည္။ သို႕ေသာ္ေမြးသမိခင္မွာ အၾကည္႕ခ်င္းသာ တစ္ခ်က္ဆံုၿပီး မသိသလို မ်က္ႏွာလႊဲကာ

“ ကြ်န္မသား ၿပန္သြားၿပီလား”

“ ငင္ အေမ သားဒီမွာေလ”

  ေမာင္ပြ အေမ ေမာင္ပြအား မ်က္ေမွာင္ၾကံဳ႕ကာ တစ္ခ်က္ၾကည္႕လိုက္သည္။

“ နင္က ငါ႕သားလား”

“ ဂ်ာာာာာာာာာ အေမသားကို မမွတ္မိေတာ႕ဘူးလားငင္”

“ ေလွ်ာက္ေၿပာမေနနဲ႕ ငါ႕သားဒီေလာက္ရုပ္မဆိုးဘူး”

“ ခြီးးးးးးးးးးး အေမ အေမ႕သားမွ အေမ႕သားအစစ္ပါ ဒီအက္်ီ ဒိေဘာင္းဘီေလးကို မမွတ္မိဘူးလားငင္”

ထိုစဥ္ ေမြးသမိခင္မွ ေမာင္ပြ အနားေသခ်ာကပ္ကာ ၿပဴးၿပဲ ၾကည္႕ေလသည္။

“ ငင္ သား သား ငါ႕သား နင္ဘယ္လိုပံုၿဖစ္ေနတာလဲ “

“ အီးဟီးးးးးးးးးအဲ႕ဒါ သူ သူ ညွပ္ထားတာ”

“ ငင္ ဘာေကၾကီးလဲ ယုန္နားရြက္လိုလို ဘာလိုလိုနဲ႕”

  ငင္ ေတဟ။ ေမြးသမိခင္ေၿပာလိုက္မွ ပိုဆိုးသြားေတာ႕သည္။ ထိုသူမွာလည္း ေခါင္းကုတ္ကုတ္ ဖင္ကုတ္ကုတ္လုပ္ကာ

“ ဟိုေလ နည္းနည္းေလးညွိလိုက္ရင္ အဆင္ေၿပသြားမွာပါေညာ္”

“ ငင္ ရတယ္ ရတယ္ ေရာ႕ ရွစ္က်ပ္ ကြ်န္မတို႕ ၿပန္လိုက္အံုးမယ္ေညာ္”

  သို႕ႏွင္႕ ေမြးသမိခင္ႏွင္႕ အတူၿပန္လာေလရာ လမ္းတြင္ မိခင္ၿဖစ္သူမွာ ေမာင္ပြ ပံုအား ၾကည္႕ကာ ခြက္ထိုးခြက္လွန္ ရယ္ေမာေလေတာ႕သည္။ ထိုအက်ိဳးဆက္ ညေနတြင္ သမ၀ါယမ ဆိုင္ထံ ဦးထုပ္ေဆာင္း၍ သြားကာ ဂတံုးတံုးလိုက္ရေလေတာ႕သည္။

ကူးယူေဖာ္ျပသည္။ Credit to ကိုပြ
 

 
 
Unicode

မောင်ပွ ငယ်ငယ်က ဆံပင်အရှည် သန်လေရာ ဆံပင်ညှပ်ပြီး တစ်ပတ်ခန့် အကြာလောက်တွင်ကို စုတ်ဖွားဖွား ပြန်ဖြစ် တတ်လေသည်။ ထိုခေတ် ထိုအခါက ဆံပင် တစ်ခါညှပ် ၂၅ ကျပ် ဖြစ်လေသည်။ မောင်ပွ ပုံမှန် အားပေးနေသော ဆိုင်က သမဝါယမ ဆိုင်တွင် ဖွင့်ထားသော ဆံသဆိုင်။ ထိုဆိုင်က ဆံသ သမားဆိုလို့ ရှားရှားပါးပါး တစ်ဦးသာ ရှိလေရာ များစွာလက်မလည် အောင်ညှပ်ရလေသည်။ မတော်လို့ မနက် ၁၀ နာရီခန့် ရောက်သွားပါက မိမိ အရှေ့တွင် စီနီယာက အနည်းဆုံး ငါးဦးခန့် အထိ ရှိလေရာ ဆံပင်တစ်ခါညှပ်ဖို့ အရေး ၂နာရီ ခန့် အထိ ထိုင်စောင့်ရတတ်သည်။ သို့နှင့် ကျောင်းပိတ်ရက် တစ်ရက်တွင် မွေးသမိခင်မှာ အိုင်းစတိုင်း ကေ နှင့် ဖြစ်နေလေသော သားတော်မောင်အား ဆံပင်ညှပ်ခိုင်းရန် ကြိုးစားလေတော့သည်။ မောင်ပွ မှာ မညှပ်ချင်။ အဓိက က ထိုင်စောင့်ရတာ စိတ် မရှည်သောကြောင့်ပင်။ သို့သော် နောက်ဆုံး မွေးသမိခင်၏ ဗီတို အာဏာအား မလွန်ဆန် နိုင်သဖြင့် ပေစောင်းစောင်း ဖြင့် လိုက်ပါလာခဲ့ရတော့၏။

