When Destiny Brings Demon




When Destiny Brings Demon

စိတ်ဝင်စားစရာ စိတ်လှုပ်ရှားစရာ အကွက်လေးတွေနဲ့ ၃ ဘဝတာကို ဇာတ်လမ်းတည် ရိုက်ပြသွားတဲ့ ကားတစ်ကား။ Male lead က ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရအောင် စွမ်းအားကြီး (overpower) ဖြစ်နေပေမဲ့ ဘဝအလှည့်အပြောင်း၊ အဆိုးအကောင်း အတုံ့အလှည့် အပြန်အလှန်လေးတွေ ထည့်ထားတယ်။ ဘဝကူးပြောင်းလာတဲ့ နတ်ကားတွေထဲ ဒီကားကတော့ ရိုမန်တစ် အဖြစ်ဆုံးကားတစ်ကားပဲ။ အနမ်းခန်းတွေများလို့ မိသားစုနဲ့ အတူ မကြည့်သင့်ပါ။ 

ဝတ်စုံ၊ ခေါင်းအဆင်တန်ဆာတွေ အရမ်းအရမ်းကို လှ၏။ ဆံပင်ဒီဇိုင်းတွေနဲ့ ကိုက်ညီအောင် လုပ်ထားတာ တွေ့ရတယ်။ ရွှေရောင်တွေ အများကြီး ထည့်သုံးထားတယ်။ ရှင်ဘုရင်ဆိုတာနဲ့အညီ ခမ်းနားထည်ဝါမှု အပြည့်ပါတယ်။ 

နောက်ခံသီချင်း - သီချင်းတွေ တော်တော် နားထောင်ကောင်းတယ်။ အရေးကြီးကြောင်း ပြချင်တဲ့ ဇာတ်ကွက်နေရာရောက်ရင် တီးတဲ့တီးလုံးကအစ အကုန် အံဝင်ခွင်ကျ ရှိတယ်။ ရင်ထဲရောက်တာတော့ ၃ ပုဒ် ရှိတယ်။ ယူကျူ့မှာ ရှာပြီး နားထောင်ဦးမယ်။ 

ဇာတ်လမ်း - ဇာတ်ဆောင်မင်းသားက စကြာဝဠာတစ်ခုလုံးမှာ နှိုင်းယှဉ်လို့ မရလောက်အောင် စွမ်းအားကြီး (overpower) တန်ခိုးရှင် ဖြစ်နေပေမဲ့ ငယ်ကတည်းက နှိပ်ကွပ်ခံထားရလို့ စိတ်ထားက အကြံအစည်အပြည့်နဲ့ ရက်စက်မာကြောပြီး ဘယ်သူ့ကိုမှ မထောက်ထားပဲ စိတ်ထင်ရာ လူလျှောက်သတ်သမား။ မင်းသမီးက အပျင်းထူသူ၊ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိ၊ ဒီအတိုင်း စားသောက် နေထိုင် အိပ်ဖို့ပဲ စဉ်းစားတတ်သူ၊ အသက်တစ်ချောင်းမြဲနေရင် ရပြီ၊ ကျန်တာဘာပဲဖြစ်ဖြစ် တွေးတတ်သူ။ မင်းသားက အဲ့လိုမင်းသမီးမျိုးနဲ့ တွေ့ပြီးနောက် ၂ ယောက်သားဘဝမှာ ဘယ်လိုအပြောင်းအလဲ ဖြစ်လာတယ်ဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ပြသွားတာ။ မင်းသား မင်းသမီးရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက မြင်နေကြ နတ်ကားတို့ထုံးစံနဲ့ ကွဲပြားထွက်နေတာက လူကို စိတ်ဝင်စားစေတယ်။ 

ကြည့်ရတဲ့ ခံစားချက်ကတော့ ရိုလာကိုစတာ စီးနေရသလိုပါပဲ။ မိုက်တယ်။ မျက်ရည်ထွက်ရတယ်။ ရင်တလှပ်လှပ် ခံစားရတယ်။ ကြက်သီးလေးတွေ ထတယ်။ သကြားလုံး အကျွေးခံရလိုက်၊ ကြက်ဟင်းခါးသီး စားမိလိုက်၊ တော်ကြာ ငြုတ်သီး အတောင့်လိုက် ထည့်ခံရနဲ့။ ခံစားချက် ပေါင်းစုံပါပဲ  

ဇာတ်ကားက ဝတ္ထုကို အခြေခံရိုက်ထားတယ်ဆိုပေမဲ့ ဝတ္ထုထဲကအတိုင်း အလုံးစုံ တူညီနေတာ မဟုတ်ဘူး။ ဝတ္ထုက ဖတ်ရင်း တခါတလေ ပျင်းလာတတ်ပေမဲ့ ဇာတ်ကားကျတော့ အဲ့လို မဟုတ်ဘူး။ အဆုံးထိကို ဆွဲဆောင်မှုရှိနေတယ်။ ဆက်ပြီးဆက်ပြီး ကြည့်ချင်နေတယ်။ မရပ်ချင်ဘူး။ အဲ့လိုခံစားချက်လေး ရတယ်။ ဝတ္ထုက စည်းမျဉ်းတွေနဲ့ ဖန်တီးထားတဲ့ နတ်ကမ္ဘာကြီးက ဒီ ဒရာမာ ကို သာမန် နတ်ကားနဲ့ မတူ ကွဲပြားထွက်နေအောင် လုပ်ထားတယ်။ ဒါပေမဲ့ ဇာတ်သိမ်းကြီးကျတော့ ….. ကိုယ်တိုင်က ဝတ္ထု ပြီးအောင် မဖတ်ထားသေးတော့ မသိဘူးပေါ့နော်။ ခုလောလောဆယ်မှာတော့ ကြည့်ရှုသူတွေအကြိုက် လိုက်ထားတယ်လို့ မြင်မိတယ်။ 

Computer effects - ရှယ်လှ။ လူတွေရဲ့ ယုတ္တိရှိရှိ မာန်ပါပါ သရုပ်ဆောင်မှုနဲ့ ပေါင်းလိုက်တော့ ဝေါင်း …. မိုက်လိုက်တာ၊ လှလိုက်တာ ဖြစ်သွားတယ်။ နည်းပညာတွေလည်း အဆင့်မြင့်ပါတယ်။ 

အချုပ်ဆိုရမယ်ဆိုရင် ဒီကား … မင်းသား မင်းသမီး ၂ ယောက်လုံးရဲ့ ဇာတ်ကြောင်းနဲ့ ကိုယ်ရည်ကိုယ်သွေးက ထူးခြားပြီး ဇာတ်လမ်းသွားကလည်း ထူးခြားတာမို့ အရသာကွဲတာလေး ခံစားချင်သမားတွေအတွက် ကြည့်သင့်တယ်။ ပြီးတော့ အနမ်းခန်းတွေများတာမို့ အများပြောနေကြ စကားနဲ့ ပြောရရင် တယောက်တည်း စောင်ကိုက်ပြီး ကြည့်သင့်တဲ့ ကားတစ်ကားပါလို့။

Title: When Destiny Brings the Demon
Type: Drama
Format: Standard Series
Country: China
Episodes: 33
Aired: Aug 16, 2025 - Sep 1, 2025
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: Youku
Duration: 45 min.

မြန်မာစာတန်းထိုး - https://t.me/gcchinesecollection/561



Post a Comment

0 Comments