ကြ်န္ေတာ္ ႏွင္႕ ရိႈးပြဲ

  ယခုေနာက္ပိုင္း ရိႈးပြဲမ်ား အလြန္ ေခတ္စားလာသည္ ကလား။ ေမာင္ပြ တို႕ ငယ္ငယ္တုန္းကဆို စတိတ္ရိႈး ဆိုလို႕ ရပ္ကြက္တြင္း ၿပဳလုပ္ေသာ ဘာေန႕ ညာေန႕ အထိမ္း အမွတ္ ရိႈးပြဲေတြေလာက္ ရွိတာ။ ထို စတိတ္ရိႈး ဆိုသည္မွာလည္း ဘယ္နာမည္ၾကီး အဆိုေတာ္မွ လာသည္ မဟုတ္။ ရပ္ကြက္တြင္း ရွိ ၀ါသနာ ထံုၾကကုန္ေလေသာ ရြက္ပုန္းသီး မ်ားက ကိုယ္တိုင္ ကိုယ္က် တက္ဟဲ ၾကၿခင္းပင္။ ဒီမေကာင္းေဟာင္းေလာင္း ရိႈးပြဲကိုပင္ ေရွ႕ဆံုးတုန္း ၾကက္ေပါင္ဖိနပ္ ခုထိုင္ကာ ပဲၾကီး ေလွာ္၀ါး အားေပးလာေသာ ေမာင္ပြ ပင္ၿဖစ္၏။

   ဟုတ္ပါသည္။ ေမာင္ပြ သည္ ရိႈးပြဲ အလြန္ၾကိဳက္သည္။ ဖရီးရိႈး မတ္တပ္ရိႈး ငုတ္တုတ္ရိႈး ရသမွ် အကုန္ၾကည္႕သည္။ မွတ္မွတ္ ရရ ပထမဆံုး စၾကည္႕ဖူးတာက ၿမရိပ္ညိဳ တြင္ လုပ္ေသာ IC ရိႈး။

   ႏွစ္ေပါင္းမ်ားစြာ ေၿပာင္းလဲ လာေသာ္လည္း မေၿပာင္းလဲတာက ရိႈးပြဲ သူရဲေကာင္းမ်ား။ ယခုေခတ္တြင္ ဘုရင္႕ေနာင္တုန္းကလို လက္မထိပ္ သံစိုက္ၿပီး သူရဲေကာင္း ရွာစရာ မလို။ ရိႈးပြဲ ထဲ တစ္ပတ္ေလာက္သာ ၀င္ေမႊလိုက္။ ထြက္လာပါမည္ သူရဲေကာင္းမ်ား။ ဘယ္႕ႏွယ္ သီခ်င္းဆိုတာ လာၾကည္႕ပါတယ္ ဆိုမွ ဒင္းတို႕ ရန္ၿဖစ္တာ လာရပ္ၾကည္႕ရသလိုလို။ မ်က္လံုးခ်င္းဆံုရင္လဲ မရ ၊ မေတာ္တဆ သြားရင္းလာရင္း ပခံုးခ်င္း၀င္တိုက္မိလဲ မရ။ ခက္သည္။
   သို႕ေသာ္ ထိုသူရဲေကာင္းမ်ားထဲ ေမာင္ပြ လဲ ပါခဲ႕ဖူးေခ်သည္ တမံု႕။ မွတ္မိပါေသးသည္။ ထိုတုန္းက ၁၀ တန္း ၿပီးခါစ။ လူကလဲ ဟိုမေရာက္ ဒီမေရာက္ အရြယ္ဆိုေတာ႕ကား ငါသာလွ်င္ ကမၻာ႕အမိုက္ဆံုး လူမိုက္ၾကီး ၿဖစ္ေခ်ေတာ႕သည္ တကား ဟူေသာ စိတ္ကလဲ ရွိဆိုေတာ႕မခက္လား။

   ရိႈးပြဲက ၿမရိပ္ညိဳ မွာပင္။ လက္မွတ္၀ယ္ထားေသာ သူငယ္ခ်င္း ႏွင္႕ ဂိတ္၀ တြင္ ေတြ႕ၾကရန္ ခ်ိန္းထားေသာ္လည္း ပြဲစခါနီး အခ်ိန္ အထိ ဒင္းက မေရာက္ေသး။ ခက္ၿပီ။ အထဲမွာလည္း ဒရမ္ေတြ ဂစ္တာ ေတြက အစမ္းတီးေနၾကၿပီ။ ေဒါင္းဇား ဘာလုပ္ေနတယ္ မသိ။ သို႕ႏွင္႕ ခပ္တည္တည္ပင္ ဂိတ္ေပါက္ထဲ ၀င္ခ်လိုက္၏။ သည္တြင္ လံုၿခံဳေရးက