ထိုသမဝါယမ ဆံပင်ညှပ်ဆိုင် ကိုသွားမည်ဆိုပါက ရပ်ကွက်ဈေးအား ဖြတ်ရလေသည်။ မွေးသမိခင်၏ အကြံက ဈေးအရင်ဝယ်မည်။ ပြီးလျှင် ဆံပင်ညှပ်ဆိုင်သို့သွားမည်။ သို့နှင့် အိုင်းစတိုင်းမောင်ပွ တစ်ယောက် ဈေးခြင်းတောင်းပါ ဆွဲလာရလေ၏။ ဈေးအ၀ အရောက် မွေးသမိခင်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားလေရာ မောင်ပွလည်း လိုက်ရပ်လိုက်ရသည်။ ဘာလဲပေါ့လေ။ မိခင်အား ကြည့်လိုက်တော့ မာတာမိခင်၏ မျက်လုံးများက ဈေးအုတ်နံရံကို တာလပတ် အမိုးအား အဖီဆွဲကာ ဖွင့်ထားသော ဆိုင်တစ်ဆိုင်ဆီသို့။ ဆိုင်၏ အပြင်အဆင်မှာ လွန်စွာ ရိုးရှင်းလှသည်။ နှစ်ပေ တစ်ပေ အရွယ် မှန်နှစ်ချပ်အား ဒီဘက်က အဖီကို ထောက်ကန်ထားသော ဝါးလုံး နှစ်လုံးတွင် တစ်ဘက်တစ်ချက် ချိတ်ဆွဲထားသည်။ ကုလားထိုင် တစ်လုံး နှင့် ခွေးခြေ တစ်ခုံ။ ဒါပဲ။ အမယ် ဆိုင်အ၀ မှာ ကထ္ထူစာ ရွက်အကြီးစားပေါ်မှာ ဆော့ပင်နဲ့ ရေးထားသေးတယ်။ ဘာပါလိမ့် မှန်းစမ်း။


“Star ဆံသဆိုင် လူကြီး ၁၅ ကျပ် ကလေး ၈ ကျပ်”

ငင် ဒါကြီးက ဆံသဆိုင်။ အဲကွန်းမလို သဘာဝလေနုအေးများကိုသာ အသုံးပြုထားသော ဆိုင်။ ဈေးကတော့ လက်ရှိပေါက်နေသော ဆံသ ဈေးများထက်သက်သာလေရာ မွေးသမိခင်မှာ လွန်စွာ သဘောကျလျက်ရှိတော့သည်။ ဆိုင်ထဲရှိ တစ်လုံးထဲသော ခွေးခြေပေါ်တွင် ဆံသဆရာဟု ထင်ရသော လူတစ်ယောက် ဆံပင်လာညှပ်မည်ှုသူများအား မုတ်ဆိတ်မွှေး နုတ်ကာ စောင့်စားလျက် ရှိလေ၏။ ငင် ငါ့အမေ ဆိုင်ထဲ ဝင်သွားပြီ။ လိုက်မှ။

“ ဆံပင်ညှပ်ချင်လို့ ဟောဒီက ကလေး”

ထိုဆံသ ဆရာမှာ အိုင်းစတိုင်းကေ နှင့် မောင်ပွ အား မြင်လျှင် မျက်လုံးများ အရောင်တောက်သွားကာ

“ ဟာ ရတယ် ရတယ် လာ လာ သားထိုင် ဘာကေ ညှပ်မလဲ”

“ ဝင်းဦး ကေ”

