Moonlight Mystique [Review]




Moonlight Mystique 

တော်ရုံနဲ့ ဇာတ်လမ်းတွဲ မကြည့်တတ်သူ အခုမှ moonlight mystique ကို ကြည့်လို့ ပြီးတယ်။ ရီဗျူးပေးရမယ်ဆိုရင်ဖြင့် မျှော်လင့်ထားတဲ့အတိုင်း အတိအကျကို အရည်အသွေးပြည့်မီတဲ့ နတ်ကားတစ်ကားပါပဲ။ 

CGI, Acting, Storyline, Costume, Background music အကုန်ကောင်း။ အပိုအလိုမရှိ ကွက်တိဖြစ်တဲ့ကားတစ်ကားပါပဲ။ လိုနေတယ်လို့တောင် တချက်တလေမှ မခံစားခဲ့ရဘူး။ 

အစကနေ အလယ်အထိ ဇာတ်ရှိန်က မြင့်လိုက် ကျလိုက်နဲ့ လူကို ဆွဲထားနိုင်တယ်။ နောက်ဆုံးအပိုင်းကတော့ စိတ်ဝင်စားမှုကို မကျတမ်းဆွဲသွားနိုင်ခဲ့တယ်။ side character တွေရဲ့ ဇာတ်ကြောင်းတည်ဆောက်ပုံ ခိုင်မာတယ်။ အဓိပ္ပာယ်ရှိတယ်။ main story ကို ကောင်းကောင်း ထောက်ပံ့ပေးထားတဲ့အချက်က စိတ်ဝင်စားမှုပျောက်သွားတာမျိုး မဖြစ်စေခဲ့ဘူး။ 

CGI က ဂွတ်ရှယ်။ mystic ဆိုတဲ့ စကားအငွေ့အသက်အတိုင်း တကားလုံး ခရမ်းရောင်များများ ထည့်သုံးသွားတယ်။ သူ့ဇာတ်လမ်းရဲ့ အငွေ့အသက်နဲ့ လိုက်ဖက်ညီအောင် ကာလာသုံးသွားတာ တွေ့ရတယ်။ ကာလာအငွေ့အသက်နဲ့အညီ တကယ်လည်း mystic ဆန်ဆန် ခံစားချက်၊ ဇာတ်လမ်း ခံစားခဲ့ရတယ်။ 

Acting … ဂွတ်ရှယ် CGI ကို ဂွတ်ရှယ် acting ကြီးတွေနဲ့ ပေါင်းလိုက်တော့ perfect ပါပဲ။ လိုတဲ့ acting အပိုင်းဆိုလို့ ML SL ဘယ်နေရာမှာမှ တခုမှကို ရှာမတွေ့ခဲ့ပါ။ 

Villain acting က စိတ်ကို ဖမ်းစားနိုင်တယ်။ လူကောင်းထက် ဆိုးဆိုးသွမ်းသွမ်း ရက်ရက်စက်စက် ခပ်မိုက်မိုက်လေးကိုမှ စိတ်လှုပ်ရှားတတ်တဲ့ မိန်းကလေးတွေရဲ့ dark side နဲ့ ကွက်တိဝင်နေတဲ့ character ပဲ။ Chang Hua Sen က ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြသွားနိုင်တယ်။ ဒီ acting ကပဲ ဇာတ်ရှိန်အမြင့်ဆုံးဖြစ်အောင် ဆွဲသွားနိုင်တယ်လို့ ဆိုရမလားပဲ။ 

Background music - perfect! Mystic ဆန်ဆန် အငွေ့အသက် ပြည့်နေတဲ့ ost တွေ။ ရင်ထဲရောက်တယ်။ 

ခုလောလောဆယ်တော့ မျက်စိက ငိုရတာကော၊ အချိန်မရလို့ 1.4x speed နဲ့ ကြည့်တာပါ ပေါင်းပြီး ကျိန်းစပ်နေပြီ။ review idea လေးပေါ်လာတဲ့ခဏ ခပ်မြန်မြန် ကောက်ရေးတင်လိုက်တာ။

Info
•••••••
Drama: Moonlight Mystique
Country: China
Episodes: 40
Aired: Jan 7, 2025 - Jan 24, 2025
Aired On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: iQiyi
Duration: 45 min.
Content Rating: 13+ - Teens 13 or older
•••••••••

မြန်မာစာတန်းထိုး - GC version - https://t.me/gcchinesecollection/379


Post a Comment

0 Comments