ပုံဖော်ပြောရရင် ချစ်စရာကောင်းတဲ့ ဇာတ်လမ်း ဇာတ်သိမ်းနဲ့ နတ်ကားတစ်ကားပဲလို့ ပြောရမှာပါ။ မင်းသားကလည်း ချစ်စရာကောင်း၊ မင်းသမီးကလည်း ချစ်စရာကောင်းလွန်း။ သူတို့ ၂ ယောက်နဲ့တင် ကြည့်ရတာ တန်နေပြီ။
Story - စိတ်ဝင်စားဖို့ ကောင်းတယ်။ အစကနေ အဆုံးထိ လူကို ဆက်ကြည့်ချင်နေအောင် မနားတမ်း ဆွဲဆောင်သွားနိုင်တယ်။ တွေးမထားမိတဲ့ လျှို့ကွက်တွေ၊ လုံးဝ ထင်မထားတဲ့ လှည့်ကွက်တွေ အတော်များသား။ ထင်မြင်ချက်တွေကို မှန်းချက် နှမ်းထွက်မကိုက်အောင် ပုတ်ချလိုက်တဲ့ အကွက်တွေ ခဏခဏ သုံးထားတယ်။ ရယ်ပြုံးချင်စရာ အကွက်လေးတွေ ကြားညှပ်ထည့်ထားတာ များတယ်။ အချုပ်ပြောရရင် ဆွဲဆောင်မှုရှိတယ်။
Acting - ပါတဲ့ သရုပ်ဆောင်အားလုံးနီးပါး တော်ကြပါတယ်။ ML FL တို့ကတော့ perfect!
Costume- ဘတ်ဂျက် အကြီးကြီးသုံးထားတာနဲ့အညီပါပဲ။ အဝတ်အစားတွေ အရမ်းလှ။ ML FL အဝတ်အစားအပေါ် အားထည့်ထားမှန်း အရမ်းသိသာတယ်။ အရောင်စပ်ထားတာလေးတွေက မိုက်မှမိုက်။
CGI - ပြောရရင်တော့ superb ပါ။ မဟားဒရားကို လှလွန်း။ မျက်စိအမြင်ကို ဖမ်းစားထားတာများ တကွက်တကွက် ပြလိုက်တဲ့အချိန်မှာ “ဝေါင်း … လှလိုက်တာ … ဝါး လှလိုက်တာ … “ ကိုဖြစ်လို့။ အရောင်စပ်ထားတာ ပီပြင်တယ်။ ဝါးတားတား ဖြစ်နေတာတွေ သိပ်မရှိဘူး။ ဒါပေမဲ့ မျက်နှာမှာ မိတ်ကပ်လူးထားချက်တွေက ထူလပျစ် ဖြစ်နေတယ်။
OSTs - အပုဒ်တိုင်း နားထောင်ကောင်းတယ်။ ရင်ကွဲရမဲ့ သီချင်းဆိုရင် ရင်ကွဲရတဲ့ ခံစားချက်ရတယ်။ အမှန်အကန် ဖိုက်ရတော့မယ့် အခန်းဆို သူ့နောက်ခံသီချင်းကလည်း အဲ့ feel ကို အမှန်အကန်ထည့်ပေးတယ်။ ဒါနဲ့ပဲ ကားက ကြည့်ရတာ ပို mood ဝင်ပြီး ပိုကြည့်ကောင်းနေတော့တာပဲ။
ML FL နမ်းတဲ့အခန်း မပါလို့ အားမလိုအားမရ ဖြစ်တာတော့ ဒီကားကို ကြည့်ဖူးတဲ့ လူတိုင်းနီးနီး ဖြစ်ကြတယ်။ အဲ့ဒါကပဲ ချစ်စရာကောင်းတဲ့အချက် ဖြစ်နေစေတာ။ အပြန်အလှန် ကာကွယ်ပေးပုံလေးတွေ၊ တယောက်ရဲ့ စိတ်ဒဏ်ရာကို ကျန်တယောက်က ကုသဖြည့်ဆည်းပေးတယ်။ ရန်လိုတတ်တဲ့ အရိုင်းကောင်လေးကို ယဉ်ပါးလာအောင် မေတ္တာနဲ့ ဘယ်လိုလုပ်သွားလဲဆိုတာကို ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းသလို ချစ်ဖို့ကောင်းနေတယ်လို့ ခံစားရတယ်။
ကိုယ့်အမြင်အရတော့ ဒီကားကို မကြည့်ဖူးရင် C drama fan ဖြစ်ရကျိုး မနပ်တဲ့ ကားတစ်ကားပဲလို့။
••••••
Drama: Love Game in Eastern Fantasy
Country: China
Episodes: 32
Aired: Nov 1, 2024 - Nov 17, 2024
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: Tencent Video
Duration: 43 min.
Content Rating: 13+ - Teens 13 or older
••••••
0 Comments