“ အိုကေ ဖြစ်စေရမယ်”

အမယ် အတော်ကျွမ်းမည့် ဆံသဆရာ။ ဆက်ဆံရေးကလည်း ကောင်းချက်။

“ ကျွန်မ ဈေးသွားဝယ်လိုက်အုံးမယ် ခလေးကို ခဏ ထားခဲ့မယ်နော် ပြန်လာမှ ရှင်းမယ်”

သို့နှင့် မွေးသမိခင် မှာ မောင်ပွအား စိတ်ချလက်ချ ထားကာ ဈေးဝယ်ထွက်သွားတော့သည်။ သည်တွင် ဇာတ်လမ်းစသည်။ဆံသဆရာမှ မောင်ပွအား အပေါ်တွင် ခြုံရန် အဝတ်တစ်ထည်အား လွှားကနဲ ကာရံ လိုက်လေရာ အနံ့က တစ်မျိုး ဖြစ်နေသဖြင့် ငုံ့ကြည့်လိုက်ရာ

“ ငင် စောင်ကြီး ပါလား”

“ ဒါက ပိုလုံတယ် သားရဲ့”

ငွင် သူများဆံပင်ညှပ်ဆိုင်တွေမှာ စောင်ခြုံ ဆံပင်ညှပ်တာ တစ်ခါမှ မတွေ့ဖူးပါဘူး။ ပြီးတော့ ဒီစောင်ကလည်း ဘယ်နှနှစ် ဘယ်နှစ်လ မလျှော်ထားလည်း မသိ။ ကြည့်ရတာ ၎င်းဆံသဆရာ ခြုံသော စောင် ဖြစ်ရမည်။ အရောင်ကလည်း ဖြူနီကြား။ ကဲ ရှိစေတော့။ ထိုစဉ် ဆံသဆရာ မှမောင်ပွ ဆံပင် အနောက်ပိုင်းအား ရှိတ်ထိုးရန် ပြင်လိုက်ပြီး တစ်စုံ တစ်ခုအား မောင်ပွ လက်ထဲ ထည့်ပေးလိုက်လေရာ ကြည့်လိုက်တော့

“ ငင် မှန်ကြီး ဒါကြီးက ဒီအတိုင်းကိုင်ထားရမှာလား”

“ အရှေ့က အုတ်နံရံ မှာ ချိတ်လို့မရလို့ပါကွယ် စိတ်မဆိုးပါနဲ့”

“ ခွီးးးးးးးးးးးးး”

ဘယ့်နှယ့် သည်လို မှန်ကိုင် ထားရသော ဆံပင်ညှပ်ဆိုင် တစ်ခါမှ မတွေ့ဘူး။ ကဲ ဒါလဲ ရှိစေတော့။ စညှပ်ပါပြီ။

“ ချွပ် ချွပ် ချွပ် ချွပ်”

အင်း ငါ့ဆံပင် တွေတော့ နှမြောစရာ။ အို ဘယ်တတ်နိုင်မလဲ ပြန်ရှည်လာမှာပါပဲဟာ။

“ ချွပ် ချွပ် ချွပ် ချွပ်”

အိမ်း အနောက်ပိုင်းတော့ အတော်ပါးလောက်ပြီ ထင်သည်။ သေချာအောင် လက်ထဲက မှန်ကို အပေါ်ထောင် အနောက်မှန် ကနေ တစ်ချက်ကြည့်လိုက်မယ် လာလေရော့

“ ငင် ဘာပုံကြီးတုန်း”

“ လာမယ်လေ ဝင်းဦး ပုံ ခဏလေးစောင့်”

ငွင် မောင်ပွ ရုတ်တရက် ကြက်သေသေ သွားသည်။ ငါ့အနောက်က ဆံပင်ပုံ ငါဘယ်မှာ တွေ့ဖူးပါလိမ့်။ စဉ်းစားစမ်း စဉ်းစားစမ်း။ ဟားးးးးးးးးးး သိပြီ ချင်းတောင်က လှေကားထစ် စိုက်ပျိုးရေး ပုံ ဟားဟားဟားဟား ငါ စာအတော်ရပါလား။ ငင် မဟုတ်သေးပါဘူး ဒါငါ့ ဆံပင်ကြီး။ ဘုရား ဘုရား သည်လူ ငါ့ဆံပင်ကို ချင်းတောင်လှေကားထစ်စိုက်ပျိုးရေး ပုံဖော်နေပြီ။