" ေညး လက္မွတ္ေလး ၿပပါ"

" ဟြာေလ ဒီဟာေလ အစ္ကိုၾကီး လက္မွတ္ ၀ယ္ထားတဲ႕ သူက မလာေသးလို႕ ၾကိဳ၀င္လို႕ မရပုလားငင္"

" မရပု"

" အြင္႕ ဟြာေလ အစ္ကိုၾကီး တကယ္ေတာ႕ က်ေနာ္က ဆက္ဒမ္ဟူစိန္ ရဲ႕ တူပါ"

" ဘယ္က ဟက္ဒမ္ဆူစိန္ လဲ မသိဘူး"

" ဟြင္ ဒါက ဘယ္သူလား"

" ေအးဆို"

" ေနာက္တာပါ တကယ္ေတာ႕ ေညးက ပန္တ်ာစိန္မြတ္တား ရဲ႕ တပည္႕ ပါ"

" ဒါက ဘယ္က ဇာတ္မင္းသား လား မသိဘူး"

   ခက္ၿပီ။ ၾကားဖူး နား၀ ၀ိတ္ေတြ သံုးတာလဲ မရ။ ေနာက္ဆံုး လက္နက္ သာက်န္ေတာ႕သည္။

" အစ္ကိုၾကီး က်ေနာ္႕ အေဖ ကို ဘာထင္လို႕လဲ"

" ဒါဆို ေညး အေဖက ဘာလား"

" သေဘၤာသားပါ"

" အြန္႕"

" က်ေနာ္႕ အဖိုးကို ဘာထင္လို႕လဲ"

" ေၿပာပါအံုး"

" ေလၿဖတ္ေနတယ္"

" အြင္႕ မရပု ဒီေလာက္နဲ႕ တက္မလာနဲ႕ ေညး ေတာက္ခ်လိုက္မယ္"

" ငင္႕"

   ေတာ္ေသး။ ဟို ေဒါင္းဇား ေကာင္ေရာက္လာလို႕ ေၿပလည္ သြားတာ။ အထဲေရာက္ေတာ႕ အာဇာနည္ က စၿဖဲ ေနေလၿပီ။ ဒါနဲ႕ လူၾကားထဲ ၀င္တိုး ၿပီး ၀င္ခုန္ေပါက္။ ရတဲ႕ သီခ်င္းစာသားမ်ား ေတြ႕လို႕ကေတာ႕

" ကမၻာေၿမတစ္ခြင္ကို ေမ႕ဆံႏြယ္ေတြ လႊမ္းၿခံဳထားမွာလားကြာ "

   အာေခါင္ၿခစ္ဆို။ မရ တဲ႕ သီခ်င္းစာသားဆိုလွ်င္လည္း

" ၀ိမ္ေ၀ေ၀ၚ၀ါေ၀ေ၀၀ီ၀ါ ေ၀ါင္၀ံု၀မ္း၀က္၀ါ"

   တစ္လံုးမွ မလြတ္မေပး။ ဒီလိုနဲ႕ ၾကာလာေတာ႕ ပါးစပ္က အာပုပ္ေစာ္ ေတြနံလာသည္။ ကိုယ္႕ခ်ည္းပဲလား ဆိုေတာ႕ မဟုတ္။ ကိုယ္႕ေဘးနားက ေကာင္ပါ နံတာ။ မၿဖစ္ေသး။ အနံ႕ေလး ဘာေလး ေပ်ာက္ေအာင္ ဘီယာေလး ဘာေလး ထြက္ေသာက္မွ။ သည္တြင္ ဇာတ္လမ္း စသည္။ အၿပင္ၿပန္ထြက္ေတာ႕ အေကာင္တစ္ေကာင္ ပခံုးကို၀င္တိုက္မိသည္။ သည္ေတာ႕ အမႈမဲ႕ အမွတ္မဲ႕ ပင္

" ေဆာရီး"

