Romance of Tiger and Rose [Review]




Romance and Tiger and Rose 

ဒီကားကို YouTube short video တွေကနေ တွေ့ရဖန်များလို့ ကြည့်ဖြစ်သွားခဲ့တာ။ ကျောက်လုစီတစ်ယောက် ဓားပြအုပ်ထဲ ရောက်သွားပြီး ပြန်လာကြိုတဲ့ သူ့ယောကျာ်းကို အရက်မူးမူးနဲ့ လူမှားပြောတဲ့ အခန်းလေးကို သဘောကျသွားလို့။ 

ကြည့်လက်စ ကားတွေ အဆုံးမသတ်ရသေးတဲ့ ကားတွေ တပြုံကြီး ရှိနေတဲ့အထဲ ကိုယ့်ကို အပြီးထိကြည့်ဖြစ်အောင် ဆွဲဆောင်သွားနိုင်တဲ့ ကားတစ်ကားပါပဲ။ 

အပြင်အဆင်တွေ ost တွေ costume တွေမှာ အားထည့်ထားတာ မရှိတော့ သိပ်မလှဘူး။ မကောင်းဘူး။ ဒါပေမဲ့ ကြည့်ပျော်ရှူပျော်တဲ့အထဲတော့ ပါပါတယ်။

အဓိက ထူးခြားတာက ဇာတ်လမ်းအသွားအလာ story line နဲ့ concept အယူအဆ။ မင်းသား မင်းသမီး acting ကောင်းကောင်းနဲ့ ထည့်ပေါင်းလိုက်တော့ ကြည့်ရ စိတ်ဝင်စားတဲ့အဆင့် ရောက်သွားတာပါပဲ။ ဖိုဝါဒကြီးစိုးတဲ့ အစွဲ၊ ရှေးရိုးစွဲကို ခဏဘေးဖယ်ပြီးကြည့်ရင် ဒီကားက အတော်လေးကို ကြည့်ကောင်းတယ်။ မဟုတ်ရင်တော့ နဲနဲ စိတ်ကသိကအောက် ဖြစ်ရနိုင်တယ်။ ခြုံငုံသုံးသပ်ရရင် တကိုယ်ရေအမြင်အရ ဒီကားက ရယ်ပြုံးစရာတွေ အများကြီးပေးတဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်လမ်းထူးခြားတဲ့ ကားတစ်ကားပါပဲ။

Info
••••••••

Drama: The Romance of Tiger and Rose
Country: China
Episodes: 24
Aired: May 18, 2020 - Jun 1, 2020
Aired On: Monday, Tuesday
Original Network: Tencent Video
Duration: 45 min.
Content Rating: 13+ - Teens 13 or older

•••••••

မြန်မာစာတန်းထိုး - SK version - https://t.me/c/1573475440/3

Post a Comment

0 Comments