“ သား တို့က ဘယ်မှာနေတာလဲ”

“ ချင်းတောင် ငင် ဟုတ်ပါဘူး”

“ ဟားးး ချင်းတောင်ကနေ တောင်လာကြတာလား ကောင်းတယ် ကောင်းတယ်”

“ ချွပ် ချွပ် ချွပ်”

ဘုရား ဘုရား ဘာပုံဖော်နေပြန်ပြီ မသိ။ သေချာအောင် ထပ်ပြီး မှန်ထောင်ကြည့်လိုက်မယ် လာလေရော့။

“ ငင် ဘာပုံကြီးလဲ ဒါက”

“ လာမယ်လေ ဝင်းဦး ကေ ခဏလေးစောင့်”

ခွီးးးးးးးး။ လုပ်ပြန်ပြီ။ ခုနက ချင်းတောင်ကနေ အခု ရခိုင်ရိုးမ တောင်တန်းကြီးတွေ ဆီရောက်သွားပြန်သည်။ နိမ့်လိုက် မြင့်လိုက်နဲ့။

“ သား က ဘာလူမျိုးလဲ”

“ ရခိုင် ငင် ဟုတ်ပါဘူး”

“ အော် ရခိုင်ပေါ့ ကောင်းတယ် ကောင်းတယ် ချွပ် ချွပ် ချွပ် ချွပ်”

တစ်ယောက်တည်း ဘာတွေ ကောင်းနေလဲတော့ မသိ။ ထိုစဉ် ထိုသူ၏ ကပ်ကြေးမှာ မောင်ပွ ၏ အရှေ့ ဆံပင်ဆီသို့ ချဉ်းကပ်လာလေသည်။ မောင်ပွလည်း မျက်လုံး မဖွင့်ရဲ။ ဘုရား ဘုရား ငါ ဘယ်ဒေသ ကို ရောက်အုံး မှာပါလိမ့်။

“ ချွပ် ချွပ် ချွပ် ချွပ် ချွပ်”

ကဲ မျက်စိ မှိတ်နေလို့တော့ ဘာမှ မထူးဘူး။ အခြေအနေ သိရအောင် နောက်တစ်ခါ မှန်ထောင်ကြည့်လိုက်အုံးမယ် လာလေရော့။

“ ခွီးးးးးးးးးးဒါကြီးကရော ဘာပုံကြီးတုန်း”

“ လာမယ်လေ ဝင်းဦးကေ ခဏလေးစောင့်”

“ ငင်”

နေအုံး ငါ့အရှေ့ဆံပင်ပုံက ဘာနဲ့တူနေပါလိမ့်။ ဒီပုံကို စာထဲမှာ ငါတွေ့ဖူးပါတယ်။ စဉ်းစားစမ်း စဉ်းစားစမ်း။ ဟာ ဟုတ်ပြီ။ကရင်ပြည်နယ်က ဇွဲကပင်တောင် ဟားဟားဟားဟား ငါစာအတော်ရနေပြီပဲ။ ငင် ဟုတ်သေးဘူးလေ ဒါငါ့ဆံပင်ကြီးလေ။ ဘုရား ဘုရား အရှေ့ အပေါ်ပိုင်းကေက ဇွဲကပင်တောင် လို တစ်ဖက်နိမ့် တစ်ဖက်မြင့်ကြီး။ ခုနက ရခိုင်ကနေ ကရင် ပြည်နယ်ကို ရထားမစီး ကားမစီးပဲ ရောက်လာပြန်ပြီ။

“ သားအဖေက ရခိုင်ပဲလား”

“ မဟုတ်ဘူး ကရင် ငင် မှားပြန်ပြီ”

“ အော် ကရင်လား ကောင်းတယ် ကောင်းတယ်”

“ ခွီးးးးး”

ကောင်းပြန်ပြီ။ကဲ သူဒီလောက် အာမခံထားတာပဲ ဝင်းဦးပုံတော့ ထွက်လာမှာပါလေ။ မျက်လုံးမှိတ် ဘုရားအာရုံပြုထားမယ်။

“ ချွပ် ချွပ် ချွပ် ချွပ်”

အလို အရှေ့က နဖူးပေါ် ဝဲကျနေသော ဆံပင်သို့ ကတ်ကြေးရောက်လာပြန်ပြီ။

“ ချွပ် ချွပ် ချွပ် ချွပ်”