" ဟ ရမလား ကြ ေဟ်ာင္႕မင္းက ဘာေကာင္လား ငါ႕ကို ဘာေကာင္ထင္ေနလား"

" ဟြင္ ငါေတာ႕ ၀ဋ္လည္ၿပီ"

" အာ ၾကာတယ္ ခ်ကြာ ခ်"

" အမငိ"

   သူ႕ဘက္ကလဲေနာက္တစ္ေယာက္ ရွိသည္။ လူေတြကလဲ သိပ္ခ်စ္စရာ ေကာင္း။ ေနရာက်ယ္က်ယ္ ခ်လို႕ ရေအာင္ ရွဲေတာင္ ရွဲေပးလိုက္ေသး။ ပံုစံ ေၿပာရရင္ ဇာတ္ကားေတြ ထဲကလို ဒင္းတို႕ႏွစ္ေယာက္က ေမာင္ပြ အား ၀ိုင္းလိုက္ၾကသည္။ ေတြ႕ၾကၿပီေပါ႔ကြာ။ ေနထက္လင္း ကား ၾကည္႕ထားတာ အလကား မဟုတ္ဘူး။ ဇာတ္ကားထဲကလို လွလွ ပပ ကစ္ၿပလိုက္အံုးမည္။ သို႕ေသာ္

" ယားးးးးး"

" ဟြင္ တစ္ေယာက္ခ်င္း ၀င္ေလ"

   ဘယ္႕ႏွာ ဇာတ္ကားေတြထဲကလို တစ္ေယာက္ခ်င္း မ၀င္။ အၿပံဳလိုက္ၾကီး ၀င္ခ်လာသည္။ ၿပီးေတာ႕ ေနထက္လင္း တို႕လို လွလွ ပပ အကြက္ေတြ မသံုး။ လူကို အရင္ နပမ္း ေၿပး၀င္လံုးတာ။ ဒါမ်ိဳး ဇာတ္ကားထဲမွာ မေတြ႕ဖူးပါဘူး။ သြားၿပီ။ မွႏ္းခ်က္ကလြဲေလၿပီ။ ေမာင္ပြ မွန္းထားတာက တစ္ေကာင္က ေၿပး၀င္လာမည္။ ဒင္းကို တစ္ပတ္လည္ကန္လိုက္မည္။ ဒင္းလဲ လဲက်သြားေရာ ေနာက္တစ္ေယာက္ ေၿပး၀င္လာမည္။ အခုေတာ႕ ဒီလို မဟုတ္။ ေၿမၾကီးေပၚမွာ သံုးေယာက္သား လံုးလိုက္ ေထြးလိုက္ၾကီး။

   တစ္ေယာက္က ေမာင္ပြ ဆံပင္ကို ဆြဲသည္။ ေမာင္ပြက ဒင္း မ်က္လံုးကို ၿပန္ႏိႈက္သည္။ တစ္ေယာက္က ေမာင္ပြ ကို နားရြက္လိမ္ဆြဲသည္။ ေမာင္ပြက ဒင္း ႏွာေခါင္းေပါက္ထဲ လက္ထိုးထည္႕သည္။ ဆံပင္ဆြဲသည္႕ တစ္ေယာက္က ပါးကိုပါ ထပ္လိမ္ဆြဲသည္။ ၀က္ၿခံေတြေတာ႕ ေပါက္ပါၿပီ။ ဘယ္ရမလဲ ေမာင္ပြလဲ ဒင္းကို ဆြဲမိ ဆြဲရာ ႏွာေခါင္း ကို လိမ္ဆြဲသည္။ အဆီေတြနဲ႕ ေခ်ာေနေတာ႕ ဆြဲလို႕မရ။ထိုသို႕ေနရင္း တစ္ေယာက္က ေမာင္ပြ ကို အေပၚမွ တက္ခြကာ လည္ပင္း ညွစ္သည္။ ေမာင္ပြ က ဒင္း ဗိုက္ေခါက္ ကို လိမ္ဆြဲသည္။

" အားလားလား မသာၾကီး နာထွာ"

   ဒီတြင္ ဒင္းက မရ။ မ်က္ႏွာ နားကိုတိုးကာ လည္ပင္းကို အေသညွစ္သည္။ ေမာင္ပြ လဲ ၾကံရာ မရ ၿဖစ္ကာ ပါးစပ္ဟ၍

" ဟားးးးးးးးး"

