Shadow Love [Review]




Shadow Love 


ရဲစွမ်းသတ္တိအပြည့် စစ်သူကြီး မမနဲ့ ထူးခြားဆန်းကြယ် စွမ်းအားကြီး ကိုယ်ရံတော် မောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း ကြည့်ချင်ရင် Shadow Love ကို ကြည့်ပါလို့ ပြောရမယ်။ 

သူ့ရဲ့ ထူးခြားဆန်းကြယ် စွမ်းအားကလည်း ထုတ်သုံးရင် အင်္ကျီကျွတ်နဲ့ချည်း ဖြစ်တော့တာကတော့ ထူးဆန်းတယ်။ ပြီးတော့ အဲ့စွမ်းအားက သွေးသခင် ရှိပြီး သခင့်သွေးနဲ့ သူ့ကို ကျွေးမွေးပြုစုပေးရသတဲ့။ ပိုပြီး ထူးဆန်းတာက မင်းသားရဲ့ သွေးသခင်က မင်းသမီး ဖြစ်သွားတာပဲ။ ဇာတ်လမ်းက အတင်းကြီး ဆွဲစေ့ပေးလိုက်သလို ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းကြည့်ရရင် ကိုယ်တွေတော့ အဆင်ပြေတယ်။ ငိငိ :3

ဇာတ်လမ်းကတော့ အစပိုင်း ကောင်းတယ်။ အလယ်ပိုင်းရောက်တော့ နဲနဲပျင်းလာတယ်။ အဆုံးပိုင်းရောက်ခါနီးမှာ ဇာတ်ရှိန်တက်လာတယ်။ အဆုံးပိုင်းရောက်တော့ လျှောချသွားသလို ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် HE ဆိုတော့ ကျေနပ်ပါတယ်လေ။ 

ဇာတ်ကား တစ်ဝက်လောက်က မင်းသားက အပေါ်ပိုင်း ဗလာကျင်းနဲ့ချည်း။ Hulk လိုပေါ့။ ဒါပေမဲ့ ဟိုက စိမ်းစိမ်းလေး ဖြစ်သွားပေမဲ့ သူကတော့ ထုတ်သုံးရင် တကိုယ်လုံးမှာ အကြေးကာတွေ ထွက်လာတဲ့ ပုံစံ။ ဒီဇိုင်းက အတော်မိုက်တယ်။ လှတယ်။ ခပ်မိုက်မိုက် မျက်နှာဖုံးနဲ့။ မျက်လုံး ၂ လုံးက မျက်ဆံအရောင်မတူတဲ့ ပုံစံက မိုက်တယ်။ 

တော်သေးတာက ခေါင်းဆောင်မင်းသားက body build ထားတာ တော်တော်လှတယ်။ အာ့ကြောင့်ပဲ ခေါင်းဆောင်မင်းသားနေရာမှာ ထည့်ထားတာပဲ ဖြစ်ရမယ်။ 

မင်းသားနဲ့ မင်းသမီးက သိပ်မလိုက်သလို ခံစားရတယ်။ dub ထားတာကလည်း ယွင်းနေသလို။ acting တွေက နည်းနည်းလိုနေသလို ခံစားရတယ်။ တက်သစ်စလေးတွေရဲ့ ကြိုးကြိုးစားစား သရုပ်ဆောင်ထားတာကိုတော့ မြင်နေရတယ်။ ost တွေလည်း မဆိုးလှ။ beat မိုက်မိုက်နဲ့ ၂ ပုဒ်ကိုတော့ ကြိုက်သွားပြီ။ 

တိုက်ခိုက်နေတာတွေလည်း မိုက်တယ်၊ လှတယ်။ တရုတ်သိုင်းကားကြည့်ရတဲ့ အကြောင်းရင်းက ဒါလေးတွေ ကြည့်ချင်လို့ပဲ။ ထူးခြားဆန်းကြယ်စွမ်းအားပိုင်ရှင် တိုက်ခိုက်ပုံတွေက shockwave တွေနဲ့ချည်းတိုက်ခိုက်တာ လှတော့ လှသား။ made in china “Hulk” ပေါ့လေ။ :3

အဝတ်အစား ဒီဇိုင်းကတော့ တကားထက်တကား ပိုပို လှ ပိုပို မိုက်လာတယ်။ ဒီကားမှာလည်း နန်းဝတ်နန်းစားတွေ၊ သံချပ်ကာအဝတ်အစားတွေ တော်တော်လှတယ်။ အန်းနန်မင်းသားရဲ့ all black အနက်ရောင်ဝတ်ရုံကြီးကတော့ မိုက်ချက်။ ကြိုက်တယ်ကွာ။ 

Cheng Le က တည်တည်ငြိမ်ငြိမ် အေးစက်စက် ရက်စက်တဲ့ character နဲ့မှ ပိုလိုက်တယ်။ ပိုပိုင်နိုင်တယ်။ ဒါပေမဲ့ ဒီကားမှာ တခြားဇာတ်ရုပ် သရုပ်ဆောင်ထားတာမှာ သူကြိုးစားထားတာကို မြင်ရပါတယ်။ လုရှင်း ဇာတ်ကောင်ကိုတော့ သဘောကျမိတယ်။ ဟုတ်တယ်လေ ကိုယ့်ကိုပြန်မကြိုက်တဲ့လူတစ်ယောက်ကို သဘောထားကြီးကြီးနဲ့ လက်လွှတ်ပေးလိုက်ပေါ့။ နောက်တော့ သူ့ထက် ပိုကောင်းတဲ့ မော့ယင်နဲ့ ကြိုက်သွားတာက အကောင်းဆုံးအဆုံးသတ်လေးပါပဲ။ အသွင်တူ အိမ်သူဖြစ်ဆိုတဲ့စကားလေးကို သွားတွေးမိတယ်။ 

ကြည့်ခဲ့ဖူးသမျှ ကားတွေထဲမှာ ဒီကားကတော့ မင်းသား အင်္ကျီကျွတ်နဲ့ ရှိတာ အများဆုံးပဲ။ body ဘယ်လောက် build ထားတာကို ကြွားနေသလား အောက်မေ့ရတယ်။ 

အချုပ်ပြောရရင် ဒီကားမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ချစ်ကြည်နူး တစ်တီတူး အခန်းလေးတွေ၊ အသားရေပေါ်ပိုးကောင်လေးတွေ တွားတက်လာတဲ့ ခံစားချက်လေးတွေ ရမဲ့အခန်းတွေ၊ ရင်တလှပ်လှပ်ဖြစ်စေမဲ့ အခန်းတွေ အများကြီးပါလို့ မိန်းကလေးတွေအနေနဲ့ ကြည့်ရင်း စိတ်ကူးယဉ်လို့ အကောင်းဆုံးပါပဲ။
 
•••••••••

Title: Shadow Love
Type: Drama
Format: Standard Series
Country: China
Episodes: 38
Aired: Aug 24, 2025 - Sep 7, 2025
Original Network: iQiyi
Duration: 40 min.

•••••••••

မြန်မာစာတန်းထိုး - https://t.me/c/2450833649/111




Post a Comment

0 Comments