ဟယ် မဖြစ်ဘူး ဒီအပိုင်းက အရေးအကြီးဆုံး အပိုင်း။ လိုရင် ပြောရမည်။ မျက်လုံးမှိတ်နေလို့ မဖြစ်။ မျက်လုံးဖွင့်ကာ မှန်ထောင်ကြည့်လိုက်မယ် လာလေရော့။

“ ငင် အုန်းမှုတ်ခွက် ကြီး ခေါင်းပေါ်ရောက်နေပါလား”

“ လာမယ်လေ ဝင်းဦးကေ ခဏစောင့်”

“ ငင် မဟုတ်သေးဘူးထင်တယ်နော် ဝင်းဦး အုန်းမှုတ်ခွက်ကေ ထားတာ တစ်ခါမှ မတွေ့ဖူးဘူး”

“ အေးဆေးပေါ့ သားရာ အဆုံးသတ်ကို ကြည့်လိုက်”

“ ဟွတ်”

အိမ်း လောလောဆယ်တော့ အခြေ အနေ မကောင်း။မျက်နှာ ပြဲပြဲပေါ်မှာ ဆံပင်ကို တိပြီး ညီနေအောင် ညှပ်ထားလေရာ မိမိကိုယ် မိမိပင် သောက်မြင်ကပ်ချင်စရာ ကောင်းလောက်အောင် ရုပ်ဆိုးလှပေသည်။

“ ချွပ် ချွပ် ချွပ် ချွပ်”

အင်း ဘေးတွေကို ညှပ်နေပြီ။ ဒါ အဓိက အပိုင်းပဲ။ မျက်လုံးဖွင့် မှန်ထောင်ကြည့်လိုက်အုံးမယ် လာလေရော့။

“ ငင် ကမ္ဘာလုံးကြီး ပါလား”

“ လာမယ်လေ ဝင်းဦးကေ ခဏစောင့်”

“ ဟာဗျာ မဟုတ်တော့ဘူးနော် ဝင်းဦးကမ္ဘာလုံးကေ ညှပ်ထားတာ တစ်ခါမှ မတွေ့ဖူးဘူး”

“ အဆုံးသတ်ကို ကြည့်လိုက်”

“ ငင်”

မလျှော့သေးပါလား။ ဘေးနှစ်ဘက်အား လုံးနေအောင် ခုံးခုံးကြီး ညှပ်ထားလေရာ နှစ်ဘက်ပေါင်းတော့ ဝိုင်းဝိုင်းကြီး ဖြစ်နေ တော့သည်။ ကမ္ဘာလုံးမှ တကယ့် ကမ္ဘာလုံး။ ခွီးးးးးငါတော့ ဘ၀ ပျက်ပြီ ထင်တယ်။ကြာတော့ စိတ်က တိုလာသည်။

“ သားအဖေ ကရော ကရင်ပဲလား”

“ မသိဘူး”

“ အော် မသိဘူးလား ကောင်းတယ် ကောင်းတယ်”

“ ငင်”

ကတောက်။ ရွဲ့ပြောတာလည်း ကောင်းနေပြန်ပြီ။ အေရိုးမတားကြီး ဟု စိတ်ထဲက ကျိန်ဆဲနေမိတော့သည်။

“ ချွပ် ချွပ် ချွပ် ချွပ်”

သူ့ဘာသာသူ ညှပ်ပြီး အရှေ့ကနေ လာကြည့် စိတ်တိုင်းမကျသေးဘူးထင့်။ ပြန်ညှပ်ပြန်သည်။ ပြန်လာကြည့်လိုက် ပြန်ညှပ်လိုက်နှင့် ကြာတော့ ထိုသူမှာ ချွေးတွေ ပြန်လာလေသည်။ အင်းးး သူ့ဇာတ်သူ မနိုင်တော့ဘူးထင်တယ်။ ငါတော့ ဘဝပျက်တာ သေချာပြီ။ ကဲ နောက်ဆုံး အနေနဲ့ ဝင်းဦးကေ ပေါက်မပေါက် မှန်ထောင်လိုက်မယ် လာလေရော့။

“ အမယ်လေးးးးးးးးဗြန့် အသည်းနှလုံးပုံကြီးပါလား”