" အြင္႕ နံလိုက္တဲ႕ အာပုပ္ေစာ္"

   ေနာက္တစ္ေယာက္က ၿပန္ထရန္ ၿပင္သည္။ ဘယ္ရမလဲ။ ဒင္းေဘာင္းဘီ ကို ခါးကေန ဆြဲထားေတာ႕ နဂိုကမွ ေလ်ာက်ေနတဲ႕ ေဘာင္းဘီ အထည္လိုက္ ကြ်တ္က်ေလ၏။

" ဟြင္ ဖင္ၾကီးကလဲ မဲထွာ"

   ထိုစဥ္ က်န္တစ္ေယာက္က ေမာင္ပြ ကို နပမ္း ၀င္လံုး ၿပန္ေလသည္။ က်န္တစ္ေယာက္ ေဘာင္းဘီ ၿပန္၀တ္ခ်ိန္ ရေအာင္ အခ်ိန္ဆြဲသည္႕ သေဘာ။ ဒင္းက ေမာင္ပြက နဖာ ကေလာ္သည္။ ေမာင္ပြ က မ်က္ခ်ီး ၿပန္ကေလာ္သည္။ မဆိုးေတာ႕ မဆိုး။ ရန္ၿဖစ္တာ အညစ္အေၾကး ေတြ အေတာ္စင္သား။ ေနာက္တစ္ေယာက္ က ေဘာင္းဘီ အၿမန္ၿပန္၀တ္ကာ ဂုတ္ကေန ခြစီး ၿပန္ေလသည္။ မသာ ေတြ ၿပီးမၿပီးၿပီးေတာ႕ဘူး။ထိုစဥ္

" ရႊီ ရႊီ ရႊီ"

" အကုန္ဖယ္ အကုန္ဖယ္"

   လံုၿခံဳေရး ေတြ ေရာက္လာ၍သာ ရန္ပြဲက ၿပီးသြားေတာ႕သည္။ အက်ိဳးဆက္ အၿဖစ္ ေမာင္ပြ ဆံပင္ ေကပ်က္ နားရြက္ရဲ နွာေခါင္းနီ လည္ပင္း အရာထင္ ဒဏ္ရာ မ်ား ရလိုက္ေလ၏။ ေအာ္ အၿပင္မွာ ဖိုက္တင္ ခ်တာ ဇာတ္လမ္းေတြထဲက လိုလဲ မဟုတ္ပါလားေညာ္။

   ရိႈးပြဲ မွတ္မွတ္ ရရ ေလးပါ။ အခုမ်ားေတာ႕ ေမာင္ပြ တစ္ေယာက္ တည္ၿငိမ္ သြားပါၿပီ။ အၿပင္လဲ ၿပန္မထြက္ေတာ႕။ အေၾကာင္းမွာ ေမာင္ပြ အိတ္ထဲ ပီေက တစ္ေတာင္႕ အၿမဲေဆာင္ထားေသာေၾကာင္႕ပင္ ၿဖစ္ေလသည္။

ကူးယူေဖာ္ျပသည္။ Credit to ကိုပြ
 
 
Unicode
 
   ယခုနောက်ပိုင်း ရှိုးပွဲများ အလွန် ခေတ်စားလာသည် ကလား။ မောင်ပွ တို့ ငယ်ငယ်တုန်းကဆို စတိတ်ရှိုး ဆိုလို့ ရပ်ကွက်တွင်း ပြုလုပ်သော ဘာနေ့ ညာနေ့ အထိမ်း အမှတ် ရှိုးပွဲတွေလောက် ရှိတာ။ ထို စတိတ်ရှိုး ဆိုသည်မှာလည်း ဘယ်နာမည်ကြီး အဆိုတော်မှ လာသည် မဟုတ်။ ရပ်ကွက်တွင်း ရှိ ဝါသနာ ထုံကြကုန်လေသော ရွက်ပုန်းသီး များက ကိုယ်တိုင် ကိုယ်ကျ တက်ဟဲ ကြခြင်းပင်။ ဒီမကောင်းဟောင်းလောင်း ရှိုးပွဲကိုပင် ရှေ့ဆုံးတုန်း ကြက်ပေါင်ဖိနပ် ခုထိုင်ကာ ပဲကြီး လှော်ဝါး အားပေးလာသော မောင်ပွ ပင်ဖြစ်၏။

