ရယ်စရာ ပြုံးစရာလေးတွေနဲ့ ဇာတ်ကွက်တွေကို အကြီးကြီး လှည့်ပတ် ရိုက်ထည့်သွားတာ။ အင်အားစုကြီး ၂ စု စောင့်ကြည့်နေတဲ့ကြားထဲက မရှိတဲ့အာဏာကို မရရအောင် တည်ဆောက်ပြသွားတဲ့အကွက်လေးတွေက မိုက်တယ်။ ကြိုက်တယ်။ အားရတယ်။ ကျေနပ်တယ်။ ဒီလိုမျိုး ဇာတ်လမ်းလေးတွေဆို ပိုသဘောကျတယ်။ ကြည့်ချင်ပေမဲ့ ကြည့်ဖို့အချိန်မရလို့ အခု ပြနေဆဲ ကားတွေထဲက ဒီတစ်ခုပဲကြည့်ဖို့ ရွေးလိုက်တာ မှန်သွားတယ်လို့ ခံစားရတယ်။
တစ်ခုလိုချင် တစ်ခုစွန့်ရတယ်။ ဆုံးရှုံးအနစ်အနာခံတာမျိုး မရှိပဲ ရရှိအောင်မြင်တာမျိုး မရှိဘူးဆိုတဲ့ နိယာမကို သေချာထည့်ရိုက်ပြထားတယ်လို့ မြင််မိတယ်။
ပထမ တခေါက်ကြည့်တဲ့အချိန်မှာ နားမလည်တဲ့အပိုင်းတွေ ရှိခဲ့တယ်။ ဒုတိယအခေါက် ပြန်ကြည့်တော့ နားလည်သွားပြီး ဒီကားကို ပိုပြီး သဘောကျလာလေလေဖြစ်လာတယ်။
အစပိုင်းက ပေါတောတော ကြောင်တောင်တောင်လို့ မြင်ချင်မြင်ရနိုင်ပေမဲ့ ဇာတ်ရှိန်တဖြည်းဖြည်း ရလာတာနဲ့အမျှ ဇာတ်ကြောင်းက လေးနက်လာတာကို မြင်လာရတယ်။ ဒီတော့ အူတက်အောင် ရယ်ရမှာ ဖြစ်သလို မျက်ရည်တွေလည်း တပုံတပင် ကျရလိမ့်မယ်။ ဝမ်းနည်းမျက်ရည်၊ ဝမ်းသာပီတိ မျက်ရည်။ emotional wave တွေ တလှိုင်းပြီး တလှိုင်း ပုတ်ထည့်တာ ခံရမှာမို့ မျက်ရည်ခိုင်မှ ကြည့်ပါလို့ အကြံပေးချင်မိ။
ရိုက်ချက်တွေကတော့ အတော်လှတယ်။ point of view တွေက လှတယ်။ ဝတ်စုံတွေက ရှယ်လှ။ မိတ်ကပ်တွေရော။ ချန်းလေ့တစ်ယောက်ဆို သူ့ကိုဝတ်စုံဖြူနဲ့ ကြည်လင်ရှင်းသန့်နေအောင် မိတ်ကပ် ချယ်ပေးထားတာ ကွက်တိ ထိမိနေရောပဲ။ ဝမ်ချူးရမ်ကတော့ မိဖုရားနေရာနဲ့အညီ မိတ်ကပ် ထူလပျစ် ရောင်စုံနေအောင် ချယ်ပေးထားပေမဲ့ ကြည့်လိုက်ရင် လှတာပဲ။ ပြေးနေရတဲ့အခန်းတို့ အတိုက်အခိုက်အခန်းတို့မှာဆိုလည်း သူ့နေရာနဲ့အလိုက် ပြင်ဆင်ချယ်သပေးထားတာ တွေ့ရတယ်။ အကုန် ခြုံငုံ ကြည့်လိုက်ရင် ပုံမှန်ပါပဲ။ ကြည့်ရအဆင်ပြေပါတယ်။
ဒီကားမှာ ချန်းလေ့ကို အေးစက်စက်ကို ကာရိုက်တာကိုမှ ခပ်ဆိုးဆိုး ရက်စက်တဲ့ ဘုရင်နေရာက မြင်ရတာ တမျိုးလေး ရင်ဖိုစရာကောင်းနေတယ်။ ဝမ်ချူးရမ်လေးလည်း ချစ်ဖို့ကောင်းလွန်း။ ဒီ ၂ ယောက် ကြည့်ရင်း ကြည့်ရင်းနဲ့မှ ပိုပိုပြီး လိုက်လာသလိုပဲ။ သရုပ်ဆောင်တာတွေ မျက်နှာပေးလေးတွေက ပီပြင်ပါတယ်။