ခုနက တစ်ဖက်နိမ့်မြင့် ဖြစ်နေသော ဇွဲကပင်တောင်မှာ အစွန်းနှစ်ဘက်တော့ ညီသွားလေပြီ။ ခက်တာက အလယ်က ချိုင့်ဝင်သွားလေရာ အသည်းနှလုံး ပုံကြီး နှင့် ချွပ်စွပ် သွားတူနေလေတော့သည်။ သူလက်လွန်သွားတာ သူသိလို့ထင်သည်။ လာမယ်လေ ဝင်းဦးပုံ ဆိုတာ ထွက်မလာတော့။

“ မဟုတ်ဘူးကွာ နဲနဲ ညှိလိုက်ရင်ရပြီ”

“ ငင် တော်ဘီ တော်ဘီ မညှပ်တော့ဘူး ဒီနားတင်ရပ် အခုရပ်”

ဘယ့်နှယ့် နဖူးအရှေ့က အုန်းမှုတ်ခွက် ဘေးနှစ်ဘက်က လုံးလုံး အလယ်က အသည်းနှလုံး အနောက်မှာ ချင်းတောင် ခွီးး။ ဘ၀ မရှု မလှ ပျက်တာပဲ။ တော်ပြီ ငါ့အမေ ပဲ ထိုင်စောင့်တော့မယ်။ ထိုစဉ် မောင်ပွ အမေ ပြန်လာသည်ကို တွေ့လိုက်ရသည်။ ဆိုင်ထဲသို့ ဝင်လာသော မွေးသမိခင်အား မြင်လေလျှင် မောင်ပွမှာ အားကိုးတကြီး ကြည့်လိုက်လေသည်။ သို့သော်မွေးသမိခင်မှာ အကြည့်ချင်းသာ တစ်ချက်ဆုံပြီး မသိသလို မျက်နှာလွှဲကာ

“ ကျွန်မသား ပြန်သွားပြီလား”

“ ငင် အမေ သားဒီမှာလေ”

မောင်ပွ အမေ မောင်ပွအား မျက်မှောင်ကြုံ့ကာ တစ်ချက်ကြည့်လိုက်သည်။

“ နင်က ငါ့သားလား”

“ ဂျာာာာာာာာာ အမေသားကို မမှတ်မိတော့ဘူးလားငင်”

“ လျှောက်ပြောမနေနဲ့ ငါ့သားဒီလောက်ရုပ်မဆိုးဘူး”

“ ခွီးးးးးးးးးးး အမေ အမေ့သားမှ အမေ့သားအစစ်ပါ ဒီအက်ျီ ဒိဘောင်းဘီလေးကို မမှတ်မိဘူးလားငင်”

ထိုစဉ် မွေးသမိခင်မှ မောင်ပွ အနားသေချာကပ်ကာ ပြူးပြဲ ကြည့်လေသည်။

“ ငင် သား သား ငါ့သား နင်ဘယ်လိုပုံဖြစ်နေတာလဲ “

“ အီးဟီးးးးးးးးးအဲ့ဒါ သူ သူ ညှပ်ထားတာ”

“ ငင် ဘာကေကြီးလဲ ယုန်နားရွက်လိုလို ဘာလိုလိုနဲ့”

ငင် တေဟ။ မွေးသမိခင်ပြောလိုက်မှ ပိုဆိုးသွားတော့သည်။ ထိုသူမှာလည်း ခေါင်းကုတ်ကုတ် ဖင်ကုတ်ကုတ်လုပ်ကာ

“ ဟိုလေ နည်းနည်းလေးညှိလိုက်ရင် အဆင်ပြေသွားမှာပါညော်”

“ ငင် ရတယ် ရတယ် ရော့ ရှစ်ကျပ် ကျွန်မတို့ ပြန်လိုက်အုံးမယ်ညော်”

သို့နှင့် မွေးသမိခင်နှင့် အတူပြန်လာလေရာ လမ်းတွင် မိခင်ဖြစ်သူမှာ မောင်ပွ ပုံအား ကြည့်ကာ ခွက်ထိုးခွက်လှန် ရယ်မောလေတော့သည်။ ထိုအကျိုးဆက် ညနေတွင် သမဝါယမ ဆိုင်ထံ ဦးထုပ်ဆောင်း၍ သွားကာ ဂတုံးတုံးလိုက်ရလေတော့သည်။

ကူးယူဖော်ပြသည်။ Credit to ကိုပွ

Post a Comment

0 Comments