   ဟုတ်ပါသည်။ မောင်ပွ သည် ရှိုးပွဲ အလွန်ကြိုက်သည်။ ဖရီးရှိုး မတ်တပ်ရှိုး ငုတ်တုတ်ရှိုး ရသမျှ အကုန်ကြည့်သည်။ မှတ်မှတ် ရရ ပထမဆုံး စကြည့်ဖူးတာက မြရိပ်ညို တွင် လုပ်သော IC ရှိုး။

   နှစ်ပေါင်းများစွာ ပြောင်းလဲ လာသော်လည်း မပြောင်းလဲတာက ရှိုးပွဲ သူရဲကောင်းများ။ ယခုခေတ်တွင် ဘုရင့်နောင်တုန်းကလို လက်မထိပ် သံစိုက်ပြီး သူရဲကောင်း ရှာစရာ မလို။ ရှိုးပွဲ ထဲ တစ်ပတ်လောက်သာ ဝင်မွှေလိုက်။ ထွက်လာပါမည် သူရဲကောင်းများ။ ဘယ့်နှယ် သီချင်းဆိုတာ လာကြည့်ပါတယ် ဆိုမှ ဒင်းတို့ ရန်ဖြစ်တာ လာရပ်ကြည့်ရသလိုလို။ မျက်လုံးချင်းဆုံရင်လဲ မရ ၊ မတော်တဆ သွားရင်းလာရင်း ပခုံးချင်းဝင်တိုက်မိလဲ မရ။ ခက်သည်။
   သို့သော် ထိုသူရဲကောင်းများထဲ မောင်ပွ လဲ ပါခဲ့ဖူးချေသည် တမုံ့။ မှတ်မိပါသေးသည်။ ထိုတုန်းက ၁၀ တန်း ပြီးခါစ။ လူကလဲ ဟိုမရောက် ဒီမရောက် အရွယ်ဆိုတော့ကား ငါသာလျှင် ကမ္ဘာ့အမိုက်ဆုံး လူမိုက်ကြီး ဖြစ်ချေတော့သည် တကား ဟူသော စိတ်ကလဲ ရှိဆိုတော့မခက်လား။

   ရှိုးပွဲက မြရိပ်ညို မှာပင်။ လက်မှတ်ဝယ်ထားသော သူငယ်ချင်း နှင့် ဂိတ်၀ တွင် တွေ့ကြရန် ချိန်းထားသော်လည်း ပွဲစခါနီး အချိန် အထိ ဒင်းက မရောက်သေး။ ခက်ပြီ။ အထဲမှာလည်း ဒရမ်တွေ ဂစ်တာ တွေက အစမ်းတီးနေကြပြီ။ ဒေါင်းဇား ဘာလုပ်နေတယ် မသိ။ သို့နှင့် ခပ်တည်တည်ပင် ဂိတ်ပေါက်ထဲ ဝင်ချလိုက်၏။ သည်တွင် လုံခြုံရေးက

" ညေး လက်မှတ်လေး ပြပါ"

" ဟွာလေ ဒီဟာလေ အစ်ကိုကြီး လက်မှတ် ဝယ်ထားတဲ့ သူက မလာသေးလို့ ကြိုဝင်လို့ မရပုလားငင်"

" မရပု"

" အွင့် ဟွာလေ အစ်ကိုကြီး တကယ်တော့ ကျနော်က ဆက်ဒမ်ဟူစိန် ရဲ့ တူပါ"

" ဘယ်က ဟက်ဒမ်ဆူစိန် လဲ မသိဘူး"

" ဟွင် ဒါက ဘယ်သူလား"

" အေးဆို"

" နောက်တာပါ တကယ်တော့ ညေးက ပန်တျာစိန်မွတ်တား ရဲ့ တပည့် ပါ"

" ဒါက ဘယ်က ဇာတ်မင်းသား လား မသိဘူး"

   ခက်ပြီ။ ကြားဖူး နား၀ ဝိတ်တွေ သုံးတာလဲ မရ။ နောက်ဆုံး လက်နက် သာကျန်တော့သည်။

" အစ်ကိုကြီး ကျနော့် အဖေ ကို ဘာထင်လို့လဲ"

" ဒါဆို ညေး အဖေက ဘာလား"

" သင်္ဘောသားပါ"

" အွန့်"

" ကျနော့် အဖိုးကို ဘာထင်လို့လဲ"