အပိုင်း ၁ မှာ How are you အမေးခံရလို့မျက်ရည်ကျလာတဲ့အခန်းကို သရုပ်ဆောင်ထားတာ တော်တယ်။ ဇာတ်လမ်းအစမို့ အကြောင်းသိပ်မသိသေးလို့ ရယ်ချင်ရယ်ရနိုင်ပေမဲ့ သူ့အကြောင်း သိသွားတာနဲ့ ဒီအပိုင်း ၁ က အခန်းကို ပြန်ကြည့်ရင် ကိုယ်ပါ စိတ်လှုပ်ရှားလာတာနော်။ နောက်က background မှာ မီးရှူးမီးပန်းဖောက်ပြထားတာရဲ့ အဓိပ္ပာယ် ပိုပေါ်လွင်သွားပြီး သူ့ကို ကူညီဖေးမပေးချင်လာတာ။
Villain ကို လုံးဝမမုန်းပဲ ဘယ်လိုဆိုးဝါးတာကို တစေ့စေ့ စောင့်ကြည့်ဖြစ်တာ ဒီတစ်ကားပဲ ရှိတယ်။ Xiahou Bo သရုပ်ဆောင်တဲ့တစ်ယောက်ကို မမုန်းနိုင်ဘူး။ တွေ့ခဲ့ဖူးတဲ့တစ်ကားမှာ သူက လူကောင်းတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့တာမို့လို့ လူကောင်းဆိုတဲ့ ပုံရိပ်ထဲက မထွက်သေးလို့ပဲ ဖြစ်မယ်။ သူ့ကို လူဆိုးအဖြစ်နဲ့ မြင်ရတာ အသားမကျဘူးရယ် 😂 ။ မြင်ခဲ့ဖူးတဲ့ gaslighting လုပ်တော်တဲ့ ဇာတ်ကောင်တွေထဲ ဒီ Xiahou Bo ကတော့ အကျွမ်းဆုံးလို့ပဲ ပြောရမယ်။
ဇာတ်ကောင်တွေထဲ လီယွင်ရှီးကို သဘောအကျဆုံးပဲ။ ရယ်လည်း ရယ်ရတယ်။ အဲ့ဒီမင်းသားကြီး သရုပ်ဆောင်တာ တော်တာပဲ။
ဒီကားထဲက ဘုရင်နဲ့ မိဖုရားလို့ တယောက်အတွေး တစ်ယောက် ဖောက်ထွင်းမြင်နေရသလို သိနေပြီး တက်ညီလက်ညီနဲ့ အတိုင်အဖောက်ညီနေအောင် လုပ်ဆောင်သွားနိုင်စွမ်းရှိတဲ့ couple မျိုး ဒီလောကမှာ ရှာတွေ့နိုင်ဖို့ ခဲယဉ်းလှတယ်။ တွေ့ခဲ့ရင် အဲ့ဒီသူက ကံကောင်းလို့ပဲ။
My rating - 8/10
၂ မှတ်နှုတ်တာက မင်းကြီးငယ်ဘဝပြတဲ့အပိုင်းကို သဲကွဲအောင် မရိုက်ထားလို့။ ကလေးသရုပ်ဆောင် တစ်ယောက်ထဲ ၂ နေရာသုံးထားတော့ ကြည့်ရတဲ့လူက သဘောမပေါက် နားမလည် ဖြစ်သွားတာပေါ့။ ဒါရိုက်တာ ညံ့တယ်။
Cheng lei ဒီထက် ပိုမိုအောင်မြင်ပါစေ။ ချောချောလှလှလေး Wang Churan လေးရောပဲ။
••••••••••••
Type: Drama
Format: Standard Series
Country: China
Episodes: 32
Aired: Feb 6, 2026 - Feb 18, 2026
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: iQiyi
Duration: 45 min.


0 Comments