" ပြောပါအုံး"

" လေဖြတ်နေတယ်"

" အွင့် မရပု ဒီလောက်နဲ့ တက်မလာနဲ့ ညေး တောက်ချလိုက်မယ်"

" ငင့်"

   တော်သေး။ ဟို ဒေါင်းဇား ကောင်ရောက်လာလို့ ပြေလည် သွားတာ။ အထဲရောက်တော့ အာဇာနည် က စဖြဲ နေလေပြီ။ ဒါနဲ့ လူကြားထဲ ဝင်တိုး ပြီး ဝင်ခုန်ပေါက်။ ရတဲ့ သီချင်းစာသားများ တွေ့လို့ကတော့

" ကမ္ဘာမြေတစ်ခွင်ကို မေ့ဆံနွယ်တွေ လွှမ်းခြုံထားမှာလားကွာ "

   အာခေါင်ခြစ်ဆို။ မရ တဲ့ သီချင်းစာသားဆိုလျှင်လည်း

" ဝိမ်ဝေေဝါ်ဝါဝေေ၀ဝီဝါ ဝေါင်ဝုံဝမ်းဝက်ဝါ"

   တစ်လုံးမှ မလွတ်မပေး။ ဒီလိုနဲ့ ကြာလာတော့ ပါးစပ်က အာပုပ်စော် တွေနံလာသည်။ ကိုယ့်ချည်းပဲလား ဆိုတော့ မဟုတ်။ ကိုယ့်ဘေးနားက ကောင်ပါ နံတာ။ မဖြစ်သေး။ အနံ့လေး ဘာလေး ပျောက်အောင် ဘီယာလေး ဘာလေး ထွက်သောက်မှ။ သည်တွင် ဇာတ်လမ်း စသည်။ အပြင်ပြန်ထွက်တော့ အကောင်တစ်ကောင် ပခုံးကိုဝင်တိုက်မိသည်။ သည်တော့ အမှုမဲ့ အမှတ်မဲ့ ပင်

" ဆောရီး"

" ဟ ရမလား ကွ ဟျောင့်မင်းက ဘာကောင်လား ငါ့ကို ဘာကောင်ထင်နေလား"

" ဟွင် ငါတော့ ဝဋ်လည်ပြီ"

" အာ ကြာတယ် ချကွာ ချ"

" အမငိ"

   သူ့ဘက်ကလဲနောက်တစ်ယောက် ရှိသည်။ လူတွေကလဲ သိပ်ချစ်စရာ ကောင်း။ နေရာကျယ်ကျယ် ချလို့ ရအောင် ရှဲတောင် ရှဲပေးလိုက်သေး။ ပုံစံ ပြောရရင် ဇာတ်ကားတွေ ထဲကလို ဒင်းတို့နှစ်ယောက်က မောင်ပွ အား ဝိုင်းလိုက်ကြသည်။ တွေ့ကြပြီပေါ့ကွာ။ နေထက်လင်း ကား ကြည့်ထားတာ အလကား မဟုတ်ဘူး။ ဇာတ်ကားထဲကလို လှလှ ပပ ကစ်ပြလိုက်အုံးမည်။ သို့သော်

" ယားးးးးး"

" ဟွင် တစ်ယောက်ချင်း ဝင်လေ"

   ဘယ့်နှာ ဇာတ်ကားတွေထဲကလို တစ်ယောက်ချင်း မဝင်။ အပြုံလိုက်ကြီး ဝင်ချလာသည်။ ပြီးတော့ နေထက်လင်း တို့လို လှလှ ပပ အကွက်တွေ မသုံး။ လူကို အရင် နပမ်း ပြေးဝင်လုံးတာ။ ဒါမျိုး ဇာတ်ကားထဲမှာ မတွေ့ဖူးပါဘူး။ သွားပြီ။ မှန်းချက်ကလွဲလေပြီ။ မောင်ပွ မှန်းထားတာက တစ်ကောင်က ပြေးဝင်လာမည်။ ဒင်းကို တစ်ပတ်လည်ကန်လိုက်မည်။ ဒင်းလဲ လဲကျသွားရော နောက်တစ်ယောက် ပြေးဝင်လာမည်။ အခုတော့ ဒီလို မဟုတ်။ မြေကြီးပေါ်မှာ သုံးယောက်သား လုံးလိုက် ထွေးလိုက်ကြီး။

   တစ်ယောက်က မောင်ပွ ဆံပင်ကို ဆွဲသည်။ မောင်ပွက ဒင်း မျက်လုံးကို ပြန်နှိုက်သည်။ တစ်ယောက်က မောင်ပွ ကို နားရွက်လိမ်ဆွဲသည်။ မောင်ပွက ဒင်း နှာခေါင်းပေါက်ထဲ လက်ထိုးထည့်သည်။ ဆံပင်ဆွဲသည့် တစ်ယောက်က ပါးကိုပါ ထပ်လိမ်ဆွဲသည်။ ဝက်ခြံတွေတော့ ပေါက်ပါပြီ။ ဘယ်ရမလဲ မောင်ပွလဲ ဒင်းကို ဆွဲမိ ဆွဲရာ နှာခေါင်း ကို လိမ်ဆွဲသည်။ အဆီတွေနဲ့ ချောနေတော့ ဆွဲလို့မရ။ထိုသို့နေရင်း တစ်ယောက်က မောင်ပွ ကို အပေါ်မှ တက်ခွကာ လည်ပင်း ညှစ်သည်။ မောင်ပွ က ဒင်း ဗိုက်ခေါက် ကို လိမ်ဆွဲသည်။

" အားလားလား မသာကြီး နာထှာ"

   ဒီတွင် ဒင်းက မရ။ မျက်နှာ နားကိုတိုးကာ လည်ပင်းကို အသေညှစ်သည်။ မောင်ပွ လဲ ကြံရာ မရ ဖြစ်ကာ ပါးစပ်ဟ၍

" ဟားးးးးးးးး"

" အွင့် နံလိုက်တဲ့ အာပုပ်စော်"

   နောက်တစ်ယောက်က ပြန်ထရန် ပြင်သည်။ ဘယ်ရမလဲ။ ဒင်းဘောင်းဘီ ကို ခါးကနေ ဆွဲထားတော့ နဂိုကမှ လျောကျနေတဲ့ ဘောင်းဘီ အထည်လိုက် ကျွတ်ကျလေ၏။

" ဟွင် ဖင်ကြီးကလဲ မဲထှာ"

   ထိုစဉ် ကျန်တစ်ယောက်က မောင်ပွ ကို နပမ်း ဝင်လုံး ပြန်လေသည်။ ကျန်တစ်ယောက် ဘောင်းဘီ ပြန်ဝတ်ချိန် ရအောင် အချိန်ဆွဲသည့် သဘော။ ဒင်းက မောင်ပွက နဖာ ကလော်သည်။ မောင်ပွ က မျက်ချီး ပြန်ကလော်သည်။ မဆိုးတော့ မဆိုး။ ရန်ဖြစ်တာ အညစ်အကြေး တွေ အတော်စင်သား။ နောက်တစ်ယောက် က ဘောင်းဘီ အမြန်ပြန်ဝတ်ကာ ဂုတ်ကနေ ခွစီး ပြန်လေသည်။ မသာ တွေ ပြီးမပြီးပြီးတော့ဘူး။ထိုစဉ်

" ရွှီ ရွှီ ရွှီ"

" အကုန်ဖယ် အကုန်ဖယ်"

   လုံခြုံရေး တွေ ရောက်လာ၍သာ ရန်ပွဲက ပြီးသွားတော့သည်။ အကျိုးဆက် အဖြစ် မောင်ပွ ဆံပင် ကေပျက် နားရွက်ရဲ နှာခေါင်းနီ လည်ပင်း အရာထင် ဒဏ်ရာ များ ရလိုက်လေ၏။ အော် အပြင်မှာ ဖိုက်တင် ချတာ ဇာတ်လမ်းတွေထဲက လိုလဲ မဟုတ်ပါလားညော်။

   ရှိုးပွဲ မှတ်မှတ် ရရ လေးပါ။ အခုများတော့ မောင်ပွ တစ်ယောက် တည်ငြိမ် သွားပါပြီ။ အပြင်လဲ ပြန်မထွက်တော့။ အကြောင်းမှာ မောင်ပွ အိတ်ထဲ ပီကေ တစ်တောင့် အမြဲဆောင်ထားသောကြောင့်ပင် ဖြစ်လေသည်။

ကူးယူဖော်ပြသည်။ Credit to ကိုပွ

Post a Comment

0 Comments